← Chapters

စမ်းသပ်ချက်

Vol. 65 Ch. 1054

စမ်းသပ်ချက်

Vol. 65 Ch. 1054

အချိန်မရှိသောကြောင့် ချန်လွေ့က အရိပ်နက်အင်ပါယာတွင် အကြာကြီး မနေခဲ့ပေ။ သူ ကတ်သရင်းနှင့်အတူ အမှောင်လနယ်မြေကို မကြာခင် ရောက်လာခဲ့သည်။ ၎င်းက အမေနှင့် ခဏတာ ဝေးနေသော သော်သော်ကို အလွန် စိတ်လှုပ်ရှားစေခဲ့သည်။

အရိပ်နက်အင်ပါယာအတွက်မူ ကတ်သရင်းက အရာအားလုံးကို စီစဉ်ပြီးသားပါ။ တံခါးပိတ် လေ့ကျင့်ရန် အကြောင်းရင်းဖြင့် အုပ်ချုပ်မှုရေးရာများကို အတွင်းရေး ဝန်ကြီးအသစ် လီလစ်ဇ် တာဝန်ယူပြီး စစ်ရေးကိစ္စများကိုမူ ဦးရီးတော် ဖရန့်ဇ်ဆီ အပြည့်အဝ လွှဲပြောင်း ပေးခဲ့သည်။ အားလုံး သိကြသည့် အတိုင်းပင် အရိပ်နက် ဧကရီက ပညာရှိတစ်ဦး တင်မကဘဲ ရိုင်ဇန်နှင့် ယှဉ်ပြိုင်နိုင်သော အစွမ်းထက်ပုဂ္ဂိုလ် တစ်ဦးလည်း ဖြစ်၏။ ယခင်ကလည်း ထိုကဲ့သို့ လေ့ကျင့်ခြင်းမျိုး ရှိခဲ့ရာ ယခုတစ်ကြိမ်တွင်လည်း မည်သည်မှ ဂယက်မရိုက်ခဲ့ပေ။

ထိုအချိန် အမှောင်လနယ်မြေတွင် ဆွေမျိုး၊ မိတ်ဆွေများ အပြင် ကြောက်မက်ဖွယ် မိုးပျံနယ်မြေ စမ်းသပ်မှုမှာ ပါဝင်မည့် ဝိညာဉ် ကွင်းဆက် ‘ဆက်သွယ်သူ’ များကိုပါ စုစည်းထားခဲ့သည်။

မောင်းမဆောင်အဖွဲ့တွင် ဇိုလာ၊ ကတ်သရင်းနှင့် အစ်ဇဘယ်လာတို့ ပါဝင်ကြသည်။

ကြောက်မက်ဖွယ်မိုးပျံနယ်မြေက အလွန် အန္တရာယ်များလှပေသည်။ နတ်ဘုရားတစ်ပိုင်းအဆင့်ပင် အချိန်မ‌ရွေး ပြိုလဲသွားနိုင်သော အန္တရာယ် ရှိနေသည်။ အသီနာက ကိုယ်ဝန်ရှိနေသည့်အတွက် လုံးဝ မစွန့်စားသင့်ပေ။ ထို့ကြောင့် သူက အမှောင်လမှာပင် အေးအေးချမ်းချမ်း အနားယူခဲ့သည်။ ခီရာ၏ စွမ်းအားက နည်းပါးပြီး တိုက်ခိုက်ရေးနှင့် မသင့်တော်ပေ။ ချန်လွေ့နှင့် တခြားသူများကို အာရုံမပျံ့လွင့်စေရန် သူက အသီနာအား စောင့်ရှောက်ရန် နေရစ်ခဲ့သည်။

ရှီရာက မလိုက်ချင်သည် မဟုတ်။ သို့သော် သူ၏ အခြေအနေက ကတ်သရင်းနှင့် မတူပေ။ ထို့အပြင် ထိုစမ်းသပ်ချက်က တစ်ရက်၊ နှစ်ရက် မဟုတ်ပေ။ နောက်ထပ် စေတန် စေလွှတ်မည့် လူများက ကြယ်ကြွေ တမန်အင်ပါယာကို အရင်ဆုံး ရောက်လာမည် ဖြစ်သည့်အတွက် ရှီရာ၏ တာဝန်နှင့် သူ ရင်ဆိုင်ရမည့် ဖိအားများက မသေးလှပေ။

ရှီရာ၊ အသီနာ နှင့် ခီရာတို့ မလိုက်နိုင်သော်လည်း သူတို့အားလုံး ကြယ်နှစ်ပွင့် [ကြယ်အဆင့်တိုးမြှင့်မှု] ကို လက်ခံခဲ့ကြသည်။ ထို့နောက် သူတို့က ကြယ်နှစ်ပွင့် တိုးမြှင့်မှု၏ လျှို့ဝှက်ချက်ကို အမြန်ဆုံး နားလည် သဘောပေါက်ရန် ကြိုးစားခဲ့သည်။ ဇိုလာ လိုပင် ‘မဟာ့မဟာ ဆရာသခင် အမွေအနှစ်လောက’၏ ‘နတ်ဘုရားမ’ ဖြစ်လာရန် အတွက်ပင်။ သူတို့က တိုက်ရိုက် မတိုက်ခိုက် နိုင်လျှင်ပင် ချန်လွေ့ စွမ်းအားကို ကြီးကြီးမားမား မြှင့်တင်ပေးနိုင်လေသည်။

မောင်းမဆောင်၏ ပထမဆုံး အရန် အဖွဲ့ဝင်တစ်ဦး (ကိုယ်တိုင် ကြေညာ) ဖြစ်သော အဲလစ်ကလည်း စေတနာ့ ဝန်ထမ်း ပါဝင်ရန် ပြောခဲ့သည်။ သို့သော် ကြယ်နှစ်ပွင့် တိုးမြှင့်မှု၏ အခြေခံက ကြယ်တစ်ပွင့် တိုးမြှင့်မှု ဖြစ်သည်။ မင်းသမီးလေးက ပထမ အဆင့်မှာပင် ရှိနေသေးသည်။ ကြယ်တစ်ပွင့် တိုးမြှင့်မှုက တစ်လ အတွင်း စွမ်းအားကို ဆုတ်ယုတ် သွားစေသည်။ ကံကောင်းစွာပင် အဲလစ်၏ စွမ်းအားအရ ဆိုရင် အခြေခံအားဖြင့် ဂရုမစိုက်ဘဲ နေ၍ ရနိုင်ပေသည်။ သူက အသီနာကို ကူညီရန် အတွက် အမှောင်လတွင် လိုက်နေခဲ့သည်။

အဝေးရှိ သွေးရောင်အင်ပါယာမှ တစ်ဖနီကလည်း ပြန်မသွားခင် ကြယ်တစ်ပွင့် တိုးမြှင့်မှုကို လက်ခံ ခဲ့လေသည်။

ထိုစဉ်က ချန်လွေ့တွင် တခြား အစီအစဉ်မရှိခဲ့ပေ။ သူ၏ စွမ်းအားနှင့် ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှု ပြန်လည် ရရှိစေရန် ကူညီပေးရုံသာ ရှိခဲ့သည်။ တစ်ဖနီ၏ စွမ်းအားကို အယ်လီဇာ၏ ပါရမီနှင့် ယူဒိုရာတို့က ဝါးမျိုခဲ့သည့် အပြင် သူ၏ အခြေခံအုတ်မြစ်က စိတ်ဝိညာဉ်စုစည်း မှော်စက်ဝိုင်းထဲ ဆိုးဆိုးရွားရွား ပျက်စီးသွားခဲ့ရာ သာမန် လေ့ကျင့်မှုဖြင့် အချိန်တို အတွင်းတွင် ပြန်မကောင်းနိုင်ပေ။ အနာဂတ်တွင် ပြဿနာများ ရှိလာ နိုင်ပေ၏။ ကြယ်တစ်ပွင့် တိုးမြှင့်မှုက သူ၏ အခြေခံအုတ်မြစ်ကို သန့်စင်ပြီး ပြန်လည် သွန်းလောင်းနိုင်ရာ ၎င်းက မှန်ကန်သော ဖြေရှင်းချက်ပင်။

မိတ်ဆွေ အဖွဲ့ဝင် များကတော့ ပါ့ဂ်လီအို၊ ခရိုဘဲလက်စ်၊ ရိုမန်၊ ဒေလီယာ၊ မယ်ဒီလူ နှင့် ဒိုဒိုတို့ ဖြစ်ကြသည်။

ပါ့ဂ်လီအိုကတော့ စိတ်အား အထက်သန်ဆုံး ဖြစ်သည်။ သူက တိုင်းပြည်အဆင့် အထွတ်အထိပ် ရောက်ရရှိရန် ခြေတစ်လှမ်းသာ လိုတော့ပြီး ယခင်က မအောင်မြင်ခဲ့။ ယခုတစ်ခေါက်က လေ့ကျင့်ရန် အကောင်းဆုံး နည်းလမ်းပင် ဖြစ်၏။ ခရိုဘဲလက်စ်က တိုင်းပြည်ဖန်တီး နယ်ပယ်ကို ကျော်ဖြတ်ခဲ့ပြီ ဖြစ်ရာ သူ၏ အဆင့်ကို တည်ငြိမ်စေရန် တကယ့်တိုက်ပွဲများ လိုအပ်နေသည်။

မကြာသေးခင်မှ တိုင်းပြည်ဖန်တီး အဆင့်ကို ဝင်ရောက်ခဲ့သော ရိုမန် ကလည်း ကျန်မနေခဲ့ချင်ပေ။ သူက အမြန်ဆုံး လိုက်မှီပြီး အဆိပ်နဂါးကို ရက်ရက်စက်စက် နှိပ်စက်နိုင်ရန် ကြွေးကြော်နေခဲ့သည်။ ဒေလီယာ၏ စွမ်းအားသည် ထိုစဉ်က ရိုမန်နှင့် အတူတူသာ ဖြစ်သည်။ နောက်ပိုင်း [ဝိညာဉ်အချုပ်အနှောင်] ကြောင့် သူ၏ စွမ်းအားက မတိုးတက် နိုင်ခဲ့ပေ။ ဘရော့ခ် သေဆုံးပြီး အချုပ်အနှောင် ပျောက်ပြီးနောက် ဒေလီယာက သူ့နောက် အများကြီး ကျန်နေခဲ့ပြီ ဖြစ်သည်။ လက်ရှိတွင် သူက နတ်ဆိုး အရှင်သခင် အဆင့် တစ်ယောက်သာ ဖြစ်နေသည်။ သူကလည်း ရိုမန်နှင့် ပခုံးချင်းယှဉ် တိုက်ခိုက်နိုင်သော အထူးအဆင့်ထဲ ဝင်ရောက်ချင်သည်။ ‘မယားငယ်’ အဖြစ် အမြဲတမ်း ကိုယ့်ကိုယ်ကိုယ် တင်းခံနေသော မယ်ဒီလူ ကလည်း ‘တရားဝင်ဇနီး’၏ အရှိန်အဟုန်နှင့် လိုက်မှီရန် ဆန္ဒရှိနေသည်။

စိတ်အား မထက်သန်ဆုံးကတော့ ဒိုဒိုပင်။ အမြဲတမ်း ပျော်ပျော်ပါးပါးနှင့် အလုပ်ရှောင်သော ချွဲကျိကောင်က ‘အန္တရာယ်များသော လူသားလော’ မှ နောက်ဆုံးပြန်ရောက်လာခဲ့လေပြီ။ သူက ပင်ပန်းမှုနှင့် လေ့ကျင့်မှုကို လုံးဝ မခံနိုင်ပေ။ သို့သော်လည်း သူက ဆွဲဆောင်မှုနှင့် အကြပ်ကိုင်မှု အောက်တွင် မလိုက်ချင်လိုက်ချင်နှင့် လိုက်ပါခဲ့ရသည်။

ထိုသူများအားလုံးက ကြယ်နှစ်ပွင့် ဆင့်ကဲပြောင်းလဲခြင်း စွမ်းအားကို လက်ခံပြီးသား ဖြစ်သည်။ သူတို့ မည်သည့်အချိန် ‘နတ်ဘုရားချီးမြှင့်ခြင်း’ကို နားလည် သဘောပေါက်မလဲဆိုသည်သာ ကျန်တော့သည်။

ဆွေမျိုးနဲ့ မိတ်ဆွေ အဖွဲ့အပြင် လက်အောက်ခံ အဖွဲ့လည်း ရှိသည်။ သူတို့က ဆမ်မြူရယ်၊ ဂျိုအန်နာ၊ အီနာ၊ ဂူရာဒန်၊ ဆယ်လင်းနှင့် စီကာလီတို့ ဖြစ်ကြသည်။

ဆမ်မြူရယ်က ကြောက်မက်ဖွယ် မိုးပျံနယ်မြေ စမ်းသပ်မှုထဲတွင် သေချာပေါက် ပါဝင်မည် ဖြစ်သည်။ ဂျိုအန်နာနှင့် အီနာတို့က ရှီရာကို ကူညီရန်အတွက် အမှောင်လတွင်သာ နေခဲ့ကြသည်။

အရိပ်နက်အင်ပါယာ၏ ထိပ်တန်း ကုန်သွယ်ရေးမိသားစု ခေါင်းဆောင် ဆယ်လင်းမှာ မူလက ချန်လွေ့၏ အရိပ်နက် အင်ပါယာရှိ သူလျှို ဖြစ်သည်။ သို့သော်လည်း အခုတွင် အရိပ်နက်အင်ပါယာ၏ ဧကရီပင် ချန်လွေ့၏ ဇနီး ဖြစ်နေပြီ ဖြစ်သည်။ ထို့ကြောင့် ထို‘သူလျှို’က အလုပ် မရှိတော့ပေ။ ဆယ်လင်းက ချန်လွေ့ စွမ်းအားနှင့် နည်းလမ်းများကို ကောင်းကောင်း သိသည်။ ထို့ကြောင့် သူက အမှန်တကယ် အညံ့ခံခဲ့သည်။ သူက ကြိုးစား လုပ်ကိုင်သည့်အတွက် ချန်လွေ့က သူ့ကို ကြယ်တစ်ပွင့် ဆင့်ကဲပြောင်းလဲခြင်း စွမ်းအားကို ပေးခဲ့သည်။

အလောင်း အောက်လမ်းပညာရှင် ဂူရာဒန်ကို အမှောင်လနယ်မြေ၏ ‘ဝန်ကြီးဟောင်း’ အဖြစ် သတ်မှတ် ထားခဲ့သည်။ သူ့၏ ဦးဆောင်မှု အောက်ရှိ မသေမျိုး စစ်တပ်က ကြယ်ကြွေ တမန် အင်ပါယာ၏ ပြည်တွင်းစစ်တွင် ရိုင်ဇန်၏ တပ်ကို တိုက်ခိုက်ရာ၌ အရေးပါလှသော အခန်းကဏ္ဍတွင် ပါဝင်ခဲ့လေသည်။ အစပိုင်းမှာ ဂူရာဒန်က နတ်ဆိုး အရှင်သခင် အဆင့်ကို တက်ရောက် ချင်ခဲ့သည်။ ချန်လွေ့ ရှာတွေ့ခဲ့သော နဂါးစွမ်းအား အမြုတေကို ရရှိခဲ့ သော်လည်း မာယာရှင် နှလုံးသား မရှိသည့်အတွက် မအောင်မြင်ခဲ့ပေ။ နောက်ပိုင်းတွင် ချန်လွေ့က ပင်လယ်သေ အမုန်းတရားနယ်မြေ၌ သေရွာပြန်ဘုရင် ဂလိုရီယိုစ်ကို အနိုင်ယူခဲ့ပြီး သေရွာပြန်ဘုရင်၏ အသက်သေတ္တာကို ရရှိခဲ့လေသည်။ သူက ကြယ်ကြွေတမန်အင်ပါယာ၏ ဆေးရည်ပညာရှင် ပြိုင်ပွဲ၌လည်း သေရွာပြန်နဂါး အူးကလီးရက်စ် ကိုလည်း အနိုင်ယူခဲ့ကာ ပြည့်စုံသော သေရွာပြန်နဂါးအရိုးစုကို ရခဲ့သည်။ အထူး အစွမ်းထက် ပုဂ္ဂိုလ်၏ အလောင်းများအားလုံးကို ဂူရာဒန် သုတေသနပြုလုပ်ရန် ပေးခဲ့သည်။

ထိုအချိန်နောက်ပိုင်း ဂူရာဒန်က တံခါးပိတ် လေ့ကျင့်နေခဲ့လေသည်။ နောက်ဆုံး မကြာသေးခင်ကပင် သူက စွန့်စားပြီး အူးကလီးရက်စ်၏ အရိုးထဲရှိ အသက်အမြုတေနှင့် သူ၏ ကိုယ်ပိုင် ဝိညာဉ် အမြုတေကို ပေါင်းစည်းရန် အသက်သေတ္တာ၏ စွမ်းအားကို အသုံးပြုခဲ့လေသည်။ ရလဒ်အနေဖြင့် သူက တိုက်ခိုက်ရေး ပုံစံနှစ်မျိုး ရှိသော အလောင်း အောက်လမ်းပညာရှင်နှင့် သေရွာပြန် နဂါးတို့ ပေါင်းစည်းထားသော ပုံစံမျိုး ဖြစ်လာခဲ့သည်။ သူ၏စွမ်းအားလည်း တိုင်းပြန်ဖန်တီးခြင်း ကနဦးပိုင်းသို့ တစ်ခါတည်း ရောက်သွားခဲ့သည်။

ချန်လွေ့ ဂူရာဒန်ကို ခေါ်လိုက်ရာ သူက ‘သခင်’ ကို အံ့အားသင့် စေချင်၍ စိတ်အားထက်သန်စွာဖြင့် အမှောင်လကို ရောက်လာခဲ့သည်။ တစ်ချိန်တည်းမှာပဲ သူသည် အရင်က ခေါင်းကို နင်းခဲ့ဖူးသော အဆိပ်နဂါး ပါ့ဂ်လီအိုကိုလည်း အံ့အားသင့်စေချင် ခဲ့လေသည်။ သုတေသနလုပ်ရာတွင် အလွန် စိတ်ဝင်စားသော သနားစရာ အလောင်းအောက်လမ်းပညာရှင်က နတ်ဆိုးဘုံ စစ်ပွဲအကြောင်း ဘာမှ မသိခဲ့ပေ။ သူက အမှောင်လကို ရောက်သောအခါ သေးပေါက်ချမိလု မတတ် ဖြစ်ခဲ့ရသည်။ ပါ့ဂ်လီအိုက တိုင်းပြည်အဆင့် အထွတ်အထိပ်ကို ရောက်တော့မယ်။ ခရိုဘဲလက်စ် နဲ့ ရိုမန်ရဲ့ စွမ်းအားလည်း တိုင်းပြည် အဆင့်မှာ ရှိနေတယ်။ ချွဲကျိကောင် တောင်မှပဲ။ သခင်ရဲ့ ဇနီးတစ်ဦး ဖြစ်တဲ့ နတ်မိမယ်နဂါး ဇိုလာက နတ်ဘုရားတစ်ပိုင်း ဖြစ်နေပြီ!

သခင်နဲ့ အတူ အမှောင်လကို အခုပဲ ပြန်လာတဲ့ မဒမ် ကတ်သရင်းက တိုင်းပြည် အဆင့် အထွတ်အထိပ်မှာ ရှိနေတယ်။ သခင်က နတ်ဘုရား-ယောင်ကို ယှဉ်နိုင်တဲ့ စွမ်းအားမျိုး ရှိနေပြီ။

ထိုသို့ ‘လူမဟုတ်သော’ အဖွဲ့ရှေ့၌ အလောင်း အောက်လမ်းပညာရှင်က ဆက်လက် ယဉ်ကျေးရတော့သည်။

ကြယ်တစ်ပွင့် တိုးမြှင့်မှုနှင့် ကြယ်အပ်နှင်းခြင်းကို ရပြီးနောက် ဂူရာဒန်က စိတ်အား ထက်သန် နေခဲ့သည်။ ကြောက်မက်ဖွယ်ရာ မိုးပျံနယ်မြေတွင် ထူးထူးခြားခြား အစွမ်းထက်သော ခြေသလုံးအိမ်တိုင် ဝိညာဉ်များ ရှိကြောင်း ကြားလိုက်ရာ အလောင်း အောက်လမ်းပညာရှင်က (၁)လကြာ အားနည်းမှု ကာလကို ဂရုမစိုက်တော့ဘဲ ပါဝင်ရန် တောင်းဆိုခဲ့သည်။ အသက်သေတ္တာ မပျက်စီးသရွေ့ အလွန်ဆုံး အရိုးစုကို စတေးရရုံသာ ဖြစ်နိုင်ပေသည်။

စီကာလီအတွက်မူ သူက လက်ရှိ ငှက်တောင်ဖြူနယ်မြေ၏ သခင် ဖြစ်သည်။ အရင် တစ်ယောက်နှင့် မတူဘဲ သူက ကျွန်-သခင် စာချုပ်ကို ချုပ်ဆိုခဲ့သည်။ ဒဏ္ဍာရီလာ အထူး အစွမ်းထက် ပုဂ္ဂိုလ် သခင်ကို ရင်ဆိုင်ရာတွင် သေခြင်းရှင်ခြင်းက တစ်ဖက်လူ၏ လက်ထဲ၌ ရှိကြောင်း သိသည့်အတွက် စီကာလီက အလွန် လေးစားမှု ပြသခဲ့သည်။ ချန်လွေ့က စဉ်းစားပြီး သူ့ကို ကြယ်တစ်ပွင့် တိုးမြှင့်မှုတစ်ခု ပေးခဲ့သည်။

အမှန်တကယ်၌ လူသားလောကမှ နောက်ထပ် အစေခံတစ်ယောက် ရှိနေသေးသည်။ သူက လှံသမား လူစီအိုပင်။ သူက ကျက်သရေပြာ အင်ပါယာရှိ သိဒ္ဓိခိုလှုံရာတွင် ယခု ဂိုဏ်းထောက် အဖြစ် တာဝန် ထမ်းဆောင်နေခဲ့သည်။ ချန်လွေ့က မှော်ပညာရှင်မြို့သို့ သွားခဲ့စဉ် သူ့ကို လျှို့ဝှက် ဆက်သွယ်ခဲ့သည်။ သူက လက်ရှိတွင် သူလျှို တစ်ယောက် ဖြစ်သည်။

မူလက နဂါးနက် အိုလီဖီးရက်စ်၊ အယ်ဒီလိုင်း၊ နတ်ဘုရားတစ်ပိုင်း လက်အောက်ခံ လက်စလီ၊ ဟယ်လင် နှင့် အသွင်(၃)မျိုး ပြောင်းနိုင်သော ရင်ပြားလိုလီ လာလာရီယာတို့လည်း ပါဝင်နိုင်ခဲ့သည်။ သို့သော် သူတို့ အားလုံးက ပင်လယ်သေရှိ ဆွေမျိုးတွေထံ အလည်သွားခဲ့ကြ လေသည်။ သူတို့ဆီမှ မည်သည့် သတင်းကိုမှ မရသေးပေ။

ပင်လယ်သေက ဟယ်လင်နှင့် အယ်ဒီလိုင်းတို့၏ အိမ် ဖြစ်သည်။ လက်စလီနှင့် လာလာရီယာတို့ ရှိနေရာ အန္တရာယ်ကင်းရှင်းရေးက ပြဿနာကြီး မဟုတ်ပေ။

နောက်ထပ် တန်ဖိုးရှိသော သမီး သော်သော်လည်း ရှိသည်။ ပထမ၊ သူက ငယ်နေသေးသည်။ ဒုတိယ၊ ချန်လွေ့က သူရဲ့ အနာဂတ် လမ်းကြောင်းကို မကန့်သတ်ချင် သည့်အတွက် သူ့ကို တိုးမြှင့်မှုနှင့် ကွင်းဆက် စွမ်းအားများ လက်ခံရန် ခွင့်မပြုခဲ့ပေ။

ကွင်းဆက် ပစ်မှတ်အသစ်များကို ဖော်ထုတ်ရန် အတွက် ချန်လွေ့က မစဉ်းစားရသေးပေ။ လက်ရှိ အခြေအနေက အနည်းငယ် အရေးတကြီး ဖြစ်နေသည့်အတွက် သူက နောက်တစ်ခေါက်မှသာ စဉ်းစားပေလိမ့်မည်။ အဓိက ဦးစားပေးမှာ ကိုယ့်ကိုယ်ကိုယ်နှင့် ဆွေမျိုး၊ မိတ်ဆွေများကို အမြန်ဆုံး အစွမ်းထက်စေရန်နှင့် ကြယ်မြို့၏ လိုအပ်ချက်များ ဖြည့်ဆည်း ‘စည်းမျဉ်းစွမ်းအင်’များ ရယူရန်ပင်။

ကြောက်မက်ဖွယ်မိုးပျံနယ်မြေ လေ့ကျင့်ရေးဆီ သွားရန် ဆုံးဖြတ် ထားသော လူများက ပြင်ဆင်မှုအချို့ လုပ်ခဲ့ကြသည်။ ချန်လွေ့က ကျက်သရေမျှော်စင်ကို အသက်သွင်းပြီး လူတိုင်းကို မျှော်စင်ထဲ ထည့်လိုက်သည်။ သူက စိတ်ကို အနည်းငယ် လှုပ်ရှားလိုက်ရာ အပြာဖျော့ရောင် အလင်းတစ်ခုက သူ၏ ရှေ့တွင် ပေါ်လာခဲ့သည်။ ကြည်လင်လှသော ကြယ်ရောင်များ ပတ်ပတ်လည်၌ စတင်၍ ပေါ်ထွက် လာတော့သည်။

ထိုအချိန် တခြားနေရာ၌ ဖြစ်၏။

ခန်းမထဲ ထိုင်နေသူ အမျိုးသားကို ပုံရိပ်သုံးခုက လေးစားစွာ ကြည့်နေခဲ့ ကြသည်။

တိတိကျကျ ပြောရလျှင် တစ်ယောက်က ခန္ဓာကိုယ် တဝက်သာ ကျန်တော့ပြီး သူ့၏ ဒဏ်ရာများက အတော်လေး ပြင်းထန်နေပုံရသည်။ သို့သော် ထိုအမျိုးသား၏ ရှေ့တွင်တော့ သူက အသက်ပင် မရှူရဲပေ။

အမျိုးသားက မျက်လုံးများကို ပိတ်ထားပြီး ကျန်နှစ်ယောက်ကို ဦးဆောင်နေခဲ့သော အမျိုးသမီး၏ အစီရင်ခံစာကို နားထောင်နေ၏။ ‘စကားပါးပေး’ ဟူသော စကားကို ကြားလိုက်သောအခါ ထိုမျက်လုံးများ နောက်ဆုံး ဖြည်းဖြည်းချင်း ပွင့်လာခဲ့သည်။ အကြည့်က သိပ်ပြီး ထက်မြက်ခြင်း မရှိဘဲ ညင်သာသော ခန့်ညားမှုသာ ရှိနေလေသည်။ ခေါင်းငုံ့ထားသော သူတို့ ၃ဦးစလုံး ချက်ချင်း တုန်လှုပ်သွားကြသည်။

“မိတ်ဆွေဟောင်းလား....” အမျိုးသားက တွေးဆသော ပုံစံမျိုး ပြသလိုက်သည်။

“ကျွန်မတို့ ပြန်လာတော့ ဆာ -စေတန်က လေ့ကျင့်နေတယ်ကြားလို့ အနှောင့်အယှက် မပေးရဲပါဘူး။ ဒီနေ့ ဆာ-စေတန် လေ့ကျင့်ပြီးတဲ့အထိ…”

ကြယ်ကြွေတမန်အင်ပါယာတွင် အလွန် မောက်မာခဲ့သော အက်စ်ခီ ဆိုသည့် အမျိုးသမီးက အခုတွင် တုန်လှုပ်နေခဲ့သည်။ စကားတစ်လုံး မှားသွားလျှင် သူ ပျောက်ကွယ်သွား မည်ကို ကြောက်နေခဲ့သည်။

ထိုနေရာက ဆက်ခ်ရက်တောင် ဖြစ်ပြီး ခန်းမထဲမှ အမျိုးသားကတော့ အသေအချာပင် စေတန် ဖြစ်လေ၏။ သူက ‘အမှောင်နတ်ဘုရားကျောင်း’ နောက်ကွယ်မှ ကြိုးကိုင်သူပင်။

စေတန်က လက်ညှိုးကို ဆန့်ထုတ် လိုက်သောအခါ အက်စ်ခီက ထပ်ပြီး ရှင်းပြမရဲတော့ဘဲ ခေါင်းငုံ့လိုက်၏။

“အဲဒီလူက ယောက်ျားလား၊ မိန်းမ လား။ ဘာလို ပုံစံမျိုးတွေ ရှိလဲ...”

“သာမန် ရုပ်ရည်ရှိတဲ့ ယောက်ျား တစ်ယောက်ပါ။ အခု တွေးကြည့်တာ သူ့ရဲ့ မျက်နှာသွင်ပြင်က အရမ်း မသဲကွဲပေမယ့် သူ့ရဲ့ အကြည့်က တကယ်ကို ကြောက်စရာကောင်းတဲ့ ခံစားချက်မျိုး ပေးနေတယ်။ အဲဒါ…” အက်စ်ခီက မူလ မြင်ကွင်းကို ပြန်အမှတ်ရရန် ကြိုးစားနေသည်။

“အဲဒါ ဘာဖြစ်လဲ...”

“ကြယ်တွေ… မရေတွက်နိုင်တဲ့ ကြယ်တွေပါ။” အက်စ်ခီ ခေါင်းငုံ့ပြီး ပြန်ဖြေသည်။ “သူ့ရဲ့ မူလစွမ်းအားက နတ်ဘုရားတစ်ပိုင်း အထွတ်အထိပ် ဖြစ်နိုင်တယ်။ ပြီးတော့ သူ့ရဲ့ အစစ်အမှန် စွမ်းအားကို ထုတ်ပြ ခဲ့တယ်။ အဲဒီ ကြောက်စရာ ကောင်းတဲ့ အရှိန်အဟုန်ကို ကျွန်မ မခံနိုင်ခဲ့ဘူး။ ဒါက နတ်ဘုရား တစ်ပိုင်း အဆင့် ရှိနိုင်တဲ့ စွမ်းအားမျိုး မဟုတ်ဘူး။ ဒါပေမဲ့ ဒါက အရှိန်အဝါ ဖြစ်တယ်လို့ ကျွန်မ ယုံကြည်တယ်။”

“ဒါက အရှိန်အဝါ ဆိုရင်တော့ မင်းတို့ ရန်သူကို တိုက်ခိုက်လို့ မရတာ မှန်ပါတယ်။” စေတန်က အသာလေး ခေါင်းညိတ်လိုက်သည်။ အက်စ်ခီနှင် ကျန်နှစ်ယောက်က တိတ်တဆိတ် သက်ပြင်းချလိုက်ရာ အသံ တိုးတိုးလေး တစ်သံက ထပ်မံ ထွက်လာခဲ့သည်။ “ဒါပေမဲ့ မင်းတို့ တအား မြန်မြန် ပြန်လာခဲ့တဲ့ပုံပဲ။ ကြယ်ကြွေ တမန် အင်ပါယာကိုပဲ သွားခဲ့တာလား...”

“ဟုတ်ပါတယ်။” အက်စ်ခီက ချွေးအေးများ ထွက်လာခဲ့သည်။ “အဲဒီလူ ပြောခဲ့တာက…”

သူ စကားမဆုံးခင် စေတန်က နှာခေါင်းရှုံ့လိုက်သည်။ သူတို့ ၃ဦး စလုံးက ကြောက်စရာ ကောင်းသော စွမ်းအားတစ်ခု သူတို့ ဝိညာဉ်ထဲကို အရှိန်အဟုန်နှင့် ဝင်လာကြောင်းကို ခံစားလိုက်ရသည်။ သူတို့ တစ်ပိုင်းစီ ဆွဲဖြဲခံနေရပြီး သူတို့ အားလုံးက အော်ပြော လိုက်ကြသည်။ “ဆာ။ အသက်ကို ချမ်းသာပေးပါ။”

ဆွဲဖြဲသော စွမ်းအား တဖြည်းဖြည်း လျော့ကျသွားခဲ့သည်။ သူတို့ ၃ဦး စလုံး တုန်လှုပ်နေကြပြီး မည်သူမှ စကားမပြောရဲတော့ပေ။

“ဒီတစ်ခါ မင်းတို့ကို အသက် ချမ်းသာ ပေးလိုက်မယ်။ ဒါပေမဲ့ ငါက အကျိုးအမြတ်နဲ့ အပြစ်ဒဏ်ကို အမြဲ ရှင်းအောင် လုပ်တယ်။ အက်စ်ခီ။ မင်းက တာဝန်ယူထားတဲ့သူ ဆိုတော့ မင်းကို ရေခဲ အကျဉ်းထောင်မှာ တစ်နှစ်နေဖို့ အပြစ်ပေးမယ်။ ကျန်တဲ့ နှစ်ယောက်ကိုတော့ တစ်လပဲ...”

‘ရေခဲအကျဉ်းထောင်’ ဟူသည့် စကားလုံးကို ကြားလိုက်သောအခါ သုံးယောက်စလုံး တုန်လှုပ်သွား၏။ သို့သော် မည်သို့ပင် ဆိုစေကာမူ သူတို့၏ အသက်များ ကယ်တင်ခံ ရသည့်အတွက် သူတို့ အမြန်ဆုံး ဆုတ်ခွာသွားကြသည်။

“ယောက်ျားလား...”

“ကြယ်အရှိန်အဝါလား။ သူတော့ မဖြစ်နိုင်ဘူး…”

“ဒါက ဘယ် မိတ်ဆွေဟောင်းလဲ...”

“အဖြေ မကြာခင် ပေါ်လာမှာပဲ…”

ခန်းမထဲတွင် တီးတိုးပြောသံက တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး တိတ်ဆိတ်သွားတော့သည်။

All Chapters