← Chapters

မင်းရဲ့ ဝမ်းကွဲ အဖမ်းခံထားရတယ်

Vol. 7 Ch. 103

မင်းရဲ့ ဝမ်းကွဲ အဖမ်းခံထားရတယ်

Vol. 7 Ch. 103

~

လင်းလို့ စိတ်ရှုပ်နေတုန်း ဟောက်ရန်၏ ဖုန်းဝင်လာသည် ။

" အကိုမို့ သတင်းဆိုး..."

ဟောက်ရန်က ထိတ်လန့်တကြားပြောလိုက်၏ ။

" စိတ်လျော့ပါဟ ဘာတွေ ဖြစ်နေတာလဲ ​​​​ ဖြေးဖြေးပြော... "

လင်းမို့သည် ပိုမိုသန်မာလာသည်နှင့် သူ၏ စိတ်ဓာတ်ကြံခိုင်မှု ပိုလာသည်ကို သိလိုက်သည် ။ ယခု သူတော်ရုံဖြင့် စိတ်မလှုပ်ရှားတော့ ။ တည်ငြိမ်သူလင်း ဖြစ်နေပေပြီ ။

" အဲ့တာ လီကျားရွှမ်..."

ဟောက်ရန်က အလောတကြီးဖြင့်...

" လီကျားရွှမ် မနေ့ညက ဓားကြီးကစားနေတုန်း အဖမ်းခံလိုက်ရတယ်... "

" ဘာဖြစ်သွားတာတုန်းဟ..."

တည်ငြိမ်သူလင်း လန့်ဖြန့်သွားပြီး မျက်လုံး ပြူးသွားသည် ။

' ဓားကြီးကစားတာလား...'

' အဖမ်းခံလိုက်ရတာလား...'

လင်းမို့သည် မနေ့ညက သူ စိတ်ထိန်းချုပ်သူ ဖြစ်မလာသည်ကို နားလည်သွား၏ ။ သူ၏ အတွေ့အကြုံရမှတ်အိတ်ကြီးအား ဖမ်းခေါ်သွားလေပြီ ။

" သူဘာလို့ ဒီလိုလုပ်တာလဲဟ..."

လင်းမို့ ရက်ဘက်​​အောင့်သွား၏ ။ သူ ရင်းခဲ့သော အရက်ဖိုး ဆုံးပေတော့မည် ။

လူတော်လူကောင်လေး ၊ ပါရမီရှင်လေးက သူ၏ညီလေးကို မည်သည့်အတွက်ကြောင့် မထိန်းနိုင်ရပါသနည်း ။

" အကိုမို့... "

ဟောက်ရန်က အလျင်အမြန် သတိပေးလိုက်သည် ။

" အကိုပဲ မနေ့ညက စီစဥ်ပေးခိုင်းတာလေ ..."

" ဘာလဲ... "

လင်းမို့ ဆွံ့အ သွားပြီး...

" ငါက ဒီလို လူလားကွ... ဘယ်တုန်းက ဒီလို စီစဥ်ခိုင်းလို့လဲ..."

" အကိုမို့ပဲ အကိုလီကို အနားယူဖို့ ကောင်းကောင်းစီစဥ်ပေးလိုက်ဆို... ငါတောင် ယောကျ်ားလေးအားလုံး နားလည်တဲ့ အပြုံးပြုံးပြီး အတည်ပြုလိုက်သေးတယ်လေ... "

ဟောက်ရန် ဝမ်းနည်းသွား၏ ။ ဤသူက သူ၏ အကိုမို့မှ ဟုတ်ပါသေးရဲ့လော ။ ပြသနာတက်သည်နှင့် ခေါင်းရှောင်တက်သူမှာ သူ၏ အကိုမို့ မဖြစ်နိုင်ချေ ။

" ငါပြောတာက ခြေထောက်ရေစိမ်တဲ့ အနှိပ်ခန်း ပို့ပေးခိုင်းတာကွ... ပုံမှန်ဟာကွ..."

လင်းမို့ ဆွံ့အသွားချေသည် ။

" ပြီးတော့ မင်းဘယ်တုန်းက အတည်ပြုတဲ့ ပုံစံ လုပ်ပြလို့လဲ... ထားလိုက်ပါတော့... ပြသနာ တက်ပြီးမှတော့ ဘယ်လိုရှင်းရမလဲဘဲ စဥ်းစားတော့..."

" ခုအခြေအနေဘယ်လိုလဲ..."

လင်းမို့က မေးလိုက်ပြီး...

" သူ့ သိုင်းပညာရှင်မှတ်ပုံတင်ထဲ့တော့ မထည့်လောက်ဘူးမှတ်လား... အဲ့လိုဆို တစ်သက်လုံး အဲ့နာမည်ကြီးပါသွားတော့မှာ... "

" အဲ့တာတော့ မသိဘူး... ဒါပင်မဲ့ မနေ့ညက သူအဖမ်းခံရတာကို ကျန်းနန်စီရင်စု သိုင်းလောကတစ်ခုလုံး ကြေညာလိုက်တယ်တဲ့... "

ဟောက်ရန်က...

" အဲ့တာကြောင့် သူ့တက္ကသိုလ်က ဆရာတွေနဲ့ ကျောင်းသားတွေကတော့ ဒီအကြောင်းသိသွားလောက်တယ်.. "

" ဒါ..."

လင်းမို့ ဘာပြောရမှန်း မသိတော့...

" အဲ့တာဆို သူ့မှတ်တမ်းထဲလဲ ထည့်လောက်တယ်... "

" ထားလိုက်ပါတော့... ဘာပဲဖြစ်ဖြစ် ခု လီကျားရွှမ်ကို သွားကြည့်ရအောင် ... ဟိုင်းချန်သိုင်းဌာနမှာလား... မြန်မြန်သွားမယ်... "

ဟိုင်းချန် သိုင်းဌာန... အချုပ်ခန်း...

လီကျားရွှမ်က တစ်ယောက်ခန်းတွင် အချုပ်ခံထားရသည် ။ သူက ကုတင်ပေါ်တွင် တင်ပျဥ်ခွေထိုင်ကာ အလွန်စိတ်ဓာတ်ကျနေ၏ ။

' ငါ ကီလိုရာနဲ့ချီပြီးလာခဲ့ရတာ ထောင်ထဲရောက်ဖို့လား...'

လီကျားရွှမ်အား ပို၍ စိတ်ဓာတ်ကျသွားစေသည်ကား ဥပမာအဖြစ် ကျန်းနန်သိုင်းလောကတွင် အပြခံလိုက်ရခြင်းပင် ။ သူ့ ဂုဏ်သိက္ခာက မြောင်းထဲ ရောက်သွားလေပြီ ။

သူ ပို၍ နာကျင်ရစေသည်မှာ အာမခံပေးမည့်သူ မရှိချေ ။ သူ့အဖေကို ဖုန်းဆက်သော်လည်း ဖုန်းချပစ်ပြီး ဘလော့သွားလေသည် ။

" ငါဒေါသတွေကို လေထဲလွှင့်ထုတ်ပြီး အနားယူမယ်..."

လီကျားရွှမ်က စိတ်တည်ငြိမ်စေရန် ကဗျာစာကြောင်းအနည်းငယ် ရွတ်လိုက်ပြီး သူ့မျက်လုံးများကို ပိတ်ကာ စိတ်စွမ်းအား ကျင့်နေလိုက်သည် ။

" ငါတော်တော်နဲ့ ထွက်ရမှာ မဟုတ်တော့ အေးအေးဆေးဆေး လေ့ကျင့်နေတာပဲ ကောင်းပါတယ်..."

တက္ကသိုလ်မှ ပါရမီရှင်တစ်ယောက်ဖြစ်သဖြင့် ထောင်ကျနေလျှင်ပင် ဆက်၍လေ့ကျင့်ရပေမည် ။ သူ တစ်ရက်လောက် မလေ့ကျင့်ရလျှင် မသက်မသာဖြစ်မနမည်ဖြစ်သည် ။

ဟိုင်းချန် သိုင်းဌာန...

လင်းမို့နှင့် ဟောက်ရန်တို့ လျင်မြန်စွာ ရောက်လာကြသည် ။

လင်းမို့ ထောင်အဝင်ဝသို့ ရောက်သည်နှင့် ရပ်တန့်လိုက်မိ၏ ။

" ဒင်...ဂုဏ်ယူပါတယ် ပိုင်ရှင်... သင်၏ စိတ်စွမ်းအားရုပ်လုံးပေါ်လာပြီး သင်စိတ်စွမ်းအားရှင် ဖြစ်သွားပါပြီ..."

'စိတ်စွမ်းအား ရုပ်လုံးပေါ်လာခြင်း...'

'စိတ်စွမ်းအားရှင်... '

" ဒါ..."

လင်းမို့ ဆွံ့အသွားသည် ။ သူ ဤနေရာတွင် စိတ်စွမ်းအားရှင် ဖြစ်လာလိမ့်မည်ဟု ထင်မထားမိ ။

' လီကျားရွှမ်က အချုပ်ကျနေတာတောင် လေ့ကျင့်နေတယ်လား... '

မနေ့ညက လေ့ကျင့်ရန် မစဥ်းစားဘဲ ထောင်ထဲရောက်မှ လေ့ကျင့်နေပေသည် ။

' ဒါ ထောင်ထဲမှာ အိမ်စာ ပြီးအောင် လုပ်တယ်လို့ ခေါ်မလား...'

မည်သို့ပင် ဆိုစေကာမူ သူ စိတ်စွမ်းအားရှင် ဖြစ်လာသည့်အတွက် ပျော်ရွှင်ရပေမည် ။

လင်းမို့နှင့် ဟောက်ရန်တို့ ထောင်အတွင်းသို့ ဝင်သွားလိုက်သည် ။

" အကိုလီ... မင်းဒုက္ခရောက်နေပြီ..."

ဟောက်ရန်က လင်းမို့မနေ့ညက ပြောသည့်စကားကို သူနားလည်မှုလွဲမှန်း သဘောပေါက်သွားလေသည် ။ ထို့ကြောင့် သူ လီကျားရွှမ်ကို တွေ့သည်နှင့် အားနာ၍ ရှက်သွား၏ ။

" အကို ဟိုင်းချန်ကို ရှားရှားပါးပါးလာလည်တာကို... ဒီလိုတွေ ဖြစ်ကုန်ပြီ..."

" ကျွန်တော်တို့ တကယ်တောင်းပန်ပါတယ်..."

လင်းမို့က ဝင်ပြောလိုက်သည် ။

" ငါ့ညီလေးတွေ... "

လီကျားရွှမ်က သူတို့ကို အပြစ်မတင်ပေ ။ သူကိုယ်တိုင်လုပ်မိ၍ ဖြစ်သွားသောကိစ္စပင် ။

" ဒီကိစ္စအတွက် ငါ မင်းတို့ကို အပြစ်မတင်ပါဘူး ...မင်းတို့ စေတနာကို ငါသိပါတယ်... ဟောက်ရန် စီစ​ဥ်ပေးတာ တကယ်ကောင်းတယ်... "

"အကိုလီ ဘာမှ စိတ်မပူနဲ့... အကိုအပြင်ကို ထွက်လာရင် နှစ်ဆစီစဥ်ပေးမယ်... "

ဟောက်ရန်က ရင်ဘက်ကို ပုတ်၍ ဂတိပေးလိုက်၏ ။

" ငါ့ညီကောင်းလေး..."

လီကျားရွှမ် ထိမိ သွား၏ ။ ဟောက်ရန်က သူ၏ အစစ်အမှန် ညီအကိုကောင်းပင် ။

" ဘာလုပ်နေကြတာလဲ...ဘာလုပ်နေကြတာလဲ..."

အနီးအနား ကင်းလှည့်နေသော ကျောက်မျက်နှာနှင့် ခေါင်းဆောင်က ကြားသွားပြီး အနားသို့လာကာ ပါးကို ဘယ်ပြန်ညာပြန် ရိုက်လိုက်၏ ။

" ဖြောင်း...ဖြောင်း..."

" မင်းက နောင်တမရတဲ့အပြင် နောက်ထပ် ထပ်တိုးဖို့တောင် ကြံနေသေးတယ်... "

လီကျားရွှမ်က ပါရမီရှင်တစ်ယောက်ဖြစ်ပြီး အနာဂတ်အကောင်ကြီးတစ်ကောင်ဖြစ်မည့်သူ ဖြစ်သော်လည်း ယခု ကျောက်မျက်နှာ ခေါင်းဆောင်၏ လက်ထဲ ကျရောက်နေသဖြင့် သူ့တွင် ရွေးချယ်စရာမရှိချေ ။ ကောင်းမွန်စွာ နာခံနေရုံသာ တက်နိုင်တော့သည် ။

" အကိုလီ...ငါ့အမှားပါ... ငါ စကားပြောတာ အခြေအနေမကြည့်မဘူး..."

ခေါင်းဆောင် အပြင်ထွက်သွားသည်နှင့် ဟောက်ရန်က တောင်းပန်လိုက်၏ ။

" မင်းအမှား မဟုတ်ပါဘူး... အဲ့တာ Black Earth ကြောင့်ပဲ..."

လီကျားရွှမ် က အကြောင်းအကျိုး ခွဲခြားသိပေသည် ။

" Black Earth ကို ​အပြစ်တင်ရမှာလား..."

ဟောက်ရန် ရှုပ်ထွေးသွား၏ ။

" ရှေးဦးစကြာဝဠာ ထဲက Black Earth လား..."

လင်းမို့က မေးလိုက်၏ ။

' Black Earth က ငါလေ... ငါဘာလုပ်မိလို့လဲ ...ငါ့ကို ဘာလို့ လာဆဲနေတာလဲ...'

" ဟုတ်တယ်... အဲ့ Black Earth ကြောင့်ပဲ... ငါအဖမ်းခံတုန်းက ကြားလိုက်တာ..."

လီကျားရွှမ်က...

" Black Earth က ရှေးဦးစကြာဝဠာ ထဲမှာ ညစ်ညမ်းဗီဒီယိုတိုင်စာပို့လိုက်လို့ ချယ်ရီပန်းနိုင်ငံက အဆင့်၇ စိတ်ထိန်းချုပ်သူတစ်​​ယောက် တော်တော်လေးဆုံးရှုံးသွားတယ်တဲ့ ... အဲ့တာကြောင့် ငါတို့နိုင်ငံ သိုင်းဌာနချုပ်က Black Earth ကိုစံနမူနာ ယူရမယ်ဆိုပြီး ပြည့်တန်ဆာ နှိမ်နင်းရေးလုပ်တာ..."

လီကျားရွှမ်က သူသိသလောက် ဖောက်သည်ချတော့သည် ။ သူသည်ဤစစ်ဆင်ရေးတွင် ​သေးငယ်သော အကောင်ပေါက်လေးသာဖြစ်ပြီး ဖမ်းခံရသူတွေ မနည်းပေ ။

သံတိုင်အပြင်ဘက်မှ လင်းမို့သည် ကြောက်လန့်သွား၏ ။

' ငါ တိုင်လိုက်တာက ငါ့ကိုသတ်ဖို့ပို့လိုက်တဲ့ ဗီဒီယိုလား...'

'နှိပ်ကြည့်လိုက်တာနဲ့ ငါသေမှာလား...'

' ချယ်ရီပန်းနိုင်ငံက မစ္စတန့်ယွမ်... ငါမှတ်ထားမယ်... '

လင်းမို့ အခွင့်သာလျှင် လက်စားချေရန် ကြိုးစားမည်ဖြစ်သည် ။

" ကံကောင်းတာ ငါက ဖြောင့်မတ်သူလင်း ဖြစ်နေလို့ပဲ..."

ဖြောင့်မတ်ခြင်းသည် မည်မျှ အရေးကြီးမှန်း လင်းမို့နားလည်သွားပြီး ထိုသို့ဗီဒီယိုများတွေ့လျှင် တိုင်စာပို့ရန် ဆုံးဖြတ်လိုက်သည် ။

" တကယ်တော့ Black Earth က ငါ့ အိုက်ဒေါပဲ... "

လီကျားရွှမ်သည် Black Earth ကြောင့် ထောင်ထဲရောက်နေသော်လည်း စိတ်မဆိုးချေ ။

" ဒီလို အခြေအနေကြုံလာရင် Black Earth လို ဘယ်သူလုပ်နိုင်မှာလဲ..."

အပြင်မှ လင်းမို့၏ မျက်နှာမှာ နီရဲသွားသည် ။ သူတွေးလိုက်မိ၏ ။

' ငါ Black Earth မှန်း လီကျားရွှမ်သိရင် ဘယ်လိုနေမလဲ...'

ဟောက်ရန်နှင့် လင်းမို့တို့ လီကျားရွှမ်နှင့် စကားအတော်ကြာအောင် ပြောပြီးမှ အပြင်သို့ ထွက်လာကြသည် ။

" ဟောက်ရန်... "

လင်းမို့က...

" မင်းအဖေမှာ အဆက်အသွယ်တွေမရှိဘူးလား... လီကျားရွှမ်ကို အပြင်ထုတ်လို့ရအောင်..."

" မလုပ်နဲ့..."

ဟောက်ရန်က ခေါင်းယမ်းပြီး...

" ငါ ဒီလိုလုပ်တာ အဖေသိရင် သေအောင်ရိုက်လိမ့်မယ်...ထောင်ထဲက အစားအသောက်ကမဆိုးပါဘူး... အကိုလီအထဲမှာ ရက်နဲနဲနေရတာ ဘာဖြစ်တုန်း..."

အကိုလီ အထဲမှ ထွက်ရသည်နှင့် သူအရိုက်ခံရသည်ကို ယှဥ်ရွေးရလျှင် သူအရိုက်မခံနိုင်ပေ ။

ထိုစဥ် လင်းမို့၏ ဖုန်းက မြည်လာ၏ ။

ယန်ယီမို ဆက်လိုက်ခြင်းဖြစ်သည် ။

သူမနေ့က မှာထားသော အတည်ပြုလက်မှတ်ရပြီဖြစ်၍ ဒလီဖြင့် ပို့လိုက် ပေသည် ။ လင်းမိုက သူမကို ကျေးဇူးတင်လိုက်ပြီး...

" အဟမ်း...ယီမို ...ငါပြောစရာ တစ်ခုရှိလို့... နင့်ဝမ်းကွဲ လီကျားရွှမ် ဒီမှာ အဖမ်းခံထားရတယ်..."

ဖုန်းတဖက်မှ ယီမိုက နားလည်ပုံမရ ။ သူမ၏ မျက်နှာတွင် မွေးခွန်းအမှတ်အသားများဖြင့် ပြည့်သွားသည် ။

" ???..."

All Chapters