← Chapters

ပန်းသစ်ပင်၏ လှုပ်ရှားလာမှု

Vol. 019 Ch. 1896

ပန်းသစ်ပင်၏ လှုပ်ရှားလာမှု

Vol. 019 Ch. 1896

ထိုအချိန်တွင် လူအုပ်များကြားတွင် အာမေဋိတ်သံများ ထွက်ပေါ်လာသည်။ လူအများက သူတို့ရှေ့မှ ပန်းသစ်ပင်ကို ကြည့်လိုက်ကြပြီး သူတို့မျက်ဝန်းများထဲတွင် ထိတ်လန့်မှုတို့ ထွက်ပေါ်လာသည်။ ထိုပန်းသစ်ပင်၏ ထိပ်ဖျားတွင် မတ်တပ်ရပ်နေသော ပုံရိပ်တစ်ခုရှိသည်။ ရုတ်တရက် ပန်းသစ်ပင်သည် မရေတွက်နိုင်သော ပန်းများပွင့်လန်းလာပြီး ကောင်းကင်ရှိ မဟာလမ်းစဥ် စွမ်းအင်လှိုင်းတို့က အရူးအမူး စီးဆင်းနေကာ ထိုသူ၏ အပေါ်သို့ ကျရောက်လာပြီး သူ့အား အလွန် တောက်ပသည့် အလင်းတို့နှင့် ခြံရံထားကာ နတ်ဘုရားတစ်ပါးသဖွယ် ထင်မှတ်ရစေသည်။

"ပန်းသစ်ပင်က ခုထိ ဆက်ပွင့်နေတုန်းပဲ။ အဲဒါ ဘယ်သူလဲ။" ထိုအဖြစ်က အံ့သြဘနန်းပင်ဖြစ်သောကြောင့် တစ်စုံတစ်ယောက်က တအံ့တသြမေးလိုက်၏။ ထိုကြီးမားတုတ်ခိုင်သော ရှေးဟောင်းသစ်ပင်ကြီးက အကိုင်းအခက်များအားလုံးနှင့် သစ်ရွက်များက ထိုသူ့ဘက်သို့ ဆန့်ထွက် ယိမ်းနွဲ့နေပြီး ထောင်ချီသော ပန်းများက ပွင့်လန်းနေကြသည်။ လောကတစ်ခုလုံးက ပန်းပွင့်တို့၏ လောကအဖြစ်သို့ ပြောင်းလဲသွားပေသည်။

လူအများက ထိုသူကို မော့ကြည့်လိုက်ကြပြီး သူက မည်သူဖြစ်ကြောင်း သိလိုကာ မေးမြန်းနေကြသည်။ သို့သော်လည်း မည်သူကမှ သူ့ကို သိပုံမရပေ။

"အဲဒါ ဘယ်သူတွေလဲ။" ကျွင်းချိုးယွင်က ထိုလူနှင့် ထိုလူနောက်မှ လိုက်ပါလာသူများကို ကြည့်လိုက်သော်လည်း သူက မည်သူ့ကိုမှ မသိရှိပေ။

သူ့အနားမှ လူတိုင်းက ခေါင်းများကို ယမ်းရင်း ပြောလိုက်သည်။ "တုံ့လိုင်နတ်ဘုရားအကြီးအကဲက ဟိုးတုန်းက အတော်လေးကို ကျော်ကြားတဲ့သူပဲ။ အရှေ့နတ်ဘုရားကျွန်းစုနယ်မြေကို ဖွင့်တဲ့အချိန်တိုင်း အဝေးကြီးက တန်ခိုးရှင်အချို့လည်း ရောက်လာတတ်ကြတယ်။ တချို့လူတွေက အတော်လေး သိုသိုသိပ်သိပ်နေတတ်ကြပြီး ဒီလူကလည်း အဲ့လိုလူမျိုး ဖြစ်မယ်ထင်တယ်။"

ကျွင်းချိုးယွင်ကလည်း ထိုအကြောင်းကို ယခင်က ကြားဖူးလေရာ ခေါင်းညိတ်လိုက်သည်။ ဤပန်းသစ်ပင်ကို ကြည့်ရသည်မှာ ပွင့်လန်းလာသည့် ပန်းပေါင်း ထောင်ချီနီးပါး ရှိလေရာ အတော်လေး အမြင်ကို ဖမ်းစားနိုင်စွမ်းရှိလေသည်။

အရှေ့နတ်ဘုရားဂိတ်မှ လာကြသော အရှေ့နတ်ဘုရားကျွန်းစုနယ်မြေ၏ နတ်မိမယ်များသည် အချင်းချင်း မေးမြန်းနေကြသော်လည်း ထိုသူကို မည်သူမှ မသိကြပေ။

ပန်းသစ်ပင်မှနေ၍ ထောင်ချီသော ပန်းများ ပွင့်လန်းလာသည်။ ထိုမျက်စိပသာဒရှိသော လှပမှုမျိုးသည် ကောင်းကင်ကိုပင် အရောင်များနှင့် စွန်းထင်းနေစေသည်။ ပန်းသစ်ပင်၏ ထိပ်ဆုံးတွင် ရပ်နေသော ထိုသူက ပြိုင်ဘက်ကင်းပုံရလေသည်။ သူသည် ရှေးဟောင်းသစ်ပင်ပေါ်တွင် တောင်တစ်လုံးကဲ့သို့ မားမားမတ်မတ် ရပ်တည်နေသည်။

လူငယ်က အခြားသူများဘက်သို့ လှည့်ကြည့်လိုက်သည်။ သူက ပန်းသစ်ပင်ထံမှ နက်ရှိုင်းသော အရှိန်အဝါကို ခံစားမိသည်။ ၎င်းသည် လောကမဟာလမ်းစဥ်နှင့် လိုက်ဖက်ညီစွာ ရှိနေပြီး အံ့အားသင့်ဖွယ်ကောင်းသော ရှေးဟောင်းသစ်ပင်ဟူသည့် ဂုဏ်သတင်းနှင့် သင့်တော်ပေသည်။

သူက ခြေထောက်ကို မ,ကာ သူ့နောက်သို့ လိုက်ပါလာသူများထံသို့ လျှောက်သွားပြီး အရှေ့နတ်ဘုရားကျွန်းစုနယ်မြေသို့ အတူတူ လျှောက်ထွက်သွားကြတော့သည်။

သူ ထွက်သွားပြီးနောက် အချို့သော သူများက ပန်းသစ်ပင်ရှေ့သို့ ​လျှောက်သွားကြသည်။ သို့သော်လည်း မည်သူကမှ ထိုသူလုပ်ခဲ့သလို ခမ်းနားကြီးကျယ်သည့် အရာမျိုး မလုပ်ဆောင်နိုင်တော့ပေ။ ထိုသူတစ်ယောက်ကသာလျှင် ကြိုးစားခဲ့သူများထဲ၌ အောင်မြင်မှု ရရှိခဲ့သူ ဖြစ်လေသည်။

"ချီထျန်းအိမ်တော်က တန်ခိုးရှင်တွေ ဒီလမ်းအတိုင်းသွားတာ။" ထိုအခိုက်တွင် တစ်စုံတစ်ယောက်သည် တစ်ဖက်ကို ကြည့်လိုက်သည့်အခါ တန်ခိုးရှင်််တစ်စုကို မြင်လိုက်ရသည်။ ထိုတန်ခိုးရှင်များသည်တန်ဖိုးကြီး အဝတ်အစားများကို ဝတ်ဆင်ကာ ပန်းသစ်ပင်ဆီသို့ လျှောက်လာကြသည်။ လူအများသည် သူတို့က ချီထျန်းအိမ်တော်မှ လူများဖြစ်ကြောင်း သတိပြုမိလိုက်ကြသည်။ ၎င်းမှာ ဖန်းလိုင်ကုန်းမြေရှိ သင်ကြားပြသရာ သန့်စင်မြင့်မြတ်နယ်မြေ ဖြစ်သည်။

"ချီထျန်းအိမ်တော်" ရီဖူရှင်းက သူ့အနီးရှိ လူများထံမှ ရေရွတ်သံကို ကြားလိုက်ရသည်။ ချီထျန်းအိမ်တော်သည် တုံ့ယွမ်အိမ်တော်ကဲ့သို့ပင် ကောင်းကင်ဒေသအတွင်း မဟာအင်ပါယာချန်ရစ်ခဲ့သော သန့်စင်မြင့်မြတ်နယ်မြေ ဖြစ်သည်။ သို့သော် ချီထျန်းအိမ်တော်သည် ဖန်းလိုင်ကုန်းမြေတွင် တည်ထောင်ထားသော အိမ်တော်ဖြစ်ပြီး ဤနေရာရှိ အဓိကအင်အားစုများအားလုံးက စုစည်း ထိန်းချုပ်စီမံကြကာ ထိုအထဲတွင် ချီထျန်းပြည်ထောင်က အစွမ်းထက်ဆုံးနှင့် အင်အားအကြီးဆုံး ဖြစ်သည်။

ဖန်းလိုင်ကုန်းမြေတစ်ခွင်လုံးတွင် ထိုအင်အားစုက လွှမ်းမိုးနိုင်စွမ်းရှိကာ ကျွင်းချိုးယွင် လာသည့် ကျွင်းမိသားစုသည်ပင် ၎င်းနှင့် ယှဥ်ပါက နိမ့်ကျပေသည်။

ချီထျန်းပြည်ထောင်သည် ချီထျန်းအိမ်တော် အုပ်ချုပ်မှုကို တာဝန်ယူထားပြီး ထိုနေရာ၌ ကျင့်ကြံရန် ထိပ်သီးပြိုင်ပွဲဝင်များကို ရွေးချယ်ကာ ထိုသူများကို ချီထျန်းအိမ်တော် တန်ခိုးရှင်များဟု ခေါ်ကြသည်။ ယခု ရှေးဟောင်းသစ်ပင်ပေါ်သို့ တက်သွားသူများက ထိုတန်ခိုးရှင်များ ဖြစ်ကြသည်။

"ချီထျန်းပြည်ထောင်မင်းသား၊ ဆဋ္ဌမဆင့် ရန်ဟောင်။" ပေ့ကုံးအော့က ရီဖူရှင်းကို တီးတိုးပြောလိုက်သည်။ ပေ့ကုံးအော့သည် ဖန်းလိုင်ကုန်းမြေအတွင်းမှ အင်အားစုအချို့ကို နားလည်သဘောပေါက်ပုံရလေသည်။

ပန်းသစ်ပင်၏ အမြင့်ဆုံးတွင် ရပ်နေသည့် သူမှာ ချီထျန်းပြည်ထောင်မင်းသား ဖြစ်သည်။ သူသည် တန်ဖိုးကြီးသော ဝတ်စုံကို ဝတ်ဆင်ထားပြီး ခမ်းနားထည်ဝါကာ တော်ဝင်ဆန်သည့် အလယ်အလတ်အထွတ်အထိပ် ရန်ဟောင်တစ်ပါးဖြစ်သည်။ သူ ထုတ်လွှတ်လိုက်သော မဟာလမ်းစဥ်အရှိန်အဝါတို့က ပန်းသစ်ပင်ကို နတ်ရောင်ဝါတို့နှင့် တောက်ပပွင့်လန်းလာစေသော်လည်း အရှေ့က တစ်ယောက် လုပ်ဆောင်သွားသလောက် ခမ်းနားထည်ဝါခြင်းတော့ မရှိပေ။

ဒဏ္ဍာရီများက ပြောကြသည်မှာ ပန်းများက တစ်သိန်းရှစ်ထောင် ရှိကြသည်သူ၍ ဖြစ်သည်။ သို့သော်လည်း ထိုယခင်တန်ခိုးရှင်က ပန်းပွင့်ပေါင်းတစ်သောင်းကျော် ပွင့်လန်းအောင် လုပ်ဆောင်နိုင်ခဲ့သော်လည်း ချီထျန်းပြည်ထောင်မှ မင်းသားသည် ပန်းပွင့်ထောင်ချီခန့်သာ ပွင့်လန်းစေနိုင်ခဲ့သည်။ ချီထျန်းအိမ်တော်မှ အခြားတန်ခိုးရှင်များအနေနှင့် သူတို့သည် ပို၍ပင် နည်းပါးကာ များများစားစား ပွင့်လန်းအောင် မလုပ်နိုင်ခဲ့ပေ။

တစ်ယောက်ပြီးတစ်ယောက် လူအများက ကြိုးစားကြည့်ကြသော်လည်း မည်သူမှ ယခင်က လူငယ်ကို ဖြတ်ကျော်နိုင်သူ မရှိပေ။

"ကျွန်မလည်း ကြိုးစားကြည့်မယ်။" ရီဖူရှင်းနှင့် အခြားသူများဘေးမှ တစ်စုံတစ်ယောက်က ရှေ့သို့ လျှောက်လာသည်။ ထိုသူက ပေ့ကုန်းရွမ် ဖြစ်သည်။ သူမသည် သူမ၏ မဟာလမ်းစဥ် အလားအလာကို သိချင်ပေသည်။

ရီဖူရှင်းက ထွက်သွားရန်ပြင်သော်လည်း ပေ့ကုန်းရွမ်က ထိုနေရာသို့ လျှောက်သွားသည်ကို မြင်သောအခါ ရပ်တန့်ကာ ထိုနေရာသို့ ကြည့်လိုက်သည်။

"ဆက်လုပ်ပါ။" ရီဖူရှင်းက ပေ့ကုန်းရွမ်နောက်မှ လိုက်သွားရင်း ပြောလိုက်သည်။

"အဲဒါ သူတို့ပဲ။" လူအများသည် ကျွင်းချိုးယွင်နှင့် ရီဖူရှင်းကြားမှ ပဋိပက္ခကြောင့် သူတို့အား သတိပြုမိကြပေသည်။ ပေ့ကုန်းရွမ်သည် ကျွင်းချိုးယွင်၏ လူများထံမှ သတ်ဖြတ်မှုကို ခံရလုဆဲဆဲ ဖြစ်ခဲ့သည့် မိန်းကလေး ဖြစ်သည်။

"သွားစို့" ကျွင်းချိုးယွင်က ရီဖူရှင်းနှင့် အခြားသူများကို မြင်သည့်အခါ၌ပင် မပြောင်းလဲသော အမူအရာနှင့် ရှိနေသည်။ လူအများက ကျွင်းချိုးယွင်နှင့်လူများကို မြင်သည့်အခါ သူတို့၏ အမူအရာက စိတ်ဝင်စားသည့်ဟန် ဖြစ်ပေါ်လာသည်။

သူတို့က ရန်ဆက်ဖြစ်ရန် ကြံရွယ်နေသည်လား။

"ပျော်စရာကောင်းအောင် အတူဝင်ပါကြရအောင်။" ဖန်းလိုင်ကုန်းမြေမှ လူအများက သူတို့နှင့်အတူ ရှေ့သို့ တက်လာပြီး မြင့်မားသော ဝိညာဥ်စွမ်းရည်နှင့် ကြီးမားသန်မာသည့် ရှေးဟောင်းသစ်ပင်ရှေ့ကို ရောက်လာကြသည်။

ပေ့ကုန်းရွမ်သည် ရှေး​ဟောင်းသစ်ပင်ရှိရာ နေရာသို့ ပထမဆုံးခြေလှမ်းလိုက်၏။ သူမက မဟာလမ်းစဥ် အရှိန်အဝါတို့ကို ထုတ်လွှတ်လိုက်လျှင် ရုတ်တရက် ရှေးဟောင်းသစ်ပင်ကြီးက သူမဘက်သို့ ယိမ်းနွဲ့လာပြီး ပန်းပွင့်များက သူမရှေ့တွင် ပွင့်လန်းလာကာ သူမအား ပွေ့ဖက်ဟန်ပြုလာသည်မှာ သူမကို သစ်ပင်စောင့်နတ်သမီးကဲ့သို့ ထင်မှတ်နေဟန်ပင်။ ပွင့်လန်းလာသည့် မဟာလမ်းစဥ်ပန်းပွင့်များက ချီထျန်းပြည်ထောင်မှမင်းသားထက် မလျော့နည်းပေ။ ဆိုလိုသည်မှာ သူမသည် မဟာလမ်းစဥ်၌ အလားအလာကောင်းများ ရှိပြီး သူမ၏ မဟာလမ်းစဥ်အပေါ် နားလည်သဘောပေါက်မှုက သာမန်ရန်ဟောင်များထက် သာလွန်နေသည်ဟူသော အဓိပ္ပါယ်ပင် ဖြစ်သည်။

ရီဖူရှင်းသည်လည်း ထိုအဖြစ်ကြောင့် အနည်းငယ် အံ့အားသင့်သွားပေသည်။ ကြည့်ရသည်မှာ ပေ့ကုန်းရွမ်၏ မဟာလမ်းစဥ်ပါရမီက အခြားသော ရန်ဟောင်များထက် ပို၍ သန်မာအားကောင်းပုံရလေသည်။ ပေ့ကုံးအော့သည် သူ၏ သမီးဖြစ်သူကို အလွန် တန်ဖိုးထားမြတ်နိုးပြီး ကျင့်ကြံ​ခြင်းအရင်းအမြစ်များအား ပုံအောခွင့်ပြုပေးထားခဲ့ခြင်းမှာ ထိုအကြောင်းရင်းကြောင့် ဖြစ်နိုင်ပေသည်။

ကျွင်းချိုးယွင်က မျက်မှောင်ကြုတ်လိုက်ပြီး စိတ်ထဲမှ အေးစက်စွာ သရော်လိုက်သည်။ သူတို့က ရှေ့သို့ လျှောက်လာကြပြီး ပန်းသစ်ပင်အနီးကို ရောက်လာသည်။ ရီဖူရှင်းက ရီဖူရှင်းသည် သူတို့နောက် လိုက်လာသော ကျွင်းချိုးယွင်တို့ ရှေ့တက်လာသည်ကို မြင်သည့်အခါ သတိအနေအထားဖြစ်သွားပြီး မဟာလမ်းစဥ်အရှိန်အဝါတို့က သူ့ထံမှ ထွက်ပေါ်လာကာ လေဟာနယ်ကို ထိုးဖောက်သွားသည်။

ကျွင်းချိုးယွင်က ပန်းသစ်ပင်ပေါ်သို့ ​ခြေလှမ်းကာ သူ့ခန္ဓာကိုယ်မှ မဟာလမ်းစဥ်အရှိန်အဝါတို့အား ထုတ်လွှတ်လိုက်ပြီး ဤနေရာ၌ ရှိနေသည့် ကောင်းကင်နှင့်မြေကြီးကြားမှ ကြွယ်ဝလှသော မဟာလမ်းစဥ်စွမ်းအားများကို လေ့လာနေသည်။ ထိုခဏတွင် ထိခတ်မိသံတစ်ခုကို ကြားလိုက်ရပြီး တစ်ချိန်တည်းမှာပင် အလွန်တောက်ပသော အလင်းတန်းတို့ ထွက်ပေါ်လာကာ ကောင်းကင်တွင် မျောလွင့်လာသည်။ မရေတွက်နိုင်သော ပန်းများက တစ်ချိန်တည်း ပွင့်လန်းလာကာ လေဟာနယ်အား လွှမ်းခြုံထားပြီး အားလုံးကိုလည်း ပတ်ရံလိုက်သည်။

"ဘာတွေဖြစ်ကုန်တာလဲ။" ကျွင်းချိုးယွင်က ထိုအဖြစ်အပျက်ကြောင့် ရုတ်တရက် အံ့သြမှင်တက်သွားသည်။ သူသည် ပန်းများက အရူးအမူးပွင့်လန်းလာသည်ကို ခံစားမိလိုက်ကာ ပထမဆုံး သူက အံ့အားသင့်သွားပြီးနောက် သူ့နှလုံးသားထဲမှ မျှော်လင့်ခြင်းနှင့် စိတ်လှုပ်ရှားခြင်းတို့ လှိုက်တက်လာသည်။ ဤထူးခြားသော ဖြစ်စဥ်သည် သူ သစ်ပင်ထက် ခြေချသည့်အခါမှသာ ဖြစ်ပေါ်လာခြင်း ဖြစ်သည်။ ထိုအရာအားလုံးက မည်သည်ကို ဆိုလိုသနည်း။

ဘုန်း... ဘုန်း... ဘုန်း....

ထိုအခိုက်အတန့်တွင် ပန်းသစ်ပင်တစ်ခုလုံး ယိမ်းခါနေသလို ကျွန်းတစ်ခုလုံးပေါ်မှ မဟာလမ်းစဥ်စွမ်းအားများသည်လည်း အရူးအမူး အော်မြည်စီးဆင်းနေသည်ကို တွေ့ရှိလိုက်ရသည့်အခါ လူအုပ်ကြီးက ထိတ်လန့်တုန်လှုပ်သွားပေသည်။ ကောင်းကင်ထက်ရှိ မဟာလမ်းစဥ် စွမ်းအင်လေထုက ပန်းသစ်ပင်ဆီသို့ အရူးအမူးစီးဆင်းနေပြီး ယင်းသည် ပျော်ရွှင်မြူးတူးစွာဖြင့် မြေပြင်မှပင် မြောက်တက်ချင်လာနေသကဲ့သို့ ဖြစ်သည်။

အရှေ့နတ်ဘုရားကျွန်းစုနယ်မြေမှ နတ်မိမယ်များသည်ပင် ထိုမြင်ကွင်းကြောင့် မှင်တက်သွားကြပေသည်။ သူတို့သည် ထိုသို့သော မြင်ကွင်းမျိုးကို လွန်ခဲ့သော နှစ်​ထောင်ချီသမိုင်းကြောင်း၌ပင် မြင်ခဲ့ဖူးခြင်း မရှိဖူးပေ။

သူတို့သည် ပန်းသစ်ပင်က ထူးခြားဆန်းကြယ်သည်ကိုသာ သိရှိကြသော်လည်း ယခုတွင် ထိုပန်းသစ်ပင်က မည်သည့်အတွက် ထိုမျှထိ ပျော်ရွှင်မြူးတူးနေရသနည်း။

"အဲဒါတွေက ကျွင်းချိုးယွင်ကြောင့်လား။" သူတို့က အချင်းချင်း ကြည့်လိုက်ကြပြီးနောက် ပန်းသစ်ပင်ဆီ လျှောက်သွားသော ကျွင်းချိုးယွင်ကို ကြည့်လိုက်သည်။ ထိုသို့ဆိုလျှင် အရှေ့နတ်ဘုရားကျွန်းစုနယ်မြေက ကျွင်းမိသားစုနှင့် ဆက်ဆံရေးကို ဂရုတစိုက် ဆုံးဖြတ်သင့်ပြီး ကျွင်းချိုးယွင်ကို အရှေ့နတ်ဘုရားကျွန်းစုနယ်မြေတွင် ကျင့်ကြံဖို့ရာ ခွင့်ပြုရန် စိတ်ဝင်စားကြောင်း ပြသရပေလိမ့်မည်။

***

All Chapters