← Chapters

သူက ငါ့ အစေခံ

Vol. 9 Ch. 887

သူက ငါ့ အစေခံ

Vol. 9 Ch. 887

"ခေါင်းဆောင်ကျန်း ... ဘာဖြစ်တာလဲ ... ဒီ နေရာတစ်ဝိုက်ကို ပိတ်ထားဖို့ မင်းကို ငါ ခိုင်းမထားဘူးလား ... ဘာလို့ အပြင်လူ ဝင်လာတာလဲ"

ဟူရှောင်က ခြောက်ကပ်ကပ် လေသံဖြင့် ပြောလိုက်သည်။

ထိုအခါ နောက်တွင် ရပ်နေသော ရွှေအမြုတေ အဆင့်များမှာ ချွေးပြန်သွားကြ၏။ ခေါင်းဆောင်ကျန်းက ရှေ့သို့ တစ်လှမ်းတိုးကာ ပြောလိုက်သည်။

"ကျုပ် ကျူးကျော်သူကို ခုချက်ချင်းပဲ တားဆီး လိုက်ပါမယ် ... သခင်လေး"

ထို့နောက် သူက အပြင်သို့ ထွက်ကာ အချက်ပြလိုက်၏။

ထိုအခါ ရာပေါင်းများစွာသော သံချပ်ကာဝတ် ကျင့်ကြံသူများမှာ ကောင်းကင်သို့ ပျံတက်ကာ အဝေးရှိ အနက်ရောင် အလင်းတန်းဆီ တိုးဝင် သွားကြတော့သည်။

ဟူရှောင်နှင့် ခရမ်းရောင် လနတ်သမီးတို့မှာမူ ဆက်လက် စကားပြော နေကြ၏။ သူတို့သည် ထိုအခြင်းအရာများကို စိတ်ဝင်စားဟန် မရချေ။

သို့သော်လည်း တစ်ဆယ် စက္ကန့်မျှ အကြာ၌ အဝေးရှိ အနက်ရောင် အလင်းတန်းမှာ ရှေ့သို့ ဆက်လက် လာနေခဲ့တာကို သူတို့ တွေ့လိုက်ရသည်။ ထိုနေရာသို့ တားဆီးရန် ပျံသန်းသွားသော ကျင့်ကြံသူ များမှာမူ အစအနပင် မတွေ့ရတော့ချေ။

"သူတို့ ရှုံးသွားတာလား ...”

ဟူရှောင်၏ မျက်ခုံးများက အနည်းငယ် တွန့်ကွေးသွားသည်။

ခေါင်းဆောင်ကျန်း၏ မျက်နှာမှာလည်း မည်းမှောင်သွား၏။ ထို့နောက် သူက နှာခေါင်းရှုံ့ကာ ရွှေရောင် သံချပ်ကာဝတ် ကျင့်ကြံသူ တစ်ယောက်ကို စေလွှတ် လိုက်ပြန်သည်။

"စိတ်ထဲ မထားနဲ့တော့ ညီမ ... ခု လွှတ်လိုက်တဲ့ ရွှေရောင် ဝတ်စုံဝတ် ဝမ်ရှင်း တန်ခိုးရှင်က အစ်ကိုတို့ မိသားစုရဲ့ ဂုဏ်ယူရတဲ့ ကျင့်ကြံသူ တစ်ယောက်ပေါ့ ... သူ့နာမည်က ကျင်းမင်ကျန့်တဲ့ ... သူက ရွှေအမြုတေ အစောပိုင်းမှာပဲ ရှိသေးတယ် ဆိုပေမဲ့ အဆင့်သုံး ရွှေအမြုတေကို ပိုင်ဆိုင်ထားတာလေ ... ဝမ်ရှင်း တန်ခိုးရှင် အများစုကို သူ ကိုင်တွယ်နိုင်တယ် ... နောက်ပြီး သူက ...”

ဟူရှောင် ပြောနေစဉ်မှာပင် ကောင်းကင်ရှိ ကျင်းမင်ကျန့်မှာ ပေါက်ကွဲ လွင့်စဉ်သွား၏။ "ကျင်း ... ကျင်းမင်ကျန့်လည်း ခဏလေးနဲ့ ရှုံးသွားတာလား"

ဟူရှောင်၏ မျက်နှာရှိ အပြုံးမှာ အေးခဲသွားသည်။

ခရမ်းရောင် လနတ်သမီးမှာလည်း စိတ်ဝင်စားသွား၏။ သူမက လှပသော မျက်လုံးများဖြင့် အနက်ရောင် အလင်းတန်းဆီ လှမ်း၍ ကြည့်လိုက်သည်။

"ခေါင်းဆောင်ကျန်း ... မင်း ဒီလို တာဝန်လေးလောက်တောင်  မထမ်းဆောင်နိုင်ဘူး ဆိုရင် မင်းနေရာမှာ အခြား တစ်ယောက်နဲ့ အစားထိုးဖို့ ဘိုးဘေးကို ပြောလိုက်တော့မယ်"

ဟူရှောင်က အေးစက်သော လေသံဖြင့် ပြောလိုက်သည်။

"ခဏလောက် သည်းခံပါ သခင်လေး ... ကျုပ် စိတ်ပျက်ရအောင် မလုပ်ပါဘူး"

ခေါင်းဆောင်ကျန်း၏ နဖူးမှာ ချွေးများဖြင့် စိုရွှဲသွားသည်။ ထို့နောက် သူက ချက်ချင်းပင် အခြား ဝမ်ရှင်း တန်ခိုးရှင် သုံးယောက်ကို အနက်ရောင် အလင်းထံ သွားရောက် တားဆီးရန် အမိန့်ပေး လိုက်၏။

ထိုသုံးယောက်ကား နှစ်ရှည်လများ တွဲ၍ အလုပ်လုပ်ခဲ့သူများ ဖြစ်ပြီး အလယ်ဆင့် ရွှေအမြုတေ ကျင့်ကြံသူ တစ်ယောက်ကိုပင် အနိုင်ယူနိုင်သည်။ သို့သော် သူတို့သည်လည်း အနက်ရောင် အလင်းတန်းကို တစ်စက္ကန့်ပင် တားဆီးနိုင်စွမ်း မရှိခဲ့ချေ။

ဟူရှောင်၏ မျက်နှာကား ပို၍ မည်းမှောင် လာနေခဲ့ပြီ ဖြစ်သည်။ တစ်ချိန်တည်း၌ ရှက်ရွံ့မှုက သူ၏ မျက်လုံးများတွင် ဖြစ်ပေါ်လာ၏။

"ဟူး ... ဟူး ...”

အနက်ရောင် အလင်းတန်းက တဖြည်းဖြည်း နီးကပ်လာရာ မြင်ကွင်းမှာ ပိုမို ရှင်းလင်း လာခဲ့သည်။ သူတို့သည် ရထားလုံးကို တွေ့မြင်ရသလို ရထားမောင်းသူကိုလည်း သတိပြု မိကြ၏။

"ရထားမောင်းသူက သာမန်မဟုတ်ဘူး ... ကျွန်မ တွေ့ဖူးတဲ့ အကြီးအကဲ တစ်ယောက်နဲ့တောင် တူသလိုပဲ"

ခရမ်းရောင် လနတ်သမီးက စိတ်ဝင်တစား ပြောသည်။

"ဟမ့် ... ရထားမောင်းတဲ့သူ တစ်ယောက်က ဟူမိသားစုကို စော်ကားရဲတယ်ပေါ့ ... တော်ဝင် မိသားစုရဲ့ လူတစ်ယောက်တောင် အဲဒီလို မလုပ်ရဲဘူး"

ဟူရှောင်က အေးတိအေးစက် နှာခေါင်းရှုံ့လိုက်၏။ ထို့နောက် သူက ခေါင်းဆောင်ကျန်း ဘက်သို့လှည့်ကာ ပြောလိုက်သည်။

"ကျန်းပေ့ရီ ... ဒါက မင်းရဲ့ နေရာကို ဆုပ်ကိုင်နိုင်မယ့် နောက်ဆုံး အခွင့်အရေးပဲ"

"ဟုတ်ကဲ့ပါ သခင်လေး ... ကျုပ် သခင်လေးကို စိတ်ပျက်အောင် မလုပ်ပါဘူး"

ခေါင်းဆောင်ကျန်းက အံကို တင်းတင်းကြိတ်ကာ သူ၏ ခန္ဓာကိုယ်အား မီးတောက် အသွင် ပြောင်းလဲလိုက်သည်။ ထို့နောက် သူက မီးနတ်ဆိုး တစ်ပါးအလား ရထားလုံးဆီ ပြေးဝင်သွား၏။

"ဘယ်သူက ဒီကို လာရဲတာလဲကွ ... ဒါ ဟူမိသားစု ပိုင်နက်ကွ ... မင်းတို့က သေချင် နေတာလား ... ဟူမိသားစုကို ...”

"ဘုန်း ...”

သူ၏စကား မဆုံးခင်မှာပင် ကျိုးကျူရှင်းက ကျာပွတ်အား မြှောက်ကာ ဆီး၍ ရိုက်ချလိုက်သည်။

"ဘုန်း ...”

ကျန်းပေ့ရီကား မခုခံနိုင်ခင်မှာပင် ကျာပွတ် ထိမှန်ခံလိုက်ရကာ မြေပြင်သို့ ခွေးကျနွားကျ ပြုတ်ကျသွားတော့၏။ သူကား ပြန်ပင် ထမလာ နိုင်တော့ချေ။

ထိုအချိန်၌ ဟူရှောင်၏ မျက်နှာကား ဒေါသဖြင့် နီရဲနေခဲ့ပြီ ဖြစ်လေသည်။ သူက ကျိုးကျူရှင်းကို စူးစိုက်ကြည့်ကာ ပြောလိုက်၏။

"ဘယ်သူလဲလို့ ... အရှင် ပေ့ဟန်ပါလား ... ဒီလောက် ရဲတင်းနေတာ မထူးဆန်း တော့ဘူး ...”

"မင်းမှားနေပြီ ဒုတိယ သခင်လေး ... ငါက အရှင်ပေ့ဟန် မဟုတ်တော့ဘူး ... ငါက အခု သခင် အသစ်ထံမှာ အမှုထမ်းပြီး သူ့အတွက် ရထား မောင်းပေးနေတာပါ"

ကျိုးကျူရှင်းက ချောင်းအနည်းငယ်ဆိုးရင်း ပြောလိုက်သည်။

"ဟမ့် ... အဓိပ္ပာယ် မရှိတာ ... ဘယ်သူက မင်းလို အရှင်သခင် တစ်ပါးကို အစေခံအဖြစ် ပြောင်းလဲ ပစ်နိုင်မှာလဲ ...”

ဟူရှောင်က ပြောကာ ရှေ့သို့ ခြေတစ်လှမ်း တိုးလိုက်၏။ ထိုအခါ သူ၏ဘေးတွင် သူနှင့် ပုံစံတူသော လူခြောက်ယောက် ဖြစ်ပေါ်လာခဲ့သည်။

"ကောင်းကင်မြေခွေး ပုံရိပ်ယောင် ကိုးခုကျင့်စဉ် ...”

ကျိုးကျူရှင်းက ဟန်ပါပါဖြင့် အနည်းငယ် ပြုံးလိုက်၏။

"ဟူမိသားစုက မူလ ကောင်းကင် မြေခွေးက ဆင်းသက်လာတယ်လို့ ငါ ကြားဖူးတယ် ... ဟူ မိသားစု ကျင့်ကြံသူတွေက သွေးမျိုးဆက် ကျင့်စဉ်ကို အဆုံးထိ ကျင့်ကြံပြီးရင် အစစ်အမှန် လူနဲ့ စွမ်းအားတူ ပုံရိပ်ယောင် ကိုးခုကို ဖွဲ့စည်းနိုင်တယ်တဲ့ ... ဒုတိယ သခင်လေးက ခြောက်ခုတောင် ဖွဲ့စည်း ထားနိုင်တာပဲ ... ဂုဏ်ယူပါတယ်"

"သေစမ်း ...”

ဟူရှောင်က ဘာမှ ပြန်မပြောဘဲ ဒေါသတကြီး တိုက်ခိုက်လိုက်သည်။ ကျိုးကျူရှင်းကလည်း ကောင်းကင်မျို အသွင်သို့ပြောင်းကာ ပြန်လည် တိုက်ခိုက်၏။

"ဘုန်း ...”

ဟူရှောင်၏ ပုံရိပ်ယောင် ခြောက်ခုသည် ဝိညာဉ် ရတနာ ခြောက်ခုကို ကိုင်ဆောင်ကာ ကျိုးကျူရှင်းအား ညှပ်ပိတ်ထားသည်။  ကျိုးကျူရှင်းမှာ မည်သည့် လက်နက်ကိုမျှ ကိုင်ဆောင်ထားခြင်း မရှိရာ တဖြည်းဖြည်း နောက်ဆုတ်နေရ၏။

"ကျိုးကျူရှင်း ဒီနေ့က မင်းသေရမယ့် နေ့ပဲ ...”

ဟူရှောင်မှာ အသာစီးရလာသည်နှင့် ပို၍ဖိကာ တိုက်ခိုက်လိုက်၏။

"ဒုတိယ သခင်လေး ... ငါက ငါ့သခင်ရဲ့ အမိန့်အတိုင်း လုပ်ရုံပဲ ... မင်း ငါ့ကိုပိုပြီး ဖိအားပေးမယ် ဆိုရင် ငါ့သခင်က မင်းကို သတ်လိမ့်မယ်"

ကျိုးကျူရှင်းက နောက်ဆုတ်ရင်း တိတ်ဆိတ်စွာ ဆိုလိုက်သည်။

"သခင် ဟုတ်လား ... ကျူးကျူရှင်း မင်း ရူးသွားတာလား ... မင်းက အရှင်သခင် တစ်ယောက်လေ ... ဘယ်လိုလုပ်ပြီး အစေခံ ဖြစ်ရမှာလဲ ... ခုချက်ချင်း အညံ့ခံလိုက် ... မဟုတ်ရင် မင်းမှာ အခွင့်အရေး မရှိတော့ဘူး ...”

ဟူရှောင်က နှာခေါင်းရှုံ့ လိုက်၏။ ထို့နောင် သူက တောင်ခြေရှိ ကျင့်ကြံသူ တစ်သောင်းကိုပါ ဝင်ရောက် တိုက်ခိုက်ရန် အမိန့်ပေးလိုက်သည်။

"ဘုန်း ...”

မူလအဆင့် ကျင့်ကြံသူ တစ်သောင်းသည် ဝင်္ကပါအသွင် ဖွဲ့စည်းကာ တိုက်ပွဲအတွင်း ဝင်ရောက်လာ၏။ ထိုဝင်္ကပါကား ကောင်းကင် မြေခွေး အသွင်ရှိကာ ရွှေအမြုတေ ထိပ်ဆုံး အဆင့်နှင့် နှိုင်းယှဉ်နိုင်သည့် စွမ်းအားကို ပိုင်ဆိုင်ထားသည်။

ဟူရှောင်နှင့် ကောင်းကင် မြေခွေး ဝင်္ကပါတို့၏ ဝန်းရံ တိုက်ခိုက်မှုတွင် ကျိုးကျူရှင်းမှာ ပိုမို ကြီးမားသော ဖိအားများကို ရင်ဆိုင် လာရသည်။ သူသည် နောက်သို့ အဆက်မပြတ် ဆုတ်ကာ သွေးများကိုပင် အန်ထုတ် လိုက်ရသည်။

"ကျိုးကျူရှင်း ... မင်းမှာ တကယ် သခင်ရှိရင် သူ မင်းကို လာကယ်ဖို့ အချိန် ရောက်ပြီ ... အခု မင်းသခင်က ဘယ်မှာလဲ ဟမ်"

ဟူရှောင်က ကျိုးကျူရှင်းကို လှောင်ပြောင် လိုက်စဉ်မှာပင် ရထားလုံးထဲမှ အသံတစ်ခု ထွက်ပေါ်လာခဲ့၏။

"သူ့ကို အမိန့်ပေးလိုက်တာ ငါပဲ ... မင်း ငါ့ကို ပြောစရာ တစ်ခုခု ရှိလို့လား"

ထို့နောက် ရထားလုံး၏ တံခါးမှာ ပွင့်လာကာ အဇူရာ ဝတ်စုံ ဝတ်ဆင်ထားသည့် ချောမောသော လူငယ် တစ်ယောက် ထွက်ပေါ် လာသည်။ သူသည် အသက် ဆယ့်ခုနစ်နှစ်ခန့် အရွယ် ရှိကာ အနက်ရောင် ဆံပင်ရှည်များကို ပိုင်ဆိုင်သည်။ သူ၏ မျက်လုံးများကမူ နှစ်ရာချီ အဘိုးအို တစ်ယောက် အလား စူးရှစွာ တောက်ပနေ၏။

"သခင် ...”

ကျိုးကျူရှင်းက ဦးညွှတ်ကာ နှုတ်ဆက်လိုက်သည်။

လူတိုင်းသည် ထိုမြင်ကွင်းကို ကြည့်ကာ ဆွံ့အသွားကြသည်။ ဟူရှောင်၏ မျက်နှာကလည်း သရဲတစ်ကောင်ကို မြင်တွေ့ရသည့် အလား ဖြူရော်သွား၏။

***

All Chapters