← Chapters

နဂါး​​ငွေ့တန်း၏ အိုရိုင်ယန်လက်တံ ၁ ~

Vol. 7 Ch. 104

နဂါး​​ငွေ့တန်း၏ အိုရိုင်ယန်လက်တံ ၁ ~

Vol. 7 Ch. 104

ယခုညမှာပင် လီကျားရွှမ်အား သူ့မိသားစုက လာခေါ်သွားကြသည် ။

လီကျားရွှမ်၏ အဖေက သံတုတ်ကြီးကိုင်၍ ဟိုင်းချန်သိုင်းဌာနအတွင်း ဝင်သွားသည်ဟု ပြောသံများကို လင်းမို့ကြားလိုက်ရ၏ ။

လီကျားရွှမ် မည်သို့မည်ပုံ ဖြစ်နေသည်ကို သူမသိသော်လည်း အမှိုက်ကောက်သမားတစ်ယောက်က သိုင်းဌာနဘေး အမှိုက်ပုံမှ တစ်စစီကျိုးပဲ့နေသော သံတုတ်ကို ကောက်ရခဲ့သည် ။

ကျင့်ဒူမြို့... ညသန်းခေါင်ယံအချိန်

ရှားနိုင်ငံ သိုင်းဌာနချုပ်၏ ရှေ့သို့ နေအလင်းအဆင့်သိုင်းပညာရှင်တစ်ယောက် ရောက်လာခဲ့သည် ။

နေအလင်းအဆင့်သို့ ရောက်လျှင် တောင်များကိုရွှေ့၍ ပယ်လယ်များကို ဖို့ပစ်နိုင်သည်ဟု အဆိုရှိကြသည် ။ သူတို့ကား လူသားများအကြားမှ နတ်ဘုရားများပင် ။ နျူကလီယား ဗုံးက သူတို့ကို မခြိမ်းခြောက်နိုင်တော့ပေ ။

ဂြိုလ်ပြာကဲ့သို့ ပထမဆင့်ယဥ်ကျေးမှု များက နေအလင်းအဆင့်များအား သတ်နိုင်ရန် အလွန်ခက်ခဲပေသည် ။

သို့သော်လည်း ရှားနိုင်ငံတွင် နေအလင်းအဆင့်များက ရှားပါးလှသည်တော့မဟုတ် ။ ဌာနချုပ်ရှိ မဟာသခင်ခန်းမမှ စေလွှတ်ထားသော အစောင့်များမှာ နေအလင်းအဆင့်များ ဖြစ်ကြသည် ။ ဌာနခေါင်းဆောင်များသည်လည်း နေအလင်းအဆင့်များ ဖြစ်ကြသည် ။

တံခါးဝတွင် ရပ်နေသူက အနည်းငယ်ထူးခြားပေသည် ။ သူ့နာမည်က ကျန်းဟွေ ။ ရှားနိုင်ငံမှ တစ်ကိုယ်တော် သိုင်းပညာရှင် တစ်ယောက်ပင် ။

လင်းမို့အား ဆေးပုလင်း သွားပို့သော ပညာရှင်ဖြစ်သည် ။

" ကျန်းဟွေ ရပ်လိုက်..."

အစောင့်များက ကျန်းဟွေကို သိကြသည် ။

" ဘာကိစ္စလဲ..."

" ငါ အကြီးအကဲ ကျင်းကို လာရှာတာ..."

ကျန်းဟွေက...

" ငါ အကြီးအကဲကျင်းကို ကိုယ်တိုင်ပြောရမယ့် အရေးကြီး ကိစ္စရှိလို့... "

ကျန်းဟွေ အရင်တုန်းက တုံ့ဆိုင်းနေခဲ့၏ ။ S အဆင့် မစ်ရှင် တစ်ခုဖြစ်၍ သူလက်လွှတ်စပယ် မလုပ်ရဲ ။ သို့သော်လည်း Black Earth က ရှားနိုင်ငံအတွက် မည်မျှအရေးကြီးမှန်း သူသိပေသည် ။

Black Earth ၏ ပါရမီက ကောင်းကင်ကိုဖီဆန်နေ၍ တခြားနိုင်ငံများက လုပ်ကြံရန် ကြိုးစားကြမည်ဖြစ်သည် ။ မစ္စတန့်ယွမ်လို အသက်ကြီးသူများကပင် အရှက်မရှိ လုပ်ကြံရန် ကြိုးစားနေကြသည် ။

" S အဆင့် လျို့ဝှက် စည်းမျဥ်းတွေ..."

ကျန်းဟွေက စောင့်နေရင် သူလက်မှတ်ထိုးထားရသည့် စည်းမျဥ်းများကို စဥ်းစားမိလိုက်၏ ။ ကြောက်လန့်လာသဖြင့် ကြက်သီးများပင် ထလာချေသည် ။ သူ ကိုယ့်ကို ကိုယ်နှစ်သိမ့်နေရသည် ။

' ငါ Black Earth ဘယ်သူလဲ တိုက်ရိုက်မပြောရင် အဆင်ပြေလောက်မှာပါ... အရိပ်အမွတ်လေးပဲ ပြောလိုက်မယ်လေ... အဲ့လောက်ဆို အကြီးအကဲ ဇီကျင်း နားလည်လောက်မှာပါ... ပြီးတော့ ငါက နေအလင်းအဆင့်ပဲ... လျို့ဝှက်ချက်ကို ငါနဲနဲလောက် ပြောမိတာ အပြစ်ဒဏ်ခံရလဲ နဲနဲပေါ့... ငါဘာမှ မဖြစ်လောက်ပါဘူး...'

' ငါ နျူကလီးယားဗုံးတောင် မကြောက်တာ ဘာလို့ပြစ်ဒဏ်ကို ကြောက်နေရမှာလဲ...ရှေးဦးစကြာဝဠာ ရှားနိုင်ငံ ရုံးချုပ်ကနေ ငါ့ကို ဟိုင်ဒရိုဂျင်ဗုံးနဲ့တော့ လှမ်းမထုလောက်ပါဘူး...'

' ငါ... ကျန်းဟွေ... မကြောက်တက်ဘူးကွ...'

မကြာမီ အကြီးအကဲ ဇီကျင်း ထွက်လာသည် ။ သာမန်လူများက ဇီကျင်းအား တွေ့ခွင်ရရန် မဖြစ်နိုင်သော်လည်း ကျန်းဟွေက နေအလင်းအဆင့်ဖြစ်သည့်အပြင် မနေ့ညက သူ အကြီးအကဲ ဇီကျင်းကို အရေးကြီးစကား ပြောစရာရှိသည်ဟု မက်ဆေ့ ပို့ထားလေသည် ။ ထို့ကြောင့် အကြီးအကဲ ဇီကျင်းက ကျင့်ကြံနေသည်ကို ရပ်တန့်၍ ထွက်တွေ့ခြင်းပင် ။

" အကြီးအကဲကျင်း... ကျုပ်ပြောချင်တာက..."

ကျန်းဟွေက တခြားသူများ ကြားမည်ဆိုး၍ အသံနိမ့်လိုက်ပြီး...

" လွန်ခဲ့တဲ့ ရက်အနည်းငယ်တုန်းက ကျုပ်......."

ကျန်းဟွေ ပြောချင်သည်မှာ သူ ဟိုင်းချန်မြို့သို့သွား၍ ပစ္စည်းပို့ခဲ့ရသည့်အကြောင်းဖြစ်သော်လည်း...

" ဘုန်း..."

ကျန်းဟွေ၏ သက်မဲ့ ခန္ဓာကိုယ်ကြီးက မြေပြင်ပေါ်သို့ လဲကျသွားပြီး ဖုန်မှုန့်များ လွှင့်ပျံသွားသည် ။

" ဟမ်..."

အကြီးအကဲကျင်း ကြောက်ရွံ့မှုကြောင့် အရိုးထဲထိ အေးစက်သွား၏ ။

ကျန်းဟွေက နေလအဆင့်ဖြစ်သည် ။ ဤမျှ သန်မာလှသော နေလအဆင့်တစ်ယောက်အား တုံးခနဲ့ လဲသေစေရန် အဆင့် ၈ စိတ်ထိန်းချုပ်သူ တစ်ယောက်ပင် လုပ်နိုင်မည်မဟုတ် ။

" ဘာဖြစ်သွားတာလဲ... ကျန်းဟွေ ဘာဖြစ်သွားတာလဲ..."

အစောင့်များက ပို၍ပင် ထိတ်လန့်သွား၏ ။

' ဒါ ရှေးဦးစကြာဝဠာ အိပ်ထိန်းသူရဲ့ ကမ္မလက်နက် ဖြစ်မယ်... '

အကြီးအကဲကျင်း သိလိုက်လေပြီ ။

' ကျန်းဟွေက အရေးကြီးတဲ့ လျို့ဝှက်ချက်ကို ထုတ်ပြောချင်နေတာပဲ... သူ ကမ္မလက်နက် ဘယ်လောက်ကြောက်စရာကောင်းလဲဆိုတ နားမလည်ဘူး...'

ပြောရမည်ဆိုလျှင် မဟာသခင်ခန်းမ၏ ခေါင်းဆောင် သိုင်းတာအိုသခင်ပင် အုပ်ထိန်းသူ မည်မျှသန်မာမှန်း မသိချေ ။ ပိုသန်မာလာလေလေ အုပ်ထိန်းသူ၏ ခွန်အားကို ပိုကြောက်လာလေလေ ဖြစ်သည် ။

" ကျန်းဟွေက ရှေးဦးစကြာဝဠာ နဲ့ လျို့ဝှက် မစ်ရှင်လက်မှတ်ထိုးထားတာ..."

အကြီးအကဲကျင်းက အသံတိုးတိုးဖြင့်...

" လက်မှတ်ထိုးတာတောင် ထုတ်ပြောချင်တယ်ဆိုတော့... သေလမ်းရှာနေတာပဲ ..."

အကြီးအကဲကျင်း စိတ်မကြည်တော့ ။ ကျန်းဟွေ၏ ဂရုမစိုက်မှုကြောင့် ရှားနိုင်ငံ၏ နေလအဆင့်တစ်ယောက် ဆုံးရှုံးခဲ့လေပြီ ။

မည်သို့သော လျို့ဝှက်ချက်မို့ ကျန်းဟွေ ထုတ်ပြောပြချင်နေမှန်း သူမ အလွန်သိချင်သွား၏ ။

" အကြီးအကဲကျင်း..."

အစောင့်က အကြံပေးလိုက်သည် ။

" ခုရက်ပိုင်း ကျန်းဟွေ လုပ်ခဲ့တာတွေကို စုံစမ်းလိုက်ရမလား..."

" နင်သေချင်ရင် သွားလေ... နင်တစ်ခုခု ရှာတွေ့ရင်တောင် ငါ့ကို လာမပြောနဲ့... ငါ အသက်ရှင်ရတာ မဝသေးဘူး... "

အကြီးအကဲကျင်းက မျက်စောင်းထိုးလိုက်ပြီး...

" ပြီးတော့ နင်က ရှေးဦးစကြာဝဠာ ရှားနိုင်ငံ ဌာနချုပ်က လျို့ဝှက်ထားတာကို ရှာတွေ့မယ်ထင်လို့လား..."

အကြီးအကဲကျင်းက ပြောပြီးသည်နှင့် ဌာနချုပ်အတွင်းသို့ ပြန်ဝင်သွားပြီး...

" နင်အခု လုပ်သင့်တာက ကျန်းဟွေရဲ့ စျာပနကို ကောင်းကောင်းမွန်မွန် လုပ်ပေးလိုက်... "

အုပ်ထိန်းသူ၏ ကမ္မလက်နက်ဖြင့် သေသွားသည်ကို မည်သူက သွား၍ ဖြေရှင်းချက် တောင်းရဲမည်နည်း ။

ထိုစဥ် အကြီးအကဲကျင်း ရုတ်တရပ် အသံလွှင့် ပြောလိုက်သည်ကို ကြားလိုက်ရ၏ ။

" တပည့်လေး... လာခဲ့အုံး..."

' ဆရာ...'

ဇီကျင်းသည် သူမ၏ ခေါင်းထဲမှ အသံကို ကြားလိုက်ရသည်နှင့် ကောင်းကင်ပေါ်သို့ ပျံတက်သွားတော့သည် ။ ချက်ချင်းပင် ညအမှောင်ထဲ ပျောက်ကွယ်သွား၏ ။

ကျင့်ဒူမြို့... မထင်မရှား အိမ်တစ်လုံး...

မာနကြီးလှသော ဇီကျင်းက သာမန်အဘိုးအိုတစ်ဦး၏ ဘေးတွင် ရိုရိုကျိုးကျိုး မက်တပ်ရပ်နေ၏ ။

" ဇီကျင်း..."

အဘိုအိုက တည်ငြိမ်သော လေသံဖြင့်...

" ငါ့ကို အုပ်ထိန်းသူက အသံလွှင့်ပြီး စကားပြောတယ်... "

ဇီကျင်းက သူမ၏ နှလုံးသားထဲမှ လေးစားမှုအပြည့်ဖြင့် စိတ်ဝင်တစား နားထောင်လိုက်၏ ။

ဤဂြိုလ်ပြာကြီးတွင် အုပ်ထိန်းသူ နှင့် စကားပြောရန် အဆင့်မီသည့်သူမှာ သုံးယောက်သာ ရှိလေသည် ။ သူမ ရှေ့တွင်ရှိသော လူအိုကြီးမှာ သုံးယောက်ထဲမှ တစ်ယောက်ပင် ။ ကျန်နှစ်ယောက်မှာ လင်းယုန်ဖြူအဖွဲ့ချုပ် ( us )နှင့် ကြီးမြတ်သော ဝက်ဝံတိုင်းပြည်( ရှားရှား) မှ ဖြစ်သည် ။

အုပ်ထိန်းသူ ပြီးလျှင် အသန်မာဆုံး လူသုံးယောက်ပင် ။

" ဆရာ့ကို ကျန်းဟွေ အကြောင်းပြောတာလား..."

ဇီကျင်းက ပြောလိုက်သော်လည်း ထိုသို့မထင်မိပေ ။ သာမန် နေလအဆင့်တစ်ယောက်အား အုပ်ထိန်းသူက စကားထဲ ထည့်ပြောမည်မဟုတ် ။

လူအိုကြီးက...

" ငါတို့ ရှားနိုင်ငံအတွက် ကိစ္စကြီးတစ်ခုပဲ..."

" သတင်းကောင်းလား..."

ဇီကျင်းက မျှော်လင့်တကြီး ကြည့်၍ မေးလိုက်၏ ။

" အုပ်ထိန်းသူက ပြောတယ်... ငါတို့နိုင်ငံကနေ သူသဘောကျတဲ့ ပါရမီရှင်တစ်ယောက် ရှာတွေ့ပြီတဲ့... "

အဘိုးအိုက ပြုံးလိုက်ပြီး...

" သူကိုယ်တိုင် ပျိုးထောင်ပေးမယ်တဲ့... "

ဇီကျင်းက ခန့်မှန်းကြည့်လိုက်၏ ။

" အဲ့တာ Black Earth လား..."

" သူပဲပေါ့..."

အဘိုးအိုက လက်ဖက်ရည်တငုံ သောက်လိုက်ပြီး...

" ရှားနိုင်ငံရဲ့ သမိုင်းတစ်လျောက် Black Earth ရဲ့ ပါရမီက အကောင်းဆုံးပဲ...ဂြိုလ်ပြာတစ်ခုလုံးတောင် သူ့လောက်ပါရမီ ရှိတဲ့သူ ရှိမှာမဟုတ်ဘူး...သူ့လို ပါရမီရှင်ကပဲ အုပ်ထိန်းသူရဲ့ အာရုံကို ဆွဲဆောင်နိုင်လိမ့်မယ်... "

" ကျွန်မတို့ သိုင်းဌာနချုပ်က Black Earth ကို ရှာမတွေ့တာ မဆန်းဘူး ..."

ဇီကျင်းက...

" Black Earth က ကျန်းနန်က ဆိုပင်မဲ့ ကျန်းနန်စီရင်စု တစ်ခုလုံးက ပါရမီရှင်တွေထဲမှာ Black Earth နဲ့ကိုက်ညီတဲ့သူ မရှိဘူး..."

" အုပ်ထိန်းသူက မတွေ့စေချင်ရင် ငါတို့ ဘယ်ရှာတွေ့မလဲ..."

အဘိုးအိုက တည်ငြိမ်စွာ ပြောလိုက်ပြီး...

" အုပ်ထိန်းသူက Black Earth ကို ပျိုးထောင်ပေးဖို့ ခေါ်သွားပြီထင်တယ်... ငါတို့နိုင်ငံရဲ့ ပါရမီရှင်က အုပ်ထိန်းသူရဲ့အမွေကို ဆက်ခံခွင့်ရခဲ့တာ အကောင်းဆုံးသတင်းပဲ..."

" အုပ်ထိန်းသူရဲ့ အမွေခံဖြစ်ရင် ဂြိုလ်ပြာတစ်ခုလုံး အုပ်စိုးလို့ရပြီလေ... အဲ့နိုင်ငံငယ်လေးတွေက သူတို့ အမွေကို မရနိုင်ရင်တောင် ငါတို့ရှားနိုင်ငံကို မပေးချင်ကြဘူး... ခု Black Earth သာ ဘယ်သူမှန်းသိကြည့် လုပ်ကြံဖို့ ဘယ်နည်းနဲ့ဖြစ်ဖြစ် ကြိုးစားကြလိမ့်မယ်... ခုတော့ အားလုံးအဆင်ပြေသွားပြီ..."

အဘိုးအိုက...

" အုပ်ထိန်းသူက Black Earth ကိုခေါ်သွားပြီဆိုတော့ ချယ်ရီပန်း နိုင်ငံလို နိုင်ငံငယ်လေးတွေက ဘာတက်နိုင်တော့မှာလဲ..."

" ဟုတ်ကဲ့ပါ..."

ဇီကျင်းက...

" အဲ့တာဆို ကျွန်မတို့ ဂြိုလ် မပျက်ဆီးတော့ဘူးပေါ့နော်... "

" အဲ့တာ​တော့ မသေချာဘူး..."

အဘိုးအိုက လေးနက်သွားပြီး...

" အိပ်ထိန်းသူရဲ့ သက်တန်းက ကုန်တော့မယ်ထင်တယ်... Black Earth က သူမသေခင် မွေဆက်ခံဖို့ လိုအပ်ချက်တွေ မပြည့်ခဲ့ရင် ... အုပ်ထိန်းသူက ဂြိုလ်ပြာကို ကျောက်ခေတ် ပြန်ပို့လိမ့်မယ်... "

" အဲ့တာကြောင့် ငါတို့ Black Earth တစ်ယောက်ထဲအပေါ်မှာပဲ မျှော်လင့်ချက်ထားလို့ မဖြစ်ဘူး...ငါတို့ ​ဖြစ်နိုင်သမျှ နည်းလမ်းတွေ အကုန်သုံးပြီး ပါရမီရှင်တွေကို ပျိုးထောင်ပေးရမယ်... "

" ကျွန်မ နားလည်ပါပြီ..."

ဇီကျင်းက လေးနက်စွာ ခေါင်းညိတ်လိုက်၏ ။

သူတို့ မသိသည်မှာ အုပ်ထိန်းသူ ခေါ်သွားသော ပါရမီရှင်က Black Earth မဟုတ်ပေ ။

All Chapters