နတ်ဘုရား ~
Vol. 7 Ch. 92
ကျောင်းရေကန်တု...
လင်းမို့က ဖမ်းမိလာသော ငါးကြီးတစ်ကောင်ကို ခြင်းထဲထည့်၍ ဗီလာထဲသို့ ဝင်လာလိုက်သည် ။
" ဒီမှာ ကြည့် ငါဖမ်းမိလာတာ အကြီးကြီးပဲ..."
ဤသည်မှာ လင်းမို့ ပထမဆုံး ဗီလာအတွင်းသို့ ရောက်ဖူးခြင်းပင် ။
လင်းမို့ အထဲသို့ရောက်သည်နှင့် စိတ်လှုပ်ရှားစွာ အော်ဟစ်နေတော့သည် ။
" ဘယ်လောက်ကြီးလဲ..."
လေ့ကျင့်ပြီးသွားသော ယီမိုလည်း စပ်စုဟန်ဖြင့် မေးလိုက်၏ ။
" ဆယ်ကီလို လောက်တောင်ရှိတယ်..."
လင်းမို့က ကြွားလိုက်သည် ။
" ဒီငါးက ကန်ထဲမှာ နေတာကြာပြီထင်တယ်... ဟိုးအရင်နှစ်တွေက ကျောင်းသားတွေလွှတ်ထားတာ ဖြစ်ရမယ်... "
" ဒါပင်မဲ့ နောက်ဆုံးတော့ နင့်လိုကျောင်းသားဆိုးလက်ထဲ ရောက်ရတာပဲ..."
ယီမိုက နောက်လိုက်သည် ။
လင်းမို့က ကျောင်းသားဆိုးဟုခေါ်ခံရသည်ကို စိတ်မဆိုးပေ ။
" နင်ရော မစားမှာ ကျနေတာပဲ..."
" ငါးလေး မနာဘဲ သေရအောင် ငါ့စိတ်စွမ်းအားနဲ့ သတ်လိုက်မယ်... "
ယီမိုက တစ်ခုခု စဥ်းစားမိသွားပြီး...
" နင့် စီနီယာတွေကို ငြိမ်းငြိမ်းချမ်းချမ်း ပို့ပေးလိုက်မယ်လေ... " ( ငါးတွေကို အရင်ကျောင်းသားတွေ လွတ်ထားလို့ စီနီယာလို့ ပြောတာ...)
" စိတ်ထိန်းချုပ်စွမ်းအားက တိရိစ္ဆာန် တွေကိုရော သုံးလို့ရတာလား..."
လင်းမို့ အံ့သြတကြီး မေးလိုက်၏ ။
" ဘာလို့မရ ရမှာလဲ..."
ယီမိုက ပြုံးလိုက်ပြီး...
" စိတ်ထိန်းချုပ်စွမ်းအားက ညဏ်ရည်နိမ့်တဲ့ကောင်တွေ အပေါ်မှာသုံးရင် ပိုထိရောက်တယ်..."
" ငါသိပြီ..."
လင်းမို့က စဥ်းစားရင်း ခေါင်းညိတ်လိုက်သည် ။ စိတ်ထိန်းချုပ်စွမ်းအားက ငတုံးများပေါ်တွင် ပို၍ ထိရောက်ပေသည် ။
' ငါသင်လိုက်ရပြီ...ငါသင်လိုက်ရပြီ...'
' ငါ့ အသိညဏ်တွေ တိုးလာပြီ...'
" လာလာ... ဘီယာပုလင်းဖွင့် ...ငါတို့ ငါးအကြီးကြီးမိတာ အောင်ပွဲခံရမယ်..."
ယီမိုက ဘီယာသောက်ရန် မစောင့်နိုင်တော့ ။ သူမ မနေ့ကဘီယာသောက်ပြီးနောက် စိတ်စွမ်းအားလေ့ကျင့်ရာတွင် ပိုမို ထိရောက်ခဲ့သည် ။ ဘီယာက သူမ၏ စိတ်အာရုံကို ပိုမိုတက်ကြွစေ၏ ။
" ဘာကို ငါတို့လဲ... ငါးဖမ်းတာ ငါတစ်ယောက်ထဲနော်... "
လင်းမို့က လွဲမှားနေသော ယီမိုကို ပြန်တည့်ပေးလိုက်ပြီး...
" ဒါနဲ့... ငါခု ဒီလာတော့ ကျောင်းအုပ်ယန် အဝေးကနေ ဓာတ်ပုံရိုက်နေတာကို တွေ့ခဲ့တယ်... "
" ငါသိတယ်... ငါမြင်ပြီးပြီ..."
ယီမိုက ဘီယာပုလင်းဖွင့်ရင်း ပြောလိုက်သည် ။
" အာရုံစိုက်မနေနဲ့... ဘီယာသောက်မယ်... "
" ချီးယားး... "
သူတို့နှစ်ယောက် ဘီယာကို ပုလင်းလိုက် မော့သောက်လိုက်ကြသည် ။ ပြီးနောက် ယီမိုက ပြတင်းပေါက် လိုက်ကာကို ထပိတ်လိုက်၏ ။
ခဏအကြာတွင် တံခါးနားသို့ လူတစ်ယောက် ရောက်လာသည်ကို ယီမို ခံစားမိလိုက်သည် ။ ကျောင်းအုပ်ယန်မှလွဲ၍ တခြားသူဖြစ်မည် မထင် ။
ကျောင်းအုပ်ယန် တံခါးမခေါက်မီ ယီမိုက လှမ်းအော်လိုက်သည် ။
" ဘာလာလုပ်တာလဲ... ကျွန်မအခု တွေ့ဖို့ အဆင်မပြေဘူး... "
ယီမိုက ခဏထပ်စဥ်းစားကာ လှမ်းပြောလိုက်သည် ။
" ဝေးဝေးသွားပါ... ဒီနေ့ လာမနှောက်ယှက်နဲ့... "
ကျောင်းအုပ်ယန် လှည့်ထွက်သွားသည်ကို သူတို့ ခံစားမိလိုက်၏ ။
" နင်က မိုက်လိုက်တာ..."
သူတို့နှစ်ဦး သူငယ်ချင်းဖြစ်နေပြီဖြစ်၍ လင်းမို့ ထိန်ချန်မထားဘဲ ပြောလိုက်သည် ။
" အဲ့ ထိပ်ပြောင်ကြီးက ငါ့ကို ကျောင်းထုတ်ထားတာ..."
" ဟမ်...သူက နင့်ကို ကျောင်းထုတ်ထားတာလား..."
ယီမိုက စဥ်းစားမနေဘဲ...
"နင် ကျောင်းပြန်တက်ချင်ရင်... ငါသူ့ကိုပြောပေးမယ်လေ..."
ယန်ယီမိုသည် လင်းမို့အား ပြန်၍ ကူညီချင်ပေသည် ။ လင်းမို့ ကြောင့်သူမ အဆင့်၄ သို့ တက်နိုင်ခဲ့ခြင်းဖြစ်သည် ။ သူမ လင်းမို့အား ထိပ်တန်းတက္ကသိုလ်ဝင်ခွင့် အာမခံပေးချင်သော်လည်း လင်းမို့က လက်မခံချေ ။ ယခု လင်းမို့ ကျောင်းထုတ်ခံထားရသည်ဟု ကြား၍ ကူညီရန် အခွင့်သာပြီဟု ထင်လိုက်သည် ။
" မလိုပါဘူး..."
လင်းမို့ တဖန်ငြင်းလိုက်သည် ။
' နင်လာနောက်နေတာလား...'
' ကျောင်းထုတ်ခံထားရတဲ့ အကိုမို့က ဒီလိုလေး ပြန်ဝင်ရမှာလား... '
နှင်ထုတ်ပြီးဖြစ်၍ သူ ပြန်လာမည်မဟုတ် ။ စာမေးပွဲပြီး၍ ထိပ်ပြောင်ကြီး ဒူးလာထောက်လျှင်ပင် သူလွယ်လွယ်နှင့် ပြန်လာမည်မဟုတ်ချေ ။
နှင်ထုတ်လိုက်ရ၍ ပျော်နေသူ ထိပ်ပြောင်ကြီးအား စိတ်ဒုက္ခ ပေးရပေမည် ။
" ဟုတ်ပါပြီ... နင်က နည်းနည်းတော့ ထူးဆန်းတယ်... "
ယီမိုက ခပ်တိုးတိုး ရေရွတ်လိုက်ပြီး...
" မြန်မြန်လုပ် ... ငါးကို မြန်မြန်ကင်... ငါ မနက်စာတောင် မစားရသေးဘူး... ဗိုက်ဆာလှပြီ..."
သူမ အရင်က အေးစက်စက် နတ်ဘုရားလေး ဖြစ်ခဲ့သော်လည်း ဟိုင်းချန်ကျောင်းကိုရောက်ပြီးနောက် လင်းမို့က ကမ္ဘာသစ်ကြီးဆီသို့ လမ်းပြခဲ့သည် ။
ယခု သူမ၏ ပုံရိပ်ကို သူမဂရုမစိုက်တော့ပေ ။ ငါးကင်နှင့် ဘီယာဖြင့် တွေ့လျှင် သူမ၏ ပုံရိပ်လေး ပျောက်ဆုံးခဲ့ရလေပြီ ။ ထို့အပြင် တခြားသူများ အနားတွင် မရှိသဖြင့် လွတ်လွတ်လပ်လပ် နေတော့သည် ။
" ငါးကင်ကို မနက်စာအဖြစ် စားမလို့လား..."
လင်းမို့က မျက်လုံးလှိမ့်လိုက်ပြီး...
" ဟော့ပေါ့ကို ဘာလို့ မနက်စာအဖြစ် မစားတာလဲ..."
" အိုး... အဲ့တာ မဖြစ်နိုင်ဘူး..."
ယီမို မျက်ခုံးပင့်လိုက်ပြီး...
" မနက်ဖြန်မှ စမ်းကြည့်ရမယ်... "
ခဏကြာလျှင် နှစ်ယောက်သား ငါးကင်စားပြီးသွားကြသည် ။ ဆယ်ကီလို လေးသော စီနီယာကြီး သူတို့စားသည်ကို ခံလိုက်ရပေသည် ။
" ဗိုက်ပြည့်ပြီလား... နင်လေ့ကျင့်တာကို မထိခိုက်စေနဲ့နော်... "
လင်းမို့ သူ၏ တက်ကြွအညွှန်းကိန်းလေးကို စိုးရိမ်သွားသည် ။
" အလုပ် ဘဝ ညီမျှရမယ်ဆိုတာက... နားတဲ့အချိန်အေးအေးဆေးဆေးနားရမယ်... အလုပ်လုပ်ရင်လည်း နှစ်ဆပိုကြိုးစားရမယ်... "
" နားလည်ပါတယ်ဟယ်... "
ယီမို ဆွံ့အသွားသည် ။
' နင့်ဟာနင်တောင် မလေ့ကျင့်ပဲ ငါ့ကိုဘာလို့ လာဆုံးမနေတာလဲ...'
လင်းမို့သည် တခြားသူများအား ဆရာလုပ်တက်သူဟုပင် သူမထင်လိုက်သည် ။
" ဘာတွေ လျောက်တွေးနေတာလဲ... မြန်မြန်သွားလေ့ကျင့်စမ်း..."
လင်းမို့ မန်လိုက်၏ ။
' နင်လေ့ကျင့်ရင်... ငါလေ့ကျင့်သလိုပဲ... နင်မလေ့ကျင့်ရင် ငါ့ကို ထိခိုက်လိမ့်မယ်... '
" ဒါနဲ့ ငါခဏ မှိန်းလိုက်အုံးမယ်... ငါ အိပ်ပျော်နေရင် ကျောင်းဆင်းတဲ့အချိန်ကျရင် နိုးအုံးနော်... "
လင်းမို့ ဧည့်သည်အိပ်ခန်းသို့ သွားရန်ပြင်လိုက်သည် ။
" နင်အိပ်ပျော်နေတာ ငါနဲ့ ဘာဆိုင်လို့လဲ..."
ယီမိုက မျက်လုံးလှိမ့်ပြီး ပြောလိုက်၏ ။
သူတို့ အတူတူ သောက်ကြစားကြသော်လည်း သူမက ပိုလေ့ကျင့်ရ၍ ထိုကောင်က အိပ်ရန်ပြင်နေလေသည် ။
' ဒါ ဘယ်လို သူငယ်ချင်းမျိုးလည်း... သူငယ်ချင်းဆိုတာ ပျော်လည်းအတူတူ ဝမ်းနည်းလည်းအတူတူ မဟုတ်ဘူးလား... ငါတို့က သူငယ်ချင်းတွေကို... '
ယီမို ညီးတွားလိုက်သည် ။
" နင်နဲ့ ဘာလို့ မဆိုင်ရမှာလဲ... နင်နဲ့ဆိုင်တာပေါ့... ငါဒီမှာ တစ်ညလုံးအိပ်နေရင် မနက်ဖြန်ကျ တစ်ကျောင်းလုံး လန့်သေနေလိမ့်မယ်... "
" နင်.... "
ယီမို စကားပြန်မပြောတော့ဘဲ လေ့ကျင့်နေလိုက်သည် ။
လင်းမို့သည် ဧည့်သည်အိပ်ခန်းသို့လာ၍ သက်တောင့်သက်သာ လှဲလျောင်းရင် အနားယူလိုက်သည် ။
' ဇိမ်ခံ ဗီလာ ဆိုတယ့်အတိုင်းပဲ အိပ်ယာကြီးက ရှယ်ပဲ... အိပ်ရတာ ဇိမ်ရှိလိုက်တာ... '
လင်းမို့ သက်ပြင်းချလိုက်၏ ။
' ငါလည်း ဒါမျိုး ဝယ်ရမယ်... '
ဇိမ်ခံအိမ်တစ်လုံးဝယ်ရန် လင်းမို့အတွက် မခက်ခဲချေ ။ သူ မျှော်စင် ရှင်းလိုက်သည်က ရှေးဦးစကြာဝဠာ အမှတ် ၂၆၀ ရလိုက်ပေသည် ။ ငွေလဲလျှင် ယွမ်သန်း ၂၆၀ ရရှိမည်ဖြစ်သည် ။
ဟိုင်းချန်ကဲ့သို့ တတိယအဆင့်မြို့တွင် စျေးအကြီးဆုံးအိမ်ကိုပင် သူတက်နိုင်ပေသည် ။
" အယ်..."
ရုတ်တရပ် လင်းမို့ တက်ကြွအညွှန်းကိန်းကို သတိထားမိလိုက်သည် ။
' ချီး... ၂၁ တောင် ရောက်နေပါလား...'
သူအပြင်တွင် နေစဥ်က တက်ကြွအညွှန်းကိန်း ၁၃ မှတ်သာရသော်လည်း ယခု ၂၁ မှတ်အထိ ရောက်နေလေသည် ။
ထင်ထားသည့်အတိုင်းပင် အပြင်ထက် အထဲတွင် ကုန်းဆင်းသည်က ပိုအကျိုးရှိ၏ ။ သူကျေနပ်သွားသည် ။ သူ ကျေနပ်စွာ အိပ်ပျော်သွားလေသည် ။
ကျောင်းအုပ်ယန်က နောက်ထပ် လာမနှောက်ယှက်ရဲချေ ။ သူ လီကျားရွှမ်ကို ကတိပေးလိုက်သော်လည်း လျောက်ပြောလိုက်ခြင်းပင် ။ သူ ယန်ယီမိုကို မစော်ကားရဲ ။ ယီမိုနှင့် လီကျားရွှမ် နှစ်ယောက်ထဲက တစ်ယောက်ရွေးရမည်ဆိုလျှင် ယီမိုကိုသာ ရွေးပေမည် ။
ညနေစောင်း၍ နေဝင်ရီတရော အချိန်သို့ ရောက်ရှိလို့ လာလေပြီ ။
ကျောင်းက ဆင်းပေတော့မည် ။ ဟောက်ရန် ဗီဒီယိုကောခေါ်လိုက်သောကြောင့် လင်းမို့ လန့်နိုးလာခဲ့သည် ။
" အကိုမို့... ဘာလို့ ဒီနေ့ ကျောင်းမလာတာလဲ..."
ဟောက်ရန်က မေးလိုက်ပြီး...
" ချီး... အိပ်ရာပေါ်မှာလား.... တစ်နေကုန်အိပ်နေတာပေါ့... "
" ငါကျောင်းမှာဟ..."
လင်းမို့က အိပ်ချင်မူးတူးဖြင့်...
" အိုး...ပင်ပန်းလိုက်တာ..."
" လျောက်ပြောမနေနဲ့... ကျောင်းမှာ မတွေ့ပါဘူး... "
ဟောက်ရန်က နှာခေါင်းရှုံ့လိုက်ပြီး...
" အခန်းထဲမှာမတွေ့ဘူး ...ရေကန်ကို သွားရှာတော့လည်း မတွေ့ဘူး... အဲ့တာဆို ဘယ်ရောက်နေလို့လဲ... "
" အော်... ငါ ယန်ယီမိုရဲ့ အိမ်မှာ... "
လင်းမို့သည် အိပ်ချင်နေသောကြောင့် ဘာမှ မတွေးဘဲ ပြောလိုက်၏ ။
" ဘာလဲ..."
ဟောက်ရန် မျက်လုံးပြူးသွားပြီး အသံများတုန်ရီသွားသည် ။
ယခုအချိန် ဟောက်ရန်၏ ဦးနှောက်သေးသေးလေးထဲတွင် အရာများစွာ ပေါ်လာလေသည် ။
ယန်ယီမိုရဲ့အိမ်...
ရှုပ်ပွနေသော အိပ်ရာခင်းများ...
အိပ်ချင်မူးတူးဖြစ်နေပြီး ပင်ပန်းနေသောအကိုမို့ ၏အသံ ...
အရာအားလုံး ပေါင်းစပ်မိသွားသော အခါ သူ့အတွေးထဲတွင် စာလုံးတစ်လုံးသာ ကျန်ခဲ့တော့သည် ။
" နတ်ဘုရား......"