← Chapters

ဖြားယောင်းခြင်း ~

Vol. 7 Ch. 97

ဖြားယောင်းခြင်း ~

Vol. 7 Ch. 97

" တခြားလမ်းလား..."

နံပါတ် ၄၇ ရှုပ်ထွေးသွားသည် ။

' သူ ဘယ်လမ်းကို ပြောနေတာလည်း...'

" ကျုပ် ခင်ဗျားကို အကြောင်းအကျိုးပြောပြမယ်... "

လင်းမို့သည် ရိုးသားသော နံပါတ် ၄၇ အနားကို ကပ်ခါ သူ့ဘဝ အတွေ့အကြုံများဖြင့် ဦးနှောက်ဆေးရန် ကြံသည် ။

" အဲ့တာဆို ကျုပ်မေးမယ်နော်..."

လင်းမို့က နံပါတ်၄၇ ၏ ခေါင်းထဲသို့ အတွေးများထည့်ပေးတော့သည် ။

" နံပါတ် ၇ က စပြီး လုပ်ကြံပြီဆိုရင်... ခင်ဗျားက အကူတွေကို တားရမယ်... ပြီးရင် ခင်ဗျားသေရမယ်... "

" ဟုတ်တယ်..."

နံပါတ် ၄၇ က ခေါင်းညိတ်ပြီး...

" ငါ ကြားဖြတ်တားရမယ်... ​ပြောရရင် နံပါတ် ၇ ကို ကြာချိန်နဲနဲ ပိုပေးနိုင်ဖို့ ငါ့အသက်ကို ရင်းရမယ်... "

" အဲ့တာဆို ခင်ဗျား မတားရင်... ခင်ဗျားမသေဘူးပေါ့..."

လင်းမို့က ထပ်မေးသည် ။

" အဲ့လိုဆို ခုငါမသေတောင်... ငါရော ငါ့မိသားစုရောကို လိုက်သတ်ကြမှာဟ..."

မည်သို့ပင် လုပ်စေကာမူ သူ သေမည်ဖြစ်သောကြောင့် နံပါတ် ၄၇ က တစ်ယောက်ထဲ သေရန် ရွေးချယ်လိုက်ခြင်းဖြစ်သည် ။

" အဲ့တာကြောင့် ခင်ဗျားကို အမြင်ကျဥ်းတယ် ပြောတာပေါ့... ကျုပ်ပြောမယ်... "

လင်းမို့က ထူးဆန်းသော အပြုံးဖြင့်...

" နံပါတ် ၇ က ယန်ယီမိုကို လုပ်ကြံရင် ခင်ဗျားက ကာကွယ်ပေးရမယ် ဆိုရင်ရော... "

" ဘာ..."

နံပါတ် ၄၇ ဆွံအသွားသည် ။

' ငါက လူသတ်သမားလေ... '

' ငါက လူမသတ်ဘဲ ကုန်းဆင်းနေတဲ့ လူသတ်သမားဖြစ်ပင်မယ့်... ငါက အဖွဲ့ရဲ့ လက်ရွေးစင် လူသတ်သမား ဖြစ်နေတုန်းပဲလေ... '

'' ငါ့ကို ပစ်မှတ်ကို ကာကွယ်ခိုင်းနေတာလား... ငါ့ရဲ့ လူသတ်သမား ဂုဏ်သိက္ခာက မြောင်းထဲရောက်သွားမှာပေါ့..."

" မလန့်ပါနဲ့... "

လင်းမို့က အစွမ်းကုန်ထုတ်၍ ဆက်ပြောသည် ။

" ခင်ဗျားက ဘယ်လိုပဲ လုပ်လုပ် သေရမှာမလား... ကျုပ်ပြောတာကို ခင်ဗျားနားထောင်ပြီးရင်... မသေမယ့်လမ်း ရှာတွေ့ရင် တွေ့မှာပေါ့..."

" အေးပါ..."

နံပါတ် ၄၇ စိတ်ရှည်ရှည် နားထောင်ရုံသာ တက်နိုင်တော့သည် ။

" ခင်ဗျား ယန်ယီမိုကို ကာကွယ်လိုက်တာကို ဘယ်လိုခေါ်လဲသိလား... ချောက်ကမ်းပါးမှ နောက်သို့ပြန်ဆုတ်ခြင်းလို့ခေါ်တယ်... လမ်းမှားနေရင် နောက်ပြန်လျောက်ရမှာပေါ့... "

လင်းမို့က ဆက်နှဲ့သည် ။

" ခင်များ ယန်ယီမိုကို ကယ်လိုက်နိုင်ရင် ဘယ်လိုခေါ်လဲသိလား... အဓိက ကူညီပေးသူလို့ ခေါ်တယ်... "

" ဟမ်... "

နံပါတ် ၄၇ ရှုပ်ထွေးသွားပြီး...

" အဲ့လိုလုပ်လို့ရလား..."

" ခင်ဗျားက လူသတ်သမား လုပ်နေတာ နှစ်တွေကြာသွားလို့ အမြင်ကျဥ်းသွားတာ... ခင်ဗျားစဥ်းစားကြည့်... ခင်ဗျား ငယ်ငယ်တုန်းကတောင် ကုန်းဆင်းဖို့ လူသတ်သမားအဖွဲ့ထဲ ဝင်ရဲသေးတာပဲမှလား... ခုဘာလို့ မလုပ်ရဲရ မှာလဲ... "

လင်းမို့က ဆက်လှည့်စား၏ ။

" ခင်ဗျား ပြန်စဥ်းစားကြည့် လူသတ်သမားလုပ်ခဲ့တဲ့ နှစ်တွေထဲမှာ နိုင်ငံကို ထိခိုက်အောင် တစ်ခုခု လုပ်ဖူးလား... ပါရမီရှင်တစ်ယောက်ယောက်ကို ရော သတ်ဖူးလား..."

" ငါ မလုပ်ဖူးဘူး..."

နံပါတ် ၄၇ က ခေါင်းခါပြီး ပြတ်ပြတ်သားသား ငြင်းလိုက်၏ ။

" အဲ့တာပြောတာပေါ့... ခင်ဗျား ဘာမှ မလုပ်ဘူးရင် အပြစ်ရှိတယ်လို့ ခံစားမနေနဲ့လေ... "

လင်းမို့က ဖြောင့်မတ်စွာဖြင့်...

" ခင်ဗျား ယန်ယီမိုကို အောင်အောင်မြင်မြင် ကယ်နိုင်ရင် ခင်ဗျားက အကျိုး အကြီးကြီး ပြုလိုက်တာပဲ... ယန်ယီမိုက ထိပ်တန်းပါရမီရှင် တစ်ယောက်လေ ခင်ဗျားသူ့ကို ကယ်ရင် နိုင်ငံတော်က ခင်ဗျားကို ကျေးဇူးတင်သွားမှာ... "

နံပါတ် ၄၇ မျက်ဖြူလှန်မတက် ဖြစ်သွား၏ ။

' မင်းအဲ့လိုကစားလို့ရလား...'

" ဒါပင်မဲ့ အဲ့လိုကျ မရိုးသားလွန်းရာ မကျဘူးလား..."

နံပါတ် ၄၇ က ပရိုလုပ်ကြံသတ်ဖြတ်သူ တစ်ယောက် မဟုတ်သော်လည်း သူ့တွင် အောက်ခြေစည်းမျဥ်းများ ရှိနေသေးသည် ။ လင်းမို့ ပြောသကဲ့သို့ သူလုပ်လိုက် အလုပ်ကို သစ္စာမဲ့သလို ဖြစ်သွားပေမည် ။ မြေအောက်ကမ္ဘာတွင်လည်း ဖြောင့်မတ်မှု ရှိပေသည် ။

" စည်းမျဥ်းလား... အဲ့စည်းမျဥ်းတွေက ဘာလုပ်ရမှာလဲ..."

လင်းမို့က လှောင်ရယ် ရယ်လိုက်ပြီး...

" စည်းမျဥ်းဆိုတာ ချိုးဖျက်ဖို့ဗျ... ခင်ဗျား အပေါ်ကို ခင်ဗျားတို့ အဖွဲ့က လူတွေက ကောင်းရဲ့လား... ခင်ဗျားကို သူတို့ ပျိုးထောင်ပေးခဲ့တာလဲ ခုလို ခင်ဗျားကို အသေခံခိုင်းဖို့ပဲ မဟုတ်ဘူးလား..."

နံပါတ် ၄၇ က ခေါင်းမာစွာ ငြင်းလိုက်ချင်သော်လည်း သူ့လူများက သူအပေါ်တွင် မကောင်းသည်ကို သတိရလိုက်သည် ။ လင်းမို့ပြောသည်က မှန်ကန်ပေသည် ။

အရင်ရက်ကပင် ခေါင်းဆောင်ကို ပြန်ငြင်းမိသောကြောင့် နှစ်ခါ တိတိ ဝိုင်းရိုက်ခံခဲ့ရသည် ။

နံပါတ် ၄၇ ပြန်စဥ်းစားကြည့်ရင်း အဖွဲ့အပေါ် တင်နေသော ကျေးဇူး ကြွေး လင်းမို့ ရှင်းထုတ်သည်ကို ခံလိုက်ရ၏ ။

" မင်းမှန်တယ်... အဖွဲ့ကို ငါဒီလို ကျေးဇူးပြန်ဆပ်စရာမလိုဘူး..."

နံပါတ် ၄၇ က သစ္စာဖောက်ရန် စိတ်ဝင်စား သွားသော်လည်း...

" ဒါပင်မဲ့ နံပါတ် ၇ က ငါ့ထက်နည်းနည်း ပိုသန်မာတယ်ကွ... ငါမနိုင်လောက်ဘူး...''

" ဘာတွေ စိုးရိမ်နေတာလဲ... ခင်ဗျား သေတောင်သေရဲ သေးတာပဲကို သူ့ကို ကြောက်စရာလား... "

လင်းမို့က ဆက်​​ မြှောက်ပေးသည် ။

" နံပါတ် ၇ က ခင်ဗျားထက် ပို သန်မာပင်မယ့် အများကြီးမဟုတ်ဘူးလေ... ယန်ယီမိုကလည်း စိတ်ထိန်းချုပ်သူတစ်ယောက်ပဲ... ခင်ဗျားနဲ့ နှစ်ယောက်ပေါင်းရင်... မနိုင်မှာ စိုးရိမ်စရာလိုသေးလို့လား... "

နံပါတ် ၄၇ က မျက်ခုံးပင့်လိုက်ပြီး...

" အဲ့တာဟုတ်တယ်..."

" ဒီလို နိုင်ငံကို အကျိုးပြုနိုင်တဲ့ အခွင့်အရေးဆိုတာ ရဖို့မလွယ်ဘူး..."

လင်းမို့က...

" ခင်ဗျား လူသတ်သမားလုပ်လာတာ ဆယ်နှစ်​ကျော်ပြီမှတ်လား... ဒါပင်မဲ့ ခင်ဗျားမှာ ဘာအောင်မြင်မှုရှိလဲ... ခု Black Earth ကို ရှာတောင် ရှာမတွေ့ဘူးလေ... တခြား လူသတ်သမား အသုံးချတာပဲ ခံနေရတယ်.."

" ဟုတ်တယ်..."

နံပါတ် ၄၇ က အခွင့်အရေး ဆုပ်ကိုင်ထားရမည်မှန်း နားလည်သွားသည် ။

" ခင်ဗျား ဒါမျိုးအခွင့်အရေး နောက်တစ်ခါရဖို့ဆိုတာ မဖြစ်နိုင်ဘူး... လက်လွှတ်မခံနဲ့..."

လင်းမို့က အားပေးလိုက်ပြီး...

" ခင်ဗျား တစ်သက်လုံး အသုံးမကျတဲ့ လူသတ်သမားလုပ်မလား... ခုအခွင့်အရေးကို အရယူပြီး သူရဲကောင်းလုပ်မလား... ခင်ဗျားစဥ်းစား..."

" ဒါပင်မဲ့ ငါ့မိသားစု..."

နံပါတ် ၄၇ က မိသားစုကို စိုးရိမ်သွားပြန်သည် ။

" အဲ့တာက ပြသနာတောင် မဟုတ်ဘူး..."

လင်းမို့က...

" ဒီနေရာက ကျောင်းထဲမှာ ရှိပြီး လူသိပ်မရှိဘူး... ခင်ဗျား အဖွဲ့အစည်းက သတင်းချက်ချင်းရမှာ မဟုတ်ဘူး... အဲ့တာ​ကြောင့် အချိန်ကွာဟမှုကို အသုံးချလို့ရတယ်... "

" ဘယ်လိုလုပ်ရမှာလဲ..."

" နံပါတ် ၇ ကို ကိုင်တွယ်ပြီးရင် ဒီနေရာကို သိုင်းဌာနက လူတွေ ချက်ချင်းပြေးလာလိမ့်မယ်... ခင်ဗျားက လုပ်ကြံသူတွေရဲ့ ဌာနချုပ်ကို သူတို့ကိုသတင်းပေးလိုက် ..."

သတင်းပို့ခြင်းက လင်းမို့၏ ကျွမ်းကျင်မှုဖြစ်သည် ။ လွန်ခဲ့သောနှစ်ရက်က မကောင်းသည့် ဗီဒီယိုများ လိုက်ဖြန့်နေသည့်သူကို ပင် တိုင်ကြားခဲ့သေးသည် ။ သူ သန့်ရှင်းသော အင်တာနက်ပတ်ဝန်းကျင်ဖြစ်အောင် ထိမ်းသိမ်းနိုင်ခဲ့သည် ။

" မရက်စက်လွန်းဘူးလား..."

နံပါတ် ၄၇ က လန့်သွားသော်လည်း သေချာစဥ်းစားကြည့်မှ လုပ်သင့်မှန်း သိသွားသည် ။

" ယန်ယီမိုကို ကယ်နိုင်တာက ကြီးမားတဲ့ အကျိုးဆောင်မှုပဲ... ပြီးတော့ လူသတ်သမားတွေကို အမိဖမ်းနိုင်ရင် နောက်ထပ် ကြီးမားတဲ့ အကျိုးဆောင်မှု ထပ်ရမယ်... ခင်ဗျားက မကောင်းတာ ဘာမှ မလုပ်ဖူးဘူးလေ... "

လင်းမို့က တွက်ချက်ပြလိုက်ပြီး...

" ဒီကိစ္စက ဘာမှ မမှားရင် ခင်ဗျားရဲ့ ခွန်အားနဲ့ဆို သိုင်းဌာန မှာတောင် ရာထူးကောင်းကောင်း ရနိုင်တယ်နော်... ဒီလိုမြို့ရဲ့ လက်ထောက်ခေါင်းဆောင်တွေ ဘာတွေတောင် ချက်ချင်းဖြစ်သွားနိုင်တယ်နော်... "

နံပါတ် ၄၇ ၏ မျက်လုံးများ ပြူးကျယ်သွားသည် ။ သူ၏ တောက်ပသောအနာဂတ်ကို မလိုချင်ဟုပြောလျှင် သူလိမ်နေသည်သာဖြစ်သည် ။

" လူသတ်သမား ဌာနချုပ် အဖျက်ခံလိုက်ရရင် ခင်ဗျားမိသားစုအတွက် စိုးရိမ်စရာ လိုသေးလို့လား..."

လင်းမို့က...

" ပြီးတော့ ခင်ဗျား ရာထူးကြီးကြီးရသွားရင် အစောင့်တွေ ဘာတွေနဲ့ ဖြစ်သွားမှာ ခင်ဗျားတို့အဖွဲ့က သိုင်းဌာနက လူကို လုပ်ကြံရဲလို့လား..."

" မလုပ်ရဲဘူး..."

သူတို့၏ အဖွဲ့အစည်းမှာ ကြွက်များကဲ့သို့ ပုန်းအောင်းနေရပြီး ပါရမီရှင် ပေါက်စလေးများကိုသာ လိုက်ချောင်းရဲပေသည် ။ သိုင်းဌာနကို လုပ်ကြံဖို့ ဆိုသည်က တောင်ကို ကြက်ဥနှင့် ပေါက်သလိုပင် ။ အသက်ရှင်ရသည်ကို ပျင်းရိလွန်းမှသာ လုပ်မိပေမည် ။

" ဒါဆို... ခင်ဗျား ဘာလုပ်ရမလဲ သိပြီးလား..."

လင်းမို့က ပြုံး၍ မေးလိုက်သည် ။

" ငါသိပြီ..."

နံပါတ် ၄၇ က ​တည်ငြိမ်စွာ ခေါင်းညိတ်လိုက်ပြီး လင်းမို့၏ လက်ကို တင်းကြပ်စွာ ဆုပ်ကိုင်လိုက်ခါ ...

" အကိုလင်းမို့ ...ကျေးဇူးတင်လိုက်တာဗျာ... ကျွန်တော့ထက် အသက်ငယ်ပင်မဲ့ အကိုမို့လို့ပဲ ခေါ်ခွင့်ပြုပါ... အကိုမို့က ကျွန်တော့ ဘဝကို ကယ်ပေးတာပဲ..."

Black Earth ကိုလုပ်ကြံရမည့် လူသတ်သမားတစ်ယောက် Black Earth ၏ ဦးနှောက်ဆေးခြင်းကို ခံလိုက်ရလေပြီ ။

" နံပါတ် ၇ က ဘာလို့ ဘာမှ မလုပ်သေးတာလဲ..."

နံပါတ်၄၇ သည် အရင်က နံပါတ် ၇ လှုပ်ရှားမည့်အချိန်ကို ကြောက်လန့်တကြားစောင့်ဆိုင်းနေရသော်လည်း ယခု စိတ်လှုပ်ရှားစွာ စောင့်မျှော်နေလေသည် ။ သူ၏ သွေးများ ဆူပွက်နေလေပြီ ။ သူ ချက်ချင်းတိုက်ခိုက်ချင်လှလေပြီ ။

" ဘုန်းးးးး..."

ကြီးမားသော ပေါက်ကွဲမှု တစ်ခု ဗီလာအနီးတွင် ဖြစ်သွားပြီး ဗီလာတံခါး ပျက်ဆီးသွားသည် ။

" သူ လှုပ်ရှားပြီ... ငါ့အခွင့်အရေးပဲကွ.."

နံပါတ် ၄၇ ပြေးသွားတော့သည် ။

All Chapters