← Chapters

အခန်း (၅၇၀)

Vol. 38 Ch. 570

အခန်း (၅၇၀)

Vol. 38 Ch. 570

အစစ်အမှန် ပြီးပြည့်စုံသော တာအိုအရင်းအမြစ်နှင့် နှိုင်းယှဉ်ပါက တာအိုအသွင်ပြောင်းလဲခြင်း မဟာအစီအရင်ဖြင့် ဖန်တီးထားသော တာအိုအရင်းအမြစ်အစိတ်အပိုင်းများက ထိရောက်မှုနည်းပါးသည်။

သို့သော် ကောင်းကင်ပြိုလဲခြင်းတောင်၌ အပေါများဆုံးသောအရာမှာ စိတ်ဝိညာဉ်ဆေးပင်များဖြစ်ပေသည်။

ဤမတိုင်ခင်တုန်းက ကောင်းကင်ပြိုလဲခြင်းတောင်ပေါ်မှ ပြောင်းလဲသွားသော အခြေအနေများကြောင့် ရွှမ်ယီ ခေါင်းကိုက်နေခဲ့၏။

ထိုကိစ္စကြောင့် မရေမတွက်နိုင်သော စိတ်ဝိညာဉ်ဆေးပင်များ အလွန်လျင်မြန်စွာ ရင့်ကျက်လာခဲ့ပြီး လက်ရှိအချိန်တွင် အားလုံးနီးပါး ရိတ်သိမ်းရမည့်အခြေအနေသို့ ရောက်ရှိနေခဲ့ချေပြီ။

သို့သော် နက်နဲခြင်းအင်ပါယာဂိုဏ်းမှ လူအင်အားဖြင့် ၎င်းအား ရိတ်သိမ်းရန် မဖြစ်နိုင်ပေ။

ထိုအချိန်တွင် သူခေါင်းကိုက်နေသော ပြသနာအား ဖြေရှင်းရန်အတွက် ကုချီ ရောက်ရှိလာခဲ့သည်။

ချင်းခြင်း ရွှမ်ယီက ကုချီပခုံးအား ပုတ်လိုက်ပြီး စိတ်အေးလက်အေးပြုံးပြလိုက်ကာ

“ ငါ့တပည့်… အများကြီး စဉ်းစားမနေနဲ့… ဆရာ့ရဲ့ နောက်ခံက မင်းထင်ထားသလောက် မရိုးရှင်းဘူးဆိုတာ မြဲမြဲမှတ်ထား…”

စကားဆုံးသည်နှင့် ကုချီထံမှ အဖြေကိုပင် မစောင့်တော့ဘဲ ၎င်းအား အစီအရင်အတွင်းသို့ တိုက်ရိုက် ပစ်ထည့်လိုက်သည်။

ဘုတ်…

ကုချီ အစီအရင်၏ ဗဟိုနေရာသို့ ကျဆင်းသွားခဲ့၏။

ထိုအခါ တာအိုအသွင်ပြောင်းလဲခြင်း မဟာအစီအရင်ကြီးအတွင်း အလင်းတန်းများ ရုတ်တရက် တောက်ပလာခဲ့ကာ ပတ်၀န်းကျင်နေရာအနှံ့သို့ နတ်အလင်းများ တစ်ခုပြီးတစ်ခု ပြေးထွက်သွားလေသည်။

အစီအရင်ကို ဗဟိုပြုကာ ပြေးထွက်သွားသော နတ်အလင်းများက ရုတ်တရက် ပေ(၁၀၀၀)ကျော် ရှည်လျားသည့် ရွှေနဂါးများအဖြစ်သို့ ပြောင်းလဲသွား၏။

ထိုမြင်ကွင်းအား ကြည့်ရသည်မှာ ကောင်းကင်ပြိုလဲခြင်းတောင်ထိပ်၌ နဂါး(၁)သောင်း ကခုန်နေသည့်အလားပင်။

“ ဂိုဏ်းချုပ်ရွှမ် ဘာလုပ်မလို့ ပါလိမ့်…”

“ ဒီလို ကြီးကျယ်ခမ်းနားတဲ့ မြင်ကွင်း… ထူးဆန်းလှပါလား…”

တချို့သောလူများက ရွှမ်ယီ ဘာဆက်လုပ်မည်ကို သိချင်ဟန်ဖြင့် စိတ်၀င်တစား ကြည့်ရှုနေခဲ့ကြသည်။

သူတော်စင် အင်ပါယာအဆင့်ကျင့်ကြံသူများပင် တာအိုအသွင်ပြောင်းလဲခြင်း မဟာအစီအရင်ကြီးအား ကြည့်ကာ ရှုပ်ထွေးနေခဲ့ကြ၏။

သို့သော် သူတို့ ဘာမှ မတွေးနိုင်သေးမီ…

ကောင်းကင်ထက်၌ ရွှမ်ယီက ၎င်း၏ လက်အား အသာအယာဝှေ့ယမ်းလိုက်သည်။

ထို‌အခါ ကောင်းကင်ပြိုလဲခြင်းတောင် ပတ်၀န်းကျင်၌ ဝဲပျံနေသည့် ရွှေနဂါးများထံမှ အဆုံးမဲ့သော ရွှေရောင်အလင်းများ ပေါက်ကွဲထွက်ပေါ်လာ၏။

ထိုရွှေရောင်အလင်းများက အသိစိတ်ရှိသည့်အလား တဖျပ်ဖျပ်ဖြင့် လင်းလက်နေခဲ့သည်။

၎င်းတို့ တစ်ချက်လက်သွားတိုင်း ကောင်းကင်ပြိုလဲခြင်းတောင်ပေါ်မှ စိတ်ဝိညာဉ်အလင်းတစ်ခု ထွက်ပေါ်လာကာ ပျံဝဲနေသော ရွှေနဂါးတစ်ကောင်၏ ကိုယ်ထဲသို့ ရောက်ရှိသွားသည်။

တခဏအကြာတွင် ရာနှင့်ချီသော နဂါးများအားလုံး စိတ်ဝိညာဉ်အလင်းများဖြင့် ပြည့်နှက်သွား၏။

တာအိုအသွင်ပြောင်းလဲခြင်း မဟာအစီအရင်က အကန့်အသတ်သို့ရောက်နေပြီဖြစ်ကြောင်း ရွှမ်ယီ ခံစားမိလိုက်ပြီး မျက်၀န်းများ အနည်းငယ်မှေးကျဉ်းသွားခဲ့သည်။

ထို့နောက် သူ၏ နှုတ်ခမ်းထောင့်စွန်းက အနည်းငယ်တွန့်ကွေးသွားခဲ့ကာ ညာလက်ကို ရင်ဘတ်ပေါ်သို့ တင်လိုက်ပြီး တိုးညှင်းစွာ ရေရွတ်လိုက်၏။

“ လာစမ်း…”

တခဏအတွင်း ရာနှင့်ချီသော နဂါးများ ကောင်းကင်ပြိုလဲခြင်းတောင်ထိပ်သို့ ပြန်လည်ရောက်ရှိလာသည်။

တစ်ချိန်တည်းတွင်း ၎င်းတို့နှင့်အတူ စိတ်ဝိညာဉ်ဆေးပင် သန်းပေါင်းများစွာတို့အား သယ်ဆောင်လာခဲ့သည်။

ကြည့်ရသည်မှာ ရွှေရောင်မြစ်ကြီးတစ်စင်းအလား ထင်မှတ်ရ၏။

“ ဒါက… နဲက်နဲခြင်းအင်ပါယာဂိုဏ်းရဲ့ အစစ်အမှန်စွမ်းအားလား…”

“ ဘုရားရေ.. ငါ ဘာတွေ မြင်နေရတာလဲ…”

ရာနှင့်ချီသော နဂါးများ သယ်ဆောင်လာခဲ့သည့် စိတ်ဝိညာဉ်ဆေးပင်များက ရွှမ်ယီ၏ နတ်အသိဖြင့် ထိန်းချုပ်မှုအောက်တွင် တာအိုအသွင်ပြောင်းလဲခြင်း အစီအရင်ကြီးအတွင်းသို့ ကျဆင်းသွားခဲ့သည်။

ထို့နောက် ၎င်းတို့က အငွေ့ပျံသွားခဲ့ပြီး အသန့်စင်ဆုံးသော တာအိုအရင်းအမြစ်များအဖြစ် ပြောင်းလဲသွား၏။

ထို့နောက် အဆုံးမဲ့သော ရေစီးကြောင်းကြီးတစ်ခုပမာ ကုချီ၏ ခန္ဓာကိုယ်အတွင်း စိမ့်၀င်သွားခဲ့သည်။

ဘုန်း…

မိုးခြိမ်းသံကဲ့သို့ အသံကျယ်ကြီးတစ်ခု ထွက်ပေါ်လာ၏။

ကုချီ မျက်လုံးများ မှိတ်ထားခဲ့ပြီး အလွန်နာကျင်နေသည့်အလား မျက်ခုံးများ တင်းကြပ်စွာ တွန့်ကွေးလာခဲ့သည်။

လက်ရှိ ကုချီရင်ဆိုင်နေရသောဖြစ်စဉ်က ကြီးကျယ်ခမ်းနားသော ဖန်တီးမှုတစ်ခုဖြစ်ကာ ပြန်လည်မွေးဖွားခြင်းဆိုလျှင်လည်း မမှားချေ။

ကုချီ၏ ခန္ဓာကိုယ်အတွင်းသို့ စီး၀င်လာသော တာအိုအရင်းအမြစ်များက သူ၏ မူလ တာအိုရတနာအရိုးအား အဆက်မပြတ် သန့်စင်နေခဲ့သည်။

မူလတာအို ရတနာအရိုးက မူလတာအိုခန္ဓာမှ ဖြစ်ပေါ်လာခြင်းဖြစ်ကြောင်း သိထားရန်လိုအပ်သည်။

တစ်နည်းအားဖြင့်ဆိုလျှင် ၎င်းက ကုချီ၏ ခန္ဓာကိုယ်တစ်ခုလုံးနှင့် ဆက်နွယ်နေပေသည်။

သို့ဖြစ်ရာ မူလတာအိုရတနာအရိုးအား သန့်စင်ခြင်းက ခန္ဓာကိုယ်တစ်ခုလုံးအား အစိတ်စိတ်အမွှာမွှာဖျက်ဆီးပြီး အစမှ ပြန်လည် တည်ဆောက်ခြင်းနှင့် အလားသဏ္ဍာန်တူညီ၏။

ထိုဖြစ်စဉ်အတွင်း၌ ခံစားရမည့် နာကျင်မှုကို မှန်းဆကြည့်၍ပင်မရချေ။

ထို့အပြင် ၎င်းက တစ်ကြိမ်တည်းနှင့် ပြီးဆုံးသွားခြင်းမရှိဘဲ ထပ်ခါထပ်ခါဖြင့် သံသရာလည်နေပေလိမ့်မည်။

ထို့သို့မဟုတ်ပါက မူလတာအိုရတနာအရိုးနှင့် အတူပါလာသော တာအိုကျင့်စဉ်အား ပြန်လည်၍ ထုတ်ဖော်နိုင်မည်မဟုတ်ပေ။

ပတ်၀န်းကျင်မှု ကြည့်ရှုနေသူများမှာ အသက်ရှုရန်ပင် မေ့လျော့နေကြပြီး ကောင်းကင်ထက်သို့သာ ငေးကြည့်နေခဲ့ကြသည်။

မူလတာအိုခန္ဓာနှင့် ပတ်သက်ပြီး ရှင်းလင်းစွာ နားမလည်သူများပင် ကုချီ၏ ခန္ဓာကိုယ်အတွင်းသို့ စီး၀င်နေသော တာအိုအရင်းအမြစ်များမှ ကြောက်မက်ဖွယ် စွမ်းအားများကို ရိုးရှင်းစွာ ခံစားမိကြပေသည်။

လက်ရှိအချိန်တွင် ကုချီအပေါ်၌ ဖိအား မည်မျှ ကျရောက်နေလိမ့်မည်နည်း..?

ဥပမာပေးရမည်ဆိုလျှင် ကုချီနေရာ၌ တခြားသော သူတော်စင်အင်ပါယာတစ်ဦးဖြစ်နေပါက အမွှေးတိုင်တစ်ချောင်း ကုန်စာလောက်ပင် ခံနိုင်လိမ့်မည်မဟုတ်ချေ။

ထာ၀ရ နတ်ဘုရားစင်မြင့်များနှင့်အတူ ပေါက်ကွဲသွားပေလိမ့်မည်။

ထို့အပြင် ၎င်းတို့အသိစိတ်ပင်လယ်များပါ တစ်ခါတည်းပျောက်ကွယ်သွားမည်ဖြစ်၏။

မူလတာအိုခန္ဓာပိုင်ဆိုင်ထားသော ကုချီဖြစ်နေသောကြောင့်သာ ထိုမျှ ကြီးမားသော စွမ်းအင်ပမာဏကို လက်ခံနိုင်ခြင်းဖြစ်သည်။

…

ကောင်းကင်ထက်တွင် မိုးခြိမ်းသံများ အဆက်မပြတ် မြည်ဟည်းနေခဲ့၏။

ဤသို့ဖြင့် အချိန်များ တဖြည်းဖြည်း ကုန်ဆုံးသွားခဲ့ပြီး…

တတိယမြောက်နေ့တွင်…

ရုတ်တရက် တာအိုအသွင်ပြောင်းလဲခြင်း မဟာအစီအရင်အတွင်းမှ ‌တစ်စုံတစ်ခုက ကောင်းကင်ထက်သို့ ပျံတက်သွားလေသည်။

၎င်းက ရွှေရောင်နဂါးကြီးတစ်ကောင်ဖြစ်ပြီး လွန်ခဲ့သော (၃)ရက်က ဖြစ်ပေါ်ခဲ့ဖူးသော နဂါးများထက် အဆပေါင်းများစွာ ပိုအားကောင်းနေခဲ့သည်။

မြင့်မြတ်နယ်မြေ(၄)ခုမှ ကျင့်ကြံသူများ နက်နဲခြင်းအင်ပါယာဂိုဏ်း၏ ဆန်းကြယ်မှုများနှင့် ပတ်သက်ပြီး ထုံကျဉ်နေခဲ့ပြီဖြစ်သော်လည်း ရွှေနဂါးကြီး ထွက်ပေါ်လာချိန်တွင် အံ့အားသင့်သွားကြဆဲပင်။

သို့သော် မကြာမီ ၎င်းတို့၏ အံ့အားသင့်မှုများနေရာတွင် ထိတ်လန့်မှုများ အစားထိုး ၀င်ရောက်လာခဲ့သည်။

“ နေပါဦး… ငါ အမှတ်မမှားရင် အဲ့ဒီရွှေနဂါးကြီးရဲ့ မျက်လုံးနေရာမှာ ရှိနေတာ ရွှေတာအိုအသီး နဲ့ ကောင်းကင်မီးတောက် ပန်းပွင့် မဟုတ်လား…’

“ မှန်တယ်… အဲ့တာ တကယ့် ရွှေတာအိုအသီးပဲ… ပြီးတော့ အပြစ်အနာအဆာမရှိတဲ့ ရွှေရောင် အလင်းတန်းတွေ ၀န်းရံပြီး ခမ်းနားတဲ့ အရှိန်အဝါတွေ ဖြာထွက်နေတယ်… အဲ့တာ ကောင်းကင်နဲ့ မြေပြင်အကြားမှာရှိတဲ့ ရွှေရောင်တာအို သရုပ်ထင်ဟပ်ခြင်းပဲ…”

ကျူးယောင် ၊ ရှီချီ ၊ တိုင်ရွှမ် နှင့် ဖီးနစ်မီးတောက် သူတော်စင် အင်ပါယာတို့လည်း ကောင်းကင်ထက်မှ ရွှေနဂါးကြီးကို မြင်ကြ၏။

၎င်းတို့အားလုံး တံတွေးတစ်လုပ်မြိုချမိလိုက်ကြပြီး မလှမ်းမကမ်းမှ ရွှမ်ယီအား လှမ်းကြည့်လိုက်ကြသည်။

သူတို့မျက်နှာထက်၌ ထိတ်လန့် တုန်လှုပ်မှုများကို အတိုင်းသား မြင်တွေ့နိုင်၏။

ဤမတိုင်ခင် ထွက်ပေါ်လာခဲ့သော ‌စိတ်ဝိညာဉ်ဆေးပင် သန်းပေါင်းများစွာတို့က ရွှေတာအိုအသီးနှင့် ကောင်းကင်မီးတောက် ပန်းပွင့်တို့အား နည်းနည်းလေးမှ ယှဉ်နိုင်စွမ်းမရှိပေ။

၎င်းတို့က အဆင့်(၈) စိတ်ဝိညာဉ်ဆေးပင်များဖြစ်ကြသည်။

ထိုသို့မဟုတ်လျှင် တာအိုအရင်းအမြစ် နတ်နဂါးကြီးအား ဖွဲ့စည်းရန် မဖြစ်နိုင်ပေ။

All Chapters