အခန်း (၅၆၇)
Vol. 38 Ch. 567
သို့သော်…
အဓိကပြဿနာမှာ မှော်ဆေးနတ်ဆိုးမျှော်စင်အတွင်းမှ အတွေ့အကြုံ၏ စစ်မှန်မှုက အမှန်တကယ် ကြောက်မက်ဖွယ်ကောင်းလွန်းလှသည်။
သေဆုံးခြင်းဝေဒနာ… ထာဝရနတ်ဘုရားစင်မြင့်အား လောင်ကျွမ်းစေသော ခံစားမှု… နတ်တန်ခိုးစွမ်းအင်များ ခြောက်သွေ့ကုန်ဆုံးသွားသည့် အခြေအနေ…
ယင်းက စိတ်ဓာတ်အခိုင်မာဆုံး နတ်ဆိုးတစ်ယောက်ကိုပင် ၎င်း၏အသိစိတ်ပင်လယ်အား တုန်ခါသွားစေရန် လုံလောက်သည်။
ထို့အပြင် အကျဉ်းချခံရသည့် အချိန်ကာလအတွင်း ထိုအတွေ့အကြုံများအား အကြိမ်ပေါင်းများစွာ ခံစားရပေလိမ့်မည်။
ထို့ကြောင့် ယုဖေးရွှယ် ကျားနတ်ဆိုး ဂျန်အား ငုံ့ကြည့်လိုက်သည့်အချိန်တွင် ကျားနတ်ဆိုး ဂျန် တုန်လှုပ်သွားရုံသာမက သူ၏ ဘေးပတ်ဝန်းကျင်၌ရှိသော နတ်ဆိုးများအားလုံးလည်း တိတ်ဆိတ်သွားခဲ့ပြီး ၎င်းတို့ခန္ဓာကိုယ်များအား ဘေးသို့ အနည်းငယ်ရွှေ့လိုက်ကြသည်။
မတော်တဆ ကျားနတ်ဆိုး ဂျန်နှင့် ရောပါသွားမည်ကို အလွန် ကြောက်ရွံ့နေကြ၏။
သို့သော် ယုဖေးရွှယ်က အလွန်ဒေါသထွက်ခဲလှပြီး ဤတစ်ကြိမ်တွင်လည်း ဒေါသထွက်ခဲ့ခြင်းမရှိပေ။
“ အရှေ့ပိုင်းတိုက်ကြီးရဲ့ မဟာဂိုဏ်းကြီးတွေက ငါလာတဲ့ အလယ်ပိုင်းတိုက်ကြီးက မဟာဂိုဏ်းကြီးတွေကို ဘယ်လိုယှဉ်နိုင်စွမ်းရှိမှာလဲ… ဒီတိုင်း ဉာဏ်မရှိတဲ့ ခွေးတစ်စုသာသာပါပဲ…”
“ အစစ်အမှန်တာအိုလမ်းစဉ်ကိုတောင် နားလည်နိုင်စွမ်းမရှိတဲ့ ခေါင်းပါးလွန်းတဲ့နေရာမှာ သူတို့ကိုယ်သူတို့ မဟာဂိုဏ်းကြီးဆိုပြီး ဝင့်ကြွားနေခဲ့ကြတယ်… ဟမ့် ရိုးရိုးသားသားပြောရမယ်ဆိုရင် သူတို့က ငတုံးတွေထက် ဘာမှမပိုဘူး…”
ယုဖေးရွှယ်က တိတ်ဆိတ်ငြိမ်သက်နေသော နတ်ဆိုးများအား ဝေ့ကြည့်လိုက်သည်။
ထို့နောက် သူမ စကားဆက်ပြောရန်အတွက် စိတ်ဝင်စားခြင်း မရှိတော့ပေ။
ဤအခြေအနေက အလယ်ပိုင်းတိုက်ကြီး၌ ရှိခဲ့သော သူမ၏နေ့ရက်များအား လွမ်းဆွတ်သတိရစေခဲ့သည်။
အလယ်ပိုင်းတိုက်ကြီး၌ ရှိစဉ်အခါတုန်းက သူမ ယခုကဲ့သို့ မဟုတ်ပေ။
အချိန်တိုင်း အသက်အန္တရာယ်နှင့် ရင်ဆိုင်နေခဲ့ရ၏။
သို့သော် အလယ်ပိုင်းတိုက်ကြီး၌ သူမ ရင်ဆိုင်ကြုံတွေ့ခဲ့ရသော ပြိုင်ဘက်များ၊ သူမ လေ့ကျင့်ခဲ့ရသော လေ့ကျင့်ခန်းများနှင့် သူမ ထိတွေ့နိုင်ခဲ့သော လူများမှာ ဤအရှေ့ပိုင်းတိုက်ကြီးက ယှဉ်နိုင်သော အရာများမဟုတ်ပေ။
ယုဖေးရွှယ် ခေါင်းယမ်းကာ သူမ၏ အတွေးများအား ဖယ်ရှားလိုက်ရင်း
“ ဒါနဲ့ မင်းတို့ လက်ရှိလူသားမျိုးနွယ် အခြေအနေတွေကို စုံစမ်းခဲ့ပြီးသွားပြီလား… နှစ်တွေ အများကြီး ကြာသွားတဲ့အချိန်မှာ လူသားတွေက ဘယ်လိုပါရမီရှင်တွေကို ပျိုးထောင်ထားကြပြီလဲ…”
ယုဖေးရွှယ်က ထိုမေးခွန်းအား ပေါ့ပေါ့ပါးပါးဖြင့် မေးလိုက်သည်။
သူမ အမြင်တွင် ဤအရှေ့ပိုင်းတိုက်ကြီးက မည်သို့သော ကောင်းကင်အဆင့်ပါရမီရှင်မျိုးကို မွေးထုတ်ပေးနိုင်လိမ့်မည်နည်း။
သူမ၏မေးခွန်းအား ကြားသည်နှင့် နတ်ဆိုးအဖွဲ့တစ်ဖွဲ့ ရှေ့တိုးလာခဲ့သည်။
ထို့နောက် သူတို့က ပျံသန်းခြင်းအင်မော်တယ်ဂိုဏ်းက အစစ်အမှန် နဂါးသွေးပိုင်ဆိုင်သော တပည့်တစ်ဦး လက်ခံခဲ့ကြောင်း တင်ပြလိုက်၏။
ရလဒ်အနေဖြင့် ယုဖေးရွှယ်က ထိုကိစ္စအား တဒင်္ဂမျှ စစ်ဆေးကြည့်လိုက်ပြီးနောက် ရယ်ရအခက် ငိုရအခက် ဖြစ်သွားခဲ့ရသည်။
အစစ်အမှန် နဂါးသွေးပေလော…
ဤအရှေ့ပိုင်းတိုက်ကြီးမှ သာမန်လူသားတစ်ယောက်ထံတွင် အစစ်အမှန် နဂါးသွေးအား မည်ကဲ့သို့ တွေ့နိုင်မည်နည်း။
အစစ်အမှန် နဂါးခန္ဓာ…!
ယင်းက သူတော်စင်အဆင့် ခန္ဓာကိုယ်တစ်မျိုးဖြစ်သည်။
မွေးဖွားလာသည်နှင့် အင်ပါယာအဆင့်သို့ ရောက်ရှိနေလိမ့်မည်ဖြစ်ကာ သူတော်စင်အဆင့်သို့ မရောက်ခင်အတွင်း မည်သည့် အတားအဆီးကိုမှ ရင်ဆိုင်ကြုံတွေ့ရမည် မဟုတ်ပေ။
တခြားသော ကျင့်ကြံသူများအတွက်ဆိုလျှင် စိတ်ဝိညာဉ်တာအိုအရှင်သခင်အဆင့်နှင့် သူတော်စင်အဆင့်ကြား ကွာဟချက်မှာ ကောင်းကင်တမျှ မြင့်မားသော အတားအဆီးတစ်ခုသဖွယ် ဖြစ်နေသည်။
သို့သော် အစစ်အမှန် နဂါးခန္ဓာပိုင်ဆိုင်သူအတွက်မူ ထိုအတားအဆီးက ထမင်းစားရေသောက်ပမာ အလွယ်တကူ ချိုးဖျက်၍ ရသည်။
ထိုချီလင်းတန်ဟုခေါ်သော လူငယ်က ၎င်းအား မည်ကဲ့သို့ ယှဉ်နိုင်လိမ့်မည်နည်း။
ယုဖေးရွှယ်က အစောပိုင်းက မေးခဲ့သော သူမ၏မေးခွန်းနှင့်ပတ်သက်ပြီး မျှော်လင့်ချက်များစွာ မထားရှိခဲ့ပေ။
သို့သော် သူမ ပြောလိုက်သောအချိန်တွင် ရင်ပြင်၌ရှိသော နတ်ဆိုးများ တစ်ယောက်ကိုတစ်ယောက် ထူးဆန်းစွာ ကြည့်နေကြသည်ကို တွေ့လိုက်ရ၏။
ထို့ကြောင့် ယုဖေးရွှယ်က
“ ဘာလဲ… လူသားမျိုးနွယ်မှာ မွေးဖွားလာတဲ့ ကောင်းကင်ပါရမီရှင်တစ်ယောက် တကယ်ရှိလို့လား…”
ယုဖေးရွှယ်ထံမှ မေးခွန်းအား ကြားလျှင် နတ်ဆိုးပေါင်းများစွာတို့ တုံ့ဆိုင်းသွားကြသော်လည်း ခေါင်းဆောင်ဖြစ်သော ကျားနတ်ဆိုး ဂျန်က မတ်တတ်ရပ်လိုက်ပြီး သိုလှောင်လက်စွပ်အတွင်းမှ ပုံရိပ်ကျောက်စိမ်းတစ်တုံးအား ထုတ်ယူလိုက်သည်။
ထို့နောက် ၎င်းအား အသက်သွင်းလိုက်၏။
မကြာမီ အလင်းတန်းမျက်နှာပြင်တစ်ခု ဖြစ်ပေါ်လာသည်။
ထိုအလင်းမျက်နှာပြင်တွင် ရွှမ်ယီက တိုင်ရှုတာအိုနယ်မြေအား အသုံးပြုကာ ဓားဖြင့် တိုက်ခိုက်လိုက်သောပုံရိပ်ကို ပြန်လည်ပြသနေ၏။
ထိုဓားချီက နဂါးတစ်ကောင်နှင့် အလွန်တူညီလှပြီး သွေးကျွန်ဝိညာဉ်ခန္ဓာအား ဖျက်ဆီးပစ်လိုက်၏။
ကျားနတ်ဆိုး ဂျန်က
“ ဒါက တောင်ပိုင်းနယ်စပ်မှာရှိတဲ့ နှင်းဝံပုလွေမျိုးနွယ် ပေးပို့လိုက်တဲ့ ပုံရိပ်ကျောက်စိမ်းပါ… သူတို့က တောင်ပိုင်းနယ်စပ်က မဟာပျက်စီးခြင်းနယ်မြေမှာရှိတဲ့ လူသားမျိုးနွယ်မှာ ကောင်းကင်ပါရမီရှင်တစ်ယောက် ထွက်ပေါ်လာတယ်လို့ ပြောခဲ့တယ်… “
“ သူက နက်နဲခြင်းအင်ပါယာဂိုဏ်းချုပ်ဖြစ်ပြီး ရွှမ်ယီလို့ခေါ်ပါတယ်… ပြီးတော့ လက်ရှိမျိုးဆက်ရဲ့ အမြင့်ဆုံးဓားကျင့်ကြံသူတစ်ယောက်ပဲ…”
“ ဓားကျင့်ကြံသူလား…”
ပုံရိပ်ကျောက်စိမ်းမှ အလင်းမျက်နှာပြင်အား ကြည့်နေသော ယုဖေးရွှယ်၏ လှပသော မျက်ဝန်းများ တဖျပ်ဖျပ်တောက်ပလာခဲ့သည်။
မကြာမီ သူမ၏ မျက်ဝန်းများ ပြန်လည်မှိန်ဖျော့သွားခဲ့ပြီး လက်အား အသာအယာဝှေ့ယမ်းလိုက်ကာ
“ ဒါက အဆင့်(၉) ဓားရည်ရွယ်ချက်ပဲ… အရှေ့ပိုင်းတိုက်ကြီးရဲ့ စံနှုန်းတွေနဲ့ ကြည့်မယ်ဆိုရင် မဆိုးဘူးပြောရမယ်…”
အဆင့်(၉) ဓားရည်ရွယ်ချက်…!
ထိုစကားအား ယုဖေးရွှယ်က ပေါ့ပေါ့တန်တန်ပြောခဲ့သည့်တိုင်အောင် ရင်ပြင်၌ရှိသော နတ်ဆိုးများ မတည်ငြိမ်နိုင်တော့ပေ။
နတ်ဆိုးများတွင် ၎င်းတို့၏မွေးရာပါ အလွန်သန်မာသော ခန္ဓာကိုယ်က ၎င်းတို့အား ထူးခြားစေခဲ့ခြင်းဖြစ်သည်။
သို့သော် ထိုသို့ဆိုတိုင်း နတ်ဆိုးများအနေဖြင့် ၎င်းတို့၏ ခန္ဓာကိုယ်အား အသုံးပြုကာ အလွယ်တကူ ကျင့်ကြံနိုင်သည်ဟု ဆိုလိုခြင်းမဟုတ်ပေ။
သူတို့လည်း လူသားများနှင့် အတူတူသာဖြစ်သည်။
ကောင်းကင်နှင့်မြေပြင်ကြားမှ စိတ်ဝိညာဉ်စွမ်းအင်များကို ခံစားရန် လိုအပ်ပြီး သူတို့၏ကျင့်ကြံမှုများ အဆက်မပြတ်ချိုးဖျက်ကာ ခန္ဓာကိုယ်အား ဆင့်ကဲပြောင်းလဲစေရန် လိုအပ်သည်။
ထို့အပြင် လူသားများနှင့် မတူညီသောအရာက ၎င်းတို့၏ခန္ဓာကိုယ်တွင် ကန့်သတ်ချက် အလွန်များသောကြောင့် နတ်ဆိုးများအနေဖြင့် ကျင့်ကြံရာတွင် ပို၍အခက်အခဲ ရှိပေသည်။
သို့ဖြစ်ရာ ဓားတာအိုကို လေ့ကျင့်ရန် အခက်အခဲက ၎င်းတို့အတွက်ဆိုလျှင် သာမန်ထက် ဆယ်ဆခန့် ပိုမိုခက်ခဲသည်။
ယခုတွင် ယုဖေးရွှယ်က ရွှမ်ယီ၏ ဓားရည်ရွယ်ချက်က အဆင့်(၉)သို့ ရောက်ရှိနေသည်ဟု ပြောခဲ့၏။
သူမ၏ စကားလုံးများကြောင့် ဖြစ်ပေါ်လာသော ၎င်းတို့နှလုံးသားထဲမှ ထိတ်လန့်တုန်လှုပ်မှုက ကြည်လင်နေသော ကောင်းကင်တွင် မိုးကြိုးတစ်ချက် ကျဆင်းလာခြင်းနှင့် မခြားပေ။
ထို့အပြင် ယုဖေးရွှယ်က ၎င်းအား ဂရုမစိုက်ဟန်ရသော လေသံဖြင့် ပြောခဲ့သည့်တိုင်အောင် နတ်ဆိုးများ၏ နှလုံးသားထဲတွင် ရွှမ်ယီနှင့်ပတ်သက်ပြီး ကြီးမားသော တုံ့ပြန်မှုများ ဖြစ်ပေါ်လာခဲ့သည်။
အစပိုင်းတွင် သူတို့က အစစ်အမှန်နဂါးသွေးမျိုးဆက်ရှိသော ချီလင်းတန်အကြောင်း တင်ပြခဲ့သည်။
သို့သော် ယုဖေးရွှယ်က ရယ်မောခဲ့ပြီး ၎င်းအား ဟာသတစ်ခုအဖြစ် မှတ်ယူခဲ့သည်။
သို့သော် ရွှမ်ယီကိုမူ ကောင်းမွန်သည်ဟူ၍ ချီးကျူးခဲ့၏။
သို့ဖြစ်ရာ ထိုလူငယ်အား ဆက်လက်ရှင်သန်ခွင့်ပေး၍ မဖြစ်တော့ပေ။
နတ်ဆိုးများ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး နှလုံးသားထဲ၌ ဆုံးဖြတ်ချက်ချလိုက်ကြ၏။
အကယ်၍ သူတို့နတ်ဆိုးမျိုးနွယ်က လူသားမျိုးနွယ်မှ မဟာဂိုဏ်းကြီးနှစ်ခုကို ဖျက်ဆီးခဲ့လျှင်ပင် ထိုလူငယ်ရှိနေသရွေ့ နတ်ဆိုးမျိုးနွယ်က အရှေ့ပိုင်းတိုက်ကြီးအား ချောချောမွေ့မွေ့ အုပ်ချုပ်ရန် လုံးဝမဖြစ်နိုင်ပေ။
ဤသို့ဖြင့် ကျားနတ်ဆိုး ဂျန် စကားပြောရန် ပြင်လိုက်၏။
သို့သော် သူ မည်သည့်စကားမှ မပြောရသေးမီ ယုဖေးရွှယ်က ဝုန်းခနဲ ထရပ်လိုက်သည်။
ပုံရိပ်ကျောက်စိမ်းအား ကြည့်နေသော သူမ၏ လှပသော မျက်ဝန်းများထဲတွင် ထိတ်လန့်မှုများ ဖြစ်ပေါ်လာ၏။