← Chapters

စုပေါင်းအစည်းအဝေး ၂

Vol. 38 Ch. 380

စုပေါင်းအစည်းအဝေး ၂

Vol. 38 Ch. 380

အဆင့် ၂ သူရဲကောင်း တံဆိပ်ရှင် ဆိုပါလား!!!

ဒီကောင်လေးဟာ ဧကရာဇ်ကြီးရဲ့ အဆင့် ၂ သူရဲကောင်းတွေထဲက တယောက်ပေါ့ ဟုတ်လား...

လိုင်ဝုယီ၏ စကားကြောင့် ထိုင်နေကြသော အကြီးအကဲတိုင်းလိုလိုသည် ထိုင်ခံအောက်သို့ ပြုတ်ကျလုမတတ် ဖြစ်ကုန်ကြ၏။

သူရဲကောင်းတံဆိပ်ဟူသည်မှာ ရရှိရန် အလွန် ခဲယဉ်းသော အရာ ဖြစ်သည်။ ထိုဆု ချီးမြှင့်ခံရသူတိုင်းလိုလိုသည် ၎င်းတို့၏ နာမည်များကို မှတ်တမ်းတင်ထားခြင်း ခံရပြီး ဧကရာဇ်၏ တပ်တော်တွင်းဝယ် လေးစားထိုက်သူများဟု အသိအမှတ်ပြုခြင်း ခံရ၏။

သူရဲကောင်းတံဆိပ်သည် တစုံတယောက်အား အပို အခွင့်အရေးများ ပေးနိုင်သည်တော့ မဟုတ်။ သို့သော် မျက်စေ့နှင့် မမြင်နိုင်သော အကျိုးသက်ရောက်မှုများစွာ ရှိနေသည်ကတော့ အမှန်ပင်။

ဥပမာအားဖြင့် သူရဲကောင်းစာရင်းဝင်တယောက်သာ သတ်ဖြတ်ခံရပါက ဧကရာဇ်အနေနှင့် တခြားလူများကဲ့သို့ လက်လွတ်စပယ် မထားပဲ နှံ့နှံ့စပ်စပ် စုံစမ်းစစ်ဆေးမည် ဖြစ်သည်။ ထိုအခါ သူရဲကောင်းတံဆိပ်သည် သေခြင်းမှ အကာအကွယ်ပေးသော တံဆိပ်တခုနှင့် တူလာ၏။

နောက်ထပ် ဥပမာတခုမှာကား သူရဲကောင်းတံဆိပ် ချီးမြှင့်ခြင်းခံထားရသူသည် စစ်တပ်နှင့် အထူးတလည် ဆက်ဆံရေးကောင်းမွန်ခြင်းပင် ဖြစ်သည်။ စစ်တပ်ဟူသည် အစဉ်အလာအရ သူရဲကောင်းများ မွေးထုတ်ပေးရာ နေရာဖြစ်သည်။ ထို့ကြောင့် သူတို့ကိုယ်တိုင်လည်း သူရဲကောင်းများကို အလေးထား၏။ ထိုအခါ သူရဲကောင်းစာရင်းဝင်များမှာလည်း စစ်တပ်၏ လေးစားခံရသူများ ဖြစ်လာကြလေသည်။

၎င်းမှာ ရိုးရာအစဉ်အလာ၊ အလေ့အကျင့်၊ လောကဝတ်နှင့် ယုံကြည်မှုတို့မှတဆင့် ဆင်းသက်လာသော အရာပင်တည်း။

စစ်သုံးမြား အချောင်း၅၀ကို စုချန်း အလွယ်တကူ ရရှိလာခြင်းမှာ ထိုအတွက်ကြောင့်ပင် ဖြစ်သည်။ ထိုမြားများကို ရရှိရန်မှာ စုချန်းအတွက် ငှက်ပျောသီး အခွံနွှာစားရသည်ထက်ပင် လွယ်ကူ၏။ သူ့အနေနှင့် အနီးအနားရှိ စစ်တပ်တတပ်သို့ လူတယောက် စေလွှတ်ပြီး ထိုမြားများကို ဝယ်ခိုင်းလိုက်ယုံသာ။ များများစားစား ဝယ်ယူခိုင်းသည်မျိုး မဟုတ်၍ သက်ဆိုင်ရာ စစ်တပ်မှာလည်း သဘောတူမည်မှာ သံသယဖြစ်နေစရာ မလိုချေ။ ဤနေရာတွင် စုချန်းကဲ့သို့သော လူစားမျိုးက ငွေသုံးနေစရာ လိုသေးလားဟု မေးခွန်းထုတ်ရန် ရှိသည်။ သို့သော် တခြားလူများအတွက် ငွေသုံးသည့်တိုင် ဝယ်ယူရန် မလွယ်လှပေရာ စုချန်းအဖို့ ငွေသုံးပြီး ဝယ်ယူ၍ ရသည့်အတွက် များစွာ တော်သေးသည်ဟု ဆိုနိုင်၏။ တဖက်တွင်လည်း စုချန်းအနေနှင့် မည်သို့ ဝယ်ယူစေကာမူ နောက်ဆက်တွဲ ပြသနာများကို ဂရုစိုက်နေရန် မလိုပေ။

သူ့အနေနှင့်် စစ်သုံးမြားများကို များများစားစား ဝယ်ယူပြီး အရောင်းအဝယ် ပြုလုပ်လျင်ပင် ငွေကြေး အတော်များများ ရှာဖွေနိုင်ဖွယ်ရာ ရှိပေသည်။

ထို့ကြောင့် အဆင့် ၂ သူရဲကောင်းတံဆိပ်သည် စုချန်း၏ ဝှက်ဖဲဟု ဆိုနိုင်၏။ သူ့အနေနှင့် ခေါင်းမာမာနှင့် ရင်ဆိုင်နိုင်ခြင်း၏ အဓိက အကြောင်းပြချက်ဟုလည်း ဆိုနိုင်သည်။

ထိုအကြောင်းကို ကြားလိုက်သည်နှင့် လူတိုင်းလိုလိုမှာ မှိုင်တွေငေးမောကုန်ကြတော့သည်။

လျန်မျိုးနွယ်စုမှာကား ယခုတိုင် တခွန်းမှ ဝင်မဟသေးပဲ ရေငုံနှုတ်ပိတ်နေ၏။ အကြောင်းမှာ ၎င်းတို့သည် စုချန်းနှင့် သဘောတူညီချက် ယူထားခြင်းကြောင့်ပင်။

ထိုနေ့က စုချန်းသည် လောင်းမျိုးနွယ်ကို တန်ပြန်တိုက်ခိုက်ရန် ဝေလျန်ချန်းကို အသုံးချခဲ့ပြီး လျန်မျိုးနွယ်ကို အရန်အဖြစ် အသုံးပြုခဲ့၏။ သို့သော် အိမ်တော်ထိန်းလျှိုကတော့ စုချန်းတွင် အရန်အဖြစ် လျန်မျိုးနွယ် တမျိုးတည်းသာ ထားခြင်းမဟုတ်ကြောင်း ချက်ချင်း သဘောပေါက်ခဲ့လေသည်။

ယခုတော့ အဆင့် ၂ သူရဲကောင်းတံဆိပ်သည် စုချန်း၏ နောက်ထပ် အရန်အစီအစဉ်များထဲမှ တခုမှန်း မြင်သာနေခဲ့လေပြီ။

ပြောစရာဟူ၍ စုချန်းနှင့် နေရာအတော်များများတွင် ထိပ်တိုက်ရင်ဆိုင်တိုးခဲ့ပြီးသည့်တိုင် ထိုဝှက်ဖဲအား ထုတ်သုံးလာစေရန် တော်ဝင်မျိုးနွယ်စုများအနေနှင့်ဘယ်တုန်းကမှ မစွမ်းဆောင်နိုင်ခဲခြင်းပင် ဖြစ်သည်။

စုချန်းကို ကြည့်ရသည်မှာ အဆုံးအစမရှိ နက်ရှိုင်းလှသော ရေတွင်းကြီးနှင့် တူ၏။ သူတို့အနေနှင့် ထိုရေတွင်း မည်မျှ နက်ရှိုင်းမှန်းပင် သိနိုင်စွမ်း မရှိလေရာ ရေတွင်းထဲ၌ မည်သို့သော် လျှို့ဝှက်ချက်များကို သိမ်းဆည်းထားမည်ကို အဘယ်မှာ သိနိုင်အံ့နည်း။

ယခု သူတို့အနေနှင့် အဆင့် ၂ သူရဲကောင်းတံဆိပ်အကြောင်း သိရှိသွားလေပြီ။ိသို့သော် စုချန်းတွင် နောက်ထပ် ဘာတွေများ ရှိနေအုံးမည်နည်း။

တနေ့နေ့တွင် တစုံတယောက်အနေနှင့် စုချန်းကို မည်သည့် အကျိုးဆက်များနှင့် ကြုံတွေ့ရစေကာမူ သတ်ပစ်ချင်သည်ဆိုလျင် ထိုသူ၏ ဦးခေါင်းပေါ်သို့ မည်သို့သော ဝန်ထုပ်ဝန်ပိုးများ ကျရောက်လာမည်နည်း။

ထိုသို့ကော ထိုသူ လုပ်နိုင်စွမ်း ရှိပါမည်လော။

မည်သူမှ မသိချေ။

လောင်းချိန်းကျန်း၏ မျက်နှာမှာ ကြည့်ရဆိုးလောက်အောင် အရုပ်ဆိုးလာ၏။

"အဆင့် ၂ သူရဲကောင်းတံဆိပ် ဟုတ်လား... ဒီကောင် ဘယ်လိုလုပ် ဒီတံဆိပ်ကို ရလာတာလဲ ဒါ ဘယ်လိုမှ မဖြစ်နိုင်ဘူး ကြီးမားတဲ့ တိုက်ပွဲတွေမှာ ဒီကောင် ဝင်တိုက်ခဲ့ဖူးလို့လား ဒါပေမဲ့ ကျုပ်တို့နဲ့ သတ်ဖြတ်သူတွေရဲ့ကြားမှာ လွန်ခဲ့တဲ့ နှစ်များစွာထဲက တိုက်ပွဲကြီးကြီးမားမားမှ မဖြစ်ကြတော့တာပဲ"

လိုင်ဝုယီက ပြန်ပြောလိုက်သည်။

"ခင်ဗျား ဘယ့်နှယ်ကြောင့် ကျုပ်ကို မေးတာလဲ ကျုပ် ဘယ်သိမှာတုန်းဗျ ကျုပ် သိတာဆိုလို့ လျှို့ဝှက်ခရီးမှာ ဒီကောင် ပါဝင်ခဲ့တယ် အဲဒီခရီးမှာ ဒီကောင် စွမ်းဆောင်ရည်ကောင်းပြနိုင်ခဲ့လို့ ဒီဆုတံဆိပ် ရလာတယ် ဆိုတာပဲ"

"သေစမ်း ဒီကောင့်ကို ရင်ဆိုင်ရမှာကိုက ပြသနာကြီးတရပ် ဖြစ်လာပြီပေါ့"

လောင်းချိန်းကျန်းက ဒေါသတကြီးနှင့် ခုံကို လက်သီးဖြင့် ထုချလိုက်၏။

သူရဲကောင်းတံဆိပ် ပိုင်ဆိုင်ထားသည်ဟူသော သတင်းစကားသာ ပျံ့သွားပါက စုချန်းအား ရင်ဆိုင်ရဲမည့်သူ အတော်ပင် ရှားသွားပေလိမ့်မည်။

၎င်းကို မြင်သောအခါ ဝမ်ဖေးယွန်က မျက်မှောက်ကုတ်လိုက်သည်။

"ဘာ အဆင့် ၂ သူရဲကောင်းတံဆိပ် ဟုတ်လား မင်းတို့အားလုံးက အဲဒါကို ကြောက်နေကြတာလား သူရဲကောင်းတံဆိပ်ဟာ ဂုဏ်သိက္ခာကြီးမြတ်တာတော့ မှန်တယ် ဒါပေမဲ့ မြို့တော်အရှင်သခင်ရဲ့ ဂုဏ်သိက္ခာလောက် ကြီးမြတ်လို့လား ကျုပ်တို့အနေနဲ့ မြို့တော်အရှင်သခင် အန်းစီယွန်ကိုသာ ထိန်းချုပ်နိုင်ရင် အဆင့် ၂ သူရဲကောင်းတံဆိပ်လောက်ကို ဂရုစိုက်စရာ လိုလို့လား"

ထိုစကားကို ကြားလိုက်သောအခါ လူတိုင်းလိုလို လက်ခံသဘောတူလိုက်ကြသည်။ သူတို့၏ ခေါင်းကိုက်ဝေဒနာများမှာလည်း အတော်အတန် သက်သာသွားလေသည်။

တကယ်တော့ ဝမ်ဖေးယွန်၏ စကားမှာ မှန်သည်လည်းရှိ၏။ မမှန်သည်လည်း ရှိ၏။

တော်ဝင်မျိုးနွယ်စုများ၏ လွှမ်းမိုးနိုင်စွမ်းသာ ရှိပါက အဆင့် ၂ သူရဲကောင်းတံဆိပ်ပိုင်ရှင်ကို သူတို့အနေနှင့် ဂရုစိုက်စရာ မလိုသည်ကတော့ အမှန်ပင်။ သို့သော် ထိုအနေအထားမျိုး ရရှိရန်မှာ သူတို့အနေနှင့် စုချန်းအပေါ် အပြည့်အဝ အာရုံစိုက်ထားရန် လို၏။

တော်ဝင်မျိုးနွယ်စု ဆယ်စုအနေနှင့် စုချန်းအပေါ် ရာနှုန်းပြည့်အာရုံစိုက်ထားနိုင်ပါမည်လော။

၎င်းမှာ မည်သို့မှ မဖြစ်နိုင်ချေ။

မျိုးနွယ်စု ကြီးလေလေ စီးပွားရေလုပ်ငန်း ပို၍ ကြီးမားလေလေဖြစ်ပြီး အခက်အခဲ၊ ပြသနာကလည်း ပို၍ များလာလေလေပင်။ အလားတူစွာ ရန်သူမှာလည်း ပို၍ များလာတတ်၏။

သူတို့အတွက် စုချန်း တယောက်တည်းမှာ ရန်သူ မဟုတ်ချေ။ တခြား ရန်သူများလည်း ရှိနေသည့်အတွက် ထိုရန်သူများကိုလည်း အာရုံစိုက်နေရသေး၏။

တနည်းအားဖြင့် တော်ဝင်မျိုးနွယ်စုများနှင့် ရန်သူများအကြား အင်အားချိန်ခွင်လျှာ မျှနေသည့်အချိန်တွင် စုချန်း ပေါ်လာခြင်းကြောင့် ပါဝါလေဟာနယ် ပေါ်ပေါက်လာသည့် သဘောပင်။

၎င်းမှာ စုချန်းနှင့်ပတ်သက်၍ တော်ဝင်မျိုးနွယ်စုများအတွက် အဓိက ပြသနာ ဖြစ်သည်။

စုချန်း တယောက်တည်းနှင့် တော်ဝင်မျိုးနွယ်စုများကို မချေမှုန်းနိုင်။ သို့သော် တော်ဝင်မျိုးနွယ်စုများနှင့် ရန်သူများအကြား အင်အားချိန်ခွင်လျှာကို ပြောင်းလဲသွားစေရန်တော့ စုချန်း တတ်နိုင်၏။

အတန်ကြာ စဉ်းစားပြီး ဝမ်ဖေးယွန်က စကားဆက်ပြန်သည်။

"ဘာပဲပြောပြော အဆင့် ၂ သူရဲကောင်းတံဆိပ်ဟာ ပြသနာတော့ အမှန်ပဲ အရင်သုံးနေကျနည်းလမ်းတွေကို ကျုပ်တို့ အသုံးပြုလို့ မရတော့ဘူး ဒါပေမဲ့ ဒီလို သုံးလို့မရတာနဲ့ပဲ ဒီကောင့်ကို ရင်ဆိုင်လို့ မရတော့ဘူးလို့တော့ မဆိုလိုဘူး"

"ဒါ အမှန်ပဲ လူတိုင်းသာ ပါဝင်ပူးပေါင်းမယ်ဆိုရင် ကျုပ်တို့အနေနဲ့ ဒီကောင့်ကို ရင်ဆိုင်ရမဲ့ နည်းလမ်းတမျိုးမျိုးတော့ တွေ့မှာပါ"

ထိုအချိန်မှာပင် တစုံတယောက်က ရုတ်တရက် ရယ်မောလိုက်၏။

"စုချန်းလို ကောင်စားမျိုးနဲ့ ဒီလောက် ခေါင်းကိုက်နေစရာ လိုလို့လားကွာ"

လူတိုင်းက အသံထွက်ပေါ်လာသော နေရာသို့ လှည့်ကြည့်လိုက်ကြ၏။ စကားပြောလိုက်သူမှာ တြိဂံပုံစံ မျက်လုံးများနှင့် လူတယောက် ဖြစ်သည်။

"အကြီးအကဲဟေးပါလား"

ဝမ်ဖေးယွန်က ရယ်မောရင်း ပြောလိုက်သည်။

"ခင်ဗျားမှာ ဘာစိတ်ကူးရှိလို့လဲဗျ"

အကြီးအကဲဟေး၏ နာမည်မှာ ဟေးဝုချွန် ဖြစ်သည်။ ၎င်းနာမည်မှာ ပိုက်ဆံမရှိ ဟု အဓိပ္ပါယ်ရသော်လည်း ဟေးမျိုးနွယ်စုမှာကား အလွန် ချမ်းသာ၏။ ဟေးဝုချွန်ကိုယ်တိုင်မှာလည်း အတော်လေး စီးပွားရေးအမြင်ရှိသူ ဖြစ်သည်။ သူ့အကျင့်စရိုက်ကတော့ နားလည်ရခက်ခဲလှ၏။

ဝမ်ဖေးယွန်၏ မေးခွန်းကြောင့် ဟေးဝုချွန်က ပြန်ဖြေလိုက်သည်။

"စုချန်းကို ရင်ဆိုင်ဖို့ ကျုပ်မှာ အစီအစဉ် သုံးမျိုး ရှိတယ်"

"ပြောစမ်းပါအုံး"

"ပထမအစီအစဉ်ကတော့ စုချန်းကို ရင်ဆိုင်ဖို့ဆိုရင် သူနဲ့ မူလဗျူရိုကို ခွဲခြားပစ်နိုင်မဲ့ နည်းလမ်းကို ကျုပ်တို့ စဉ်းစားဖို့လိုတယ် မူလဗျူရိုမှာ စုချန်း ရှိတာနဲ့ မရှိတာဟာ သိပ်ကွာခြားနေတယ် အကြီးဆုံးပြသနာက မူလဗျူရိုမှာ စုချန်းရဲ့ ရာထူးဟာ အကြီးအကဲနေရာ ဖြစ်နေတာပဲ အသိပညာအတည်ပြုသူရာထူး မဟုတ်ဘူး တကယ်တော့ ဒီရာထူးကို သူရသွားတာဟာ လျူဝုယာ သေသွားလို့လို့ ဆိုနိုင်တယ် ဒါပေမဲ့ လျုဝုယာ သေသွားတိုင်း ဒီကောင် ဒီရာထူး ရမယ်လို့ ဘယ်သူ အတိအကျ ပြောရဲသလဲ"

လူတိုင်းလိုလိုသည် တယောက်မျက်နှာကို တယောက် ကြည့်လိုက်ကြ၏။

ဝမ်ဖေးယွန်က မေးလိုက်သည်။

"ဒီတော့ ခင်ဗျား ဆိုလိုတာ..."

"ရှင်းရှင်းလေးပါ တရားဝင် အတည်ပြုချက်က ဒီနှစ်ထဲမှာမှ ကျလာလိမ့်မယ် ဒါပေမဲ့ ဒီအတည်ပြုချက် ဘယ်တော့မှ ရောက်မလာအောင် ကျုပ်တို့ လုပ်လို့ရတယ် ဒါမှာမဟုတ် ကျုပ်တို့စကားကို နားထောင်မဲ့ လူစားမျိုးကို အကြီးအကဲနေရာ ရသွားအောင် ကျုပ်တို့ ကြိုးစားလို့ရတယ် အဲဒီလိုသာဆိုရင် စုချန်း အနေနဲ့ မူလဗျူရိုကို ထိန်းချုပ်ချင်ရင်တောင် ထင်သလောက် မရိုးရှင်းတော့ဘူးပေါ့"

"သိပ်ကောင်းတယ်ဗျို့"

ဝမ်းသာအားရ အားပေးထောက်ခံသံများ ပေါ်ပေါက်လာ၏။

တော်ဝင်မျိုးနွယ်စုများ၏ အင်အားအရ ကြည်လင်မြစ်မြို့တော်တွင် သူတို့ အလိုရှိသူတယောက်ကို မူလဗျူရို အကြီးအကဲအဖြစ် ခန့်အပ်နိုင်ရန်မှာ ဖြစ်နိုင်သည်ဟု သူတို့အားလုံး ယုံကြည်ထားကြသည် မဟုတ်ပါလား။ တခုတည်းသော မေးခွန်းမှာ ထိုအတွက် သူတို့ဘက်မှ ငွေကြေး ဘယ်လောက် စိုက်ထုတ်နိုင်မည် ဟူသည်ပင် ဖြစ်သည်။

ဟေးဝုချွန်က စကားဆက်ပြန်သည်။

"ဒုတိယအစီအစဉ်ကို ဆက်ပြောမယ် အတိတ်ကာလတုန်းက စုချန်းနဲ့ ကျုပ်တို့အကြား ဖြစ်ပွားခဲ့တဲ့ ပြသနာတွေကို ထောက်ရသလောက် ဒီကောင်စုချန်းဟာ ဆတ်ဆတ်ထိမခံဘူး ဆရာကြီးလုပ်တတ်တယ် ဘယ်သူ့ကိုမှ မလေးစားတတ်တဲ့ကောင်မျိုးဆိုတာ ကျုပ်တို့ သိခဲ့ရပြီ ဒါပေမဲ့ ဒီလိုကောင်စားမျိုး နောက်တယောက် ရှိနေသေးတယ် အဲဒီလူကတော့ မြို့တော်အစောင့်တပ်ဖွဲ့ရဲ့ အကြီးအကဲ လုချိန်ကွမ်းပဲ မြို့တော်အစောင့်တပ်ဖွဲ့ရဲ့ ခေါင်းဆောင် ဖြစ်နေတဲ့အတွက် လုချိန်ကွမ်းဟာ ပုံမှန်အားဖြင့် အန်းစီယွမ်ရဲ့ အယုံကြည်ရဆုံး လူလို့ ဆိုနိုင်တယ် ဒါပေမဲ့ ခု စုချန်း ရုတ်တရက် ပေါ်လာတော့ လုချိန်ကွမ်းရဲ့ နေရာကို ကိုင်လှုပ်သွားသလို ဖြစ်သွားလိမ့်မယ် ဒီအားနည်းချက်ကိုသာ ကျုပ်တို့ ထိုးနှက်နိုင်ရင်..."

"သိပ်မှန်တယ်ဗျို့"

လူတိုင်းက ဝမ်းသာအားရနှင့် ထောက်ခံလိုက်ကြပြန်သည်။

"လုချိန်ကွမ်းဟာ ဒေါသကြီးတယ် စကားများများ မပြောတတ်ဘူး ကျုပ်တို့သာ ကြားကနေ နည်းနည်းပါးပါး သွေးထိုးလိုက်တာနဲ့ သူတို့နှစ်ယောက် အချင်းချင်း ထသတ်ကုန်မှာပဲ"

"သိပ်ကောင်းတဲ့အကြံပဲဗျို့ အကြီးအကဲဟေး"

"ဒါနဲ့ အကြီးအကဲဟေးရဲ့ တတိယအကြံက ဘာတဲ့တုန်း"

ဝမ်ဖေးယွန်က မေးလိုက်သည်။

ဟေးဝုချွန်က ရှင်းပြလိုက်သည်။

"တတိယအကြံကတော့ ရှင်းပါတယ် စုချန်း ဒီလို အစွမ်းကောင်းနေတာ နဂါးကျောင်းတော်က လာလို့ပဲ ဒီတော့ ကျုပ်တို့ကလည်း စုချန်းနဲ့ ရင်ဆိုင်နိုင်မဲ့ နဂါးကျောင်းဆင်းတယောက်ကို ရှာတွေ့နိုင်တာပေါ့"

ထိုစကားကြောင့် လူတိုင်းလိုလိုသည် တယောက်မျက်နှာကို တယောက် ကြည့်မိကြ၏။

"နဂါးကျောင်းဆင်းကို ရှာမယ် ဟုတ်လား ရှာတွေ့တော့ကော အဲဒီလူက လာပါ့မလား ပြီးတော့ အဲဒီလို လူစားမျိုးကို ဘယ်နေရာမှာ သွားရှာကြမလဲ"

"ပိုက်ဆံများများသာ ပေးနိုင်ရင် ဘာကြောင့် မလာရမှာလဲ သူတို့တတွေဟာ အရင်တုန်းက သူငယ်ချင်းတွေ ဖြစ်ခဲ့ကြတာ မှန်တယ် ဒါပေမဲ့ ကျောင်းပြီးကတည်းက ကိုယ့်လမ်းကိုယ် လျှောက်နေကြပြီပဲ အတန်းဖော်တွေကြားက ခင်မင်ရင်းနှီးမှုဟာ မူလကျောက်တုံးတွေလောက် တန်ဖိုးမရှိပါဘူးဗျာ သူတို့ကို ရှာဖို့ဆိုရင်တော့...ဒီထက်တောင် ပိုလွယ်နေသေးတယ်"

ဟေးဝုချွန်က ရယ်မောလိုက်၏။

"ကျုပ်တောင် အဲလို လူတချို့ကို သိနေသေးတယ်ဗျို့"

All Chapters