← Chapters

တစ်ချက်တည်းနှင့် သတ်ဖြတ်ခြင်း၊ စုလင်းရှုံ၏ စတင်ခြင်းအဆင့်သို့ ဝင်ရောက်မှု(၂)

Vol. 14 Ch. 202

တစ်ချက်တည်းနှင့် သတ်ဖြတ်ခြင်း၊ စုလင်းရှုံ၏ စတင်ခြင်းအဆင့်သို့ ဝင်ရောက်မှု(၂)

Vol. 14 Ch. 202

"အရမ်းကြီး စိတ်မရှည်မဖြစ်နဲ့။ ကျင့်ကြံမှုမှာ သိပ့်သည်းခိုင်မာမှု ရှိခြင်းက အခြေခံပဲ.."

လီရွှမ်က ဆုံးမ၏။

"ဟုတ်ကဲ့ပါဆရာ.."

စုလင်းရှုံက လေးစားစွာ ခေါင်းငြိမ့်သည်။

ထို့နောက် သူမသည် ဒန်ဆေးပညာ လေ့ကျင့်မှုကို လျှော့ချပြီး အချိန်အများစုတို့တွင် ကျင့်ကြံမှု၌ အာရုံစိုက်၏။

လက်ရှိအချိန်၌ သူမ သန့်စင်နိုင်သည့် ဒန်ဆေးလုံးများမှာ ကျင့်ကြံရန် လိုအပ်ချက်နှင့် ကိုက်ညီပြီးပါပြီ။ သူမ၏ ထာဝရစိမ်းလန်းခြင်း ခန္ဓာကိုယ်က ဆက်တိုက် ဖွံ့ဖြိုးနေ၏။

လီရွှမ်က ခဏတာ အာရုံစိုက်ပြီးနောက် ရေရွတ်သည်။

"သူမအတွက် သိုင်းပညာရဲ့ စတင်ခြင်းအဆင့်ကို ဖမ်းဆုပ်နိုင်ဖို့အတွက် တစ်လတောင်ကြာမှာ မဟုတ်လောက်ဘူး.."

သူသည် စုလင်းရှူံ၏ အမြန်နှုန်းအား အကြမ်းဖျင်းခန့်မှန်းချက်တစ်ခု ရရှိပြီး ဖြစ်သည်။

'ရွှီယန်နဲ့ မုန့်ချုံ သိုင်းသခင်တွေကို ဘယ်လိုမျိုးများ ရန်စကြလဲ မသိဘူး။ သူတို့ရဲ့ ပုံစံကိုကြည့်ရတာ မကြာသေးခင်မှာ စစ်ဘုရင်တစ်ယောက်ကိုတောင် ထိပါးမိမယ်ထင်တယ်..'

လီရွှမ်က နှလုံးသားထဲတွင် သက်ပြင်းချသည်။

"သင်၏တပည့် ရွှီယန်သည် သိုင်းသခင်တစ်ယောက်ကို လက်ဝါးတစ်ချက်ဖြင့် ရိုက်သတ်လိုက်သည်။ သင်၏ တိုက်ခိုက်မှုအတွေ့အကြုံက မြင့်တက်လာခဲ့သည်.."

မကြာခင်တွင် နောက်ထပ် ရွှေရောင်အလင်းက ထွက်ပေါ်လာပြန်၏။ သိုင်းသခင်တစ်ယောက် အသတ်ခံရလေပြန်သည်။

လီရွှမ်က အံ့သြခြင်း မရှိတော့ပါ။ ယခုအချိန်၌ သူသည် အသားကျနေပြီး ဖြစ်၏။

"သင်၏တပည့် ရွှီယန်သည် သိုင်းသခင်တစ်ယောက်ကို လက်ဝါးတစ်ချက်ဖြင့် ရိုက်သတ်လိုက်သည်။ သင်၏ တိုက်ခိုက်မှု အတွေ့အကြုံက မြင့်တက်လာခဲ့သည်.."

"သင်၏တပည့် ရွှီယန်သည် သိုင်းသခင်တစ်ယောက်ကို လက်ဝါးတစ်ချက်ဖြင့် ရိုက်သတ်လိုက်သည်။ သင်၏ တိုက်ခိုက်မှု အတွေ့အကြုံက မြင့်တက်လာခဲ့သည်.."

သိုင်းသခင်သုံးယောက်တို့ အသတ်ခံခဲ့ရ၏။ လီရွှမ်မှာ အံ့သြမှုမရှိစွာ ရှိနေပါသည်။ ဤသည်က ပထမဆုံးအကြိမ်လည်း မဟုတ်ပေ။

"သင်၏တပည့် ရွှီယန်သည် တစ်ဝက်တစ်ပျက်  စစ်ဘုရင်တစ်ယောက်ကို သတ်ဖြတ်ခဲ့သည်။ သင်၏ တိုက်ခိုက်မှုအတွေ့အကြုံက ကြီးစွာ မြင့်တက်လာခဲ့သည်။ သင်၏ ဓားဆန္ဒလည်း ကြီးစွာမြင့်တက်လာခဲ့သည်.."

လီရွှမ် "..."

ဒါဆိုရင် သိုင်းသခင်တွေကို သတ်တာ မလုံလောက်လို့ အခုဆိုရင် တစ်ဝက်တစ်ပျက် စစ်ဘုရင်တွေကိုတောင် သတ်နေပြီလား...

စစ်ဘုရင်အဆင့်တွေကိုလည်း သတ်ဖို့အတွက် မကြာလောက်တော့ဘူးမလား...

တစ်ဝက်တစ်ပျက် စစ်ဘုရင်တစ်ယောက်ကို သတ်ဖြတ်ပြီး အမွှေးတိုင်တစ်ဝက် ကုန်ဆုံးချိန်အပြီး လောက်တွင် နောက်ထပ် ရွှေရောင်အလင်းက ထွက်ပေါ်လာခဲ့ပြန်သည်။

"သင်၏တပည့် ရွှီယန်သည် တစ်ဝက်တစ်ပျက် စစ်ဘုရင်တစ်ယောက်ကို သတ်ဖြတ်ခဲ့သည်။ ကြယ်တစ်ထောင်ကန်ကို လှုပ်ခါသွားစေ၏။ သင်၏ တိုက်ခိုက်မှုအတွေ့အကြုံတို့ တိုးတက်လာပြီး သင်၏ ဓားဆန္ဒက မြင့်မားလာခဲ့သည်။ လျှို့ဝှက်ဆန်းကြယ်သည့် အငွေ့အသက်လည်း ပိုမိုအားကောင်းလာ၏.."

"ဟစ်... ရွှီယန် သိုင်းသခင်အသိုက်တစ်ခု ကိုများ သွားပြီးတော့ ရှင်းနေတာလား.."

လီရွှမ်က အံ့ဩသွားသည်။

ရွှီယန်သည် အမှန်တကယ်ကို ရက်စက်ပြတ်သား၏။ သိုင်းသခင်များနှင့် တစ်ဝက်တစ်ပျက် စစ်ဘုရင်များကို ယခုကဲ့သို့ အချိန်တိုအတွင်း၌ ဆက်တိုက် သတ်ဖြတ်ခဲ့လေသည်။

သူသည် သိုင်းသခင်များ၏ အသိုက်တစ်ခုကို သွားရောက် ရှင်းလင်းနေသည်လား။ သို့မဟုတ် အတွင်းဘက်နယ်မြေရှိ သိုင်းပညာ အင်အားစုတစ်ခုကို သွားရောက် သုတ်သင်နေသည်လား။

ကြယ်တစ်ထောင်ကန်ကို လှုပ်ခါစေသည် ဟူသည်မှာရော မည်သည် ဖြစ်သနည်း။

ခဏတာ စဉ်းစားပြီးနောက် ရွှေရောင်အလင်းက နောက်ဆုံးတွင် ထွက်ပေါ်လာမှု ရပ်တန့်သွားသည်။ လီရွှမ်က လေပူများကို မှုတ်ထုတ်၏။ ဆိုလိုသည်ကား ရွှီယန်သည် သိုင်းသခင်များ၏ အသိုက်ကို လုံးဝရှင်းလင်းပြီးပြီဟု ဖြစ်သည်။

ရုတ်တရက် နောက်ထပ် ပြဿနာတစ်ခုကို တွေးမိလိုက်၏။

'ရွှီယန် သတ်ဖြတ်ပြီးချိန်မှာ အလောင်းတွေကိုရော ရှာရဲ့လား။ သူက ချမ်းသာတဲ့ မိသားစုကနေပြီးတော့ လာတာဆိုတော့ အဲ့လိုမျိုး သတိတော့ ရှိမှာ မဟုတ်လောက်ဘူး..'

လီရွှမ်၏ စိတ်ထဲတွင် ရုတ်တရက် စိုးရိမ်မှုတစ်ခု မြင့်တက်လာခဲ့၏။

အစက သူ၏တပည့်များကို သိုင်းလောက၏ အတွေ့အကြုံများအား မျှဝေနေစဉ်တွင် အလောင်းများမှ ပစ္စည်းများ ရှာဖွေယူရမည်ဟု မသင်ကြားခဲ့မိပေ။

သို့ရာတွင် ပြန်လည် စဉ်းစားကြည့်၏။

'ရွှီယန်က စွန့်ပစ်ဒေသမှာ အရမ်းချမ်းသာပြီး ပိုက်ဆံက သူ့အတွက် စိုးရိမ်စရာ မရှိဘူး။ ဒါပေမယ့် အတွင်းဘက်နယ်မြေမှာတော့ ခြားနားတဲ့ ကိစ္စဖြစ်သွားပြီ။ သူ့မှာ ဘာစိတ်ဝိဉာဉ်ပုံဆောင်ခဲမှ မရှိဘူး။ သူ့ရဲ့ နားလည်သဘောပေါက်နိုင်စွမ်းနဲ့.. ပါရမီနဲ့ဆိုရင် အလောင်းတွေဆီက ပစ္စည်းတွေ ရှာဖွေဖို့ကို  လျှင်လျှင်မြန်မြန်ပဲ နားလည်လာမှာပါ..'

ထိုကဲ့သို့ တွေးမိပြီးနောက် လီရွှမ်က စိတ်သက်သာရာ ရသွားခဲ့၏။ မုန့်ချုံမှာတော့ စိုးရိမ်ခြင်း မရှိပေ။ ဘာပဲဖြစ်ဖြစ် မုန့်ချုံသည် မူလကတည်းက ဆင်းရဲကာ ရှီအာနှင့်ပင် ပူးပေါင်းပြီး ဧကရာဇ်ဝူဆီမှ ငွေညှစ်ချင်ခဲ့၏။

ထို့ကြောင့် အလောင်းများဆီမှ ပစ္စည်းရှာဖွေမှု၏ အရေးပါပုံကို နားလည်မှာပါ။

နောက်ထပ် ရက်အနည်းငယ်က ပုံမှန်အတိုင်းပင် သွားနေ၏။ မည်သည့် ရွှေရောင်အလင်းမှ ပေါ်မလာသလို မည်သည့် တန်ပြန် အကျိုးပြုမှုမှလည်း ပေါ်လာခြင်း မရှိပါ။

စုလင်းရှုံက သူမ၏ ထာဝရစိမ်းလန်းခြင်း အရိုးများကို ပြီးပြည့်စုံစွာ သန့်စင်ပြီး ဖြစ်၏။ ကိုယ်တွင်းအင်္ဂါများကိုစတင် သန့်စင်နေပါပြီ။

လီရွှမ်သည် သူမဆီမှ သန်မာသည့် စွမ်းအင်တစ်ခုကို ခံစားရ၏။ ကိုယ်တွင်းအင်္ဂါများ၏ သန့်စင်မှုအမြန်နှုန်းက အလွန်မြန်ဆန်လှသည်။ ကြွယ်ဝသည့် အသက်ဓာတ်က သူမကို ကူညီနေရာ အစပိုင်းတွင် အလွန်အကျွံ သန့်စင်မှုကြောင့် ကိုယ်တွင်းအင်္ဂါများ ဒဏ်ရာရရှိမည်ကို စိုးရိမ်စရာ မရှိပေ။

ထိုအကြောင်းကြောင့်ပင် သူမ၏ သန့်စင်မှုအမြန်နှုန်းက အလွန်မြန်ဆန်ခြင်း ဖြစ်၏။

'လဝက်တောင်မကြာဘဲ စတင်ခြင်းအဆင့်ကို သူမဝင်ရောက်သွားလောက်တယ်..'

လီရွှမ်က စိတ်လှုပ်ရှားလာခဲ့၏။ စုလင်းရှုံသာ သိုင်းပညာ၏ စတင်ခြင်းအဆင်သို့ ဝင်ရောက်ပါက ဒန်ဆေးသိုင်းပညာစနစ်ကို လုံးဝဖန်တီးပြီး ဖြစ်မှာပါ။ ထိုအခါ သူလည်းပဲ တန်ပြန်အကျိုးပြုမှုများကို ရရှိမည် ဖြစ်၏။

ဒီရက်များအတွင်းတွင် ရွှေလက်ချောင်းမှ မည်သည့် တန်ပြန်အကျိုးပြုမှုမှ လက်ခံရရှိခြင်း မရှိရာ လီရွှမ်သည် အနည်းငယ် မသက်မသာ ခံစားလာရသည်။

စုလင်းရှူံ၏ စတင်ခြင်းအဆင်သို့ ဝင်ရောက်မှုကို စိတ်အားထက်သန်စွာ စောင့်စားနေချိန်၌ ပျောက်ဆုံးသွားတာ ကြာပြီ ဖြစ်သည့် ရွှေရောင်အလင်းက နောက်ဆုံးတွင် ထပ်မံပေါ်လာခဲ့ပြန်၏။

"သင်၏တပည့် မုန့်ချုံသည် သိုင်းသခင်တစ်ယောက်ကို ဓားတစ်ချက်ဖြင့် သတ်ဖြတ်လိုက်သည်။ ပြီးနောက် သိုင်းသခင်ငါးယောက်တို့အား ဆက်တိုက်သတ်ဖြတ်ခဲ့သည်။ သင်သည် ဆေဘာပညာ ဒီဗိုင်းအတတ် - နတ်ဘုရားသတ်ဖြတ်ခြင်း ဓားချက်ကို တတ်မြောက်ခဲ့သည်.."

"ဟစ်.."

လီရွှမ်က အံ့ဩသွားသည်။ သိုင်းသခင်များသည် အမှန်တကယ်ကို ဂေါ်ဖီထုပ်များ ဖြစ်လာသည်လား။ဟင်းသီးဟင်းရွက်များ ကဲ့သို့ အသာတကြည် ခုတ်ဖြတ်ကာ တစ်ယောက်ပြီးတစ်ယောက်ကို သတ်နိုင်လေသည်။

လီရွှမ်သည် မုန့်ချုံလည်းပဲ သိုင်းသခင်များ၏ အသိုက်တစ်ခုကို သွားရောက် ဖျက်ဆီးသည်လားဟု  စဉ်းစားမိ၏။ တစ်ခါတည်းနှင့် သိုင်းသခင်၅ယောက်တို့အား  ဆက်တိုက် သတ်ဖြတ်ခဲ့သည်။

'နောက်ထပ် ဒီဗိုင်းသိုင်းပညာအတတ် တစ်ခုပဲ..'

လီရွှမ်က အလွန်စိတ်လှုပ်ရှားနေ၏။ ဒီသိုင်းပညာ ဒီဗိုင်းအတတ် - နတ်ဘုရားသတ်ဖြတ်ခြင်း ဆေဘာသည် သိုင်းသမားများ၏ အသိစိတ်နှင့် ဒီဗိုင်းဝိဉာဉ်ကို ပစ်မှတ်ထားသည့် ဆေဘာဓားသိုင်းတစ်ခု ဖြစ်သည်။

'နတ်ဘုရားသတ်ဖြတ်ခြင်း ဆေဘာ... တစ်ချက်တည်းနဲ့ အားစုပြီးတော့ ခုတ်လိုက်တာက သေခြင်းကို ဖြစ်ပေါ်စေတယ်။ ရှေ့က ဒီဗိုင်းဆေဘာ ဓားချက်နဲ့သာ ပေါင်းလိုက်မယ်ဆိုရင် တစ်ခုက ခန္ဓာကိုယ်ကို ဖျက်ဆီးပြီး တစ်ခုက ဝိဉာဉ်ကို ဖျက်ဆီးနိုင်တယ်။ ဒါက တကယ့်ကို ပြည့်စုံသွားပြီ..'

လီရွှမ်မှာ ဝမ်းသာမှုတို့ဖြင့် ပြည့်နက်နေ၏။ သူ၏ခွန်အားက မြင့်တက်လာခဲ့ပြန်သည်။

နတ်ဘုရားသတ်ဖြတ်ခြင်း ဆေဘာ၏ စွမ်းအားက အံ့သြစရာကောင်းလောက်အောင် ကြီးမားလှသည်။ ၎င်းသည် ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်ကို ထိခိုက်ခြင်းခြင်း မရှိဘဲ အသိစိတ်နှင့် ဒီဗိုင်းဝိဉာဉ်ကို ပစ်မှတ်ထား၏။

'မုန့်ချုံက ခန္ဓာကိုယ် ကျင့်ကြံမှုစနစ်ကို ကျင့်ကြံတော့ သူ့ရဲ့ကြီးမြတ်သောနေ ရွှေခန္ဓာက သန်မာတဲ့  ခံနိုင်ရည်ရှိတယ်။ ဒါပေမယ့် နတ်ဘုရားသတ်ဖြတ်ခြင်း ဆေဘာလိုမျိုး တူညီတဲ့ တိုက်ခိုက်မှုမျိုးနဲ့  ရန်သူကိုသာ ကြုံတွေ့ရင် အကူအညီမဲ့နေမှာ..'

ခဏတာ စဉ်းစားပြီးနောက် လီရွှမ်သည် ကြီးမြတ်သောနေရွှေခန္ဓာ၏ အလွန် စွမ်းအားကြီးမားကြောင်းအား တွေ့လိုက်ရသည်။ တကယ်တော့ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်နှင့် စိတ်ဝိဉာဉ်နှစ်ခုလုံးကို မြင့်မားသည့် အကာအကွယ်များ ပေးစွမ်းနိုင်၏။

ကြီးမြတ်သောနေသည် နေ၏ အနှစ်သာရကို သယ်ဆောင်ထားသည်။ အသိစိတ်နှင့် စိတ်ဝိဉာဉ်တို့ကို တိုက်ခိုက်လာပါကလည်း သန်မာသည့် ခုခံကာကွယ်နိုင်စွမ်း ရှိ၏။

ထို့အပြင် မုန့်ချုံသည် ဆေဘာဝိဉာဉ်ကို နိုးထထားပြီး  ဆေဘာဆန္ဒကို နားလည်သဘောပေါက်ထားသည်။ ထို့ကြောင့် သူ၏ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်ကို မထိခိုက်စေဘဲ အသိစိတ်နှင့် ဒီဗိုင်းဝိဉာဉ်ကို တိုက်ခိုက်ရန်မှာ မဖြစ်နိုင်လုနီးပါး ရှိနေပါသည်။

'ဘာပဲဖြစ်ဖြစ် နောက်တစ်ဆင့်မှာတော့ ဝိဉာဉ်နဲ့ အခြားအရာတွေရဲ့ ခုခံကာကွယ်မှုကို ပိုပြီးတော့ အားဖြည့်ရမယ်..'

မည်သို့ပင်ဆိုစေကာမူ လီရွှမ်သည် ခန္ဓာကိုယ်ကြံ့ခိုင်မှုနှင့်အတူ စိတ်ဝိဉာဉ်ကိုလည်း အားဖြည့်ရန် ဆုံးဖြတ်လိုက်သည်။ ထိုအခါ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်ကို ချိုးဖျက်ခြင်း မရှိဘဲ အသိစိတ်နှင့် စိတ်ဝိဉာဉ်ကို မထိခိုက်နိုင်ခြင်းအား အောင်မြင်စွာ စွမ်းဆောင်နိုင်မည် ဖြစ်၏။

မုန့်ချုံက သိုင်းသခင်များကို ဆက်တိုက်သတ်ဖြတ်ပြီးနောက် ရွှေလက်ချောင်းက အချက်ပေးမှုများ ဆက်လက်မလာတော့ပါ။ ကြည့်ရတာ ကိစ္စမှာ တည်ငြိမ်သွားပြီ ထင်၏။

ထိုနေ့တွင် စုလင်းရှုံက ကျင့်ကြံနေ၏။ သူမသည် ကိုယ်တွင်းအင်္ဂါ သန့်စင်ခြင်းကို ပြီးမြောက်ပြီး ဖြစ်ကာ စတင်ခြင်းအဆင့်သို့ ဝင်ရောက်ပေတော့မည်။

ခန္ဓာကိုယ်အတွင်း၌ ကြွက်သားနှင့် အရိုးများက မိုးကြိုးကဲ့သို့ မြည်ဟီးလာပြီး သူမ၏ သွေးနှင့်ချီက ပြင်ပသို့ ထွက်လာခဲ့သည်။ ပိုမိုပိုမိုကာ ထူထဲလာပြီး သန်မာသည့် လှိုင်းများကို ဖြစ်ပေါ်စေ၏။

စုလင်းရှုံ၏ ချီနှင့်သွေးက အနည်းငယ် ညင်သာကာ အားကောင်းမှုလည်း ရှိလေသည်။ အသက်ဓာတ်တို့ အဆက်မပြတ် စီးဆင်းနေပုံ ပေါ်၏။ ထို့အပြင် အပူစွမ်းအင်တစ်ခုလည်း ပါဝင်နေ၏။

'စုလင်းရှုံ အဆင့်ချိုးဖျက်တော့မယ်..'

လီရွှမ်က မနေနိုင်ဘဲ စိတ်လှုပ်ရှားလာခဲ့သည်။

'ဒန်ဆေးသန့်စင်မှုအတွက် ဖြစ်တော့ သူမရဲ့ ချီနဲ့သွေးစွမ်းအင်က အခြားလူတွေနဲ့ ခြားနားတယ်။ ဒါက ဒန်ဆေးသိုင်းပညာရဲ့ အထူးသီးသန့် လက္ခဏာရပ်တွေပဲ..'

'ကြမ်းလည်း ကြမ်းတမ်းနိုင်တယ်။ ညင်လည်း ညင်သာနိုင်တယ်။ ဒန်ဆေးသန့်စင်ရာမှာ အပူကို ထိန်းချုပ်သလိုပဲပေါ့..'

သူမ၏ ချီနှင့်သွေးစွမ်းအင်သည် ဒန်ဆေးသန့်စင်မှုအတွက် မီးအဖြစ် ပြောင်းလဲနိုင်ပါသည်။ ဒီဗိုင်းမီးကျောက်တုံးကို အသုံးမပြုဘဲနှင့် ပင်လျှင် ဒန်ဆေးလုံးများကို သန့်စင်လာနိုင်မှာ ဖြစ်၏။

သို့ပေမယ့် ချီနှင့်သွေးကုန်ခမ်းမှုက တော်တော်လေးများမည့်ပုံ ရှိသည်။

'စုလင်းရှုံမှာ ထာဝရစိမ်းလန်းခြင်းအရိုး အခြေခံရှိတယ်။ အဲ့ဒါကြောင့်မို့လို့ ဒီလောက် ကုန်ဆုံးမှုလေးကို သူမ မကြောက်လောက်ဘူး။ ဒါပေမယ့်  နောက်ပိုင်း ဒန်ဆေးသိုင်းပညာစနစ်ကို ကျင့်ကြံမယ့် လူတွေမှာ ဒီလိုမျိုး အခြေခံရှိမှာ မဟုတ်ဘူး။ ဒါကြောင့်မလို့ ဆေးတစ်အိုးကို သန့်စင်တာက စွမ်းအင်တွေ အများကြီးကို ကုန်ဆုံးစေလောက်မှာ..'

လီရွှမ်က နှလုံးသားထဲတွင် စဉ်းစား၏။ ထို့ကြောင့် ဒန်ဆေးသိုင်းပညာရှင်များ ဆေးလုံးများကို သန့်စင်သည့်အခါ ဒီဗိုင်းမီးကျောက်တုံးကဲ့သို့ အပြင်ဘက် အကူအညီများကို ယူရဦးမှာ ဖြစ်သည်။ ဤသည်က သူတို့၏ ကိုယ်ပိုင်စွမ်းအင် ကုန်ကျမှုကို ချွေတာနိုင်၏။

"ဘုန်း.."

ကြွက်သားနှင့် အရိုးများမှာ မိုးကြိုးကဲ့သို့  မြည်ဟီးမှုက ပိုမိုကာ ကျယ်လောင်လာခဲ့သည်။ စုလင်းရှုံ၏ ခန္ဓာကိုယ်ရှိ ချီနှင့်သွေးစွမ်းအင်က များစွာ ပိုမို ကြွယ်ဝလာခဲ့၏။

ကျိုးယင်က စိတ်လှုပ်ရှားစွာဖြင့် ကြည့်နေပါသည်။သခင်မလေးသည် နောက်ဆုံးတွင် စတင်ခြင်းအဆင့်သို့ ဝင်ရောက်ပေတော့မည်။ ဆိုလိုသည်ကား သူမတို့သည် အတွင်းဘက်နယ်မြေသို့ ပြန်နိုင်ရန်အတွက် ခြေတစ်လှမ်း ပိုမို နီးကပ်လာခဲ့ပါပြီ။

ရှီအာ၏ မျက်နှာက ရှက်ရွံ့တို့ဖြင့် ပြည့်နက်နေ၏။ စုလင်းရှုံမှာ လုံးဝ အဆင့်ချိုးဖျက်ပြီးခြင်း မရှိသေးပါ။ သို့ပေမယ့် သူမ၏ ကြွက်သားနှင့် အရိုးများက သူအဆင့်ချိုးဖျက်စဉ်ကထက် ပိုမိုကျယ်လောင်စွာ မြည်ဟီးနေပြီး ဖြစ်၏။ အရှိန်အဝါကလည်း သူ့ထက်များစွာ ကျော်လွန်လှပါသည်။

စုလင်းရှုံက မျက်လုံးများကို အနည်းငယ်မှိတ်ထားသည်။

သူမသည် ခန္ဓာကိုယ်အတွင်းရှိ အရိုးအားလုံးတို့ကို  ခံစားကြည့်၏။ အစိမ်းရောင် ရေးတေးတေးကို ထုတ်လွှတ်နေပြီး သူမ၏ သွေးများတွင် ကြွယ်ဝလှသည့် အသက်ဓာတ်တို့ ပါဝင်နေသည့်ပုံ ရှိသည်။ အဆုံးမသတ်နိုင်အောင် ရှိနေ၏။

တိုးမြင့်လာသည့် ချီနှင့်သွေးတို့က ခန္ဓာကိုယ်ကို ဗဟိုပြုပြီး ဆက်လက် ပြင်းထန်လာကြသည်။ ချီနှင့်သွေးသည် အပင်များ၊ သစ်ပင်များကို ထိတွေ့လာ၏။

လီရွှမ်၏ မျက်ခုံးများက အနည်းငယ် မြင့်တက်သွားသည်။ ချီနှင့်သွေးနှင့် ထိလိုက်သည့် ပန်းပင်များ၏ အရွက်များက ပိုမို စိမ်းလန်းလာ၏။ ပွင့်ချက်များမှာလည်း အနည်းငယ် ပိုမိုကြီးမားလာသည့်ပုံ ရှိသည်။

ဒီအချိန်၌ အဖူးလေးများပင် အနည်းငယ် ပွင့်လာခဲ့၏။

'ဒန်ဆေးသိုင်းပညာစနစ်က ငါထင်ထားတာ ထက်တောင် ပိုပြီးတော့ ဆန်းကြယ်တာပဲ။ ဒီရစ်ဝဲနေတဲ့ အသက်ဓာတ်က အရမ်းကို စွမ်းအားကြီးလွန်းတယ်..'

လီရွှမ်က တွေးဆစွာဖြင့် သက်ပြင်းချမိသည်။ ဒန်ဆေးသိုင်းပညာစနစ်ကို ကျင့်ကြံသည့် သိုင်းသမားများ၏ သက်တမ်းမှာ သာမန် သိုင်းသမားများထက် များစွာပိုမို ရှည်လျားရန် ကံပါလာခဲ့၏။

သူတို့၏ တိုက်ခိုက်မှုစွမ်းအားက အနည်းငယ် နိမ့်ပါးပေမယ့် သက်တမ်းက ပိုမိုရှည်ပါသည်။

'စုလင်းရှုံ အဆင့်ချိုးဖျက်ပြီးရင် သဘာဝတရား၈ပါး ပုံကြမ်းကို သူမကို သင်ပေးသင့်တယ်။ ဒန်ဆေးသိုင်းပညာစနစ်ရဲ့ တိုက်ခိုက်မှု နည်းလမ်းတွေကတော့ သွေးကြောမှတ်တွေ၊ ရွှေအပ်တွေ.. အဲ့ဒါတွေနဲ့ပဲ အခြေခံပြီး ဖန်တီးရမယ်..'

'ဒန်ဆေးသိုင်းပညာရှင်တွေလည်း သတ်ဖြတ်ခြင်းအတတ်တွေကို တတ်မြောက်သင့်တယ်..'

လီရွှမ်က စဉ်းစားသည်။

စုလင်းရှုံ၏ ဒန်ဆေးသိုင်းပညာစနစ်မှ အထူးသိုင်းပညာများအပေါ်  ခံစားမှုနှင့် နားလည်သဘောပေါက်မှု အားလုံးမှာတော့ သူမအပေါ်တွင်သာ မူတည်ပေလိမ့်မည်။

ဒန်ဆေးသိုင်းပညာစနစ်၏ အဓိကသည် ဒန်ဆေးသန့်စင်ခြင်းနှင့် ဒဏ်ရာကုသခြင်း အပေါ်တွင် မှီခိုနေ၏။

သိုင်းပညာတွင် မဟုတ်ပေ။

သို့ပေမယ့် စုလင်းရှုံ၏ စွမ်းရည်များနှင့် ဒန်ဆေးသိုင်းသမားများအတွက် အထူး တိုက်ခိုက်ရေးပညာများကို နားလည်သဘောပေါက် လာမည်ဟု လီရွှမ်အနေနှင့် ယုံကြည်ပါသည်။

ဥပမာအားဖြင့် သူမ တတ်မြောက်ထားခြင်း မရှိသေးသည့် ရွှေအပ်ဖြင့် အပ်စိုက်ခြင်းအတတ်မှာလည်း ရန်သူများကို သတ်ဖြတ်ရန် အသုံးပြုနိုင်၏။

၎င်းကို သတ်ဖြတ်ခြင်းအတတ် အပြင် ပိုမိုအလှည့်အပြောင်းများပြီး တိတ်ဆိတ်စွာ သတ်ဖြတ်နိုင်သည့် လျှို့ဝှက်လက်နက်အဖြစ်လည်း အသုံးပြုနိုင်၏။

"ဘုန်း.."

ရုတ်တရက် ကြွက်သားနှင့်အရိုးတို့ တုန်ခါလာခဲ့သည်။ အသက်ဓာတ်က အကာအကွယ်အလွှာ တစ်ခုကဲ့သို့ ခန္ဓာကိုယ်၏ ပြင်ပတွင် စုစည်းနေ၏။

စုလင်းရှုံသည် ချီနှင့်သွေးအဆင့်သို့ ချိုးဖျက်ပြီး စစ်မှန်သည့် ဒန်ဆေးသိုင်းပညာရှင်တစ်ယောက် ဖြစ်လာခဲ့ပါပြီ။ ဒန်ဆေးသိုင်းပညာအား ပထမဆုံး အောင်မြင်စွာ ကျင့်ကြံခဲ့သူဖြစ်ပြီး ဒီလောကတွင် ဒန်ဆေးသိုင်းပညာစနစ်ကို အောင်မြင်စွာ ပေါ်ပေါက်လာစေခဲ့၏။

လီရွှမ်က စိတ်အားထက်သန်နေ၏။ ထိုအချိန်၌  ရွှေရောင်အလင်းက ထွက်ပေါ်လာခဲ့သည်။ သို့ရာတွင် မထင်မှတ်စွာပင် ရွှေရောင်အလင်း၏ တန်ပြန်အကျိုးပြုမှုမှာ စုလင်းရှုံ၏ အဆင့်ချိုးဖျက်မှုအတွက် လာခြင်းမဟုတ်ပါ။

All Chapters