← Chapters

အတည်ပြုလက်မှတ်ရယူခြင်း ~

Vol. 7 Ch. 99

အတည်ပြုလက်မှတ်ရယူခြင်း ~

Vol. 7 Ch. 99

နံပါတ် ၄၇ ရှင်းပြလိုက်သဖြင့် အားလုံးနားလည်သွားကြသည် ။

" ဘယ်လိုတောင်...စွမ်းတာလဲ "

သူတို့အားလုံး လင်းမို့အား အံ့အားသင့်စွာ ဝိုင်းကြည့်နေကြသည် ။

လူသတ်သမားက ပရို မဟုတ်သော်လည်း စကားအနည်းငယ်ဖြင့် အလှည့်စားမခံရသင့် ။

လင်းမို့၏ ပါးစပ်ကို ရွှေချထားသင့်သည် ။ သူ ယီမို၏ အသက်အား ပါးစပ်ဖြင့် ကယ်ခဲ့ပေသည် ။

" လင်းမို့က အားနည်းပင်မဲ့... စကားပြောကောင်းတာပဲ..."

လူတိုင်းစိတ်ထဲမှ တွေးလိုက်မိကြ၏ ။ စကားဖြင့်ပင် ကိစ္စကြီးတစ်ခုကို ပြောင်းလဲသွားစေသည် ။

သိုင်းဌာန ရောက်လာသည်နှင့် အခင်းဖြစ်နေရာတစ်ခုလုံးအား ပိတ်ထားလိုက်ပြီး သတင်းမပြန့်ပွားအောင် ထိန်းချုပ်ထားလိုက်သည် ။

နံပါတ် ၄၇ က သိုင်းဌာနနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ပြီး လုပ်ကြံသူများ၏ ဌာနချုပ်နှင့် အမာခံစခန်းများကို ဖော်ထုတ်ခဲ့သည် ။

သိုင်းဌာနက နံပါတ် ၄၇ ၏ ထုတ်ဖော်ချက်ကို အလေးအနက်ထား ဆောင်ရွက်ခဲ့ပြီး နောက်ရက်အနည်းငယ်အတွင်း လုပ်ကြံသူအဖွဲ့တစ်ခုလုံးကို ရှင်းလင်းနိုင်ရန် ဆောင်ရွက်ကြတော့သည် ။

ကျောင်းအုပ်ယန် သည်တော့ သိုင်းဌာန၏ ရုံးခန်းအတွင်း ကျောက်ရှု ကြိမ်းမောင်းသည်ကို ခံနေရ၏ ။

" မင်းက ဘယ်လိုကျောင်းအုပ်လည်း... ယန်ယီမို ကျောင်းကိုရောက်တာ ရက်ပိုင်းပဲရှိသေးတယ်... ဒါကို လူသတ်သမားက အထဲရောက်နေပြီ... ကံကောင်းလို့ဘာမှ မဖြစ်တာ... ယန်ယီမိုသာ တစ်ခုခု ဖြစ်လို့ကတော့ မင်းအပြစ်က ဆယ်ခါသေလို့တောင် မကျေဘူး... "

ကျောင်းအုပ်ယန် ရှက်ရွံ့မှုကြောင့် ပြန်မငြင်းရဲ ။ သူ့ဘဝ ပြီးဆုံးသွားပြီဖြစ်ကြောင်း သူသိလိုက်သည် ။ သူ ရာထူးမတိုးရုံသာမက ကျောင်းအုပ်ရာထူးပါ ပြုတ်ပေတော့မည် ။

ကျောင်းအုပ်ယန်က ယန်ယီမိုကို ဖိတ်ခေါ်နိုင်သည့်အတွက် အလွန်ဂုဏ်ယူနေခဲ့သည် ။ စာမေးပွဲတွင် ကျန်းနန် စီရင်စု၏ ပထမနေရာ ရတော့မည်ဖြစ်၍ အလွန်စိတ်ဓာတ် တက်ကြွနေခဲ့သည် ။ ယခုတော့ အားလုံးသွားလေပြီ ။ ယန်ယီမိုက အန္တရာယ် ကျရောက် ခဲ့သဖြင့် ဟိုင်းချန်မြို့တွင် နေတော့မည်မဟုတ် ။ သူမ ဒီနေ့ပင် ပြန်လောက်ပေသည် ။ ယန်ယီမိုကို သူဖိတ်ခေါ်ခဲ့သည်က အကျိုးရလဒ်များ ရမလာဘဲ မိသားစု တွေ့ဆုံပွဲတွင် မည်သည့်မျက်နှာဖြင့် သွားတက်ရမည်ကို သူမသိတော့ ။

မနေ့က ကျန်းရွှယ် သိုင်းပညာရှင် ဖြစ်လာသော်လည်း ဤမျှ အကျိုးဆောင်မှုသေးသေးလေးက သူ၏ အပြစ်ကို ချေဖျက်ရန် မဖြစ်နိုင်ချေ ။ သူ့ ဘဝက သွားလေပြီ ။

' ငါကျောင်းကနေ ဒီနှစ်စာမေးပွဲမှာ ယီမိုလို ပါရမီရှင်မျိုး ထွက်လာရင်တော့ ငါ့ကျောင်းအုပ်ရာထူးလေ မြဲနေအုံးမှာပဲ....'

ကျောင်းအုပ်ယန်သည် စိတ်ထဲမှ ခါးသက်သက် ဖြစ်သွားပြီး ...

' ဒါပင်မဲ့... ဖြစ်မှမဖြစ်နိုင်ပဲ...'

ကျောင်းအုပ်ယန် မသိသည်က ဟိုင်းချန်အထက်တန်းကျောင်းတွင် ယန်ယီမိုထက် သာလွန်သည့် ပါရမီ ရှိနေခြင်းပင် ။ ကံဆိုးသည်က သူကျောင်းထုတ်လိုက်မိ၏ ။

ရေကန်အနီး...

ရေကန်ဘေးတွင် လင်းမို့နှင့် ယီမိုတို့ ဘေးချင်းယှဥ် လမ်းလျောက်၍ စကားပြောနေကြသည် ။

" နင် ငါ့အပေါ်မှာ နောက်ထပ် ကျေးဇူး ကြွေး တင်သွားပြန်ပြီ... နင် ငါ့အသက်ကို ကယ်ခဲ့တယ်..."

ယန်ယီမိုက စိတ်ရှုပ်ထွေးစွာဖြင့် လင်းမို့၏ ပါးစပ်ကို ကြည့်မိလိုက်သည် ။

မည်သို့သော စကားမျိုးက လူသတ်သမားကို နောက်ဆုံးအချိန်တွင် အရူးလုပ်နိုင်မှန်း သူမ နားမလည်နိုင် ။

' လင်းမိုနဲ့ လူသတ်သမား ပြောခဲ့တဲ့ စကားတွေက အရမ်းစိတ်လှုပ်ရှားစရာ ကောင်းမှာပဲ...'

ယန်ယီမို မြင်ယောင်ကြည့်လိုက်၏ ။

အတွေး အများကြီး ကို တွေးတောနေသည်က ပြသနာမရှိသော်လည်း တစ်ဦးတစ်ယောက်ထဲ အကြောင်းကို အများကြီး တွေးမိနေပါက စွဲလမ်းမှုများ ဖြစ်ပေါ်လာပေလိမ့်မည် ။

ယခုအချိန်တွင် ယီမို၏ နှလုံးသားအတွင်း ကျောင်းသားဆိုးလေး လင်းမို့၏ ပုံရိပ်က အဆမတန်တိုးလာပြီး မည်သူမှ မနှိုင်းယှဥ် နိုင်လောက်အောင် မြင့်မားပြီး သန်မာလာသည် ။

" ဒါက စကားနဲနဲ ပြောလိုက်ရုံပါပဲ... "

လင်းမို့ လက်ယမ်းပြီး အများကြီး ကျေးဇူးမတင်ရန် ပြောလိုက်သည် ။ လင်းမို့၏ စကားများကို နံပါတ် ၄၇ နားယောင်သွားသည်က နာပါတ် ၄၇ ညဏ်ကောင်းသောကြောင့်ပင် ။

နံပါတ် ၄၇ သာ ညဏ်မကောင်းပါက သူလက်သီး ကျွေးရတော့မည်ဖြစ်သည် ။

လူကြီးလူကောင်းများက ပြသနာကို စကားဖြင့်သာ ဖြေရှင်းရသည် လက်သီး မသုံးအပ် ။ ထို့ကြောင့် လူကြီးလူကောင်းအဖြစ် သူ့ကိုယ်သူ သတ်မှတ်ထားသော လင်းမို့က ပါးစပ်ဖြင့် ပြသနာကို ဖြေရှင်းရန် ကြိုးစားလိုက်ခြင်းပင် ။ ( 🤣 )

" နင်တကယ် ထိပ်တန်း တက္ကသိုလ် မတက်ချင်ဘူးလား..."

သူမ အဆင့်တက်ထားသဖြင့် အခွင့်အရေးများကို ပို၍ တောင်းနိုင်နေပြီဖြစ်သည် ။

" ရှားနိုင်ငံ ထဲက ဘယ်ကျောင်းကို တက်ချင် တက်ချင် ငါ နင့်ကို ခေါ်သွားမယ်လေ... "

" ရပါတယ်... "

လင်းမို့က ခေါင်းယမ်းလိုက်ပြီး...

" နင်ငါ့ကို တကယ်ကူညီချင်ရင် ...ငါ့အတွက် သိုင်းပညာရှင်အတည်ပြုလက်မှတ် ယူပေးပါလား..."

လင်းမို့သည် သိုင်းပညာရှင် အတည်ပြုလက်မှတ် လိုချင်နေသည်မှာ ကြာပြီဖြစ်သည် ။ သို့သော် သူသွားမယူရဲ ။ မနေ့ညက ကျန်းရွှယ် သိုင်းပညာရှင် အတည်ပြုလက်မှတ်ယူခြင်းကို တိုက်ရိုက်ထုတ်လွှင့်ပြသနေသည်ကို သူကြည့်လိုက်ရ၏ ။ မီးရှုးမီးပန်းများ ဗျောက်အိုးများဖောက်၍ ပျော်ပွဲရွှင်ပွဲ လုပ်နေကြသည်မှာ မျောက်ပွဲပြ​​နေသလိုပင် ။

သို့သော်လည်း သူစာမေးပွဲပြီးလျှင် ဟိုင်းချန်မြို့မှ ထွက်သွားရတော့မည်ဖြစ်သည် ။ အပြင်လောကသို့ သွားလျှင် သိုင်းပညာရှင်အတည်ပြုလက်မှတ် ရှိထားသည်က အသုံးဝင်ပေသည် ။ သူမျောက် မဖြစ်ချင်လျှင် ယီမို အား အကူအညီ တောင်းရမည်ဖြစ်သည် ။

" သိုင်းပညာရှင် အတည်ပြုလက်မှတ်လား..."

ယီမို အံ့သြသွား၏ ။ သူမ လင်းမို့ အမှန်တကယ် တွေးနေသည်ကို နားမလည်ဘဲ လင်းမို့က လက်ကျန်ဘဝကို အေးအေးဆေးဆေး ဖြတ်သန်းလို၍ အကူအညီတောင်းသည်ဟု ထင်လိုက်မိ၏ ။

' နင် ငါ့ကို အကူအညီတောင်းတာက အတည်ပြုချက် အတုတစ်ခုပဲလား...'

ယီမို ဘာပြောရမှန်းမသိ ဖြစ်သွား၏ ။ ထိပ်တန်း တက္ကသိုလ်တက်ရမည့်အစား လက်မှတ်အတုတစ်ခုသာ တောင်းနေခြင်းကို သူမ နားမလည်နိုင်တော့ ။ ယီမိုက ခဏကြာအောင် စဥ်းစားပြီး လက်ခံနိုင်သွားသည် ။

' လူတိုင်းမှာ ကိုယ်ပိုင်ရည်မှန်းချက်တွေ ရှိတယ်ဆိုတာ ဒါမျိုးကို ပြောတာထင်တယ်... '

' လင်းမို့က သူ့မှာ ပါရမီ မရှိတာသိလို့ အများကြီး မတောင်းရဲဘူးထင်တယ်... သူက အတည်ပြုလက်မှတ်ကိုသုံးပြီး ဘဝကို အေးအေးချမ်းချမ်း ဖြတ်သန်းချင်တာဖြစ်မယ်... ဒါလည်း ကောင်းပါတယ်လေ... '

ယီမိုက ခဏကြအောင် စဥ်းစားပြီး လင်းမို့၏ ဆုံးဖြတ်ချက်ကို လေးစားရန် ဆုံးဖြတ်လိုက်သည် ။ သာမန်လူများ သိုင်းပညာရှင်အတည်ပြုချက် ရရှိရန် မလွယ်ကူသော်လည်း သူမ အတွက် ပြသနာ မဟုတ်ချေ ။

" ပြီးရောလေ... ဒီနေ့ရအောင် တစ်ယောက်ယောက်ကို လုပ်ခိုင်းလိုက်မယ်... "

" ဘာပဲဖြစ်ဖြစ် နင်တက္ကသိုလ် တက်မယ်လို့ ငါမျှော်လင့်နေတုန်းပဲ... "

ယန်ယီမိုက...

" ငါ အရင်စကားကိုပဲ ပြန်ပြောမယ်... နင်ကျောင်းဆက်တက်ချင်ရင် ငါ့ဆီက အာမခံချက်ကို နင်အချိန်မရွေးလာယူလို့ရတယ်... "

" ရပါတယ်... ရပါတယ်..."

လင်းမို့သည် ယန်ယီက အလွန်စိတ်အားထက်သန်နေသည်ကိုမြင်လျှင် သူအမှန်ကို ဖွင့်ပြောချင်သွား၏ ။

သို့သော်လည်း ဖွင့်မပြောရန်သာ ဆုံးဖြတ်လိုက်သည် ။ စာမေးပွဲ ဖြေပြီးသည့်အချိန်တွင် ယန်ယီမိုက သူ၏ ရလဒ်ကို မြင်ပြီး ဖြစ်ပျက်သွားမည့် အမူအရာလေးကို သူမြင်ချင်ပေသည် ။

တစ်နာရီ ကြာပြီးနောက် ယီမို၏ အဖေက ဟိုင်းချန်အထက်တန်းကျောင်းသို့ ရောက်လာ၏ ။

ဤမျှ ကြီးမားသည့် အန္တရာယ် ကျရောက်ခဲ့သောကြောင့် သူ၏ သမီးဖြစ်သူအား ဟိုင်းချန်မြို့တွင် မထားနိုင်တော့ပေ ။ ဤမြို့တွင် ဆက်နေပါက တစ်မိနစ်တိုင်းတွင် အန္တရာယ်ရှိနေနိုင်ပေသည် ။

ထို့ကြောင့် မစ္စတာယန်က နတ်ဆိုးမြို့မှ ဟိုင်းချန်မြို့အထိ ဟက်စကီးစီး၍ အပြေးလာခဲ့သည် ။ သူ ယီမိုအား ချက်ချင်းပြန်ခေါ်သွားရပေမည် ။

သို့သော်လည်း ယီမို့အဖေက မပြန်ခင် လင်းမို့အား နှစ်ယောက်ချင်းခေါ်တွေ့၍ စကားပြောသွားသေးသည် ။

" မင်းက လင်းမို့လား... ငါ့သမီးကို ကယ်ပေးလို့ ငါတို့အားလုံးက ကျေးဇူးအများကြီး တင်ပါတယ်... ကျေးဇူးလည်း မမေ့ပါဘူး... ဒါပင်မဲ့ ယီမိုနဲ့ လိုက်ဖက်တဲ့ ထူခြားတဲ့ သူတွေ အများကြီးရှိလို့ မင်းက ယီမိုနဲ့ ဝေးဝေးနေမယ်လို့ ငါ မျှော်လင့်ပါတယ်... "

မစ္စတာယန် က ဂုဏ်ယူဟန်ဖြင့် ပြောလိုက်ပြီး လုပ်ငန်းကတ်ကို ထိုးပေးလိုက်သည် ။

" မင်းလိုအပ်တာ တစ်ခုခု ရှိရင် ငါ့ကို တိုက်ရိုက်ဆက်သွယ်လိုက်ပါ... ယီမို့ကို ထပ်မရှာပါနဲ့တော့..."

လင်းမို့သည် ယန်ယီမို၏ အဖေ ထွက်သွားသည်နှင့် လုပ်ငန်းကတ်ကို အမှိုက်တောင်းထဲ လွှင့်ပစ်လိုက်သည် ။

" ဘယ်လိုလူလဲဟ..."

လင်းမို့က မျက်လုံးလှိမ့်လိုက်ပြီး...

" မိန်းမတွေက ဘာကောင်းလို့လဲ... စားလို့ရလို့လား..."

လင်းမို့ ထိုအကြောင်းကို ဆက်မတွေးတော့ ။

နောက်တစ်နာရီကြာလျှင် ယီမို၏ ဝမ်းကွဲ ဖြစ်သူ လီကျားရွှမ် ရောက်လာ၏ ။ သူ ယီမို လုပ်ကြံခံရသည်ကို မသိသေးချေ ။

ဟိုင်းချန်အထက်တန်းကျောင်းသို့ သူရောက်သွားသောအခါ ​ပျက်ဆီးနေသော မြင်ကွင်းကို မြင်လိုက်ရ၏ ။

" ချီး... အိမ်က ဘာဖြစ်သွားတာလဲ... ယီမိုဘယ်ရောက်သွားလဲ..."

သူ ခဏကြာအောင် စုံစမ်းပြီးမှ အကြောင်းစုံသိသွားသည် ။

' ယီမိုက နတ်ဆိုးမြို့ကို ပြန်သွားပြီလား... ငါလာတာ အလကားဖြစ်သွားပြီပေါ့... '

လီကျားရွှမ် စိတ်ဓာတ်ကျသွား၏ ။

' မထူးပါဘူး လင်းမို့ ဆိုတဲ့ကောင်ကို သွားရှာပြီး သူနဲ့ ငါတို့မိသားစု ဘယ်လောက်ကွာခြားလဲဆိုတာ သိအောင်လုပ်ရမယ်... '

All Chapters