ရဲရဲတောက် စိတ်ဓာတ်
Vol. 6 Ch. 89
"ဒါပေမဲ့... ဒီတစ်ခါ သူမလာခဲ့ဘူး... "
"ဘာကြောင့်လဲ"
"ဘာကြောင့် ငါ့ဘေးမှာ ရန်သူရဲ့ သားရေဖိနပ်သံတွေ ကြားနေရတာလဲ။ ကျည်ဆံခွံတွေ ထွက်ကျလာတဲ့အသံတွေ ကြားနေရတာလဲ"
"သူတို့ ဘာလုပ်မလို့လဲ"
"သူတို့ ဘာကြောင့် ငါ့ကို "Over? Over ဆိုတာ ဘာလဲ" လို့ ပြောနေကြတာလဲ"
"ငါ ဂရုမစိုက်ဘူး၊ ငါ ခရာကို မှုတ်ရမယ်။ တပ်စုမှူးတို့၊ တပ်ရင်းမှူးတို့ သေချာပေါက် တိုက်ခိုက်လာမှာပဲ။ သေချာပေါက်... "
ဒီနေရာကို မြင်တော့ ယွီဟွေးဖေးတို့အားလုံး မျက်ရည်တွေ ကျလာကြပြီ။ သူတို့သိတယ်လေ... ကျန်းရွှမ်ဆိုတဲ့ ဒီကလေးက မျက်စိကွယ်သွားပြီ၊ ဘာမှမမြင်ရတော့ဘူး။ ပြီးတော့ သူပြန်ထလာတဲ့အချိန်မှာ တိုက်ပွဲက တကယ်တော့ ပြီးဆုံးသွားခဲ့ပြီ။
သူ့ရဲ့ရဲဘော်ရဲဘက်တွေအားလုံး ကျဆုံးသွားခဲ့ပြီ...
ဒါကြောင့် သူမှုတ်တဲ့ ခရာသံကို ဘယ်သူမှ တုံ့ပြန်မလာခဲ့ဘူး။
အဲ့ဒီ သံခမောက်သံ၊ အဲ့ဒီ ကျည်ဆံခွံထွက်ကျသံတွေက ရန်သူက သူ့ကို ပေးခဲ့တဲ့ လေးစားမှု ဖြစ်နိုင်တယ်။
ယွီဟွေးဖေးက မျက်ရည်တွေကို သုတ်ရင်း ဆက်ပြီး နောက်ကိုလှန်ကြည့်တော့ တကယ်ပဲ နောက်ထပ် အကြောင်းအရာတချို့ကို တွေ့လိုက်ရတယ်...
"ဘာကြောင့် ငါခရာမှုတ်တာကို ဘယ်သူမှ တုံ့ပြန်မလာလဲဆိုတာ ငါသိသွားပြီ။ တရုတ်စကားတတ်တဲ့လူတစ်ယောက်က ပြောပြတာပဲ။ သူက ငါ့ရဲဘော်တွေအားလုံး သေကုန်ပြီ၊ အားလုံးပြီးဆုံးသွားပြီ၊ မှုတ်စရာမလိုတော့ဘူးတဲ့။ ဒါပေမဲ့ ငါက ခရာကို ဆက်မှုတ်နေတုန်းပဲ၊ ဘာလို့လဲဆိုတော့ တပ်စုမှူးက ပြောဖူးတယ်၊ ငါတို့တပ်စုမှာ လူတစ်ယောက်ပဲ ကျန်တော့ရင်တောင် တိုက်ပွဲက မပြီးသေးဘူး၊ ငါတို့မရှုံးသေးဘူး။ နောက်တော့ ငါတကယ်ပဲ ကိုယ့်လူတွေကို တွေ့ခဲ့ရတဲ့အပြင် သူတို့ကပြောပြတယ်... တိုက်ပွဲနိုင်ပြီတဲ့။ ငါအရမ်းပျော်တယ်... အရမ်းပျော်တယ်၊ ခြေထောက်က နည်းနည်း ထုံနေတာကလွဲရင်ပေါ့"
ရန်သူက ကျန်းရွှမ်ကို ဒုက္ခမပေးခဲ့ဘူးဆိုတာ သိသာတယ်၊ သူ့ကို စစ်သုံ့ပန်းအဖြစ်တောင် မဖမ်းခဲ့ဘူး...။ တခြားလူတွေက ကျန်းရွှမ်ကို ဘယ်လိုခေါ်ဆောင်သွားလဲဆိုတာကိုတော့ မသိဘူး။
ဆက်ပြီး နောက်ကိုလှန်ကြည့်တယ်...
"သိပြီ... ငါအကုန်သိပြီ။ သူတို့အားလုံး ထွက်သွားကြပြီ... ငါတစ်ယောက်တည်း အသက်ရှင်ကျန်ခဲ့တယ်"
"ငါက ဒဏ်ရာရတဲ့တပ်ဖွဲ့တစ်ခုနဲ့အတူ နောက်တန်းဆုတ်လာခဲ့တယ်၊ ဒါပေမဲ့ အားလုံးက ထူးဆန်းတဲ့ရောဂါတစ်ခု ကူးစက်ခံရပုံပဲ"
ဆက်ပြီးလှန်ကြည့်တော့ ဘာမှမရှိတော့ဘူး။
ဒီနေရာမှာ ရေးတဲ့အချိန်မှာ ကျန်းရွှမ်က ကျဆုံးသွားပြီ၊ ဒါမှမဟုတ် ဘောပင်ကိုင်ဖို့ အားမရှိတော့ဘူးဆိုတာ သိသာတယ်။
...
ဒီနေရာကို မြင်တော့ ယွီဟွေးဖေးက လှည့်ပြီး အပြင်ထွက်သွားပြီး မျက်နှာကို သေချာသစ်လိုက်တယ်။ ပြန်လာတဲ့အချိန်မှာ အခန်းထဲက အငွေ့အသက်က သိသိသာသာ လေးလံနေပြီ။
သရဲနက်သရဲဖြူလို သေခြင်းတရားကို ကြုံတွေနေကျတဲ့သူတွေတောင် ခေါင်းငုံ့ပြီး ဘာမှမပြောနိုင်ကြဘူး။ သူတို့အမြင်မှာတော့ သာမန်လူတွေ ပုံမှန်အတိုင်း ထွက်ခွာသွားတာက ကံကြမ္မာလို့ခေါ်တယ်။ ဒါပေမဲ့ တချို့လူတွေက သေမယ်မှန်းသိရက်နဲ့ ရှေ့ကိုတိုးတက်သွားတာက ရဲစွမ်းသတ္တိပဲ။ သူတို့ရဲ့လေးစားမှုကိုလည်း ထိုက်တန်တယ်ပေါ့။
ယွီဟွေးဖေးက ဒိုင်ယာရီစာအုပ်ကို သိမ်းဆည်းပြီး "ဒါကို... ငါသူ့ကို ပြန်ပေးရမယ်" လို့ ပြောလိုက်တော့ ချင်ရှုပေါင်က ခေါင်းညိတ်ပြတယ်။ ချင်ရှုကျွမ်းကတော့ ငိုနေတာ မျက်ရည်တွေနဲ့ ခေါင်းညိတ်ပြီး ပြန်ဖြေလေရဲ့။
"ဟုတ်ကဲ့... ပေးသင့်ပါတယ်"
...
တစ်နာရီလောက်ကြာတော့ အားလုံးရဲ့စိတ်အခြေအနေက တည်ငြိမ်သွားပြီ ။ယွီဟွေးဖေးလည်း သိတယ်၊ အခင်းအကျင်းက ဒီလိုဆက်နေလို့မဖြစ်ဘူး၊ ဒါနဲ့ ချောင်းတစ်ချက်ဟန့်ပြီး...
"ခင်ဗျားတို့ကို ဒီလိုရိုက်မိတဲ့အတွက် တောင်းပန်ပါတယ်... "
ချင်ရှုပေါင်က လွတ်လပ်စွာရယ်ပြီး ခေါင်းခါကာ "ခင်ဗျားဒီတစ်ခါရိုက်တာ ကောင်းတယ်ဗျာ။ ကျွန်တော့်အဘိုးက တစ်သက်လုံး တည်ကြည်ဖြောင့်မတ်ခဲ့တယ်လေ။ ကျွန်တော့်လက်ထက်ရောက်မှ သူခိုးဓားပြအလုပ်တွေ လုပ်နေရတယ်။ ရိုက်သင့်တယ်၊ ပြန်လည်သုံးသပ်သင့်တယ်... ပြီးတော့၊ ခင်ဗျားတို့ ဒီလောက်သတိထားသလို အရမ်းလည်း တာဝန်ကျေတယ်။ ကျန်းရွှမ်တို့ အဘိုးကြီးတွေ ဒီမှာရှိနေတော့ ကျွန်တော်လည်း စိတ်အေးသွားပြီ"
ဒီစကားပြောရင်း ချင်ရှုကျွမ်းက "အဲ့ခွေး... သိုင်းတတ်ပုံပဲ၊ အားအရမ်းကြီးတယ်" လို့ ပြောလိုက်ရော။
ယွီဟွေးဖေးက ရှောင်ထျန်းချန်ကို တစ်ချက်ကြည့်ပြီး "ဟုတ်တယ်၊ သူအရမ်းတော်တယ်၊ ဒါကြောင့် နာမည်ကြီးက ရှောင်ထျန်းချန်လေ။ အရင်က အာလန်ရှန်နဲ့အတူ မျောက်ကို တိုက်ခဲ့တဲ့ခွေး မတော်ဘဲနေမလား"
ယွီဟွေးဖေးက တကယ်ပဲ ရှောင်ထျန်းချန်ကို ချီးကျူးနေတာ၊ ဒီကောင်က ပုံမှန်ဆို ပေါ့ပေါ့ပါးပါး၊ အရိုက်ခံချင်စရာကောင်းပေမယ့် အရေးကြီးတဲ့အချိန်မှာ ရှောင်ထျန်းချန်က ယွီဟွေးဖေးကို ဘယ်တော့မှ စိတ်ပျက်အောင်မလုပ်ခဲ့ဘူး။
ရှောင်ထျန်းချန်က ဒီစကားကြားတော့ ကောင်မလေးလိုမျိုး နှုတ်ခမ်းကို အနည်းငယ်စူပြီး ခေါင်းလွှဲလိုက်တယ်။ မထီမဲ့မြင်ပုံစံနဲ့ပေါ့။ ဒါပေမဲ့ နှုတ်ခမ်းထောင့်ကတော့ မထိန်းနိုင်ဘဲ ကွေးတက်သွားပုံအရ နည်းနည်းတော့ ဂုဏ်ယူပြီး ပျော်နေပုံပဲ။
ဒါပေမဲ့ ဒီစကားက ချင်ရှုကျွမ်းနဲ့ ချင်ရှုပေါင်တို့ရဲ့နားထဲမှာတော့ ဟာသတစ်ခုဖြစ်သွားပြီး အသာအယာပြုံးပြီး တုံ့ပြန်လိုက်ကြတယ်။
နောက်တော့ ရိုးရှင်းသွားပြီ၊ ပစ္စည်းတွေရပြီ၊ ကိစ္စအစအဆုံးလည်း ရှင်းသွားပြီ။ သူတို့ပြန်ပြီး အစီရင်ခံလို့ရပြီ။
သူတို့က သူတို့အဘိုးကို ဘယ်လိုပြောရမလဲဆိုတာကိုတော့ နည်းနည်းမှ မသိဘူး။ သူဝင်ခဲ့တဲ့တပ်ကလည်း မရှိတော့ဘူး၊ ကျန်ရှိတဲ့ ကျန်းရွှမ်လည်း အရှေ့မြောက်တောင်တန်းတွေမှာ လဲလျောင်းနေပြီ။
ယွီဟွေးဖေးက ဧည့်သည်နှစ်ယောက်ကို အပြင်ထွက်ပို့တဲ့အချိန်မှာမှ ကားတစ်စီးက တံခါးဝမှာ ရပ်ထားတာကို တွေ့လိုက်ရသလို သူတို့နှစ်ယောက်ကလည်း အဲ့ကားပေါ်တက်ပြီး ရှို့လင်ရွာကနေ တန်းထွက်သွားကြတယ်။
ရှို့လင်လမ်းပေါ်မှာရပ်ရင်း လွတ်နေတဲ့လမ်းကို ကြည့်ရင်း ချွေ့ကျွယ်က အားလုံးကို ပြန်ခေါ်သွားတယ်။ ရှောင်ထျန်းချန်က ပြန်တော့မလို့လုပ်နေတုန်း ယွီဟွေးဖေးက လှန်းတားပါလေရော။
"ကိုခွေး... ခဏစောင့်"
ရှောင်ထျန်းချန်က ကြောင်သွားပြီး နောက်ပြန်လှည့်ပြီး သူ့ကိုယ်သူလက်ညှိုးထိုးပြကာ "မင်းငါ့ကိုခေါ်တာလား" လို့ပြောလိုက်တော့ ယွီဟွေးဖေးက ခေါင်းညိတ်ပြတယ်လေ။ အဲ့တော့ ရှောင်ထျန်းချန်က သူ့ဘေးကို လာတဲ့အချိန်မှာ ယွီဟွေးဖေးက လှေကားထစ်ပေါ်မှာ ထိုင်လိုက်သလို ရှောင်ထျန်းချန်လည်း လိုက်ထိုင်ပြီး "ဘာလဲ" လို့ မေးလိုက်တယ်။
"ကျေးဇူးပဲ"
"ဟွန်း" ရှောင်ထျန်းချန်က ယွီဟွေးဖေးရဲ့စကားကြောင့် နှုတ်ခမ်းစူပြီး မထီမဲ့မြင်ပုံစံနဲ့နေပြပေမဲ့ "အားနာစရာမလိုပါဘူး" ဆိုပြီး ပြန်တော့ဖြေတာပေါ့။
သူ့အပြောကြောင့် ယွီဟွေးဖေးက ရယ်လိုက်တယ်။
"ကိစ္စမရှိရင် ငါသွားပြီ" ရှောင်ထျန်းချန်က ပြောပြီး လှည့်ပြီး ထွက်သွားတော့မလို့ပဲ။ ယွီဟွေးဖေးက သူ့ကို ထပ်ခေါ်လိုက်ပြန်ကော။
ရှောင်ထျန်းချန်က စိတ်မရှည်တော့ဘဲ "ဘာလဲကွာ"
ယွီဟွေးဖေးက "အээ... မင်းတကယ်ပဲ ချီးစားဖူးတာလား" လို့ မေးလိုက်တယ်။
ရှောင်ထျန်းချန်က ယွီဟွေးဖေးကို မျက်စောင်းတန်းထိုးပြီး "ငါဘယ်နှစ်ခါပြောရမလဲ။ ငါဖြတ်ထားတယ်ကွ။ ဖြတ်ပြီးပြီ"
ပြီးတော့ ရှောင်ထျန်းချန်က ဒေါသတကြီးနဲ့ ထွက်သွားတော့တာပဲ။ ယွီဟွေးဖေးက ရယ်လိုက်ပြီး ရှို့လင်လမ်းပေါ်က ကြယ်တွေနဲ့ပြည့်နေတဲ့ကောင်းကင်ကို မော့ကြည့်ရင်း ဦးနှောက်ထဲမှာ ကျန်းရွှမ်ရဲ့ဘဝကို ပြန်မြင်ယောင်ပြီး တိုးတိုးလေး သီချင်းဆိုလိုက်တယ်။
(လော်ဘီတွေဆိုတော့ သီချင်းကို မရေးပဲကျော်လိုက်ပါတယ်ဗျ။)
သီချင်းဆိုပြီးတော့ ယွီဟွေးဖေးက ထရပ်ပြီး သူ့နောက်က အမည်းရောင်တံခါးမကြီးကို ဖြည်းဖြည်းချင်းပိတ်၊ အိမ်ထဲဝင် အိပ်လိုက်တော့တာပဲ။
နောက်ရက်တွေမှာ ဘဝက ဘာမှမပြောင်းလဲဘူး။
ချင်ရှုပေါင်တို့ ပေးခဲ့တဲ့ အခန်းခ၊ စားစရိတ်စတာတွေနဲ့ စုစုပေါင်း ခြောက်ထောင်ကျော်ရတယ်။ ခယ်လီတို့ အရင်က တည်းခိုခဲ့တဲ့ပိုက်ဆံနဲ့ပေါင်းပြီး ယွီဟွေးဖေးက ချွေတာသုံးစွဲတော့ အခု တစ်သောင်းလောက် စုမိနေပြီ။
လက်ထဲက ပိုက်ဆံကိုကြည့်ပြီး ယွီဟွေးဖေးက မျက်နှာကြီးပြုံးဖြီးနေလေရဲ့။
ဒါပေမဲ့ ဒီပိုက်ဆံကို သူသုံးလို့မရဘူး၊ ဘာလို့လဲဆိုတော့ နောက်တစ်သုတ်ဧည့်သည် ဘယ်တော့လာမလဲဆိုတာ ဘယ်သူသိမှာလဲ။ ဒါကြောင့် ယွီဟွေးဖေးက အရေးပေါ်အတွက် ချန်ထားရမယ်၊ မဟုတ်ရင် နေ့တိုင်း ဟင်းရွက်စိမ်းပဲ ကိုက်နေရမှာ။ ဧည့်သည်မလာပေမယ့် ကိုးထပ်မှာတော့ ဘယ်တော့မှ ပျင်းစရာမရှိဘူး။
ဘာလို့လဲဆိုတော့...
"သေနာကျခွေး၊ မင်းငါ့အိပ်ရာပေါ်မှာ ထပ်သေးပေါက်ပြန်ပြီ" နွားခေါင်းက အော်ဟစ်နေချိန် နောက်ဖေးတံခါးက ဒုန်းခနဲ အသံမြည်ပြီး တစ်ခုခုပြေးထွက်သွားပုံပဲ။
တစ်ပတ်ကြာတော့ ကြာရှည်စွာပိတ်ထားရတဲ့တံခါးမကြီးဆီမှ ခေါက်သံကြားလိုက်ရတယ်။
ဒေါက်ဒေါက်ဒေါက်...။
အသံက အရမ်းစည်းချက်ကျတာမို့ တံခါးခေါက်တဲ့သူက အရမ်းယဉ်ကျေးမှန်း သိသာတယ်။ ဒါကြောင့် ယွီဟွေးဖေးနဲ့ ချွေ့ကျွယ်တို့တောင် ကြောင်သွားကြသေး။၊ ချွေ့ကျွယ်က ရှေ့ကိုသွားပြီး တံခါးမကြီးကို ဖွင့်လိုက်တော့ ချက်ချင်း ထပ်ကြောင်သွားပြန်ကော။
တံခါးအပြင်မှာ ယောင်္ကျားတစ်ယောက်နဲ့ မိန်းမတစ်ယောက်ရပ်နေတယ်၊ ယောင်္ကျားက မျက်နှာချောမောပြီး တည်ကြည်တယ်၊ မိန်းမက အရမ်းလှတယ်၊ ဝတ်စားဆင်ယင်မှုက ရိုးရှင်းတယ်၊ ဒါပေမဲ့ နှစ်ယောက်လုံးက အနက်ရောင်ဝတ်ထားကြတယ်။
လာတဲ့သူက ချင်ရှုပေါင်နဲ့ ချင်ရှုကျွမ်းမောင်နှမ
"နှစ်ယောက်သား ဘာလို့ပြန်လာကြတာတုန်း" ချွေ့ကျွယ်က စပ်စုပြီးမေးကော။
ချင်ရှုပေါင်က "ကျွန်တော်တို့က သူဌေးယွီနဲ့ လူကြီးမင်းတို့ကို ကျေးဇူးတင်ဖို့ လာတာပါ"
ဒီစကားကြားတော့ ချွေ့ကျွယ်က အသာအယာခေါင်းညိတ်ပြီး လမ်းဖယ်ပေးကာ နှစ်ယောက်ကို ဝင်ခိုင်းလိုက်တယ်။
ယွီဟွေးဖေးက နှစ်ယောက်ဝင်လာတာကိုမြင်တော့ မျက်လုံးတွေလင်းသွားကော။ ပြန်လာရဲတယ်ဆိုရင် အရင်က သူ့ကိုမလိမ်ဘူးဆိုတဲ့သဘောပဲ၊ ဒါက သူ့ကိုအရမ်းပျော်စေတယ်လေ။
သူတို့နှစ်ယောက်ကလည်း ယွီဟွေးဖေးကိုမြင်တော့ အရမ်းပျော်နေကြပြီး သူ့ကို "သူဌေးယွီ... အရင်ကိစ္စအတွက် ကျေးဇူးအများကြီးတင်ပါတယ်" လို့ ပြောကြတော့တာပေါ့။
ယွီဟွေးဖေးက ခေါင်းခါပြီး နှစ်ယောက်ရဲ့လက်မောင်းပေါ်က အနက်ရောင်ပတ်တီးကို တစ်ချက်ကြည့်ပြီး "အားနာစရာမလိုပါဘူး၊ နှစ်ယောက်သား စိတ်မကောင်းမဖြစ်ပါနဲ့" လို့ ပြောလိုက်တယ်။