နဂါးငွေ့တန်း၏ အိုရိုင်ယန် လက်တံ ၂ ~
Vol. 7 Ch. 105
ဂြိုလ်ပြာ၏ မြောက်ဘက်ခြမ်း...
တောင်များဝန်းရံထားသော ရေကန်တစ်ခု၏ အလယ်တွင် ကျွန်းတစ်ကျွန်း ရှိသည် ။
ကျွန်း၏ အလယ်တည့်တည့်တွင် ထူးခြားလှပသော နန်းတော်တစ်ခု ရှိလေသည် ။
အကန့်အသတ်မဲ့သော ကောင်းကင်အောက်တွင် ကြွက်သားတောင့်တင်းသော သတ်လတ်ပိုင်းအရွယ် အမျိုးသား တစ်ယောက်က စကြဝဠာ ကြီးအား ငေးကြည့်ရင်း လှဲလျောင်းနေသည် ။
ဤလူကား ဂြိိုလ်တစ်ခုလုံး ပြိုင်ဘက်ကင်းသော ရှေးဦးစကြာဝဠာ ၏ အုပ်ထိန်းသူပင် ။
သူနှင့် မလှမ်းမကမ်းတွင် အသားမည်းမည်း လူငယ်လေးတစ်ယောက်က တင်ပျဥ်ခွေထိုင်၍ မျက်လုံးမှိတ်ကာ လေ့ကျင့်နေ၏ ။
'ဒီဂြိုလ်သေးသေးလေးပေါ်မှာ ဒီလိုပါရမီရှင်ကို ရှာတွေ့မယ်လို့ထင်မထားဘူး...'
အုပ်ထိန်းသူက လူငယ်လေးအား လှမ်းကြည့်လိုက်မိ၏ ။
ဤလူငယ်လေးက ရှားနိုင်ငံရှိ တောင်ပေါ်ရွာလေးတစ်ရွာမှ ဖြစ်သည် ။ သူ တစ်ခါမှပင် မကျင့်ကြံဘူးချေ ။ အုပ်ထိန်းသူသည် လူငယ်လေးအား မတော်တဆ ရှာတွေ့ချိန်တုန်းက အချိန်အတော်ကြာအောင်ပင် ထိတ်လန့်သွားခဲ့သည် ။
" နဂါးငွေ့တန်း... "
အုပ်ထိန်းသူက လွမ်းဆွတ်တန်းတဟန်ဖြင့် နဂါးငွေ့တန်း၏ အလယ်ဗဟိုသို့ ကြည့်နေ၏ ။
မစ်ကီးဝေးနဂါးငွေ့တန်းသည် ကြီးမားသော ကြယ်စင်စုကြီး တစ်ခုဖြစ်ပြီး ကြယ်ဘီလီယံ တစ်ရာကျော်ဖြင့် ဖွဲ့စည်းထားသည် ။
နဂါးငွေ့တန်းအတွင် နေထက်ကြီးမားသော ကြယ်ကြီးများ မရေမတွက်နိုင်ပေ ။ နှစ်တိုင်း သက်တန်းကုန်သွားသော ကြယ်များ သေဆုံးနေကြသလို နက်ဗြူလာမှ ကြယ်အသစ်များ မွေးဖွားနေသည် ။
မစ်ကီးဝေး အတွင်း နျူထရွန်ကြယ်များ နှင့် တွင်းနက်ကြီးများကဲ့သို့သော အန္တရာယ်ကြီးမားသည့် အရာများစွာ ရှိပေသည် ။
မစ်ကီးဝေးတွင် ယဥ်ကျေးမှု ( စနစ်ကျတဲ့ လူမှုအဖွဲ့အစည်း ၊ လူ တွေက ယဥ်ကျေးမှုအဆင့် ၁ ပါဗျ) ပေါင်း ၂၀၀၀၀၀ ကျော်ဖြင့် ဖွဲ့စည်းထားသည့် မစ်ကီးဝေး အဖွဲ့ချုပ် ရှိသည် ။
အုပ်ထိန်းသူက မစ်ကီးဝေး အဖွဲ့ချုပ်၏ အသန်မာဆုံး ဖြစ်သော အဆင့် ၉ သက်ရှိ ရီ ဖြစ်သည် ။
လွန်ခဲ့သော နှစ်ပေါင်းနှစ်သောင်း...
မစ်ကီးဝေး ၏ အစွန်းတွင် ရီက အန်ဒရိုမီဒါ ( ကျွန်တော်တို့နေတဲ့ နဂါးငွေ့တန်း နဲ့ အနီးဆုံး နဂါးငွေ့တန်း) မှ အသန်မာဆုံးသူနှင့် တိုက်ခိုက်နေချိန်တွင် မစ်ကီးဝေးမှ အခြား ထိပ်တန်းကျွမ်းကျင်သူများ၏ နောက်ကျောဓားထိုး ခြင်း ခံခဲ့ရသည် ။ ရီ အပြင်းအထန် ဒဏ်ရာ ရသွားခဲ့သည် ။
အဆင့် ၉ သက်ရှိ ဆယ်ယောက်ကျော် ဝိုင်းတိုက်ခိုက်ခြင်းကို ခံရသဖြင့် ရီသည် အချိန်နှင့်အာကာသကို အတင်းအကြပ် ဆုပ်ဖြဲ၍ ထွက်ပြေးခဲ့ရသည် ။
အမည်မသိ နေရာတစ်ခုသို့ရောက်၍ ဂြိုလ်ပြာကို တွေ့ရှိခဲ့ရပြီး အနားယူကုသရန် ပြင်ဆင်နေချိန်တွင် အဆင့်၉ သက်ရှိ များ ပါလာသော စစ်သဘေ်ာ ကိုးစင်းက လိုက်မီလာခဲ့သည် ။ စစ်သဘေ်ာများက သူ့အား ဂြိုလ်ဖျက်လက်နက်ဖြင့် ပစ်ခတ်ရန် ပြင်လိုက်ချိန်တွင် အန္တရာယ်အကျပ်အတည်းကြောင့် သူညဏ်အလင်းရပြီး အဆင့်တက်သွားခဲ့သည် ။
ရီက သူ့တွင် ကျန်ရှိသော ခွန်အားလက်ကျန်ကို သုံး၍ အလွန်ကြီးမားသော ခန္ဓာကိုယ်အဖြစ် အသွင်းပြောင်းခဲ့ပြီး သူ၏ နတ်ဘုရားလေးဖြင့် စစ်သဘေ်ာကိုးစီးကို ပစ်ချခဲ့သည် ။ မည်သူမှ အသက်မရှင်ခဲ့ပေ ။ ရီအနိုင်ရခဲ့၏ ။
သို့သော်လည်း ထိုတိုက်ပွဲတွင် သူ၏ အသက်အရင်းအမြစ်ကို ထိခိုက်ခဲ့သဖြင့် နေ၏ အူတိုင်သို့ သွား၍ ကုသနေခဲ့သည် ။ သူ၏ စွမ်းအင် စုပ်ယူမှုကြောင့် နေ၏ အလင်းအား လျော့နည်းသွားခဲ့ပြီး ဂြိုလ်ပြာအား ရေခဲခေတ်သို့ ကျရောက်စေခဲ့သည် ။
ထိုအချိန် ဂြိုလ်ပြာတွင် ရှေးဦးလူသားများ ရှိနေပြီဖြစ်သည် ။ ထိုလူသားများက ရီ၏ တိုက်ပွဲကို မြင်တွေ့ခဲ့ကြပြီး ထိုမြင်ကွင်းကို မျိုးရိုးဗီဇတွင် ရေးထွင်းသလိုဖြစ်သွားခဲ့သည် ။
ရေခဲခေတ်အတွင်း များစွာသော လူသားများက ကျင့်ကြံနည်းကို ရှာဖွေတွေ့ရှိခဲ့ကြပြီး လူသားများ၏ ဒဏ္ဍာရီ ခေတ်ကို စတင်ခဲ့သည် ။
သို့သော်လည်း အချိန်ကြာလာသည်နှင့်အမျှ မျိုးရိုးဗီဇတွင် ရေးထွင်းထားသော စွမ်းအားများက အားနည်းသထက် အားနည်းလာခဲ့လေသည် ။ နောက်ဆုံး လွန်ခဲ့သော နှစ် နှစ်ထောင် သုံးထောင်အချိန်ခန့်တွင် ဒဏ္ဍာရီ ခေတ်၏ အဆုံးသို့ ရောက်ရှိခဲ့၏ ။
ဒဏ္ဍာရီ ခေတ်တွင် ဗျူဟာများက အရေးမပါခဲ့ပေ ။ စစ်ပွဲများ၏ အဆုံးအဖြတ်ကို အသန်မာဆုံးသူများ အပေါ်တွင်သာ မူတည်၍ ဖြစ်ခဲ့ကြရသည် ။ ညဏ်ရည်ထက်မြက်မှုက အရေးမပါတော့ ။ လက်သီးလုံလောက်အောင် မမာလျှင် အထိုးခံရမည်သာဖြစ်သည် ။
ဒဏ္ဍာရီ ခေတ် ကုန်ဆုံးချိန်ကြမှသာ ဗျူဟာများက အရေးပါလာခဲ့၏ ။ စစ်ပွဲကိုအနိုင်ရရန် မည့်သည့်နည်းလမ်းမဆို လုပ်ခဲ့ကြသည် ။
လွန်ခဲ့သော နှစ်ပေါင်း ၈၀၀၀ က ရီသည် စွမ်းအင်အလုံအလောက် စုပ်ယူခဲ့ပြီးဖြစ်၍ နေမှ ထွက်လာခဲ့၏ ။ ဂြိုလ်ပြာပေါ်ရှိ လူသူမတွေ့နိုင်သည် နေရာတွင် နေထိုင်၍ ပြန်လည်ကုသနေခဲ့သည် ။
လွန်ခဲ့သောနှစ် ၃၀၀ က သူ့ကိုသူ သေဆုံးတော့မည်ကို သိလိုက်၏ ။ သို့သော်လည်း သူ၏ နေရပ်သို့ မပြန်ရဲပေ ။ သူ၏ ရန်သူများကို တိုက်ခိုက်ရန် သူ့တွင် လုံလောက်သော အင်အားမရှိတော့ ။
ထို့ကြောင့် ရီသည် ဂြိုလ်ပြာ၏ ယဥ်ကျေးမှုကို လမ်းညွှန်ခဲ့ပြီး သိုင်းပညာရှင်ခေတ်ကို ပြန်လည်စတင်ခဲ့သည် ။ ဂြိုလ်ပြာရှိ သန်းချီသော လူများကြားတွင် သူ၏ အမွေဆက်ခံနိုင်မည့်သူကို ရှာဖွေချင်ခဲ့သည် ။
ရီသည် လွန်ခဲ့သော နှစ်ငါးဆယ်က လူသားများ၏ ကျင့်ကြံမှုကို အထောက်အကူပြုစေရန် ရှေးဦးစကြာဝဠာ ကို စစ်သဘေ်ာတစ်စီး၏ ညဏ်ရည်တုကို အသုံးပြုကာ ဖန်တီးခဲ့သည် ။
ယခုကာလအတွင်း ဂြိုလ်ပြာတွင် ကျွမ်းကျင်သူ မြောက်များစွာ ပေါ်ထွက်ခဲ့သော်လည်း သူလိုချင်သည့် ပါရမီရှင် ပေါ်ထွန်းမလာခဲ့ပေ ။
ယခု ညသန်းခေါင်ယံ အချိန်သာ ရှိနေသေးသည် ။ ရီက ကောင်းကင်ရှိ ကြယ်များကို ကြည့်နေဆဲပင် ။
' နဂါးငွေ့တန်းထဲက ငါဘယ်နေရာမှာ ရှိနေလဲဆိုတာ ပြောဖို့ခက်တယ်... "
ရီ တွေးလိုက်မိ၏ ။ သာမန်လူများအား တောနက်ထဲသို့ ပစ်ချခဲ့သလိုပင် အိမ်အပြန်လမ်းရှာရန် ခက်ခဲလှသည် ။
ရီက ခြေဦးတည့်ရာ ထွက်ပြေးလာခဲ့သဖြင့် သူရောက်နေသည့်နေရာကို မသိခဲ့ပေ ။
' နောက်ဆုံးတော့ ငါရောက်နေတဲ့ နေရာကို ကြယ်တွေကြည့်ပြီး ခန့်မှန်းနိုင်ခဲ့ပြီ... နဂါးငွေ့တန်းထဲ ရှိနေသေးပင်မဲ့ စွန့်ပစ်ခံဒေသ ထဲရောက်နေတာပဲ...'
မစ်ကီးဝေးဂလက်ဆီ ( နဂါးငွေ့တန်း) အား အတွင်းမှ အပြင်သို့ အဓိက လေးပိုင်းခွဲခြားထားသည် ။ ငွေရောင်နှလုံးသား ၊ ငွေရောင်ချပ်ပြား ၊ ငွေရောင်သရဖူ နှင့် ခရုပတ်ပုံစံ လက်တံ ဟူ၍ ဖြစ်သည် ။
အတွင်းသို့ ရောက်လေ စွမ်းအင်များ ပိုကြွယ်ဝလေဖြစ်ပြီး အပြင်သို့ရောက်လေ စွမ်းအင်များ ကြဲပါးလေ ဖြစ်သည် ။
ခရာပတ်ပုံစံတွင် လက်တံ ခြောက်ခု ရှိပြီး အဓိက လက်တံလေးခုနှင့် အသေးနှစ်ခုဖြစ်သည် ။
' ခု ငါက စာဂျစ်တေးရီးယပ် ( စာလုံးပေါင်းကို ခွင့်လွှတ်ပါဗျ ) နဲ့ ပါစီးယပ် ( ဒါရောပဲ 😁 ) ကြားက အိုရိုင်ယန် လက်တံ ထဲမှာပဲ...'
ရီ ကစိတ်ညစ်သွား၍ သက်ပျင်းချလိုက်၏ ။ ဤနေရာက စွန့်ပစ်ဒေသများထဲက အဆိုးဆုံးနေရာပင် ။ ဂြိုလ်ပြာဖြင့်ယှဥ်ရလျှင်...
ငွေရောင်နှလုံးသားက မြို့တော်ဖြစ်လျှင် ငွေရောင်ချပ်ပြားက မြို့ကြီးတစ်မြို့ဖြစ်သည် ။ ငွေရောင်သရဖူက မြို့ငယ်လေးဖြစ်ပြီး လက်တံခြောက်ခုက ရွာများဖြစ်သည် ။ အသေးဆုံး လက်တံလေး ဖြစ်သော အိုရိုင်ယန်က အဆင်းရဲဆုံးသော တောင်ပေါ်ရွာငယ်လေးပင် ။
ဤသို့သော နေရာတွင်လူများရှိနေသည်က အတော်ရှားပါးပေသည် ။ ဂြိုလ်ပြာပေါ်တွင် လူများသာ မရှိခဲ့ပါက ရီ၏ လက်ချက်ဖြင့် တစ်ဂြိုလ်လုံး ပြောင်နေပြီဖြစ်သည် ။
' သူက ပိုတောင်ရှားသေးတယ်...'
ရီက သူ့ဘေးနားမှ လူငယ်လေးကို ကြည့်လိုက်မိ၏ ။
' သူက သိုင်းတစ်ခါမှ မလေ့ကျင့်ဘူးတာကို ဥပဒေသတွေကို ခံစားနိုင်နေတယ်... ဒီလို ပါရမီရှင်မျိုး...မစ်ကီးဝေးဌာနချုပ်နဲ့ ငွေရောင်နှလုံးသားမဟာမိတ်က သူ့ကိုရှာတွေ့ရင် ချက်ချင်း အဓိက တပည့် အဖြစ် လက်ခံလောက်တယ်... '
မစ်ကီးဝေးရှိ ယဥ်ကျေးမှု ၂၀၀၀၀၀ ကျော်တွင် ဤသို့သော ပါရမီရှင်မျိုး ပေါ်မလာဘူးပဲ ပျောက်ကွယ်သွားသည့် ယဥ်ကျေးမှုများပင် ရှိသည် ။
' ဟင်း... ဒီလို ပါရမီရှင်မျိုးကတောင် ငါ့အမွေကို ဆက်ခံနိုင်ဖို့မလွယ်ဘူး...'
ရီသည် မစ်ကီးဝေး၏ အသန်မာဆုံး အဆင့် ၉ သက်ရှိ ဖြစ်ပေသည် ။ ထို့ကြောင့် သူ၏ အမွေကို ဆက်ခံနိုင်ရန် မလွယ်ကူချေ ။
' ငါ သေခံနီးတဲ့အထိ ငါ့အမွေကို သူမဆက်ခံနိုင်ရင် သေရမှာပဲ... '
ရီ၏ မျက်လုံးများက အေးစက်လာပြီး...
' ဒီနေအဖွဲ့အစည်းရဲ့ သဘာဝရှုခင်းတွေက အရမ်းသာယာတယ်... နှစ်ဘီလီယံလောက်အထိလည်း ပျက်ဆီးအုံးမှာ မဟုတ်ဘူး...ငါ သေဖို့ နေရာကောင်းပဲ... ဒါပင်မဲ့ ငါသေပြီးရင် ငါ့ဂူကို လာနှောက်ယှက်မခံနိုင်ဘူး... '
ဂြိုလ်ပြာပေါ်မှ လူတော်တော်များများက သူ့ကို သိကြသည် ။
ရီက သူသေလျှင် နေအဖွဲ့အစည်းအပြင်ဘက်ရှိ ပတ်လမ်းကြောင်းဖြစ်သော ကိုင်ပါဘယ်လ်(ထ်) သို့မဟုတ် ပိုဝေးသော အော့တ်ကလောက်တွင် သေရန် စဥ်းစားထားသည် ။ သို့သော်လည်း ဂြိုလ်ပြာ၏ တိုးတက်မှုအရ နှစ်ရာဂဏန်းလောက်ကြာပြီးလျှင် သူ့ဂူအား လာတူးကြပေတော့မည် ။
ရီကဲ့သို့ ကြီးမြတ်သူ တစ်ယောက်က သူ့ဂူအား လာတူးမည်ကို မည်သို့ သည်းခံနိုင်ပါမည်နည်း ။ ထို့ကြောင့် သူသေဆုံးခါနီးတွင် ဂြိုလ်ပြာ၏ ယဥ်ကျေးမှုကို အစမှ ပြန်စပေးရန် ဆုံးဖြတ်ထားသည် ။ လူတိုင်း သူ၏ ဖြစ်တည်မှုကို မေ့သွားစေရမည် ။
' ဂြိုလ်ပြာတစ်ခုလုံးရဲ့ ကံကြမ္မာက တောင်ပေါ်ရွာလေးက ကလေးတစ်ယောက်အပေါ်မှာ မှီခိုနေရမယ်လို့ ဘယ်သူထင်မလဲ..."
ရီ ခေါင်းခါရင်း ပြုံးလိုက်မိ၏ ။