ထပ်ဆင့်မေးခွန်းများ
Vol. 36 Ch. 357
"သခင့်ဆီမှာ သင့်လျော်တဲ့ အစမ်းသပ်ခံ ရထားပြီပေါ့ ဟုတ်လား"
ပိတ်လော့က လေပြေလေးနှင့် မေးခွန်းထုတ်လိုက်၏။
သူ့ထံတွင် သန္ဓေသားအား အမြန်ဆုံး ကြီးထွားလာစေမည့် နည်းစနစ်မျိုး ရှိမရှိ စုချန်း လာမေးကတည်းက သူ့သခင် ဘာလုပ်ချင်နေမှန်း ပိတ်လော့က ကြိုတင်တွက်ဆထားပြီး ဖြစ်သည်။
"ဟုတ်တယ် အစမ်းသပ်ခံမဲ့လူက ကျုပ်ရဲ့ အိမ်ရှေ့တံခါးကို ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာတယ်လို့ ပြောရမလိုပဲ"
အစောပိုင်းတွင် ဘာတွေဖြစ်ခဲ့မှန်း ပိတ်လော့ကို စုချန်းက အကြမ်းဖျင်း ရှင်းပြလိုက်၏။
လျန်မျိုးနွယ်စုမှ သခင်မလေးနှင့် လောင်းမျို့နွယ်သုမှ သခင်လေးတို့အား စုချန်း ဖမ်းဆီးလာကြောင်း ကြားလိုက်သည်နှင့် ပိတ်လော့ မျက်လုံးပြူးသွား၏။
"ဟာ သခင်က တော်ဝင်မျိုးနွယ်စု ဆယ်စုကိုတောင် တယောက်တည်း အံတုရဲတယ်ပေါ့ ဟုတ်လား ကျွန်တော်တော့ အတော်ကို လေးစားသွားပြီ"
"ပထမအချက်အနေနဲ့ ကျုပ်က ဒါကို ဥပဒေအတိုင်း ဆောင်ရွက်ခဲ့တာပဲ ရှိတာ ဘယ်သူ့ကိုတော့ ရန်လုပ်လိုက်မယ်ဆိုတော့ စိတ်ကူး မရှိခဲ့ဘူး ဒါပေမဲ့ ခင်ဗျား မြင်တဲ့အတိုင်း သူတို့ကတော့ ကျုပ်ကို လက်တုံ့ပြန်ဖို့ ကြံစည်လာကြတယ် ဒုတိယအချက်ကတော့ အရာတိုင်းဟာ ခင်ဗျား ထင်သလောက် မဆိုးသေးဘူးဆိုတာပဲ ဒီကိစ္စကို အေးအေးဆေးဆေး ကိုင်တွယ်နိုင်လိမ့်မယ်လို့ ကျုပ် ယုံကြည်ထားတယ်"
"ကောင်းပါပြီသခင် ကောင်းပါပြီ ဒါက သခင့်ရဲ့ ကိစ္စပဲလေ ကျွန်တော့အနေနဲ့ မပြောတော့ပါဘူး သခင် တောင်းဆိုထားတဲ့ နည်းစနစ်မျိုး ကျွန်တော့မှာ ရှိပါတယ် ဒါပေမဲ့ တခုတော့ရှိတယ် သဘာဝအတိုင်းမဟုတ်ပဲ နည်းစနစ်တမျိုးကြောင့် အမြန်ကြီးထွားလာတဲ့ သန္ဓေသားဟာ မွေးဖွားလာတဲ့အချိန်မှာတော့ အသေလေးပဲ မွေးလိမ့်မယ် သူ ဘယ်လိုမှ ရှင်သန်လာစရာ နည်းလမ်းမရှိဘူးသခင်"
စုချန်းက ရယ်မောလိုက်သည်။
"ဒီလောက် တိုက်ဆိုင်နေတာကတော့ အံ့သြစရာပဲဗျ ဘာကြောင့်လဲဆိုတော့ လီမျိုးနွယ် ကလေးတွေအကုန်လုံးဟာ အသေလေးတွေပဲ မွေးလာခဲ့ကြတာလေ"
စုချန်း၏ စကားကြောင့် ပိတ်လော့ မျက်လုံးပြူးသွား၏။ ထို့နောက် သူက အချိန်မဖြုန်းတော့ပဲ သန္ဓေသား အမြန်ဆုံးကြီးထွားလာစေသည့်နည်းစနစ်ကို စုချန်းအား ပြောပြလိုက်တော့သည်။
ဓာတ်ခွဲခန်းအတွင်းသို့ ပြန်ရောက်သည်နှင့် စုချန်းသည် ထိုနည်းစနစ်အား လျန်ကျာ့အိုအပေါ်တွင် အသုံးပြုလိုက်၏။ သူမ၏ ကိုယ်ခန္ဓာသည် ချက်ချင်းလိုလိုပင် ထူးခြားလာကြောင်း လျန်ကျာ့အို ခံစားလိုက်ရ၏။
အတန်ကြာသော် ပူဖောင်းတလုံးကဲ့သို့ စူထွက်လာသော ဝမ်းဗိုက်ကိုကြည့်ရင်း လျန့်ကျာ့အိုတယောက် ထိတ်လန့်တကြားနှင့် အော်ဟစ်လိုက်တော့သည်။
"ရှင်....ရှင် ကျွန်မကို ဘာလုပ်တာလဲ"
"မင်း မြင်တဲ့အတိုင်းပဲလေကွာ"
ထို့နောက် စုချန်သည် လျန့်ကျာ့အို၏ ဝမ်းဗိုက်ပေါ်တွင် လက်တင်ရင်း ဖြစ်ပျက်နေသမျှကို အာရုံခံလိုက်၏။ ထိုအချိန်မှာပင် လျန်ကျာ့အို၏ သားအိမ်အတွင်း အသက်စွမ်းအင်တခုကို စုချန်း ခံစားလိုက်ရ၏။ သို့သော် ထိုစွမ်းအင်သည် မြန်မြန်ဆန်ဆန်ပင် ပျောက်ကွယ်သွားလေသည်။
လျန်ကျာ့အိုသည်လည်း စုချန်းကဲ့သို့ပင် တထပ်တည်း ခံစားနေရ၏။ သူမကို ကြည့်ရသည်မှာ အလွန်ရုပ်ဆိုးသွားပြီ အချိန်တိုအတွင်း အိုမင်းသွားသကဲ့သို့ပင် ထင်ရလေသည်။ သူမ၏ အခြေအနေကို အဆက်မပြတ် အကဲခတ်နေသော စုချန်းက ပါးစပ်မှလည်း တတွတ်တွတ် ရွတ်ဆိုရင်း ရေးချထားလိုက်၏။
"သန္ဓေသားတွေဟာ ဒီနည်းစနစ်နဲ့ဆိုရင် မြန်မြန်ဆန်ဆန်ပဲ ကြီးထားလာတယ် သုံးလသား အရွယ်လောက်ထိ တမုဟုတ်ချင်း ကြီးထွားလာတာကို တွေ့ရတယ် ဒါပေမဲ့ အဟာရနည်းပါးမှုနဲ့ မိခင်ဆီကသာ အဟာရကို အမြန်ဆုံး စုပ်ယူရတဲ့အတွက် မိခင်ဖြစ်သူအပေါ်မှာ ကြီးမားတဲ့ ဝန်ထုပ်ဝန်ပိုးကို ဖြစ်ပေါ်စေတာ တွေ့ရတယ် အထူးသဖြင့် မိခင်ရဲ့ သွေးတွင်းချီစွမ်းအင်ကို လျော့နည်း....."
လျန်ကျာ့အို၏ အခြေအနေကို မှတ်တမ်းတင်ပြီးသည်နှင့် စုချန်းကို မူလစွမ်းအင်ကို ထုတ်ဖော်လိုက်၏။ မမြင်ရသော အားလှိုင်းများက သူမ၏ သားအိမ်အတွင်း ထိုးဖောက်ဝင်ရောက်သွားပြီး သန္ဓေသားအသေလေးကို မွေးလမ်းကြောင်းအတိုင်း အပြင်သို့ရောက်လာအောင် တွန်းထုတ်လိုက်လေသည်။
"အား"
လျန်ကျာ့အို နာကျင်စွာ အော်ဟစ်လိုက်၏။
သို့သော် ကံကောင်းသည်က သူမသည် အပျိုမဟုတ်ပေ။ ထို့ပြင် သန္ဓေသားကလည်း သုံးလသားအရွယ်သာ ရှိသေးရာ ချောချောလျှူလျှူပင် အပြင်သို့ ရောက်လာခဲ့လေသည်။
စုချန်းသည် လက်ဝါးအရွယ်ခန့် ကလေးအသေကို လက်ပေါ်တွင် တင်ရင်း ထူးခြားသာ အမြင်အာရုံကို ဖော်ထုတ်ကာ အသေးစိတ် လေ့လာသုံးသပ်နေ၏။ ထိုအချိန်တွင်တော့ လျန်ကျာ့အိုသည် ကျောကို နံရံတွင်ကပ်ကာ သွေးရူးသွေးတန်းနှင့် အော်ဟစ်လျက်ရှိသည်။
"ရှင် ရှင်...လူမဟုတ်ဘူး လျန်မျိုးနွယ်စုကို အတိုက်အခံလုပ်တဲ့အတွက် ကံကြမ္မာဆိုးနဲ့ ကြုံတွေ့စေရမယ်"
သန္ဓေသားအသေလေးကို စိုက်ကြည့်နေသော စုချန်းကလည်း တီးတိုးရေရွတ်လိုက်သည်။
"ဒါ တကယ်ပဲ လူ မဟုတ်ဘူးပဲကိုး"
တချိန်တည်းမှာပင် သူ့ လက်ဖဝါးအတွင်းမှ မီးတောက်မီးလျံများ ထွက်ပေါ်လာပြီး သန္ဓေသားအသေကောင်လေးမှာ ပြာကျသွားတော့သည်။ ထိုအချိန်ထိ လျန်ကျာ့အိုသည် စုချန်းကို ကျိန်ဆဲလျက်ရှိနေသေး၏။ ထိုအခါ စုချန်းက ပြောလိုက်သည်။
"မင်းကိုကြည့်ရတာ အတော်လေး အင်အားရှိနေသေးဟန်တူတယ် ဒီတော့ နည်းနည်းပါးပါး ထပ်ပြီး စမ်းသပ်ကြည့်ရအောင်"
"ရှင်..ရှင် ဘာလုပ်ဖို့ ကြံစည်နေပြန်ပြီလဲ"
စုချန်းက ရှင်းပြလိုက်သည်။
"ဒီတခါတော့ ကလေးမွေးပြီးတဲ့ မိန်းမတယောက်က ထပ်မွေးနိုင်သေးသလား ကျုပ်သိချင်တယ် အရင်တုန်းက နတ်ဆိုး ကလေးပို့ဆောင်ခြင်းခံရတဲ့ မိန်းကလေးတွေဟာ အပျိုစင်တွေချည်းပဲ ဖြစ်နေခဲ့တယ် ဘာပဲပြောပြော ဒီတခေါက်မှာတော့ မင်း ကိုယ်ဝန်မဆောင်လိုက်ရဘူးပေါ့ ဒါပေမဲ့ သိပ်တော့ စိတ်မပူပါနဲ့"
ဤနေရာသို့ အရောက်တွင် စုချန်းက စကားကို ခေတ္တရပ်တန့်ပြီးမှ ပြောလိုက်သည်။
"သိပ်မကြာခင် ဒီပြသနာကို ဖြေရှင်းဖို့ နည်းလမ်းတမျိုးမျိုး ကျုပ် တွေ့မှာပါ ခုပဲ ကလေးမွေးပြီးပေမဲ့ ကိုယ်ဝန်ထပ်ဆောင်နိုင်အောင် ကျုပ် လုပ်ပေးမယ်"
စုချန်း၏ စကားကြောင့် လျန်ကျာ့အို ကြောက်လန့်တကြားနှင့် အော်ဟစ်လိုက်သည်။
အော်ဟစ်နေရင်းနှင့်ပင် မျက်ဖြူများလန်လာပြီး သူမ သတိလစ်သွားရှာသည်။
____________×××_____________×××___________
စုချန်းသည် ဓာတ်ခွဲခန်းထဲမှ ထွက်ခွာလာပြီး သူ့လက်များကို သုတ်သင်ဆေးကြောလိုက်၏။ ထို့နောက် သူက လောင်းရှောက်ယူအား ဖမ်းဆီးထိမ်းသိမ်းထားသည့် နေရာသို့ ထွက်ခွာလာခဲ့လေသည်။
လျန်ကျာ့အို၏ အခြေအနေနှင့်စာလျင် လောင်းရှောက်ယူ၏ အခြေအနေကမှ တော်သေးသည်ဟု ဆိုနိုင်သည်။ သူသည် လျန့်ကျာ့အိုကဲ့သို့ အိပ်ယာပေါ်တွင် ကြိုးနှင့်အချည်မခံထားရသလို အတင်းအဓမ္မ ကလေးမွေးခိုင်းခြင်းမျိုးနှင့်လည်း မကြုံရပေ။ ထိုအစား ခွန်အားယုတ်လျော့စေသည့် ဆေးတမျိုးသာ အတိုက်ခံထားရလေသည်။
စုချန်း ဝင်ရောက်လာသည့်အချိန်တွင် လောင်းရှောက်ယူသည် ထိုင်ခံပေါ်တွင် ထိုင်နေ၏။ စုချန်းကို မြင်သည်နှင့် သူက ဒေါသတကြီးနှင့် ကြုံးဝါးလိုက်သည်။
"ငါဟာ လောင်းမျိုးနွယ်ရဲ့ သခင်လေးကွ မင်းလိုကောင်မျိုးက ငါ့ကို ဖမ်းထားရဲသလား ငါ့မိသားစုက မင်းကို ဘယ်လိုတုံ့ပြန်မလဲဆိုတာ စောင့်သာကြည့်ပေတော့"
ထိုအခါ လီရှုက အရိုအသေပေးရင်း ဝင်ပြောလိုက်သည်။
"ဒီကောင်ကတော့ တချိန်လုံး ကျိန်ဆဲနေတာပဲ သခင် သူ့ကိုကြည့်ရတာ ဒီဆဲဆိုတဲ့ စကားလောက်ကိုပဲ ပြောတတ်ပုံပေါ်နေတယ်"
"ဒီကောင်က လူမိုက်ပဲကွ"
စုချန်းက ခပ်ပြတ်ပြတ်ပင် မှတ်ချက်ပြုလိုက်သည်။ ထို့နောက် သူက အပ်ရှည်တချောင်းကို ဆွဲထုတ်ပြီး လောင်းရှောက်ယူ၏ ကိုယ်တွင်းသို့ စိုက်ချလိုက်၏။
"အား"
လောင်းရှောက်ယူ နာကျင်စွာ အော်ဟစ်လိုက်သည်။ ထို့နောက် သူက အဆက်မပြတ် အော်ဟစ်ဆဲဆိုတော့သည်။
နှစ်ပေါင်းများစွာ သုတေသန ပြုလုပ်လာခဲ့ပြီးနောက် စုချန်းသည် လူတယောက်၏ အနာကျင်ဆုံးနေရာများအား ကောင်းစွာ သိထားပြီး ဖြစ်သည်။ တခါတရံတွင် လက်ကျိုးနေသော လူသည်ပင် ပြန်လည်တိုက်ခိုက်နိုင်စွမ်း ရှိနေတတ်၏။ သို့သော် ချက်ကောင်းကိုသာ တိတိကျကျ တိုက်ခိုက်နိုင်ပါက တိုက်ပွဲ၏ အနိုင်အရှုံးမှာ မြန်မြန်ဆန်ဆန်ပင် အဖြေပေါ်သွားတတ်သည်။
ယခုလည်း စုချန်းက လောင်းရှောက်ယူ၏ အနာကျင်ဆုံး အမှတ်နေရာများအနက်မှ တနေရာကို ထိုးစိုက်လိုက်ခြင်း ဖြစ်သည်။ ခေါင်းအမာဆုံးဟု ဆိုနိုင်သော လူများပင် ထိုနာကျင်ခြင်းကို မခံနိုင်လေရာ လောင်းရှောက်ယူမှာလည်း အဘယ်သို့ ခံနိုင်အံ့နည်း။
လောင်းရှောက်ယူ၏ လည်မြိုတွင် စိုက်ဝင်နေသော အပ်ကို ဆွဲထုတ်ပြီး စုချန်းက ပြောလိုက်သည်။
"ငါနဲ့ ပူးပေါင်းဆောင်ရွက်မယ်ဆိုရင် မင်းကို ဒါမျိုး ထပ်မလုပ်တော့ဘူး မပူးပေါင်းဘူးဆိုရင်တော့...."
"ပူးပေါင်းပါ့မယ်ကွာ ပူးပေါင်းပါ့မယ်"
လောင်းရှောက်ယူ ကြောက်လန့်တကြားနှင့် အာမဘန္တေပြုလိုက်၏။
"လီအိမ်တော်ကို ဝယ်ဖို့ မင်းကို ဘယ်သူခိုင်းတာလဲ"
စုချန်း၏ မေးခွန်းကြောင့် လောင်းရှောက်ယူ မျက်လုံးပြူးသွား၏။ သူ့အနေနှင့် ထိုမေးခွန်းမျိုးကို မျှော်လင့်ထားဟန်မတူပေ။
"ဒီအိမ်ကို ငါကိုယ်နှိုက်က လိုချင်ခဲ့....ခဲ့....."
"မဖြစ်နိင်ဘူး"
စကားဆုံးသည်နှင့် စုချန်းက အပ်ရှည်ကို နောက်တကြိမ် ထပ်မံ ထိုးစိုက်လိုက်ပြန်သည်။ လောင်းရှောက်ယူ၏ နာကျင်စွာ အော်ဟစ်သံကြီး ထပ်မံ ထွက်ပေါ်လာပြန်၏။ အပ်ရှည်ကို ပြန်လည်ဆွဲနှုတ်လိုက်မှ အော်သံ တိတ်သွားရှာသည်။
ထိုအခါကျမှ စုချန်းက အေးစက်သောလေသံနှင့် တခွန်းချင်း ပြောလိုက်သည်။
"ဒီအိမ်ကို မင်းကိုယ်တိုင် မလိုချင်ဘူးဆိုတာတော့ သိပ်သေချာတယ် ဘာကြောင့်လဲဆိုတော့ မင်းရဲ့ မာနမျိုးနဲ့ဆိုရင် ငါနဲ့ဈေးအပြိုင်ပေးပြီး ဒီအိမ်ကို မရရအောင် ဝယ်မှာပဲ နောက်ဆုတ်သွားမှာ မဟုတ်ဘူး ခုလို နောက်ဆုတ်သွားတယ်ဆိုကတည်းက ဒီအိမ်ကို မင်းတကယ် လိုချင်တာ မဟုတ်ဘူး ပြီးတော့ ဒီအိမ်ရဲ့ အခြေအနေမှန်ကိုလည်း မင်းမသိဘူးဆိုတာ သိသာနေတယ် နောက်တချက်က ဒီအိမ်ကို ဘာအကြောင်းပြချက်မှ မရှိပဲ လာဝယ်တာကို ငါ လက်မခံဘူး ဒါက တိုက်ဆိုင်လွန်းအားကြီးနေတယ် တိုက်ဆိုင်မှုတွေကို လက်ခံတတ်တဲ့အကျင့် ငါ့မှာ မရှိဘူးကွ ဒါကြောင့် တယောက်ယောက်က ဒီအိမ်ကို ဝယ်ဖို့ မင်းကို တိုက်တွန်းခဲ့တယ်ဆိုတာ အတိအကျ ငါ ပြောနိုင်တယ် ထပ်ပြောရရင် ဒီလို ဝယ်ဖို့ တိုက်တွန်းတဲ့လူကလည်း အဆင့်သိပ်မမြင့်ဘူး မင်းအပေါ် သူ့ရဲ့ လွှမ်းမိုးမှုကလည်း အကန့်အသတ်နဲ့ပဲ ဖြစ်ရမယ် ဒါကြောင့်မို့လို့သာ ဒီအိမ်ကို ဝယ်ဖို့ မင်း လက်လျှော့ခဲ့တာပေါ့ ဒါပေမဲ့ အဲဒီလူဟာ မင်းနဲ့ အလွန်နီးစပ်ရမယ် ဥပမာပေးရရင် မင်းရဲ့ သက်တော်စောင့်လိုမျိုးပေါ့ကွာ ဒီတော့ ငါ့ကို ပြောစမ်း ဒီအိမ်ကို ဝယ်ဖို့ မင်းကို ဘယ်သူကများ တိုက်တွန်းခဲ့တာလဲ"
"အော်...ငါ...ငါ မှတ်မိပြီ ထူးဆန်းတဲ့ အဖြစ်အပျက်တွေ ဖြစ်သွားတဲ့ နေရာမျိုးတွေမှာ ရတနာတွေ တွေ့လေ့တွေ့ထရှိတာဟာ ဓမ္မတာပဲလို့ ငါ့ကို တယောက်ယောက်က လာပြောဖူးတာပဲ အဲဒီစကားကို ကြားတာနဲ့ ငါလည်း လီမျိုးနွယ်အိမ်တော်ကို စိတ်ဝင်စားသွားပြီး ဝယ်ဖို့ ဆုံးဖြတ်လိုက်တာပဲ ဒါပေမဲ့ မင်းက ငါနဲ့အပြိုင် ဈေးတင်ပေးတော့ ဒီအိမ်အတွက် ဒီလောက်ကုန်ဖို့ မထိုက်တန်ဘူးလို့ ငါ တွေးမိတယ် နောက်တော့ ဒီမြို့ကို မင်း တာဝန်ကျလာမယ်ဆိုတာ ငါ သိလိုက်ရတယ် ဒါကြောင့် လျူဝုယာကတဆင့် မင်းကို ဖိအားပေးပြီး ဒီအိမ်ကို အရယူတော့မယ်လို့ ငါ တွေးမိလာတယ်"
"မင်းကို အိမ်ဝယ်ဖို့ တိုက်တွန်းတာ ဘယ်သူလဲ"
"သူ့နာမည် ဝေလျန်ချန်းလို့ခေါ်တယ် ငါ့ရဲ့ အစောင့်တွေထဲက တယောက်ပဲ"
"ပြီးခဲ့တဲ့ တိုက်ပွဲအတွင်း သေသွားတဲ့ လူတွေထဲမှာ သူကောပါသလား"
"မပါဘူး တာဝန်ကြောင့် အဝေးကိုရောက်နေလို့ လောလောဆယ် ကြည်လင်မြစ်မြို့တော်မှာ သူမရှိဘူး ဒီလူက လူတမျိုးပဲ အတော့ကို လျှို့ဝှက်ဆန်းကြယ်တယ် ငါကတော့ သူ့ကို မကြိုက်ဘူး ဒါကြောင့် တာဝန်များများပေးပြီး ငါ့အနားမှာ သိပ်ထားလေ့မရှိဘူး ငါမှားမှန်းသိပါပြီ အသိပညာအတည်ပြုသူစု ငါ့ကို သွားခွင့်ပြုပါတော့ ငါ မင်းကို နောက်ထပ် ရန်မပြုတော့ဘူးလို့ ကတိပေးပါတယ်"
"ဒီကတိကို မင်းအဖေပေးတာ ပိုကောင်းတာပေါ့ကွာ"
စကားဆုံးသည်နှင့် စုချန်းသည် အခန်းထဲမှ ထွက်ခွာသွားလေသည်။