← Chapters

အမှောင်အဖွဲ့များ၊ စုလင်းရှုံ၏ ထာဝရစိမ်းလန်းခြင်း အရိုးအား သန့်စင်ခြင်း

Vol. 14 Ch. 199

အမှောင်အဖွဲ့များ၊ စုလင်းရှုံ၏ ထာဝရစိမ်းလန်းခြင်း အရိုးအား သန့်စင်ခြင်း

Vol. 14 Ch. 199

မုန့်ရှူရှူ၏ ဖြူရော်နေသော မျက်နှာနှင့် ညီညာခြင်းမရှိသည့် အသက်ရှူမှုတို့က သူ၏ ဒဏ်ရာအပြင်းအထန် ရထားမှုကို ပြသနေ၏။

မုန့်ချုံက အံကိုကြိတ်ကာ ပုလင်းငယ်တစ်ခုကို ဆွဲထုတ်လိုက်သည်။ မည်သည့် ရင်းနှီးမြှုပ်နှံမှုမှ မရှိပါက အကျိုးအမြတ်ကို မည်ကဲ့သို့ ရုတ်သိမ်းနိုင်မည်နည်း။

သူက ဒဏ်ရာကုသခြင်း ဆေးလုံးတစ်လုံးကို သွန်ထုတ်ပြီးနောက် ပြော၏။

"ဒီမှာ.. ဒါကိုသောက်လိုက်။ မင်းရဲ့ ဒဏ်ရာတွေကို  လျှင်လျှင်မြန်မြန် ပြန်လည် သက်သာစေဖို့ ကူညီပေးလိမ့်မယ်.."

မုန့်ရှူရှူက သတိကြီးသွားသည်။ ဒီဆေးလုံးကို သူ့အား ထိန်းချုပ်မည့် နည်းလမ်းတစ်ခုလားဟု တွေးမိ၏။

"မလိုပါဘူး... ငါ့မှာ ကိုယ်ပိုင် ဒဏ်ရာကုသခြင်း ဆေးတွေရှိတယ်..."

"မင်းရဲ့ဆေးက ဘယ်လောက် အသုံးကျမှာ မို့လို့လဲ။ ငါ့ဆေးနဲ့ နှိုင်းယှဉ်စရာ ဘာမှရှိမှာ မဟုတ်ဘူး.."

မုန့်ချုံက မုန့်ရှူရှူ၏ ဆေးကို တွန်းထုတ်ကာ  သူ၏ လက်ဝါးထဲရှိ ဆေးလုံးကို ကြည့်သည်။ နာကျင်မှုအချို့ဖြင့် နောက်ထပ် မည်သည့်စကားကိုမှ မဆိုတော့ပဲ ဆေးလုံးကို မုန့်ရှူရှူ၏ ပါးစပ်အတွင်းသို့ ပစ်ထည့်လိုက်၏။

"ဒီဆေးလုံးကို အဆင့်၆ စိတ်ဝိဉာဉ်ဆေးပင် ၁၈ခုကို  အသုံးပြုပြီး အထူးနည်းလမ်း တစ်ခုနဲ့ သန့်စင်ထားတာ။ ငါ့မှာတောင် အနည်းငယ်ပဲ ရှိတယ်။ တစ်လုံးချင်းစီတိုင်းက အရမ်းကို အဖိုးထိုက်တန်တယ်။ မင်းရဲ့ ဒဏ်ရာတွေကို ပျောက်ကင်းစေဖို့အတွက် ငါ့ရဲ့နှလုံးသားနဲ့ စိတ်ဝိဉာဉ်အားလုံးကို ဒီအထဲကို ထည့်ထားတာ.."

မုန့်ချုံက နာကျင်သည့် မျက်နှာဖြင့် ပြော၏။

မုန့်ရှူရှူမှာ ရှောင်လွှဲရန် မည်သည့် နည်းလမ်းမှ မရှိပေ။ ဆေးလုံးတစ်လုံးသည် သူ၏ ပါးစပ်ထဲသို့ တစ်ခါတည်း ဝင်ရောက်သွား၏။ သူ့ကို ထိတ်လန့်သွားစေသည်။ အခြားလူတစ်ယောက်၏ ထိန်းချုပ်ခြင်း ခံရမည်အား စိုးရိမ်သွား၏။

သို့ရာတွင် ဆေးလုံးက ပါးစပ်ထဲသို့ ရောက်သည်နှင့် အရည်ပျော်သွားပြီး ဆေးအာနိသင်က မြင့်တက်လာကာ သူ၏ ခန္ဓာကိုယ်တစ်လျှောက် ပျံ့နှံ့သွားသည်။

ရှုပ်ထွေးနေသည့် အသက်ရှူမှုက တဖြည်းဖြည်း တည်ငြိမ်လာပြီး ဒဏ်ရာများက အနည်းငယ် တိုးတက်လာခဲ့၏။

သူက အံ့သြသွားလေသည်။ ဤသည်မှာ မည်ကဲ့သို့သော ဒဏ်ရာကုသခြင်း ဆေးလုံးဖြစ်သနည်း။

"ကျေးဇူးတင်ပါတယ် အကိုမုန့်.."

သူသည် အနည်းငယ် အရှက်ရစွာ ခံစားလိုက်ရသည်။ သူ၏ မကောင်းသည့် အတွေးများနှင့် တဖက်လူအပေါ် သံသယဝင်ခဲ့မိသည့် အတွက် အပြစ်တင်မိ၏။ ဤသည်မှာ မည်မျှ ရှက်ဖို့ကောင်းလှသနည်း။

"အားနာနေဖို့ မလိုပါဘူး။ ဒါပေမယ့် ဒါက အဆင့်၆ စိတ်ဝိဉာဉ်ဆေးပင် ၁၈ခုနဲ့ ပြုလုပ်ထားတဲ့ အထူးဆေးတစ်မျိုးပဲ။ အရမ်းကို ရှားပါးတယ်။ ငါ့မှာတောင် အများကြီးမရှိဘူး.."

မုန့်ချုံက နှမျောတသသည့် အသွင်ဖြင့် ပြော၏။

မုန့်ရှူရှူ "..."

သူကစိတ်ဝိဉာဉ်ဆေးပင် ရတနာနယ်မြေ၏ သော့ကိုထုတ်ကာ မုန့်ချုံကို ပေးသည်။

"အကိုမုန့်... ဒီသော့က အဆင့်၆ စိတ်ဝိဉာဉ်ဆေးပင်တွေ ပြည့်နက်နေတဲ့ နေရာတစ်ခုကို ဝင်ရောက်လို့ရတယ်။ တစ်ပင်တည်းတောင် မဟုတ်ဘူး.."

"နောက်ပြီးတော့ အဲ့ဒီ့မှာ အဆင့်၅ စိတ်ဝိဉာဉ်ဆေးပင်တောင် ရှိနေမယ်လို့ ကျွန်တော် သံသယရှိတယ်။ အဲ့ဒါကြောင့် သူတို့တွေ ကျွန်တော့်ကို အလွတ်မပေးကြတာ.."

မုန့်ချုံက အံ့ဩသွားသည်။ အဆင့်၅ စိတ်ဝိဉာဉ်ဆေးပင်လေလား။

"သွားကြရအောင်။ ဆေးပင်တွေကို သွားပြီးတော့ ယူကြရအောင်.."

မုန့်ချုံက စိတ်မရှည်စွာဖြင့် နှိုးဆော်စွာ ပြောသည်။

"အကိုမုန့်... ရတနာနယ်မြေက သိုင်းသခင်အဆင့် သိုင်းသမားတွေ အများကြီး စောင့်ကြပ်နေတဲ့ပုံပဲ။ အင်အားများမှာ.."

မုန့်ရှူရှူက လေးနက်စွာ ပြောသည်။

"စစ်ဘုရင်တွေရော ပါလား.."

"အဲ့ဒါတော့ မပါလောက်ဘူး။ ဘာပဲဖြစ်ဖြစ် စစ်ဘုရင်တွေက ထည်ဝါမြင့်မားတဲ့ ပုဂ္ဂိုလ်တွေဖြစ်ပြီး တံခါးစောင့်တဲ့ အလုပ်မျိုးကိုတော့ လုပ်မှာ မဟုတ်ဘူး။ ပြီးတော့ ကျွန်တော်က စစ်ဘုရင်တစ်ယောက်ရဲ့ အာရုံစိုက်ခံရဖို့အထိ မထိုက်တန်ဘူး.."

မုန့်ရှူရှူက ခေါင်းကိုရမ်းသည်။

"စစ်ဘုရင် မရှိဘူးဆိုရင် ပြဿနာမရှိဘူး.."

မုန့်ချုံက စိတ်သက်သာရာ ရသွား၏။

"ဒါပေမယ့်... သိုင်းသခင်တွေကတော့ တော်တော်လေး များလိမ့်မယ်။ ဖြစ်နိုင်တာက အထွတ်အထိပ်အဆင့် သိုင်းသခင်တွေတောင် အများအပြား ရှိလိမ့်မယ်.."

"စိတ်မပူပါနဲ့။ တစ်ယောက်ကို ငါတစ်ချက်တည်းနဲ့ သတ်လိုက်လို့ရတယ်။ သူတို့တွေ အရမ်း စွမ်းအားကြီးနေရင်တောင် ငါ့တိုက်ခိုက်ချက် နှစ်ချက်ကို မခံနိုင်ဘူး။ ဘာပြဿနာကြီးမှ မရှိဘူး။ သွားရအောင်.."

မုန့်ချုံက စိုးရိမ်မှုမရှိစွာ ပြော၏။

မုန့်ရှုရှူလည်း မုန့်ချုံ၏ အထွတ်အထိပ် သိုင်းပညာရှင်အား သတ်ဖြတ်ခဲ့သည့်ပုံကို အမှတ်ရလိုက်သည်။

အမှန်တကယ်ကို ဤသည်မှာ ကြွားဝါပြောဆိုနေခြင်း မဟုတ်ပေ။

သို့ရာတွင် ထိုကဲ့သို့သော ဓားကွက်မျိုးကို မုန့်ချုံအနေနှင့် အကြိမ်မည်မျှ ထုတ်လွှတ်နိုင်မည်မှာ မရှင်းလင်းစွာ ရှိနေ၏။

သို့ပေမယ့် တစ်ဖက်လူက အလွန်ယုံကြည်ချက် ရှိနေကတည်းက သိုင်းသခင်အဆင့် ၁၀ယောက်ကျော်လောက်နှင့် ရင်ဆိုင်ရန် လုံလောက်လောက်ပါသည်။

ထိုကဲ့သို့ တွေးမိလိုက်သည်နှင့် မုန့်ရှူရှူသည် မုန့်ချုံ၏ ခွန်အားအတွက် ထပ်မံ အံ့သြစွာ ခံစားလိုက်ရပြန်၏။

"ကောင်းပြီ။ သွားကြတာပေါ့.."

သူလည်းပဲ စိတ်ပိုင်းဖြတ်လိုက်သည်။ ဒီလူများက သူ၏အသက်ကို လိုချင်ကတည်းက သူ့အနေနှင့် အားလုံးကို ရှင်းလင်းသင့်ပါသည်။

"ဆွေမျိုးလေး.. အဲ့ဒါက ဘယ်လိုအင်အားစုလဲ။ သိုင်းသခင်အဆင့်တွေ အများကြီး ရှိတယ်.."

နှစ်ယောက်သား စိတ်ဝိဉာဉ်ဆေးပင် ရတနာနယ်မြေသို့ သွားရင်းက မုန့်ချုံက သိလိုစွာ မေးသည်။

"ငါလည်း မသိဘူး.."

မုန့်ရှူရှူက ခေါင်းကိုရမ်းသည်။

"အဲ့ဒီ့အင်အားစုက အရမ်းကို အင်အားတောင့်တယ်။ အတွင်းဘက်နယ်မြေမှာ ဘာဂုဏ်သတင်းမှလည်း မထွက်ဘူး။ ဒါကြောင့်မို့လို့ လျှို့ဝှက်အင်အားစုတစ်ခု ဖြစ်လိမ့်မယ်.."

လျှို့ဝှက်အင်အားစု ဟူသည်မှာ အမှောင်ထဲတွင် ပုန်းအောင်းပြီး နှိမ့်ချစွာ နေထိုင်သည့် အင်အားစုများကို ဆိုလို၏။

နေ့အချိန်၏ အလင်းရောင်အောက်တွင် ပြုလုပ်နိုင်ခြင်း မရှိသည့်အချို့ လှုပ်ရှားမှုများကိုပင် ပြုလုပ်လေ့ ရှိသည်။

....

မုန့်ချုံက အရိုးသန်မာခြင်းပန်းကို ပြန်ယူလာပြီးနောက် စုလင်းရှုံက ထာဝရစိမ်းလန်းခြင်း ဒန်ဆေးလုံးအတွက် ဖော်မြူလာကို ပြန်လည်မွမ်းမံ၏။

ဆေးလုံးအသစ်ဖြစ်ရာ သူမအနေနှင့် ပထမဆုံး  ကြိုးစားမှုတွင် အောင်မြင်ခြင်း မရှိနိုင်ပေ။ အရိုးသန်မာခြင်းပန်းမှာတော့ တစ်ခုတည်းရှိရာ အလွန်ဂရုစိုက်ရန် လိုအပ်၏။

ထို့ကြောင့် ထာဝရစိမ်းလန်းခြင်း ဒန်ဆေးလုံးကို မသန့်စင်ခင်တွင် အခြား ဆေးပင်များနှင့် ကျင့်ကြံမှု ပြုလေသည်။ သူမ၏ သန့်စင်ခြင်းအတတ်ကို ပိုမိုကျွမ်းကျင်အောင် ပြုလုပ်နေ၏။

လီရွှမ်၏ အာရုံက သိုင်းအဆင့်အသစ် အပေါ်တွင် ရှိနေပါသည်။ သူသည် ထုံးရွှမ်အဆင့်၏ အထက်ရှိ သဘောတရားများအတွက် တော်တော်လေး နားလည်မှု ရလာပြီး ဖြစ်၏။

ယခုအချိန်၌ ကျင့်ကြံခြင်း သီအိုရီမူကြမ်းကို ထုတ်လုပ်ရန်သာ ရှိပါတော့သည်။

'ထုံးရွှမ်အဆင့်က သဘာဝရဲ့ စိတ်ဝိဉာဉ်စွမ်းအင်နဲ့ပေါင်းစပ်ပြီး အစစ်အမှန်ယွမ်ကို ကျင့်ကြံမှုတွေ ပါဝင်လာပြီ။ ဒါကို အစစ်အမှန်ချီ ကျင့်ကြံမှုရဲ့  အကန့်အသတ်လို့လည်း ဆိုနိုင်တယ်။ နောက်တစ်ဆင့်က  စိတ်ဝိဉာဉ်စွမ်းအင် ကျင့်ကြံမှုတွေ ပါဝင်လာလိမ့်မယ်..'

'ပြောရရင် ဒီဗိုင်းဝိဉာဉ်ကို ကျင့်ကြံမှုပေါ့။ အကြီးအကဲဝူရဲ့ ခန္ဓာကိုယ်က ကျူးကျော်ခံခဲ့ ရတယ်။ ခန္ဓာကိုယ်ကို လုယူနိုင်တဲ့ သိုင်းသမားတစ်ယောက်မှာ ဒီဗိုင်းဝိဉာဉ်တစ်ခု ရှိရမယ်..'

'သူတို့က စစ်ဘုရင်အဆင့်ထက် အများကြီးပိုပြီး  စွမ်းအားကြီးမယ်ဆိုတာ သိသာတယ်..'

လီရွှမ်က သူ၏အတွေးများကို ချင့်ချိန်ပြီး ကျင့်ကြံခြင်း သီအိုရီတစ်ခုကို စတင်ဖန်တီး၏။

'စိတ်ဝိဉာဉ်စွမ်းအားကို ဘယ်လိုကျင့်ကြံရမလဲ။ ဒီဗိုင်းဝိဉာဉ်ကို ဘယ်လို သန့်စင်ရမလဲ။ နီဝမ်နန်းတော်လို့ ခေါ်တဲ့ သွေးကြောမှတ်တစ်ခု ရှိတာပဲ။ ဒါဆိုရင် ထုံးရွှမ်အဆင့်ရဲ့ အထက်မှာ နီဝမ်နန်းတော်ကို ဖွင့်ရမှာပဲ...'

လီရွှမ်က တဖြည်းဖြည်းနှင့် ထုံးရွှမ်အဆင့်၏ အထက်ရှိ ကျင့်စဉ်ကို ဖြည့်တင်းသည်။ နေ့စဉ်နေ့တိုင်း တွေးတောဆင်ခြင်မှုပြုကာ ထုံးရွှမ်အဆင့်နှင့် အပြစ်အနာအဆာ ကင်းမဲ့စွာ ဆက်သွယ်နေအောင် ကြိုးစား၏။

'ထုံးရွှမ်အဆင့်ရဲ့ အထက်က အရေးပါတဲ့ ပြောင်းလဲမှုတစ်ခုဖြစ်ပြီး စစ်မှန်တဲ့ မြင့်တက်မှု တစ်ခုလည်း ဖြစ်တယ်။ သီအိုရီဆိုင်ရာ သဘောတရားတွေ ပိုပြီးတော့ အသေးစိတ်လေလေ နားလည်သဘောပေါက်ဖို့ ပိုပြီးတော့ လွယ်ကူလေလေပဲ...'

နေ့စဉ်နေ့တိုင်း လီရွှမ်သည် ကုလားထိုင်ပေါ်တွင် သက်တောင့်သက်သာ ထိုင်နေပုံ ရှိ၏။ သို့ပေမယ့် သူ၏ စိတ်အား ကျင့်ကြံခြင်းအဆင့် အသစ်အား ဖန်တီးခြင်း၌ လုံးဝ နှစ်မြှုပ်ထားပါသည်။

ခုံရော့ကျစ်က ဒီဗိုင်းမီးကျောက်တုံးကို ယူဆောင်လာခဲ့၏။ လီရွှမ်က ကြည့်လိုက်ပြီးနောက် အနည်းငယ် အံ့သြသွားသည်။ တစ်ဖက်လူသည် အရိုးသန့်စင်မှုအား ပြီးမြောက်နေပြီး ဖြစ်၏။ သူ၏ ကျင့်ကြံမှု အမြန်နှုန်းက ရှီအာထက် များစွာ ပိုမို မြန်ဆန်ပါသည်။ ပါရမီမှာ ရှီအာထက် ကျော်လွန်သည်ဟု ပြသနေ၏။

"သခင်မလေး... ကျွန်တော်တို့တွေ သစ္စာရှိ နောက်လိုက် ၁၂၀ကို ရွေးချယ်ပြီးပါပြီ။ အခု သူတို့တွေ သိုင်းပညာ ကျင့်ကြံနေပါပြီ။ အဲ့ထဲက ၁၂ယောက်က အရေပြားသန့်စင်ခြင်းကို ပြီးမြောက်ပါပြီ။ ၅၀က အရေပြားသန့်စင်ခြင်းရဲ့ အကြီးစားကျွမ်းကျင်မှု အဆင့်ကို ရောက်နေပါပြီ။ ကျန်တဲ့လူတွေကတော့ အသေးစားကျွမ်းကျင်မှုနဲ့ စတင်ခြင်းအဆင့်မှာ ရှိပါတယ်.."

"ချီစံအိမ်မှာ ဆိုရင် လူ၂၆ယောက်တို့ သိုင်းသမားတွေ ဖြစ်လာခဲ့ပြီးပါပြီ.."

"ဧကရာဇ်အိုကြီးချီလည်း စတင်ပြီးတော့ ကျင့်ကြံနေပါပြီ။ သူ့မှာ ပါရမီအချို့ ရှိပုံပဲ။ အရေပြားသန့်စင်ခြင်းမှာ တော်တော်လေး ခရီးပေါက်နေပြီ..."

All Chapters