← Chapters

မျက်နှာမွဲခွေး

Vol. 6 Ch. 83

မျက်နှာမွဲခွေး

Vol. 6 Ch. 83

နွားခေါင်းက သစ်ပင်ပေါ်က ရှောင်ထျန်းချန်ကို လက်ညှိုးထိုးပြီး "ဒီခွေးက တကယ့်ခွေးမသားပဲ။ မင်းက သူ့ကို အရိုးသွားယူခိုင်းတာ၊ သူက တစ်ယောက်တည်းစားဖို့ ကိုက်ပြီးပြေးတယ်"

ယွီဟွေးဖေးက ရယ်ပြီး "ဒါဆို မင်းတို့ဖမ်းမိသွားတော့ သူစားမလိုက်ရဘူးပေါ့"

ယွီဟွေးဖေးအထင် ရှောင်ထျန်းချန်က ပါးစပ်နဲ့ သံပန်းကန်ကိုကိုက်ပြီး ခြေလေးချောင်းနဲ့ပြေးနေရင် ရပ်တန့်မသွားသရွေ့ အသားစားဖို့ အခွင့်အရေးမရှိလောက်ဘူး။ အခု မြေပေါ်မှာ အရိုးချည်းပဲဆိုတော့ သူ့အဖြစ်က ဆိုးရွားနေလောက်ပြီ။

ဒါပေမဲ့ မြင်းမျက်နှာက ခေါင်းခါပြီး ဒေါသတကြီးနဲ့ "ငါတို့က စားမလိုက်ရတာ။ ဒီကောင်... ဒီကောင်က ခြေနှစ်ချောင်းနဲ့ မတ်တပ်ရပ်ပြီးပြေးနိုင်တယ်၊ ပြေးတာလည်း တော်တော်မြန်တာ။ စားရင်းပြေးရင်း ငါတို့ကို အရိုးနဲ့ပြန်ပစ်သေးတယ်... ခွေးမသား... သူသာ ချိုင့်ထဲမကျသွားရင် ငါတို့ သူ့ကိုဖမ်းမိမှာမဟုတ်ဘူး"

ယွီဟွေးဖေး ကြားလိုက်တော့ စကားမပြောနိုင်အောင်ဖြစ်သွားကော။ သူ့ခေါင်းထဲမှာ မြင်ကွင်းတစ်ခုပေါ်လာသား။ နွားခေါင်းနဲ့ မြင်းမျက်နှာက နောက်ကလိုက်၊ ရှေ့က ခွေးနက်ကြီးက လူလိုမတ်တပ်ရပ်ပြီး အပြေးအလွှား၊ လက်တစ်ဖက်က သံပန်းကန်ကိုကိုင်၊ လက်တစ်ဖက်က အရိုးကိုကိုက်ပြီး ပါးစပ်အပြည့်စားနေတာ။ စားပြီးသွားရင် မကျေမနပ်နဲ့ နောက်လှည့်ပြီး အရိုးနဲ့ပစ်ရင်း "လက်နက်ပုန်းကိုကြည့်" လို့အော်လိုက်သေး။ ပြီးတော့ ခြေထောက်အောက်က ချိုင့်ထဲကျသွားရော။

ယွီဟွေးဖေးက သစ်ပင်ပေါ်မှာ ဒန်းစီးနေတဲ့ ရှောင်ထျန်းချန်ကို မော့ကြည့်ပြီး "မင်းကွာ... တစ်ရက်လောက် အရိုက်မခံရရင် တစ်ကိုယ်လုံးယားနေတာလား"

ရှောင်ထျန်းချန်က ဘာမှပြန်မပြောဘဲ မျက်လုံးကိုလှန်ပြလိုက်တယ်။ ယွီဟွေးဖေးလည်း ဒီခွေးအတွက် ဘယ်လိုမှမတတ်နိုင်တော့ဘူး။ တစ်ညလုံး ဒီမှာလွှဲထားချင်ပေမယ့် အခန်းရှေ့မှာ သူလျှိုလုပ်ဖို့ ဒီခွေးကိုလိုသေးတာကြောင့် နွားခေါင်းနဲ့ မြင်းမျက်နှာကို တောင်းပန်ပြီး သူ့ကိုလွှတ်ပေးလိုက်ရတာပေါ့။

ခွေးနက်ကြီး လွတ်သွားတာနဲ့ ချက်ချင်းဘဲ အမြီးကိုခါ၊ ခေါင်းကိုမော့ပြီး "ချိုင့်သာမရှိရင် မင်းတို့နှစ်ယောက်လား။ ခြေထောက်နှစ်ချောင်းလောက် ထပ်ရှည်အောင်လုပ်လိုက်ဦး"

နွားခေါင်း ကြားလိုက်တော့ "ဟေ့ကောင်... ငါ့ကိုမတားနဲ့၊ သူ့ကိုမရိုက်ရရင် မနေနိုင်တော့ဘူး"

ခွေးနက်ကြီး ကြားတာနဲ့ အိမ်ရှေ့ကို အမြန်ပြေးသွားရော။ ဘာလို့လဲဆိုတော့ နွားခေါင်းက အိမ်ရှေ့ကိုမလာရဲမှန်း သူသိလို့ပဲ။ နွားခေါင်းက ဒါကိုမြင်တော့ ဒေါသထွက်ပြီး ခြေဆောင့်နေရရုံပဲတတ်နိုင်တော့တယ်။

ယွီဟွေးဖေးက နွားခေါင်းရဲ့ပခုံးကိုပုတ်ပြီး "တော်ပါတော့ကွာ... ခင်ဗျားက ခွေးတစ်ကောင်နဲ့ ဘာဖြစ်လို့ ပြိုင်ပြီးရန်ဖြစ်ချင်နေရတာတုန်း"

"ယွီလေး... ငါတို့မစားရသေးခင်တုန်းက ဒီခွေး မင်းအခန်းထဲကနေ အရမ်းလန်းဆန်းနေတဲ့ပုံနဲ့ ထွက်လာတာကို တွေ့ခဲ့ရတယ်"

ယွီဟွေးဖေးက စိတ်ထဲထိတ်ခနဲဖြစ်သွားပြီး အခန်းထဲအမြန်ပြေးဝင်သွားတယ်။ စောင်ကိုလှန်လိုက်တော့ အိပ်ရာခင်းပေါ်မှာ ကိုးပြည်ထောင်မြစ်ချောင်းမြေပုံကြီးက ထင်းနေပြီး အပေါ်မှာ ရွှေတောင်ကြီးတစ်လုံးပါ တည်ထားသေး။ ယွီဟွေးဖေးရဲ့မျက်နှာက ချက်ချင်းမည်းသည်းသွားတော့တာပဲ။

"ခွေးသတောင်းစား မင်းကို ငါသတ်ပစ်မယ်"

ဒါပေမဲ့ နောက်ဆုံးတော့ ချွေ့ကျွယ်က "ချင်ရှုပေါင်တို့ လှုပ်ရှားနေပြီ" လို့ပြောတာကြောင့် ကိုယ့်ကိုယ်ကို စိတ်ထိန်းတား ဒေါသကိုမျိုသိပ်ပြီး မျက်ရည်တွေနဲ့ အဲ့ဒီအိပ်ရာခင်းကို လွှင့်ပစ်လိုက်ရတော့တယ်။

အဲ့ဒီအချိန်မှာ အိမ်ရှေ့မှာတော့ ရှောင်ထျန်းချန်က ခြံထဲမှာဝပ်နေပြီး သူ့ရှေ့က ချင်ရှုပေါင်ကို မျက်စောင်းထိုးကြည့်နေလေရဲ့။ ချင်ရှုပေါင်က လက်ထဲမှာ အသားပေါင်းကိုင်ထားလို့ပေါ့။

"ခွေးလိမ္မာလေး... ပေါက်စီစားမလား"

ပြောပြီးတော့ ချင်ရှုပေါင်က ပေါက်စီကို ရှောင်ထျန်းချန်ရှေ့က မြေပေါ်ပစ်ချပေးလိုက်တယ်။ ရှောင်ထျန်းချန်က ပေါက်စီပေါ်က မြေကြီးတွေကို တစ်ချက်ကြည့်ပြီး ချင်ရှုပေါင်ကို မထီမဲ့မြင်အကြည့်နဲ့ ကြည့်လိုက်တော့တာပဲ။

ချင်ရှုပေါင်က ခွေးတစ်ကောင်ရဲ့အထင်သေးမှုကိုခံရလို့ မျက်နှာကြီးနီရဲသွားပြီး ချောင်းတစ်ချက်ဟန့်လိုက်ကော။

"ဒါဆို ဝက်အူချောင်းစမ်းကြည့်မလား"

ချင်ရှုပေါင် ထုတ်လိုက်တာနဲ့ ရှောင်ထျန်းချန်က သူ့ကို တကယ့်ခွေးလို့သဘောထားနေတာကိုသိပြီး ဒီလိုစော်ကားမှုကိုမခံနိုင်တော့ဘဲ ထပြီး ဝုတ်ဝုတ်လို့ဟောင်လိုက်တော့ ချင်ရှုပေါင် လန့်ပြီး နောက်ဆုတ်သွားတယ်။ နောက်ဆုံးမှာတော့ ခါးခါးသီးသီးရယ်ပြီး အခန်းထဲပြန်ဝင်သွားတော့တာပဲ။

အခန်းထဲမှာ ချင်ရှုကျွမ်းက "ကြည့်ရတာ နင့်နည်းလမ်းက အလုပ်မဖြစ်ဘူးထင်တယ်"

"အလျင်မလိုပါနဲ့၊ နောက်ထပ်နှစ်ရက်အချိန်ရှိသေးတယ်... ခွေးဆိုတာက တဖြည်းဖြည်းနဲ့ ခင်မင်အောင်လုပ်ရတာ။ ငါ့ဆီက တစ်လုတ်စားလိုက်တာနဲ့ ခင်မင်မှုက ရလာမှာပဲ"

ချင်ရှုပေါင်က စိတ်မလျှော့သေးဘူး။ အရိုးပေါင်းတွေ ထပ်ဝယ်လာပြီး ရှောင်ထျန်းချန်ရှေ့ ပစ်ချပေးပေမယ့် ဒီခွေးက မစားဘူး။

ချင်ရှုကျွမ်းက "သူက မြေပေါ်ကဟာတွေ မစားတာနေမှာပေါ့"

ချင်ရှုပေါင်က မျက်မှောင်ကြုတ်ပြီး "မဖြစ်နိုင်ပါဘူး။ တရုတ်ခွေးတွေက လည်လွန်းလို့ ငယ်ငယ်ကတည်းက လူ့လက်ထဲကနဲ့ တူပေါ်ကဟာတွေကို မစားတတ်ဘူး။ သခင်ကိုမှားကိုက်မိပြီး အရိုက်ခံရမှာစိုးလို့။ မြေပေါ်ပစ်ချပေးတာကိုမှ သူစားသင့်တာ"

ချင်ရှုကျွမ်းက ခေါင်းခါရင်း "မသေချာပါဘူး။ မနေ့ညက ဆရာယွီက ပန်းကန်နဲ့ပေးတာလေ"

ဒါကြားတော့ ချင်ရှုပေါင်က ခေါင်းညိတ်ပြီး "ဒါဆို ငါလက်နဲ့ကျွေးကြည့်မယ်"

ပြီးတော့ ချင်ရှုပေါင်က အရိုးပေါင်းကိုင်ပြီး "လာ... ခွေးလိမ္မာလေး၊ အရိုးစားရအောင်"

ရှောင်ထျန်းချန်က ဒီတစ်ခါတော့ ခေါင်းမော့လာပြီး မငြင်းတော့ဘူး။ လက်နဲ့မယူဘဲ ပါးစပ်နဲ့တန်းစားတော့တာပဲ။

ချင်ရှုပေါင်က ဒါကိုမြင်တော့ အရင်ဆုံးပျော်သွားပေမယ့် နောက်တော့ မပျော်နိုင်တော့ဘူး။ ဒီခွေးက တကယ့်သူဌေးပဲ။ သူကိုယ်တိုင် အရိုးကိုမကိုင်ဘဲ ချင်ရှုပေါင်ကိုကိုင်ခိုင်းပြီး ကိုက်နေတာ။ အဲ့ဒီပုံစံက သူက ခွေးအစေခံကျနေတာပဲ။ ဒါပေမဲ့ ရှောင်ထျန်းချန်နဲ့ ခင်မင်အောင်လုပ်ဖို့ ဒီကောင်က သည်းခံပြီး အရိုးတစ်ခုပြီးတစ်ခုကျွေးနေတယ်။ ရှောင်ထျန်းချန်ကလည်း လာသမျှမလိုင်၊ အားရပါးရစားနေပါလေရော။

အရိုးသုံးချောင်းလောက်ကျွေးပြီးတော့ ချင်ရှုပေါင်က ရှောင်ထျန်းချန်ရဲ့ခေါင်းကို ပွတ်ဖို့ကြိုးစားလိုက်တယ်။ ဒါပေမဲ့ ဒီခွေးက ချက်ချင်းပဲ မျက်နှာပြောင်းပြီး ဝုတ်ဝုတ်လို့ဟောင်တော့တာပဲ။

ချင်ရှုပေါင် လန့်ပြီး လက်ကိုအမြန်ပြန်ရုတ်လိုက်ရတယ်။ ပြီးတော့ ချင်ရှုကျွမ်းကို စိတ်ပျက်လက်ပျက်ကြည့်ပြီး "ဒီခွေး... တော်တော်ပေါင်းဖို့ခက်တာပဲ"

"ဒါဆို... နင်ဆက်ကြိုးစားပေါ့" ချင်ရှုကျွမ်းက ပြုံးစိစိနဲ့ အခန်းထဲပြန်ဝင်သွားကော။

ချင်ရှုပေါင်က ဆက်ကြိုးစားတယ်။ အရိုးတစ်ထုပ်လုံးကုန်သွားတဲ့အထိ သူက ဒူးတွေထုံ၊ ခါးတွေနာ၊ ချော့မော့ပြောရတာ ပါးစပ်တွေခြောက်လာတဲ့အထိပဲ။ ဒါပေမဲ့ နောက်ဆုံးမှာ ခွေးခေါင်းကိုတောင် မကိုင်လိုက်ရဘူး။

နောက်ဆုံးမှာ ချင်ရှုပေါင်က ရှေ့က ရှောင်ထျန်းချန်ကိုကြည့်ပြီး "ငါအသက်ကြီးမှ ခွေးကို ပေါက်စီနဲ့ပစ်ကျွေးတယ်ဆိုတဲ့စကားပုံကို သဘောပေါက်တော့တယ်"

ပြောပြီးတော့ ချင်ရှုပေါင်က သူ့ခါးကိုထောက်ပြီး ယိုင်နဲ့ယိုင်နဲ့နဲ့ အခန်းထဲပြန်ဝင်သွားရော။ ဒါပေမဲ့ ချင်ရှုပေါင်က ဒီအတိုင်းလက်မလျှော့သေးဘူး။ ခဏနေတော့ သူပြန်ထွက်လာပြီး လက်ထဲမှာ ဝက်အူချောင်းကိုင်ပြီး ရှောင်ထျန်းချန်ကို ချော့မော့နေပြန်ရော။

ဒါပေမဲ့ ရှောင်ထျန်းချန်က သူ့ကို လုံးဝဂရုမစိုက်ဘူး။

ချင်ရှုပေါင်က တစ်ညလုံးကြိုးစားပြီးတော့မှ ကောက်ချက်တစ်ခုချနိုင်သွားတယ်။ ဒီကောင်က ခွေးနက်ကြီးမဟုတ်ဘူး၊ မျက်နှာမွဲခွေးပဲ။ ဒီလိုနဲ့ သူ့ရဲ့ခွေးနက်ကြီးနဲ့ခင်မင်ရေးအစီအစဉ်က လုံးဝပျက်စီးသွားတော့တယ်။

နောက်တစ်နေ့မနက်စောစော ချင်ရှုပေါင်နဲ့ ချင်ရှုကျွမ်းတို့ စောစောထကြတယ်။ ချင်ရှုပေါင်ရဲ့မျက်ကွင်းတွေက နည်းနည်းညိုနေပေမယ့် ယေဘုယျအားဖြင့်တော့ လန်းဆန်းနေပါသေးရဲ့။ သူတို့နှစ်ယောက်က အထုပ်အပိုးတွေနဲ့ ဂါရဝပြုပစ္စည်းတွေကိုကိုင်ပြီး သင်္ချိုင်းကုန်းထဲဝင်သွားကြကော။

ဝင်ဝင်ချင်းမှာပဲ ယွီဟွေးဖေးက အနီရောင်ဝတ်ရုံနဲ့ မြူခိုးတွေကြား သက်တန့်အောက်က မေပယ်ရွက်တွေကြွေကျနေတဲ့ကြားမှာ သင်္ချိုင်းကုန်းကို ညင်ညင်သာသာလှည်းကျင်းနေတာကို တွေ့လိုက်ရတယ်။

အဲ့ဒီတံမြက်စည်းက ညင်သာလွန်းလို့ သင်္ချိုင်းကုန်းကိုလှည်းနေတာမဟုတ်ဘဲ ချောမောလှပတဲ့မိန်းကလေးတစ်ယောက်ကို ပွတ်သပ်ပေးနေသလိုပဲ။

အဲ့ဒီအချိန်မှာ ယွီဟွေးဖေးက သူတို့နှစ်ယောက်အတွက် နည်းနည်းလူယုတ်မာဆန်တဲ့ ဆရာယွီမဟုတ်တော့ဘဲ ဘုရားကျောင်းက ဘုန်းကြီး၊ ကျောင်းတော်က ရသေ့၊ ဒါမှမဟုတ် စာသင်ကျောင်းက ပညာရှိကြီးလိုမျိုး မြင့်မြတ်တဲ့အငွေ့အသက်တွေ ထပ်တိုးလာသလိုလို။

ယွီဟွေးဖေးက သူတို့ကိုသတိမထားမိသလိုပဲ။ သူတို့နှစ်ယောက်ကလည်း ယွီဟွေးဖေးကိုမနှောင့်ယှက်ဘဲ ပစ္စည်းတွေယူပြီး မေပယ်တောထဲကို တန်းဝင်သွားကြရော။ မေပယ်တောထဲရောက်တော့ သူတို့နှစ်ယောက်က အုတ်ဂူတစ်ခုရှေ့မှာ အမွှေးတိုင်ထွန်း၊ စက္ကူတွေမီးရှို့၊ ဦးချကန်တော့ကြတယ်။

All Chapters