← Chapters

ပျက်ရယ်ပြုခြင်း

Vol. 019 Ch. 1892

ပျက်ရယ်ပြုခြင်း

Vol. 019 Ch. 1892

ရီဖူရှင်းသည် ဖန်းလိုင်ဒေသ၏စည်းကမ်းထိမ်းသိမ်းရေးမှူးများကို အမှန်တကယ် သတ်ဖြတ်ခဲ့သည်။ ပတ်ဝန်းကျင်မှ လာကြည့်သူများ၏အရေအတွက်မှာ ပိုမိုများပြားလာခဲ့၏။ သူတို့အားလုံးက လက်ရှိဖြစ်ပျက်နေသည်များကို စိတ်ဝင်စားကြသည်။

ဤသည်က ဒေါသထွက်၍ လုပ်ဆောင်နေသည်လော။

သို့သော်လည်း သူတို့ဆိုလျှင်လည်း ဤသို့ ဒေါသထွက်မိမည်ဖြစ်သည်။ သို့သော်လည်း သူတို့အနေဖြင့် ဤနည်းလမ်းဖြင့်တော့ ဖြေရှင်းရဲမည် မဟုတ်ပေ။ ရီဖူရှင်းက လူများကို မဆင်မခြင် သတ်ဖြတ်ခဲ့သည်။ သူ၏အဆုံးသတ်က ကောင်းမွန်မည် မဟုတ်ပေ။

“အတင့်ရဲတယ်...” အဆင့်မြင့်ရန်ဟောင်က ပေ့ကုန်းအော့အား ဒေါသတကြီးပြောသည်။ သူတို့က အမှန်တကယ်ပင် ဖန်းလိုင်စည်းကမ်းထိမ်းသိမ်းရေးအဖွဲ့အား သတ်ဖြတ်ရဲသည်။

“ကျုပ်တို့က အတင့်ရဲတော့ ဘာလုပ်ချင်လဲ...” ပေ့ကုန်းအော့သည် မိုးကြိုးနတ်ဘုရားအသွင်သို့ ပြောင်းလဲသွားကာ သူ့မျက်လုံးများမှ လျှပ်စီးများသည် တစ်ဘက်လူထံသို့ ပျံ့လွင့်သွား၏။ ကောင်းကင်တွင် ကြောက်မက်ဖွယ်မုန်တိုင်းတစ်ခု ရုတ်တရက်ပေါ်လာသည်။

သူ၏သမီး သေဆုံးလုနီးပါးဖြစ်သွားသည်တွင် ပေ့ကုန်းအော့ အမှန်တကယ် ဒေါသထွက်၏။

“မင်းတို့သတ်ခဲ့တဲ့သူတွေက ဖန်းလိုင်စည်းကမ်းထိန်းသိမ်းရေးမှူးတွေဆိုတာ မင်းမသိဘူးလား...” အဆင့်မြင့်ရန်ဟောင်က အေးစက်စွာ မေးသည်။ တချိန်တည်းတွင် ပြင်းထန်သောအရှိန်အဝါများ သူ့ထံမှ ထုတ်လွှတ်၏။

ရီဖူရှင်းက တစ်ဘက်လူအား ကြည့်ကာ ပြောသည် “ဖန်းလိုင်စည်းကမ်းထိန်းသိမ်းရေးမှူးတွေက အပြင်လူနဲ့ပေါင်းပြီးတော့ အပြစ်ကင်းတဲ့သူတွေကို ထောင်ချောက်ဆင် သတ်ဖြတ်ဖို့ ကြိုးစားတယ်။ ဒီလို စည်းကမ်းထိန်းသိမ်းရေးမှူးတွေကို သတ်ဖြတ်တာ မမှားဘူး။ ဒီနေ့ ကျုပ်တို့က ဖန်းလိုင်နတ်ဘုရားဒေသကို ကူညီပြီးတော့ မင်းတို့ကို ရှင်းလင်းရမှာပဲ။ စီနီယာပေ့ကုန်း... ကျေးဇူးပြုပြီး လှုပ်ရှားပါ”

“အဆင်သင့်ပဲ...” ပေ့ကုန်းအော့က ခေါင်းညိတ်သည်။ ကောင်ကင်တွင် မိုးကြိုးလျှပ်စီးကြိုးတန်းများ ပေါ်လာခဲ့ကာ တစ်ဘက်လူထံသို့ ရိုက်ခတ်သွားသည်။ တချိန်တည်းတွင် အလွန်အားကောင်းသော သားရဲတစ်ကောင်ပေါ်လာ၏။ ၄င်းကား မီးနဂါးဖြစ်ကာ မီးတောင်ထဲမှ ယခုမှ ထွက်လာသည့်အလား သူ့တစ်ကိုယ်လုံးအား အကြေးခွံများဖြင့် ရစ်ပတ်ထားပြီး အပူလှိုင်းများ ရိုက်ခတ်နေသည်။ ကောင်းကင်တစ်ခုလုံး ရုတ်တရက် ပူပြင်းသွား၏။

ဘုန်း...

လျှပ်စီးချိန်းကြိုးများသည် ပတ်ဝန်းကျင်တစ်ခုလုံးကို စတင်ပိတ်ဆို့ကာ သူ၏ပြေးလမ်းကို ပိတ်ထားသည်။ မီးနဂါးက မာန်သွင်းအော်ဟစ်ကာ ပေ့ကုန်းအော့အား တိုက်ခိုက်ရန် ကြိုးစား၏။

တချိန်တည်းတွင် အင်ပါယာဟယ်လျန်ကလည်း စတင်တိုက်ခိုက်သည်။ ပေ့ကုန်းရွမ်သည်လည်း အသတ်ခံရလုနီးပါးဖြစ်ခဲ့၏။ သူမသည် ဟယ်လျန်တော်ဝင်မိသားစု၏အကြီးဆုံးမင်းသမီးဖြစ်သည်။

ပိတ်မိခံရသော မီးနဂါးသည် ရုတ်တရက် မမြင်ရသော စိတ်အားလှိုင်းတစ်ခုကို ခံစားမိသည်။ သူက အိပ်မက်လောကတစ်ခုသို့ ခေါ်ဆောင်ခံရတော့မည့်အလား ခံစားနေရ၏။

အလွန်အစွမ်းထက်သော ရန်ဟောင်နှစ်ဦး ညှပ်တိုက်ခိုက်လျှင် အဆင့်မြင့်ရန်ဟောင်သည် အလွန်ကြီးမားသောဖိအားကို ခံစားရတော့သည်။ သူက အိပ်မောကျစေသော စွမ်းအားကို ခုခံရန် ကြိုးစားနေစဉ်မှာပင် သူ့ထံသို့ ပြင်းထန်သော လက်ဝါးရိုက်ချက်တစ်ခု ပြေးဝင်လာသည်ကိုမြင်၏။ ၄င်းကား ပေ့ကုန်းအော့၏မိုးကြိုးလက်ဝါးဖြစ်သည်။

ထိုစဉ် ကောင်းကင်တွင် တဖန် ဓားအလင်းသုံးခုသည် လေထုကို ထွင်းဖောက်ကာ ပျံသန်းသွား၏။ လှပသော ဓားအလင်းကွေးများသည် အရပ်မျက်နှာသုံးခုမှ တစ်ဘက်ရန်ဟောင်ထံသို့ တိုးဝင်သွားခဲ့သည်။

ထိုဓားအလင်းသုံးခု၏ဆုံမှတ်မှာ အဆင့်မြင့်ရန်ဟောင်မဟုတ်ပေ။ ၄င်း ဓားအလင်းသုံးခုသည် အဆင့်မြင့်ရန်ဟောင်၏မနီးမဝေးတွင် လာရောက်တွေ့ဆုံကာ ပေါက်ကွဲ၏။ သို့သော် ထိုပေါက်ကွဲမှုမှ ကြောက်မက်ဖွယ်ရာ ဓားအလင်းတစ်ခု ထပ်မံပြောင်းလဲဖြစ်ပေါ်လာ၏။ ဓားမုန်တိုင်းတစ်ခုသည် ဓားအလင်းကို လာရောက်ရစ်ပတ်၏။ ရီဖူရှင်း၏ထိန်းချုပ်မှုနှင့်အတူ ထိုဓားသည် အဆင့်မြင့်ရန်ဟောင်ထံသို့ ဆက်လက်ဦးတည်လာခဲ့တော့သည်။

ဘုန်း....

ကောင်းကင်ထက်တွင် ဓားအလင်းသည် အဆင့်မြင့်ရန်ဟောင်ထံသို့ ဆင်းသက်လာခဲ့၏။ ပတ်ဝန်းကျင်မှလူတိုင်းက ထိုဓားအလင်းကိုမြင်လျှင် တုန်လှုပ်သွားကြသည်။

အဝေးတွင် ကျွင်းချိုးယွင်သည် သူ၏မိတ်ဆွေတစ်ဦးနှင့်အတူ သောက်စားကာ ရယ်မောနေ၏။ ရုတ်တရက် သူက ကောင်းကင်တွင် လှပကာ ဝင်းလက်သော ဓားအလင်းတစ်ခုကိုမြင်၏။ ထိုဓားမှ သူသည် သိမ်မွေ့သော်လည်း ထက်ရှမှုကို ခံစားရသည်။ အားကောင်းသော်လည်း ချွန်ထက်မှုကို ခံစားရ၏။ ဓားသည် ကြည့်မြင်သူတိုင်းအားလည်း ချွေးစေးများပြန်စေသည်အထိ ခြောက်ခြားမှုကို ပေး၏။

သို့သော်လည်း ကျွင်းချိုးယွင်သည် မျက်မှောင်ကုတ်လျှက် ထရပ်သည်။ သူက ထိုနေရာသို့ ပျံသန်းသွား၏။

မည်သို့ဖြစ်သနည်း။ သူက အဘယ်ကြောင့် ကျရှုံးခဲ့သနည်း။

တခြားကုန်းမြေမှ ယင်ကလေး သုံးလေးကောင်ကို သတ်ဖြတ်ခြင်းက ထိုမျှ ခက်ခဲသလော။

စွမ်းအားမြင့်တန်ခိုးရှင်အများအပြားက ကျွင်းချိုးယွင်နောက်မှ လိုက်ပါသွားကြသည်။ သူတို့ကား အလွန်မြန်ဆန်စွာ ရွေ့လျားသွား၏။

မျက်လုံးပေါင်းများစွာကာ တိုက်ပွဲနေရာကို ကြည့်နေကြသည်။ အရာအားလုံးက ငြိမ်သက်သွားပြီဖြစ်သည်။ အဆင့်မြင့်ရန်ဟောင်ကား ဓားစွမ်းအားများဖြင့် ရစ်ပတ်ခံထားရသည်။ ဓားအလင်းဖြတ်သန်းခံရပြီးနောက်တွင် သူ့ကိုယ်မှ မဟာလမ်းစဉ်စွမ်းအားများမှာ တဖြေးဖြေး ပြိုကျပျက်စီးလာပြီး သူ့ခန္ဓာကိုယ်မှာလည်း ယိုယွင်းလာခဲ့သည်။ သူ၏မျက်လုံးများက မယုံကြည်နိုင်ဖွယ် အကြောက်တရားကို မြင်တွေ့ရ၏။

သူကား ထိုနေရာတွင် သေဆုံးမည်ဟု မထင်ထား။

ဝုန်း...

သူ့ခန္ဓာကိုယ်က ပေါက်ကွဲသွားကာ ကောင်းကင်နှင့်မြေပြင်အကြားမှ အစအနမကျန်အောင် ပျောက်ကွယ်သွားတော့သည်။

သူ သေဆုံးသွားလျှင် ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်သွားသည်။ အားလုံးက တုန်လှုပ်သွားကြ၏။ သူက အမှန်တကယ် စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ခေါင်းဆောင်ကို သတ်ဖြတ်ခဲ့သည်။ သူကား အဆင့်မြင့်ရန်ဟောင်ဖြစ်၏။

အဝေးမှ အားကောင်းသော အရှိန်အဝါများ သက်ဆင်းလာသည်။ ပိုမိုများပြားသော တန်ခိုးရှင်များလည်း စုစည်းလာနေကြ၏။

ကျွင်းချိုးယွင်သည် သူ့လူများနှင့်အတူ ရောက်လာသည်။ သူ့မျက်လုံးရှေ့တွင်ပင် စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ခေါင်းဆောင် သေဆုံးသွားခဲ့သည်။ သူ၏မျက်နှာက သုန်မှုနေ၏။ သူ့မိတ်ဆွေလည်း ထိုနည်းတူပင်။ သူတို့၏အေးစက်သောအကြည့်က ရီဖူရှင်းထံသို့ ရောက်လာသည်။

“မင်း လုပ်ခဲ့တာလား” ကျွင်းချိုးယွင်ဘေးမှ လူငယ်က အေးစက်စွာ မေးသည်။

“အင်း ငါတို့ လုပ်ခဲ့တာ” ရီဖူရှင်းက လူငယ်ကို ပြန်ပြောသည်။

“သူတို့ကို ဖမ်းစမ်း...” မိုးနတ်ဘုရားအိမ်တော်မှာကဲ့သို့ အေးစက်မောက်မာသော အပြုအမူကို ပြသသည်ကိုမြင်လျှင် ကျွင်းချိုးယွင်သည် အလွန်အားကောင်းသော သတ်ဖြတ်လိုစိတ်တစ်ခု ဖြစ်ပေါ်လာ၏။

ပေ့ကုန်းအော့နှင့် အင်ပါယာဟယ်လျန်တို့ထံမှ ပြင်းထန်သော အရှိန်အဝါများ ထွက်ပေါ်လာသည်။

ကျွင်းချိုးယွင်သည် ဖြစ်ရပ်၏နောက်ကွယ်တွင်ရှိနေသည်ကို သူတို့ခန့်မှန်းမိသော်လည်း သူက ဤသို့ သူ၏ရည်ရွယ်ချက်ကို ပွင့်လင်းစွာ ထုတ်ပြမည်ဟု မထင်ထားကြပေ။

“မင်းတို့က ဘာဖြစ်ခဲ့တယ်ဆိုတာကို မစုံစမ်းတော့ဘူးလား” ပေ့ကုန်းအော့က ကျွင်းချိုးယွင်ကို မေးသည်။

“သူတို့က စည်းကမ်းထိန်းသိမ်းရေးမှူးကို သတ်ခဲ့တယ်။ ဒါက အပြစ်ပေးခံရဖို့ ထိုက်တန်တယ်။ သူတို့ကို ရိုက်ချစမ်း” ပေ့ကုန်းအော့ရရှိသည်ကား အေးစက်သော အမိန့်တစ်ခုသာဖြစ်သည်။

ဘာဖြစ်ခဲ့သည်ကို ကျွင်းချိုးယွင်က အဘယ်ကြောင့် စုံစမ်းရမည်နည်း။ သူက လူတိုင်းထက် အမှန်တရားကို သိပေသည်။ သူက ရလဒ်ကိုသာ လိုလား၏။

ဝှစ်...

ထိုစဉ် ဓားအလင်းတစ်ခုသည် လေဟာနယ်ကို ခွင်းကာ သူ့ထံသို့ ပျံသန်းလာသည်။

“သတိထား...” တစ်ယောက်က ထိုဓားကို တားဆီး၏။ သို့သော်လည်း သူ၏တိုက်ခိုက်မှုသည် ဓားအလင်းနှင့်ထိတွေ့သည်နှင့် အစအနမကျန်အောင် ဖျက်ဆီးခံရသည်။ ဓားအလင်းသည် မည်သည့်အရာနှင့်မှ တားဆီးမရသည့်အလား ပစ်မှတ်ထံသို့ ဆက်လက်ပျံသန်းသွား၏။

ကျွင်းချိုးယွင် ကြောက်လန့်တကြား နောက်ဆုတ်သည်။ ကြီးမားသောဖိအားက သူ့မျက်နှာအား ပြာနှမ်းသွားစေသည်။ တချိန်တည်းမှာပင် လူရိပ်တချို့က သူ့ရှေ့ကို ရောက်လာကာ ဓားကို ကာကွယ်ကြ၏။ ပုံမှန်အားဖြင့် သူတို့က ကျွင်းချိုးယွင်ကို တစ်စုံတစ်ခု ထိခိုက်စေမည် မဟုတ်ပေ။

သို့သော်လည်း ဓားအလင်းသည် ရုတ်တရက် ရပ်တန့်သွားသည်။ ထို့နောက် အလင်းတန်းအသွင်ဖြင့် နောက်လှည့်ကာ ရီဖူရှင်းရှေ့ကို ရောက်လာ၏။

၄င်းမြင်ကွင်းကိုကြည့်ကာ ကျွင်းချိုးယွင်၏မျက်နှာက အရုပ်ဆိုးအကျည်းတန်သွားသည်။ သူက သူ့ရှေ့မှ လူများ၏ရှေ့ကို လျှောက်လာခဲ့ကာ ရီဖူရှင်းအား ဒေါသတကြီး ကြည့်သည်။

ရီဖူရှင်းကား သူ့ကို အရူးလုပ်နေသည်။

သို့သော်လည်း သူက ထိုဓားထံမှ သေခြင်တရား၏အငွေ့အသက်များကို အမှန်တကယ် ခံစားခဲ့ရသည်။

“မင်းက ကျုပ်ကို အရှေ့နတ်ဘုရားကျွန်းစုပေါ်သို့ မင်းနဲ့အတူ လိုက်စေချင်တယ်။ မင်းက ထိုက်တန်လို့လား” ရီဖူရှင်းက ပျက်ရယ်ပြုသည်။ ဘေးမှ ကြည့်နေသည်များအားလုံးက အံ့အားသင့်သွားကြသည်။ သူတို့က အချင်းချင်း သိနေကြသည်လား။

ရီဖူရှင်း၏စကားအရ သူတို့က ဖြစ်ပျက်ခဲ့သည်များကို ခန့်မှန်းမိကြ၏။

ကျွင်းချိုးယွင်က ရီဖူရှင်းအား သူ့နောက်လိုက်အဖြစ် ကျွန်းပေါ်သို့ လိုက်ပါစေလိုသည်။

***

All Chapters