← Chapters

အဆင့် ၅ ~

Vol. 7 Ch. 94

အဆင့် ၅ ~

Vol. 7 Ch. 94

နေကား ဝင်သွားလေပြီ ကောင်းကင်တစ်ခုလုံး တိမ်တောက်နေသည့်အတွက် အနီရောင်များ ဖုံးလွှမ်းလျက်ရှိသည် ။

ဂျင်ရုံက မီးများ ထိန်ထိန်လင်းနေ၏ ။

ဂျင်ရုံအပြင်ဘက်တွင် လင်းမို့နှင့် ဟောက်ရန်တို့ ဟော့ပေါ့ အသားကင် ထိုင်စားနေကြသည် ။

တခြားသူများ၏ ထရိုက်မတက် ကြည့်နေသော အကြည့်များအောက်တွင် ဟောက်ရန်က ပျော်ရွှင်နေပေသည် ။

ဂျင်ရုံအတွင်းရှိ ကျန်းရွှယ်တစ်ယောက် အနည်းငယ် စိတ်အနှောက်အယှက်ဖြစ်နေသည် ။

သူမ လင်းမို့နှင့် ယန်ယီမိုတို့ ချိန်းတွေ့နေသည့်အကြောင်းကို ကြားထားပြီးဖြစ်သည် ။ သူမ၏ နောက်လိုက်ကို တစ်ယောက်ယောက်က ခိုးယူသွားသည်ဟု ခံစားနေရ၏ ။ သူမ လင်းမို့ကို နားမလည်နိုင်တော့ ။

ကျန်းရွှယ်၏ အမြင်တွင် လင်းမို့ ဂျင်ရုံသို့ နေ့တိုင်းလာနေသည်မှာ သူမကို လာရှာသည်ဟု မှတ်ယူထားခဲ့သည် ။ သို့သော် လင်းမို့သည် အဘယ်ကြောင့် ယန်ယီမိုနှင့် ငါးကင်သွားစား နေပါသနည်း ။

သူမ ထိုအကြောင်းတွေးရင်း ရူးတော့မလို ဖြစ်လာ၏ ။ သူမ နှလုံးသားလေး သက်တောင့်သက်သာ မရှိတော့ပေ ။

" အား...."

တဟုန်ထိုး ခံစားချက်များကြောင့် သူမ မထိန်းချုပ်နိုင်လိုက်ဘဲ အော်ဟစ်မိလိုက်သည် ။

" ဘုန်း..."

အချိန်အတော်ကြာ ဖိနိုပ်ခံထားရသော အားတစ်ခုက သူမ တစ်ကိုယ်လုံးကို ဖြတ်သန်းစီးဆင်းသွားခဲ့၏ ။ သူမ၏ ခွန်အားက နောက်အဆင့်သို့ ရောက်ရှိသွားလေပြီ ။

" ဒါ ဒါ... အဆင့် ၃ "

သူမကို သူမ မယုံကြည်နိုင်သေး ။

' ငါ အဆင့် ၃ ရောက်သွားတာလား...'

သူမ အော်ဟစ်လိုက်မိသဖြင့် ဂျင်ရုံတစ်ခုလုံးက သူမကို ဝိုင်းကြည့်နေကြသည် ။ ဆရာကလည်း သတိထားမိ သွား၏ ။

ခဏကြာလျှင် ဂျင်ရုံတစ်ခုလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားကြသည် ။

ကျန်းရွှယ်က တိုက်ခိုက်ရေးစွမ်းရည် အဆင့် ၃ သို့ရောက်သွားသည့်အပြင် လက်သီးပြင်းအား ၁၂၀၀ ကီလို ကျော်နေပြီဖြစ်၍ သိုင်းပညာရှင် ဖြစ်နေပြီဖြစ်သည် ။

သူတို့ ကြိုတင်ပြင်ဆင်မှုအတန်းက သိုင်းပညာရှင်တစ်ယောက် မွေးထုတ်ပေးနိုင်ခဲ့လေပြီ ။

ရှားနိုင်ငံ၏ ပါရမီရှင်စာရင်း ဝင်သူများမှာ တိုက်ခိုက်ရေးစွမ်းရည် အဆင့် ၄ ရောက်နေကြသူများ ၊ စိတ်စွမ်းအားရှင်များ ၊ စိတ်ထိန်းချုပ်သူများ သာ ဖြစ်ကြသည် ။ သူတို့နှင့် ယှဥ်လျှင် သာမန်သိုင်းပညာရှင်များက ခွေးလောက်ပင် တန်ဖိုးရှိမည်မဟုတ်ချေ ။

သို့သော်လည်း သာမန်သိုင်းပညာရှင်များမှာ မြို့ငယ်လေးများတွင် နေရာတိုင်းတွေ့နိုင်သည့် သာမန်လူများ မဟုတ်ပေ ။

ဟိုင်းချန်ကဲ့သို့ မြို့ငယ်လေးတွင် နှစ်များစွာကြာမှ တတိယနှစ် တွင် သိုင်းပညာရှင်ဖြစ်လာသည့် ပါရမီရှင်မျိုး ထွက်ပေါ်လာတက်သည် ။

ထို့ကြောင့် လူအများရှေ့ အဆင့်တက်သွားသော ကျန်းရွှယ်ကြောင့် အံ့အားသင့်ကုန်ကြသည် ။ ဂျင်ရုံတစ်ခုလုံး ဆူညံသွားကြ၏ ။

လင်းမို့သည် ထိုအသံများကို မကြားရတော့ ။ သူ၏ စိတ်အာရုံအတွင် ပိုမိုကြီးမားသော ပေါက်ကွဲမှုကြီး ဖြစ်ပေါ်နေသောကြောင့်ပင် ။

" ဒင် ...ဂုဏ်ယူပါတယ် ပိုင်ရှင်... သင် တိုက်ခိုက်ရေးစွမ်းရည်အဆင့် ၅ သို့ ရောက်ရှိသွားပါပြီ..."

အဆင့် ၅...

သူအဆင့် ၅ သို့ရောက်ရှိနိုင်ရန် ဂျင်ရုံရှေ့တွင် ရက်များစွာ လာစားပြနေခဲ့ရသည် ။ အကင်နှင့် ဟော့ပေါ့ အစားများလွန်းသဖြင့် သူအန်ထွက်တော့မတက်ပင် ။ သူ နောက်ဆုံးတော့ အဆင့်၅ သို့ရောက်ရှိခဲ့လေပြီ ။

" အဆင့် ၄ နဲ့ အဆင့် ၅ ကြားက ချောက်နက်ကြီးလိုပဲ..."

လင်းမို့ ထိုစကားကို အဆင့်တက်ပြီး ဖြစ်၍ နားလည်သွားပြီဖြစ်သည် ။

အဆင့် ၅ သို့ရောက်လျှင် ခန္ဓာကိုယ်ရှိ ဆဲလ်များကို မိုက်ခရိုစကုတ်အဆင့်အထိ ထိန်းချုပ်နိုင်သွားသည် ။ အဆင့် ၄ အထိ ဓားဖြင့်ထိုးခံရလျှင် ဒဏ်ရာကြီးကြီးမားမား ရမည်ဖြစ်သော်လည်း အဆင့် ၅ သို့ရောက်သည်နှင့် ဓားဖြင့်ထိုးခံရလျှင် ဆဲလ်အနည်းငယ်သာ သေဆုံးသွားပေမည် ။ ဒဏ်ရာဟု ခေါ်ဆိုနိုင်တော့မည်မဟုတ်ချေ ။

အဆင့် ၅ အစောပိုင်းအဆင့်ကို တက်ကြွခြင်းဟု ခေါ်ဆိုပြီး ခန္ဓာကိုယ်တစ်လုံး၏ ခွန်အားများတိုးလာပြီး ပြန်လည်ကုသ သည့်အမြန်နှုန်း တိုးလာမည်ဖြစ်သည် ။

အဆင့် ၅ အလယ်ဆင့်အား သွေးစက်အဆင့် ဟုခေါ်ပြီး ဒဏ်ရာရလျှင် သွေးထွက်တော့မည် မဟုတ်ပေ ။ ခန္ဓာကိုယ်ရှိ သေဆုံးသွားသော ဆဲလ်များကို ဖယ်ရှားနိုင်ပြီး ပြန်လည်သက်သာနှုန်း ပိုမိုမြန်ဆန်လာမည်ဖြစ်သည် ။

အဆင့်၅ နောက်ဆုံးအဆင့်ကို ချို့ယွင်းချက်မရှိ ဟု ခေါ်ပြီး ဤအဆင့်သို့ ရောက်လျှင် ဓားဖြင့် ထိုးခံရပါက ဆဲလ်များက ဟပေးနိုင်မည်ဖြစ်ပြီး ဒဏ်ရာ ရတော့မည် မဟုတ်ချေ ။

အဆင့် ၅ ၏ အထွတ်အထိပ် အဆင့်ကား ပြန်လည်မွေးဖွားခြင်း အဆင့်ဖြစ်သည် ။

လင်းမို့သည် အခုမှ အဆင့် ၅သို့ ရောက်လာသည် ဖြစ်သော်လည်း သူ၏ ခွန်အားက အဆင့် ၄ အထွတ်အထိပ်ထက် နှစ်ဆခန့် တိုးလာလေသည် ။ ခွန်အားများ အလွန်လျင်မြန်စွာ တိုးလာသဖြင့် လင်းမို့သည် ရေပူစမ်းတွင် စိမ်နေသလို သက်တောင့်သက်သာ ခံစားနေရသည် ။ အပြင်မှ ဆူညံသံများကို ဂရုမစိုက်နိုင်တော့ ။

" ကျန်းရွှယ်က အဆင့် ၃ ရောက်သွားတာလား..."

ဟောက်ရန်၏ မျက်လုံးများက မနာလို မှုများကြောင့် နီရဲလာသည် ။

" ငါ အဆင့် ၂ ကိုရောက်တာတောင် မကြာသေးဘူး.. သူက အဆင့် ၃ ရောက်နေပြီ... "

ဟောက်ရန်သည် သူစားနေသော အသားကင်ပင် အရသာမရှိတော့ဟု ခံစားလိုက်ရ၏ ။

" အကိုမို့ ငါမပျော်တော့ဘူး... "

ဟောက်ရန်၏ မျက်နှာက မည်းမှောင်သွားပြီး...

" ငါက ငါ့အဖေကြောင့် ထိပ်တန်း တက္ကသိုလ် တက်နိုင်တာ... ကျန်းရွှယ်က သူ့ခွန်အားနဲ့ ကြိုက်တဲ့တက္ကသိုလ်ရွေးလို့ရတယ်... "

ပါရမီများ ကွာခြားလှသဖြင့် ဟောက်ရန် ဝမ်းနည်းသွားသည် ။

" မဟုတ်ပါဘူးဟ..."

လင်းမို့က ခေါင်းယမ်းလိုက်ပြီး...

" မင်းပျော်ပျော်နေသင့်တယ်..."

" ဘာလို့လဲ..."

ဟောက်ရန် ရှုပ်ထွေးသွားသည် ။

" ဘာလို့လဲ ဆိုတော့ မသိလို့ပဲ..."

လင်းမို့က အဓိပ္ပါယ် အပြည့်ဖြင့်ပြောလိုက်၏ ။ သူအဆင့် ၅ သို့ရောက်နေသည်ကို ဟောက်ရန် သိလျှင် စိတ်ဓာတ်အကျလွန်ပြီး သတ်သေသွားနိုင်သည် ။

" မသိခြင်းကြောင့်လား..."

ဟောက်ရန် တွေဝေသွားပြီး...

" ငါ နားမလည်ပင်မဲ့... ဒသနဆန်ဆန် ခံစားလိုက်ရတယ်... "

All Chapters