[ဝိညာဉ် ဖမ်းယူခြင်း]
Vol. 65 Ch. 1042
တစ်ဖနီသည် “သေခြင်းတရား” ၏ စွမ်းအားကို မခုခံခဲ့ပေ။ သူက သူ၏ ဝိညာဉ်ကို လုံးဝ လွှတ်ချလိုက်ပြီး သူ့ကိုယ်သူ အထူးတည်ရှိမှု တစ်ခု ဖြစ်သွားသလိုမျိုး ခံစားခဲ့ရသည်။ အမြဲပင် ဝေဝါးသွားတော့မည့် ဟူ၍ ထင်ခဲ့သော အသိက မမျှော်လင့်ဘဲ ကြည်လင်လာခဲ့လေသည်။
သူ၏ မျက်စိရှေ့တွင် ရှိနေသည်က ကျယ်ပြောလှသော ကြယ်စင်စုတစ်ခု ဖြစ်ပြီး ညဘက် ကောင်းကင်မှ ကြယ်များနှင့် လုံးဝ ကွဲပြားနေသည်။ ထိုမျှ ခမ်းနားသော စကြဝဠာကို တစ်ဖနီက ရောက်ဖို့ မပြောနှင့်၊ ယခုကဲ့သို့ နီးနီးကပ်ကပ် တစ်ခါမှ မမြင်ခဲ့ဖူးပေ။ ထိုကျယ်ပြောသော ခံစားချက်၏ ရိုက်ခတ်မှုအောက်တွင် သူ၏ စိတ်နှင့် စိတ်ဝိညာဉ်တို့ပင် ပွင့်လင်းလာသလို ဖြစ်သွားခဲ့သည်။
“အံ့ဩသွားလား။” ရင်းနှီးသော အသံက တစ်ဖနီ၏ အသိစိတ်ကို လှုပ်ရှားသွားစေသည်။ သူက ခမ်းနားလှသော ခန်းမတစ်ခုထဲ ရောက်ရှိနေပြီး ထိုခန်းမက ကြယ်များအားလုံး၏ အထက်တွင် ရပ်ဆိုင်းနေသလို ဖြစ်နေလေသည်။ စကြဝဠာတစ်ခုလုံးကို မယုံနိုင်စရာ ကောင်းလောက်သော အနေအထား မျိုးစုံမှ မြင်တွေ့နိုင်ပေ၏။
“ကြယ်စင်စုနတ်ဘုရားကျောင်း ကနေ ကြိုဆိုပါတယ်။”
ခန်းမထဲရှိ ချန်လွေ့ကို ကြည့်ရင်း တစ်ဖနီက ထူးဆန်းသော ခံစားချက် တစ်ခုကို ခံစားလိုက်ရသည်။ သူက ကိုးကွယ်ခံရမည့် နတ်ဘုရား တစ်ပါးနှင့် တူသော်လည်း ၎င်းက ခဏအကြာ ပျောက်ကွယ်သွား၏။ တစ်ဖနီ၏ နှုတ်ခမ်းများ လှုပ်သွားပြီး နောက်ဆုံး မေးလိုက်သည်။ “ကျွန်မ သေသွားပြီလား။”
“မင်းရဲ့ဝိညာဉ်ကို ခန္ဓာကိုယ်ကနေ လျှို့ဝှက် ပညာရပ်နဲ့ ခွဲထုတ်ပြီး ဒီလောကထဲကို ထည့်လိုက်တာ။” ချန်လွေ့က လက်ဖြန့်လိုက်၏။ “မင်းရဲ့ ခန္ဓာကိုယ်က ဝိညာဉ် မရှိတော့ဘူး။ အဲဒါကြောင့် သေတာနဲ့ ဘာမှ မကွာဘူး။”
တစ်ဖနီ၏ မျက်နှာထားက တည်ငြိမ်နေပြီး သေခြင်းရှင်ခြင်းကို ဂရုမစိုက်ကြောင်း ထင်ရှားပေသည်။
“ကောင်းပြီလေ။ မင်းက သေခြင်း ရှင်ခြင်းကို ဂရုမစိုက်ဘူး ဆိုတော့ ဒီမှာ တကယ် သေသွားရင်တောင် အေးအေးဆေးဆေး လက်ခံနိုင်မှာပါ။”
တစ်ဖနီ ဘာကိုမှ မပြောဘဲ ရှေ့မှ ကြယ်များကိုသာ လစ်ဟာနေသော မျက်လုံးဖြင့် စိုက်ကြည့်နေခဲ့သည်။
“ဒီစကြဝဠာကြီးကို ကြည့်လိုက်။” ချန်လွေ့က သူ့ဘေးနားသို့ သွားပြီး သူ၏ အာရုံခံစားမှုကို စိတ်ဖြင့် ကြယ်စင်စု နယ်မြေ တစ်ခုလုံးသို့ ချဲ့ထွင်လိုက်သည်။ “ဒါက အမှန် တကယ်တော့ ကြီးမားတဲ့ ကြယ်စင်စု ပိုင်နက်တစ်ခုပဲ။ မင်းမြင်တဲ့အတိုင်း၊ ဒီထဲမှာ ပုံစံအမျိုးမျိုး၊ အရွယ်အစား အမျိုးမျိုးရှိတဲ့ နေအဖွဲ့အစည်းတွေ အများကြီးရှိတယ်။ အတော်လေးကို လှတယ်။ နေလိုမျိုး လင်းလက်နေတဲ့ ကြယ်ကို စတယ်လာလို့ခေါ်ပြီးတော့ သူ့ရဲ့ ပတ်ဝန်းကျင်မှာ ဂြိုဟ်တွေ အများကြီး ရှိတယ်။ စတယ်လာက နေအဖွဲ့အစည်း အသက်ဗဟိုချက်ပဲ။ ပုံမှန်ဆိုရင်တော့ စတယ်လာရှိတဲ့ နေအဖွဲ့အစည်းမှာ အသက် ရှိတယ်။ အဲဒီ ဂြိုဟ်တွေကို မြင်လား။ ငါတို့ ပုံမှန် နေထိုင်တဲ့ လောက ..ဒီတော့ နတ်ဆိုးဘုံနဲ့ လူသားလောက၊ ဒါမှမဟုတ် အဓိကကုန်းမြေက ဂြိုဟ်တစ်လုံးနဲ့ ညီမျှတယ်။ ဂြိုဟ်တစ်လုံးက နေအဖွဲ့အစည်းထဲ အရမ်းကို သေးငယ်တယ်။ မင်း မြင်နေတဲ့ ကြယ်စင်စုတွေဲမှာ စတယ်လာပေါင်း ထရီလီယံနီးပါး ရှိတယ်။ တကယ့် စကြဝဠာမှာ ဒီလို ကြယ်စင်စုတွေ မရေတွက်နိုင်အောင် အများကြီး ရှိတယ်။”
တစ်ဖနီ၏ မျက်နှာက ညှိုးငယ် နေဆဲ ဖြစ်သော်လည်း သူ၏ မျက်လုံးများတွင် အံ့အားသင့်မှုဖြင့် လင်းလက်သွားသည်။ သူ မြင်ရသော စကြဝဠာက အမှန်တကယ်ပင် ဖြစ်ကြောင်း သူ ခံစားမိသည်။ ချန်လွေ့က သူကို လိမ်ညာနေခြင်း မဟုတ်သလို လိမ်စရာလည်း မရှိပေ။
“စကြဝဠာထဲမှာ ထာဝရ ဆိုတာ မရှိဘူး။ စကြဝဠာ ကိုယ်တိုင်လည်း အပါအဝင်ပေါ့။ တကယ်လို့သာ မပြောင်းလဲတဲ့ အရာ တစ်ခုခု ရှိတယ် ဆိုရင် အခြေခံ ဥပဒေသ နှစ်ခုဖြစ်တဲ့ ဖန်တီးခြင်းနဲ့ ပျက်စီးခြင်းပဲ။ ဖန်တီးခြင်းထဲက အရာအားလုံးဟာ ပျက်စီးရမယ့် အချိန်ရှိတယ်။ မင်း၊ ငါ… စကြဝဠာ တစ်ခုလုံးရောပေါ့။ သာမန်လူတစ်ယောက် သက်တမ်းက အနှစ် ၁၀၀ ဒါမှမဟုတ် နှစ် ရာဂဏန်း လောက်ပဲ။ ငါတို့လို လေ့ကျင့်သူတွေ ကတော့ ထောင်နဲ့ချီ၊ သောင်းနဲ့ချီ ဒါမှမဟုတ် ပိုကြာတဲ့ နှစ်တွေအထိ ရောက်နိုင်တယ်။ သာမန်ဂြိုဟ်တွေ ဒါမှမဟုတ် နေတွေရဲ့ သက်တမ်း ကတော့ သန်းရာနဲ့ချီတဲ့ ယူနစ်တွေ ရှိတယ်။ ပိုကြာရင် ထရီလီယံ ဒါမှမဟုတ် သန်းရာနဲ့ချီတဲ့ နှစ်တွေ ရှိနိုင်တယ်။ သက်တမ်း ကုန်သွားရင် လူသားတွေလိုပဲ ပျောက်ကွယ်ပြီး သေဆုံးသွားလိမ့်မယ်။ ဒါပေမဲ့ ကျယ်ပြောတဲ့ စကြဝဠာအတွက် နှစ်ပေါင်းထရီလီယံနဲ့ချီတဲ့ နေအဖွဲ့အစည်းတစ်ခု ဖန်တီးခြင်းကနေ သေဆုံးခြင်းဆီကို ရောက်သွားတာက မျက်စိတစ်မှိတ်ပဲ ကြာတယ်။ ငါတို့ အတွက်တော့ နှစ်ပေါင်း ရာနဲ့ချီ၊ ထောင်နဲ့ချီ၊ သောင်းနဲ့ချီ ကြားတဲ့ နှစ်တွေက ရှည်လျားသလို ထင်ရပေမဲ့ စကြဝဠာ အတွက်ကတော့ ပင်လယ်ထဲက ရေတစ်စက်လိုပဲ။”
ထိုမျှကြီးမားသော စကြဝဠာထဲ ဂြိုဟ်တစ်လုံး၏ မွေးဖွားခြင်းနှင့် သေဆုံးခြင်းပင်လျှင် ခဏတာမျှသာ ဖြစ်သည်။ အသက် နှင့် ဘဝ အတွေ့အကြုံများမှာ ပို၍ပင် အရေး မပါတော့ပေ။
တစ်ဖနီက ကျယ်ပြောလှသော ကြယ်စင်စုကို ကြည့်လိုက်သည်။ သူက စိတ်ထဲတွင် တစ်စုံတစ်ခုကို နားလည်လိုက်သလို ဖြစ်သော်လည်း အမှန်တကယ် နားမလည်သေးပေ။
သူ စဉ်းစားနေစဉ်တွင် အမျိုးသမီး တစ်ဦး၏ နူးညံ့သော အသံက ဘေးမှ ထွက်ပေါ်လာသည်။
“ချန်လွေ့။ ဒါက ရှင် ကျွန်မဆီ ခေါ်လာတဲ့ အဖော် အသစ်လား။”
သူက အမျိုးသမီးတစ်ဦးဖြ စ်ပြီး သူ၏ ပုံစံနှင့် စိတ်နေသဘောထားက ပြိုင်စံရှား မိန်းမလှတစ်ဦး ဖြစ်စေ၏။ အထင်ရှားဆုံးမှာ ပင်လယ်ကဲ့သို့ နက်ရှိုင်းသော မျက်လုံးများပင်။
ထိုအမျိုးသမီးက သူ့ကဲ့သို့ပင် ဝိညာဉ် တည်ရှိမှု ဖြစ်လောက်သည်။ အကြောင်းတစ်ခုကြောင့် တစ်ဖနီက ထိုအမျိုးသမီး ဘေးနားတွင် အလွန် စိတ်သက်သာရာ ရသလို ခံစားရ၏။ ဝိညာဉ် ခံစားချက်က အမှန်ကန်ဆုံး ဖြစ်သည်။
“အဖော်လား… အဲဒီလိုမျိုး ပြောလို့ ရပါတယ်။” ချန်လွေ့က လက်နှစ်ဖက် ဖြန့်လိုက်သည်။ “မင်းတို့ကို အရင် မိတ်ဆက် ပေးမယ်။ ဗာရိုနီကာ၊ ဒါက တစ်ဖနီ။”
“တစ်ဖနီလား။ သိပ်ကောင်းတဲ့ နာမည်ပဲ။” မျက်နှာသေနှင့်တစ်ဖနီကို ဗာရိုနီကာ ကြည့်လိုက်၏။ “ကျွန်မရဲ့ မိတ်ဆွေ အသစ်က သိပ်ပြီးတော့ မပြောချင်ဘူး ထင်တယ်။”
“သူက စကား မပြောချင်ရုံတင် မဟုတ်ဘူး။ အသက်ရှင်ဖို့အတွက် အင်အားတောင် မရှိတော့ဘူး။” ချန်လွေ့ သက်ပြင်းချလိုက်သည်။
ဗာရိုနီကာက တစ်ဖနီကို သေချာ ကြည့်ပြီး ခေါင်းညိတ်လိုက်သည်။ “ထုံထိုင်းတာ၊ မျှော်လင်ချက်မဲ့တာ၊ နာကျင်တာ၊ ဘဝမှာ ရည်ရွယ်ချက် ပျောက်ဆုံးတာ… ခြောက်သွေ့တဲ့ မြက်ပင်တွေလိုပဲ ရှင်သန်နေတယ်။ တစ်နေ့နေ့ ပြာဖြစ်သွားရင်တောင် ဒါက သက်သာရာ တစ်ခုပဲ။”
“ခင်ဗျားက ဒီလောက် စွမ်းမယ်လို့ မထင်ထားဘူး။ တစ်ချက်ကြည့်တာနဲ့ အများကြီး မြင်နိုင်တယ်။” ချန်လွေ့ ပခုံးတွန့်လိုက်သည်။ “ကျုပ် ထပ်ပြီး ရှင်းပြစရာ မလိုတော့ဘူး ထင်တယ်။”
ဗာရိုနီကာ၏ မျက်လုံးများတွင် ပိုမို၍ နက်ရှိုင်းသော အဓိပ္ပာယ် ပါဝင်နေသည်။ “ဘာလို့လဲဆိုတော့ အခု သူ့ကို မြင်ရတာက မှန်ထဲက ကျွန်မရဲ့ အတိတ်က ပုံရိပ်ကို မြင်နေရသလိုပဲ။”
ချန်လွေ့ အနည်းငယ် တုန်လှုပ်ပြီး တိုးတိုးလေး ပြောလိုက်လေသည်။ “ဗာရိုနီကာ။ တောင်းပန်ပါတယ်။ ကျုပ်...”
“ဒါက ‘အတိတ်က’ ကျွန်မပါပဲ။” ဗာရိုနီကာ ခေါင်းကို အနည်းငယ် ခါလိုက်ပြီး သူ့ကို နက်နက်ရှိုင်းရှိုင်း စိုက်ကြည့်လိုက်သည်။ “အခုတော့ ကျွန်မ အဲဒီမှန်ကနေ ထွက်ပြီးတော့ တကယ့် အဓိပ္ပာယ်ရှိတဲ့ ဘဝကို ရှာတွေ့ခဲ့ပြီ။”
ချန်လွေ့က ပင်လယ်ပြာရောင် မျက်လုံးများရှိ အတက်အကျများကို စိုက်ကြည့်လိုက်သည်။ ယခုတွင် သူက မရှောင်လွှဲခဲ့ပေ။ “၇ရက်။ သူ့မှာ အလွန်ဆုံး အချိန် ၇ရက်ပဲ ရှိမယ်။ မဟုတ်ရင် သူ တကယ် သေသွားမှာ။”
ချန်လွေ့ ထပ်မရှင်းပြသော်လည်း ဗာရိုနီကာက ချန်လွေ့ ဆိုလိုသည်ကို အတိအကျ သိသည်။ “သိပြီ။”
၇ရက် အတွင်း တစ်ဖနီကို စိတ်ဒဏ်ရာမှ လွတ်မြောက်အောင် ကူညီပေးရမည် ဖြစ်သည်။
“ဗာရိုနီကာ…” ချန်လွေ့က အနည်းငယ် စဉ်းစားပြီးနောက် ဘာမှ မပြောခဲ့ပေ။ သူ့ကိုသာ ခေါင်းညိတ် ပြလိုက်သည်။
“‘ကျေးဇူးတင်ပါတယ်’လို့ မပြောတဲ့အတွက် အတော်လေး ပျော်ပါတယ်။” ဗာရိုနီကာက နူးညံ့စွာ ပြုံးလိုက်ပြီး တစ်ဖနီကို ပြောသည်။ “တစ်ဖနီ။ ငါနဲ့အတူ လိုက်ခဲ့။ နင်က သေခြင်းကို မကြောက်ဘူးဆိုတော့ နောက်တွန့်နေစရာ မလိုတော့ဘူး။”
တစ်ဖနီက မလှုပ်ရှားခဲ့သော်လည်း နောက်ဆုံးစကားကို ကြားပြီးနောက် ဗာရိုနီကာ၏ ခြေလှမ်းများနောက်သို့ တိတ်ဆိတ်စွာ လိုက်သွားခဲ့သည်။
ချန်လွေ့က ထွက်သွားသော ပုံရိပ် နှစ်ခုကို ကြည့်နေ၏။ အားလုံးကို ခွင့်လွှတ်ပေးနိုင်သည့် နူးညံ့သော အပြုံးက စိတ်ထဲ ကျန်ရစ်နေသည်။ ထိုလှပသော အပြာရောင်မျက်လုံး၌ ချန်လွေ့က ခံစားချက် တစ်ခုကို သေသေချာချာ မြင်တွေ့လိုက်ရ၏။ မငြိမ်မသက်ဖြစ်ခြင်း ဟန်ဆောင်ခြင်း မရှိပေ။ ဖုံးကွယ်ရန် မလိုအပ်သော သဘာဝအတိုင်း ခံစားချက်တစ်ခုသာ ဖြစ်လေသည်။
ကျေးဇူးတင်တာလား။ မောင်နှမ လိုမျိုးလား။ ယုံကြည်ရသူမျိုးလား။ ဒါမှမဟုတ် အခြားတစ်ခုခုလား။
အကြောင်းတစ်ခုခုကြောင့် ချန်လွေ့က ဆက်စပ်မှု မရှိနိုင်သော ဝါကျနှစ်ခုကို ရုတ်တရက် သတိရမိ လိုက်သည်။
အဲဒီတုန်းက ငါ့လက်ကို ဆုပ်ကိုင် ထားတဲ့အတွက် ကျေးဇူးပါ။
အဆင်ပြေတဲ့အချိန်က နေသာတဲ့ နေ့တစ်နေ့ပဲ။
ထိုစကားနှစ်ခွန်း ယူလာသော ခံစားချက်က သူ၏ စိတ်ထဲတွင် ရေးရေးလေး ကျန်ရစ်နေခဲ့သည်။ သူက စိတ်ကို စေစားလိုက်ရာ စူပါစနစ်မှ ထွက်ခွာသွားပြီ ဖြစ်သည်။
သူ့ရှေ့တွင် ပေါ်လာခဲ့သည်မှာ မြေပြင်ပေါ်တွင် လဲလျောင်းနေသော တစ်ဖနီပင် ဖြစ်သည်။ သူ၏ မျက်လုံးများက ဗလာနတ္တိ ဖြစ်နေပြီး အသက်ရှူခြင်း မရှိဘဲ သေဆုံးနေ သလိုမျိုးပင်။ သို့သော် ခန္ဓာကိုယ်၏ လုပ်ဆောင်ချက်က “အသက်ရှင်” နေသော လက္ခဏာများကို ယာယီ ထိန်းသိမ်းထားပေးသည်။
[ဝိညာဉ်ဖမ်းယူခြင်း] သည် ရန်သူ၏ ဝိညာဉ်ကို တိုက်ခိုက်ရန် ကိုယ်ပိုင်စွမ်းအားကို ပေါင်းစပ်နိုင်ပြီး တစ်ဦး၏ ခန္ဓာကိုယ်မှ ဝိညာဉ်ကို ထုတ်ယူရန် [ဝိညာဉ် ဖမ်းယူခြင်း] စွမ်းအားကို အသက်သွင်းနိုင်သည်။ အောင်မြင်နှုန်းမှာ တစ်ဖက်လူ၏ ခွန်အားနှင့် ဝိညာဉ်စွမ်းအားပေါ်တွင် မူတည်သည်။ ထိုသို့ ထုတ်ယူမှုက တစ်ကြိမ်သာ အသုံးပြု၍ ရနိုင်သည်။ အကြာဆုံး ထိရောက်သော အချိန်မှာ ၇ရက် ဖြစ်သည်။ ၇ရက် ကြာပြီးလျှင် သူက [ဝိညာဉ်ပြန်လာခြင်း] ဖြင့် ခန္ဓာကိုယ်ထဲသို့ မပြန်နိုင်ပါက သူ၏ ဝိညာဉ် လုံးဝ ပျောက်သွားပေမည်။
ထိုအစွမ်းကို စူပါစနစ် အဆင့်မြှင့် ပြီးနောက် ရရှိခဲ့ခြင်း ဖြစ်လေသည်။ သို့သော် ၎င်းက စူပါစနစ်၏ အစွမ်း မဟုတ်ဘဲ… သွေးရောင်လက်စွပ်၏ အစွမ်းသာ ဖြစ်သည်။
ထိုအရာက အမှန်တကယ်တော့ မတော်တဆမှု တစ်ခုပင်။
သွေးရောင်လက်စွပ်ကို ချန်လွေ့က လက်ခံမထားသောကြောင့် ၎င်းကို နေရာလွတ် ကိရိယာ သို့မဟုတ် စူပါစနစ်၏ သိုလှောင်ဂိုဒေါင်ထဲတွင် မထည့်နိုင်ခဲ့ပေ။ ထို့ကြောင့်ပင် ချန်လွေ့က လည်ဆွဲတစ်ခု လုပ်ကာ လက်စွပ်ကို ဆွဲထားခဲ့သည်။
ရလဒ်အနေဖြင့် သိဒ္ဓိအလင်းတောင်ထိပ်ရှိ အလင်းနတ်ဘုရားကျောင်းတွင် ဖိုက်သွန်နှင့် နောက်ဆုံးတိုက်ပွဲ၌ သူက [သရုပ်ခွဲမျက်လုံး] ကို အစွမ်းကုန် အသုံးပြုခဲ့သည်။ အရည်အသွေး အပြောင်းအလဲနှင့် စူပါစနစ် အဆင့်မြှင့်တင်ခြင်းတို့၏ အံ့ဩဖွယ်စွမ်းအားအောက်တွင် ကျက်သရေမျှော်စင်၏ စွမ်းအားက သူ၏ ပိုင်ဆိုင်မှု အဖြစ်သို့ လုံးဝ ပြောင်းသွားရုံသာမက သွေးရောင် လက်စွပ်ကလည်း အောင်မြင်စွာ အလိုလို ပေါင်းစည်းသွားခဲ့လေသည်။ နတ်ဘုရားဝါးမျိုမျက်နှာဖုံး၊ နတ်ဆိုးဒိုင်း၊ ကြယ်ကြွေတမန်ဓားနှင့် အမျက်ဘုရင်ချပ်ကာ ပြီးနောက်တွင် ၎င်းက ‘ချန်’ ဟူသော နာမည်ရှိသည့် အဆောင်ပစ္စည်း ၇ခု အနက်မှ ၅ခုမြောက် ဖြစ်လာ၏။ (တိတိကျကျ ပြောရလျှင် ၄ခုခွဲသာ ဖြစ်သည်)
နတ်ဆိုးဘုံရှိ တော်ဝင်မျိုးနွယ်စု ၇စု၏ အဆောင်ပစ္စည်း ၇ခုသည် အမြင့်ဆုံး အဆောင်ပစ္စည်း ဖြစ်၏။ တစ်ခုချင်းစီ အနေဖြင့် အဆောင် ပစ္စည်း-ယောင် အဆင့်နှင့်သာ ညီမျှပေသည်။ သို့သော် အတိတ်မှ ရရှိခဲ့သော အချက်အလက်များအရ အဆောင်ပ္စည်း၇ခုသည် အမြင့်ဆုံး အဆောင်ပစ္စည်းတစ်ခု၏ အစိတ်အပိုင်းများ ဖြစ်လောက်သည်။ အဆောင်ပစ္စည်းများအားလုံးကို စုဆောင်းပြီးနောက်တွင် မည်သည့်အရာ ဖြစ်လာနိုင်ကြောင်း မည်သူမှ မသိကြပေ။
ကျန်ရှိနေသော အဆောင်ပစ္စည်း ၇ခုအနက် ၂ခုခွဲ ကျန်နေသေးသည်။ ထင်ယောင်မှားဒိုင်းက ဒေလီယာ၏ လက်ထဲတွင်ရှိပြီး၊ အရိပ်လေပြေ ဘွတ်ဖိနပ်က အစ်ဇဘယ်လာ၏ လက်ထဲတွင် ရှိနေကာ အရိပ်နက် ဝတ်ရုံက ကတ်သရင်း၏ လက်ထဲ ရှိနေသည်။ လိုအပ်ပါက ၎င်းတို့ အားလုံးကို သူ ပိုင်ဆိုင်နိုင်သည်။ သို့သော် အကြောင်းအရာ တစ်ခုကို သေသေချာချာ မသိရသေးခင်မှာပင် ချန်လွေ့က မစမ်းကြည့်ရဲပေ။ တစ်ခါ ပေါင်းစည်းပြီးသည်နှင့် မူလပိုင်ရှင်ထံ ပြန်ပေး၍ မရနိုင်တော့သောကြောင့် သေသေချာချာ စဉ်းစားရပေမည်။
လက်ရှိ အသုံးဝင်ဆုံး အတွင်းလူ ကတော့ စေတန်နှင့် မိုက်ကယ်တို့ ခေတ်မှ အထူး အစွမ်းထက်ပုဂ္ဂိုလ် ဖိုက်သွန်ပင် ဖြစ်သည်။ ထိုစဉ်က ဖိုက်သွန်၏ ဝိညာဉ် ပြင်းထန်စွာ ပျက်စီးခဲ့ပြီး ပြိုလဲလုနီးပါး ဖြစ်ခဲ့၏။ ထို့ကြောင့် နောက်ဆုံးတွင် သူက အညံ့ခံရန် ရွေးချယ်ပြီး ခီလီယာနာ ကိုယ်ပွား၏ စွမ်းအားကို ရရှိခဲ့သည်။ ထိုစွမ်းအားကို စုပ်ယူပြီးနောက်တွင် ဖိုက်သွန်က အိပ်မောကျနေခြင်းမှ နာလန်ပြန်ထူသော အခြေအနေတွင် ရှိနေခဲ့သည်။ သူ နိုးလာတဲ့အထိ စောင့်ပြီးတော့ သက်ဆိုင်တဲ့ လျို့ဝှက်ချက်တွေကို အသေးစိတ် မေးရမယ်။
အဆောင်ပစ္စည်း ၇ခုသာမက ချန်လွေ့တွင် အဖြေများ လိုအပ်သော မေးခွန်းများစွာ ရှိနေသေးသည်။
ခုနက တစ်ဖနီကို ချန်လွေ့သည် [ဝိညာဉ် ဖမ်းယူခြင်း] ဖြင့် ခေါ်သွားခဲ့ခြင်း ဖြစ်သည်။ သူက ခုခံမှုကို လုံးဝ လက်လျှော့ခဲ့၍ အတော်လေး အောင်မြင်ခဲ့လေသည်။ ထိုအစွမ်းကို အမှန်တကယ်၌ မှတ်ဉာဏ်ဖတ်ရန်၊ ကျွန်ပြုရန်နှင့် နှိပ်စက်ရန်တို့တွင် အသုံးပြုကြသည်။ မှန်ပေသည်။ ချန်လွေ့က ထိုသို့ ပြုလုပ်မည် မဟုတ်ပေ။ သူက တစ်ဖနီ၏ ဝိညာဉ်အား စူပါစနစ်ထဲ သိမ်းထားချင်ရုံသာ ဖြစ်သည်။
ဗာရိုနီကာကဲ့သို့ သာဓက တစ်ဦးလည်း ရှိနေသည့်အတွက် နတ်ဆိုးဘုံသို့ ချန်လွေ့ ပြန်လာပြီး သက်ဆိုင်ရာ စမ်းသပ်မှုများ ပြုလုပ် ပြီးနောက် စွမ်းအား နှင့် ခုခံမှုတို့ ဆုံးရှုံးသွားသော ဝိညာဉ်များကို ဘုရားကျောင်း၏ အစေခံများအဖြစ် တိုက်ရိုက်ပြောင်းလဲနိုင်ကြောင်း တွေ့ရှိခဲ့သည်။ ထို့ကြောင့် တစ်ဖနီက ယာယီ “နတ်ဝင်သည်” တစ်ဦး ဖြစ်လာခဲ့သည်။
တစ်ဖနီ၏ လက်ရှိအခြေအနေက လမ်းလျှောက်နေသော လူသေကဲ့သို့ ဖြစ်နေသည်။ အမှန်တကယ်၌ အစ်ဇဘယ်လာက ထိုခံစားချက်ကို နားလည်နိုင်သည်။ ရည်ရွယ်ချက်ရှိရှိ လှောင်ပြောင်ပြောဆိုခြင်းက သူကို ပြန်လည် အားတက်စေရန်အတွက် လှုံ့ဆော်ခြင်း ဖြစ်သော်လည်း အကျိုးသက်ရောက်မှု အနည်းငယ်သာ ရှိခဲ့လေသည်။
ဗာရိုနီကာလည်း အလားတူ အတွေ့အကြုံမျိုး ရှိခဲ့ပြီး ယခုအခါ သူက ဘဝအသစ်ကို အောင်မြင်စွာ ရှာတွေ့ခဲ့သောကြောင့် ချန်လွေ့က သူ့ကို တစ်ဖနီအား ထိုစိတ်ဒဏ်ရာမှ ကူညီပေးနိုင်လိမ့်မည်ဟု မျှော်လင့်နေခဲ့သည်။
[ဝိညာဉ်ဖမ်းယူခြင်း]ကို တစ်ကြိမ်သာ အသုံးပြုနိုင်ပေသည်။ ထို၇ရက်က တစ်ဖနီ အတွက် အရေးကြီးလှပေသည်။
သူက တစ်ဖနီအပေါ် သနားရုံမှ လွဲ၍ အခြား အတွေးများ မရှိခဲ့ပေ။ သို့သော် ယခုတွင် သူက သွေးရောင် လက်စွပ်ကို ‘သိမ်းပိုက်’ လိုက်ပြီ ဖြစ်၏။ လက်ထပ်စာချုပ် မရှိလျှင်ပင် မည်သို့ပင်ဖြစ်စေ သူက တစ်ဖနီကို ကူညီရပေမည်။
ထိုအချိန်၌ပင် တစ်ဖနီက ထိုမြူမှ မထွက်နိုင်သေးပါက ချန်လွေ့သည် သူ့ကို လွတ်မြောက်စေရမည်လား၊ [စိတ်ဝိညာဉ်ပြန်လာခြင်း] စွမ်းအား အသက်သွင်းပြီး သူကို လမ်းလျှောက် နေသော လူသေအဖြစ် ပြန်ပြောင်း ရမည်လား မသိခဲ့ပေ။
မည်သို့ပင် ဆိုစေကာမူ အဓိက သော့ချက်မှာ တစ်ဖနီ ကိုယ်တိုင်သာ ဖြစ်လေသည်။
၇ ရက်...