← Chapters

မဖိတ်ခေါ်တဲ့ ဧည့်သည်လား

Vol. 6 Ch. 80

မဖိတ်ခေါ်တဲ့ ဧည့်သည်လား

Vol. 6 Ch. 80

ယွီဟွေးဖေးက မှန်တစ်ချပ်ယူပြီး သူ့ကိုပြကာ “မနောက်နဲ့၊ မင်းက ဝလာတာ” လို့ ပြောလိုက်တယ်။

ရှောင်ထျန်းချန်က ဝမ်းနည်းဒေါသထွက်စွာ အော်ဟစ်ရော “သောက်ကျိုးနဲ... ဒါက ဝလာတာလားဟ။ ဒါက အရိုက်ခံရလို့ ယောင်နေတာကွ။ အား... နာလိုက်တာ...”

ယွီဟွေးဖေးကတော့ ပါးစပ်အဟောင်းသားနဲ့ ခဏနေပြီးမှ “မင်းလည်း နာတတ်တာပဲလား။ နာတတ်မှန်းသိရင် နည်းနည်းလောက် လျှော့မဆော့နိုင်ဘူးလား။ မင်းက အားနေရင် နွားခေါင်းရဲ့ အိပ်ရာထဲမှာ သွားဆီးပေါက်တယ်၊ ပြီးတော့ သူဆီးပေါက်တာလို့ ပြောသေးတယ်။ ဒါမှမဟုတ် သရဲဖြူအိပ်နေတုန်း လျှာထွက်နေတဲ့အချိန်မှာ သွားပြီး စာရေးတယ်... မင်းမှအရိုက်ခံရင် ဘယ်သူအရိုက်ခံမှာလဲ”

“ငါပျင်းနေလို့လေ”

ယွီဟွေးဖေးက ခေါင်းညိတ်ပြီး “ဟုတ်တယ်... မင်းပျင်းနေလို့ အားလုံးက မင်းကိုရိုက်ပြီး အပျင်းဖြေခိုင်းတာပေါ့လေ”

ရှောင်ထျန်းချန်က နှုတ်ခမ်းထော်ရင်း “ဘယ်ထင်မှာတုန်း... သူတို့က အမြဲတမ်း ငါမှန်း ဘယ်လိုသိသွားလဲမသိဘူး... မင်းကြည့်လေ၊ သူတို့တစ်ယောက်ချင်းစီက ကြောင်တောင်တောင်နိုင်နေပေမယ့် တရားခံရှာတဲ့အချိန်ကျရင် ဘာလို့ ဒီလောက် ပါးနပ်နေကြလဲမသိဘူး”

ယွီဟွေးဖေး ဘာပြောနိုင်မှာလဲ။ ဒီခြံထဲမှာ လူဘယ်နှစ်ယောက်ပဲ ရှိတာကျလို့၊ ဒီသေနာကျခွေး မလာခင်က ဘာပြဿနာမှ မရှိဘူးလေ။ အဲ့တော့ သူရောက်လာပြီး ဘာထူးထူးဆန်းဆန်းဖြစ်ဖြစ်၊ သူ့ကိုပဲ ရှာမှာပေါ့။ ဒီလောက်လွယ်တဲ့ကိစ္စတောင် နားမလည်နိုင်ဘူး၊ တကယ်ပဲ ဘယ်သူက ကြောင်တောင်တောင်နိုင်နေတာလဲ။

အဲ့ဒီနေ့မှာပဲ ယွီဟွေးဖေးက အော်ဒါတစ်ခု ထပ်ရလိုက်တယ်။

ယွီဟွေးဖေး ကြည့်လိုက်တော့ ချက်ချင်း ပျော်သွားတယ်၊ နောက်ဆုံးတော့ ပိုက်ဆံထပ်ဝင်တော့မယ်လေ။

ယွီဟွေးဖေးရဲ့ ဒီဆိုင်လေးက ဧည့်သည်သိပ်မများပေမယ့် ဈေးကတော့ ကြီးတယ်။ လွယ်လွယ်နဲ့ မဖွင့်ဘူး၊ ဖွင့်လိုက်ရင် တစ်လစာ စားလို့ရတဲ့အမျိုး။

ဒါပေမဲ့ ယွီဟွေးဖေးက အပေါ်က မှတ်ချက်တစ်ကြောင်းကို သေချာကြည့်လိုက်တော့ ကြောင်သွားတယ်။

“လေးစားအပ်ပါသော ဆရာခင်ဗျာ၊ ကျွန်တော့်အဘိုးကို ခင်ဗျားတို့ရဲ့ သင်္ချိုင်းမှာ မြှုပ်နှံထားပါတယ်။ မနက်ဖြန်က သူ့မွေးနေ့မို့လို့ သူ့ကို လာတွေ့ချင်လို့ပါ... အနှောင့်အယှက်ဖြစ်သွားရင် ခွင့်လွှတ်ပေးပါ”

ယွီဟွေးဖေး မျက်မှောင်ကြုတ်လိုက်မိတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူ့နောက်ဖေးခြံမှာ မြှုပ်ထားတဲ့လူက လူနှစ်မျိုးပဲ ရှိတာ။ တစ်မျိုးက သူရဲကောင်း၊ နောက်တစ်မျိုးက ရွာက ကွယ်လွန်သွားတဲ့ အဘိုးအဘွားတွေ။

ရွာက အဘိုးအဘွားတွေရဲ့ မျိုးဆက်တွေက ရွာမှာ အိမ်တွေရှိကြတယ်၊ မရှိရင်တောင် ဆွေမျိုးတွေ ရှိသေးတယ်၊ တည်းခိုခန်းမှာ နေစရာမလိုဘူး။

ဒီလိုတွက်ကြည့်ရင် လာတဲ့သူက သူရဲကောင်းရဲ့ မျိုးဆက်ဖြစ်ရမယ်။

ဒီလိုတွေးပြီး ယွီဟွေးဖေးက အဲ့အော်ဒါကို ကြည့်ရင်း “ကြိုဆိုပါတယ်” လို့ ပြန်စာပို့လိုက်တယ်။

ဒီစာလုံးနှစ်လုံးကို ရိုက်နေတုန်း ယွီဟွေးဖေးရဲ့ စိတ်က အရမ်းရှုပ်ထွေးနေတယ်၊ သူတစ်ခုခုကို စဉ်းစားနေသလိုပဲ။

အဲ့ဒီအချိန်မှာ တံခါးကို ခေါက်သံကြားလိုက်ရတယ်။

ဒေါက်ဒေါက်ဒေါက်...

ယွီဟွေးဖေး ထရပ်လိုက်ပေမယ့် ချက်ချင်း ချွေ့ကျွယ်က သူ့ကို ပြန်ဖိချလိုက်တယ်။

“ခပ်တည်တည်နေဖို့ မမေ့နဲ့။ ငါတို့က ကြယ်ခုနစ်ပွင့်တည်းခိုခန်း၊ သရဲနတ်တည်းခိုခန်း၊ ငါတို့ရဲ့ အဆင့်အတန်းကို မကျစေနဲ့”

အဲ့တော့လည်း ယွီဟွေးဖေးက ခါးခါးသီးသီး ပြုံးပြီး နောက်ဖေးခြံမှာ သွားထိုင်နေလိုက်ရတာပေါ့။

ချွေ့ကျွယ်က ထရပ်ပြီး တံခါးမကြီးကို သွားဖွင့်လိုက်ချိန် နေရောင်အောက်မှာ ယောင်္ကျားတစ်ယောက်နဲ့ မိန်းမတစ်ယောက် ရပ်နေတာကို တွေ့လိုက်ရတယ်။

ယောင်္ကျားက အရပ်အမောင်း သာမန်ပေမယ့် ဇုန်ရှန်းဝတ်စုံကို သပ်သပ်ရပ်ရပ် ဝတ်ဆင်ထားတာပေါ့။ မျက်ခုံးတွေကြားမှာ ကြမ်းတမ်းတဲ့အရိပ်အယောင်တွေနဲ့၊ ကြည့်ရုံနဲ့ သာမန်လူမဟုတ်မှန်း သိသာတယ်။

မိန်းမကတော့ အရမ်းရိုးရိုးရှင်းရှင်း ဝတ်စားထားတယ်၊ ဘောင်းဘီရှည်၊ အင်္ကျီရှည်နဲ့၊ အသက်သိပ်မကြီးပေမယ့် သူ့အရွယ်တူတွေလို ပေါ့ပေါ့ပါးပါး၊ လှလှပပ ဝတ်စားထားတာမျိုး မဟုတ်ဘဲ အရမ်းရှေးဆန်တဲ့ ခံစားချက်ကို ပေးတယ်...

“ရှင်က” မိန်းမက ချွေ့ကျွယ်ကို အံ့ဩတကြီး ကြည့်ပြီး စမေးလိုက်တာပေါ့။

ချွေ့ကျွယ်ရဲ့ ပုံစံက ကိုယ်တိုင်က အရမ်းထူးချွန်နေတဲ့အပြင် မြေအောက်ဘုံမှာ ယမမင်းကြီးအဖြစ် ဧကရာဇ်ကနေ လူအမျိုးမျိုးကို စစ်ဆေးဖူးတော့ ဘယ်လိုအခြေအနေမျိုးမဆို ကြုံဖူးတယ်လေ။ ဘယ်လိုလူနဲ့တွေ့တွေ့ သူကအောင်မြင်မှုအပြည့်နဲ့ တည်ငြိမ်အေးဆေးတဲ့ ပုံစံရှိတယ်။

သူက ပြုံးပြီး “မင်္ဂလာပါ၊ ကျွန်တော်က သရဲနတ်တည်းခိုခန်းရဲ့ မန်နေဂျာပါ” ဆိုပြီး ပြန်ပြောလိုက်တာပေါ့။

မိန်းမက ပြုံးပြီး “မင်္ဂလာပါ၊ ကျွန်မနာမည် ချင်ရှုကျွမ်းပါ၊ ဒါက ကျွန်မအစ်ကိုကြီး ချင်ရှုပေါင်ပါ”

ချွေ့ကျွယ် ကြောင်သွားပြီး ဒီယောင်္ကျားကို သေချာကြည့်ရင်း ထူးဆန်းတဲ့အပြုံးနဲ့ ပြုံးလိုက်တယ်။

“ရယ်ပါ... ရပါတယ်ဗျာ။ ကျွန်တော့်အဘိုးက ချင်ရှုပေါင်ရဲ့ ဇာတ်လမ်းကို နားထောင်ရတာ ကြိုက်လို့၊ ဒါကြောင့် ကျွန်တော့်နာမည်က...”

ချွေ့ကျွယ်က ပြုံးပြီး “ကျုပ်ရယ်တာက လှောင်ရယ်တာ မဟုတ်ပါဘူး၊ ဘာလို့လဲဆိုတော့ ကျုပ်နာမည်က ချွေ့ကျွယ်မို့လို့ပါ” လို့ ဖြတ်ပြောလိုက်တာပေါ့။

“မြေအောက်ဘုံက ယမမင်းကြီး ချွေ့ကျွယ်လား” ချင်ရှုပေါင်က အံ့ဩတကြီးနဲ့ ချွေ့ကျွယ်ကို ကြည့်ပါလေရော။

ချွေ့ကျွယ်က ခေါင်းညိတ်ပြလိုက်တယ်။

“ရေစက်ပဲ”

ချွေ့ကျွယ်က ခေါင်းညိတ်ပြီး လမ်းဖယ်ပေးကာ “နှစ်ယောက်သား ဝင်လာကြပါ၊ ကျုပ်တို့ သရဲနတ်တည်းခိုခန်းမှာ ကိုယ်ပိုင်စည်းကမ်းတွေ ရှိပါတယ်။ ခင်ဗျားတို့ ရှေ့ခြံမှာပဲ လှုပ်ရှားသွားလာလို့ရပါတယ်၊ နောက်ဖေးခြံကို သွားလို့မရပါဘူး။ ဘာအကူအညီလိုလို ကျုပ်တို့ရဲ့ ဝန်ထမ်းတွေကို ခေါ်လို့ရပါတယ်”

စကားပြောနေတုန်း အရပ်ရှည်တစ်ယောက်၊ အရပ်ပုတစ်ယောက်၊ အမည်းတစ်ယောက်၊ အဖြူတစ်ယောက် အရိပ်နှစ်ခုက သူတို့နှစ်ယောက်ရှေ့မှာ ပေါ်လာပြီး နှစ်ယောက်လုံးကို လန့်သွားစေတယ်။

ချွေ့ကျွယ်က “မကြောက်ပါနဲ့... ဒါက ကျုပ်တို့ သရဲနတ်တည်းခိုခန်းရဲ့ အလုပ်သမားတွေဖြစ်တဲ့ သရဲနက်နဲ့ သရဲဖြူပါ”

ဒီနှစ်ယောက်ရဲ့ ဝတ်စားဆင်ယင်မှုကို မြင်တော့မှ ချင်ရှုပေါင်နဲ့ ချင်ရှုကျွမ်းတို့က ချွေ့ကျွယ်ရဲ့ ဝတ်စားဆင်ယင်မှုကို သတိထားမိတယ်၊ မြေအောက်ဘုံတရားသူကြီးလိုပဲ။

ချင်ရှုပေါင်က သရဲနတ်တည်းခိုခန်းရဲ့ ဆိုင်းဘုတ်ကို မော့ကြည့်ပြီး ရယ်ကာ “ခင်ဗျားတို့က တကယ်ကို... ထူးခြားတာပဲ” လို့ ပြောလိုက်တယ်။

ချင်ရှုကျွမ်းက “ရှင်တို့ရဲ့ ကြော်ငြာဓာတ်ပုံတွေက အတုလို့ ထင်ထားတာ၊ တကယ်ပဲ သရဲနက်သရဲဖြူ၊ မြေအောက်ဘုံတရားသူကြီး ရှိတာပဲ။ ငရဲမင်းဆယ်ပါးရော ရှိလားမသိဘူး”

ချွေ့ကျွယ်က ခေါင်းခါပြီး “မရှိပါဘူး၊ ဒါပေမဲ့ ကျုပ်တို့မှာ သူဌေးရှိပါတယ်”

“ကိုချွေ့က ဒီနေရာရဲ့ သူဌေးမဟုတ်ဘူးလား” ချင်ရှုပေါင်က အံ့ဩတကြီးနဲ့ ချွေ့ကျွယ်ကို ကြည့်ရင်း မေးမိကော။

ချွေ့ကျွယ်ရဲ့ ပုံစံက အရမ်းကြည့်ကောင်းတယ်လေ၊ ဘယ်လိုကြည့်ကြည့် သူများအောက်မှာ နေမယ့်လူမျိုး မဟုတ်ဘူး၊ ဒီလိုလူက လူတွေထဲက နဂါး၊ ဖီးနစ်ဖြစ်ရမှာ။

ချွေ့ကျွယ်က နောက်ပြန်လှည့်ပြီး နှစ်ထပ်မှာ ဟန်ဆောင်နေတဲ့ ယွီဟွေးဖေးကို ညွှန်ပြရင်း “အဲ့ဒါက ကျုပ်တို့ရဲ့ သူဌေး၊ သူဌေးယွီပါ”

ဒီစကားကြားတော့ ချင်ရှုပေါင်နဲ့ ချင်ရှုကျွမ်းတို့ တစ်ပြိုင်နက် ယွီဟွေးဖေးကို ကြည့်လိုက်ကြတယ်၊ အနီရောင်ဝတ်ရုံဝတ်ထားတဲ့ လူငယ်တစ်ယောက်မှန်း သိတော့ နှစ်ယောက်လုံး ပိုပြီး အံ့ဩသွားလေရဲ့။ သူတို့အမြင်မှာ ယွီဟွေးဖေးက ထူးခြားတယ်လို့ ထင်ရပေမယ့် တစ်ခုခုလိုနေသလို ခံစားရတယ်။ တစ်ဖက်က ဒီလူလတ်ပိုင်းကတော့ သူတို့အတွက် နက်နဲပြီး မခန့်မှန်းနိုင်တဲ့ ခံစားချက်ကို ပေးနေတာကိုး။

ဒီလိုလူက အဲ့လိုလူအတွက် အလုပ်လုပ်ပေးတယ်လား...။

သူတို့က တစ်ခုခုထူးဆန်းနေတယ်လို့ ခံစားနေရသလိုပဲ...။

ဒါပေမဲ့ နှစ်ယောက်လုံး ဘာမှထပ်မမေးဘဲ ချွေ့ကျွယ်နဲ့အတူ ပစ္စည်းတွေ ယူလာပြီးနောက် နှစ်ယောက်သား ပင်မအိမ်နဲ့ ဘယ်ဘက်က အဆောင်မှာ အသီးသီး တည်းခိုလိုက်ကြတယ်။

နှစ်ယောက်သား တည်းခိုပြီးနောက် ချွေ့ကျွယ်က မျက်မှောင်အနည်းငယ်ကြုတ်ပြီး သရဲနက်သရဲဖြူကို ရှေ့ခြံကို ကောင်းကောင်းစောင့်ရှောက်ခိုင်းပြီး ကိုယ်တိုင် ယွီဟွေးဖေးကို သွားရှာလေရော။

ချွေ့ကျွယ်က ပိုက်ဆံခြောက်ထောင်ကို ယွီဟွေးဖေးကို ပေးပြီး “သုံးရက်” လို့ ပြောလိုက်တယ်။

ယွီဟွေးဖေးက အဲ့ပိုက်ဆံထုပ်ကို ကြည့်ပြီး “ပိုက်ဆံဝင်ရင် ကောင်းတာပေါ့... ဒါနဲ့ ခင်ဗျားမျက်နှာက နည်းနည်းမကောင်းဘူးနော်”

ချွေ့ကျွယ်က “ဒီနှစ်ယောက်က မလွယ်ဘူး၊ သာမန်လူတွေ မဟုတ်ဘူး။ ငါမှာ ခံစားချက်တစ်ခု ခံစားနေရတယ်၊ ရင်းနှီးတဲ့လူနဲ့ တွေ့သလိုမျိုးပေါ့၊ ဒါပေမဲ့... သေသေချာချာ ပြောမပြတတ်ဘူး”

ယွီဟွေးဖေးက အံ့ဩပြီး “ရင်းနှီးတဲ့လူလား”

ချွေ့ကျွယ်က ခေါင်းညိတ်ပြီး “နတ်ဘုရားတော့ မဟုတ်ဘူး၊ ဒါပေမဲ့... အဲ့ချင်ရှုပေါင်က သမိုင်းထဲက အဲ့ချင်ရှုပေါင် ပြန်ဝင်စားတာ ဖြစ်မယ်၊ ဒါပေမဲ့ ဒါက ခံစားချက်တစ်ခုပဲ၊ အတည်မပြုနိုင်ဘူး” လို့ ပြောလိုက်တယ်။

ယွီဟွေးဖေး ကြောင်သွားပြီး ရယ်ကာ “ဒါ... ပြန်ဝင်စားရင်တောင် ဘာမှမဆိုင်တော့ဘူးမလား”

ချွေ့ကျွယ်က ခေါင်းညိတ်ပေမယ့် ယွီဟွေးဖေးကို သတိပေးလိုက်တယ်။ “သူတို့ကို သတိထား၊ သူတို့က အုတ်ဂူလာကန်တော့တာနဲ့ မတူဘူး။ အဲ့ကောင်က အရင်ဘဝကတည်းက ငြိမ်ငြိမ်နေတဲ့ကောင် မဟုတ်ဘူး၊ ဒီဘဝမှာလည်း ငြိမ်မှာ မဟုတ်ဘူး”

ယွီဟွေးဖေးက အသာအယာ ခေါင်းညိတ်လိုက်တယ်။ ချွေ့ကျွယ်က လူပေါင်းများစွာကို မြင်ဖူးတယ်လေ၊ သူဒီလိုပြောရင် ပြဿနာတစ်ခုခု ရှိနေပြီဆိုတာ သေချာတယ်။

ဘာပဲဖြစ်ဖြစ် လောလောဆယ်တော့ ယွီဟွေးဖေးက အောက်ထပ်ဆင်းပြီး ရှေ့ခြံကို မသွားဘဲ နောက်ဖေးတံခါးကနေ တန်းထွက်သွားပြီး တစ်နေ့တာ သင်္ချိုင်းရှင်းတဲ့အလုပ်ကို စတင်ပါတော့တယ်ခင်ဗျာ။

All Chapters