← Chapters

စကားနှစ်ခွန်း

Vol. 65 Ch. 1047

စကားနှစ်ခွန်း

Vol. 65 Ch. 1047

စေတန်...

စေတန်ပဲ ဖြစ်ရမယ်..

သူ့မှာ ငွေသေတ္တာ ၂လုံး ရှိနေပြီ။ ဒါက ပျက်စီးခြင်းစာအုပ်ရဲ့ ၃ပုံ ၂ပုံပဲ။

လွန်ခဲ့တဲ့ နှစ်ပေါင်း များစွာက ပြိုင်ပွဲမှာ စေတန်က ငွေသေတ္တာ တစ်လုံး ရခဲ့တယ်။ ဒီတစ်ခေါက် လျှို့ဝှက်နယ်မြေကနေ ဒုတိယ ငွေသေတ္တာကို ရပြီးတဲ့နောက်မှာ သူက အချိန်အကြာကြီး ဖိနှိပ်ခဲ့တဲ့ သူ့ရဲ့ ရည်မှန်းချက်ကို မထိန်းနိုင် တော့ဘဲ နတ်ဆိုးဘုံက အင်ပါယာ ၃ခုဆီကို လှမ်းလာတာ ဖြစ်မယ်။

စေတန်က မပြီးပြည့်စုံသေးတဲ့ ပျက်စီးခြင်း စာအုပ်ကို ဘယ်လို လျှို့ဝှက်ပညာရပ်နဲ့ သုံးနေလဲဆိုတာ မသိပေမဲ့ ကြီးမားတဲ့ ဟာကွက်တွေ ရှိနေတာတော့ အသေအချာပဲ။ အမှောင်နတ်ဘုရားကျောင်းကို တည်ထောင်တာကလည်း အဲဒီ နောက်ဆုံး ငွေသေတ္တာကို ရှာဖို့ ဖိုက်သွန်အတွက် အစီအစဉ် တစ်ခု ဖြစ်နိုင်တယ်။

ကံဆိုးစွာပင် တတိယမြောက် ငွေသေတ္တာက ဖိုက်သွန် လက်ထဲ၌ မရှိတော့ကြောင်း စေတန် မသိခဲ့ပေ။ ထို့ပြင် ဖိုက်သွန် ကိုယ်တိုင်လည်း တစ်စုံတစ်ယောက်ရဲ့ လက်အောက်ခံ ဖြစ်သွားခဲ့လေပြီ။

ချန်လွေ့က စွမ်းအားများကို သိမ်းဆည်းလိုက်ကြောင်း မြင်သော် အက်စ်ခီက သက်ပြင်းချလိုက်၏။ သူက အမှောင်နတ်ဘုရားကျောင်းကို ဝင်ရောက်ခြင်းရဲ့ အကျိုးကျေးဇူးများ အကြောင်း ဆက်ပြောနေခဲ့သည်။ သူက ထိုနတ်ဘုရားတစ်ပိုင်း အဆင့် ထိပ်သီးပိုင်း ပုဂ္ဂိုလ်ကို ယှဉ်နိုင်သည် မဟုတ်သော်လည်း ထွက်ပြေးရန် လျှို့ဝှက် ပညာများကတော့ သူ့တွင် ရှိနေသည်။ ပို၍ အရေးကြီးသည်က သူ၏ အနောက်တွင် ကြီးမားတဲ့ နောက်ခံ ရှိနေရာ မည်သည်ကိုမှ ကြောက်နေစရာ မလိုအပ်ပေ။

ဘေးနားမှ ထရမ်နဲ့ ခရိုမန်ဒိစ်တို့ ကလည်း အင်အားတချို့ ပြန်ရလာ ခဲ့သည်။ အက်စ်ခီ၏ စကားပြောဟန် အရ တစ်ဖက်လူက ‘နတ်ဘုရား တစ်ပိုင်း ထိပ်သီးပိုင်း’ ဖြစ်ကြောင်း သိသွားရာ အံ့အားသင့်သွားခဲ့သည်။

ချန်လွေ့က အက်စ်ခီ စကားဆုံးသည်အထိ စိတ်ရှည်စွာ စောင့်နေခဲ့သည်။ ထို့နောက် သူက ပေါ့ပေါ့ပါးပါး မေးလိုက်သည်။ “မင်းတို့က… ဆက်ခ်ရက်တောင်ကလား။”

အကြောင်းတစ်ခုခုကြောင့် အက်စ်ခီက သူ၏ တကယ့်ဇစ်မြစ်ကို အရင်က မပြောခဲ့ပေ။ သို့သော် တစ်ဖက်လူက ဖော်ထုတ်လိုက်သော အခါတွင် သူ တုန်လှုပ်သွားခဲ့သည်။ “ရှင်... ရှင်…”

ထိုသို့ တုန်လှုပ်သော အမူအရာက ချန်လွေ့အား အဖြေမှန်ကို ပြောပြ လိုက်သလို ဖြစ်သွားသည်။ ချန်လွေ့ ဖြည်းဖြည်းချင်း ခေါင်းညိတ်သည်။ “ဒါဆို စေတန်ပဲ၊ သူ နောက်ဆုံးတော့ မစောင့်နိုင်တော့ဘူးပေါ့။”

“ခင်ဗျားက ဆက်ခ်ရက်တောင် အကြောင်း သိနေတာတောင် ဆာ- စေတန်ရဲ့ နာမည်ကို တိုက်ရိုက် ခေါ်ရဲတယ်ပေါ့!” ထရမ်က ပထမဆုံး အော်ဟစ်လိုက်၏။ သူ တသက်လုံး အားထုတ်ခဲ့သော ‘သွေးစုပ်နတ်ဆိုး ယင်ကောင်များ’ က ထိုလျှို့ဝှက် ဆန်းကြယ် နတ်ဘုရားတစ်ပိုင်း၏ လက်တစ်ချက် ဝေ့လိုက်ရုံနဲ့ လုံးဝ ပျက်စီးသွားသည်။ သွေးစုပ်နတ်ဆိုး ယင်ကောင်များကို ပြန်ဖန်တီးနိုင်ရန် သူ့အတွက်က မဖြစ်နိုင်တော့ပေ။ သူ့စိတ်ထဲ မမုန်းဘူး ဆိုရင် လိမ်ရာ ရောက်သွားပေမည်။ သူ၏ ကိုယ်ပိုင် စွမ်းအားဖြင့် လက်စားချေရန်မှာ ပို၍ မဖြစ်နိုင်ပေ။ ဒီလျှို့ဝှက်ဆန်းကြယ် အစွမ်းထက်ပုဂ္ဂိုလ်က ဆာ-စေတန်ရဲ့ တစ်ဖက်မှာ ရပ်နေမယ် ဆိုရင် နတ်ဘုရားတစ်ပိုင်း ထိပ်သီးပိုင်း ဖြစ်ရင်တောင် ဆာ-စေတန်ရဲ့ လက်ထဲမှာ လွယ်လွယ် ပျောက်ကွယ် သွားမှာပဲ။

ဒီနတ်ဘုရားတစ်ပိုင်းက စေတန် ဘယ်လောက် အစွမ်းထက်လဲဆိုတာ သိနေတာ ဆိုတော့ လွယ်လွယ်နဲ့ လှုပ်ရှားရဲမှာ မဟုတ်ဘူး။

အက်စ်ခီ၏ မျက်နှာတွင် ဒေါသ ထွက်နေသော အမူအရာ ရှိနေ၏။ သို့သော်လည်း တစ်စိတ်တစ်ပိုင်းက ထရမ်ကြောင့် ဖြစ်သည်။ ထရမ်၏ အော်ဟစ်သော ရည်ရွယ်ချက်ကို သူ ကောင်းကောင်း သိသည်။ ထို့ကြောင့် ဒီကောင်ကို သူက ပို၍ မကျေနပ် ဖြစ်မိသည်။ ထရမ်က တလျှောက်လုံး တက်ကြွလွန်းနေပြီး အသိအမှတ်ပြု ခံရရန် ကြိုးစားနေခဲ့သည်။ ယခု တစ်ခေါက် တာဝန်ယူ ထားသူက နတ်ဘုရားတစ်ပိုင်းအဆင့် အစွမ်းထက် ပုဂ္ဂိုလ် ဖြစ်သော မိမိ ဖြစ်ကြောင်းကို သူ လုံးဝမေ့သွား၏။ ခရိုမန်ဒိစ်က အေးအေးဆေးဆေးနှင့် ပိုပြီး အသိဉာဏ်ရှိသူ ဖြစ်သည်။

ချန်လွေ့က ထရမ်ကို လှမ်းကြည့် လိုက်၏။ ပေါ့ပေါ့ပါးပါး အကြည့်က အဆုံးမဲ့ လေပွေတစ်ခုလို ဖြစ်နေပြီး ထရမ်၏ စိတ်ကို ဗလာဖြစ်စေသလို သူ့၏ ဝိညာဉ်ကို ဆွဲဖြဲတော့မလို ဖြစ်နေသည်။ ကြောက်ရွံ့မှု ခံစားရပြီး သူက အော်လိုက်၏။ “ခင်ဗျားက နတ်ဘုရားတစ်ပိုင်း ဖြစ်နေရင်တောင် ဆာ-စေတန်ရဲ့ အရှေ့မှာ ပုရွက်ဆိတ် တစ်ကောင်ပဲ! ခင်ဗျားသာ…”

သူ စကားမဆုံးခင်၌ ခရမ်းရောင် အလင်း တောက်ပလာပြီး ဖော်ပြ၍ မရနိုင်အောင် ခန့်ညားထည်ဝါသော အင်အားက ခန်းမ တစ်ခုလုံးကို ချက်ချင်း ပြည့်နှက်သွား၏။

“ပုရွက်ဆိတ် ဟုတ်လား။”

ကြယ်များလို အလင်းရောင်ထဲ၌ ခန့်ညားသော အသံတစ်ခု ထွက်ပေါ် လာခဲ့သည်။

ထိုရိုးရှင်းသော စကားလုံး၏ လေသံက ထရမ်ကို မိုးကြိုးပစ်ခံ ရသလို ခံစားရစေသည်။ တုန်လှုပ်မှု အတွင်း သူ၏ ခန္ဓာကိုယ်တစ်ခုလုံး အဝေးသို့ ပျံထွက်သွားသည်။ သူ၏ ခန္ဓာကိုယ်က လေထဲမှာ မသဲမကွဲ မသံများ ထွက်လာပြီး ချက်ချင်းပင် သွေးစွန်း လူတစ်ယောက် အဖြစ် ပြောင်းလဲသွားသည်။ သူက မကျခင် မှာပင် သတိလစ်သွားခဲ့သည်။

တစ်ချိန်တည်းပင် ခရိုမန်ဒိစ်လည်း ပြင်းထန်စွာ ဒဏ်ရာ ရရှိခဲ့သည်။ သူ၏ ခန္ဓာကိုယ်က တိုင်တစ်ခုထဲသို့ မြုပ်ဝင်သွား၏။ သူ၏ အရိုးတွေ ကျိုးသွားပုံရသည်။ အက်စ်ခီ၏ အခြေအနေက ပိုကောင်းသည်။ သူ၏ ခန္ဓာကိုယ်က ၁၀မီတာကျော်အထိ နောက်သို့ ပြန်တွန်းပို့ခံရသည်။ သူ၏ မျက်နှာပေါ်မှ သွေးများ စီးကျနေ၏။ သူ့ မျက်နှာ တစ်ခုလုံးက မယုံနိုင် လောက်အောင် ထိတ်လန့်မှုများနှင့် ပြည့်နေခဲ့သည်။ ဒါက စကားလုံး တစ်လုံးထဲမှာ ပါဝင်တဲ့ စွမ်းအားပဲ!

အက်စ်ခီက ကြောက်မက်ဖွယ်ရာ ဖိအားအောက်တွင် သူ၏ ဝိညာဉ် တုန်လှုပ်နေသည်ကို သေသေချာချာ ခံစားမိသည်။ ဒါက နတ်ဘုရား တစ်ပိုင်း အဆင့်မှာ ရှိနိုင်တဲ့ စွမ်းအား မဟုတ်ဘူး။ သာမန် ဥပဒေသ စွမ်းအားလည်း မဟုတ်ဘူး!

အရှိန်အဝါပဲ!

ငါ့ရဲ့ စိတ်ထဲက မှိန်ဖျော့တဲ့ ကြိုတင်ခံစားမှုက တကယ်တော့ ထင်ယောင်ထင်မှား မဟုတ်ခဲ့ဘူးပဲ။ ဒီလျှို့ဝှက်ဆန်းကြယ်တဲ့ အစွမ်းထက် ပုဂ္ဂိုလ်က နတ်ဘုရား တစ်ပိုင်း အဆင့် ထိပ်သီးပိုင်း မဟုတ်ဘဲ နတ်ဘုရား-ယောင် အဆင့် ဖြစ်နေတာပဲ!

ကြယ်ကြွေတမန် အင်ပါယာမှာ ထိုသို့ ကြောက်စရာ ကောင်းသော ပုဂ္ဂိုလ် တစ်ယောက် ရှိနေမည်ဟု မည်သူမှ ထင်ကြမည် မဟုတ်ပေ။

ဒါကြောင့် သူက စေတန်ရဲ့ နာမည်ကို ခေါ်ရဲတာကိုး။

“လေးစားရတဲ့ လူကြီးမင်း!” အက်စ်ခီက ဒဏ်ရာများကို ဖိနှိပ်ရန် ဂရုမစိုက်တော့ဘဲ အလျင်အမြန်ပင် ဦးညွှတ်လိုက်သည်။ “လူကြီးမင်းက ဆာ-စေတန်ရဲ့ မိတ်ဟောင်းဖြစ်တာမို့ ဆာ-စေတန်ကို ထောက်ထားပြီး ကျွန်မရဲ့ ခုနက ရိုင်းပြမှုကို ခွင့်လွှတ် ပေးပါ!”

အက်စ်ခီဟာ အသက်အန္တရာယ် ရှိနေကြောင်း သိသည်။ နတ်ဘုရား တစ်ပိုင်းက နတ်ဘုရား-ယောင်နှင့် ယှဉ်၍ မရပေ။ တစ်ဖက်လူက သူကို သတ်ချင်လျှင် သူက ကံကောင်းပြီး အသက်ရှင်ရန်ပင် မဖြစ်နိုင်ပေ။ ထို့ကြောင့် သူက ချက်ချင်းပင် နှိမ့်ချလိုက်သည်။

“အဲဒီ အင်ပါယာ နှစ်ခုကို သွားဖို့ မလိုတော့ဘူး။ ဆက်ခ်ရက်တောင်ကို ပြန်သွား။” အရှိန်အဝါ ပါဝင်သော အသံက အက်စ်ခီ၏ ဝိညာဉ်ကို ဆက်ပြီး တုန်လှုပ်နေစေသည်။ “ငါ့ရဲ့ စကားနှစ်ခွန်းကို စေတန်ဆီ ပါးပေးလိုက်။”

အက်စ်ခီက ခေါင်းကို ဆက်၍ ငုံ့ထားနေခဲ့သည်။ “ဟုတ်ကဲ့။”

“ပထမ စကားက မိုက်ကယ်က နတ်ဘုရား မဖြစ်သေးဘူး။”

အက်စ်ခီက ထိုစကား အဓိပ္ပာယ်ကို နားမလည်သော်လည်း စေတန်က နားလည်ပေလိမ့်မည်။

“ဒုတိယစကား။ ငါ ကိုယ်တိုင် ဆက်ခ်ရက်တောင်ကို သွားပြီးတော့ ‘မိတ်ဟောင်း’ကို လာတွေ့မယ်။”

“ဟုတ်ကဲ့။” အက်စ်ခီ၏ နဖူးပေါ်မှ ချွေးများက မျက်လုံးနားမှ သွေးနှင့် ရောနေကာ စီးကျနေသော်လည်း ခေါင်းကို မမော့ကြည့်ရဲပေ။ “ဘာများ လိုအပ်ပါသေးလဲ။ လူကြီးမင်း...”

“မင်းတို့က အင်ပါယာ ၃ခုမှာ ဆက်နေဦးမယ်ဆိုရင် ဒါမှမဟုတ် သွေးရောင်အင်ပါယာနဲ့ အရိပ်နက် အင်ပါယာမှာ ကံစမ်းကြည့်ချင်တယ် ဆိုရင် ငါ့ရဲ့ စကားကို ပါးပေးဖို့ ဆက်ခ်ရက်တောင်ဆီကို တခြား တစ်ယောက် လွှတ်လိုက်မယ်။”

“နားလည်ပါပြီ။” အက်စ်ခီက ယခုတစ်ခေါက် ကံကောင်း၍ အသက်ချမ်းသာရာ ရသွားကြောင်း သိလိုက်သည်။ သူက ထို့နောက်မှသာ မတ်မတ် ပြန်ရပ်လိုက်သည်။

“မင်းတို့ သွားလို့ရပြီ။ ဒါပေမဲ့ ဒီလူ… သူက ငါ့ရဲ့ စည်းမျဉ်းကို ကျော်သွားတယ်။” ချန်လွေ့က သတိလစ်နေသော ထရမ်ကို ကြည့်လိုက်သည်။ “စေတန်အတွက် သူ့ရဲ့ အသက်ကိုတော့ ငါ ချမ်းသာ ပေးနိုင်တယ်။ ဒါပေမဲ့ အသက်ပဲ၊ နားလည်လား။”

“နားလည်ပါတယ် လူကြီးမင်း။” အက်စ်ခီသည် ထရမ်၏ ဘေးနားသို့ လျှောက်သွားသည်။ သူ၏ သွေးစွန်းနေသော မျက်လုံးများတွင် အေးစက်စက် အလင်းရောင် လင်းလက်သွားပြီး လက်ထဲလည်း မှိန်ဖျော့သော အလင်းရောင် တစ်ခု လင်းလာခဲ့သည်။

“အား!” သတိလစ်နေသော ထရမ်သည် ပြင်းထန်လှသော နာကျင်မှုကြောင့် နိုးလာခဲ့သည်။ ခါးအောက်ပိုင်းမှ ခြေလက်များ အားလုံး မရှိတော့ကြောင်း မြင်ရာ သူက စူးရှစွာ အော်ဟစ်လိုက်သည်။ အော်ဟစ်၍ မဆုံးသေးခင်မှာပင် သူ၏ မျက်နှာကို လက်ဝါးဖြင့် ဒါဇင်နှင့်ချီ အရိုက်ခံခဲ့ရသည်။ သူက သွားများ တစ်ငုံစာ ထွေးလိုက်၏။ ထို့နောက် သူ့ကို စွမ်းအားတစ်မျိုးနဲ့ ပိတ်ဆို့လိုက်သည်။ သူ၏ နာကျင် နေတဲ့ အမူအရာကိုသာ မြင်နိုင်ပြီး အသံတော့ မကြားရတော့ပေ။

ထိုအရာက ထရမ်၏ သာမန်ထက် ကျော်လွန်သော ခွန်အားနှင့် ခန္ဓာ ရှိနေသော အခြေအနေ၌ပင် ဖြစ်ခဲ့ လေသည်။ တခြားလူသာ ဆိုရင် နှစ်ပိုင်း ပြတ်ပြီး သေဆုံးသွားမည်မှာ သေချာပေသည်။

အက်စ်ခီက ခေါင်းလှည့်လိုက်ပြီး လေးလေးစားစား မေးသည်။ “လူကြီးမင်း။ ဒီလောက်ဆိုရင် အဆင်ပြေပြီလား။”

ချန်လွေ့က ဖြည်းဖြည်းချင်း ခေါင်းညိတ်သည်။ အမှန်တကယ်၌ အက်စ်ခီ၏ ရက်စက်ကြမ်းတမ်းသော တိုက်ခိုက်မှုကြောင့် သူ အနည်းငယ် အံ့အားသင့်သွားသည်။ သို့သော် သူ ရောက်လာချိန် ထရမ်၏ ရှီရာအပေါ် ‘ကြိုက်နှစ်သက်’နေသော စကားကို ကြားလိုက်ရာ သူက တကယ်ပင် ဒေါသထွက်သွားခဲ့သည်။ ထိုအရာက သူ့ဒေါသကို ဖြေဖျောက်ရန်အတွက် လုံလောက်ပေသည်။

ထိုအချိန်တွင် ခရိုမန်ဒိစ်ကလည်း တိုင်ထဲမှ အပြင်ကို ရုန်းထွက် နိုင်ခဲ့သည်။ သူ ပြင်းထန်စွာ ဒဏ်ရာ ရခဲ့သော်လည်း သတိမလစ်ခဲ့ပေ။ သူက အဖြစ်အပျက် အားလုံးကို မြင်ခဲ့ရပြီး ဘာမှ ထပ်မပြောရဲပေ။ သူက ကျန်ရှိနေသော အားများကို စုစည်းပြီး အက်စ်ခီ၏ ဘေးနားကို လျှောက်ကာ ထရမ်၏ ကျန်နေသော တစ်ဝက်ကို ကိုင်ပြီး အက်စ်ခီနှင့်အတူ ချန်လွေ့ကို ဦးညွှတ်လိုက်သည်။ လူ ၃ယောက်၏ ပုံရိပ်က ဖြည်းဖြည်းချင်း မှေးမှိန်သွားကြပြီး မျက်စိတစ်ခတ် အတွင်း ပျောက်ကွယ်သွား၏။

ခရမ်းရောင် ကြယ်အလင်းများ မှေးမှိန်သွားပြီး ချန်လွေ့၏ မျက်နှာဆီ ပြန်ရောက်လာသည်။ သူက ရှီရာ၏ ဘေးနားကို ရောက်လာခဲ့သည်။

“အဆင်ပြေရဲ့လား။”

ချန်လွေ့၏ စွမ်းအားအောက်မှာ အပြင်ဘက် မီးအိမ်ဝိညာဉ်များက အေးခဲနေသော အခြေအနေများမှ ပြန်ကောင်းလာခဲ့ကြသည်။ သူတို့၏ သခင်ဟာ ခန်းမထဲ ပေါ်လာပြီး ရန်သူများ ပျောက်ကွယ်သွားကြောင်း မြင်သော် သူတို့ စိတ်သက်သာရာ ရသွားခဲ့သည်။ ရလဒ်အနေနဲ့ သူတို့က ရှင်းလင်းကာ ခုခံမှု အခင်းအကျင်းကို ပြန်လည် စီစဉ်ကြတော့သည်။

“ရှင်က ကျွန်မ ထင်ထားတာထက် ပိုပြီးတော့ မြန်မြန် ရောက်လာတာပဲ။” ရှီရာက ခရမ်းရောင် မျက်လုံးများဖြင့် သူ့မျက်နှာကို တည့်တည့်ကြည့်ရင်း ခေါင်း အနည်းငယ် ခါလိုက်သည်။ “ဒါပေမဲ့ ကျွန်မ မသိတာက ရှင့်ရဲ့ ဒီလို ခြိမ်းခြောက်နိုင်တဲ့ အဆင့်က ဘယ်တုန်းက ဖြစ်သွားတာလဲ။ ဒီ အထူး အဆင့်တွေ ကတောင်… အဲဒီ မိန်းမရဲ့ စွမ်းအားက နတ်ဘုရား တစ်ပိုင်း ဖြစ်ရမယ်။ ဒါပေမဲ့ သူ ရှင့်ကို ကြည့်နေတဲ့ပုံစံက မြွေပွေး မြင်ရတဲ့ ကြွက်တစ်ကောင်လိုပဲ။”

“မြွေပွေး ဟုတ်လား။ ဧကရီရဲ့ ဥပမာတွေက ပိုပြီး ထက်မြက် လာတဲ့ပုံပဲ။” ချန်လွေ့ ရယ်လိုက်ပြီး လက်ကို ဆွဲယူလိုက်သည်။ “အခု အိပ်ခန်းတစ်ခု ရှာပြီးတော့ ကိုယ့်ရဲ့ ဧကရီနဲ့ ပွင့်လင်းလို့ ရမလား။”

အိပ်ခန်းမှာလား။ ဇနီးတစ်ယောက် အနေနဲ့ ရှီရာက ထိုအပြုံးထဲတွင် ပါဝင်သော ‘ယုတ်မာမှု’ ကို မည်သို့ မမြင်ဘဲ နေမည်နည်း။ ထို ‘ပွင့်လင်း’ ဆိုသော စကားလုံးက အမှန်တွင် ‘အဝတ်ဗလာသင်ခန်းစာ’ ဖြစ်သည်။ သူက နှာခေါင်း ရှုံ့လိုက်သည်။ “ကြည့်ရတာ ရှင် ဒီကို မလာခင် လူအများကြီးနဲ့ ‘ပွင့်လင်း’ ခဲ့တဲ့ပုံပဲ။”

“ကိုယ့်က ‘ပွင့်လင်း’ ခံရတာပါ။ ဟုတ်ပြီလား။” ချန်လွေ့က ပြုံးပြီး ပြောသည်။ “မင်းမှာ ခီရာရဲ့ မှတ်စု စာအုပ် ရှိတယ် မလား။ အဲဒါက ကိုယ့်ကို သတ်နေတာ။”

ရှီရာက ‘မှတ်စုစာအုပ်’ ဟူသော စကားလုံးကို ကြားသောအခါ သူ၏ မျက်နှာက အေးစက်မှုကို မထိန်းထား နိုင်တော့ဘဲ နီရဲသွား၏။ ထိုအရာက တကယ့်ကို ရင်သပ်ရှုမောစရာပင်။ တခြားဝန်ကြီးတစ်ဦးသာ ထိုနေရာ၌ ရှိနေခဲ့မည်ဆိုလျှင် ထိုရှက်တတ်သော အမျိုးသမီးက ပုံမှန် အေးစက်ပြီး သိက္ခာရှိသော ဧကရီ ဟူ၍ ယုံရန် ခက်ခဲပေလိမ့်မည်။

ဧကရီအရှင်မက အလျင်အမြန် တည်ငြိမ်သွားပြီး သူ၏ အေးဆေးတဲ့ ပုံစံကို ပြန်ရလာခဲ့သည်။ “ဒီ အမှောင်နတ်ဘုရားကျောင်းရဲ့ ကိစ္စကို ဘယ်လိုထင်လဲ။”

“အခု လောလောဆယ် အလုပ် အကြောင်း မပြောဘဲ နေလို့ မရဘူးလား။ ခုနက မင်း အတော်လေး ဆွဲဆောင်မှု ရှိနေတယ်။ ဟီးဟီး၊ ကိုယ် မှားသွားတယ်… ဒါကလည်း ဆွဲဆောင်မှု ရှိတယ်။”

“ကိုယ်ရေးကိုယ်တာ ကိစ္စတွေကို အရင်ပြောချင်တာလား။”

“ဒါပေါ့…” ချန်လွေ့က သူ့ကို မျက်စိတစ်ဖက် မှိတ်ပြလိုက်သည်။ ယခုတစ်ခေါ ပြန်လာပြီးနောက်တွင် သူသည် အရင်က ပြင်ဆင်မှုများနှင့် အလုပ်များနေခဲ့သည်ဖြစ်ရာ ရှီရာကို ယခုမှ တွေ့ရလေသည်။ ထို့ကြောင့် သူ့ကို လွမ်းနေသည်မှာ မဆန်းပေ။

“ဒါဆို ရှင့်ရဲ့ ဧကရီ ဇနီးလောင်း အကြောင်းကရော။ ရှင် သူ့ကို ဘယ်တော့ လက်ထပ်မှာလဲ။”

“တကယ်တော့ တစ်ဖနီက…”

“သွေးရောင်အင်ပါယာရဲ့ ဧကရီနဲ့ မင်္ဂလာပွဲ လုပ်မယ် ဆိုရင်တော့ အရိပ်နက် အင်ပါယာရဲ့ ဧကရီနဲ့ မင်္ဂလာပွဲကိုလည်း ချန်ထားလို့ မရဘူး မဟုတ်လား။ ဒါက နတ်ဆိုးဘုံရဲ့ ကြီးကျယ် ခမ်းနားတဲ့ မင်္ဂလာပွဲ ဖြစ်လောက်တယ်။ ဂုဏ်ယူပါတယ်။ ကြင်ရာတော်မင်းသား။ ရှင်က နတ်ဆိုးဘုံတစ်ခုလုံးရဲ့ အာရုံစိုက်စရာ အာရုံစိုက်မှု ဖြစ်လာပြန်ပြီ။”

“အာ..ကတ်သရင်းက… ဧကရီ အကြောင်းတွေ မပြောဘဲ နေလို့ မရဘူးလား။”

“ကောင်းပြီလေ။ ဧကရီအကြောင်း မပြောတော့ဘူး။ မင်းသမီးအကြောင်း ပြောကြတာပေါ့။ ရှင်နဲ့ တွေ့ပြီးတော့ ရှင် မဟုတ်ရင် လက်မထပ်ဘူးလို့ ပြောနေတဲ့ ကျွန်မရဲ့ ညီမတော် မင်းသမီး အကြောင်း ဆိုရင်ရော ဘယ်လိုလဲ။”

“အာ… ဒါဆို အလုပ်အကြောင်း ပြောကြတာပေါ့။” ထက်မြက်သော ဧကရီက ‘ကိုယ်ရေးကိုယ်တာကိစ္စ’ အနည်းငယ်ကို ပြောလိုက်သောအခါ ချန်လွေ့ ချွေးများ တရွှဲရွှဲ ကျသွား၏။

“ကိုယ်ရေးကိုယ်တာ ကိစ္စတွေကို အရင် ပြောမယ်လို့ ရှင် ပြောခဲ့တယ် မဟုတ်ဘူးလား။” ရှီရာ၏ ခရမ်းရောင် မျက်လုံးများထဲတွင် ရှားရှားပါးပါး စနောက်လိုသော အမူအရာ တစ်ခု လင်းလက်သွား၏။ “ကောင်းပြီ၊ အလုပ်ကိစ္စတွေ ပြောကြတာပေါ့။ ပြောပါ။ ကျွန်မ နားထောင်နေ ပါတယ်။”

“အမှောင်နတ်ဘုရားကျောင်းက နတ်ဆိုးဘုရားသခင်နဲ့ ဘာမှမဆိုင်ဘူး။ အဲဒါက တစ်စုံတစ်ယောက်ရဲ့ ရည်မှန်းချက်ကြောင့် ပေါ်လာတာပဲ။” ချန်လွေ့ ထိုစကားကို ပြောလိုက်ရာ သူ၏ အမူအရာက ပိုပြီး လေးနက် လာခဲ့သည်။ “နတ်ဆိုးဘုံက ငြိမ်းချမ်းမှုနဲ့ တည်ငြိမ်မှုကို နောက်ဆုံး ရရှိခဲ့ပြီ။ ဒီလိုဖြစ်အောင် မင်းနဲ့ ကိုယ်နဲ့ တခြားသူတွေ အများကြီး ကြိုးစားခဲ့ရတယ်။ ဒါကို မသန့်ရှင်းတဲ့ လက်တွေ ဝင်ရောက် စွက်ဖက်တာ ကိုယ် ဘယ်တော့မှ ခွင့်မပြုဘူး။”

“‘ဆက်ခ်ရက်တောင်’ အကြောင်း ကျွန်မ တစ်နေရာရာမှာ ကြားဖူး သလိုပဲ။ ရှင် ပြောခဲ့ဖူးတယ်လေ။ သြော်… အိုလီဖီးရက်စ်ပဲ…”

ချန်လွေ့ ခေါင်းညိတ်လိုက်သည်။ “ဟုတ်တယ်။ အဲဒီ ‘စေတန်’က နတ်ဆိုးဘုံမှာ ကြောက်စရာအကောင်းဆုံး အစွမ်းထက်ပုဂ္ဂိုလ် ဖြစ်လောက်တယ်။ နတ်ဘုရားအောက်မှာ ပထမဆုံးပဲ။ သူ လုပ်ချင်တာက လူသားလောက သိဒ္ဓိကျောင်းတော်ရဲ့ ကောင်းကင်တမန်တော် သုံးပါးကို အတုယူပြီး နတ်ဘုရားလမ်းစဉ်ကို ရည်ရွယ်ချက်နဲ့ ယုံကြည်မှုတွေကို ခိုးယူဖို့အတွက် အမှောင် နတ်ဘုရားကျောင်းကို တည်ဆောက် ချင်တာပဲ။”

ရှီရာက စိုးရိမ်သော အကြည့်ဖြင့် ကြည့်လိုက်သည်။ “ဒီလောက် အင်အား ကြီးမားတဲ့ ရန်သူမျိုးကို ရှင်…”

“ကိုယ် သူ့ကို မယှဉ်နိုင်တာတော့ အမှန်ပါပဲ။ ဒါပေမဲ့ မစိုးရိမ်ပါနဲ့။ မင်းရဲ့လူက လူမိုက် မဟုတ်ပါဘူး။ ကိုယ် အဲဒီကောင်နဲ့ မဆင်မခြင် တိုက်ခိုက်မှာ မဟုတ်ဘူး။ ကိုယ်က ပြည့်စုံတဲ့ အစီအစဉ်တစ်ခုကို ရေးဆွဲ သွားမှာပါ။”

“မှတ်မိပါသေးတယ်။ မှော်ဆရာ ခံတပ်မှာ သေမယ်ဆိုတာ သိပေမဲ့ ရိုင်ဇန်နဲ့ အသေအလဲ တိုက်ခဲ့တဲ့ လူမိုက်တစ်ယောက် ရှိခဲ့တယ်လေ။”

အတိတ်မှ အကြောင်းများကို ပြောရင်း ရှီရာ၏ မျက်လုံးများထဲက အေးစက်မှုများက မှိန်ဖျော့သော နူးညံ့မှုအဖြစ် အရည်ပျော်သွား၏။ “ရှင် မှတ်ထားရမယ်။ ဘာပဲဖြစ်ဖြစ် ရှင် အသက်ရှင်နေရမယ်။ ကျွန်မ အတွက်၊ ပြီးတော့ ရှင်ကို ချစ်တဲ့သူ အားလုံး အတွက်ပေါ့။”

ချန်လွေ့က သူ အနက်ရှိုင်းဆုံး မှတ်မိနေသေးသည့် ‘အမိန့်’ ကို ပြန်တွေးလိုက်မိပြီး နှလုံးသားထဲ နူးညံ့သွားခဲ့သည်။ သူက ထိုလှပသော မျက်နှာကို ကိုင်ပြီး ပတ္တမြားနှုတ်ခမ်း တစ်စုံကို နမ်းရှိုက်လိုက်၏။

ရှီရာက မခုခံခဲ့ပေ။ သူက မျက်လုံးများကို ညင်ညင်သာသာ မှိတ်လိုက်ပြီး နှုတ်ခမ်းနှင့် လျှာ၏ ချိုမြိန်သော ခံစားမှုထဲသို့ အလိုလို စီးမျောသွားလိုက်သည်။

အချိန် အတော် ကြာပြီးနောက်...

“ရှီရာ။ ဒီမှာ သုံးလေးရက်လောက် ကိုယ် နေလို့ရမလား။”

“အင်း…”

“အင်း... ဒီည ဒါလေး ဝတ်ပေး… လို့ ရမလား။ အား!”

“…”

“ဟုတ်ပါပြီ။ ဟုတ်ပါပြီ။ ကိုယ် ဘာမှမဝတ်ဘူး။ မင်း ကြိုက်တာ လုပ်လို့ရတယ်။ ဟုတ်ပြီလား…”

“…”

All Chapters