သတ်ဖြတ်ခြင်း
Vol. 9 Ch. 882
အာကာသ အေးခဲခြင်း ...
ထိုအရာသည် ချန်းဖန် ရွှေအမြုတေ အဆင့်ကို တက်လှမ်းပြီးနောက် ရရှိခဲ့သည့် နတ်ဘုရား စွမ်းအားတစ်ခု ဖြစ်သည်။ အာကာသ အေးခဲခြင်းသည် ဟင်းလင်းပြင် ထိန်းချုပ်ခြင်းထက် ပို၍ အစွမ်းထက်၏။ ၎င်းသည် အချိန်ကို ရပ်တန့်ပစ်သည့်အလား သက်ရှိတိုင်းအား သူတို့၏ နတ်ဘုရား စိတ်အာရုံများနှင့် အတူ အေးခဲပစ်နိုင်သည်။
"ကလန့် ...”
ချန်းဖန်က ဓားအား ညင်သာစွာ ဝှေ့ယမ်းလိုက်၏။
"ဘုန်း ... ဘုန်း ... ဘုန်း ...”
ရုတ်တရက် မိုင်တစ်ရာ အတွင်းရှိ သိန်းချီသော မိစ္ဆာစစ်သည် အားလုံးမှာ ပေါက်ကွဲ သွားသည်။ အစွမ်း အထက်ဆုံးသော မိစ္ဆာအရှင် ခုနစ်ယောက်ပင် အပိုင်းပိုင်း အစစ ဖြစ်သွားခဲ့၏။
"ဟူး ... ဟူး ...”
သို့သော်လည်း မကြာခင်မှာပင် ဘိုးဘေး နှလုံးမျို မိစ္ဆာသည် မိစ္ဆာချီများကို စုပ်ယူကာ အစိမ်းရောင် အလင်းလုံးအဖြစ် ပြန်လည် ဖွဲ့စည်းလာသည်။ အဆိပ်တစ်ရာ ဂိုဏ်းချုပ်မှာလည်း မျက်တောင် တစ်ခတ်စာ အတွင်းတွင် မရေမတွက်နိုင်သော အင်းဆက်များအဖြစ်မှ မူလပုံစံသို့ ပြန်လည် ပြောင်းလဲသွားသည်။
"ဟူး ... ဟူး ...”
အခြားသော မိစ္ဆာ အရှင်များမှာလည်း လျှို့ဝှက် နည်းစနစ်များကို သုံးကာ ပြန်လည် ဖွဲ့စည်းလာကြ၏။ ၎င်းတို့ အနက် သွေးနတ်ဘုရားမှာ အရိုးရှင်းဆုံး ဖြစ်သည်။ သူ၏ သွေးရောင် အရိပ်သည် ခန္ဓာ တစ်ခုကို တစ်စက္ကန့်အတွင်း ပြန်လည်ထုတ်လွှတ် ပေးနိုင်၏။
သို့သော်လည်း ကံဆိုးစွာပင် မိစ္ဆာအရှင် ခုနစ်ယောက်၏ ခန္ဓာကိုယ် အသစ်များကား ကြာရှည်ခံခြင်း မရှိခဲ့ချေ။ ချန်းဖန်၏ တိုက်ခိုက်မှုမှ မည်သူက ထိုမျှ လွယ်ကူစွာ လွတ်မည်နည်း။
"ဘုန်း ...”
အလင်းတန်း ခုနစ်ခုသည် သူတို့၏ ခန္ဓာကိုယ်ထဲတွင် ထွက်ပေါ်လာ၏။ ထိုအခါ သူတို့၏ ခန္ဓာကိုယ်များမှာ နောက်တစ်ကြိမ် ပြန်လည် ပေါက်ကွဲသွားပြန်သည်။
"ဘုန်း ...”
ယခု တစ်ကြိမ် ပေါက်ကွဲမှုက ပထမ တစ်ကြိမ်ထက် အဆ တစ်ရာခန့် ပိုမို ပြင်းထန်သည်။
ဘိုးဘေး နှလုံးမျို မိစ္ဆာ၊ အဆိပ်တစ်ရာ ဂိုဏ်းချုပ်တို့ အပါအဝင် အားနည်းသော မိစ္ဆာ အရှင် လေးယောက်မှာ သေဆုံးသွားကြသည်။ သူတို့၏ ရွှေအမြုတေများမှာ ပေါက်ကွဲကာ သူတို့၏ နတ်ဘုရား စိတ်ဝိညာဉ် များမှာလည်း ဖျက်ဆီးခံရ၏။ သူတို့ကား နောက်တစ်ကြိမ် ပြန်လည် မွေးဖွားနိုင်တော့မည် မဟုတ်ချေ။
အဆုံး၌ သွေးနတ်ဘုရား၊ စစ်မိစ္ဆာ အရှင်နှင့် သွေးဘုရင်တို့သာ ကျန်ရစ်တော့သည်။ သို့သော်လည်း ဓားချီ ပေါက်ကွဲမှုတွင် သူတို့၏ နတ်ဘုရား ခန္ဓာများမှာ ဒဏ်ရာရကာ သူတို့၏ ရွှေအမြုတေများမှာလည်း ကွဲအက်နေခဲ့ပြီ ဖြစ်၏။
"ပြေး ...”
မိစ္ဆာ အရှင် သုံးယောက်က အလင်းတန်းများ အသွင်သို့ ပြောင်းလဲကာ ထွက်ပြေးရန် ကြိုးစား၏။ သူတို့ကား အလွန်အမင်း ကြောက်ရွံ့နေကြရာ ပြန်လည် တိုက်ခိုက်ရန် မဝံ့ရဲကြတော့ချေ။
"သူက အရမ်း အစွမ်းထက်ပြီး ကြောက်ဖို့ကောင်းတယ် ... သူက ရွှေအမြုတေ အဆင့် မဖြစ်နိုင်ဘူး ... ကောင်းကင်နယ်ရဲ့ ပါရမီရှင်တွေတောင် သူ့လောက်စွမ်းမှာ မဟုတ်ဘူး ... ဘယ်လိုလုပ်ပြီး ပေ့ဟန်နယ်မှာ ဒီလို အရှင်သခင် တစ်ယောက် ရှိနေရတာလဲ"
သူတို့က အသက်လုကာ ပြေးလွှားရင်း တွေးတော မိကြ၏။
သူတို့သာလျှင် မဟုတ် မြို့ထဲရှိ မရေမတွက်နိုင်သော ကျင့်ကြံသူများမှာလည်း အံ့အားသင့် နေကြသည်။ အဘယ်ကြောင့် ထိုလူငယ်၏ တိုက်ခိုက်မှု တစ်ခုကပင်လျှင် ထိုမျှ အစွမ်းထက် နေရသနည်း။ သူက ကောင်းကင် အရှင် တစ်ယောက်များ ဖြစ်နေမည်လား။
ချန်းဖန်သည် အခြားများ၏ အတွေးများကို ဂရုစိုက်ခြင်း မရှိချေ။ သူက ချက်ချင်းပင် စစ်မိစ္ဆာ အရှင်နှင့် သွေးဘုရင်တို့ကို သတ်ဖြတ်ကာ သူတို့၏ ရွှေအမြုတေများကို ထက်ပိုင်းပိုင်း ပစ်လိုက်သည်။ ထို့နောက် သူက သွေးနတ်ဘုရား နောက်သို့ ဆက်လက်လိုက်၏။
"သွေးနတ်ဘုရားက နှစ်ငါးထောင် ရှင်သန် နေထိုင်ခဲ့ပြီး ကောင်းကင် အရှင် တစ်ယောက်နဲ့ ယှဉ်နိုင်တဲ့ စွမ်းအားကို ပိုင်ဆိုင်ထားတယ်လို့ ငါဒီကို မလာခင်မှာ ကြားခဲ့ရတယ် ... ဒါပေမဲ့ မင်းက ငါ မျှော်လင့်ထားတာထက် အများကြီး ပိုပြီး အားနည်းပါလား"
"ဘုန်း ...”
သွေးနတ်ဘုရားက ဘာမှ ပြန်မပြောဘဲ လျူကျိ သွေးလွတ်မြောက်ခြင်း နည်းစနစ်ကို သုံးကာ ထွက်ပြေး၏။ သူ၏ ဦးတည်ချက်ကား မိုင်ပေါင်းများစွာ အကာအဝေးရှိ တပ်မခြောက်ခု တည်ရှိရာ နေရာသို့ပင် ဖြစ်သည်။
"သွေးနတ်ဘုရား ... မင်းက အရမ်း အားနည်းတာပဲ ... ငါ မင်းကို စိတ်ပျက်မိတယ်"
ချန်းဖန်က ကောင်းကင်ဓားကို ကိုင်ကာ တိုက်ခိုက်လိုက်၏။
"ဘုန်း ...”
ဓားချီသည် ကောင်းကင်ကို ထက်ပိုင်း၍ ထွက်ပေါ်လာရာ မိုင်တစ်ရာ အတွင်းရှိ သက်ရှိ အားလုံးမှာ ချောက်ချားသွားကြ၏။ သူတို့ အားလုံးသည် မြေပြင်ပေါ်သို့ အလိုအလျောက် ဒူးထောက် မိကြသည်။
"ဘုန်း ...”
သွေးနတ်ဘုရားကား ဆက်လက် တောင့်ခံနိုင်စွမ်း မရှိတော့ချေ။ သူသည် သူ၏ ခန္ဓာကိုယ်ကို လှုပ်ယမ်းကာ ပေတစ်သောင်း ရှည်လျားသော သွေးနတ်ဘုရား အသွင်သို့ ပြောင်းလဲ လိုက်ရသည်။
သွေးနတ်ဘုရားသည် ဒေါသထွက်ခြင်း၊ တည်ကြည်ခြင်း၊ တုန်လှုပ်ခြင်းတို့ကို ကိုယ်စားပြုသော ခေါင်းသုံးလုံးကို ပိုင်ဆိုင်ထားသည်။ သူ၏ လက်ခြောက်ဖက်သည် မတူညီသော ဓမ္မချိပ်တံဆိပ်များကို စွဲကိုင်ထား၏။ သူ၏ ခန္ဓာကိုယ် တစ်ခုလုံးမှာမူ နီရဲနေသည်။
"ကောင်းတယ် ...”
ချန်းဖန်၏ မျက်လုံးများမှာ ပို၍ တောက်ပလာကာ သူ၏ ဓားအလင်းမှာလည်း ပို၍ လင်းလက်လာသည်။ ထို့နောက် ချန်းဖန်က ဓားအား လွှဲခုတ်လိုက်ရာ ကောင်းကင် တစ်ခွင်လုံးမှာ ဓားအလင်းဖြင့် ပြည့်နှက်သွား၏။
"ခရက် ...”
သွေးနတ်ဘုရား၏ ခန္ဓာကိုယ်သည် တစ်စက္ကန့်ပင် တောင့်မခံနိုင်ပဲ အပိုင်းပိုင်း အစစအဖြစ် ကွဲပျက်သွားသည်။ သို့သော်လည်း မကြာခင်မှာပင် ထောင်ချီသော သွေးအရိပ်များသည် သွေးနတ်ဘုရား အဖြစ် ပြန်လည် ဖွဲ့စည်းလာ၏။
သွေးနတ်ဘုရားကား အလွန် ကြောက်လန့်နေခဲ့ပြီ ဖြစ်သည်။ သူက ချန်းဖန်အား တောင်းပန် လိုက်၏။
"ငါ့ကို မသတ်ပါနဲ့ ... ငါ နင့်ရဲ့ ကျူးဝမ်မျိုးနွယ်ကို အဲဒီလို မလုပ်ချင်ပါဘူး ... သူများခိုင်းလို့ လုပ်ရတာပါ"
"ဟမ် ...”
ချန်းဖန်၏ မျက်လုံးများက အနည်းငယ် ကျဉ်းမြောင်းသွား၏။
သွေးနတ်ဘုရားက လျင်မြန်စွာပင် ဆက်၍ ရှင်းပြလာသည်။
“အထွတ်အမြတ် နယ်ရဲ့ ပုဂ္ဂိုလ် တစ်ယောက်က ကျုပ်တို့ မိစ္ဆာဂိုဏ်းတွေကို ကျူးဝမ်တွေကို ရှင်းဖို့ ခိုင်းလိုက်တာပါ ... နင် ငါ့ကို လွှတ်ပေးရင် ငါ မြေရိုင်းနယ် ငါးခုကို ဘယ်တော့မှ မလာတော့ဘူးလို့ ကျိန်ဆိုမယ် ... နောက်ပြီး အဲဒီ ပုဂ္ဂိုလ်အကြောင်း အကုန်လုံး ပြောပြမယ်"
"ဟုတ်လား ...”
ထိုကျူးကျော်မှု၏ နောက်ကွယ်၌ လျှို့ဝှက်ချက် တစ်ခု ရှိနေလိမ့်မည်ဟု ချန်းဖန် မမျှော်လင့် ထားခဲ့ချေ။ သို့သော်လည်း သူသည် ထိုအရာကို ဂရုစိုက်ခြင်း မရှိချေ။ သူသည် သူ ရှင်းလင်းပစ်ရမည့် သူ မှန်သမျှကို ရှင်းလင်းပစ်မည် ဖြစ်သည်။
"ဘုန်း ...”
ကောင်းကင်ဖြတ်ဓားသည် နောက်တစ်ကြိမ် လင်းလက်လာကာ ဓားအလင်းမှာလည်း ရွှေအမြုတေ အဆင့်ကို သတ်နိုင်သည်အထိ ထက်ရှလာ၏။
"ဘုန်း ...”
ထို့နောက် ဓားအလင်း၏ ပိုင်းဖြတ်မှုတွင် သူ၏ ခန္ဓာကိုယ်သည် တစ်စစီ ပေါက်ကွဲသွားကာ သူ၏ သွေးအရိပ်မှာလည်း အပြီးတိုင် ပျောက်ကွယ်သွား၏။
"ဟူး ...”
သူ၏ နတ်ဘုရား စိတ်အာရုံသည် ရွှေအမြုတေ အတွင်း ပုန်းကွယ်ကာ သွေးရောင် အလင်းအဖြစ် ထွက်ပြေးရန် ကြိုးစားသည်။ သို့သော်လည်း ချန်းဖန်က ၎င်းအားဖမ်းဆီး ထားလိုက်သည်။
ထို့နောက် ချန်းဖန်က မြေပြင်သို့ ငုံ့ကြည့်လိုက်၏။ လင်းမြို့တော် အပြင်၌ သန်းချီသော မိစ္ဆာ စစ်သည်များနှင့် မိစ္ဆာဂိုဏ်း ခုနစ်ဂိုဏ်း၏ အကြီးအကဲများ ကျန်ရှိနေသေးသည်။ သူတို့သည် ချန်းဖန်၏ အကြည့်ကို ခံစားမိကြရာ အလွန်တရာ ကြောက်လန့် နေကြလေ၏။
"မင်းတို့က ဒီနေရာအထိ ရောက်လာပြီးပြီ ဆိုမှတော့ ပြန်ဖို့ မစဉ်းစားနဲ့တော့ ...”
ချန်းဖန်က အေးစက်စွာ ပြောကာ ဓားအား ဝှေ့ယမ်းလိုက်သည်။ ထိုအခါ ဓားအလင်းသည် ကောင်းကင်ကို နဂါးတစ်ကောင်အလား ဖြတ်သန်း၍ ထွက်ပေါ်လာ၏။
"သတ် ...”
မိစ္ဆာ စစ်သည်များကား ရွေးချယ်စရာ မရှိတော့ရာ ပြန်လည် တိုက်ခိုက်ရန်သာ တတ်နိုင်တော့သည်။ သို့သော်လည်း ကံဆိုးသည်က သူတို့ ရင်ဆိုင်နေရသော လူမှာ ကောင်းကင်ဖြတ်ဓားကို ကိုင်ဆောင်ထားသည့် ချန်းဖန် ဖြစ်နေခြင်းပင်။
"ဝှစ် ...”
ဓားအလင်းသည် မိုင်တစ်ထောင် ဧရိယာကို ဖြတ်သန်း၍ တောက်ပ၏။ ၎င်းတစ်ကြိမ် တောက်ပတိုင်း ထောင်ချီသော မိစ္ဆာ စစ်သည်များကို ပိုင်းဖြတ်၏။ သို့ဖြစ်ရာ စက္ကန့်ပိုင်း အတွင်းမှာပင် သိန်းချီသော မိစ္ဆာစစ်သည်များမှာ သေဆုံး သွားရတော့သည်။
"ဘုန်း ... ဘုန်း ... ဘုန်း ...”
ဓားအလင်းသည် ဝင်္ကပါ ခြောက်ခုနှင့် စစ်တပ် ခြောက်ခုကိုပါ တစ်ဆက်တည်း ဖောက်ခွဲပစ် လိုက်၏။ ကောင်းကင်ဖြတ်ဓား၏ အရှေ့၌ မည်သည့်အရာမှ အသုံးမဝင်ခဲ့ချေ။ ထိုကောင်းကင် ရတနာသည် ချန်းဖန်၏ လက်၌ ပြိုင်ဘက်ကင်းလု နီးပါးအထိ အစွမ်းထက် လာခဲ့သည်။
အဆုံး၌ မိစ္ဆာဂိုဏ်း ခုနစ်ဂိုဏ်း၏ စစ်သည်များနှင့် အကြီးအကဲများမှာ နောက်ဆုတ်ရန် ကြိုးစားလာကြ၏။ သို့သော်လည်း ချန်းဖန်၏လက်မှ မည်သို့ လွတ်နိုင်ပါမည်နည်း။
"သွား ...”
ချန်းဖန်က ကောင်းကင် မိစ္ဆာအလံ ခုနစ်ခုကို ထုတ်ယူကာ ပစ်လွှတ်လိုက်၏။ အနက်ရောင် စွမ်းအား ခုနစ်ခုသည် စစ်မြေပြင်တွင် ပျံဝဲကာ မရေမတွက်နိုင်သော မိစ္ဆာ ကျင့်ကြံသူများ၏ အသက်ဓာတ်ကို စုပ်ယူသည်။
ထိုစစ်ပွဲ၌ မိစ္ဆာဂိုဏ်း ခုနစ်ဂိုဏ်း၏ အကြီးအကဲ အားလုံးနီးပါးမှာ ချန်းဖန်၏ သတ်ဖြတ်ခြင်းကို ခံရ၏။ မရေမတွက်နိုင်သော စစ်သည်များ၏ အသက်ဓာတ်များမှာလည်း ကောင်းကင် မိစ္ဆာအလံ ခုနစ်ခု၏ စုပ်ယူခြင်းကို ခံလိုက်ရသည်။ သန်းချီသော မိစ္ဆာ ကျင့်ကြံသူများထဲတွင် အနည်းငယ်သာလျှင် လွတ်မြောက်အောင် ထွက်ပြေး နိုင်ခဲ့သည်။
"ရှေးဟောင်း နတ်ဆိုးတွေနဲ့ တိုက်ပွဲမှာ အလံ ငါးခု သွေးမိစ္ဆာတွေနဲ့ တိုက်ပွဲမှာ အလံသုံးခု ဒီတိုက်ပွဲမှာက အလံ ခုနစ်ခုဆိုတော့ ငါ့မှာ အလံဆယ့်ငါးခု ရပြီ ... နောက်ထပ် အလံသုံးခုပဲ လိုတော့တယ် ... ကြည့်ရတာ ငါ့ရဲ့ ကောင်းကင် မိစ္ဆာအလံ ဆယ့်ရှစ်ခု အစီအရင်က မကြာခင် ပြည့်စုံတော့မယ် ထင်တယ်"
ချန်းဖန်က အလံများကို ပြန်လည် ဆင့်ခေါ်ကာ ပြုံးလိုက်သည်။
တစ်ချိန်တည်း၌ ထျန်းလန်နယ်၏ မရေမတွက်နိုင်သော ကျင့်ကြံသူများမှာ ဆွံ့အနေကြ၏။ ဘိုးဘေး ရှင်းကောင်းသည် အလံ ခုနစ်ခု ဝန်းရံနေသော လူငယ်ကိုကြည့်ကာ ပါးစပ် အဟောင်းသား ဖြစ်နေခဲ့သည်။
ထျန်းဟောင်ဂြိုဟ်နှစ် ၁၂၉၆၅၃ ...
ချန်းဖန်သည် ကမ္ဘာနှစ်ခု ဆုံမှတ်မှ ထွက်လာကာ မိစ္ဆာဒေသ အရှင် ခုနစ်ယောက်နှင့် ဂိုဏ်း ခုနစ်ဂိုဏ်းကို ရှင်းလင်း ပစ်ခဲ့၏။
ထိုသတင်းက လျင်မြန်စွာ ပျံ့နှံ့သွားရာ မြေရိုင်းနယ် ငါးနယ်စလုံး အံ့အားသင့် သွားကြတော့သည်။
***