← Chapters

မင်းက စိတ်စွမ်းအားရှင်လား ~

Vol. 7 Ch. 100

မင်းက စိတ်စွမ်းအားရှင်လား ~

Vol. 7 Ch. 100

လင်းမို့သည် ယန်ယီမို ထွက်သွားသည်နှင့် ရေကန်ဘေးတွင် ငါးမကင်တော့ပေ ။

သို့သော်လည်း လီကျားရွှမ်က လင်းမို့ကို ရှာရန်မခက်ချေ ။ လင်းမို့က နာမည်ကြီး ဖြစ်သဖြင့် ဘယ်သူ့မေး မေး သိပေသည် ။

" မင်းက လင်းမို့လား..."

လီကျားရွမ်က အခန်း၏ အပြင်မှ နေ၍ ပြတင်းပေါက်မှ ငုံ့ကြည့်ကာ မေးလိုက်၏ ။

" ဘာလဲ..."

လင်းမို့သည် မှေးနေရာမှ ထ၍ သူ့အား ရှုပ်ထွေးဟန်ဖြင့် ကြည့်နေသော လူစိမ်းကို မေးလိုက်၏ ။

သူက ငါးဆားနယ် တစ်ကောင်ဖြစ်သဖြင့် သတိရလိုက်သည် ။

' ငါးဆားနယ်တွေကို လိုက်ကြွားတက်တဲ့ ထူးထူးဆန်းဆန်း ပါရမီရှင်တွေ ဆိုတာများလား...'

' ဟုတ်လိမ့်မယ်... '

လင်းမို့ နားလည်သွား၏ ။ ပျင်းရိသော ကျောင်းသားများရှေ့ လိုက်ကြွားတက်သော ပါရမီရှင်တစ်ယောက် ရောက်လာခြင်းဖြစ်မည် ။

" ငါ့ကိုငါ မိတ်ဆက်ပေးမယ်... "

လီကျားရွှမ်က...

" ငါက ယန်ယီမိုရဲ့ ဝမ်းကွဲ... ငါ့နာမည်က လီကျားရွှမ်... "

" ယီမိုရဲ့ ဝမ်းကွဲလား... လက်မှတ်ရပြီလား..."

လင်းမို့က မေးလိုက်၏ ။ သူ့အား လက်မှတ်လာပို့သည့်သူဟု ထင်လိုက်သောကြောင့်ပင် ။ သူ ယီမို့အား ချီးကျူးမိလိုက်သည် ။ ယီမိုက စွမ်းဆောင်နိုင်စွမ်းက မြင့်မားလှပေ၏ ။ ခဏအတွင်းပင် လက်မှတ်လာပို့နေလေပြီ ။

" လက်မှတ်... ဘာလက်မှတ်လဲ..."

လီကျားရွှမ် နားမလည် ။

" ဟမ်...မင်းမသိဘူးလား..."

လင်းမို့က သူလူမှားကြောင်း နားလည်သွားသည် ။ ဤကောင်က လက်မှတ်လာပို့သည့်သူ မဟုတ် ။

" အဲ့တာဆို မင်းငါ့ကို ဘာလို့ လာရှာတာလဲ..."

လီကျားရွှမ်သည် လင်းမို့၏ နှောက်ယှက်ခြင်းကို ခံလိုက်ရသောကြောင့် သူ၏ မြင့်မြတ်သောရောင်ဝါက အနည်းငယ် အားနည်းသွားသည်ဟု ခံစားမိလိုက်၏ ။ သို့ပေမည့် သူပြောရန် ပြင်လာသည့် စကားများကို ဆက်ပြောရပေဦးမည် ။

" အဟမ်း...."

လီးကျားရွှမ်က ချောင်းဟမ့်၍ ခံတွင်းရှင်းလိုက်ပြီး...

" ငါမင်းကို သတိပေးဖို့လာတာ... ငါ့ ဝမ်းကွဲနား သိပ်မကပ်နဲ့ ဝေးဝေးနေပါ... "

" အ..."

လင်းမို့ အနည်းငယ် အံ့သြသွား၏ ။ သူဒီစကားကို ရင်းနှီးနေပေသည် ။

လင်းမို့ အံ့သြနေသည်ကို မြင်လျှင် လီကျားရွမ်က ဆက်ပြောလိုက်သည် ။

" မင်းသိထားရမှာက မင်းနဲ့ ယီမိုလေးနဲ့က ကမ္ဘာမတူဘူး... သူ့အနားမှာ နေချင်ရင် အနည်းဆုံး ငါ့လောက် ပါရမီ ရှိမှရမယ်... "

" မင်းလောက်လား..."

လင်းမို့ စပ်စုဟန်ဖြင့် ကြည့်လိုက်၏ ။

" ဟုတ်တယ်... "

လီကျားရွှမ်က ကြွားရန်ပြင်လိုက်သည် ။

" မင်းမေးတော့လဲ... မင်းနဲ့ ငါ့ကြား ဘယ်လောက်ကွာခြားလဲ ပြောပြရသေးတာပေါ့..."

လင်းမို့ ဆွံ့အ သွား၏ ။ သူဘယ်တုန်းက မေးလိုက်မိပါသနည်း ။ သို့သော်လည်း တစ်ဖက်လူ၏ အဝတ်အစားများမှာ ဖက်ရှင်ကျကျ ဝင်ဆင်ထားပြီး အထက်တန်းကျောင်းသား ဟုတ်ပုံမရ ။ တက္ကသိုလ် ကျောင်းသားသာ ဖြစ်ရ​မည် ။ သူနှင့် တက္ကသိုလ်ကျောင်းသားများကြား မည်မျှ ကွာခြားမှန်း သိချင်သွားပြီး...

" အဲ့တာဆိုလဲပြောလေ..."

" ဟမ့်..."

လီကျားရွှမ်က မာနကြီးဟန်ဖြင့် နှာခေါင်းရှုံ့လိုက်ပြီး...

" ငါ လီကျားရွှမ် ...ကျန်းနန် တက္ကသိုလ်ကကျောင်းသား...မနှစ်က ဝင်ခွင့်စာမေးပွဲမှာ ၄၂၉ မှတ်ရခဲ့တယ်... "

" ၄၂၉ မှတ်လား..."

ဝင်ခွင့်စာမေးပွဲ၏ အမှတ်ပြည့်မှာ ၆၀၀ ဖြစ်သည် ။ ဝင်ခွင့်စာမေးပွဲက အလွန်ခက်ခဲလှသဖြင့် ၄၂၉ မှတ်က မနည်းပေ ။ ရှားနိုင်ငံ ပါရမီစာရင်းဝင် ဖြစ်ပုံရသည် ။

သို့သော် လင်းမို့ အထင်မကြီး ။ 429 မှတ်က မဆိုးသော်လည်း ကောင်းလှသည်တော့ မဟုတ်ပေ ။

သူရက်အနည်းငယ် နေလျှင် စာမေးပွဲဖြေရတော့မည်ဖြစ်သည် ။ သူ့ ဘဝတွင် တစ်ခါသာ ဖြေခွင့်ရမည်ဖြစ်သဖြင့် သူအကောင်းဆုံး ကြိုးစားပြီး သမိုင်းမှတ်တမ်းကို ကျော်လွန်ရမည်ဖြစ်သည် ။ သူ ကြွားမည်ဆိုပါက အမြင့်ဆုံးအဆင့်ဖြင့် ကြွားရပေမည် ။

" အမ်..."

လီကျားရွှမ်သည် သူ၏ ဂုဏ်ယူဖွယ်ရာ အကောင်းဆုံး ဝင်ခွင့်စာမေးပွဲအမှတ်ကို ထုတ်ကြွားလိုက်သော်လည်း တစ်ဖက်လူက မည်သို့မျှမနေသဖြင့် စိတ်ဓာတ်ကျသွားပြီး သူ၏ ခွန်အားကို ဆက်ကြွားသည် ။

" ငါ တက္ကသိုလ် ပထမနှစ်ပဲ ရှိသေးတယ်... ငါ့လက်သီးပြင်းအားက ကီလို ၃၀၀၀ နီးနေပြီး...ငါ မကြာခင် ကြယ်နှစ်ပွင့် သိုင်းပညာရှင် ဖြစ်တော့မယ်... "

တက္ကသိုလ်သို့ ရောက်လျှင် ပထမနှစ်သည် ပညာရပ်များ သင်ယူရသဖြင့် ခွန်အားတိုးရန် မလေ့ကျင့်နိုင်ကြချေ ။ အစစ်အမှန် ခွန်အားက ဒုတိယနှစ်မှ ပေါက်ကွဲထွက်လာကြသည် ။ ထို့ကြောင့် လီကျားရွှမ်က သူ၏ လက်သီးပြင်းအားကို အလွန်ဂုဏ်ယူပေသည် ။

လင်းမို့က ပို၍ စိတ်ပျက်သွား၏ ။ လက်သီးပြင်းအားက သူနှင့် သိပ်မကွာပေ ။

လီကျားရွှမ်သည် လင်းမို့ထံမှ သူလိုချင်သော တုန့်ပြန်မှု မရ သဖြင့် မယုံကြည်နိုင်ဖြစ်သွား၏ ။ သူ၏ ခွန်အားကို ကျောင်းသားဆိုးတစ်ယောက်ကပင် အထင်မကြီးသဖြင့် အလွန်ရှက်သွားပြီး သူ၏ အစစ်အမှန် စွမ်းအားကို ဖော်ထုတ်ပြရန် ဆုံးဖြတ်လိုက်သည် ။

" ငါ့ တိုက်ခိုက်ရေးစွမ်းရည်က အဆင့်၄ အလယ်ဆင့် ရောက်နေပြီ..."

အသက် ၁၉ နှစ် အဆင့် ၄ အလယ်ဆင့်အား တစ်နိုင်ငံလုံးပတ်ရှာလျှင်ပင် ထီးဖြူ၍ ဖိနပ်ပါး သွားမည်ဖြစ်သည် ။ ရှားနိုင်ငံတစ်ခုလုံးတွင် ရှားပါးလှသည် ။

" ခွီး...."

လင်းမို့ ဒီတစ်ခါ​တော့ အောင့်မထားနိုင်ဘဲ ရယ်မိသွားသည် ။ အဆင့် ၄ အလယ်ဆင့် လေးက အဆင့် ၅ ရှေ့တွင် လာကြွားနေသဖြင့် သူအောင့်မထားနိုင်တော့ပေ ။

" ငါ... "

လင်းမို့ ရယ်လိုက်သောကြောင့် လီကျားရွမ်က အရှက်ကွဲသွားသည်ဟု ခံစားလိုက်ရသည် ။

လီကျားရွမ်က ဒေါသထွက်သွားပြီး နောက်ဆုံး သူ၏ စွမ်းရည်ကို ထုတ်ပြောရန် ဆုံးဖြစ်လိုက်သည် ။

" ငါ က အဆင့် ၃ စိတ်စွမ်းအားရှင်... "

" စိတ်စွမ်းအားရှင်လား..."

လင်းမို့ အလွန်အံ့သြသွား၏ ။ ပါးစပ် ဟောင်းလောင်းဖြင့် ကြက်သေသေနေသည် ။

" မင်းက တကယ်စိတ်စွမ်းအားရှင်လား..."

" သေချာတာပေါ့...."

လီကျားရွှမ်က ဂုဏ်ယူစွာ ပြုံးလိုက်သည် ။

အတည်ပြုချက် ရလိုက်သဖြင့် လင်းမို့က နွေးထွေးစွာ ပြုံးလိုက်သည် ။

စိတ်စွမ်းအားရှင်များက ရှားပါးလှသည် ။

ယန်ယီမို ရောက်ရှိလာတုန်းက သူ စိတ်ထိန်းချုပ်သူ အဆင့် ၂ သို့ ရောက်ရှိခဲ့ပြီး ခု အဆင့် ၄ သို့ရောက်ရှိနေပေသည် ။

စိတ်ပညာရှင်များထဲမှ ဒုတိယစွမ်းရည် ဖြစ်သော စိတ်စွမ်းအားကို သူမည်သို့ ရယူရမှန်း ခေါင်းခြောက်နေခဲ့၏ ။ ယခု လီကျားရွမ်က သူ့တံခါးဝသို့ ကိုယ်တိုင်ရောက်လာခဲ့ချေပြီ ။ သူဖြုန်းတီး၍ မ​ဖြစ် ။

" အကို​ကြီး..."

လင်းမို့က လီးကျားရွှမ်၏ လက်ကို စိတ်အားထက်သန်စွာဖြင့် ဆုပ်ကိုင်ထားလိုက်၏ ။

လီကျားရွှမ်က ထိတ်လန့်သွားပြီး ဘာပြန်ပြောရမှန် မသိတော့ချေ ။

' ဘာဖြစ်သွားတာလဲ... ငါသူ့ရှေ့မှာ လာကြွားပြနေတာကို စိတ်ဆိုးနေရမှာ မဟုတ်ဘူးလား...'

လီကျားရွှမ်က မျက်တောင် ပုတ်ခပ်ပုတ်ခပ် ဖြစ်သွား၏ ။ သူ ဘာဆက်လုပ်ရမည်မှန်း မသိတော့ ။ သူဒါမျိုး မကြုံဘူးသဖြင့် မည်သို့ တုံ့ပြန်ရမည်ကို မသိတော့ ချေ ။

' ငါ ဆက်ကြွားရမှာလား...'

' အိမ်ပြန်ပြေးရမလား...'

လီကျားရွမ်က အလွန်စိတ်အားထက်သန်နေသော လင်းမို့ကို ကြည့်၍ ကြောင်တောင်ကြီး ရပ်နေသည် ။

လင်းမို့က လီကျားရွှမ်အား ထွက်သွားခွင့် ပေးမည်မဟုတ်ချေ ။

' မင်း ပြန်ပြေးချင်လို့လား... အိမ်မက်သာ မက်နေလိုက်...'

စိတ်စွမ်းအား ရှင်များက ရှားပါးလှသဖြင့် ကြုံတုန်း ခြောက်သည်အထိ ညှစ်ရပေမည် ။

" အကိုကြီး..."

လင်းမို့က လီးကျားရွမ်၏ လက်အား ပျောက်ကွယ်သွားမည်ကို စိုးသည့်အလား တင်းကြပ်စွာ ဆုပ်ကိုင်ထားလိုက်ပြီး...

" အကိုက ယီမိုရဲ့ ဝမ်းကွဲဆိုတော့... ကျွန်တော့ရဲ့ ဝမ်းကွဲပဲလေ ...အကို ဟိုင်းချန်မြို့ကို ရောက်လာမယ်လို့ ထင်တောင် ထင်မထားဘူး... အကိုရောက်တုန်း နှစ်ရက်သုံးရက်တော့နေရမယ်... "

လင်းမို့၏ အမြင်တွင် လီကျားရွှမ်က သူ၏ အတွေ့အကြုံရမှတ် အထုတ်ကြီးဖြစ်သဖြင့် သူစိတ်စွမ်းအား အသုံးပြုနိင်တော့မည့်အတွက် ပျော်ရွှင်နေပေသည် ။

" ငါ..."

လီကျားရွှမ်က လင်းမို့၏ စကားသည် မှားယွင်းနေမှန်းသိသော်လည်း အမှားကို မစဥ်းစားနိုင်တော့ချေ ။ လင်းမို့က အလွန်စိတ်အားထက်သန်စွာ လက်ဆွဲ နှုတ်ဆက်နေသဖြင့် သူရှက်သွားပြီး ပြန်၍ လက်ဆွဲနှုတ်ဆက်လိုက်သည် ။

" အကိုလီ... "

လင်းမို့က လီးကျားရွှမ် အနားကို ကပ်လိုက်ပြီး ...

" ကျွန်တော် ဒီည ဒကာခံမယ်... အကိုတို့ တက္ကသိုလ်က အကြောင်းတွေကို ပြောပြအုံး... ဟောက်ရန်ရေ..."

လင်းမို့က အခန်းထဲမှ ဟောက်ရန်ကို အော်ခေါ်လိုက်ပြီး...

" မင်းအဖေရဲ့ ဝိုင်ခန်းထဲက ဝိုင်ပုလင်းနဲနဲလောက် သွားခိုးအုံး... ဒီည ငါတို့ အကိုလီနဲ့ အမူးသောက်မယ်..."

All Chapters