မင်းရဲ့ကြင်နာမှုကို ငါဘယ်လို ငြင်းရက််််မှာလဲ
Vol. 7 Ch. 101
~
ဧည့်ခံသည့် ဟိုတယ် က ဂျင်ရုံအနားတွင် ဖြစ်သည် ။
လီးကျားရွှမ်အား ဧည့်ခံရင်း ဂျင်ရုံမှ အမှတ်များကိုလည်း သူလက်လွတ်မခံနိုင်ပေ ။
' ဒီနေ့ည တက်ကြွအညွှန်းကိန်းက ၅၀ ပဲရှိတယ်... ဂျင်ရုံအဝင်ဝလောက် မကောင်းဘူး...'
လင်းမို့ အနည်းငယ် ဝမ်းနည်းသွား၏ ။
' ဘာပဲဖြစ်ဖြစ် ငါ အဆင့် ၅ ရောက်ပြီးကတည်းက ဂျင်ရုံက ရတဲ့ အညွှန်းကိန်းက ဘာမှ သိပ်မထူးတော့ဘူး...'
အဆင့်မြင့်လာလေလေ တိုးတက်ဖို့ရန် ပိုမိုခက်ခဲလာလေလေ ဖြစ်သည် ။ သူအဆင့် ၅ သို့ ရောက်ပြီးနောက် သူ၏ တိုက်ခိုက်ရေးစွမ်းရည်အဆင့် တိုးနှုန်း အတွေ့အကြုံးဘားမှာ အရှည်ကြီးဖြစ်သွားပုံရသည် ။
' ဒီမြို့မှာ ငါဆက်နေရင် အဆင့်၅ အလယ်ဆင့်ရောက်ဖို့ နှစ်ဝက်လောက် ကြာမယ်ထင်တယ်... '
သူ၏ အဆင့်တက်နှုန်း လွန်စွာနှေးကွေးသွားသည်ကို သူသတိထားမိ၏ ။ စာမေးပွဲပြီးသည်နှင့် တက်ကြွအညွှန်းကိန်း ပိုမြင့်သည့် မြို့ကြီးများဆီသို့ သွားရပေတော့မည် ။
လင်းမို့ အတွေးများကို ရှင်းထုတ်လိုက်ပြီး စားပွဲပေါ်သို့ အာရုံစိုက်လိုက်သည် ။
သူတို့ သုံးယောက် အတော်မူးနေကြလေပြီ ။ တစ်ယောက်နှင့် တစ်ယောက် ညီလေး အကိုကြီးများပင် ခေါ်နေကြလေသည် ။
" ဟောက်ရန်... မင်းဒီနေ့ ခက်ခဲသွားပြီ..."
လင်းမို့က ဟောက်ရန်အား ခွက်မြှောက်၍ ဂုဏ်ပြုပေးလိုက်သည် ။ သူ ဟောက်ရန်၏ ပန်ဒါ ကဲ့သို့ မဲနေသော မျက်ကွင်းနှစ်ကွင်းကို မကြည့်ဘဲ မနေနိုင် ။
ဟောက်ရန် တစ်ယောက် သူ့အဖေ၏ ဝိုင်ပုလင်းကို ခိုးရင်း အရိုက်ခံလိုက်ရသည် ။
" ဒါဘာမှ မဖြစ်ပါဘူး... "
ဟောက်ရန်က အမှုမထားဟန်ဖြင့် ပြုံးလိုက်ပြီး...
" ထူးဆန်းတာတစ်ခုက... ကျွန်တော်က အကိုမို့သောက်ဖို့လို့ ပြောလိုက်တော့အဖေက ဆက်မရိုက်တော့ဘူး... "
လင်းမို့သည် ဟောက်ရန်အား ဂရုဏာသက်စွာဖြင့် ကြည့်ပြီး တွေးလိုက်မိ၏ ။
' အော် ဟောက်ရန် ဟောက်ရန်... သနားစရာ ဟောက်ရန်လေး... ငါက မင်းအဖေရဲ့ သွေးသောက်ညီကွ... မင်းသာစောစော ပြောလိုက်ရင် အရိုက်ခံရမှာ မဟုတ်ဘူး... '
" ညီလေး ဟောက်ရန်... "
လီကျားရွှမ်က အရက်နံ တထောင်းထောင်းဖြင့် ထပြောလိုက်သည် ။
" ခုကစပြီး မင်းက ငါ့ညီအရင်းပဲ... "
ဤနေ့ကား လီကျားရွမ်အတွက် မှော်ဆန်သည့် နေ့တစ်နေ့ပင် ။ သူ ယီမိုအား တွေ့ရန် ကီလိုမီတာ ရာချီ၍ လာခဲ့ရသော်လည်း ယီမိုအား သူ့အဖေက ခေါ်သွားလေသည် ။
သူ လာခဲ့ရသည်ကို အလဟသပ် မဖြစ်စေရန် လင်းမို့ကို ကွာခြားမှု ပြလိုက်မည်ဟု ဆုံးဖြတ်၍ လင်းမို့ဆီသို့ သွားခဲ့သော်လည်း ဖော်ရွှေလှသူ လင်းမို့၏ စည်းရုံးခြင်းကို ခံလိုက်ရသည် ။ ယခုတော့ ခုမှ ခင်မင်ခွင့်ရသည့်အတွက်ပင် နောင်တရနေချေပြီ ။
" ညီလေးလင်း... ဒီနေ့ မင်း ဧည့်ခံတာကို ငါကျေနပ်တယ်..."
လီကျားရွမ်က လင်းမို့၏ ပုခုံးကို ပုတ်၍ ပြောလိုက်ပြီး သူ့ရင်ဘက်သူ ပုတ်ကာ ...
" မင်းတို့ ကျန်းနန်လာရင် ငါ့တာဝန်ထား... ငါကို လာရှာဖို့မမေ့နဲ့... "
" အကိုလီ... "
လင်းမို့က မူးနေသော်လည်း စိတ်စွမ်းအားရှင်ဖြစ်ရန် ကုန်းဆင်းရမည်ကို မမေ့သေး ။ သူ လေ့ကျင့်သည့်အကြောင်းများအားမေးတော့သည် ။
" အကိုတို့ တက္ကသိုလ်ကျောင်းသားတွေက အရမ်းကြိုးစားကြတယ်လို့ ကျွန်တော် ကြားဖူးတယ်... "
" ဒါပေါ့ကွ ..."
လီကျားရွမ်က စဥ်းစားမနေဘဲ ကြွားလုံးထုတ်လိုက်၏ ။
" အထူးသဖြင့် ငါတို့လို စိတ်စွမ်းအားရှင်တွေက တစ်ရက်မှ မလေ့ကျင့်ဘဲ မနေနိုင်ဘူး... "
လင်းမို့ မျက်ခုံးပင့်လိုက်၏ ။ သူစိတ်အေးသွားပေသည် ။ သူအရက်လိုက်တိုက်ရသည်က အလကားမဖြစ်ခဲ့ပေ ။ သူယနေ့ည စိတ်စွမ်းအားရှင် ဖြစ်ပေတော့မည် ။
နောက်ထပ် အနည်းငယ် ဆက်သောက်ကြပြီးနောက် လင်းမို့က...
" နောက်ဆုံးတစ်ခွက်... ချီးယား... ဟောက်ရန် ငါအရင်သွားအိပ်တော့မယ်နော်... အကိုလီ ကို စိတ်စွမ်းအား ကောင်းကောင်းလေ့ကျင့်နိုင်အောင် အကောင်းဆုံးအနားယူနိုင်အောင် စီစဥ်ပေးလိုက်... "
လင်းမို့ ဆိုလိုသည်က အကြောများပြေလျော့သွားစေရန် ခြေထောက်ရေစိမ်သည့် အနှိပ်ခန်းခေါ်သွားခိုင်းခြင်းဖြစ်သည် ။
သို့သော် အမူးလွန်နေသည့် ဟောက်ရန်က သေချာမကြားတော့ ။ အတွေ့အကြုံ ၊ စိတ်ရှင်းစေရန် နှင့် ပေါ့ပါးသွားစေရန်တို့ကိုသာ မရှင်းမရှင်း ကြားလိုက်ရ၏ ။
" အကိုမို့ စိတ်ချ... အကိုလီကို အကောင်းဆုံး အတွေ့အကြုံတွေ ဖြည့်စည်းပေးလိုက်မယ်... "
ဟောက်ရန်က လင်းမို့အား ယောကျ်ားအားလုံး နားလည်သည့်အပြုံး ပြုံးပြလိုက်သည် ။
" အေးအေး... ကျေးဇူးတင်တယ်ကွာ..."
လင်းမို့ ထိုအပြုံးကို နားမလည်လိုက်ဘဲ ဟောက်ရန်၏ ပခုံးကို ပုတ်၍...
" အကြာကြီး မနေကျနဲ့အုံး... စောစောအိပ်ကြ..."
" ငါ နားလည်ပါတယ်... "
ဟောက်ရန်က ဖြောင့်မတ်စွာဖြင့်...
" ငါက အထက်တန်းကျောင်းသားပဲရှိသေးတာကို မဟုတ်တာ လုပ်စရာလား... ငါအကိုလီ အတွက် စီစဥ်ပေးပြီးတာနဲ့ အိပ်တော့မှာ..."
" အေးပါ... အေးပါ..."
လင်းမို့ က ထိုစကားများ အနည်းငယ် ထူးဆန်းသည်ဟု ခံစားမိလိုက်သော်လည်း သူမူးနေသဖြင့် ဘာမှ မစဥ်းစားနိုင်တော့ ။ သူ၏ အိပ်ခန်းရှိရာ အပေါ်ထပ်သို့ တက်သွားလိုက်၏ ။ ရေမိုးချိုးပြီးနောက် အိပ်လိုက်တော့သည် ။ မျှော်လင့်ချက်များ အပြည့်ဖြင့် ။
' ငါ မနက်နိုးလာရင် စိတ်စွမ်းအားရှင် ဖြစ်ပြီကွ...'
လင်းမို့တို့ နေသော ရှန်ဟိုင်း ဟိုတယ်က ဟိုင်းချန်ရှိ ထိပ်တန်း ဟိုတယ် တစ်လုံးပင် ။
ဟိုတယ်အတွင်း အလိုရှိသမျှ ရနိုင်၏ ။ ရသင့်သည်ကော မရသင့်သည်ကော အကုန်ရှိပေသည် ။
ဟောက်ရန်နှင့် လီကျားရွှမ်က တစ်ယောက်ကို တစ်ယောက်တွဲ၍ တတိယထပ်ရှိ ဖျော်ဖြေရေးကျင်းပရာနေရာသို့ ရောက်လာကြသည် ။ သူတို့ ဓာတ်လှေကားမှ ထွက်သည်နှင့် အလွန်းစူးရှ ပြင်းထန်လှသော အမွှေးနံ့များကို ရလိုက်၏ ။
" အကိုလီ... အကိုဟိုင်းချန်မြို့ကို လာလည်ဖို့ဆိုတာ တကယ်ကို ရှားတယ် ...အကိုမို့ကလည်း အကိုလီ လိုအပ်တာ အကုန်စီစဥ်ပေးလိုက်တဲ့..."
ဟောက်ရန်က အဓိပ္ပါယ်အပြည့်ဖြင့် ပြုံးလိုက်ပြီး...
" ကျွန်တော့် သူငယ်ချင်းတစ်ယောက်ကပြောတယ် ဒီနေ့ ဒီမှာ လက်ဖက်စိမ်းလေးတွေ အသစ်ရောက်တယ်တဲ့... လစ်ဘရယ်တက္ကသိုလ် ကျောင်းသူလေးတွေကြည့်ပဲနော်..."
လီကျားရွှမ်က မျက်ခုံးပင့်လိုက်ပြီး...
" ငါညီကောင်းလေး... မင်းက ပြည့်ပြည့်စုံစုံကို စီစဥ်တက်တာပဲ... ငါ ဒါမျိုးတွေ စိတ်မဝင်စားပင်မဲ့... ငါငြင်းလိုက်ရင် ငါတို့ညီအကို ဆက်ဆံရေးကို ထိခိုက်စေလိမ့်မယ်... ငါတို့က ညီအကို အရင်းတွေလိုပဲဆိုတော့..."
" အကိုလီ ဆက်မပြောနဲ့ ရပြီ ကျွန်တော်နားလည်ပြီ..."
ဟောက်ရန်က ရယ်လိုက်ပြီး...
" အကိုလီ ကိုယ့်ဘာသာ ပျော်ပါတော့... ကျွန်တော် သွားအိပ်တော့မယ်... "
လီကျားရွှမ်က ဖိုးစမ်း ( 🤣) ရန် ဖိတ်ခေါ်နေခြင်းကို သူနားလည်ပေသည် ။
ဟောက်ရန်က အနည်းငယ်သွေးဆောင်ခံလိုက်ရသော်လည်း...
" အကိုလီ... ကျွန်တော်က အထက်တန်းကျောင်းသားပဲ ရှိသေးတာလေ... စာမေးပွဲက နှစ်ရက်အတွင်းဖြေရတော့မယ်... ကျွန်တော် လုပ်လို့မဖြစ်ဘူး..."
" အဲ့တာဆိုလည်း ငါဆွဲမထားတော့ဘူး ..."
လီကျားရွှမ်က စိတ်မရှည်စွာဖြင့်...
" မြန်မြန် ငါ့အတွက် စီစဥ်လိုက်တော့... "
သို့သော်လည်း လီကျားရွှမ် မသိလိုက်သည်က ဟိုင်းချန် သိုင်းဌာနမှ စေလွှတ်လိုက်သော ဒုစရိုက်နှိမ်နင်းရေးအဖွဲ့က ဟိုင်းချန်မြို့တွင် တိတ်တဆိတ် ပေါ်လာပေသည် ။
အဖွဲ့ခေါင်းဆောင်၏ မျက်နှာက ကျောက်ရုပ်အသွင်ဖြစ်နေပြီး အရယ်အပြုံးမရှိချေ ။ ညှိနှိုင်းရန် လွယ်ကူမည့် သူမျိုးမဟုတ် ။ လမ်းဘေးတစ်နေရာတွင် ထိုအဖွဲ့ခေါင်းဆောင်က သူ့အဖွဲ့သားများအား ဆုံးမနေသည် ။
" မင်းတို့အားလုံး ရုံးချုပ်က ပို့တဲ့စာကို ဖတ်ပြီးကြပြီမလား... ဆာကူရာ(ချယ်ရီပန်း) နိုင်ငံက မစ္စတန့်ယွမ် ...အဆင့် ၇ စိတ်ထိန်းချုပ်သူကို Black Earth က တိုင်စာပို့လိုက်တယ်ဆိုတာ အကုန်သိမယ်ထင်တယ်... "
ခေါင်းဆောင်က တည်ငြိမ်သော လေသံဖြင့်...
" Black Earth က အသက်ဆယ့်ရှစ်နှစ် တတိယတန်းကျောင်းသား ... သူဘာလို့ အဆင့် ၇ စိတ်ထိန်းချုပ်သူရဲ့ လက်ကလွတ်တာလည်း သိလား... အဲ့တာ သူ့ရဲ့ ဖြောင့်မတ်မှုကြောင့်ပဲ... "
" ရုံးချုပ်က ငါတို့ သိုင်းဌာနက လူတွေအားလုံး Black Earth ဆီက သင်ယူရမယ်လို့ပြောတယ်.. ဖြောင့်မတ်ခြင်းကပဲ မကောင်းမှုတွေကို ဖယ်ရှားနိုင်မယ်... "
" ငါတို့ ကျန်းနန် စီရင်စု သိုင်းဌာန ခေါင်းဆောင် ယွီပုရှောင်က မကောင်းမှုတွေကို ဖယ်ရှားနိုင်ဖို့ ကျန်းနန်စီရင်စုမှာရှိတယ့် ပြည့်တန်ဆာ ရုံတွေကို အကုန်ဖမ်းမိန့်ပေးထားတယ်... "
" ဒီနေ့ည ငါတို့ စပလိုင်းချက်ကို ဟိုင်းချန်မြို့က စမယ်... ဒီနေ့ညငါတို့ ပစ်မှတ်က ဟိုင်းချန်မြို့မှာရှိတယ့် ထိပ်တန်း ဟိုတယ်တွေပဲ... "
ခေါင်းဆောင်က အမိန့်ပေးသည့် လေသံဖြင့်...
" မင်းတို့မှာ မေးစရာမရှိတော့ဘူးဆိုရင် စစ်ဆင်ရေးစမယ်..."