အခန်း (၃၇၆)
Vol. 15 Ch. 376
မျက်ရည်စက်လက်ဖြင့် တပည့် အချို့၏ အမူအရာများသည် တကယ်ကိုပင် လေးစားမှုဖြင့်ဂနာမငြိမ်ဖြစ်နေကြသည်။
နတ်ဆိုး သခင် လီကန် ၏ အမူအရာသည် ပိုပြီး တည်ကြည်လာခဲ့သည်။
ယဲ့ယွီ သည် ဘယ်လိုမျိုး စာပေနတ်ဘုရားပညာ ကို လေ့လာခဲ့သည်ကို သူ မသိခဲ့ပါ၊ သို့သော် သူ၏ နတ်ဆိုး အသိဉာဏ်ဖြင့် သူ့၏ ကျင့်ကြံမှု ကို မခန့်မှန်းနိုင်ခဲ့ပါ။
သို့သော်လည်း ဒါက အရေးမကြီးပါ။
သူသည် သူ၏ ကိုယ်ပိုင်ခွန်အားအပေါ် အပြည့်အဝ ယုံကြည်မှုရှိသည်။
အခြားတစ်ဖက်က သူ့၏ ချစ်လှစွာသော တပည့် ကို သတ်ရဲတဲ့အတွက်၊တစမကျန်သုတ်သင်တော့မှာဖြစ်၍ သူတို့ သေဖို့အတွက် အဆင်သင့် ဖြစ်နေသင့်သည်။
လီကန် ၏ အတွေးများ ပြောင်းလဲသွားပြီး၊ သူသည် သူ့နောက်က ကြီးမားသော အရိုးနတ်ဆိုး ကို ယဲ့ယွီ ကို တိုက်ခိုက်ဖို့ ချက်ချင်း ထိန်းချုပ်လိုက်သည်။
ဒီလို နည်းစနစ်သိုင်းကွက်မျိုးက
ယဲ့ယွီ ၏ မျက်လုံးများတွင် ဟာကွက် အပြစ်အနာအဆာများဖြင့် ပြည့်နေသည်။
သူသည် လက်များကို ပေါင်းပြီး တာအို ဟန်းဆိုင်း တံဆိပ်ခတ်ခြင်း တစ်ခုကို ပြုလုပ်လိုက်သည်။
ကောင်းကင်ယံမှ ကြယ်များ သည် ယခင်က သာမန်ဖြစ်ခဲ့သော်လည်း၊ ရုတ်တရက် ပိုပြီး တောက်ပလာခဲ့သည်။
အလင်းသည် ပိုပြီး အားကောင်းလာပြီး၊ တိုက်ရိုက် ကြည့်ဖို့ မဖြစ်နိုင်သည့်အဆင့်အထိ ဖြစ်လာခဲ့သည်။
လောကဖျက်ဆီးမိုးကြိုး ကို တစ်ဖန် ပြန်လည် အသက်သွင်းလိုက်သည်။
ဒီပုံစံနည်းစနစ်သည် အကြမ်းဆုံးနှင့် အပြင်းထန်ဆုံးဖြစ်ပြီး၊ နတ်ဆိုး များကို တိုက်ခိုက်ရာတွင်သုံးသောအခါသာမာန်ထက်နှစ်ဆပိုအားပြင်းစေနိုင်သည်။
ပေ တစ်ထောင်ခန့်မြင့်သော အရိုးနတ်ဆိုး သည် မိုးကြိုုးထိမှန်သောအခါ စက္ကူဖြင့် ပြုလုပ်ထားသည့်အတိုင်းအလွန့်ကိုပျော့ဖတ်နေသည်ဟုပင်ထင်ရသည်။
၎င်းသည် မိုးကြိုး ဖြင့် ချက်ချင်း ထိမှန်ပြီး ကိုယ်ခန္ဓာ နှင့် စိတ်ဝိညာဉ် နှစ် ခုစလုံး ပျက်စီးသွားခဲ့သည်။
နတ်ဆိုး သခင် လီကန် သည် မိုးကြိုး မထိမှီ တုံ့ပြန်ဖို့ အချိန်ပင် မရလိုက်ပါ။
ကြောက်မက်ဖွယ်ကောင်းသော မိုးကြိုး သည် ထိုနေရာကို မိုးကြိုးပင်လယ်ကြီးအဖြစ် ပြောင်းလဲလိုက်သည်။
၎င်းသည် လုံးဝ အမွှေးနံ့သာ တစ်ချောင်းစာလောင်ကျွမ်းချိန်ပြီးမှသာ ရပ်တန့်သွားခဲ့သည်။
လီကန် ၏ ပေ တစ်ရာ အတွင်းရှိ နေရာသည် လုံးဝကို ကမ္ဘာဖျက်မီးလောင်ထားသည့် မြေ ဖြစ်နေသည်။
အဖြူရောင် မီးခိုး သည် ပိန်းပိတ်မှောင်နေလောက်အောင်ပင် လေကထုတခုလုံးကို ပြည့်နေပြီး၊ အတွင်းမှ စစ်မှန်သော မြင်ကွင်းကို ဖုံးကွယ်ထားသည်။
ယဲ့ယွီ သည် သူ၏လက်ကို ပေါ့ပါးစွာ ဝှေ့ယမ်းလိုက်ပြီး၊ ပြင်းထန်သော လေတစ်ခု ပေါ်လာခဲ့သည်။
၎င်းသည် မီးခိုး ကို ပြင်းထန်သောလေဖြင့် မှုတ်ထုတ်လိုက်သည်။
လူတိုင်းသည် ရှေ့သို့ ကြည့်လိုက်ကြပြီး၊ ကြေမွနေသော အရိုးစု မှအပ၊ ဘာမှ မကျန်ရှိသည်ကို တွေ့ရှိလိုက်ကြသည်။
ဒီမြင်ကွင်းက ရှိနေတဲ့ လူတိုင်းကို သူတို့၏ မျက်လုံးများကိုပင် သံသယဖြစ်စေလုနီးနီး ဖြစ်စေသည်။
အရှေ့ပင်လယ် တိုက်ကြီး ၏ နတ်ဆိုး လမ်းကြောင်း၏ ခေါင်းဆောင်သည် ဒီလိုမျိုးပဲ သတ်ပစ် ခံလိုက်ရတာလား?
ဒါက တကယ်ပဲ ယဲ့ချီ ၏ သားလား?
ဒါက လုံးဝကို မယုံနိုင်စရာကောင်းတယ်။
လူအုပ်၏ အပြင်ဘက်ဆုံး စက်ဝိုင်းတွင်။
အစေခံ ရှောင်လုံတာအို သည် သူ့ရှေ့မှ မြင်ကွင်းကို ကြည့်နေပြီး၊ သူ၏ လက်သီးများကို ဆုပ်ထားသည်၊ သူ့၏မျက်လုံးများတွင် မနာလိုမှု အရိပ်အယောင်တစ်ခု ရှိနေသည်။
“ဒီလိုမျိုးမှ စစ်မှန်တဲ့ ယောက်ျား တစ်ဦး ဖြစ်သင့်တာ!”
သူသည် သူ့ကိုယ်သူ တိတ်တဆိတ် သစ္စာ ပြုလိုက်သည်၊ အနာဂတ်တွင်၊ သူသည် ယဲ့ယွီ ကဲ့သို့သောသူရဲကောင်းသခင်လေးတစ်ဦး ဖြစ်လာလိမ့်မယ်။
လက်ကို ဝှေ့ယမ်းခြင်းဖြင့် ရန်သူများကို သတ်နိုင်သည့် အပြီးအပြတ်ခွန်အားကိုပိုင်ဆိုင်ထားသော သူရဲကောင်း စွမ်းအား ရှိသူတစ်ဦး!
လူတိုင်းကို သူ့ရှေ့တွင် ဦးညွှတ်စေနိုင်သူတစ်ဦး!
နတ်ဆိုး သခင် လီကန် သေဆုံးသွားကြောင်း အတည်ပြုပြီးနောက်၊ ယဲ့ယွီ သည် သက်ပြင်းတစ်ချက်ချလိုက်သည်။
ရိုးရိုးသားသားပြောရလျှင်၊ လီကန် က ဒီလောက် အားနည်း လိမ့်မယ်လို့ သူ မမျှော်လင့်ခဲ့ပါ။
အပြစ်အနာအဆာတွေက နေရာတိုင်းမှာ ရှိနေတယ်။
လီကန် က အရမ်း အားနည်း နေတာ မဟုတ်ပါဘူး၊ ဒါပေမဲ့ ယဲ့ယွီ ၏ တိုက်ပွဲ အတွေ့အကြုံသည် အိပ်မက် ပုံစံတူ များစွာမှတစ်ဆင့် ရရှိခဲ့သောကြောင့် ရင်သပ်ရှုမောဖွယ်ကောင်းလောက်အောင် နည်းစနစ်များ ကြွယ်ဝနေသည်။ သူရင်ဆိုင်ခဲ့ရသော တိုက်ပွဲများမှာ ရေတွက်လို့တောင်မရတော့တဲ့ အထိပင်။
ထို့အပြင်၊ ကောင်းကင် အဆင့် အစီရင်ပညာ ၏ အကူအညီဖြင့်၊ လီကန် ကဲ့သို့သော ကောင်းကင်တက်လှမ်း အဆင့်ရှိသူတစ်ဦးနှင့် ရင်ဆိုင်ရခြင်းသည် သဘာဝအတိုင်း ပြဿနာ မဟုတ်ပါ။
မကြာခင်မှာပဲ၊ ယဲ့ယွီ သည် မြေပေါ်သို့ ဆင်းသက်ပြီး နောက်သို့ လှည့်ကြည့်လိုက်သည်။
သူသည် နှလုံးသားကို ဖြတ်တောက်ခြင်း ဘုရားကျောင်း မှ လူတွေရဲ့ အနာဂတ်ဘဝတွေက ပုံမှန်အတိုင်း ပြန်ဖြစ်သွားသည်ကို သတိထားမိလိုက်သည်။
မျှော်လင့်ထားသည့်အတိုင်း၊ တစ်ဦး ၏ အနာဂတ်ကို ပြောင်းလဲနိုင်တယ်။
ပြီးတော့ အဲဒီက လူတွေက ယဲ့ယွီ ကို သူတို့၏ မျက်လုံးများတွင် ပိုပြီး လေးစားမှုဖြင့် ကြည့်နေကြသည်။
အားကောင်းသူ ကို ရိုသေသင့်တယ်၊ ဒါက သဘာဝပဲ။
ယဲ့ယွီ သည် သူတို့၏ တုံ့ပြန်မှုများကို သိပ်ပြီး အာရုံမစိုက်ခဲ့ပါ။
သူသည် အိပ်မက် လောက ၏ စည်းမျဉ်းများကို လုံးဝ ရင်းနှီးပြီးသား။
သူ၏ အိပ်မက် တိုင်းတွင် သူ့ကိုချစ်ကာ ခန္ဓာကိုယ်တခုလုံးပုံအပ်ချင်သော ဇနီး မှအပ၊ တခြားလူတိုင်း၏ မှတ်ဉာဏ်များကို အစနပင်မကျန်တဲ့အထိ ဖျက်ပစ်လိမ့်မယ်။
ဒါကြောင့်၊ သူတို့ကို အများကြီး ရှင်းပြဖို့ မလိုအပ်တော့ပါ။
ဒါ့အပြင်၊ ဒီလို အစွမ်းထက်တဲ့ အရည်အချင်း က သူ့ကို ကူညီဖို့ ရှိနေတဲ့အတွက်၊ သူသည် မကြာခင် ကောင်းကင်ဘုံ လောကသို့ တက်လှမ်းနိုင်လိမ့်မယ်။
ဒါက သူ ရှာဖွေဖို့ လိုအပ်တဲ့ စစ်မှန်သော ဇာတ်ခုံ ပဲ!
နောက်တစ်ခဏတွင်၊ ပုံရိပ်တစ်ခုသည် ယဲ့ယွီ ၏ ဘေးတွင် ရုတ်တရက် ပေါ်လာခဲ့သည်။
ဒါက နှလုံးသားကို ဖြတ်တောက်ခြင်း ဘုရားကျောင်း ၏ ဂိုဏ်းခေါင်းဆောင် လူဟယ်လျန် ပဲ။
ဒီ အဘိုးအို သည် သူ၏ တကိုယ်လုံးမှ သွေး များ စီးကျနေသော်လည်း၊ အပေါ်ယံပွန်းရုံသာ ဆိုသောပုံစံမျိုးဟန်လုပ်ကာ သူ၏ စိတ်ဓာတ်သည် ပုံမှန်မဟုတ်ဘဲ အားကောင်းနေသည်။
သူသည် ယဲ့ယွီ ကို နက်ရှိုင်းသော ချီးကျူးမှု ဖြင့် ကြည့်နေသည်၊ သူ့၏ မျက်လုံးများသည် လခြမ်းပုံစံသို့ ကျဉ်းမြောင်းနေသည်။
“ မိတ်ဆွေ လေး၊ မင်းကိုသိပ်မတွေ့ဖူးဘူး။ ဘယ် အကြီးအကဲ ရဲ့ တပည့် လဲဆိုတာ ဒီအဘိုးကြီးကို မေးခွင့်ပြုပါဦး?”
“ ကောင်းပြီ ၊ ဒါက အရေးမကြီးပါဘူး။ဘယ်သူပဲဖြစ်ဖြစ်၊ မင်းရဲ့အကြီးကဲလုပ်မနေသင့်တော့ဘူး ဘယ်လိုမှမင်းကိုမမှီနိုင်တော့တာသေချာနေပြီလေ”
“ဒီလောက် ခွန်အား မျိုးနဲ့၊ ဘာလို့ တပည့် တစ်ဦး ဖြစ်နေတုန်းပဲလဲ? အခုကစပြီး၊ မင်းက နှလုံးသားကို ဖြတ်တောက်ခြင်း ဘုရားကျောင်း ၏ ဆယ့်ခြောက် ယောက်မြောက် အကြီးအကဲရာထူးပေးလိုက်ပြီ။”
“ငါက ဂိုဏ်းခေါင်းဆောင် ဖြစ်ပေမဲ့၊ အရမ်း ပေါ့ပေါ့ပါးပါးပဲဆက်ဆံလို့ရတယ်။ အခုကစပြီး၊ မင်းက ငါ့ကို အစ်ကို လို့ ခေါ်သင့်တယ်၊ ပြီးတော့ ငါက မင်းကို ညီလေး လို့ ခေါ်မယ်။”
“ငါတို့အတူတူ၊ လောကတစ်ခုလုံးကို သေချာပေါက် အောင်နိုင်အောင်သိမ်းပိုက် နိုင်လိမ့်မယ်!”
ယဲ့ချီ ၏ စိတ်သည် ပျော်ရလွန်းပီး ရူးချင်သလိုလိုနှင့် စိတ်ထဲတွင် အရမ်းကို ရှုပ်ထွေးနေသည်ဟု ပြောသည်၊ “ ဂိုဏ်းခေါင်းဆောင် ၊ ဒါက ငါ့ရဲ့ သား ယဲ့ယွီ ပါ။”
“သားရေ ဂိုဏ်းချုပ်ကို အစ်ကို လို့ တကယ်ပဲ ခေါ်လို့မရဘူး။ အကယ်၍ သူ့ကို အစ်ကို လို့ ခေါ်ရင်… ဒါဆိုရင် မျိုးဆက် တွေက ရောထွေးကုန်လိမ့်မယ်!”
လူဟယ်လျန် သည် သူ၏ ဉာဏ်ပညာ ရှိသော မျက်လုံးများကို မှေးစင်းပြီး ခဏတာ စဉ်းစားခဲ့သည်။
အကယ်၍ ယဲ့ယွီ က သူ့၏ ညီ ဖြစ်ခဲ့လျှင်၊ သူက ယဲ့ချီ ကို ‘ဦးလေး’ လို့ ခေါ်ရလိမ့်မယ်ဆိုတာ သူ နားလည်သွားသည်။
“ဒါက အဆင်မပြေဘူး။ ဒါက အဆင်မပြေဘူး။”
“ဒါပေမဲ့ ငါတို့က ညီအစ်ကို တွေ မလုပ်ဘူးဆိုရင်၊ ဒီ ကြီးမားတဲ့တန်ခိုးရှင် နတ်ဘုရား လောင်း ယဲ့ယွီ ကို ငါတို့ ထိန်းထားနိုင်မှာ မဟုတ်ဘူးလို့ ငါ ကြောက်တယ်။”
အများကြီး စဉ်းစားပြီးနောက်၊ လူဟယ်လျန် က ပြတ်ပြတ်သားသား ပြောသည်၊ “အခုကစပြီး၊ ငါတို့ တစ်ဦးစီက ကိုယ့်ကိုယ်ပိုင်အရာကို လုပ်ကြမယ်!”
ဒီအရာကို ကြားတော့၊ ယဲ့ချီ သည် နေရာမှာတင် လဲကျသွားသည်။
ထိုမွန်းလွဲပိုင်းတွင်၊ လူဟယ်လျန် က လျှို့ဝှက်စွာ သတင်းတစ်ခုကို ထုတ်ပြန်ခဲ့သည်၊ နှလုံးသားကို ဖြတ်တောက်ခြင်း ဘုရားကျောင်း ၏ ဂိုဏ်းခေါင်းဆောင် လူဟယ်လျန် နှင့် သူ၏ အကြီးအကဲ ယဲ့ယွီ တို့သည် နတ်ဆိုး သခင် လီကန် ကို သုံးရက် သုံးည တိုက်ခိုက်ခဲ့ကြတယ်လို့ လူအများကို အသိပေးခဲ့သည်။
နောက်ဆုံးတွင်၊ သူတို့သည် အနိုင်ရပြီး နတ်ဆိုး ကို အောင်မြင်စွာ သတ်ပစ်ခဲ့ကြတယ်။
“ရိုးရိုးသားသားပြောရရင်၊ ဂိုဏ်းခေါင်းဆောင်က တကယ်ကို ကြီးမားတဲ့ အရာတွေကို အောင်မြင်နိုင်တာပဲ!”
လူဟယ်လျန် သည် သူ၏လက်များကို ဖြန့်ပြီး ပြောသည်၊ “ ကြီးမားတဲ့ အရာတွေ ကို အောင်မြင်သူတွေက သေးငယ်တဲ့ ကိစ္စ တွေကို စိတ်ပူပန်ခြင်း မရှိကြဘူး။ ကျော်ကြားမှု အတွက်၊ ဒီလိုမျိုး သတင်းလေးနဲနဲကွန့်ပီးထုတ်ပြန်တာမျိုးက အန္တရာယ်မရှိပါဘူး။”
“ဒါ့အပြင်၊ ငါ့က တကယ်ပဲ တိုက်ပွဲ ဝင်ခဲ့တာ။”
“ဒါက မုသား မဟုတ်ပါဘူး။”
ညဘက်တွင်၊ လူဟယ်လျန် က ယဲ့ယွီ ကို ဖျော်ဖြေရန် ခမ်းနားသော ပွဲတစ်ခု ကျင်းပခဲ့သည်။
ပွဲအတွင်းတွင်၊ သူသည် ယဲ့ယွီ နှင့် အရက်သောက်ပြီး၊ သူတို့၏ ညီအစ်ကို ဆက်ဆံရေး ကို နက်ရှိုင်းအောင် လုပ်ချင်ခဲ့သည်။
ထိုအတောအတွင်း၊ အကြီးအကဲ အများစုသည်လည်း ယဲ့ချီ ကို ဖားယားနေကြပြီး၊ အနာဂတ်တွင်၊ သူတို့၏ အစ်ကို သည် အောင်မြင်မှု ရလာတဲ့အခါ၊ သူတို့ကို မမေ့သွားရဘူးနော်ဟု ပလီပလာပြောကြသည်။ ဘာပဲဖြစ်ဖြစ်၊ သူတို့အားလုံး ‘စည်းစိမ် နဲ့ အာဏာ ရရှိတဲ့အခါ ၊ ကူညီခဲ့သူ တွေကို မမေ့နဲ့’ ဆိုတဲ့ စကားကို သိကြတယ်။
သူတို့က ယဲ့ယွီ ဘယ်လို ပိုပြီး အစွမ်းထက်လာခဲ့သလဲဆိုတာကိုလည်း သွယ်ဝိုက်ပြီး စုံစမ်းစပြုခဲ့ကြတယ်။
ယဲ့ချီ လည်း စိတ်ရှုပ်ထွေးနေသည်။ သူက တကယ်ကို မသိခဲ့ပါ။
ပွဲအပြီးတွင်၊ ယဲ့ယွီ သည် ထွက်ခွာတော့မည့်အချိန်တွင်၊ လူဟယ်လျန် က သူ့ကို တားလိုက်သည်။
ဒီ အဘိုးအို က သူ့ကို တစ်ခုခု ပြစရာရှိလို့ခနလောကလိုက်ခဲ့ပါဟုပြောသည်။
ယဲ့ယွီ က ငြင်းပယ်လို့မရတဲ့အတွက်၊ သူ သဘောတူခဲ့သည်။
သူတို့သည် ဘိုးဘွား ခန်းမသို့ သွားခဲ့ကြသည်။
ဂိုဏ်းခေါင်းဆောင် နှင့် အကြီးအကဲ အနည်းငယ်သာ ဒီကို ဝင်ရောက်နိုင်သည်၊ တခြားသူများတွင် ခွင့်ပြုချက် မရှိပါ။
ဝင်ရောက်ပြီးနောက်။
လူဟယ်လျန် က ပြောသည်၊ “ နှလုံးသားကို ဖြတ်တောက်ခြင်း ဘုရားကျောင်း တွင် ရတနာ အမွေအနှစ် တစ်ခုရှိတယ်။ မင်း၊ ယဲ့ယွီ ၊ အကြီးအကဲ တစ်ဦး ဖြစ်လာတဲ့အတွက်၊ မင်းက ဘိုးဘွား တွေကို အမွှေးနံ့သာတိုင် ပူဇော်သင့်တယ်။”
ယဲ့ယွီ သည် မော့ကြည့်လိုက်ပြီး ဘိုးဘွား ခန်းမ၏ အဓိကတံခါးတွင် ကြီးမားသော ပန်းချီကားတစ်ခုဖြင့် အလှဆင်ထားသည်ကို တွေ့ရှိလိုက်သည်။
ဒါက ရင်သပ်ရှုမောဖွယ်ကောင်းသော လှပသည့် အမျိုးသမီးတစ်ဦးဖြစ်ပြီး၊ ဓားတစ်လက်ဖြင့် ရပ်နေသည်၊ ဒါက ကြည့်ရှုသူအား အကြည့်မလွှဲနိုင်အောင် လုပ်ထားသည်။
လူဟယ်လျန် က မိတ်ဆက်သည်၊ “ဒါက နှလုံးသားကို ဖြတ်တောက်ခြင်း ဘုရားကျောင်း ၏ ပထမဆုံး ဂိုဏ်းခေါင်းဆောင် ပဲ။ သူမက လွန်ခဲ့တဲ့ နှစ် သောင်း ပေါင်းများစွာက ကောင်းကင်ဘုံ လောကသို့ တက်လှမ်း ပြီး နတ်ဘုရားမ တစ်ဦး ဖြစ်သွားခဲ့တယ်။”
သူမ၏ နာမည်က ရှန်ကွမ်ကျူကျူ ဖြစ်သည်။ ထိုခေတ်တွင်၊ တုနှိုင်းမဲ့ ခွန်အား ဖြင့်၊ သူမသည် အရှေ့ပင်လယ် တိုက်ကြီး ရှိ ကျင့်ကြံသူ အားလုံးကို ဖိနှိပ်ခဲ့သည်၊ ဒါက မလေးမစား လုပ်လို့မရသည့် ဒဏ္ဍာရီ လာ အမျိုးသမီး ကျင့်ကြံသူ တစ်ဦး ဖြစ်သည်။
ယဲ့ယွီ သည် မျက်ခုံးကို အနည်းငယ် ပင့်လိုက်သည်။
ပထမဆုံး ဘိုးဘွားမကြီး သည် အရမ်းကို အထင်ကြီးစရာကောင်းပုံရသည်။
အကယ်၍ သူသည် ကောင်းကင်ဘုံ လောကသို့ တက်ကြွ ပြီးနောက် အခွင့်အရေးရခဲ့လျှင်၊ သူသည် သူမ၏ ပုံစံကို သွားကြည့်မိမှာ သေချာတယ်!
၃၇၇ ဆက်ရန်