အဖမ်းခံရတဲ့သူတိုင်း ပြောတယ်
Vol. 7 Ch. 102
~
ရှန်ဟိုင်း ဟိုတယ်...
သီးသန့်ခန်း တစ်ခုအတွင်း ယင်ကျန့် စားရင်းသောက်ရင်း စကားပြောနေ၏ ။ စားပွဲပေါ်တွင် စျေးကြီးသော ဝိုင်တစ်ပုလင်း ရှိသော်လည်း သူမထိရဲ ။ သူ့ရှေ့တွင် ထိုင်နေသော ဝတ်စုံနက် ဝတ်ဆင်ထားသော လူများကြောင့်ပင် ။ ထိုလူများက သူ့အား လူသတ်သမားအဖွဲ့ထဲဝင်ရန် လာဖိတ်နေကြခြင်းဖြစ်သည် ။ ဝိုင်သောက်မိ၍ တစ်ခုခု ဖြစ်သွားမည်ကို သူမလိုလားချေ ။ သူ စကားပြောနေစဥ်တွင် သတိကပ်ထားရပေမည် ။
" ကျောင်းသား ယင်ကျန့် မင်းဘာလို့ ကျောင်းထုတ်ခံလိုက်ရတာလဲ..."
ကျက်သရေရှိသော လူလတ်ပိုင်းအရွယ် အမျိုးသမီးက မေးလိုက်၏ ။
" ဟုတ်တယ် ကျောင်းသား ယင်ကျန့်... တကယ်ဆို မင်းက သိုင်းပညာရှင် တစ်ပိုင်းအဆင့်ရောက်နေတဲ့ ပါရမီရှင်တစ်ယောက်ပဲ... စာမေးပွဲ ဒီလောက် နီးနေတဲ့ အချိန်မှာ မင်းဘာပဲလုပ်ခဲ့လုပ်ခဲ့ ထိပ်ပြောင်ကြီးက ကျောင်းမထုတ်သင့်ဘူး... "
ဘေးမှ သတ်လတ်ပိုင်းအရွယ်လူက ဝင်၍ပြောလိုက်သည် ။ သူတို့ ဤသို့ ပြောနေရခြင်းမှာ ယင်ကျန့်၏ အမုန်းကို လှုံ့ဆော်ပေးပြီး သူတို့အဖွဲ့ထဲ ဆွဲခေါ်နိုင်ရန်ဖြစ်သည် ။
" အင်း..."
ယင်ကျန့်က လန့်ဖြန့်သွားပြီး...
" ငါ အမှားလုပ်မိလို့ ကျောင်းထုတ်ခံရတာပါ... "
လူသတ်သမားနှစ်ယောက်က ပို၍ပင် သိချင်သွားသည် ။ ယင်ကျန့် ကျောင်းထုတ်ခံလိုက်ရသည်ကို သိသော်လည်း အကြောင်းကိုမူ မသိပေ ။ ယင်ကျန့် မည်မျှ ကြီးမားသော အမှားကို လုပ်မိပါသနည်း ။
သူတို့ ထပ်တလဲလဲ မေးမြန်းမှုကြောင့် ယင်ကျန့်က ထုတ်ပြောလိုက်၏ ။
" ဘာလဲ...အိမ်သာတွေကနေ ပုံးတစ်ဝက်ရအောင်လိုက်စုတာလား..."
" ထိပ်ပြောင်ကြီးခေါင်းကို ပက်လိုက်တာလား..."
ထိုမြင်ကွင်းကို သူတို့ ကွက်ကွက်ကွင်းကွင်း မြင်ယောင်လိုက်မိသဖြင့် အစာစားချင်စိတ် ပျောက်ဆုံးသွားသည် ။
" မင်းဘာလို့ ထိပ်ပြောင်ကြီးယန်ကို အဲ့လောက်မုန်းနေတာလဲ... မင်းက ရက်စက်လိုက်တာ..."
" မင်းဘာလို့ ကျောင်းထုတ်ခံရတာလဲကို ငါတို့စုံစမ်းလို့မရတာ မဆန်းဘူး..."
ကျောင်းအုပ်ယန်က ထိုသတင်းကို ပိတ်ပင်မထားမှသာ ထူးဆန်းနေပေလိမ့်မည် ။
" မင်းကျောင်းထုတ်ခံရတဲ့ အကြောင်းကို ထားလိုက်ပါတော့ ..."
လူလတ်ပိုင်းအရွယ်အမျိုးသမီးက ခေါင်းဆောင်ပီသပေသည် ။ သူမ အချိန်မှန် စကားလမ်းကြောင်းလွဲလိုက်၏ ။
" ကျောင်းသာ ယင်ကျန့်... ငါတို့ ဒီနေရာကို ဘာလို့ ခေါ်လဲဆိုတာ မင်းသိမယ်ထင်ပါတယ်... "
" ကျွန်တော် သိပါတယ်..."
ယင်ကျန့်က ဖုံးကွယ်မနေဘဲ တည့်တည့်ပြောလိုက်၏ ။
" ခင်ဗျားတို့ အဖွဲ့ထဲ ဝင်စေချင်လို့မှလား..."
" ဟုတ်တယ်... "
အမျိုးသမီးက အေးအေးဆေးဆေး ပြောလိုက်၏ ။
" ယင်ကျန့် မင်းရဲ့ အရည်အချင်းက အရမ်းကောင်းတယ်... တကယ်ဆိုရင် ငါတို့အဖွဲ့က စာမေးပွဲကျတယ့်သူတွေကိုပဲ ရွေးချယ်တာ... မင်းသာ ငါတို့အဖွဲ့ထဲဝင်မယ်ဆိုရင် အဖွဲ့အစည်းက မင်းကို အကောင်းဆုံးပျိုးထောင်ပေးမှာပဲ... "
" ဟုတ်တယ်... မင်းငါတို့အဖွဲ့ထဲ ဝင်လိုက်တာနဲ့... မင်းရဲ့အနာဂတ်က အကန့်အသတ် မရှိတော့ဘူး..."
" မင်းရဲ့ ပါရမီနဲ့ဆို ငွေလအဆင့်ကို ရောက်နိုင်တယ်..."
ဝတ်စုံံနက် ဝတ်အမျိုးသားများက ယင်ကျန့်အား ဆွဲဆောင်နိုင်ရန် ကြိုးစားကြ၏ ။
သို့သော် ယင်ကျန့်က လုံးဝ စိတ်မဝင်စားသည့်အပြင် ...
" ငါ တောင်းပန်ပါတယ်... မင်းတို့ ငါ့ကို အထင်လွဲနေပြီ.... ငါသင်ထားတဲ့ ပညာတွေက ငါ့ကို အဲ့လမ်းလျောက်စေချင်မှာမဟုတ်ဘူး... "
ဤသည်ကို ကြားတော့ အမျိုးသမီးက မျက်တောင်ခပ်ပြလိုက်သည်နှင့် အနက်ရောင်ဝတ် လူတစ်ယောက်က လက်ဆွဲအိတ်ကို ဖွင့်ပြလိုက်သည် ။
အိတ်ထဲတွင် ကတ်လေး တစ်ကတ်သာရှိပြီး ထိုအပေါ်တွင် နံပါတ် ၂၀ ကို ရေးထား၏ ။
" ဒါ ရှေးဦးစကြာဝဠာ အမှတ် ၂၀ ..."
အမျိုးသမီးက တည်ငြိမ်စွာဖြင့်...
" မင်း ငါတို့အဖွဲ့ထဲ ဝင်မယ်ဆိုရင် ဒါက နှုတ်ဆက်လက်ဆောင်ပဲ... "
အမှတ် ၂၀ က ယွမ်သန်း ၂၀ ဖြစ်သည် ။ လူသတ်သမားအဖွဲ့က ယင်ကျန့်အား အကုန်အကျခံ၍ ခေါ်ဆောင်ရန် ဆုံးဖြတ်ထားပုံရသည် ။
ယင်ကျန့် အနည်းငယ် စိတ်ဝင်စား သွားသော်လည်း ငြင်းဆန်လိုက်၏ ။
" တခြားကိစ္စမရှိဘူးဆိုရင် ကျွန်တော်သွားတော့ ...ကျွန်တော် စည်းကမ်းတွေကို နားလည်ပါတယ်... ဒီကိစ္စကို ဘယ်သူ့ကိုမှ ထုတ်မပြောပါဘူး..."
ယင်ကျန့်က ထွက်သွားရန် ထရပ်လိုက်သည် ။
" ကျောင်းသားယင်ကျန့်... အလျင်လိုမနေပါနဲ့..."
အမျိုးသမီးက တားလိုက်ပြီး...
" ငါတို့ တစ်လမ်းတည်း မလျောက်နိုင်ရင်တောင်မှ မိတ်ဆွေတွေ ဖြစ်နိုင်သေးတာပဲ...ပြီးတော့ မင်းအတွက် အနုပညာတက္ကသိုလ်က ပထမနှစ်ေကျောင်းသူလေးတစ်ယောက် စီစဥ်ပေးထားတယ်... သူ မင်းကို တတိယထပ်မှာ စောင့်နေတယ်... ရော့ ဒီမှာ သူ့ဓာတ်ပုံ..."
သူမက ဖုန်းထဲမှ ဓာတ်ပုံကိုပြလိုက်ပြီး...
" ဒါမင်းအတွက် အထူးစီစဥ်ထားတာ... စိတ်မပူပါနဲ့ မင်းငါတို့အဖွဲ့ထဲ မဝင်လည်း ဘာမှ မဖြစ်ပါဘူး... ဒါ မိတ်ဖြစ်ဆွေဖြစ် လက်ဆောင်လေးပါ..."
ယင်ကျန့် ဓာတ်ပုံအား မြင်လိုက်သည်နှင့် စိတ်ဝင်စားသွား၏ ။ ယခုရက်ပိုင်း သူဖိအားအလွန်များနေသဖြင့် ထွက်ပေါက်ပေးသင့်ပေသည် ။
အမျိုးသမီးက ယင်ကျန့်၏ အကြည့်ကို မြင်လျှင် ဆီလောင်းထည့်လိုက်သည် ။
" နင်မသွားရင်... အလကားဖြစ်သွားမှာနော်..."
" ချွေတာတက်တာ ကျွန်တော်တို့ ရိုးရာယဥ်ကျေးမှုပဲ ... အလကားဘယ်ဖြစ်ခံမလဲ..."
ယင်ကျန့်က အခန်းသော့ကို ဖြောင့်မတ်ဟန်အပြည့်ဖြင့် ယူလိုက်၏ ။
" ဒါပင်မဲ့ ကျွန်တော်တို့တွေ့တာ ...ဒါနောက်ဆုံးပဲနော် ကျွန်တော့်ကို ထပ်ပြီး မဆက်သွယ်ပါနဲ့..."
ယင်ကျန့်က ပြောပြီးသည်နှင့် သီးသန့်ခန်းထဲမှ ထွက်လာပြီး တတိယထပ်သို့ သွားရန် ဓာတ်လှေကား ရှာလိုက်သည် ။
ခဏအတွင်းပင် အခန်းကို ရှာတွေ့သွားသည် ။
အခန်းတွင်သို့ သူဝင်လိုက်သည်နှင့် ဓာတ်ပုံထဲကနှင့် သိပ်မကွာသည့် ကောင်မလေးကို တွေ့လိုက်ရသည် ။
သူ့ ဘောင်းဘီကို ချက်ချင်း ချွတ်ချလိုက်၏ ။
" ဘုန်း..."
တံခါးက လွင့်ထွက်သွားပြီး ထွားကြိုင်းသည့်လူများ ပြေးဝင်လာသည် ။
" တစ်ယောက်မှ မလှုပ်နဲ့..."
" MAD ဖမ်းစီးရေးတပ်ဖွဲ့... မင်းတို့လက်တွေကို ခေါင်းပေါ်တင်ပြီး ကြမ်းပြင်ပေါ်မှောက်ထား... "
" ဒီနေ့ ကျန်းနန် စီရင်စု MAD က ပြည့်တန်ဆာ နှိမ်နင်းရေး ဆောင်ရွက်နေတယ်... ပူးပေါင်းဆောင်ရွက်ပေးကြပါ...မဟုတ်ရင် ငါတို့ အင်အားသုံးရလိမ့်မယ်..."
ယင်ကျန့် သေးထွက်မတက် ကြောက်လန့်သွား၏ ။
" ငါ ငါ... "
ယင်ကျန့် ဒေါသထွက်သွား၏ ။ သူ ဘာမှ မဘာရသေးပေ ။
မကြာမီပင် ယင်ကျန့်အား လက်ထိတ်ခက်၍ ခေါ်သွားကြသည် ။
" ဒါ ကျွန်တော် ပထမဆုံး အကြိမ်ပါ..."
ယင်ကျန့်က အပြစ်ပေါ့မလားဟူ၍ စောဒက တက်လိုက်၏ ။
" ကျွန်တော်လည်း အတူတူပါပဲ ပထမဆုံးအကြိမ်ပါ... "
ဘေးမှ အသံထွက်ပေါ်လာသည် ။
ယင်ကျန့်ထိုလူအား မသိသော်လည်း ဟောက်ရန်နှင့် လင်းမို့ ရှိလျှင် သေချာပေါက်သိမည်ဖြစ်သည် ။ ထိုသူက လီကျားရွှမ် ပင် ။
" အဖမ်းခံရတဲ့လူတိုင်းက ဒီလိုပြောတာပဲ..."
ခေါင်းဆောင်က ရှေ့တိုးပြီး သူတို့နှစ်ယောက်ကို ပါးရိုက်ပစ်လိုက်သည် ။
" ဖောင်း...ဖောင်း..."
ယင်ကျန့်နှင့် လီကျားရွှမ် ထိတ်လန့်သွား၏ ။
" မင်းက တတိယနှစ်ကျောင်းသား..."
ခေါင်းဆောင်က ယင်ကျန့်ကို လက်ညိုးထိုးပြီး...
" စာမေးပွဲ ဒီလောက်နီးနေတာတောင် မင်းက ဒီကိုလာရဲတယ်... ဒါတောင် ပထမအကြိမ်လို့ ပြောနေတာလား..."
" မင်းက ပိုဆိုးတယ်... "
ခေါင်းဆောင်က လီကျားရွှမ်ကို လက်ညိုးထိုးလိုက်ပြီး...
" ကျန်းနန် တက္ကသိုလ်ကျောင်းသားက ဟိုင်းချန်မြို့ကိုလာပြီး ဓားကစားနေတယ်လား... မင်းကျန်းနန်တစ်ခုလုံး ကစားလို့ ဝသွားပြီလား..."
လီကျားရွှမ်နှင့် ယင်ကျန့်က တစ်ယောက်ကို တစ်ယောက် ရှုပ်ထွေးနေသော အကြည့်ဖြင့် ကြည့်လိုက်ကြသည် ။ သူတို့၏ စူးရဲသော မျက်လုံးများက အချင်းချင်း ချီးကျူးနေသလိုပင် ။
" ဒီနှစ်ကောင်ကို ခေါ်သွား..."
ခေါင်းဆောင်က သူ့လက်ကို ယမ်းလိုက်ပြီး အေးစက်စွာဖြင့်...
" ဒီည အထူးစစ်ဆင်ရေးရဲ့ ဥပမာအဖြစ် ဒီနှစ်ကောင်အကြောင်းကို စီရင်စုတစ်ခုလုံး အသိပေးလိုက် ..."
နောက်တစ်နေ့မနက်...
လင်းမို့ နိုးလာသည်နှင့် သူ၏ စနစ်မျက်နှာပြင်ကို စိတ်လှုပ်ရှားစွာ ကြည့်လိုက်၏ ။
' တစ်ညအိပ်လိုက်တာနဲ့ ငါစိတ်စွမ်းအားရှင်ဖြစ်လာပြီမှလား...'
သို့သော်လည်း လင်းမို့ ဆွံ့အသွား၏ ။
" ဘာဖြစ်တာလဲ... ငါ့စိတ်စွမ်းအား ဘယ်မှာလဲ.. "
လင်းမို့ ရှုပ်ထွေးသွားသည် ။
' လီကျားရွှမ် မနေ့ညက ဘာလုပ်နေတာလဲ... သူပြောတော့ တစ်ရက်လောက် စိတ်စွမ်းအား မလေ့ကျင့်ဘဲ မနေနိုင်ဘူးဆို... '
လင်းမို့က သူမည်သည်ကြောင့် စိတ်စွမ်းအားရှင် ဖြစ်မလာမှန်း နားမလည်ပေ ။
လီကျားရွှမ် လေ့ကျင့်လိုက်သည်နှင့် သူ စိတ်စွမ်းအားရှင် သေချာပေါက် ဖြစ်ရမည်ဖြစ်သည် ။