← Chapters

အဖေ နှင့် သမီး

Vol. 65 Ch. 1049

အဖေ နှင့် သမီး

Vol. 65 Ch. 1049

ဆွေးနွေးမှု အချို့ ပြီးနောက်တွင် သူတို့ လေးယောက်းလုံးက အမှောင် နတ်ဘုရားကျောင်း၏ ထိန်းချုပ်မှုကို ပြတ်ပြတ်သားသား ခုခံရန် သဘောတူညီချက် ရရှိခဲ့ကြသည်။

ရှီရာ၏ ယခင် အတွေ့အကြုံအရ အမှောင်နတ်ဘုရားကျောင်း၏ ရည်ရွယ်ချက်မှာ အင်ပါယာ ၃ခုကို ယုံကြည်မှု ထောက်ပံ့ ပေးရမည့် ရုပ်သေးများနှင့် အသုံးချခံများ အဖြစ် ပြောင်းလဲရန်နှင့် အတင်းအကျပ် နည်းလမ်းများဖြင့် ယုံကြည်မှုကို ပေါင်းစည်းရန် ဖြစ်ကြောင်းကို မြင်နိုင်ပေသည်။ နာခံသူများက ရှင်သန်မည် ဖြစ်ပြီး ဆန့်ကျင်သူများ သေဆုံးပေလိမ့်မည်။

နတ်ဆိုးဘုံ ငြိမ်းချမ်းသည်ဖြစ်စေ၊ တည်ငြိမ်သည်ဖြစ်စေ၊ စေတန်က ဂရုစိုက်နေမည် မဟုတ်ပေ။ သူ စိတ်ဝင်စားသည်က ပျက်စီးခြင်း စာအုပ်ကို မည်သို့ ပေါင်းစည်းရမည်၊ ယုံကြည်မှုကို ခိုးယူရန် အတွက် မည်သို့ လှည့်စားပြီး နတ်ဘုရား လမ်းစဉ်ကို မည်သို့ လျှောက်ရမည် ဆိုသည်ပင်။

ထိုသို့သော ‘အစွမ်းထက်ပုဂ္ဂိုလ်’ များ၏ မျက်လုံးထဲတွင် သာမန်လူ အားလုံးက ပုရွက်ဆိတ်သာ ဖြစ်ပြီး သူတို့ကို အလွယ်တကူ သတ်ခြင်းက ‘အမှန်’ ဟူ၍ သတ်မှတ်ထားကြ၏။

အကြောက်တရား အဓိက ယဇ်ပလ္လင်မှာ ရာဖယ်ရယ်က ဆိုစဘတ်ကို ပြောခဲ့သလိုပင်။ “ဒီလောကကို ထိန်းချုပ်တဲ့သူတွေက ကောင်းကင်တမန်တော် သုံးပါးပဲ။ ဖျက်ဆီးရမယ် ဆိုရင်တောင် ငါတို့ပဲ ဖျက်ဆီးမှာ။ အသူရာချောက်နက်က မဟုတ်ဘူး။”

သူတို့ ဂရုစိုက်သည်က လောကကို မည်သူက ‘ဖျက်ဆီး’ ပိုင်ခွင့်ရှိကြောင်း ဆိုသည်ပင်။ ကာကွယ်ရန် မဟုတ်။

သို့သော်လည်း ယခု အချိန်တွင် ထိုသို့ ထိပ်တိုက် ရင်ဆိုင်မှုက လုပ်ဆောင်၍မရသေးပေ။ ထို့ကြောင့် စေတန်က လူတွေကို အင်ပါယာ ၃ခုဆီ ထပ်မံ စေလွှတ်မည်ဆိုရင် သူတို့ အချိန်ဆွဲရန်နှင့် အာရုံပြောင်း စေရန်အတွက် ဗျူဟာအမျိုးမျိုးကို အသုံးပြုနိုင်ပေသည်။ မည်သို့ပင် ဖြစ်စေကာမူ အုပ်ချုပ်သူ ၃ဦးက သဘောတူခဲ့လျှင်ပင် အမှောင် နတ်ဘုရားကျောင်းဟူ၍ ခေါ်သော ဘုရားကျောင်းက သိဒ္ဓိကျောင်းတော် အရွယ်အစားအတိုင်း ညတွင်းချင်း တည်ဆောက်နိုင်မည် မဟုတ်ပေ။

ထိုဗျူဟာက တားဆီးရန်သာ လုပ်နိုင်သည်။ စေတန်၏ လုပ်ရပ်ကို တကယ် ဖယ်ရှားချင်ပါက သူသည် ထိုအစွမ်းထက် နတ်ဘုရား-ယောင် နှင့် နောက်ဆုံး ထိပ်တိုက် ရင်ဆိုင် ရပေမည်။ ချန်လွေ့၏ အမြင်က အချိန်ဆွဲရန် ဖြစ်သည်။ နောက်ဆုံး နည်းလမ်းအနေဖြင့် သူတို့က ‘လျှို့ဝှက်ဆန်းကြယ်တဲ့ နတ်ဘုရား-ယောင် အစွမ်းထက်ပုဂ္ဂိုလ်’ ဆိုသူ အပေါ်ကို အပြစ်ပုံချပြီး ချန်လွေ့က နည်းလမ်းရှာမည် ဖြစ်သည်။

လိုရမည်ရ အနေဖြင့် ချန်လွေ့က မြို့တော် သုံးခုစီတွင် ချက်ချင်း ရွှေ့ပြောင်းနိုင်သော တယ်လီပို့အမှတ် (ကြယ်အမှတ်) တစ်ခုစီ ထားခဲ့ပြီး အကူအညီတောင်းသော အချက်ပြမှု ရရှိသည်နှင့် ထိုနေရာကို ချက်ချင်း ရွှေ့ပြောင်းမည် ဖြစ်သည်။

ဓူဝံကြယ်ခရမ်းဧကရာဇ်အဖြစ် အဆင့်တက်ပြီးနောက်တွင် [ကြယ်ဂိတ်]၏ ကြယ်အမှတ်များက မူလ ၄ခုမှ ၇သို့ တိုးလာခဲ့ပြီး ကြယ်အမှတ် သတ်မှတ်ချိန်ကလည်း ၁၀နှစ်မှ အနှစ်၅၀အထိ တိုးလာ၏။ [ကြယ်ဂိတ်] သည် ချန်လွေ့မှလွဲ၍ တခြားလူများကို ဖြတ်သန်းခွင့် မပေးသေးသော်လည်း သူ၏ နည်းလမ်းများက အရင်ကထက် အများကြီး သာလွန်နေပြီ ဖြစ်သည်။ ကြယ်အပ်နှင်းစင်မြင့်ကို ကြယ်ရာထူးရှိသူများအား ပေါင်းစည်းရန် အသုံးပြုနိုင်ရုံ သာမက ကျက်သရေမျှော်စင်ကိုလည်း သူက အသုံးပြုပြီး ရွှေ့ပြောင်းနိုင်၏။

ကျက်သရေမျှော်စင်၏ ‘တိုင်းပြည် ပေါင်းစည်းခြင်း’က တိုင်းပြည်ကို ပေါင်းစည်းပြီးနောက် သက်ရှိများကို သယ်ဆောင်နိုင်သော အထူး နေရာလွတ် တစ်ခုကို ဖန်တီးနိုင်ပြီး ထိုနေရာမှာ လွတ်လပ်စွာ ရွေ့နိုင်၏။ သို့သော် ကန့်သတ်ချက် တစ်ခုတော့ ရှိနေသည်။ သူက ရွှေ့ပြောင်းနေစဉ် တိုက်ခိုက်၍ မရသလို အခြားသော အရာများလည်း လုပ်၍ မရနိုင်ပေ။ နှစ်သွယ်တိုင်းပြည် မရှိမှသာ ဖြစ်၏။ [လေးရာသီတိုင်းပြည်] နှင့် [ဓူဝံကြယ်တိုင်းပြည်] နှစ်ခုစလုံး ပိုင်ဆိုင်သော ချန်လွေ့အတွက်တော့ ထိုအရာက ကွက်တိပင် ဖြစ်သည်။

လက်ထဲ၌ ‘အန္တိမတိုက်ကွက်’ နှစ်ခုကို ကိုင်ဆောင်ထားခြင်းအားဖြင့် သူက တခြားသူများနှင့် ရွှေ့ပြောင်း၍ မရနိုင်သော [ကြယ်ဂိတ်] ၏ အားနည်းချက်များကို ပယ်ဖျောက်နိုင် ခဲ့လေသည်။

အမှောင်လအိမ်မှ ကြယ်အမှတ်ကို ကြယ်ကြွေတမန် အင်ပါယာ၏ နန်းတော်သို့ ပြောင်းလိုက်သည်။ အကြောင်းမှာ ကြယ်ကြွေတမန် အင်ပါယာ၏ နန်းတော်က အပြင်ဘက် ဆင်ခြေဖုံးရှိ သက်တန့် တောင်ကြားနှင့် အလွန်နီးနေ၍ပင်။ ထို့ကြောင့် ထပ်နေစရာ မလိုပေ။

လူသားလောက မုန်တိုင်းကျွန်းနှင့် သိဒ္ဓိအလင်းတောင်ထိပ်ရှိ ကြယ်အမှတ်များကတော့ ဆက်ရှိနေဆဲပင်။ ပထမ တစ်ခုက ချန်လွေ့၏ အခြေစိုက်စခန်း တစ်ခု ဖြစ်ပြီး ဒုတိယတစ်ခုက အရေးပေါ် ကိစ္စအတွက် သိဒ္ဓိအလင်းတောင်၏ ‘ထရိုဂျန်မြင်း’ ဖြစ်လေသည်။

ကြောက်မက်ဖွယ်ရာ မိုးပျံနယ်မြေ တွင်လည်း ကြယ်အမှတ် တစ်ခု ရှိနေသေးသည်။ ချန်လွေ့ အတွက် ထိုအရာက အလွန် အရေးကြီးသော မှတ်တိုင်တစ်ခု ဖြစ်ပြီး နောက်ထပ် သွားရန် စီစဉ်ထားသော နေရာလည်း ဖြစ်သည်။ ကြောက်မက်ဖွယ်ရာ မိုးပျံ နယ်မြေက ကြယ်မြို့ အတွက် ‘စည်းမျဉ်းစွမ်းအင်’ကို ထုတ်လုပ်ပေး နိုင်ရုံသာမကဘဲ ကောင်းမွန်သော လေ့ကျင့်ရေး နယ်မြေလည်း ဖြစ်၏။

ထိုကြယ်အမှတ် ၄ခုအပြင် သဘောတူညီချက်အရ သွေးရောင် အင်ပါယာနှင့် အရိပ်နက် အင်ပါယာ တို့တွင်လည်း တစ်ခုစီ ထားရှိမည် ဖြစ်သည်။ ဒါကြောင့် နောက်ဆုံး ချန်လွေ့တွင် သုံးရန် ကြယ်အမှတ် တစ်ခု ကျန်နေသေး၏။

ချန်လွေ့ပြောသော ‘နည်းလမ်းရှာ’ မည့်ကိစ္စကို ရိုင်ဇန်က သံသယ ဝင်နေသော်လည်း လက်ရှိတွင်မူ ပိုကောင်းနေသော ဖြေရှင်းချက် မရှိသေးပေ။ သူက စေတန်ဆီတွင် လက်နက်ချရန် ဆန္ဒမရှိသည်ဖြစ်ရာ ယုံကြည်ရန်သာ ရွေးချယ်နိုင်၏။

သွေးရောင်အင်ပါယာကို အစည်းအရုံးနှင့် ပိုမို၍ ခိုင်မာစွာ ချည်နှောင်ထားရန်နှင့် အင်ပါယာ၏ အကျိုးစီးပွားတွေကို ပို၍ ခိုင်မြဲစွာ ကာကွယ်ရန် အတွက် ရိုင်ဇန်က လက်ထပ်ပွဲကိစ္စကို ထပ်မံ ထုတ်ပြော လာခဲ့သည်။

ချန်လွေ့က စဉ်းစားပြီး တစ်ဖနီကို ထိုပုံရိပ်ယောင် တွေ့ဆုံ ဆွေးနွေးပွဲ၌ ပေါ်လာစေခဲ့သည်။

ဖခင်ဖြစ်သူ ရိုင်ဇန်ကို မြင်ရသော် တစ်ဖနီက လမ်းသွား လမ်းလာ တစ်ယောက်လိုပဲ ပေါ့ပေါ့ပါးပါး အမူအရာ ပြသနေသည်။ ထိုအရာက အေးစက်သော စရိုက်ကို ပြသခြင်းပင် ဖြစ်လေသည်။

ရိုင်ဇန်ကလည်း ဂရုမထားဘဲ မေးလိုက်သည်။ “အဲဒီမိန်းမနဲ့ မင်း တွေ့ပြီးပြီလား။”

“အင်း...”

“သူကို ထပ်တွေ့ချင်သေးလား။”

“မတွေ့ချင်ဘူး...”

“ကောင်းတယ်။ မင်းက သွေးရောင် လက်စွပ်ကို ရထားပြီးလောက်ပြီ။ ဒီနေ့ကစပြီး မင်းက အင်ပါယာရဲ့ ဧကရီပဲ။ သွေးရောင်အင်ပါယာဆီကို ပြန်ရောက်တဲ့အခါ ငါ မင်းကို ထီးနန်း ချက်ချင်း လွှဲပေးလိုက်မယ်။”

တစ်ဖနီက ဘာမှ မပြောခဲ့ပေ။ သူက ရိုင်ဇန်ကို အေးစက်စွာဖြင့် ကြည့်နေခဲ့သည်။

ထိုသို့ တိုတောင်း အေးစက်သော ပြောစကားများက ချန်လွေ့နှင့် တခြားသူများကို စကားမပြောနိုင် ဖြစ်သွားစေသည်။ ထိုအရာက အချိန် အကြာကြီး ခွဲခွာပြီးမှ ပြန်လည်၍ ဆုံဆည်းခဲ့သော ဖခင်နဲ့ သမီးကြားမှ ပြောစကားများ ဖြစ်လိမ့်မည်ဟူ၍ စိတ်ကူးနိုင်ရန် ခက်ခဲလှပေသည်။ အထူးသဖြင့် ရိုင်ဇန်က သူ၏ သမီး ဒဏ်ရာရခဲ့ပြီး အသက် ဆုံးရှုံးလုနီးပါး ဖြစ်ခဲ့ကြောင်း သိနေသည့်တောင် စိုးရိမ်သော စကား တစ်ခွန်းမျှပင် မပြောခဲ့ပေ။ သူက စကား(၃)ခွန်းသာ ပြောပြီးနောက် အင်ပါယာ၏ ဝန်ထုတ်ဝန်ပိုးကို တိုက်ရိုက် လွှဲပေး လိုက်လေသည်!

ရိုင်ဇန်က သွေးရောင်လက်စွပ် အကြောင်း ပြောသော ချန်လွေ့က ခဏ တုံ့ဆိုင်းနေခဲ့ပြီး ပြောလိုက်၏။ “သွေးရောင်လက်စွပ်နဲ့ ပတ်သက်ပြီး ကျုပ် တစ်ခု ပြောစရာ ရှိတယ်။ ကျုပ်က ရှေးဟောင်း အမွေအနှစ် စွမ်းအားကို သုံးပြီး ရာဖယ်ရယ်ရဲ့ အချုပ်အနှောင်ကို ဖွင့်ဖို့လုပ်တော့ မတော်တဆတစ်ခု ဖြစ်ခဲ့တယ်…”

“ဘာ!” ရိုင်ဇန်က စကားနှစ်ခွန်းကို ကြားပြီးနောက် ခုန်ပေါက်မတတ် ဖြစ်သွားခဲ့သည်။ “မင်းက သွေးရောင်လက်စွပ်နဲ့ ပေါင်းစည်း လိုက်တယ် ဟုတ်လား! ဒါက မန်မွန် တော်ဝင်မိသားစုရဲ့ အမြင့်ဆုံး အဆောင်ပစ္စည်းပဲကွ!”

ချန်လွေ့က ထိုကိစ္စမှာ အမှန် တကယ်ပင် အပြစ် ရှိခဲ့လေသည်။ “ဒါက မတော်တဆပါ။ နောက်တော့ သွေးရောင် လက်စွပ်ကို မန်မွန် မိသားစုဆီ ပြန်ပေးဖို့ ကျုပ် ကြိုးစား ပါ့မယ်။”

“ကောင်းပြီ။” ရိုင်ဇန် ဆက်၍ မေးခွန်းထုတ်နိုင်ခင်မှာပဲ တစ်ဖနီက ချက်ချင်း သဘောတူလိုက်သည်။

ရိုင်ဇန် မျက်လုံးက ပြင်းထန်သော အလင်းရောင်ဖြင့် တစ်ဖနီ မျက်နှာကို ကြည့်လိုက်သည်။ တစ်ဖနီက သူ့ ခမည်းတော်၏ ပြင်းထန်သော အကြည့်ကို ချက်ချင်း ဖိနှိပ်လိုက်ပြီး စကားတစ်လုံးချင်း ပြောလိုက်သည်။ “ရှင် ခုနက ပြောတာ အတည်လား။”

ရိုင်ဇန်က တစ်ဖနီကို ခဏတာ စိုက်ကြည့်ပြီးနောက် အေးစက်စွာ ပြောလိုက်သည်။ “ဟုတ်တယ်။ မင်း မှတ်ထားရမှာက အခုနဲ့ အနာဂတ်မှာ မင်းပြောတဲ့ စကားတိုင်း၊ လုပ်တဲ့ အရာတိုင်းက အင်ပါယာတစ်ခုလုံးနဲ့ လူထောင်ပေါင်းများစွာကို ကိုယ်စားပြုတယ်။ မင်း တစ်ဦးတည်း ကိုယ်စားပြုတာ မဟုတ်ဘူး!”

“ကျွန်မ သိပါတယ်။”

“ဒါဆို မင်း နန်းတက်ပြီးတော့ ဒီလူနဲ့ လက်ထပ်ရမယ် ဆိုတာကို သိတယ်မလား။”

“သိတယ်။”

“သိပ်ကောင်းတယ်!” ရိုင်ဇန်က အေးစက်စက် ခနဲ့လိုက်သည်။ “၇ရက် အတွင်း သွေးရောင်အင်ပါယာဆီကို မင်း ပြန်ရောက်လာရမယ်။”

“ကြားပါတယ်။” တစ်ဖနီက အများကြီး မပြောခဲ့ပေ။ သူက လှည့်လိုက်ပြီးနောက် သူ၏ ပုံရိပ်က တဖြည်းဖြည်း မှေးမှိန်သွားခဲ့သည်။

ချန်လွေ့က တိတ်တဆိတ် သက်ပြင်းချလိုက်၏။ “ကျုပ် သူနဲ့ လိုက်သွားပါ့မယ်။ အဲဒီမှာ ကျုပ်က တယ်လီပို့ အမှတ်တစ်ခု ခင်းကျင်းဖို့ လုပ်မလို့က အတော်ပဲ။”

ရိုင်ဇန်က သူ့ကို နက်ရှိုင်းစွာ ကြည့်လိုက်၏။ “မင်းရဲ့ စွမ်းအားနဲ့ ဒီလိုမျိုး လုပ်စရာ မလိုပါဘူး။”

“ကျုပ်က ခင်ဗျား ဂျာဒယ်ခံတပ်ရဲ့ အပြင်ဘက်မှာ ပထမဆုံး အကြိမ် တွေ့ခဲ့တဲ့ လူနဲ့ အတူတူပဲ။ မှော်ဆရာ ခံတပ်မှာ တွေ့ခဲ့တဲ့ လူနဲ့လည်း အတူတူပဲ။ ကျုပ်ရဲ့ စွမ်းအား ဘယ်လိုပဲ ပြောင်းလဲသွားပါစေ တချို့ အရာတွေက ပြောင်းမှာ မဟုတ်ဘူး။” ချန်လွေ့က ပြုံးလိုက်သည်။ ရှီရာနှင့် ကတ်သရင်းတို့က တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြသည်။ ကတ်သရင်းကတော့ မျက်နှာလွှား နောက်မှ ဆွဲဆောင်မှု ရှိသော အပြုံးမျိုးကို ပြသလိုက်ပြီး ရှီရာ၏ မျက်လုံးထဲတွင်လည်း နွေးထွေးမှု အငွေ့အသက် ရှိနေခဲ့သည်။

ရိုင်ဇန်က မျက်မှောင်ကြုတ်ပြီး ထူးဆန်းသော အမူအရာ တစ်ခု ဖြတ်သွား၏။ သူက ဖြည်းဖြည်းချင်း ခေါင်းညိတ်ပြီး တစ်ခုခု ပြောချင်နေပုံ ရသော်လည်း နောက်ဆုံး ပုံရိပ်က မှေးမှိန်သွားခဲ့ပြီး သူ ဘာမှမပြောခဲ့။

“သူက တစ်ဖနီကို ဂရုစိုက်ဖို့ ရှင့်ကို ပြောချင်နေတာပဲ။” ရှီရာက သက်ပြင်းချလိုက်သည်။ “ကံမကောင်းစွာနဲ့ပဲ သူက ရိုင်ဇန် ဖြစ်နေတယ်။”

ကတ်သရင်းက ရယ်လိုက်သည်။ “ဒါပေမဲ့ ရိုင်ဇန်က စိတ်သက်သာရာ ရသင့်တယ်။ ဘာလို့လဲဆိုတော့ ကြင်ရာတော် မင်းသားက… အင်း မိန်းမတွေကို ဂရုစိုက်တတ်လို့ပဲ။”

“အတော်လေး ဂရုစိုက်ရုံတင်ကို မကဘူး၊ မိန်းမ တစ်ယောက်ရဲ့ အသက်အတွက် နတ်ဘုရား-ယောင် အဆင့် အထွတ်အထိပ်နဲ့ အသေအလဲ တိုက်ခိုက်မယ့်သူလည်း ဟုတ်တယ်။” ထိုအချိန် ရှီရာက တိတ်ဆိတ်ခြင်းက ရွှေဖြစ်သည်ဟူသော ဂုဏ်သိက္ခာကို လုံးဝ မပြတော့ပေ။

“အထူးသဖြင့် မိန်းမလှတွေကိုပေါ့။” ကတ်သရင်းက ပြုံးပြီး ထပ်ပြော၏။ “တစ်ဖနီက တကယ်ပဲ လှတယ်။ ကျွန်မ သူ့ကို သနားမိတယ်။ ကြင်ရာတော် မင်းသားရဲ့ မိန်းမလှတွေ စုဆောင်းချင်တဲ့ဆန္ဒက မပြည့်သေးတဲ့ပုံပဲ။”

မိန်းမသုံးယောက်က ပွဲဖြစ်အောင် လုပ်နိုင်သည်ဟု ပြောကြသော်လည်း အခုတွင် နှစ်ယောက်သာ ရှိနေ၏။ ကြင်ရာတော် မင်းသားကတော့ မခုခံနိုင်တော့ပေ။ သူ လက်နှစ်ဖက် မြှောက်ပြီး လက်နက်ချ လိုက်ရုံသာ ရှိတော့သည်။

ညီလာခံ အပြီးတွင် ချန်လွေ့က တစ်ဖနီဆီ သွားပြီး သွေးရောင် အင်ပါယာသို့ ထွက်ခွာရန် ဆွေးနွေး တော့မယ့်အချိန် ရင်းနှီးသော အသံ တစ်ခုက ရုတ်တရက် သူ၏စိတ်ထဲကို ဝင်လာခဲ့သည်။

“ချန်လွေ့! ရှင် ဘယ်မှာလဲ။”

ထိုအသံက ဇိုလာ၏ အသံပင်။ ချန်လွေ့က အံ့အားသင့်သွားခဲ့သည်။

ဇိုလာက သက်တန့်တောင်ကြားမှာ တံခါးပိတ်လေ့ကျင့်နေတာ မဟုတ်ဘူးလား။ ဘယ်လိုလုပ် သူရဲ့ အသံက ငါ့စိတ်ထဲကို ရောက်နေ ရတာလဲ။

စူပါစနစ်!

ချန်လွေ့၏ အတွေးများ လှုပ်ရှား သွားခဲ့ပြီး ချက်ချင်းပင် စူပါစနစ်ထဲ ဝင်လိုက်လေသည်။ ကြယ်စင်စု နတ်ဘုရားကျောင်းရှိ အဓိကခန်းမ၌ အံ့သြစရာ ကောင်းလောက်အောင်ပင် ဇိုလာကို တွေ့လိုက်ရသည်။

ယခင်က ဇိုလာသည် နတ်ဘုရား အပ်နှင်းစင်မြင့်တွင်သာ နေ၍ရခဲ့၏။ သူ့ကို ကြယ်ဘုရင်မဘွဲ့ ပေးအပ်ထား ခဲ့သော်လည်း ထိုကန့်သတ်ချက်ကို မချိုးဖျက်နိုင်ခဲ့ဘူး။ ယခုတော့ သူက ခန်းမထဲ အလိုလို ပေါ်လာခဲ့သည်!

ဇိုလာ၏ ဘေးနားတွင် ဗီရိုနီကာ ရှိနေသည်။ သူတို့က တစ်ယောက်နဲ့ တစ်ယောက် မစိမ်းကြပေ။ သူတို့က နဂါးလင်းလက် အင်ပါယာ၌ အရင်က ရင်းနှီးခဲ့ကြသည်။

“ဇိုလာ။ နင်က သိပ်ကိုလှတာပဲ။” ဗီရိုနီကာက ရိုးသားစွာ ချီးကျူးသည်။ “အရင်က နင် မျက်နှာကို ဖုံးထားတာ ဒါကြောင့်ကိုး။ မဟုတ်ရင် ပုရိဿတွေ အများကြီးရဲ့ အာရုံကို ဖမ်းစား ထားနိုင်မှာ သေချာတယ်။”

“နင်လည်း လှပါတယ်။ ဗီရိုနီကာ။ နင်က…” ဇိုလာ၏ မျက်မှန်နောက်က ခရမ်းရောင် မျက်လုံး လက်ခနဲ ဖြစ်သွားခဲ့သည်။ “ဘာလို့ ဒီကို ရောက်နေတာလဲ။”

(အဲဒီကောင်က ဒီလိုနေရာမျိုးမှာ တစ်ယောက်ကို ဝှက်ထားခဲ့တာပဲ!)

“ငါက… တကယ် သေပြီးတော့ ဝိညာဉ်ကလည်း လုံးဝပျက်စီးလုနီးပါး ဖြစ်ခဲ့တယ်။ နောက်တော့ စကြဝဠာ ထဲက အမြင့်ဆုံး စွမ်းအားတစ်ခုက ငါရဲ့ ဝိညာဉ်ကို ပြန်ပြီးတော့ တည်ဆောက်ပေးခဲ့တယ်။ ပြီးတော့ ငါ နိုးလာတဲ့အခါ ဒီမှာ ပေါ်လာ ခဲ့တာပဲ။” ဗီရိုနီကာက အလွန် သတိထား နေခဲ့သည်။ သူက ဇိုလာ၏ အတွေးကို မြင်လိုက်ပြီး ပြုံးလိုက်၏။ “ငါ အတိတ်က အရာ အားလုံးကို မေ့ပြီး ဘဝ အသစ်ကို စချင်တယ်။ ဒါကြောင့် ချန်လွေ့ကို နင်နဲ့ ရင်းနီတို့ကို မပြောပြဖို့ ငါ ပြောခဲ့တာ။ ငါက အခု ဒီလောက အသစ်မှာ နေ့တိုင်း အလုပ်ရှုပ် နေတယ်။ သိပ်ကို ပြီးပြည့်စုံတယ်လို့ ခံစားရတယ်။ သူနဲ့ နင်တို့ရဲ့ အကူအညီ အတွက် ကျေးဇူးပါပဲ။”

(ကျေးဇူးတင်တယ် ဟုတ်လား..)

(သူက ချန်လွေ့ရဲ့ ပထမဆုံး ချစ်သူပဲ။ အသီနာထက် အများကြီး စောတယ်လို့ ကြားတယ်)

(သူ့ရဲ့ ဝိညာဉ်ကို အသူရာ ချောက်နက်က တိုက်စားခဲ့တယ်။ နောက်ဆုံး လွတ်မြောက်လာခဲ့ပေမဲ့ သူရဲ့ ခန္ဓာတောင် ဆုံးရှုံးသွားခဲ့ပြီ…)

(ဒါက နည်းနည်းတော့ သနားစရာ ကောင်းတယ်…)

“အိုး..” မစ်-နတ်မိမယ်နဂါးက ခဏလောက် စဉ်းစားပြီး သူ့စိတ်က ပို၍ ရှင်းသွားခဲ့သည်။ ထိုအချိန်တွင် ချန်လွေ့ ခန်းမထဲ ပေါ်လာကြောင်း မြင်လိုက်ရသောအခါ ပျော်ရွှင်စွာ အမြန် နှုတ်ဆက် လိုက်သည်။ ပို၍ တိတိကျကျ ပြောရရင် သူက ချန်လွေ့ဆီ ပျံသွားခဲ့ခြင်းပင်။

“ဇိုလာ!” ချန်လွေ့က သူ့ဆီသို့ ပျံလာသော မစ်-နတ်မိမယ်နဂါးကို ဖမ်းမိလိုက်သည်။ ဇိုလာက သူ၏ လည်ပင်းကို ဖက်လိုက်ပြီး အရှိန်နဲ့ အကြိမ်များစွာ လှည့်ပတ်လိုက်ပြီးမှ ရပ်တန့်လိုက်၏။

ချန်လွေ့က လက်ထဲက ဇိုလာကို လွှတ်လိုက်လေသည်။ ဇိုလာက တိတ်တဆိတ် ဗီရိုနီကာကို တစ်ချက် ကြည့်လိုက်၏။ ဗီရိုနီကာက သူနှင့် ချန်လွေ့ကို ပြုံးပြီး ကြည့်နေကြောင်း မြင်လိုက်ရသည်။ ဟန်ဆောင်ခြင်း၊ အတင်းပြုံးနေခြင်း မဟုတ်ဘဲ နွေးထွေးမှု ရှိသော အပြုံးတစ်ခုသာ ဖြစ်နေ၏။

မစ်-နတ်မိမယ်နဂါးက ရုတ်တရက် အနည်းငယ် ရှက်သွားခဲ့လေသည်။ ချန်လွေ့က မေးလိုက်သည်။ “ဇိုလာ။ မင်း ဘာလို့ ဒီကို ရောက်နေတာလဲ။”

ထိုအကြောင်းကို ပြောလိုက်သော် မစ်-နတ်မိမယ်နဂါးက နှာခေါင်းရှုံ့ပြီး ပြုံးဖြီးပြီး လုပ်နေ၏။ “မှန်းကြည့်။”

“ကြယ်နှစ်ပွင့် တိုးမြှင့်မှု!” ချန်လွေ့ ချက်ချင်း တုံ့ပြန်လိုက်သည်။ “မင်း အောင်မြင်သွားပြီလား။”

All Chapters