← Chapters

အခန်း (၅၆၉)

Vol. 38 Ch. 569

အခန်း (၅၆၉)

Vol. 38 Ch. 569

ပျံသန်းခြင်းအင်မော်တယ်ဂိုဏ်း၏ လက်စားချေခြင်းအတွက်မူ…

ပထမဆုံးအနေဖြင့် ချီလင်းတန်က ပုဂ္ဂိုလ်ရေးရန်ငြိုးများအတွက် ကလဲ့စားချေရန် သူ့ထံသို့ အရင်ဆုံးရောက်ရှိလာကာ ပြဿနာရှာခဲ့ခြင်းဖြစ်သည်။

ပြောရမည်ဆိုလျှင် တောင်ပိုင်းနယ်စပ်မှ အင်အားစုများအကြား အချင်းချင်းအငြင်းပွားမှုများ၌ အရှေ့ပိုင်းနယ်မြေရှိ မဟာဂိုဏ်းကြီးတစ်ခုမှ ကျင့်ကြံသူတစ်ယောက် ဝင်ရောက်စွက်ဖက်ခြင်းက ယုတ္တိမတန်လှပေ။

ထို့အပြင် လက်ရှိအချိန်တွင် ရွှမ်ယီ၏ခွန်အားက အစစ်အမှန်စိတ်ဝိညာဉ် အဆင့်(၂)နှင့် ညီမျှသော ဝိညာဉ်ခန္ဓာအား ဖျက်ဆီးပစ်ရန် လုံလောက်သည်။

ထိုမျှ မကသေးဘဲ နတ်ဆိုးမျိုးနွယ်များဖြင့် စစ်ပွဲမဖြစ်သရွေ့ စိတ်ဝိညာဉ်တာအိုအရှင်သခင်အဆင့် ကျင့်ကြံသူများက ၎င်းတို့သက်ဆိုင်ရာ ဂိုဏ်းများအတွင်းမှ ပြင်ပသို့ ထွက်ခွာလာ၍ မရပေ။

တစ်ဖက်တွင် ရွှမ်ယီအနေဖြင့် ပျံသန်းခြင်းအင်မော်တယ်ဂိုဏ်းမှ စေလွှတ်လိုက်သော မည်သည့်ဝိညာဉ်ခန္ဓာကိုမဆို ဖျက်ဆီးနိုင်သည်ဟု ယုံကြည်ချက်ရှိနေခဲ့သည်။

သို့ဖြစ်ရာ နက်နဲခြင်းအင်ပါယာဂိုဏ်းအနေဖြင့် ပျံသန်းခြင်းအင်မော်တယ်ဂိုဏ်း၏ လက်စားချေခြင်းအတွက် လုံးဝစိုးရိမ်နေစရာ မလိုအပ်ပေ။

ကောင်းကင်ပြိုလဲခြင်းတောင်ထိပ်တွင် ရဲ့ချင်းစုန်က ရွှမ်ယီအနားသို့ ရောက်ရှိလာကာ တစ်ခဏမျှ တိတ်ဆိတ်နေခဲ့ပြီးနောက်

“ ဂိုဏ်းချုပ်… ပျံသန်းခြင်းအင်မော်တယ်ဂိုဏ်းကို သွားကြမလား…”

တိုးညင်းစွာ မေးလိုက်၏။

ကမ္ဘာပေါ်ရှိ လူတိုင်းအမြင်တွင် နက်နဲခြင်းအင်ပါယာဂိုဏ်းချုပ်ရွှမ်ယီက ပျံသန်းခြင်းအင်မော်တယ်ဂိုဏ်းမှ ချီလင်းတန်၏ ဝိညာဉ်ခန္ဓာကို အနိုင်ယူနိုင်ခဲ့ခြင်းက အဆုံးမဲ့ဂုဏ်ယူရမည့် ကိစ္စတစ်ခုဖြစ်နေချေပြီ။

သို့သော် ရဲ့ချင်းစုန်တစ်ယောက်တည်းသာ ရွှမ်ယီ၏ ဝှက်ဖဲများကို သိရှိထားသည်။

ရွှမ်ယီ၌ ပိုင်ဆိုင်ထားသော အထွတ်အထိပ်တာအိုအရှင်သခင်အဆင့်ဝှက်ဖဲဖြင့်ဆိုပါက မည်သည့်မဟာဂိုဏ်းကြီးကိုမှ ကြောက်ရွံ့နေစရာ မလိုအပ်ပေ။

ဆန့်ကျင်ဘက်အနေဖြင့် ပျံသန်းခြင်းအင်မော်တယ်ဂိုဏ်းကသာ ရွှမ်ယီ၏ လက်စားချေမှုကို စိုးထိတ်နေရပေလိမ့်မည်။

ရွှမ်ယီက အသာအယာခေါင်းယမ်းလိုက်ပြီး

“ မလောပါနဲ့… ကျုပ်တို့ ကုချီရဲ့ မူလတာအိုခန္ဓာကိုယ်ကို အရင်ဆုံးပြီးပြည့်စုံအောင်လုပ်ကြမယ်… ပြီးမှ လက်စားချေမယ့်ကိစ္စ စဉ်းစားကြတာပေါ့…”

စကားပြောနေစဉ်တွင် ရွှမ်ယီ၏မျက်ဝန်းများက ပျံသန်းခြင်းအင်မော်တယ်ဂိုဏ်းရှိရာဘက်သို့ ရောက်ရှိနေခဲ့ပြီး မျက်ဝန်းအတွင်း၌ အေးစက်မှုများ ပြည့်နှက်နေခဲ့သည်။

…

ကောင်းကင်ပြိုလဲခြင်းတောင်ထိပ်အထက်ရှိ ကောင်းကင်ယံတွင် တာအိုအသွင်ပြောင်းလဲခြင်း မဟာအစီအရင်ကြီးက တိမ်ပင်လယ်အတွင်း၌ ရှိနေခဲ့ပြီး ရုန်းစာလုံးပေါင်းများစွာ ၎င်းအတွင်း၌ မျောလွင့်နေခဲ့ကာ နတ်အလင်းများဖြင့် တဖျပ်ဖျပ်တောက်ပနေလေသည်။

ကျူးယောင်၊ ရှီချီနှင့် ကျန်လူများ ၎င်းအားကြည့်ကာ အသက်ရှူမဝသလိုပင် ခံစားနေမိကြ၏။

သူတို့ စကားတစ်ခွန်းမှမပြောဘဲ တာအိုအသွင်ပြောင်းလဲခြင်း မဟာအစီအရင်ကြီးနံဘေးတွင် ဂရုတစိုက်ဖြင့် ရပ်နေခဲ့ကြသည်။

ရွှမ်ယီ၏တပည့်များကမူ ထိုအစီအရင်မှတစ်ဆင့် ဆရာဖြစ်သူ၏ ရည်ရွယ်ချက်က မည်သည့်အရာဖြစ်ကြောင်း သိရှိနေကြချေပြီ။

ယင်းက တာအိုခန္ဓာအား ပြီးပြည့်စုံအောင် ပြုပြင်ရန်အတွက်ဖြစ်သည်။

ထို့အပြင် ၎င်းက တာအိုခန္ဓာများထဲတွင်မှ ပထမတန်းတွင်ရှိသော မူလတာအိုခန္ဓာလည်းဖြစ်ပေသည်။

ထိုကဲ့သို့ အလွန်အဆင့်မြင့်သော ခန္ဓာတစ်ခုအား ပြီးပြည့်စုံစေရန်အတွက် အရင်းအမြစ် မည်မျှကုန်ကျလိမ့်မည်နည်း။

နက်နဲခြင်းအင်ပါယာဂိုဏ်း၏ အလွန်ကြွယ်ဝသော အခြေအနေဖြင့်ပင် ထိုမျှများပြားသော အရင်းအမြစ်များကို ထုတ်ယူမည်ဆိုပါက သူတို့ဘဏ္ဍာတိုက်ထဲတွင် အနှုတ်ပြသွားပေလိမ့်မည်။

လက်ရှိအချိန်တွင် ကုချီ၏ နှလုံးသားထဲ၌ စိုးရွံ့မှုတစ်ခု ရှိနေခဲ့သည်။

အစပိုင်းတွင် ထိုကဲ့သို့ မဟုတ်ခဲ့ပေ။

ကိစ္စတစ်ခုကို မသိသောလူအနေဖြင့် ကြောက်ရွံ့လေ့မရှိဟူသော ဆိုရိုးစကားတစ်ခု ရှိ၏။

ကုချီက မူလတာအိုခန္ဓာ၏ လိုအပ်ချက်ကို ဖြည့်ဆည်းရန်အတွက် လိုအပ်မည့်အရင်းအမြစ်က အလွန်ကြီးမားလိမ့်မည်ဟု မှန်းဆထားခဲ့သော်လည်း နတ်ဘုရားအရင်းအမြစ် ဂျင်(၅)သိန်းအား မစုပ်ယူခင်တွင် ၎င်းက အတန်အသင့် လုံလောက်နိုင်သည်ဟု ထင်မှတ်ထားခဲ့မိသည်။

လက်ရှိအချိန်တွင် ကောင်းကင်ပြိုလဲခြင်းတောင်ထိပ်၌ ရှိနေသော သူတော်စင်အင်ပါယာအဆင့် ကျင့်ကြံသူများနှင့် ကုချီတို့အားလုံး နှလုံးသားထဲ၌ တူညီသော အချက်တစ်ခုအား စိုးရိမ်နေခဲ့ကြသည်။

လိုအပ်မည့် အရင်းအမြစ်ပမာဏက မည်မျှကြီးမားလိမ့်မည်နည်း...?

ထိုကိစ္စနှင့်ပတ်သက်ပြီး သူတို့နှလုံးသားထဲ၌ တိကျသော အရေအတွက်ကို ခန့်မှန်းနိုင်ခြင်းမရှိပေ။

သို့သော် ကုချီက နတ်ဘုရားအရင်းအမြစ် ဂျင်(၅)သိန်းအား စုပ်ယူလိုက်သောအချိန်တွင်…

သူ၏ မူလတာအိုခန္ဓာကို ပြီးပြည့်စုံစေမည်ဟု ရွှမ်ယီပေးထားခဲ့သော ကတိနှင့်ပတ်သက်ပြီး ကုချီ တုန်လှုပ်စပြုလာခဲ့သည်။

[ Note- ကုချီ နတ်ဘုရားအရင်းအမြစ် ဂျင်(၅)သိန်းကိူ ချီလင်းတန် ရောက်မလာသေးခင်တုန်းက စုပ်ယူနေခဲ့တာပါ ]

သူက ရွှမ်ယီ၏ လုပ်ဆောင်နိုင်စွမ်းအပေါ် သံသယဝင်နေခြင်းတော့ မဟုတ်ပေ။

ဆန့်ကျင်ဘက်အနေဖြင့် သူ၏မူလတာအိုခန္ဓာကို ပြီးပြည့်စုံစေရန်အထိ ဖြည့်ဆည်းပေးမည့်ဆရာမျိုးနှင့် သူက မထိုက်တန်ဟု ခံစားလာခဲ့ရသည်။

အဘယ်ကြောင့်ဆိုသော် ကုချီ နတ်ဘုရားအရင်းအမြစ် ဂျင်(၅)သိန်းအား စုပ်ယူပြီးချိန်တွင် သူ၏မူလတာအိုခန္ဓာမှ ပြောင်းလဲမှုကို ခံစားမိခဲ့သည်။

သို့သော် သူအနေဖြင့် မူလတာအိုရတနာအရိုးတစ်ခုလုံး ပြီးပြည့်စုံစေရန်အတွက် ပထမခြေလှမ်းကိုသာ လှမ်းနိုင်ခဲ့ခြင်းဖြစ်၏။

နတ်ဘုရားအရင်းအမြစ် ဂျင်(၅)သိန်းက လိုအပ်သော ပမာဏ၏ (၁)ရာခိုင်နှုန်းကိုသာ ဖြည့်ဆည်းပေးနိုင်ခဲ့သည်။

အကယ်၍ သူသာ ၎င်းအား ပြီးပြည့်စုံသည်အထိ ပြုလုပ်မည်ဆိုပါက နတ်ဘုရားအရင်းအမြစ် ဂျင်ပေါင်း သန်း(၅၀) ကုန်ကျမည်ဟု ဆိုလိုခြင်း မဟုတ်ပေလော။

ယခင်တုန်းက ပျံသန်းခြင်းအင်မော်တယ်ဂိုဏ်းက သူ့အား ဆက်လက်ပျိုးထောင်ပေးရန် မဖြစ်နိုင်တော့ဟု ပြောခဲ့ခြင်းမှာ အံ့ဩစရာတော့ မဟုတ်တော့ပေ။

ပျံသန်းခြင်းအင်မော်တယ်ဂိုဏ်းက မဟာဂိုဏ်းကြီးတစ်ခုဖြစ်နေလျှင်ပင် ကုချီတစ်ယောက်တည်းအတွက် နတ်ဘုရားအရင်းအမြစ် ဂျင်သန်း(၅၀) ရင်းနှီးမြှုပ်နှံလိုက်ပါက ရရှိလာမည့် အမြတ်အစွန်းက ရင်းနှီးမြှုပ်နှံမှုနှင့် လုံး၀ အချိုးကျလိမ့်မည်မဟုတ်ချေ။

ဤသို့ဖြင့် ကုချီ၏ အတွေးများ ပျံ့လွင့်သွားခဲ့သည်။

လက်ရှိအချိန်တွင် ကုချီ မည်သည့်အရာကို တွေးနေကြောင်း ရွှမ်ယီမသိနိုင်သော်လည်း ၎င်း၏ ညှိုးငယ်သော အမူအရာကြောင့် တစ်စုံတစ်ခုကို သူခန့်မှန်းနိုင်ပေသည်။

ဤသို့ဖြင့် ရွှမ်ယီ၏ပုံရိပ်က ကုချီ၏နံဘေးသို့ ချက်ချင်းရောက်ရှိလာပြီး ပုခုံးအား ညင်သာစွာ ပုတ်လိုက်ရင်း

“ မင်း ဘာတွေတွေးနေတာလဲ…”

ရွှမ်ယီက ပေါ့ပေါ့ပါးပါးပင် မေးလိုက်သည်။

ဆရာဖြစ်သူ၏အသံကို ကြားလျှင် ကုချီ မသိစိတ်အရ ခေါင်းမော့ကြည့်လိုက်မိပြီး ရွှမ်ယီနှင့် အကြည့်ချင်းဆုံသွားချိန်တွင် မည်သည့်စကား ပြောရမှန်းမသိ ဖြစ်သွားခဲ့သည်။

အမှန်တွင် ကုချီ၏ အသက်က ရွှမ်ယီထက် များစွာကြီးပေသည်။

သို့သော် ကျင့်ကြံမှုလမ်းစဥ်တွင် ကျင့်ကြံမှုအဆင့်နှင့် တာအိုအပေါ် နားလည်မှုက ပို၍မြင့်မားလေ ၎င်း၏ အဆင့်အတန်းက ပို၍မြင့်လေပင်ဖြစ်သည်။

လူတစ်ယောက်၏ သက်တမ်းမှာ နောက်ဆုံးမှသာ ထည့်သွင်းစဥ်းစားရမည့် အရာတစ်ခုဖြစ်သည်။

ဤသို့ဖြင့် သူက ရွှမ်ယီထက် အသက်အများကြီး ကြီးသော်လည်း ရွှမ်ယီနှင့် ရင်ဆိုင်ရချိန်တွင် အမြဲတမ်း လူကြီးတစ်ယောက်နှင့် ရင်ဆိုင်နေရသော ကလေးတစ်ယောက်ကဲ့သို့ ခံစားနေခဲ့ရ၏။

“ တပည့်ရဲ့ မူလတာအိုခန္ဓာကို ပြီးပြည့်စုံစေဖို့အတွက် လိုအပ်မယ့် ပမာဏက အရမ်းများမယ်ထင်တယ်…”

ကုချီ၏ စကားကို ကြားလျှင် ရွှမ်ယီက အသာအယာ ပြုံးလိုက်သည်။

ကုချီ၏ မူလတာအိုခန္ဓာကို ပြီးပြည့်စုံစွာ နိုးထလိုပါက လိုအပ်မည့်အရင်းအမြစ်က အမှန်တကယ် ကြီးမားလှသည်။

သို့သော် ကုချီအတွက် သုံးစွဲရမည့် အရင်းအမြစ်များနှင့် ပတ်သက်ပြီး ရွှမ်ယီ သိပ်ပြီး စိတ်ထဲမထားခဲ့ပေ။

ပထမတစ်ချက်အနေဖြင့် တာအိုအရင်းအမြစ်ဖြစ်စေ၊ နတ်ဘုရားအရင်းအမြစ်ဖြစ်စေ၊ စိတ်ဝိညာဥ်ဆေးပင်များဖြစ်စေ၊ ကောင်းကင်ပြိုလဲခြင်းတောင်၌ မည်သည့်အရာမှ ချို့တဲ့ခြင်းမရှိပေ။

ထို့အပြင် ရွှမ်ယီ့အမြင်တွင် ၎င်းတို့က ဂိုဏ်းမှလူများ၏ ခွန်အားကို တိုးစေမည့်အရာများသာ ဖြစ်သည်။

မည်သို့ပင်ဖြစ်စေကာမူ သူ့ထံတွင် စနစ်ကို ပိုင်ဆိုင်ထား၏။

ထိုကုန်ဆုံးသွားသောထိုကုန်ဆုံးသွားသော အရာများနှင့် ပတ်သက်၍ သူလိုချင်သလောက် ပြန်လည် ဖန်တီးနိုင်စွမ်းရှိသည်။

ဒုတိယတစ်ချက်အနေဖြင့် သူ့ထံတွင် တာအိုအသွင်ပြောင်းလဲခြင်း မဟာအစီအရင်ကို ပိုင်ဆိုင်ထား၏။

အကယ်၍ လိုအပ်သော တာအိုအရင်းအမြစ်များကို သူကိုယ်တိုင် စုဆောင်းမည်ဆိုပါက အချိန်တော်တော်ကြာသွားပေလိမ့်မည်။

သို့သော် တာအိုအသွင်ပြောင်းလဲခြင်း မဟာအစီအရင်နှင့်ဆိုပါက မှော်ဆေးလုံးများ၊ စိတ်ဝိညာဥ်ဆေးပင်များသာမက ကောင်းကင်နှင့်မြေပြင်အကြားမှ ရတနာများအားလုံးကို အသန့်စင်ဆုံးသော တာအိုအရင်းအမြစ်များအဖြစ်သို့ ပြောင်းလဲနိုင်သည်။

All Chapters