လူသတ်သမားများ ရောက်လာခြင်း ~
Vol. 7 Ch. 93
လင်းမို့သည် ဟောက်ရန်၏ မျက်နှာကိုမြင်လျှင် သူစဥ်းစားနေသည်ကို သိသွားပြီး...
" မဟုတ်တာတွေ လျောက်တွေးမနေနဲ့... ငါဘာမှ မလုပ်ဘူး..."
လင်းမို့ အမြန်ရှင်းပြလိုက်သည် ။
အကိုမို့က ဖြူစင်မှုကို လွယ်လွယ်နှင့် စွန့်လွှတ်မည့်သူ မဟုတ် ။
" ငါနားလည်တယ်... ငါနားလည်တယ်..."
ဟောက်ရန်က ကြက်အစာကောက် သကဲ့သို့ ခေါင်းတဆတ်ဆတ်ညိတ်နေသော်လည်း မျက်နှာကမူ မယုံကြောင်းဖော်ပြနေသည် ။
' အကိုမို့က အကိုမို့ ပီသလိုက်တာ... ယန်ယီမို ရဲ့ အိပ်ရာထဲရောက်နေတာတောင် သူဘာမှ မလုပ်ဘူး ငြင်းနေသေးတယ်... '
ဟောက်ရန်၏ ကြည်ညိုမှုက ပိုတိုးလာသည် ။
" ပြီးတော့ သူများကို လျောက်မပြောနဲ့နော်..."
လင်းမို့က သတိပေးလိုက်၏ ။
" အကိုမို့ စိတ်မပူပါနဲ့..."
ဟောက်ရန်က ရင်ဘက်ကို ပုတ်လိုက်ပြီး...
" ငါ ပါးစပ်လုံတာကို မင်းလည်းသိတာပဲ..."
လင်းမို့သည် ထိုလုံသော ပါးစပ်ကြီးကိုပင် စိုးရိမ်နေခြင်းဖြစ်သည် ။ သူဖုန်းချလိုက်သည်နှင့် ဆယ်မိနစ်အတွင်း တစ်မြို့လုံးပင် သိသွားနိုင်သည်ဟု သူထင်မိသည် ။ ဤသို့ ဖြစ်သွားပါလျှင် သူ၏ ဖြူစင်မှုကို စွန်းထင်းသွားပေမည် ။
" ဒါပေါ့... ငါဘယ်စိတ်ပူမလဲ... မင်းက ငါ့ညီအကိုကောင်းပဲ... ဘယ်စိုးရိမ်စရာလိုမှာလဲ ..."
လင်းမို့က ခဏတွေးပြီး...
" ငါမင်းကို သတိပေးတာက... ယန်ယီမိုသာ တစ်ခုခု သတင်းကြားသွားရင် မင်းတစ်ခုခု ဖြစ်မှာစိုးလို့... "
" ဘာဖြစ်နိုင်လို့လဲ..."
ဟောက်ရန် က မေးလိုက်၏ ။
" ဟောက်ရန်... မင်း ထိပ်တန်း တက္ကသိုလ်ဝင်ခွင့်ရထားတာက မင်းအဖေက ဦးလေးလင်းကို အကူအညီတောင်းထားလို့မှလား... ဒါပင်မဲ့ ယန်ယီမိုက ဘယ်သူလဲ... "
လင်းမို့က လေးနက်ဟန်ဖြင့်...
" သူက ရှားနိုင်ငံစာရင်းက စူပါ ပါရမီရှင်နော်... သူ မပျော်အောင် သွားလုပ်ရင် မင်းရဲ့ ဝင်ခွင့်လေး လေပေါ်ပျံသွားနိုင်တယ်... "
" ဟူးးးး..."
ဟောက်ရန် သက်ပြင်းချလိုက်သည် ။ သူထိုသည်ကို မတွေးခဲ့မိ ။ အကိုမို့ သတိပေးလိုက်၍ တော်သေးသည် ။
" ငါ စကားအဖြစ်ပြောတာပါ... "
ဟောက်ရန် ကြောက်နေသည်ကို မြင်လျှငိ လင်းမို့က ရယ်လိုက်ပြီး...
"ငါ မင်းပါးစပ်ကို ယုံပြီးသားပါ..."
" ဟုတ်တယ်...ဟုတ်တယ်... ငါဘယ်သူ့မှ မပြောဘူး..."
ဟောက်ရန် အဓိပ္ပါယ်မရှိသည်များကို မပြောရဲတော့ဘဲ...
" ဒါနဲ့ အကိုမို့ ... ဒီလောက်ပင်ပန်းနေတာကို ဂျင်ရုံသွားပြီး ဟော့ပါ့ စားအုံးမှာလား... "
' ပင်ပန်းတာလား...'
လင်းမို့ မျက်လုံးလှိမ့်လိုက်၏ ။
' ဘယ်တုန်းက ပင်ပန်းတာလဲ...'
' နေ့ခင်းတစ်ခုလုံး အိပ်ထားပြီး အားအပြည့်ကွ...'
" ဒါပေါ့ဟ ... ငါအခု ထွက်လာခဲ့မယ့် ကျောင်းဂိတ်ကနေ စောင့်နေ..."
ဟိုင်းချန် အထက်တန်းကျောင်း၏ ဂိတ်ဝတွင် ...
လင်းမို့သည် ဟောက်ရန်နှင့် တွေ့ပြီး ဂျင်ရုံသို့ ထွက်လာခဲ့သည် ။
ကျောင်းအနီးတွင် ချောင်းနေသည့် လူနှစ်ဦးကို သူတို့ သတိမထားမိလိုက်ကြ ။
လူသတ်သမား အဖွဲ့မှ နံပါတ် ၇ နှင့် နံပါတ် ၄၇ တို့ နှစ်ယောက် ဖြစ်ကြပေသည် ။
သူတို့နှစ်ယောက်က ခပ်လှမ်းလှမ်းမှနေ၍ ကျောင်းကို အကဲခပ်နေကြသည် ။
" ငါရထားတဲ့ အချက်အလက်တွေအရ... "
နံပါတ် ၇ က ဆောင်းထားသော ဘေ့စ်ဘော အုပ်ထုပ်ကို အောက်သို့ အသာနှိမ့်၍ အသံတိုးတိုးဖြင့်...
" ပါရမီရှင်စာရင်းက အရင်က အဆင့် ၇ ခု အဆင့် ၈ ယန်ယီမိုက ဒီကျောင်းမှာပဲ..."
" ဒါပင်မဲ့ ကျောင်းထဲမှာ ကျွမ်းကျင်သူတွေ အများကြီးပဲလေ... သူထွက်မလာရင်... ငါတို့ အထဲဝင်ပြီးတော့ မသတ်ဘူးမှလား... "
နံပါတ် ၄၇ က ပြန်ဆုတ်ချင်နေလေပြီ ။
နံပါတ် ၄၇ က ဟိုင်းချန်မြို့သို့ မလာချင်ခဲ့ပေ ။ သူ၏ ပစ်မှတ်မှာ ရှေးဦးစကြာဝဠာ တွင်နာမည်ကြီးနေသော Black Earth ဖြစ်သည် ။ ပါရမီရှင်စာရင်းတွင် အရင်က နံပါတ် ၄၇ ဖြစ်သော်လည်း ခုအဆင့်၁ ဖြစ်နေလေပြီ ။
သို့သော်လည်း လူသတ်သမားအဖွဲ့၏ ထုတ်ပေးထားသော နံပါတ်များမှာ ပထမဆုံး ထုတ်ပြန်ချက်ပေါ်တွင်သာ မူတည်ထားခြင်းဖြစ်သည် ။ နောက်ပိုင်း အဆင့်များ အပြောင်းအလဲ ဖြစ်လျှင်ပင် အရင်နံပါတ်များကသာ လုပ်ကြံရမည်ဖြစ်သည် ။
အမှန်တော့ နံပါတ် ၄၇ အတွက် Black Earth အဆင့်၁ ဖြစ်သွားသည်က အရေးမကြီး ။ သူ Black Earth ကို မသိသဖြင့် အပန်းဖြေ ခရီးထွက်ရန် ကြံနေခြင်းဖြစ်သည် ။
သူသည် ကျန်းနန်စီရင်စုရှိ အပန်းဖြေစခန်းအားလုံးကို ရှာကြည့်ပြီးဖြစ်သလို သွားရန်နေရာများကိုပင် ကြိုတွေးထားပြီးဖြစ်သည် ။ မစ်ရှင်ကာလတွင် ခရီးစရိတ် စိတ်ကြိုက်ပေးထားသဖြင့် သူ့အတွက် အခွင့်အရေးကြီးတစ်ခုပင် ။
သို့သော်လည်း သူ့အိမ်မက်လေးများကို နံပါတ်၇ က အတင်းဆွဲခေါ်၍ ဖျက်ဆီး ပစ်ခဲ့ပေသည် ။ ဟိုင်းချန်မြို့သို့ မလိုက်ချင်ဘဲ လိုက်ခဲ့ရသည် ။ နံပါတ် ၇ က လူသတ်သမားများအားလုံးတွင် ထိပ်တန်းဆယ်ယောက်ထဲပါသလို ခေါင်းဆောင်၏ လက်ဆွဲ တစ်ယောက်လည်း ဖြစ်သည် ။ တောင်ပေါ်တွင် သူ့အား ဝိုင်းရိုက်ခဲ့ကြသူများတွင်လည်း ထိပ်ဆုံးမှ ဦးဆောင်ခဲ့သူဖြစ်သည် ။ သူ နံပါတ် ၇ ကို ကြောက်ရသဖြင့် မလွန်ဆန်ရဲ ။ ယခု နံပါတ် ၇ က အတည်ကြီးလုပ်တော့မည် ဖြစ်သဖြင့် သူ စိုးရိမ်သွားသည် ။
ကျောင်းထဲသို့ ဝင်၍ သတ်ရမည်ဆိုလျှင် သူတို့ သေဖို့က များလေသည် ။ သူ မသေချင်သေး ။ နှစ်အနည်းငယ်တော့ အသက်ရှင်ချင်သေးသည် ။
ထို့ကြောင့် နံပါတ် ၇ ကအတည်ကြီး လုပ်တော့မည်ကို မြင်လျှင် နံပါတ် ၄၇ က ဖြောင့်ဖြလိုက်သည် ။
" ယန်ယီမိုက အဆင့် ၈ ဆိုတော့ သူ့အနားမှာ ကာကွယ်နေတဲ့ ကျွမ်းကျင်သူတွေ အများကြီးရှိမှာပဲ ငါတို့ ဝင်သွားရင် ကျောက်တုံးကို ကြက်ဥနဲ့ ပေါက်သလို ဖြစ်နေမှာပေါ့..."
" ကြက်ဥနဲ့ ကျောက်တုံးကိုပေါက်လည်း ...ငါကြိုးစားရင် ကျောက်တုံးကွဲချင် ကွဲသွားမှာပေါ့... "
နံပါတ် ၇ က လူသတ်သမားအဖွဲ့အစည်း၏ အဓိက အဖွဲ့ဝင်ဖြစ်သည် ။ နှစ်ပေါင်းများစွာ ဦးနှောက်ဆေး ခံထားရသော အစစ်အမှန် လူသတ်သမား တစ်ယောက်ပင် ။
" အေးပါ...အေးပါ...ငါအဲ့လောက် မတုံံးပါဘူးဟ... ဒီတိုင်းပြေးဝင်သွားရင် အလကားသေမှာပေါ့... ငါသေချာအောင် အရင်ဆုံးပြင်ဆင်ပြီး ပိုင်တဲ့အချိန်မှ တစ်ချက်ထဲ အသေသတ်မှာ... "
" အဟမ်း..."
နံပါတ် ၄၇ က ကြောက်လန့်စွာဖြင့် မေးလိုက်၏ ။
" ငါ့အမေရဲ့ မွေးနေ့က မနက်ဖြန်ဆိုတာ ခုမှ ငါမှတ်မိတယ်... သူ့အတွက် မွေးနေ့ပွဲလေး ပြန်လုပ်... "
" ဖြောင်း...."
နံပါတ် ၄၇ က စကားဆုံးအောင် မပြောလိုက်ရဘဲ နံပါတ် ၇ ၏ ပါးရိုက်ခြင်းကို ခံလိုက်ရသည် ။
" ပါးစပ်ပိတ်ထား..."
နံပါတ်၇ က စိတ်ဆိုးသွားပြီး...
" အဖွဲ့အစည်းက မင်းကို နှစ်ပေါင်းများစွာ ပျိုးထောင်လာတာ ဒီလို ကြောက်နေဖို့လား... အဖွဲ့အတွက် အသက်ပေးရတာက ငါတို့အတွက် အမြင့်ဆုံး ဂုဏ်သိက္ခာပဲ... မင်းနောက်ထပ် ဒီလိုစကားထပ်ပြောရင်... ငါမင်းကို အရှင်မထားဘူး... "
" ငါ... "
နံပါတ် ၄၇ က ချက်ချင်း ပြန်ခုခံပြောသည် ။
" ငါဆိုလိုတာက ...ငါတို့ ယုံကြည်မှု အပြည့်ရှိမှ လုပ်ရင်ကောင်းမယ်လို့ ပြောတာပါ ...ဘာမှ မဟုတ်ဘဲ သေမှာစိုးလို့... "
" ဒါပေါ့..."
နံပါတ် ၇ အနည်းငယ် ကျေနပ်သွားပြီး...
" အဲ့တာကြောင့် မင်းကို အကူခေါ်လာတာ... ငါတို့နှစ်ယောက် အချက်အလက်တွေ အတူစုပြီး လုပ်ကြံဖို့ အတူစီစဥ်ကြမယ် ..."
" ဟုတ်တယ်...ဟုတ်တယ်..."
နံပါတ် ၄၇ က သနားစရာကောင်းလှသည် ။ သူ ကုန်းဆင်းချင်၍ လုပ်ကြံသူအဖွဲ့အစည်းထဲ ဝင်ခဲ့ခြင်းဖြစ်သော်လည်း ယခု အန္တရာယ်တောထဲသို့ ပြေးဝင်ရပေတော့မည် ။