← Chapters

သိုင်းသခင်တစ်ယောက်အား ဓားချက်တစ်ချက်ဖြင့် သတ်ဖြတ်ခြင်း၊ မင်းက ငါ့အပိုင်ပဲ

Vol. 14 Ch. 196

သိုင်းသခင်တစ်ယောက်အား ဓားချက်တစ်ချက်ဖြင့် သတ်ဖြတ်ခြင်း၊ မင်းက ငါ့အပိုင်ပဲ

Vol. 14 Ch. 196

သိုင်းသခင်အသစ်၏ သက်ဆင်းလာမှုက မုန့်ချုံ၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာစေ၏။ ယခုအချိန်၌ ဆွေမျိုးလေးတွင် ထွက်ပြေးလွတ်မြောက်နိုင်မည့် အကြောင်း မရှိတော့ပါ။

သူ့အနေနှင့် အခွင့်အရေးကို စောင့်စားပြီး ဝင်ရောက်ကယ်တင်ရန်သာ လိုတော့၏။ အသက်ကို ကယ်တင်ခြင်းမှာ သေးငယ်သည့် ကိစ္စတစ်ခု မဟုတ်ပေ။ အသက်တစ်ခုအား အကြွေးတင်ပါက မည်ကဲ့သို့ပြန်လည် ပေးဆောင်နိုင်မည်နည်း။

"မုန့်ရှူရှူ... အညံ့ခံလိုက်... ငါတို့ မင်းကို မသတ်ဘူး.."

အနက်ရောင်ဝတ်စုံနှင့် သိုင်းသခင်က အနည်းငယ် ဖြူရော်သည့် မျက်နှာနှင့် အေးစက်သည့် မျက်လုံးများဖြင့် ကြည့်သည်။ နက်ရှိုင်းသည့် အသံဖြင့် ပြော၏။

မုန့်ရှူရှူ၏ ပုံစံက ကြီးစွာပြောင်းလဲသွားသည်။ ရုတ်တရက်  သူ၏လက်တစ်ဖက်ကို မြှောက်ကာ အေးစက်သော အလင်းတစ်ခု ထွက်ပေါ်လာ၏။ ခန္ဓာကိုယ်ကိုအပေါ်သို့ ခုန်ကာ ရုတ်တရက် ထန်းချင်ကို တိုက်ခိုက်သည်။

"ထန်းချင်... ငါသေရင်တောင် မင်းကို ငါနဲ့အတူ ခေါ်သွားမယ်။ နှစ်တွေအကြာကြီး ရင်းနှီးခဲ့တဲ့ မိတ်ဆွေတစ်ယောက်ရဲ့ သစ္စာဖောက်ခံရမယ်လို့ ငါတကယ်ပဲ မယုံနိုင်ဘူး.."

မုန့်ရှူရှူ၏ ပုံစံက ဒီအချိန်၌ စကားလုံးဖြင့် ဖော်ပြနိုင်ခြင်း မရှိလောက်အောင် အေးစက်လာခဲ့သည်။

"ဘုန်း.."

လက်ဝါးရိုက်ချက် တစ်ခုနှင့် အပြင်းအထန် တိုက်ခိုက်၏။

ထန်းချင်၏ ပုံစံက ကြီးစွာပြောင်းလဲသွားသည်။ သူက အလျှင်အမြန် ကာလိုက်ရင်းမှ နောက်သို့ဆက်တိုက် ဆုတ်နေရ၏။

"သေခါနီး ခေါင်းမာနေတယ်.."

ဝတ်စုံနက်နှင့်လူက အေးစက်စွာ နှာခေါင်းရှုံ့သည်။ သူ၏ ခန္ဓာကိုယ်ကို လှုပ်ရှားကာ မုန့်ရှူရှူအား လက်ကိုမြှောက်ကာ ဖမ်းလိုက်၏။

သို့ရာတွင် ထိုအခိုက်အတန့်၌ မုန့်ရှူရှူက လက်ကိုဝှေ့ယမ်းလိုက်ပြီး နှစ်ပေရှည်သည့် မင်တံကဲ့သို့ လက်နက်တစ်ခု သူ၏ လက်ထဲတွင် ရုတ်တရက် ပေါ်လာခဲ့သည်။

"ဘဇ်.."

မင်တံ၏ ထိပ်က အေးစက်သည့် အလင်းတစ်ခု ပေါက်ကွဲထွက်လာပြီး စူးရှသည့် တောက်ပမှုက ဖြန့်ကျက်လာခဲ့၏။

"ဘုန်း.."

ဝတ်စုံနက်နှင့်လူက ကာလိုက်၏။ သို့ပေမယ့် အေးစက်သည့် အလင်းက ပျောက်ကွယ်သွားခြင်း မရှိပါ။ အဲ့ဒီ့အစား အလင်းစက်များအဖြစ် ပြောင်းလဲကာ အရပ်မျက်နှာ အားလုံးတို့ဆီမှ သူ့ကို ဝန်းရံလာခဲ့၏။

"ငါမင်းကို အထင်သေးမိသွားတယ်.."

ဝတ်စုံနက်က အေးစက်စွာ ပြုံးသည်။ သူ၏ ခန္ဓာကိုယ်မှ အဖြူရောင်အလင်းတစ်ခု လှိုင်းထလာပြီး ဝင်ရောက်လာနေသည့် အေးစက်သည့် ဖြာထွက်မှုအားလုံးတို့ကို ရှင်းထုတ်လိုက်၏။

မုန့်ရှူရှူက ဤသည်ကို အခွင့်ကောင်းယူကာ သွေးတလုတ်ကို အန်ထုတ်လိုက်ပြီး သူ၏ အရှိန်အဝါက မြင့်တက်လာခဲ့သည်။ လက်ထဲရှိ မင်တံက တစ်ပေလောက်ရှည်သည့် အေးစက်သည့် အလင်းတစ်ခုအား ထုတ်လွှတ်လာပြီး ထန်းချင်ဆီသို့ ပြေးဝင်သွား၏။

"မုန့်ရှူရှူ... မင်းသေချင်နေတာလား.."

ထန်းချင်က အလွန်အံ့ဩကာ ဒေါသထွက်နေပါသည်။ သူ၏ လက်ထဲရှိ ဓားရှည်နှင့် ကာ၏။

သို့ရာတွင် မုန့်ရှူရှူမှာ ဂရုစိုက်ခြင်းမရှိဘဲ သူနှင့်အတူ  သေဆုံးမည့်ပုံ ရှိသည်။ မူလက စာပေသမားတစ်ယောက် အသွင်ရှိသည့် မုန့်ရှူရှူက ယခုအချိန်၌ နီရဲသော မျက်လုံးများဖြင့် အလွန် ကြမ်းကြုတ်နေပါသည်။

ထန်းချင်သည် အနည်းငယ် စိုးရိမ်လာခဲ့၏။ သူ၏ဓားနှင့် မုန့်ရှူရှူကိုသာ ထိုးစိုက်လိုက်ပါက သူလည်းပဲ တစ်ဖက်လူနှင့်အတူ သေဆုံးရမှာ ဖြစ်သည်။

အစက ထိုဓားချက်ဖြင့် မုန့်ရှူရှူအား ရှောင်ထွက်သွားအောင် ပြုလုပ်ချင်တာပါ။ သို့ပေမယ့် တစ်ဖက်လူက သူနှင့်အတူ သေဆုံးရန် စီစဉ်ထားခဲ့၏။ ဤသည်ကား သစ္စာအဖောက် ခံရခြင်း၏ ဒေါသကို ပြသနေပါသည်။

အလျှင်အမြန်ဖြင့် ထန်းချင်တစ်ယောက် နောက်သို့ဆုတ်ခွာပြီး သူ၏ဓားကို ပြန်ရုတ်ကာ ကိုယ့်ကိုယ်ကို ကာကွယ်သည်။

မုန့်ရှူရှူက ထိုအခိုက်အတန့်ကို စောင့်စားနေခြင်း ဖြစ်၏။ သူ၏ ခန္ဓာကိုယ်က ရုတ်တရက် တွန့်ကွေးသွားပြီး ဘေးဘက်သို့ ရွေ့လျားကာ လက်ထဲရှိ မင်တံနှင့် ထိုးစိုက်လိုက်သည်။

"ဇွတ်.."

မင်တံက ထန်းချင်၏ ရင်ဘတ်သို့ စိုက်သွား၏။

"မင်း.."

ထန်းချင်က ထိတ်လန့်စွာဖြင့် ဒေါသတကြီးအော်သည်။

သူ၏ဓားကို မုန့်ရှူရှူဆီသို့ လွှဲရမ်းလိုက်၏။ အတူတူသေဆုံးရန် ဆုံးဖြတ်လိုက်သည့်ပုံ ရှိသည်။

သို့ရာတွင်  လက်ထဲတွင် မည်သည့် လက်နက်မှ မရှိသည့် မုန့်ရှူရှူက လက်သီးအရွယ်ရှိ သေးငယ်သည့် တူနှစ်ချောင်းတို့ကို ဆွဲထုတ်လိုက်သည်။

တူ၏ လက်ကိုင်တွင် ယန္တရားတစ်ခု ရှိသည်ထင်၏။ တစ်ချက်နှိပ်လိုက်သည်နှင့် တူ၏ဦးခေါင်းက ပွင့်လာကာ ပန်းပွင့်သကဲ့သို့ ပွင့်ချပ်၈ခု ဖြစ်သွားခဲ့သည်။

မုန့်ရှူရှူက ပွင့်လန်းနေသည့်တူကို မြှောက်ကာ ထန်းချင်၏ သေဆုံးစေရန် တိုက်ခိုက်မှုကို ကာလိုက်၏။

"သေသင့်တဲ့ကောင်.."

ဝတ်စုံနက်နှင့်လူက အော်လိုက်ပြီးနောက် သူ၏လက်ကို မြှောက်လိုက်သည်။ အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး ကျယ်လောင်သော အသံတစ်ခုနှင့်အတူ ဓားကောက်တစ်ခု ပျံသန်းလာကာ ထန်းချင်၏ ဓားချက်ကို ဦးအောင်ကာလိုက်၏။

ဓားကောက်က ရပ်တန့်သွားခြင်း မရှိပါ။ ထန်းချင်၏ ဦးခေါင်းကို ဆက်လက် ဖြတ်တောက်သွားလေသည်။

ရုတ်တရက် ပြောင်းလဲသွားသည့် အလှည့်အပြောင်းက အခြား သိုင်းသခင်နှစ်ယောက်တို့ကို ထိတ်လန့်သွားစေ၏။ သူတို့၏ ပုံစံများက ပြောင်းလဲသွားပြီး နေရာတွင် အေးခဲနေကာကာ အကြောက်တရားတို့ဖြင့် ပြည့်နှက်နေပါသည်။

တစ်ဖက်လူက ထန်းချင်ကို သတ်ဖြတ်ခဲ့၏။

ထိုအရာအားလုံးတို့မှာ မုန့်ရှူရှူ၏ တွက်ချက်မှုအတိုင်းသာ ဖြစ်ပုံပေါ်သည်။ ဝတ်စုံနက်က ထန်းချင်၏ သူနှင့်အတူတူ သေဆုံးမည့် တိုက်ခိုက်မှုကို ကာကွယ်လိုက်ချိန်၌ သူက ဆုတ်ခွာသွားပြီး ဖြစ်၏။

ထန်းချင်၏ အလောင်းဆီမှ မင်တံကို ဆွဲထုတ်ကာ သိုင်းသခင်နှစ်ယောက်၏ လှုပ်ရှားရဲခြင်း မရှိသည့် အချိန်အခါကို အခွင့်ကောင်းယူပြီး တောနက်ထဲသို့ ပြေးဝင်သွား၏။ လွတ်မြောက်ရန် ကြိုးစားသည်။

ဝတ်စုံနက်၏ ပုံစံက အေးစက်နေပြီး အခြားသိုင်းသခင်နှစ်ယောက်တို့ကို ကြည့်ကာ ဒေါသတကြီး ပြောသည်။

"မင်းတို့က မြန်မြန် မလိုက်သေးဘူးလား... ဟိုပစ္စည်းနှစ်ခုကို မပျက်စီးစေနဲ့။ အဲ့ဒါတွေက ရတနာနယ်မြေအတွင်းကို ဝင်ရောက်ဖို့အတွက် သော့တွေပဲ.."

သူက စကားဆုံးပြီးနောက် လေထဲသို့ မြောက်တက်ကာ မုန့်ရှူရှူနောက်သို့ လိုက်သည်။ သိုင်းသခင် နှစ်ယောက်တို့လည်း ရုတ်တရက် နားလည်သွားကြ၏။ မုန့်ရှူရှူ၏ လက်ထဲရှိ ပြောင်းလဲနိုင်သည့် တူလေးများမှာ ရတနာနယ်မြေ၏ သော့ဖြစ်ပါသည်။

ဝတ်စုံနက်က အလွန်ဒေါသထွက်ပြီး ထန်းချင်၏ တိုက်ခိုက်မှုကို ဖျက်ဆီးခဲ့တာ အံ့သြစရာမဟုတ်ပေ။ သော့သာ ပျက်စီးသွားပါက သူတို့အနေနှင့် ရတနာနယ်မြေထဲကို မည်ကဲ့သို့ ဝင်နိုင်တော့မည်နည်း။

ခန္ဓာကိုယ်များကို လှုပ်ရှားကာ နောက်မှ အရူးအမူး ဆက်လက်လိုက်ကြသည်။

မုန့်ချုံက သက်ပြင်းချသည်။ ဆွေမျိုးလေးတွင်အမှန်တကယ်ကို စွမ်းရည်အချို့ ရှိ၏။ သို့ပေမယ့် သူသည် ဒဏ်ရာအပြင်းအထန်ရနေပြီး ထွက်ပြေးလွတ်မြောက်ရန်မှာ မဖြစ်နိုင်လုနီးပါး ရှိနေပါသည်။

သူ့ကို ပိုမို အာရုံစိုက်မိစေသည်မှာ မုန့်ရှူရှူ၏ လက်ထဲရှိ ရတနာနယ်မြေ၏ သော့ဖြစ်သည်။

'ဒါက တူကြီးထဲကနေ ထွက်လာတဲ့ ပစ္စည်းဖြစ်မယ်..'

တူကြီးနှစ်ခု၏ ဗဟိုတွင် အပေါက်တစ်ခုရှိပြီး ရတနာနယ်မြေသို့ သော့များကို ဝှက်ထားတာ ဖြစ်ပေလိမ့်မည်။

၎င်းကို ရတနာနယ်မြေဟု ခေါ်ဆိုပြီး မုန့်ရှူရှူမှာလည်း စိတ်ဝိဉာဉ်ဆေးပင် ရှာဖွေသူဖြစ်ရာ ထိုနယ်မြေသည် စိတ်ဝိဉာဉ်ဆေးပင်များ၏ ရတနာနယ်မြေ ဖြစ်ပေလိမ့်မည်။

ထို့အပြင် အဆင့်၆ စိတ်ဝိဉာဉ်ဆေးပင်များလည်း တစ်ပင် နှစ်ပင်တည်း ရှိနေမည် မဟုတ်လောက်ပါ။

မုန့်ချုံ၏ စိတ်ထဲတွင် အလွန် စိတ်လှုပ်ရှားလာခဲ့၏။

သူသည် ဆွေမျိုးလေးကို ကယ်တင်ရပေမည်။ အခြားအရာများကြောင့် မဟုတ်ပေ။ ရတနာနယ်မြေရှိ စိတ်ဝိဉာဉ်ဆေးပင်များကြောင့် ဖြစ်၏။

သစ်ပင်ပေါ်မှာ သက်ဆင်းလာပြီးနောက် ထန်းချင်၏ အလောင်းဆီသို့ သွားကာ စတင်ရှာဖွေသည်။ စိတ်ဝိဉာဉ်စာရွက် အချို့ကို ဆွဲထုတ်၏။

စုစုပေါင်း စိတ်ဝိဉာဉ်ပုံဆောင်ခဲ ၁၀၀၀ကျော် ရှိပါသည်။

"မင်းက မိတ်ဆွေကိုတောင် သစ္စာဖေါက်တာ အံ့သြစရာမရှိဘူး။ ဒီလောက်ဆင်းရဲတဲ့ သိုင်းသခင်တစ်ယောက်ပဲ.."

မုန့်ချုံက ထန်းချင်ကို အထင်သေးစွာ ပြောသည်။ စိတ်ဝိဉာဉ်စာရွက်များကို အိတ်ထဲသို့ ထည့်ပြီးနောက် မုန့်ရှူရှူ ထွက်ပြေးသွားသည့် လားရာဆီသို့ လိုက်၏။

ယခုအချိန်၌ လွတ်မြောက်သွားရုံ ရှိသေးသည့် မုန့်ရှုရှူကို  အဝေးမှ သူလှမ်းကြည့်သည်။ သိုင်းသခင်၃ယောက်တို့က ပြန်လည်နီးကပ်ကာ ဝန်းရံလာနေပြီး ဖြစ်၏။

မုန့်ချုံက ခေါင်းကိုကုပ်သည်။ ၃ယောက်သား၏ ဝန်းရံမှုဖြင့် မုန့်ရှူရှူမှာ လားရာတစ်ခုကိုသာ ထွက်ပြေးနိုင်တော့သည်။ ထို့အပြင် အဝေးကြီးလည်း ပြေးနိုင်တော့မည် မဟုတ်ပါ။ ထိုသို့ဆိုပါက သူက မုန့်ရှူရှူထွက်ပြေးမည့် လမ်းကြောင်းဆီသို့ သွားရပေမည်။

မုန့်ချုံက အလျှင်အမြန် ထွက်သွားပြီးနောက် မုန့်ရှူရှူ၏ ရောက်လာမှုကို သစ်ပင်ကြီးတစ်ပင်ပေါ်တွင် ထိုင်ကာ စောင့်နေလိုက်၏။

မကြာခင်တွင် မောမောပန်းပန်းနှင့် မုန့်ရှူရှူ ရောက်လာခဲ့သည်။ အသက်ကို မောဟိုက်စွာ ရှူနေပြီး မျက်နှာက ဖြူရော်ကာ ဒဏ်ရာများက ပိုမို ပြင်းထန်လာခဲ့၏။

"မကောင်းတော့ဘူး... ငါဒီတစ်ကြိမ်မှာ မလွတ်နိုင်တော့ဘူး.."

မုန့်ရှူရှူသည် ခန္ဓာကိုယ်တစ်ခုလုံး၌ အားနည်းစွာ ခံစားလိုက်ရသည်။ သူ၏အသက်ရှူမှုက မငြိမ်မသက်ဖြစ်နေပြီး ဆက်လက်တောင့်ခံနိုင်ခြင်း မရှိလောက်အောင် ဖြစ်နေပါသည်။

"ဒုတ်.."

ဝတ်စုံနက်နှင့် အခြားသိုင်းသခင် နှစ်ယောက်တို့က သက်ဆင်းလာခဲ့သည်။ သူ့ကို ဝန်းရံကာ ချဉ်းကပ်လာခဲ့၏။

All Chapters