← Chapters

မြောက်နတ္ထိနယ်တွင် ကျော်ကြားလာခြင်း

Vol. 10 Ch. 902

မြောက်နတ္ထိနယ်တွင် ကျော်ကြားလာခြင်း

Vol. 10 Ch. 902

သတင်းသည် လျှင်မြန်စွာပင် ရွှင်း မိသားစု၊ ဝူမိသားစု၊ ဟူမိသားစုနှင့် ဖန့်မိသားစုများ ထံသို့ ရောက်ရှိ သွားခဲ့သည်။

ဝမ်မိသားစု ပင်လျှင် ထိုအကြောင်းကို သိရှိ သွား၏။ ဝမ်မိသားစု ခေါင်းဆောင်များသည် ဆေးဧကရာဇ် အသစ်အား သွားရောက် တွေ့ဆုံရန် ပြင်ဆင်ကြလေသည်။

ထိုရက်ပိုင်း အတွင်း၌ ရှေးဟောင်းဆေး ပြည်နယ် တစ်ခုလုံးကား ပွက်လောရိုက် နေခဲ့တော့သည်။ ဒေသခံ လူများသည် ကောင်းကင်၌ နဂါးများ၊ မြင်းများ၊ ဝိညာဉ်သားရဲများ၊ သင်္ဘောပျံများကို အချိန်တိုင်း မရိုးနိုင်အောင် တွေ့မြင်ကြရသည်။

"ရှေးဟောင်းဆေး ပြည်နယ်ကို လူတွေ ဘာလို့ ဒီလောက်တောင် ရောက်လာတာလဲ... "

အကြီးအကဲ တစ်ယောက်က ကောင်းကင်သို့ မော့ကြည့်ကာ ရေရွတ်လိုက်၏။

...

ထိုအချိန် ဆေးမျှော်စင်၌...

ဆေးဧကရာဇ် အသစ် တစ်ဖြစ်လည်း ချန်းဖန်သည် တန့်ယွမ် ခန်းမ၌ ထိုင်နေခဲ့သည်။ သူ၏ ဘေးတွင်မူ ဆေးသခင်၊ ဝူဝမ်တင်၊ ဟူ မိသားစု ခေါင်းဆောင်၊ ဖန့်မိသားစု ဘိုးဘေးနှင့် နင်းမိသားစု ဘိုးဘေးတို့ ရှိနေခဲ့၏။ လူငယ် မျိုးဆက်ထဲတွင် ဝမ်ရွှမ်လုံ တစ်ယောက်သာ သူတို့နှင့် အတူ ထိုင်ခွင့် ရခဲ့သည်။ ရှုယွမ်နှင့် အခြား အကြီးအကဲများမှာမူ နောက်ဘက်နား၌ ထိုင်ကြရ၏။

"သူက အချိန်တို အတွင်းလေးမှာ ကျော်ကြား လာတာပဲ..."

ရန်ဝူဝမ်မှာ မနာလိုစွာဖြင့် ချန်းဖန်အား ကြည့်နေမိသည်။

ဆေးသခင်၊ ဝူဝမ်တင်နှင့် အခြားလူများ အားလုံးမှာ ကောင်းကင် အရှင် မိသားစုများ၊ ဂိုဏ်းကြီးများမှ ခေါင်းဆောင်များ ဖြစ်သည်။

ထိုလူအိုကြီးများကား အနည်းဆုံး အနှစ် နှစ်ထောင်ကျော် ကျင့်ကြံခဲ့ကြသူများ ဖြစ်ကာ မယုံကြည် နိုင်လောက်အောင် အစွမ်းထက် ကြ၏။ သာမန် ပြည်နယ် အရှင်များ၊ ရွှေအမြုတေ အထွတ်အထိပ် အဆင့်များ၊ မဟာ ဝမ်ရှင်း တန်ခိုးရှင် များမှာ သူတို့၏ ရှေ့၌ ပုရွက်ဆိတ်များ သဖွယ် ဖြစ်သည်။

သို့သော်လည်း ချန်းဖန်မှာမူ သူတို့အား လွှမ်းမိုး လွယ်ကူစွာပင် လွှမ်းမိုး နိုင်ခဲ့သည်။ ထိုအရာက မည်မျှ အံ့အားသင့်ဖွယ် ကောင်းသနည်း။

ဆေးပညာ အစည်းအရုံး၏ အကြီးအကဲများမှာ ချန်းဖန်အား ရှုပ်ထွေးသော ခံစားချက် များဖြင့် ကြည့်နေကြသည်။ အကြီးအကဲ စီတုချန်းမှာ လက်သီးအား တင်းတင်း ဆုပ်ထား၏။ သို့သော်လည်း သူသည် သူ၏ ဒေါသကို မထုတ်ဖော်ရဲပဲ ခေါင်းကိုသာ ငုံ့ထားရုံသာ တတ်နိုင်ခဲ့သည်။

"သမားတော်ချန်းရဲ့ ဆေးပညာက တကယ့်ကို အံ့အားသင့်ဖို့ ကောင်းတာပဲ... ကျုပ် အခြား နယ်တွေကို လှည့်ပတ် သွားလာတုန်းက ဆေးဘုရင်နဲ့ တွေ့ဖို့ အခွင့်အရေး ရခဲ့တယ်… သမားတော်  သူ့လောက် အထိကို အစွမ်းထက်တာပဲ"

ဝူဝမ်တင်က ဆိုလိုက်သည်။

ထိုအခါ လူတိုင်းမှာ တိတ်ဆိတ် သွားကြ၏။ ဆေးဘုရင်ကား ထျန်းဟောင်ဂြိုဟ်၏ ဒဏ္ဍာရီလာ ပုဂ္ဂိုလ် ဖြစ်ကာ ကောင်းကင် အရှင်များတွင်ပင် ထိပ်ဆုံး၌ ရပ်တည်နေသူ ဖြစ်သည်။ ကောင်းကင် ဂိုဏ်းကြီးများ ပင်လျှင် သူ့အား မစော်ကား ဝံ့ကြချေ။

"ဆေးဧကရာဇ်ရဲ့ ပေါ်ပေါက်လာမှုက ရှေးဟောင်းဆေး ပြည်နယ် အတွက်တင် မဟုတ်ဘူး... မြောက်နတ္ထိနယ် တစ်ခုလုံး အတွက်ပါ ကိစ္စကြီး တစ်ခုပဲ... ကျုပ်တို့ ကမ္ဘာပေါ်မှာ ရှိတဲ့ လူတိုင်းကို ပြောပြဖို့ ဘာလို့ အခမ်းအနား တစ်ခု မလုပ်ရမှာလဲ"

တစ်ယောက်က အကြံပေး လိုက်သည်။

"ဟုတ်တယ်... အကြံကောင်းပဲ"

ဆေးသခင်က ခေါင်းညိတ်သည်။ အခြား အကြီးအကဲများ၊ မိသားစု ဘိုးဘေးများ ကလည်း သဘောတူ ကြ၏။

"ဒါတွေက သိပ်အရေးမကြီးပါဘူ... ဒါနဲ့ စကားမစပ် ကျုပ် တောင်းထားတဲ့ ဝိညာဉ် ဆေးအမယ် တွေက..."

ချန်းဖန်က ဟိုဟိုဒီဒီ ကြည့်ရင်း မေးမြန်း လိုက်သည်။

"အဲဒါက..."

ဆေးသခင်မှာ အချိန် အတန်ကြာသည် အထိ ဆွံ့အ သွား၏။ သို့သော်လည်း မကြာခင် မှာပင် သူက ပြုံးကာ ပြောလိုက်သည်။

"စိတ်မပူပါနဲ့ ကျုပ် အကုန်လုံး ပြင်ဆင် ပြီးပါပြီ... ကောင်းကင်ဆေးအမယ် ခုနစ်ခု တစ်ဝက်တစ်ပျက် ကောင်းကင်ဆေးအမယ် နှစ်ဆယ့်လေးခု နောက်ပြီး ထိပ်တန်း ရတနာ အဆင့် ဆေးအမယ် သုံးရာ သုံးဆယ့် ကိုးခု ပါဝင်ပါတယ်"

"ကောင်းကင်ဆေးအမယ်က ခုနစ်ခု တည်းလား..."

ချန်းဖန်က မျက်မှောင်ကြုတ် လိုက်၏။ ထိုပမာဏကား သူ မျှော်လင့်ထားသည်ထက် များစွာ နည်းပါးလွန်းသည်။

သူသည် ကမ္ဘာ နှစ်ခု ဆုံမှတ်တွင်ပင် ကောင်းကင်ဆေး ရှစ်ခုကို ရှာဖွေ နိုင်ခဲ့သည်။ နှစ်သောင်းချီ တည်တံ့ခဲ့သော ဆေးပညာ အစည်းအရုံး အနေဖြင့် အဘယ်ကြောင့် ဤမျှ ဆင်းရဲရသနည်း။

"ဆေးပညာ အစည်းအရုံးက ကြီးမားတဲ့ အဖွဲ့အစည်းကြီး တစ်ခု ဖြစ်ပြီးတော့ ဆက်လက် တည်တံ့ဖို့ အတွက် နှစ်သောင်းချီ သက်တမ်း အတွင်းမှာ ကောင်းကင်ဆေးအမယ် အမြောက်အများကို သုံးစွဲ ခဲ့ရပါတယ်... ဒါက နောက်ဆုံး ကျန်ခဲ့တဲ့ ကောင်းကင်ဆေး တွေပါပဲ"

ဆေးသခင်က ရှက်ရွံ့စွာဖြင့် ရှင်းပြ လိုက်သည်။

"ကောင်းပြီလေ... ဒါဆိုလည်း ကျုပ်က ဒီ ကောင်းကင်ဆေး ခုနစ်ခုကိုပဲ ယူဝောာ့မယ်..."

ချန်းဖန်က အင်္ကျီလက်အား ခါယမ်း လိုက်၏။

ကောင်းကင်ဆေးအမယ်များကို လက်ခံပြီးနောက် ချန်းဖန်က ဆေးမျှော်စင်မှ ထွက်ခွာရန် ပြင်လိုက်သည်။

သို့သော်လည်း ဆေးသခင်က ချန်းဖန်အား တောင်းပန်ကာ ဆေးပညာ အစည်းအရုံးတွင် နေထိုင်ပြီး ဆေးပညာများ ပို့ချ ပေးပါရန် ပြောဆို၏။ ချန်းဖန်က စဉ်းစားကာ နှစ်ပတ်မျှ နေရန် သဘောတူ လိုက်သည်။

ဝူဝမ်တင်က မပြန်ခင် ချန်းဖန်၏ လက်များကို ဆုပ်ကိုင်ကာ ပြောဆို၏။

"တကယ်လို့ သမားတော်ချန်း ဆေးမျှော်စင်က ထွက်ခွာမယ် ဆိုရင် ကျုပ်တို့ ကျန်းဟိုင်နယ်ကို အရင် လာခဲ့ပါ... ဝူမိသားစုက ဆေးဧကရာဇ်ကို စောင့်နေပါ့မယ်... ကျုပ်တို့ ဝူမိသားစုက ဆေးပညာ နယ်မြေ မဟုတ်ဘူး ဆိုပေမဲ့ ကောင်းကင် ဆေးအမယ် အချို့တော့ ပိုင်ဆိုင်ထားပါတယ်... နောက်ပြီး ကျုပ်တို့ မိသားစုရဲ့ ကောင်မလေးတွေက တော်တော် ချောတယ်ဗျ... တကယ်လို့ ရောက်လာပြီးရင် ပါမောက္ခချန်း ပြန်ချင်မှာတောင် မဟုတ်တော့ဘူး"

ထိုအခါ အဘိုးအို၏ ဘေးတွင် ရပ်နေသော ဝူပိုင်စုနှင့် ဝူချင်းယန်တို့၏ မျက်နှာများမှာ နီရဲ သွားကြ၏။ သို့သော်လည်း သူတို့က အဘိုးအို၏ စကားကို အထွန့်တက်ရဲခြင်း မရှိချေ။

အခြားသော မိသားစု ခေါင်းဆောင်များကလည်း သူတို့ ထံသို့ လာရောက် လည်ပတ်ပါရန် ဖိတ်ခေါ်ကြသည်။ ချန်းဖန်က ကောင်းမွန်စွာပင် အခွင့်ရှိပါက လာလည်မည် ဖြစ်ကြောင်း ကတိပေးလိုက်၏။ အားလုံးထဲ၌ သူက ဟူမိသားစု တစ်ခုကိုသာ မသေချာ မရေရာသော အဖြေ ပေးလိုက်သည်။

ဆေးမျှော်စင်မှ ထွက်သည်နှင့် ဟူရှောင်က ဒေါသတကြီး ပြောလိုက်၏။

"သူက ဟူမိသားစုကို ဒီလိုမျိုး ဆက်ဆံရဲတယ်... ဆေးဧကရာဇ် ဖြစ်တာနဲ့ပဲ သူက လုပ်ချင်တာ လုပ်လို့ရပြီ ထင်နေတာလား မသိဘူး... ဟူမိသားစုက ကောင်းကင် အရှင် မိသားစု ဆိုတာ သူ မသိတာလား"

"ငါတို့ ဟူမိသားစုက ကောင်းကင် အရှင် မိသားစု ဆိုတာ မှန်တယ်... ဒါပေမဲ့ ဆေး ဧကရာဇ် ဆိုတဲ့ ဘွဲ့ကလည်း အင်အားကြီးတယ်ကွ... ကောင်းကင်နယ်တွေမှာတောင် ဆေးဧကရာဇ်တွေက ကောင်းကင် အရှင် ပြီးရင် အဆင့်အတန်း အမြင့်ဆုံးပဲ... သူတို့ကို အခြေတည် ဝိညာဉ် အဆင့်တွေရဲ့ ဘွဲ့ထူး ဖြစ်တဲ့ အရှင် ဆိုတဲ့ နာမ်စားတောင် သုံးပြီး ခေါ်ကြရတယ်"

ဟူမိသားစု ခေါင်းဆောင် ဟူယွမ်ရှိုက ဆိုလိုက်သည်။

ဟူမိသားစု ခေါင်းဆောင် တစ်ယောက် အနေဖြင့် ဟူယွမ်ရှိုသည် အလွန် အစွမ်း ထက်သည်။ သူသည် ကောင်းကင်မြေခွေး ပုံရိပ်ယောင် ကိုးခုစလုံးကို အောင်မြင်ကာ ထူးခြား အောင်မြင်ခြင်း အဆင့်သို့ပင် ရောက်နေခဲ့သူ ဖြစ်သည်။ သူသည် ဟန်ရှုံး သတ်မှတ်ချက်ဝင် လူငယ်များ ထက်ပင် ပို၍ အစွမ်းထက်၏။

"အဖေ... ကျုပ်လို့ ဘာဆက် လုပ်ကြမလဲ... ချန်းပေ့ရွှမ်းက ခွင့်လွှတ်တတ်တဲ့သူ မဟုတ်ဘူး... ကျွန်တော်က သူ့ကို တစ်ခါ အပြစ် ပြုမိတာနဲ့တင် သူက ဟူမိသားစုကို လုံးဝ ဂရု မစိုက်တော့ဘူး..."

ဟူရှောင်က မကျေမနပ်ဖြင့် ဆက်ပြော လိုက်သည်။ ခရမ်း လနတ်သမီး ပင်လျှင် မျက်နှာ ပေါ်၌ ဝေခွဲမရပုံ ပေါ်နေခဲ့၏။

"ဟဟ... သူ့မှာ ရွေးချယ်စရာ မရှိပါဘူး... မြေနတ္ထိနယ် တစ်ခုလုံးကို ငါတို့ မိသားစု ပိုင်တယ်... သူကတော့ သာမန် ရွှေအမြုတေ အဆင့် ကျင့်ကြံသူ တစ်ယောက်ပါပဲ"

ဟူယွမ်ရှိုက ယုံကြည်ချက် အပြည့်ဖြင့် တစ်ချက် ပြုံးရင်း ဆိုလိုက်သည်။

***

နောက်နှစ်ပတ် အတွင်း၌...

ချန်းဖန်သည် ဆေးမျှော်စင်တွင် နေထိုင်ကာ ဆေးပညာ အစည်းအရုံး၏ အကြီးအကဲများနှင့် ပါရမီရှင် တပည့်များကို ဆေးပညာများ သင်ကြား ပေးနေခဲ့သည်။

သူပြောသမျှ အကြောင်းအရာများမှာ ဆေးပညာ နယ်ပယ်၏ အခြေခံ အကျဆုံး အရာများသာ ဖြစ်သည်။ သို့သော်လည်း ဆေးပညာ အစည်းအရုံးမှ လူများ အတွက်မူ ထိုအရာများက မျက်စိဖွင့်၊ နားဖွင့် ပေးနိုင်သော ဗဟုသုတများ ဖြစ်သည်။

"ဆေးဧကရာဇ်က တကယ်ပဲ အစွမ်းထက် ထူးချွန်လှပါတယ်... ကျွန်တော်တို့ အတွက် တကယ်ပဲ အကျိုးရှိလှပါတယ်"

ဆေးသခင်နှင့် အခြားလူများကား ချန်းဖန်ကို မလေးစားပဲ မနေနိုင်အောင် ဖြစ်နေကြ တော့သည်။

"ငါ နှစ်တစ်သောင်းလောက် မရပ်မနား ကြိုးစားရင်တောင် သူ့ကို မှီနိုင်တော့မှာ မဟုတ်ဘူး"

စီတုချန်းမှာ စိတ်ပျက်လက်ပျက်ဖြင့် ရေရွတ် လိုက်မိ၏။

"ငါတို့ ဆေးပညာမှာ သူ့ကို မမှီနိုင်တာတော့ အမှန်ပဲ... ဒါပေမဲ့ သူ့ကို အနိုင်ယူဖို့က ဆေးပညာ တစ်ခုပဲ ရှိတာမှ မဟုတ်တာ"

အကြီးအကဲ စီတုက နှုတ်ခမ်းတွန့်ကာ ပြုံးရင်း ဆိုလိုက်၏။

"အဲဒါက ဘာအဓိပ္ပာယ်လဲ ဘိုးဘေး..."

စီတုချန်းမှာ အနည်းငယ် အံ့အားသင့် သွား၏။

အကြီးအကဲ စီတုက ခေါင်းကိုခါကာ ဘာမှ ပြန်မပြောချေ။ သူက ချန်းဖန်ကိုသာ တလက်လက် တောက်ပနေသော မျက်လုံးများဖြင့် ကြည့်နေတော့၏။

ထိုနှစ်ပတ် အတွင်း၌ ကျို့ကျို့ကား အပျော်ရွှင်ဆုံး လူသား ဖြစ်နေခဲ့သည်။ သူမကား ဆေးပညာ အစည်းအရုံး၏ မင်းသမီးငယ်လေး သဖွယ် ဖြစ်ကာ မဟာ အကြီးအကဲပင် သူ့အား ဒေါသ မထွက် ဝံ့ချေ။ သူမသည် ချန်းဖန် အားသည်နှင့် လက်ကို ဆွဲ၍ ခေါ်ကာ ဆေးမြို့တော် အတွင်း လမ်းလျှောက် ကြွားလုံးထုတ်လေ့ ရှိ၏။

နောက်ဆုံး၌ အချိန် နှစ်ပတ် ကာလကား ကုန်ဆုံး သွားခဲ့ပြီ ဖြစ်သည်။ ချန်းဖန်သည်လည်း ဆေးပညာ အစည်းအရုံးမှ ထွက်ခွာရန် အဆင့်သင့် ဖြစ်နေခဲ့ပြီ ဖြစ်၏။

ဆေးသခင်နှင့် အခြားလူများမှာ ချန်းဖန်ကို တားမရသည့် အဆုံး ရှေးဟောင်းဆေးမြို့မှ မိုင်တစ်ရာ အကွာအဝေး အထိ လိုက်ပို့ကြသည်။

"ဒီနေ့က စပြီး ဆေးပညာ အစည်းအရုံးက ဆေးဧကရာဇ်ရဲ့ ဒုတိယ အိမ်ပါပဲ... ကျုပ်တို့ ဆေးသခင်လေးကို အမြဲတမ်း ကြိုဆို နေပါတယ်... ကျို့ကျို့ အတွက်ကိုလည်း စိတ်မပူပါနဲ့... ကျုပ် သူ့ကို တပည့် အဖြစ် လက်ခံပြီး ကောင်းကောင်း သင်ပြ ပေးပါ့မယ်"

ဆေးသခင်က ပြောသည်။

"ကျေးဇူးပါပဲ..."

ချန်းဖန်က အသိအမှတ်ပြုဟန် ခေါင်းညိတ် လိုက်၏။

ထို့နောက် အကြီးအကဲ ချန်းယန်ကလည်း ချန်းဖန် အပေါ် အထင်လွှဲမှားခဲ့မိသည့် အတွက် တောင်းပန်သည်။ အကြီးအကဲ စီတု ပင်လျှင် ဒူးထောက်ကာ ချန်းဖန်ထံမှ ခွင့်လွှတ်မှုကို တောင်းဆို၏။

အားလုံးသော အကြီးအကဲများ၊ တပည့်များမှာ ချန်းဖန်အား အလွန် လေးစား နေခဲ့ကြသည်။

ဝမ်ရှင်း တန်ခိုးရှင် ဝေ့ဟောင်က ချန်းဖန်အား နတ်ဘုရား စိတ်အာရုံဖြင့် ဆက်သွယ်ကာ ဂရုစိုက်ရန် ပြောဆိုသည်။ ချန်းဖန်ကလည်း ကျို့ကျို့နှင့် သူမ၏ မိသားစုကို ဂရုစိုက်ပေးရန် ပြန်လည် မှာကြား၏။ ထိုအခါ ဝမ်ရှင်း တန်ခိုးရှင် ဝေ့ဟောင်က မဆိုင်းမတွပင် ခေါင်းညိတ်သည်။

အဆုံး၌...

ချန်းဖန်သည် အနက်ရောင် ရထားလုံး အတွင်း ဝင်ကာ ကျိုးကျူရှင်းက မီးနက်မြင်းကို မောင်းနှင်လေ၏။ သူတို့ကား ရှေးဟောင်းဆေး ပြည်နယ်မှ ထွက်ခွာခဲ့ပြီ ဖြစ်သည်။ အစ၌ သူတို့သည် နာမည်မဲ့များသာ ဖြစ်ခဲ့သော်လည်း ပြန်လည် ထွက်ခွာချိန် တွင်မူ မြောက်နတ္ထိနယ် တစ်ခုလုံး ကျော်ကြား နေခဲ့ပြီ ဖြစ်တော့သည်။

***

All Chapters