← Chapters

အကိုမို့ကို ကျေးဇူးတင်လိုက်ပါ

Vol. 7 Ch. 98

အကိုမို့ကို ကျေးဇူးတင်လိုက်ပါ

Vol. 7 Ch. 98

~

မနက်ခင်းအချိန်.... ဗီလာအတွင်း...

ယန်ယီမိုက လေ့ကျင့်ကွင်း၏ အလယ်တည့်တည့်တွင် တင်ပျဥ်ခွေထိုင်၍ မျက်စိမှိတ်ကာ စိတ်စွမ်းအား လေ့ကျင့်နေသည် ။

တစ်ယောက်ယောက်နီးကပ်လာသည်ကို သူမ ခံစားမိလိုက်သဖြင့် မျက်မှောင်ကြုပ်လိုက်၏ ။

' သန့်ရှင်းရေးသမားလား...'

သူမ ဒေါသထွက်သွား၏ ။

' ငါလေ့ကျင့်နေတဲ့အချိန် ဘယ်သူမှ လာပြီး တံခါး မခေါက်ပါစေနဲ့ ဆိုတာကို ...'

သူမ ထင်ထားသည့်အတိုင်းပင် သန့်ရှင်းရေးသမားက တံခါးခေါက်ကာ...

" အိမ်ရှင်တို့... အမှိုက်လာရှင်းတာပါဗျ..."

" မလိုဘူး... ပြန်တော့...."

ယီမိုက မျက်လုံးမဖွင့်ဘဲ လှမ်းအော်လိုက်သည် ။ သူမ လေ့ကျင့်နေသည်ကို အပျက်မခံနိုင်ပေ ။

"အော်ဟုတ်... တောင်းပန်ပါတယ်ဗျ... "

သန့်ရှင်းရေးသမားက သူမထွက်သွားခိုင်းသည့်အတိုင်း လှည့်ထွက်လိုက်၏ ။ သူ တခြားဘက်လှည့်လိုက်သည်နှင့် မဲ့ပြုံး ပြုံးလိုက်သည် ။ သူက နံပါတ် ၇ ပင် ။

" သေစမ်း..."

နံပါတ် ၇ က ရုတ်တရပ် ခြေကိုစောင့်၍ အမြှောက်ဆန်ကဲ့သို့ တံခါးကိုဆီသို့ ခုန်ကန်လိုက်သည် ။

" ဘုန်းးးး..."

ဗီလာတံခါးနှင့် အုတ်နံရံက သူ၏ အားပြင်းလှသော ကန်ချက်ကြောင့် စက္ကူကဲ့သို့ပင် တစ်စစီဖြစ်သွားသည် ။ သူက မီတာ အနည်းငယ်သာဝေးသော လေ့ကျင့်ခန်းရှိ ယန်ယီမို ထံသို့ တဟုန်ထိုး ပြေးဝင်လိုက်သည် ။

" သေစမ်း..."

နံပါတ်၇ က သူ၏ သိမ်းငှက်လက်သည်းကဲ့သို့ ချွန်ထက်သော လက်ချောင်းများဖြင့် ကုပ်ဆွဲလိုက်သည် ။ ကျောင်းထဲသို့ လက်နက်​ယူ​ ဆောင်ခွင့် မရသဖြင့် လက်နက်မပါခဲ့သော်လည်း သူ့လက်ချောင်းများ၏ မာကျောမှုက လူသတ်ရန် ကိစ္စမရှိ ။

' ပါရမီရှင်စာရင်း ထိပ်တန်း ၁၀ ယောက်ဝင်... စိတ်ထိန်းချုပ်သူ... '

နံပါတ် ၇ သည် အလွန်စိတ်လှုပ်ရှားနေခဲ့၏ ။ ရှားနိုင်ငံ၏ ထိပ်တန်းပါရမီရှင်တစ်ယောက်ကို သတ်နိုင်ရန် သူ့အသက်ဖြင့် လဲလှယ်ထားခြင်းဖြစ်သည် ။ သူ ပြန်ထွက်နိုင်မည်မဟုတ် ။

" လူသတ်သမား..."

ယီမို၏ မျက်လုံးများက ထိတ်လန့်မှုနှင့် ဒေါသကြောင့် ပြူးကျယ်သွားသည် ။

' ထိပ်ပြောင်ယန်က အသုံးမကျလိုက်တာ... လူသတ်သမားက ကျောင်းထဲထိ ရောက်လာတယ်... ' ( လင်းမို့ ဓာတ်ကူးသွားတာ...)

ယီမိုက တုံ့ဆိုင်းမနေဘဲ ပုံရိပ်ယောင် စွမ်းရည်ကို သုံးလိုက်ပြီး ကြောင်လေးတစ်ကောင်ကဲ့သို့ ပြတင်းပေါက်အပြင်သို့ ခုန်ထွက်ကာ ရုံးခန်းရှိရာသို့ ဦးတည်၍ ပြေးတော့သည် ။

ယန်ယီမိုက လူသတ်သမားနှင့် ကြုံလိုက်သည်နှင့် သူမ ပထမဆုံး လုပ်လိုက်သည်က ရုံးခန်းရှိ ကျွမ်းကျင်သူများထံသို့ ထွက်ပြေးလိုက်ခြင်းပင် ။

" ဝှစ်...."

နံပါတ် ၇ ၏ လက်ချောင်းများက ယန်ယီမို ထိုင်ခဲ့သောနေရာသို့ ထိမှန်သွားသည် ။

ထိုအခါမှ နံပါတ် ၇ လည်း သူမြင်နေရသည်က ပုံရိပ်ယောင်မှန်း သိသွား၏ ။ သူမ ထွက်ပြေး သွားလေပြီ ။

'' ပုံရိပ်ယောင်လား... ''

နံပါတ် ၇ အနည်းငယ် အံ့သြသွားသည် ။

' ယန်ယီမိုရဲ့ပုံရိပ်ယောင်က ငါ့ကို ထိခိုက်တာပဲ... သူအဆင့် ၄ ရောက်သွားပြီထင်တယ်... '

အဆင့်၃ စိတ်ထိန်းချုပ်သူ၏ စွမ်းရည်များက ကြယ်လေးပွင့် သိုင်းပညာရှင်ကို ထိခိုက်နိုင်မည် မဟုတ်ချေ ။

နံပါတ် ၇ ၏ လူသတ်ချင်သည့် ရောင်ဝါများက ပိုမိုပြင်းထန်လာပြီး ပို၍ပင်စိတ်လှုပ်ရှားသွားသည် ။

" သူသေရမယ်... အဆင့်၄ စိတ်ထိန်းချုပ်သူကို သတ်ရမယ့်အရသာကို သိချင်လိုက်တာ..."

နံပါတ် ၇ က ယီမိုနောက် ပြေးလိုက်၍ ဗီလာအပြင်သို့ ရောက်သည်နှင့် ပြေးလာသော နံပါတ် ၄၇ ကို မြင်လိုက်ရသည် ။

" သောက်ပိန်း..."

နံပါတ် ၇ က ဒေါသထွက်သွားပြီး ဆဲလိုက်၏ ။

" မင်း ဒီနေရာကို ဘာသောက်ကြောင်း ရှိလို့ လာတာလဲဟ... ကျွမ်းကျင်သူတွေကို တားထားပါဆို... "

ကျောင်းရှိ ကျွမ်းကျင်သူများက အသံကြားလိုက်ရ၍ နီးစပ်ရာအပေါက်များမှ ခုန်ပျံထွက်လာကြသည် ။

ထိပ်ဆုံးမှ ဦးဆောင်လာသူမှာ ကျောင်းအုပ်ယန်ပင် ။

" တစ်ခုခု ဖြစ်သွားပြီဟေ့..."

ကျောင်းအုပ်ယန်၏ ခေါင်းက ပေါက်ကွဲလုမတက် ဖြစ်သွားသည် ။

ယန်ယီမိုက ကျောင်းအတွင်း လုပ်ကြံခံနေရသည် ။ ယန်ယီမိုသာ သေဆုံးသွားပါက သူ​မြုပ်စရာ နေရာပင် ရှိမည်မထင် ။

" လုပ်ကြံသူက နှစ်ယောက်ဟ..."

လုပ်ကြံသူနှစ်ယောက် ယန်ယီမို ဆီသို့ တစ်ပြိုက်နက် ပြေးဝင်သွားကြသည်ကို မြင်လျှင် ကျောင်းအုပ်ယန် ခေါင်းမီးတောက်သွား၏ ။ သူမြန်မြန်ပြေးနိုင်ရန် ခြေထောက်အပို မပါလာသည်ကိုပင် နောင်တရသွားသည် ။

" ဝှစ်...ဝှစ်..."

ယီမိုက လူသတ်သမားနှောင့်နှေးစေရန် ပုံရိပ်ယောင်စွမ်းရည်များဆက်တိုက်အသုံးပြုနေသော်လည်း ခွန်အားကွားခြားသဖြင့် နံပါတ် ၇ က ချက်ချင်းချိုးဖျက် ပစ်လိုက်သည် ။

ယန်ယီမိုက နောက်ထပ် လူသတ်သမားတစ်ယောက် ပြေးလာသည်ကိုမြင်လျှင် မျက်နှာပြာဝေသွားသည် ။

" ငါသေတော့မယ်... "

ယီမို စိတ်ပျက်သွား၏ ။

သူမ ကျွမ်းကျင်သူများ လာသည်အထိ မခုခံနိုင်တော့ ။

" အချိန်ကိုက်ပဲ..."

နံပါတ် ၇ က ယန်ယီမို၏ ပုံရိပ်ယောင်များကြောင့် အနှောက်အယှက်ဖြစ်နေသဖြင့် နံပါတ် ၄၇ ရောက်လာခြင်းက အချိန်ကိုက်ဖြစ်သွားသည် ။ နံပါတ် ၄၇ မလာခဲ့ပါက သူမျှော်မှန်းထားသည့် အချိန်တိုအတွင်း ယန်ယီမိုကို သတ်ရန် မဖြစ်နိုင်ချေ ။

" ယန်ယီမိုကို မြန်မြန်သတ်... "

နံပါတ် ၇ က အော်လိုက်၏ ။ သို့သော်လည်း သူချက်ချင်း ဆွံ့အသွားသည် ။

နံပါတ် ၄၇ က ယန်ယီမိုကို ကျော်၍ သူ့ဆီသို့ ပြေးဝင်လာခဲ့သည် ။

" ဘုန်း..."

နံပါတ် ၄၇ က သူ၏ သံလက်သီးဖြင့် နံပါတ် ၇ ၏ ခေါင်းကို ပြေးထိုးလိုက်သည် ။

" မင်းဘာလုပ်တာလဲ... ရူးသွားပြီလား..."

နံပါတ် ၇ က ဟိန်းဟောက်လိုက်သည် ။

သို့သော်လည်း နံပါတ် ၄၇ က ဂရုမစိုက်ဘဲ ဆက်တိုက် တိုက်ခိုက်လိုက်၏ ။

" ဘာဖြစ်သွားတာလဲ..."

ယန်ယီမို အံ့သြသွား၏ ။

' သူတို့က အတူတူပဲ မဟုတ်ဘူးလား... ဘာလို့ အချင်းချင်းချနေကြတာလည်း...'

အဝေးမှ ပြေးလာနေကြသော ကျောင်းအုပ်ယန်တို့ တစ်သိုက်လည်း အံ့အားသင့်ကုန်ကြ၏ ။

ယန်ယီမိုက ချက်ချင်း ပုံရိပ်ယောင်စွမ်းရည်များကို နံပါတ် ၇ ဆီသို့ ပစ်လွှတ်လိုက်သည် ။

နံပါတ် ၇ က နံပါတ် ၄၇ ထက် သန်မာသော်လည်း အဆင့်တူခြင်းဖြစ်သဖြင့် သိပ်မကွာလှပေ ။ ယန်ယီမိုက ပုံရိပ်ယောင်စွမ်းရည်များနှင့် နှောက်ယှက်နေသဖြင့် သူအရေးနိမ့်လာခဲ့၏ ။

နံပါတ် ၄၇ က အညာအတာကင်းမဲ့ပေသည် ။ သူ၏ အကြမ်းဆုံး သိုင်းကွက်များဖြင့် နံပါတ် ၇ ၏ သေကွင်းသေကွက် နေရာများကိုသာ အဓိကထား တိုက်ခိုက်လိုက်သည် ။

နံပါတ် ၇ သတိတစ်ချက်လွတ်သွားသည့်အခိုက်တွင် နံပါတ် ၄၇ ၏ လက်သီးမိ၍ အသတ်ခံလိုက်ရ၏ ။ နံပါတ် ၄၇ က ချက်ချင်းမ​ရပ်ဘဲ မောပန်းသည်အထိ အားကုန် ဆက်တိုက်ထိုးနေသည် ။ သူအရင်က အညိုးအတေးများကိုပါ ပေါင်း၍ လက်စားချေနေပုံရသည် ။

နံပါတ် ၄၇ က မောပန်းသွားသည့်အခါမှ ရပ်တန့်လိုက်ပြီး နံပါတ် ၇ ၏ ကိုယ်ပေါ်သို့ ခြေထောက်တင်ကာ သူရဲကောင်းစတိုင်ဖြင့် ရပ်နေလိုက်သည် ။

" ဝှစ်...ဝှစ်...ဝှစ်....ဝှစ်..."

ထိုအချိန်တွင် ကျောင်းအုပ်ယန်တို့ ရောက်ရှိလာကြပြီး ယန်ယီမိုကို ဝန်းရံထားလိုက်သည် ။

ယန်ယီမိုက လက်မခံဘဲ တွန်းထုတ်ပစ်လိုက်၏ ။

" ရှင်တို့ရောက်လာတာသာ စောင့်နေရရင် ကျွန်မသေတာကြာပြီ..."

ကျောင်းအုပ်ယန်က ကျေးဇူးတင်လိုဟန် ဖြင့် နံပါတ် ၄၇ အနားသို့ လျောက်သွားပြီး...

" ကျေးဇူး..."

" ငါ့ကို ကျေးဇူးမတင်ပါနဲ့..."

နံပါတ် ၄၇ က ဖြတ်ပြောလိုက်ပြီး ...

" ကျေးဇူးတင်ချင်ရင် အကိုမို့ကို ကျေးဇူးတင်လိုက်... သူပြောတဲ့စကားကြောင့် ငါစိတ်ပြောင်းသွားတာ... "

" လင်းမို့လား..."

သူတို့အားလုံး လင်းမို့ကို ရှုပ်ထွေးနေသည့်ဟန်ဖြင့် ဝိုင်းကြည့်လိုက်ကြသည် ။

သူတို့က လူသတ်သမားအား လင်းမို့မည်သို့ အရူးလုပ်လိုက်သည်ကို သိချင်သွားပေသည် ။

All Chapters