အမှောင်အဖွဲ့များ၊ စုလင်းရှုံ၏ ထာဝရစိမ်းလန်းခြင်းအရိုးအား သန့်စင်ခြင်း(၂)
Vol. 14 Ch. 200
"အဲ့ဒီ့အပြင် အရေပြားသန့်စင်ခြင်းအတွက် ကျင့်စဉ်က နေရာအနှံ့ ပျံ့နှံ့ပြီး နေပါပြီ။ လူတော်တော်များများလည်း စတင် ကျင့်ကြံနေကြပြီ။ ကျွန်တော်လည်း ရွှီကျွင်းဟယ်နဲ့ ပူးပေါင်းပြီး သိုင်းသမားတွေရဲ့ ယုံကြည်ချက်ကို ပြန်ပြီးတော့ တည်ဆောက်နေပါတယ်.."
"အခုအချိန်က စပြီး မကြာခင်မှာပဲ စွန့်ပစ်ဒေသမှာ သိုင်းသမားတွေ အရေအတွက်တစ်ခုအထိ ရှိလာမယ်လို့ ယုံကြည်ပါတယ်.."
ခုံရော့ကျစ်က စုလင်းရှုံအား စွန့်ပစ်ဒေသရှိ ပြောင်းလဲမှုများကို တင်ပြ၏။ စွန့်ပစ်ဒေသတွင် သိုင်းသမားများ စတင်ပျံ့နှံလာပြီး ဖြစ်သည်။
"ဝူနိုင်ငံမှာ ဆိုရင်တော့ ဧကရာဇ်ဝူက ကိုယ်တိုင် လာရောက်လည်ပတ်ပြီး သိုင်းပညာကျင့်စဉ်ကို လဲလှယ်ခဲ့ပါတယ်။ ကျွန်တော်တို့တွေ သဘောတူညီချက်တစ်ခု လုပ်ထားပါတယ်။ ရည်ရွယ်ချက်ကတော့ အတူတူပါပဲ။ အဲ့ဒါကတော့ အတွင်းဘက်နယ်မြေပါ.."
"ရွှီမိသားစုက စွန့်ပစ်ဒေသရဲ့ သိုင်းပညာ မြင့်မြတ်နယ်မြေ ဖြစ်လာခဲ့တယ်။ သိုင်းသမားတိုင်းက သိုင်းသူတော်စင်ကို လေးစားကြတယ်။ သိုင်းပညာ ကျင့်ကြံတဲ့ လူတိုင်းက သိုင်းသူတော်စင်ကို ကိုးကွယ်ကြပါတယ်.."
"နောင်မှာ အတွင်းဘက်နယ်မြေကို ဝင်တဲ့အခါကျရင် ကျွန်တော်တို့ စွန့်ပစ်ဒေသက သိုင်းသမားတွေ... ကျွန်တော်တို့ အတွက် နေရာတစ်ခုကို သေချာပေါက် ဖန်တီးနိုင်မှာပါ.."
ခုံရော့ကျစ်၏ မျက်နှာက စိတ်လှုပ်ရှားမှုတို့ဖြင့် ပြည့်နက်နေ၏။ ပုန်ကန်ထကြွခြင်းနှင့် ဆူပူခြင်း ကိစ္စများမှာ ယခုအချိန်၌ ကလေး ကစားသဖွယ် ဖြစ်နေပါပြီ။
အတွင်းဘက်နယ်မြေကို သွားရောက်ပြီး ယှဉ်ပြိုင်ကာ အတွင်းဘက်နယ်မြေမှ သိုင်းသမားများကို စိန်ခေါ်ခြင်းကသာလျှင် ယောက်ျားတစ်ယောက် လုပ်သင့်သည့် အရာ ဖြစ်၏။
"အဲ့ဒီ့အပြင် ကောင်းကင်မိခင်ဂိုဏ်းကိုလည်း ဖျက်သိမ်းဖို့ စီစဉ်ထားပါတယ်။ ကောင်းကင်မိခင်ဂိုဏ်းကနေပြီးတော့ ဆေးဘုရင်ဂိုဏ်းဆိုပြီးတော့ နာမည်ပြောင်းဖို့ ကျွန်တော် ရည်ရွယ်ထားတယ်။ ဘယ်လိုထင်လဲ မသိဘူး.."
စုလင်းရှုံက ခဏတာ ရပ်တန့်သွားပြီးနောက် အတွေးနက်သွားသည်။ ဘာပဲဖြစ်ဖြစ် သူမသည် အတွင်းဘက်နယ်မြေသို့ သွားရောက်မှာ ဖြစ်၏။ ကောင်းကင်မိခင်ဂိုဏ်းမှာ သူမ၏ အင်အားစု ဖြစ်သည်။ လက်ရှိ ပြောင်းလဲမှုက အမြင်အသစ်တို့ ရရှိလာစေမှာ ဖြစ်၏။
"ငါက ဒန်ဆေးသိုင်းပညာကို ကျင့်ကြံတယ်။ ဆေးသန့်စင်ခြင်းက ငါ့ရဲ့ အဓိက လုပ်ငန်းပဲ။ အတွင်းဘက်နယ်မြေကို ဝင်ပြီးရင် ပြဿနာတွေက ရှောင်လွှဲလို့ မရအောင် ပေါ်လာကြမှာ။ အဲ့ဒီနေရာမှာ ခြေကုပ်တစ်ခု ရဖို့ဆိုတာ သန်မာတဲ့ အင်အားတစ်ခုကို မရှိမဖြစ် လိုအပ်တယ်.."
"နောက်ပြီး အဲ့ဒီ့အင်အားစုက ငါ့ရဲ့အပိုင် ဖြစ်ရမယ်။ ပြီးတော့ စွမ်းအားကြီးမားတဲ့ လူတွေလည်း အရေအတွက်တစ်ခုအထိ လုံလုံလောက်လောက် ရှိရမယ်။ အဲ့ဒါမှသာ အရင်းအမြစ်တွေကို ပိုပြီးတော့ ရှာဖွေနိုင်လိမ့်မယ်.."
ထိုစိတ်ကူးနှင့်အတူ စုလင်းရှုံက သူမ၏ အမြင်ကို ချိန်ဆကာ ပြော၏။
"ပါရမီမြင့်မားပြီးတော့ ပါးနပ်တဲ့ လူအချို့ကို ရွေးချယ်ပြီး ချန်ချင်းစံအိမ်ကို တည်ထောင်လိုက်။ အခုအချိန်တော့ အဲ့ဒီ့နာမည်နဲ့ပဲ အလုပ်လုပ်ကြမယ်.."
ခုံရော့ကျစ်က မျက်တောင်ခတ်သည်။
'ချန်ချင်းစံအိမ်လေလား..'
"ကောင်းပါပြီ။ ကောင်းပါပြီ။ ထင်ထားတဲ့အတိုင်းပဲ။ သခင်မလေးစုက တကယ့်ကို အတွေးအမြင် ကြွယ်ဝတယ်။ ထာဝရစိမ်းလမ်းခြင်း... ဒါက တော်တော်လေး ကောင်းတဲ့နာမည်တစ်ခုပဲ.."
ခုံရော့ကျစ်က သူမကို မြှောက်ပင့်၏။
စုလင်းရှုံက သူ့ကိုဆေးလုံးတစ်လုံးအား ပစ်ပေးကာ ပြောသည်။
"အခုဆိုရင် နင်.. အရိုးကို စပြီးတော့ ကျင့်ကြံတော့မယ်။ ဒီဆေးလုံးက နင့်အတွက်ပဲ။ အလုပ်ကို ကောင်းကောင်းလုပ်.."
"ဟုတ်ကဲ့ပါ။ ဟုတ်ကဲ့ပါ.."
ခုံရော့ကျစ်က ဝမ်းသာသွား၏။ တင်ပြမှုအပြီးတွင် သူက ပြန်လည်ထွက်ခွာသွားသည်။
လီရွှမ်၏ပုံက တစ်ခုခုကို တွေးနေသည့်ပုံ ရှိသည်။ စွန့်ပစ်ဒေသတွင် ပိုမိုများပြားသည့် လူများ သိုင်းပညာကို စတင်ကျင့်ကြံလာကြပြီး သူတို့၏ သိုင်းပညာခရီးကို စတင်ပြီးဖြစ်သည့် လူများလည်း ၁၀ယောက်မက ရှိလာခဲ့ပါပြီ။
ထို့အပြင် ထိုသိုင်းပညာကို ကျင့်ကြံသည့် လူတစ်ယောက်ချင်းစီတိုင်းက သူ့ကို သိုင်းသူတော်စင်အဖြစ် ကိုးကွယ်ကြ၏။ စွန့်ပစ်ဒေသ၏ သိုင်းဘိုးဘေးဟုလည်း ခေါ်ဆိုကြသည်။
သို့ရာတွင် ရွှေလက်ချောင်းကတော့ မည်သည့် တန်ပြန်အကျိုးပြုမှုကိုမှ ပေးလာခြင်း မရှိသေးပါ။
'ကျင့်ကြံတဲ့ လူတွေ အရမ်းကို နည်းနေသေးလို့ များလား..'
လီရွှမ်က စဉ်းစားသည်။
'အမှန်ပဲ... ငါ့တပည့်တွေကပဲ အဓိက ထောက်တိုင်တွေပဲ။ အခုဆိုရင် အချိန်အချို့ ကြာပြီးပြီ။ ရွှီယန် ဘယ်လိုနေလဲ မသိဘူး။ မူလအဆင့်ရဲ့ အကြီးစားကျွမ်းကျင်မှုအဆင့်ကို အဆင့်ချိုးဖျက်ဖို့ သူဘယ်လောက်အထိ လိုသေးလဲ မသိဘူး..'
ဒီခဏအတွင်းတွင် သူသည် ရွှီယန်ဆီကြောင့် ရွှေလက်ချောင်းမှ မည်သည့် တန်ပြန် အကျိုးပြုမှုကိုမှ ရရှိခြင်း မရှိခဲ့ပါ။
'မုန့်ချုံလည်း အတွင်းဘက်နယ်မြေကို သွားပြီးပြီ။ သူ့ဆီကလည်း ဘာတန်ပြန်အကျိုးပြုမှုမှ ရမလာဘူး။ ဒါဆိုရင် ကြည့်ရတာ အတွင်းဘက်နယ်မြေမှာလည်း သိုင်းသခင်တွေက ပုံမှန်လူတွေ မဟုတ်လောက်ပါဘူး..'
ရွှီယန်သည် အတွင်းဘက်နယ်မြေသို့ သွားရောက်ပြီး မကြာခင်တွင် သိုင်းသခင်များကို သတ်ဖြတ်ခဲ့၏။ မုန့်ချုံမှာတော့ ယခုကဲ့သို့ အချိန်အတော် ကြာသည့်တိုင်အောင် မည်သည့် တန်ပြန်အကျိုးပြုမှုကိုမှ ပေးလာခြင်း မရှိသေးပေ။
ရှင်းလင်းစွာပင် သူသည် မည်သူကိုမှ သတ်ဖြတ်ရသေးခြင်း မရှိသေးပါ။ အမှန်တကယ်ပင်။ အတွင်းဘက်နယ်မြေတွင် သိုင်းသခင်များမှာ ထိပ်တန်းပုဂ္ဂိုလ်များ ဖြစ်ကြ၏။ သူတို့သည် ရှားပါးပြီး ကြုံတွေ့ရန်အတွက် လွယ်ကူခြင်းမရှိပါ။
ကြောင်နီက ရောက်လာကာ သူ၏ရှေ့တွင် လဲလျောင်းပြီး သူ့ကို မျှော်လင့်စွာ ကြည့်သည်။ ကြောင်နီ၏ ကြီးထွားလာမှုကြောင့် လည်ပင်းရှိ ထူထဲသည့် ရွှေကြိုးကြီးကို ရှီအာက ထပ်မံကြီးလိုက်၏။
"မင်းနားမလည်သေးဘူးလား.."
လီရွှမ်က သက်ပြင်းချသည်။ ကြောင်နီမှာ သာမန် သားရဲရိုင်းများထက် အသိဉာဏ် ပိုမိုမြင့်မားပေမယ့် ဘာပဲဖြစ်ဖြစ် လူသားတစ်ယောက် မဟုတ်ပေ။
သို့ရာတွင် အနည်းငယ်တော့ နားလည်မှု ရသည့်ပုံ ရှိသည်။ မဟုတ်ပါက သူ၏ ခန္ဓာကိုယ်သည် ယခုမျှအထိ အလွန်ကြီးထွားလာမည် မဟုတ်ပေ။
လီရွှမ်က တုတ်ချောင်းကိုကိုင်ကာ ကြောင်နီ၏ သွေးကြောမှတ်များကို နောက်ထပ်တစ်ကြိမ် ထပ်မံညွှန်ပြပြီး မဟာနတ်ဆိုးကျင့်စဉ် အကြောင်းကို ရှင်းပြ၏။
ဥပမာအားဖြင့် သွေးကြောမှတ်များကို မည်ကဲ့သို့ ဖွင့်လှစ်ရန်၊ ခန္ဓာကိုယ်ကို မည်ကဲ့သို့ ပျိုးထောင်ရန်နှင့် မဟာနတ်ဆိုး ခန္ဓာကိုယ်အား မည်ကဲ့သို့ စုစည်းရန်တို့ဖြစ်သည်။
"ငါမင်းကို ပြောထားခဲ့တဲ့ အတိုင်းပဲ.. ပထမဆုံး ဖွင့်ရမယ့် သွေးကြောအမှတ်က မင်းရဲ့ ခေါင်းကဟာပဲ။ အဲ့ဒါကို ဖွင့်ပြီးရင် အသိဉာဏ် နည်းနည်းလောက် ပိုပြီး မြင့်မားလာလိမ့်မယ်.."
လီရွှမ်က ကျား၏ဦးခေါင်းကို ထောက်ပြကာ ပြောသည်။
ကြောင်နီက တစ်ဝက်တပြက် နားလည်သည့်အသွင်ဖြင့် ကြည့်၏။
"ကောင်းပြီ... သွားပြီးတော့ ကိုယ့်ဘာသာ စဉ်းစားနှင့်။ မင်းရဲ့ခန္ဓာကိုယ် ပိုပြီးတော့ ကြီးလာလေလေ ချစ်ဖို့ မကောင်းလာလေပဲ။ ငါမင်းကို ချက်စားဖို့ စိတ်ဝင်စားလာမိလိမ့်မယ်.."
လီရွှမ်က အပြုံးတစ်ခုဖြင့် ခြိမ်းခြောက်၏။
ကြောင်နီ၏ ခန္ဓာကိုယ်က တုန်ခါသွားပြီး ရုတ်တရက် ဖိအားကို ခံစားလာရသည်။ သူက အမြှီးကိုကုပ်ကာ အလျှင်အမြန် ထွက်ခွာသွား၏။ နေရာတစ်ခုကို ရှာပြီး စဉ်းစားလေသည်။
"ဆရာ... ဒါကကြောင်နီကို အရမ်းကြီး အထင်ကြီးနေတဲ့ပုံ မပေါ်ဘူးလား။ သူက ဘယ်လိုလုပ်ပြီးတော့ ကျင့်စဉ်တွေကို နားလည်နိုင်မှာလဲ။ ဆရာသင်ပေးတဲ့ သွေးကြောမှတ်တွေကိုတောင်မှ ကောင်းကောင်း မမှတ်မိဘူး.."
စုလင်းရှုံမှာ ကြောင်နီအပေါ်တွင် ယုံကြည်ချက်အများကြီး မရှိပါ။
"ဒါလည်း အတိအကျပြောလို့ မရပါဘူး... အခုဆိုရင် သူအတိုင်းအတာတစ်ခု အထိ ပိုပြီးကြီးလာတာကို သတိမထားမိဘူးလား.."
လီရွှမ်က အပြုံးတစ်ခုနှင့် ပြောသည်။
"သူ့အနေနဲ့ မဟာနတ်ဆိုးတစ်ကောင် အဖြစ် ကျင့်ကြံနိုင်ခြင်း မရှိရင်တောင် ပိုပြီးတော့ သန်မာလာတဲ့အခါ လှည်းဆွဲခိုင်းတာတို့၊ ပစ္စည်းသယ်ခိုင်းတာတို့ လုပ်လို့ရတယ်။ မဆိုးဘူး.."
စုလင်းရှုံက ခေါင်းငြိမ့်၏။ သူမ၏ လက်ချောင်းလေးများက အင်္ကျီထောင့်များကို ဖျစ်ညှစ်ရင်းကာ မေးသည်။
"ဆရာ... ထာဝရစိမ်းလန်းခြင်း အရိုးကို ဘယ်လို သန့်စင်ရမှာလဲ.."
သူမသည် ရွှေအရိုးအဆင့်၌ ရပ်တန့်နေခဲ့တာ အချိန်တစ်ခု ကြာပြီဖြစ်သည်။
လီရွှမ်က သူ၏ တတိယတပည့်ကို ကြည့်၏။ သူမသည် အံ့သြစရာ ကောင်းလောက်အောင် ပါရမီ မြင့်မားပြီး သူ့အနေနှင့် စုလင်းရှုံကို အထူး ခန္ဓာကိုယ်တည်ဆောက်ပုံတစ်ခုအား ပိုင်ဆိုင်ထားလောက်သည်ဟု သံသယအမြဲတမ်း ဝင်ခဲ့၏။
သို့ပေမယ့် ထာဝရစိမ်းလန်းခြင်း အရိုးမှာ အလွန်ဆန်းကြယ်လွန်းလှပါသည်။ အလွယ်တကူ ကျင့်ကြံလို့ရသည့်အရာ မဟုတ်ပေ။
"ထာဝရစိမ်းလန်းခြင်း... ထာဝရစိမ်းလန်းခြင်းဆိုတာ ခေတ်များစွာကို ထာဝရ ဖြတ်သန်းလာခြငပဲ။ အဲ့ဒါက အသက်ဓာတ်နဲ့ အဆက်မပြတ် ဖြစ်တည်မှု အပေါ်မှာ မူတည်တယ်။ နင့်ရဲ့ စီနီယာအစ်ကိုကြီးရဲ့ ကျောက်စိမ်းအရိုးက လောကကြီးမှာရှိတဲ့ အသန့်စင်ဆုံး အရိုးပဲ။ နင့်ရဲ့ ဒုတိယစီနီယာအစ်ကိုရဲ့ ဗာဂျရာစိန်အရိုးက လောကကြီးမှာ အသိပ်သည်းဆုံး အရိုးပဲ.."
"နင့်ရဲ့ ဒန်ဆေးသိုင်းပညာရဲ့ ထာဝရစိမ်းလန်းခြင်း အရိုးကတော့ အဆက်မပြတ် တည်ရှိခြင်းနဲ့ ကြွယ်ဝတဲ့ အသက်ဓာတ်တွေနဲ့ အရိုးပဲ... အဲ့ဒါက ကြီးမားတဲ့ သစ်ပင်ကြီး တစ်ပင်လိုပဲ။ သေးငယ်တဲ့ ပင်ပျိုငယ်ကနေပြီးတော့ ကြီးထွားလာတယ်.."
"ထာဝရစိမ်းလန်းခြင်း အရိုးက ဒန်ဆေးသိုင်းပညာစနစ်ရဲ့ အခြေခံပဲ။ အဲ့ဒါက နင့်ရဲ့ ဘယ်လိုမျိုး နားလည်သဘောပေါက်မှု ရှိလဲဆိုတဲ့ အပေါ်မှာ မူတည်ပြီး ကိုယ့်ကိုယ်ကို အံ့သြစရာကောင်းတဲ့ ထာဝရစိမ်းလန်းခြင်းရဲ့ နိယာမတွေနဲ့ ဘယ်လို ပေါင်းစည်းမလဲဆိုတဲ့ အပေါ်မှာ မူတည်တယ်.."
လီရွှမ်က ခဏတာ စဉ်းစားပြီးနောက် သူမကို ညွှန်ကြားမှုပေး၏။
စုလင်းရှုံက သူ၏ စကားလုံးများကို စဉ်းစားသည်။
သူမ၏ စိတ်ထဲတွင် ဒန်ဆေးသန့်စင်ခြင်း၊ ဒန်ဆေး လျှို့ဝှက်ကျမ်းမှ ဆေးဖော်မြူလာများနှင့် ဒီအတောအတွင်း ရရှိခဲ့သည့် ဉာဏ်အလင်းများ ပေါ်လာခဲ့၏။
"ကျေးဇူးတင်ပါတယ် ဆရာ.."
စုလင်းရှုံက လေးစားစွာ ပြောသည်။ သူမ၏ ကျင့်ကြံရာနေရာသို့ ပြန်ကာ ဆက်လက် အတွေးနက် နေ၏။
ဆရာ၏ စကားလုံးများက သူမကို အတွေးအမြင်အသစ် အချို့အား ပေးစွမ်းခဲ့လေသည်။ ထာဝရစိမ်းလန်းခြင်းမှာ ထာဝရအတွက် ဖြစ်၏။
၎င်းသည် အဆက်မပြတ် တည်ရှိခြင်းနှင့် တောက်ပကြွယ်ဝခြင်း ဖြစ်သည်။ သို့ပေမယ့် မည်ကဲ့သို့အဆက်မပြတ် တည်ရှိကာ တောက်ပကြွယ်ဝ နိုင်မည်နည်း။
သူမ စိုက်ပျိုးထားသည့် ပန်းပင်များကို ကြည့်လိုက်သည်။ အချို့က ညှိုးခြောက်နေပြီး ဖြစ်၏။ သို့ပေမယ့် ပန်းပင်၏ အကိုင်းအခက်များ ပပေါ်ရှိ အရွက်များမှာတော့ စိမ်းလန်းနေဆဲ ရှိသည်။
မြေပြင်ပေါ်တွင် အချို့ ရွက်ခြောက်များလည်း ရှိနေ၏။ သို့ရာတွင် အချို့ပန်းပွင့်များက ပြီးပြည့်စုံစွာ ပွင့်လန်းနေကြသည်။
ဤသည်မှာ သူတို့၏ ပွင့်လန်းသည့် ရာသီဖြစ်၏။ သူမ၏ အတွင်းစိတ်ထဲတွင် နားလည်မှုတစ်ခု ရေးတေးတေး ရရှိလာသည့်ပုံ ရှိသည်။
သူမ သန့်စင်ထားသည့် ထာဝရစိမ်းလန်းခြင်း ဆေးလုံးကို အလိုလို ထုတ်ယူလိုက်သည်။ ပါးစပ်ထဲသို့ ထည့်ကာ ပန်းပွင့်များ၏ အလယ်တွင် ထိုင်ရင်းက စတင်ကျင့်ကြံ၏။
အခိုက်အတန့် တစ်ခုတွင် အသက်ဓာတ်တို့ မြင့်တက်လာမှုကို ခံစားလိုက်ရသည်။ ပန်းပွင့်များ၏ ရနံ့က သူမ၏ နှာသီးဝတွင် ပြည့်နက်နေပြီး နှလုံးသားကို လန်းဆန်းစေကာ စိတ်ထဲတွင် စိမ်းလန်းနေသည့် အကိုင်းအခက်နှင့် အရွက်များ၊ မြေပြင်ပေါ်ရှိ အဝါရောင် အရွက်များ၊ ကြွေကျထားသည့်... ညှိုးနွမ်းခြောက်သွေ့နေသည့် ရွက်ဟောင်းများနှင့် အသစ်ထွက်ပေါ်လာသည့် အညွန့်အဖူးများ၏ ပုံရိပ်များက ပေါ်လာကြသည်။
ဤသည်မှာ အဆက်မပြတ် တည်ရှိခြင်း၏ အဓိပ္ပာယ်ပင် မဟုတ်ပါလား။ အခိုက်အတန့် တစ်ခုတွင် စုလင်းရှုံတစ်ယောက် သူမ၏ အတားအဆီးတို့ ပြေလျော့သွားမှုကို ခံစားလိုက်ရသည်။ အရိုးများ၌ သိသာသည့် ခံစားချက်တစ်ခု ထုတ်လွတ်လာသည့်ပုံ ရှိသည်။ ဖြေးညှင်းစွာနှင့် နွေးထွေးသည့် စီးကြောင်းတစ်ခုက သူမ၏ အရိုးများကို ဖြတ်သန်း စီဆင်းသွား၏။
လီရွှမ်၏ မျက်ခုံးများက မြင့်တက်သွားသည်။ စုလင်းရှုံသည် ထာဝရစိမ်းလန်းခြင်း အရိုးအား အဆင့်ချိုးဖျက်တော့ပေမည်။
'ထာဝရစိမ်းလန်းခြင်း အရိုးကိုသာ ဖွဲ့စည်းပြီးရင် သူမရဲ့ ကိုယ်တွင်းအင်္ဂါတွေကို စပြီးတော့ သန့်စင်နိုင်ပြီ။ လင်းရှုံအတွက် ကိုယ်တွင်းအင်္ဂါ သန့်စင်မှုက မခက်ခဲဘူး။ သူမ.. သိုင်းပညာရဲ့ စတင်ခြင်းအဆင့်ကို လျှင်လျှင်မြန်မြန်ပဲ ဝင်ရောက်နိုင်မှာ..'
'ချီနဲ့သွေးအဆင့်ကို ချိုးဖျက်ပြီးရင် သူမရဲ့ သွေးချီနဲ့ ဆေးလုံးတွေကို သန့်စင်လို့ရပြီ..'
'ဒန်ဆေးပညာ ကျမ်းအပေါ်မှာ နက်ရှိုင်းတဲ့ နားလည်မှုတွေ ရလာဖို့က သိပ့်မဝေးတော့ဘူး..'
လီရွှမ်က စိတ်လှုပ်ရှားလာခဲ့၏။ စုလင်းရှုံသာ သိုင်းပညာလမ်းစဉ် အပေါ်တွင် ခြေချနိုင်ပါက သူ့အနေနှင့်လည်း တန်ပြန်အကျိုးပြုမှုများကို ရရှိမည် ဖြစ်သည်။
အထူးသဖြင့် ထာဝရစိမ်းလန်းခြင်းအရိုး ဖြစ်၏။ ကျောက်စိမ်းအရိုး၊ ဗာဂျရာစိတ်အရိုးနှင့် ထာဝရစိမ်းလန်းခြင်း အရိုးတို့ ပေါင်းစပ်လိုက်ပါက မည်ကဲ့သို့သော ပြောင်းလဲမှုတစ်ခု ဖြစ်ပေါ်လာမည်လဲ မသိပေ။
ရုတ်တရက် မတွေ့ရတာကြာပြီ ဖြစ်သည့် ရွှေရောင်အလင်းက ထွက်ပေါ်လာခဲ့၏။ လီရွှမ်၏ နှလုံးသားက ပျော်ရွှင်မှုဖြင့် အခုန်မြန်လာခဲ့သည်။ မည်သည့် တပည့်ဆီမှ တန်ပြန်အကျိုးပြုမှု ရောက်လာခဲ့သနည်း။
"သင်၏တပည့် ရွှီယန်သည် ဝူရွှမ်းစံအိမ်၌ စိတ်အခြေအနေကို ကျင့်ကြံရင်းနှင့် သဘာဝလောက နိယာမကို နားလည်သဘောပေါက် လာခဲ့သည်။ သင်သည် သဘာဝလောက နိယာမကို ပြည့်စုံစွာ နားလည်လာခဲ့သည်.."
"ဘုန်း.."
ချက်ချင်းပင် လီရွှမ် တတ်မြောက်ထားသည့် တောင်နှင့်မြစ် ဓားဆန္ဒ၌ ပြောင်းလဲမှုတစ်ခု ဖြစ်ပေါ်လာခဲ့၏။
တောင်နှင့်မြစ်အတွင်းတွင် ပုံရိပ်များ ပေါ်လာခဲ့ပါသည်။
၎င်းသည် အရင်ကကဲ့သို့ ရေးတေးတေး မြေမျက်နှာသွင်ပြင် အနေအထားများသာ မဟုတ်တော့ပေ။ ယခုအချိန်၌ ငှက်များ၏ ပျံသန်းနေမှု၊ မြစ်အတွင်းတွင် ငါးများ၏ ကူးခတ်နေမှုနှင့် မြက်အတွင်းရှိ ပိုးမွှားများ၏ သွားလာမှု အစရှိသည့် သက်ရှိသတ္တဝါများ ပါဝင်လာခဲ့သည်။
လူများ၏ ကြိုးစားရုန်းကန်နေမှုကိုပင် ရေးတေးတေး တွေ့မြင်နိုင်၏။
"ဘုရားရေ.."
လီရွှမ်က လုံးဝအံ့ဩသွားခဲ့သည်။ ဒီသဘာဝနိယာမမှာ ပုံရိပ်ယောင်တစ်ခုသာ ဖြစ်ပေမယ့် ဤသည်မှာ သိသာသည့် တိုးတက်မှုတစ်ခု ဖြစ်သည်။ တောင်နှင့်မြစ် ဓားဆန္ဒ၏ ပြည့်စုံသည့် တည်ရှိမှုတစ်ခုဖြစ်၏။
ယခုအချိန်၌ တောင်နှင့်မြစ်အတွင်းတွင် သက်ရှိများ ရှင်သန်ဖွံ့ဖြိုး လာသည့်ပုံ ရှိသည်။ သို့ပေမယ့် ထိုအရာအားလုံးတို့မှာ အလွန် ပုံရိပ်ယောင်ဆန်သေး၏။ ဘာပဲဖြစ်ဖြစ် ဤသည်မှာ သဘာဝနိယာမ၏ အခြေခံသာ ဖြစ်ပါသေးသည်။ သူသည် အခြေခံကိုသာ ပြည့်စုံစွာ နားလည်ခဲ့ခြင်း ဖြစ်၏။
ထိုသို့ဆိုလျှင်တောင် လီရွှမ်အနေနှင့် သဘာဝနိယာမအတွင်းတွင် ပါဝင်သည့် အဓိပ္ပါယ်နှင့် ကိုယ်စားပြုသည့် စွမ်းအားကြီးမားသည့် အားတစ်ခုကို ခံစားနိုင်ဆဲ ရှိသည်။
'တစ်နေ့မှာ... ငါ့ရဲ့ တောင်နဲ့မြစ်က ကောင်းကင်နဲ့ ကမ္ဘာမြေကြီးလိုပဲ ဖြစ်လာရင် ဘယ်လောက်တောင် စွမ်းအားကြီးလာလိမ့်မလဲ..'
လီရွှမ်က မနေနိုင်ဘဲ စတင် စိတ်ကူးမိ၏။ ထိုအရာအားလုံးအတွက် သိုင်းအဆင့်၏ အထောက်အပံ့ကို လိုအပ်နေပါသည်။
လုံလောက်သည့် သိုင်းအဆင့်သာ မရှိပါက အနက်နဲဆုံးသော နားလည်သဘောပေါက်မှုများနှင့် ပင်လျှင် တောင်နှင့်မြစ်အား ပြည့်စုံစွာ ဖွံ့ဖြိုးနိုင်မည် မဟုတ်ပေ။
世尊 风: