ယုံကြည်မှု ကြယ်ချပ်ကာ
Vol. 65 Ch. 1051
ယုံကြည်မှုမျှော်စင်၏ အလင်းက စက္ကန့်အတော်ကြာ တောက်ပနေပြီးမှ မူလ အခြေအနေသို့ တဖြည်းဖြည်း ပြန်ရောက်သွားခဲ့သည်။ သို့သော် ဇိုလာ၏ ကြယ်စင်စု နတ်ဘုရား ရုပ်ထုတွင် ဖြစ်ပေါ်လာနေသော ပြောင်းလဲမှုများက ရပ်တန့်မသွားခဲ့။ ထိုနတ်ဘုရားရုပ်ထုသည် ယခုအခါ ရုပ်ထုတစ်ခုမျှသာ မဟုတ်တော့ဘဲ၊ အငွေ့အသက်နှင့် ယုံကြည်မှုများဖြင့် ပြည့်နှက်နေသည့် စစ်မှန်သော စိတ်ပုံရိပ်တစ်ခု ဖြစ်နေလေပြီ။ စိတ်ပုံရိပ်တစ်ခုလုံးသည် အနုစိတ်ပြီး စေ့စပ်သော ကြယ်မှုန်များစွာဖြင့် ဖွဲ့စည်းထားပြီး၊ အလွန်ကြီးကျယ် ခမ်းနားသော အရှိန်အဟုန်ကို ထုတ်လွှတ်နေသည်။ ထိုအရာက ကိုယ်ပိုင် နေအဖွဲ့အစည်း တစ်ခုကို ဖန်တီးနေပုံရသည်။
ထို‘နေအဖွဲ့အစည်း’က ချန်လွေ့ကို ရင်းနှီးသော ခံစားချက် တစ်ခု ပေးစွမ်းနေသည်။
ဒီလိုနဲ့ ဆင်တူတဲ့ အရာတစ်ခုကို လျှို့ဝှက်ဆန်းကြယ် နေရာတစ်ခုမှာ ငါ တွေ့ဖူးသလိုပဲ...
ဧရာမ ကြယ်စင်စု ပိုင်နက်မှ ပြန်လည်စီးဆင်းလာသော ယုံကြည်မှု စွမ်းအင်သည် ကြယ်စင်စု နတ်ဘုရား ရုပ်ထု၏ တောက်ပမှုကို အံ့မခန်း ဖွယ်ရာ အမြင့်ဆုံး အဆင့်သို့ ရောက်ရှိစေခဲ့သည်။ ထိုအလင်းထဲ နတ်ဘုရားရုပ်ထု၏ ပုံသဏ္ဌာန်သည် တစ်မျိုးတစ်မည် ပြောင်းလဲသွား၏။
ချန်လွေ့နှင့် ဇိုလာတို့သည် ထိုပြောင်းလဲမှုကို တချိန်တည်း ခံစားမိခဲ့ကြသည်။ ချန်လွေ့၏ မျက်နှာတွင် အံ့အားသင့်မှုများ တွေ့ရသော်လည်း၊ ပုံမှန်ဆိုလျှင် တည်ငြိမ်သော မျက်နှာ ရှိတတ်သည့် ဇိုလာ၏ မျက်နှာပေါ်တွင်မူ ပျော်ရွှင် ဝမ်းမြောက်မှုများကို ရှားရှားပါးပါး တွေ့မြင်နေရသည်။
ကြယ်အပ်နှင်းစင်မြင့်တွင် တောက်ပသော အလင်းရောင်က နောက်ဆုံးတွင် တဖြည်းဖြည်း အကောင်အထည် ပေါ်လာသည်။ တချိန်တည်းမှာပင် ယုံကြည်မှု စွမ်းအားလည်း တည်ငြိမ်သွား၏။
ဇိုလာ၏ ကြယ်စင်စု နတ်ဘုရား ရုပ်ထုတွင် လှပပြီး ကျက်သရေ ရှိသော ကိုယ်ထည် တစ်ခုလုံးကို ဖုံးအုပ်ထားသည့် ချပ်ကာတစ်ခု ပေါ်လာပြီး၊ ဖော်ပြ၍ မရနိုင်သော စွမ်းအား အငွေ့အသက် ထုတ်လွှတ် နေသည်။
ယုံကြည်မှုမျှော်စင်ရှေ့ရှိ ဇိုလာက ကိုယ်ပေါ်၌ ပေါ်လာသော ချပ်ကာကို အံ့အားတကြီး ကြည့်နေသည်။ သူ၏ ခန္ဓာကိုယ်အတွင်း စီးဆင်းနေသည့် အလွန် ကြီးမားသော စွမ်းအားကို ခံစားမိကာ စိတ်လှုပ်ရှားနေပုံရသည်။ ထို့အပြင် မစ်-နတ်မိမယ်နဂါးသည် သက်တန့်တောင်ကြားရှိ သူ၏ မူလ ခန္ဓာကိုယ်ပေါ်တွင်လည်း ထိုချပ်ကာ ပေါ်နေကြောင်း သေသေချာချာ ခံစားမိရာ လုံးဝ စိတ်ထင်နေခြင်း မဟုတ်ပေ။
[ယုံကြည်မှုချပ်ကာ]!
အထူး အစွမ်းထက် ပုဂ္ဂိုလ်များက နတ်ဘုရားတစ်ပိုင်းအဆင့်သို့ ရောက်ရှိပြီးနောက်တွင် စစ်မှန်သော တိုင်းပြည်အပြင် နောက်ထပ် ထူးခြားချက်တစ်ခု ရှိသည်။ ၎င်းက တိုင်းပြည်အဆင့် ပုဂ္ဂိုလ်များတွင် မရရှိနိုင်သော [ယုံကြည်မှုချပ်ကာ] ကို ဖန်တီးနိုင်ခြင်း ဖြစ်သည်။ ၎င်းသည် တိုက်ခိုက်ရေး စွမ်းအားကို များစွာ မြှင့်တင်ပေးနိုင်၏။
မှော်ပညာရှင်မျှော်စင်အဖွဲ့တွင် နတ်ဘုရားတစ်ပိုင်းအဆင့်သို့ ရောက်ရှိပြီးနောက် ဇိုလာက နတ်ဘုရားတစ်ပိုင်းအဆင့်၏ အလယ်ပိုင်းသို့ ချဉ်းကပ်လာခဲ့သည်။ သို့သော် သူက [ယုံကြည်မှုချပ်ကာ] ကို လုံးဝ မဖန်တီးနိုင်ခဲ့ပေ။ ဒြပ်စင် နတ်ဘုရားမ သရဖူ ကဲ့သို့သော အစွမ်းထက်သည့် အဆောင်ပစ္စည်း တစ်ခု ရှိနေသော်လည်း၊ ၎င်း၏ တိုးမြှင့်မှုက [ယုံကြည်မှုသံချပ်ကာ] ၏ စွမ်းအားနှင့် ညီမျှလုနီးပါးပင် ဖြစ်စေကာမူ [ယုံကြည်မှုသံချပ်ကာ] သည် ဇိုလာ၏ စိတ်ထဲတွင် အမြဲ ရှိနေခဲ့သော ကိစ္စတစ်ခု ဖြစ်သည်။
ယခုအခါတွင်မူ သူက နောက်ဆုံး၌ [ယုံကြည်မှုသံချပ်ကာ] ကို အောင်မြင်စွာ ဖန်တီးနိုင်ခဲ့ပြီး၊ ၎င်း၏ စွမ်းအားက မျှော်မှန်းထားသည်ထက် ပိုမို၍ မြင့်မားကာ၊ သူ ယခင်က ကြုံခဲ့ဖူးသော နတ်ဘုရားတစ်ပိုင်း အဆင့်ကို များစွာ ကျော်လွန်နေ၏။ ထို့ကြောင့် မဒမ်-နတ်မိမယ်နဂါးက စိတ်လှုပ်ရှားနေခြင်း ဖြစ်သည်။
အကယ်၍ မဒမ်-နတ်မိမယ်နဂါးက တောင်ပံ၈ခုနှင့် တမန်တော် ကာမေရယ်နှင့် ယခုတစ်ကြိမ် ပြန်လည် ရင်ဆိုင်ရပါက၊ သူသည် သူ့ကို ရင်ဆိုင်ရန် လုံလောက်သော ယုံကြည်မှု ရှိနေလိမ့်မည်။ အနည်းဆုံး ယခင်ကကဲ့သို့ တစ်ချက်တည်းနှင့် မရှုံးနိမ့်ဘဲ ထွက်ပြေးနိုင်လိမ့်မည်။
ချန်လွေ့လည်း အံ့သြသွားသည်မှာ အသေအချာပင်။ အကြောင်းမှာ ဇိုလာက ကြယ်ချပ်ကာကို ဝတ်ဆင် ထားသောကြောင့်ပင်။
ထိုကြယ်ချပ်ကာက ချန်လွေ့၏ ချပ်ကာပုံစံနှင့် မတူသော်လည်း၊ အထူး ကြယ်စွမ်းအားများ ပါဝင်ပြီး တူညီသော ခိုင်မာသည့် တိုးမြှင့်မှုကို ပေးနိုင်ကာ၊ မူလ စွမ်းအားထက် အဆများစွာ ပိုမို၍ ကြီးမားသော စွမ်းအား အသုံးပြုနိုင်မည် ဖြစ်သည်။
ချန်လွေ့က သူ၏ အတွေးကို ပြောင်းလိုက်သည်။
အစစ်အမှန်ကြယ်ဘုရင်မ - ဇိုလာ
ကြယ်နတ်ဘုရားရာထူး - အသိပညာနတ်ဘုရား။
လက်နက်ချီးမြှင့်ခြင်း -
၁။ဥပဒေသဝိညာဉ်လက်နက် (ဖြုတ်နိုင်)
၂။ကြယ်ခရမ်းအသွင်ပြောင်း ကြယ်ချပ်ကာ (ဖြုတ်နိုင်)
ကြယ်ခရမ်း၏နတ်စွမ်းအားတိုးမြှင့်မှု -
၁။ [ချပ်ကာဖြိုခွင်း] (ပြိုင်ဘက်၏ ကာကွယ်မှုကို လျစ်လျူရှုနိုင်သော အခွင့်အရေးရှိသည်။)
၂။ [အာရုံစူးစိုက်မှု] (စိတ်ထိန်းချုပ်မှုအားလုံးကို ခုခံနိုင်စွမ်းရှိသည်။)
ထိန်းချုပ်သူဧကရာဇ်၏ အဟန့်အတား- ဖျက်သိမ်းထားသောအခြေအနေ (ပြန်သုံး၍ရ)။
ထိန်းချုပ်သူအပေါ် သစ္စာရှိမှု- ဖျက်သိမ်းထားသောအခြေအနေ (ပြန်သုံး၍ရ)။
စိတ်နှလုံးဘာသာစကား- စိတ်ခေါ်ဆိုမှုကို ဖွင့်ထား (ပိတ်၍ရ)။
ယုံကြည်မှုပေါင်းစည်းခြင်း - ၅% (ချိန်ညှိနိုင်၊ လက်ရှိအများဆုံး)။
ကြယ်အခြေအနေ- ဝိညာဉ်ခွဲ။
တည်နေရာ- ကြယ်စင်စုနတ်ဘုရားကျောင်း။
...
ထိုအချက်အလက်များက ယခင်နှင့် အနည်းငယ် ကွဲပြားသည်။ ၎င်းတွင် လုပ်ဆောင်ချက် အသစ် အချို့ ပါဝင်ပြီး ယုံကြည်မှုအချိုးက ယုံကြည်မှု ပေါင်းစည်းခြင်း အချိုးသို့ ပြောင်းလဲထားသည်။ လက်ရှိတွင် ၅% သည် ဇိုလာ လက်ခံနိုင်သော အများဆုံး ကန့်သတ်ချက် ဖြစ်ပြီး၊ ကျန်သော ၉၅% ကတော့ သူ့ဆီနှင့် စူပါစနစ်တစ်ခုလုံးသို့ သွားသည်။
နေအဖွဲ့အစည်း၏ သက်ရှိများက ယုံကြည်မှုစွမ်းအား ထောက်ပံ့ပေး၏။ ထိန်းချုပ်သူ ဖြစ်သော ချန်လွေ့နှင့် ယုံကြည်မှု စွမ်းအားကို လက်ခံ ရရှိသည့် စူပါစနစ်တစ်ခုလုံးကလည်း စွမ်းအားတိုးတက်လာသည်။ စွမ်းအား တိုးတက်မှု ပိုမို၍ မြင့်မားလေ၊ နေအဖွဲ့အစည်းရှိ သက်ရှိများက ပိုမို အားကောင်းလာလေလေ ဖြစ်ပြီး စွမ်းအားလည်း ပိုမြင့်မားလာလေလေ ဖြစ်သည်။ ၎င်းသည် သံသရာ လည်နေသော စနစ်တစ်ခုပင် ဖြစ်၏။ ဆန့်ကျင်ဘက်အားဖြင့် ချန်လွေ့ ကံမကောင်းဘဲ သေဆုံးသွားပါက၊ ထိုစကြဝဠာနှင့် အရာအားလုံးက ပျက်သုဉ်းသွားမည် ဖြစ်သည်။
“ဒါကြောင့်ကိုး...” ချန်လွေ့က အချိန်အတော်ကြာ စဉ်းစားပြီးနောက် အဓိကသော့ချက်အချို့ကို နောက်ဆုံး နားလည်သွားခဲ့သည်။
ဇိုလာက [ယုံကြည်မှုချပ်ကာ] ကို မဖန်တီး နိုင်ခဲ့တာ ဒါကြောင့်ကိုး။ အတိအကျ ပြောရရင် သူက ကြယ်တစ်ပွင့် တိုးမြှင့်မှုကို လက်ခံလိုက်တဲ့ အချိန်ကစပြီးတော့ သူရဲ့ ‘လမ်းကြောင်း’ ပြောင်းလဲ သွားတာပဲ။ သူက ဒီလောကရဲ့ သာမန် အစွမ်းထက်ပုဂ္ဂိုလ် တစ်ဦး မဟုတ်တော့ဘဲနဲ့ စူပါစနစ်ကို လက်ခံလိုက်တဲ့သူ ဖြစ်သွားတာပဲ။ အဲဒီအချိန်က စပြီးတော့ သူက ကြယ်အပ်နှင်ခြင်းကနေ ‘ဝိညာဉ်လက်နက်’ကို ရခဲ့ပြီးတော့ (ဇိုလာ၏ ဝိညာဉ် လက်နက် ‘လျှို့ဝှက်အရိပ်’ မှော်တုတ်တံသည် တောင်ဝှေးအဖြစ် ပြောင်းလဲသွားပြီး စွမ်းအားများစွာ မြင့်တက်လာခြင်း)။ အဲဒါက မူလလက်နက် ချီးမြှင့်ခြင်းနှင့် အတူတူပဲ။ အခုလက်ရှိ ကြယ်ခရမ်း အသွင်ပြောင်း ကြယ်ချပ်ကာက လက်နက်ချီးမြှင့်ခြင်းရဲ့ ဒုတိယ ဗားရှင်းပဲ။
“ဘာလဲ..” ဇိုလာက စိတ်ဝင်တစား မေးလိုက်သည်။
“တစ်ခု ဝန်ခံစရာရှိတယ် ဇိုလာ။”
“ကျွန်မ သိတယ်”
“ဟမ်...” ချန်လွေ့ တုန်လှုပ် သွားခဲ့သည်။ ဒါတွေ အားလုံးကို မင်း သိနေတာလား။
ဇိုလာက ဗီရိုနီကာကို တစ်ချက် ကြည့်လိုက်ပြီး သူ၏ နှုတ်ခမ်းကို ကိုက်လိုက်သည်။ “ရှင် ဝန်ခံတာက နည်းနည်းလေး နောက်ကျနေပြီလို့ မထင်ဘူးလား။”
(ဟွန့်... ဒီနေရာကို ငါဝင်လာပြီး ရှင်တို့ရဲ့ ဖောက်ပြန်မှုကို မမိခဲ့ရင် အမှောင်ထဲမှာပဲ ဆက်ရှိနေဦးမှာ!)
(ဒါပေမယ့် ဒီနေ့တော့ ငါ့စိတ်ထဲ အတော်လေး ကောင်းနေတယ်...)
(ဗီရိုနီကာက ဒီကောင်ရဲ့ ပထမဆုံး ချစ်သူပဲ။ ပြီးတော့ သူက မဆိုးပါဘူး။ ပြီးတော့ ဝိညာဉ်ခန္ဓာပဲ ရှိတာလေ...)
(မဟုတ်ဘူး၊ ငါ အရှုံးပေးလို့ မရသေးဘူး! ပြီးခဲ့တဲ့ တစ်ခေါက် တစ်ဖနီရဲ့ အိမ်ထောင်ရေးအကြောင်း ပြောတုန်းက နောက်ဆုံးတစ်ယောက် ဖြစ်မယ်လို့ ငါ ကျိန်ဆိုခဲ့တာ!)
(ဒါနဲ့ အစ်ဇဘယ်လာ ကိစ္စတုန်းက ငါ အဲဒီလို ကျိန်ဆိုခဲ့ဖူးသလိုပဲ...)
(‘သမာဓိ မရှိတော့’ လို့ အရင်က ဒီကောင်ပြောခဲ့ဖူးတဲ့ စကားရဲ့ အဓိပ္ပာယ်က ဒါမျိုးလား...)
(...)
မဒမ်-နတ်မိမယ်နဂါး အတွေးများ ရှုပ်ထွေးနေစဉ် ထိုစကားများကြောင့် အံ့အားသင့်နေခဲ့သော ဗီရိုနီကာက တုံ့ပြန်နိုင်ခဲ့ပြီး မျက်နှာကို အုပ်ကာ ပြုံးနေခဲ့သည်။
ချန်လွေ့လည်း နားလည်သွား၏။ “ဟမ်...”
ဇိုလာနှင့် ချန်လွေ့တို့က တစ်ဦး၏ စိတ်ကို တစ်ဦး နားလည်ကြသည်။ ဇိုလာက ချန်လွေ့၏ မျက်လုံးကို မြင်လိုက်သောအခါ သူ မှားယွင်းစွာ ခန့်မှန်းခဲ့မိသွားကြောင်း သိသွားပြီး မျက်နှာ နီရဲသွားခဲ့သည်။ သို့သော် မဒမ်-နတ်မိမယ်နဂါးတွင် နတ်သူငယ် ဘုရင်ဖခင်ထံမှ အမွေဆက်ခံရရှိသော ဟန်ဆောင် ငေးငိုင်သည့် ဂုဏ်သတ္တိ ရှိသည်။ သူက ဖြောင့်မတ်စွာ မေးလိုက်၏။ “ဘာလဲ”
ချန်လွေ့- ...
အနည်းငယ် ရှင်းပြချက်ပြီးနောက်..
“အဲဒီလိုပဲ။ မင်းက အခု သာမန် လေ့ကျင့်သူနဲ့ မတူတဲ့ လမ်းကြောင်း တစ်ခုပေါ်ကို ရောက်နေပြီ။” ချန်လွေ့က လေးလေးနက်နက် ပြောလိုက်သည်။ “ဒါက ကျိန်စာလား၊ ကောင်းချီးလားဆိုတာ မသိဘူး။”
ဇိုလာ ခဏလောက် စဉ်းစားပြီး မေးသည်။ “ဒါက ရှင်သွားနေတဲ့ လမ်းကြောင်းလား။”
“ဖြစ်လောက်တယ်..”
“အို...”
(ငတုံးပဲ! အဲဒီလို ဆိုရင် ကျွန်မ ရှင်နဲ့အတူ လိုက်သွားမှာပေါ့)
(ကောင်းချီးဖြစ်ဖြစ်... ကျိန်စာဖြစ်ဖြစ်...)
ခဏအကြာ ဇိုလာ၏ အသိစိတ်က သက်တန့်တောင်ကြားသို့ ပြန်ရောက်သွားပြီး သူက အသစ် ရရှိထားခဲ့သော စွမ်းအားများကို နားလည်ရန်နှင့် ကျွမ်းကျင်စေရန် ဆက်လက်လေ့လာနေခဲ့သည်။ အမှန်တကယ်၌ ခွဲထွက်သွားသော ဝိညာဉ် တစ်ပိုင်းအစက စူပါစနစ်တွင် အမြဲ ရှိနေခဲ့သည်။ ပုံမှန် အချိန်တွင် သူက ကြယ်စင်စု နတ်ဘုရား ရုပ်ထုနှင့် ပေါင်းစပ်ကာ ယုံကြည်မှု၏ သန့်စင်ခြင်းနှင့် စွမ်းအားမြှင့်တင်ခြင်း လက်ခံပြီး ၎င်းကို မူလခန္ဓာကိုယ်သို့ ပြန်လည်ပေးပို့သည်။ ဇိုလာက ကိုယ်ပိုင် အသိစိတ်ဖြင့် ဝင်ရောက် သွားသောအခါတွင် ယုံကြည်မှုမျှော် စင်သို့လည်း ဝင်နိုင်ပြီး သင့်တော်ရာ အချိန်တွင် အံ့ဖွယ်များ ပြုလုပ်ကာ ယုံကြည်မှုစွမ်းအား ပိုမို ရရှိနိုင်မည် ဖြစ်သည်။
ဗီရိုနီကာလည်း အလုပ်များလာ၏။ ကြယ်စင်စုနတ်ဘုရားကျောင်း၏မှ၏ အမြင့်ဆုံး နတ်ဝင်သည်အဖြစ် သူက အထူးခြားဆုံး အခွင့် အာဏာနှင့် စွမ်းအားများ ရှိနေလေသည်။ သူ လုပ်ရမည့်အရာက ယုံကြည်သူများ ထဲမှ သက်ဆိုင်ရာ သစ္စာစောင့်သိမှု အဆင့်သို့ ရောက်သည့် ‘အသိပညာ’ ရှိသော နတ်ဝင်သည်များနှင့် နတ်ဘုရားများကို ရွေးချယ်ရာတွင် ဇိုလာအား ကူညီရန် ဖြစ်သည်။ သူက ပြည့်စုံသော စနစ် တည်ဆောက်ပြီး နေရာအမျိုးမျိုးရှိ ကျောင်းတော်များနှင့် နတ်ဘုရားရုပ်ထုများကို စီမံခန့်ခွဲမည့် အောက်ခြေ အဆင့် စီမံခန့်ခွဲရေး ကိုယ်စားလှယ်နှင့် တူညီပေသည်။ ထိုသို့ ပြုလုပ်ခြင်းဖြင့် ယုံကြည်မှုကို ပိုမိုကောင်းမွန်စွာ ပြန့်ပွားစေနိုင်မည် ဖြစ်သည်။
‘နတ်ဘုရားအစေခံ’ ဖြစ်သော ဗီရိုနီကာကို အမှန်တကယ်တွင် ကြယ်ရာထူး အပ်နှင်းနိုင်သည်။ ဇိုလာ ထွက်ခွာသွားပြီးနောက် ချန်လွေ့က သူ့ကို ထိုအကြောင်း မေးမြန်းရန် ပြင်ဆင်နေစဉ်တွင် ဗီရိုနီကာက သူ့အတွေးများကို တစ်ချက်ကြည့်ကာ သိလိုက်သည်။ သူက ပြုံးပြရင်း ခေါင်းခါလိုက်ပြီး အလင်းအဖြစ် ပြောင်းလဲကာ ယုံကြည်မှုမျှော်စင်ထဲ ပျောက်ကွယ်သွားခဲ့သည်။
ထိုအပြုံး၏ အဓိပ္ပာယ်ကို ချန်လွေ့ နားလည်သည်။
ရှင်နဲ့ ဒီလိုပဲ အတူ ရှိနေရတာ တော်ပါပြီ။
ခဏတာ တိတ်ဆိတ်နေပြီးနောက် ချန်လွေ့လည်း စူပါစနစ်မှ ထွက်ခွာ သွားခဲ့သည်။
“ခုနတုန်းက ဘာဖြစ်သွားတာလဲ။ ရှင် လေ့ကျင့်နေတာလား?” ရှီရာ၏ စိုးရိမ်တကြီး အသံက ထွက်လာ၏။
ချန်လွေ့သည် ခုနက ရှီရာနှင့် တစ်ဖနီကို ရှာဖွေရန် အကြောင်း ပြောနေစဉ် ရုတ်တရက် သတိ မေ့မြောနေသော အခြေအနေသို့ ရောက်သွားခဲ့သည်။ ချန်လွေ့က တစ်ခါတစ်ရံတွင် ‘လေ့ကျင့်မှု’ အခြေအနေ တစ်မျိုးမျိုးသို့ ဝင်ရောက်တတ်ကြောင်း ရှီရာ သိသောကြောင့်၊ သူအား မနှောင့်ယှက်စေရန် မီးအိမ်ဝိညာဉ်များကို အပြင်ဘက်၌ စောင့်ကြပ်ရန် ချက်ချင်း အမိန့်ပေး ခဲ့လေသည်။
“အဲဒီလိုမျိုးပါပဲ...” ချန်လွေ့က ရှီရာ၏ လက်ကို ညင်သာစွာ ဆုပ်ကိုင်လိုက်သည်။ “အကယ်၍ ကိုယ့်ကြောင့် မင်းရဲ့ အနာဂတ် ဘဝလမ်းကြောင်းမှာ ကြိုခန့်မှန်းလို့ မရတဲ့ အပြောင်းအလဲတွေ ဖြစ်လာ ပြီးတော့ ကိစ္စတွေ အတော်များများ လွဲချော် သွားနိုင်တယ်... ဒါက ကျိန်စာလား၊ ကောင်းချီးလား ဆိုတာ ကိုယ်မသိဘူး။ မင်း ဘာလုပ်မလဲ...”
“အနာဂတ်လား။ အခုတောင် ပြောင်းလဲနေပြီလေ...” ရှီရာ၏ မျက်လုံးများထဲတွင် နူးညံ့သော အလင်းရောင်များ ပေါ်လာသည်။ “တကယ်တော့ ဘယ်သူကမှ အနာဂတ်ကို သေချာ မသိနိုင်ဘူး။ ကျွန်မတို့အတွက်ကတော့... ဒီဘဝမှာ ရှင်နဲ့ မဆုံတွေ့ခဲ့ဘူး ဆိုရင် ဒါက ကြီးမားတဲ့ ဆုံးရှုံးမှု တစ်ခု ဖြစ်မယ် ဆိုတာပဲ သေချာပြောနိုင်တယ်...”
ဇိုလာ၏ အဖြေနှင့် အနည်းငယ် ကွဲပြားသော်လည်း ရွေးချယ်မှုက အတူတူပင်။
ချန်လွေ့က ရှီရာ၏ လက်ကို တင်းတင်းကိုင်ထားစဉ် ရှီရာလည်း သူ၏ ကျန်သော လက်တစ်ဖက်ဖြင့် သူ့လက်ပေါ်သို့ ညင်သာစွာ တင်လိုက်သည်။ “ဒါက ကျွန်မ တစ်ယောက်တည်း မဟုတ်ဘူး၊ သူတို့လည်း ဒီလိုပဲဆိုတာ ကျွန်မ ယုံကြည်တယ်။ ရှင် လုပ်ဖို့လိုတာက ရှင်းပြတာ၊ စိတ်ပူတာ မဟုတ်ဘူး၊ ကိုယ့်ရဲ့ လမ်းကြောင်း အပေါ်ကို ခိုင်ခိုင်မာမာ လျှောက်လှမ်းဖို့ပဲ...”
သူ့အပိုင် လုံးဝကို ဖြစ်နေသော ဧကရီ၏ မျက်လုံးထဲမှ ချစ်ခင်မှုကို ကြည့်နေရင်း ချန်လွေ့က သူ၏ ခန္ဓာကိုယ် တစ်ခုလုံးတွင် ခွန်အားနှင့် ယုံကြည်မှုများ ပြည့်ဝသွားခဲ့သလို ခံစားလိုက်ရလေသည်။ အနာဂတ် လမ်းကြောင်းက ဘယ်လိုပဲဖြစ်ပါစေ၊ စေတန်ဖြစ်ဖြစ်၊ ကောင်းကင်တမန် သုံးပါးပဲ ဖြစ်ဖြစ်၊ အသူရာချောက်နက် ဖြစ်ဖြစ်... ငါမကြောက်ဘူး။
“ကိုယ့်ရဲ့ ချစ်ရတဲ့ ရှီရာ၊ မင်းရဲ့ ချိုသာတဲ့ စကားလုံးတွေက ကိုယ့်နဲ့ ပိုပိုတူလာတယ်လို့ မထင်ဘူးလား။” ချန်လွေ့၏ စိတ်ခံစားချက်များက လုံးဝ ပေါ့ပါးသွားပြီး သူက ရှီရာကို မျက်စိ မှိတ်ပြလိုက်သည်။ သူ၏ လက်ချောင်းများက ထိုကျောက်စိမ်းကဲ့သို့ လက်ဖဝါးပေါ်တွင် စက်ဝိုင်းများ ရေးဆွဲနေခဲ့သည်။
“‘ဝက်နဲ့ နီးစပ်တဲ့သူက တုံးအ လာတယ်’လို့ ရှင် မပြောခဲ့ဘူးလား။”
ရှီရာက သူ့ကို မျက်လုံးလှန် ကြည့်လိုက်သည်။ သူ၏ လက်ဝါးက သူ၏ ထိရှလွယ်သော နေရာများထဲမှ တစ်ခုဖြစ်သည်။ ထိုသူက သူ၏ လက်ဝါးကို ပွတ်သပ်လိုက်သောအခါ သူ တုန်ယင်သွားခဲ့ပြီး ဆံပင်များပင် ထောင်သွား၏။
“‘အပေါင်းအသင်းက လူတစ်ဦးရဲ့ စရိုက်ကို ဆုံးဖြတ်ပေးတယ်’ လို့ ပြောတာပါ။ ဟုတ်ပြီလား။ ကိုယ်တို့ အရေးကြီးတဲ့ ပညာရပ်ဆိုင်ရာ ကိစ္စ အချို့ကို နက်နက်နဲနဲ လေ့လာဖို့ လိုမယ်လို့ ထင်တယ်...” ချန်လွေ့က ပြုံးစိစိနှင့် အနီးအနားကို ကြည့်ကာ ကထိကပါး လုပ်လာသည်။
“လျှောက်လုပ်မနေနဲ့။ ဘေးခန်းမှာ စတေလာက ကျွန်မကို အစီရင်ခံဖို့ စောင့်နေတုန်းပဲ။” ရှီရာ လန့်သွား၏။ လက်ကို ပြန်ရုပ်သိမ်းလိုသော်လည်း တင်းတင်း ဆုပ်ကိုင် ထားနေသည်။ “ရှင် တစ်ဖနီကို အရင် သွားပြီးတော့ အသိပေးတာ ပိုကောင်းမယ်။ ၇ရက် ကြာရင် သွေးရောင် အင်ပါယာဆီကို ရှင် ပြန်ခေါ်သွားရမှာလေ။”
“တစ်ဖနီထက် ကိုယ့်ရဲ့ ရှီရာက ပိုပြီး အရေးကြီးတာပေါ့။” ချန်လွေ့ ရုတ်တရက် မရယ်တော့ဘဲ အလုပ်ကိစ္စများကို ပြောလိုက်သည်။ “ဒီတစ်ခါ နန်းတော်ကျူးကျော်မှုက အကာအကွယ် အားနည်းနေတာကို ဖော်ပြနေတာပဲ။ ဒီရှေးမှော်စာတွေက ကိုယ် တိုင်းပြည်အဆင့်မှာ ရှိတုန်းက ခင်းကျင်းခဲ့တာတွေပဲ။ မီးအိမ်ဝိညာဉ် အစောင့်တွေရဲ့ စွမ်းအားကလည်း သာမန်စွမ်းအားကိုပဲ ကာကွယ်နိုင်ပြီး အထူးအဆင့်၊ အထူးသဖြင့် တိုင်းပြည် အဆင့်အထက် ရန်သူကို ခုခံနိုင်တဲ့ စွမ်းရည် လုံးဝမရှိဘူး။ ဒါက မင်းရဲ့ လုံခြုံရေးနဲ့ တိုက်ရိုက် သက်ဆိုင် နေတယ်။ အဲဒါကြောင့် မင်း ကြယ်ကြွေတမန်မြို့တော်ကနေ မထွက်သွဦးခင် ကိုယ် ကိစ္စ နှစ်ခုကို အပြီးသတ်ရမယ်။ ပထမအနေနဲ့ ကိုယ့်မှာ နန်းတော် အနီးအနားက ရှေးမှော်စာ အကာအကွယ် စနစ်ကို အမြန်ဆုံး ပြန်လည်စီစဉ်ဖို့ ရှိတယ်။ ပြီးတော့ အထူးအဆင့် အစောင့်တွေ... လက်ရှိမှာ တိုင်တန် ၇ကောင်နဲ့ ဧရာမသလင်းကျောက်သားရဲ ၄ကောင်ပဲ အထူးအဆင့် အထိ ပြောင်းလဲနိုင်သေးတယ်။ ပစ်မှတ်က အရမ်းကြီးမားပြီး သိသာလွန်းတဲ့ အတွက် အရင်ဆုံး တိုင်တန် ၂ကောင်နဲ့ ဧရာမ သလင်းကျောက် သားရဲ ၂ကောင်ကို မီးအိမ်ဝိညာဉ်နဲ့ ရှေးမှော်စာတွေနဲ့အတူ နန်းတော်ကို စောင့်ကြပ်ဖို့ လွှဲပြောင်းပေးမယ်။ ကျန်တဲ့သူတွေကိုလည်း သတိထား နိုင်ဖို့ အခြားအင်ပါယာ နှစ်ခုကို ခွဲဝေ ပေးသင့်တယ်။ မင်းရဲ့ အစွမ်း အထက်ဆုံး အင်ပါယာအစောင့်တွေ ဖြစ်တဲ့ မီးအိမ်ဝိညာဉ်တွေ အတွက် သုတေသနနဲ့ ဆင့်ကဲပြောင်းလဲမှု ကိုလည်း ကိုယ် အရှိန်မြှင့်တင် ပေးမယ်။ ဖြစ်နိုင်ရင် အထူးအဆင့်ကို အမြန်ဆုံး ရောက်ရှိလာစေချင်တယ်။ ဘယ်လိုထင်လဲ။”
“အင်း...”
“ဘာလဲ..”
ဧကရီ တစ်ယောက်က ထပ်မံ၍ သည်းမခံနိုင်တော့ပေ။ “အရှက်မရှိတဲ့ကောင်၊ အလေးအနက် ပြောနေတုန်း အဲဒီလက်ဆိုးတွေ ငြိမ်ငြိမ်နေလို့ မရဘူးလား!”
“ဝါး! ဂါဝန်ထဲမှာ တကယ် ပိုးသား အဖြူရောင် ရှိနေတာပဲ။ ကလေးရေ၊ နောက်ဆုံးတော့ ဒါကို ဝတ်ဖို့ သဘောတူပြီလား။ အဲဒီ စိုနေတဲ့ အကွက်က ဘာလဲ။ ဟီးဟီး... အို!”
“လူယုတ်မာ၊ တော်တော့! ဒီလို အချိန်မှာ..” ဧကရီက ထိရှလွယ်သော နေရာများသို့ ထို‘လက်ဆိုးများ’၏ အဆက်မပြတ် နှောင့်ယှက်မှုအောက် ပုံမှန် အေးစက်သော အသံမျိုးကို ထိန်းထားနိုင်တော့ခြင်း မရှိတော့ပေ။ သူ၏ အသက်ရှူသံများ အနည်းငယ် တိုလာပြီး သူ၏ သဘောထားက ပျော့ပြောင်းလာခဲ့သည်။ “မလုပ်နဲ့! ဘေးခန်းမမှာ...”
“မန်လေ့စ်! ချက်ချင်း ဘေးခန်းကို သွားပြီးတော့ အရှင်မ ရှီရာမှာ ရုတ်တရက် အရေးကြီးတဲ့ ကိစ္စ ပေါ်လာတယ်လို့ စတေလာကို ပြောလိုက်။ အဲဒါကြောင့် ဒီနေ့ တွေ့လို့မရဘူး၊ မနက်ဖြန်မှ လာခဲ့ဖို့ ပြောလိုက်!”
“အမိန့်အတိုင်းပါ။ သခင်”
“မဟုတ်တာတွေ! ဘာအရေးကြီး ကိစ္စလဲ...”
“‘ဧကရာဇ်အမွေခံ’ တစ်ပါးကို ‘ဖန်တီး’တဲ့ ကိစ္စထက် ဘယ်အရာက ပိုအရေးကြီးမှာလဲ။” ချန်လွေ့က ပြုံးဖြီးဖြီးလုပ်ရင်း သူ၏ စိတ်ထဲတွင် အမြဲ ရှိနေသော မင်းသမီးလေးအား မင်းသား ပွေ့ချီသည့် ပုံစံဖြင့် ပွေ့ချီပြီး အနောက်ဘက်မှ အိပ်ခန်းဆီသို့ လျှောက်သွားတော့သည်။