သင်၏တပည့် ရွှီယန်သည် စစ်ဘုရင်ကို လက်ဝါးတစ်ချက်ဖြင့် ရိုက်သတ်လိုက်သည်
Vol. 14 Ch. 203
ရွှေရောင်အလင်းတစ်ခု ထွက်ပေါ်လာခဲ့၏။ အစက လီရွှမ်သည် ဤသည်ကို စုလင်းရှူံ၏ ချီနှင့်သွေးအဆင့်သို့ ချိုးဖျက်ခြင်းမှ တန်ပြန်အကျိုးပြုမှုဟု ထင်ထားခဲ့တာပါ။ သို့ပေမယ့် မထင်မှတ်စွာပင် ရွှီယန်ဆီမှ ဖြစ်နေ၏။
"သင်၏တပည့် ရွှီယန်သည် ခုနှစ်စင်ကြယ်အကယ်ဒမီမှ သိုင်းသမားများနှင့် ယှဉ်ပြိုင်မှု ပြုခဲ့ပြီး သိုင်းသခင်များစွာတို့ကို အောင်မြင်စွာ အနိုင်ယူခဲ့သည်။ သင်သည် သိုင်းပညာ အတွေ့အကြုံတို့ကို ရရှိသည်.."
လီရွှမ်က အံ့သြသွားသည်။ ရွှီယန်က ခုနှစ်စင်ကြယ် အကယ်ဒမီသို့ သွားရောက်ခဲ့သည်လား။ ထို့အပြင် သိုင်းပညာ အငြင်းအခုန် ဖြစ်ပွားခဲ့ပြီး ခုနှစ်စင်ကြယ်အကယ်ဒမီမှ သိုင်းသခင်များကို အနိုင်ယူခဲ့သည်လား။
ခုနှစ်စင်ကြယ်အကယ်ဒမီမှာ အတွင်းဘက်နယ်မြေရှိ ထိပ်တန်းအင်အားစု တစ်ခု ဖြစ်သည်။ အလွန် တစ်သီးတစ်သန့်ဆန်သည့် အင်အားစုတစ်ခုလည်း ဖြစ်၏။
၎င်း၏ လွှမ်းမိုးမှုက စိတ်ကူးနိုင်သည်ထက် များစွာကျော်လွန်ပါသည်။ အချို့ဂိုဏ်းများ၏ ဂိုဏ်းချုပ်များပင်လျှင် ခုနှစ်စင်ကြယ်အကယ်ဒမီမှ ကျောင်းသားများ ဖြစ်ခဲ့ပြီး အကယ်ဒမီ၌ ဆရာများအဖြစ် တာဝန် ထမ်းဆောင်ကြ၏။
'ဒီကိစ္စက စစ်ဘုရင်တစ်ယောက် ပါဝင်လာနိုင်တဲ့အထိ ဖြစ်သွားနိုင်လား..'
လီရွှမ်က တိတ်တဆိတ် အံသွားသည်။
'ဒီတစ်ကြိမ် ရွှီယန် ခုနှစ်စင်ကြယ် အကယ်ဒမီကို သွားတာ အစစ်အမှန် သိုင်းပညာနဲ့ အတုအယောင်သိုင်းပညာအကြား အငြင်းအခုန် သွားလုပ်တာများလား..'
ထိုဖြစ်နိုင်ချေကို တွေးမိပြီးနောက် လီရွှမ်တစ်ယောက် ခေါင်းကိုက်စွာ ခံစားလာရသည်။ လက်ရှိအချိန်၌ ရွှီယန်မှာ လုံလောက်စွာ သန်မာခြင်း မရှိသေးပါ။ ပြဿနာသာ တက်ပါက ရင်ဆိုင်ရမည့် မုန်တိုင်းမှာ သေချာပေါက် ကြောက်ဖို့ကောင်းလှမှာ ဖြစ်၏။
ရွှေရောင်အလင်းက ထပ်မံပေါ်လာခဲ့ ပြန်၏။
"သင်၏တပည့် စုလင်းရှုံသည် သင်ဖန်တီးလိုက်သည့် သိုင်းပညာကို အောင်မြင်စွာ ကျင့်ကြံနိုင်ခဲ့သည်။ သင်သည် ဒန်ဆေးသိုင်းပညာတွင် အကြီးစား အောင်မြင်မှု ရလာခဲ့သည်။ ဒန်ဆေးသန့်စင်ခြင်းတွင်လည်း အကြီးစား အောင်မြင်မှု ရလာခဲ့၏.."
စုလင်းရှုံ၏ အဆင့်ချိုးဖျက်ခြင်းမှ တန်ပြန်အကျိုးပြုမှု ရလာခဲ့၏။ လီရွှမ်သည် ဒန်ဆေးသိုင်းပညာ စနစ်၏ အခြေခံမှ မူလအဆင့်အထိ နည်းလမ်းများကို ပြည့်စုံစွာ တတ်မြောက်သွားခဲ့သည်။ ထို့အပြင် ဒန်ဆေးသန့်စင်ခြင်း၌လည်း များစွာတိုးတက်လာခဲ့၏။
ဒန်ဆေးသိုင်းပညာစနစ်၏ စတင်ခြင်းသို့ ဝင်ရောက်ပြီးနောက် မူလအဆင့်အတွင်း ကျင့်စဉ်များမှာ ပင်ယင်းသိုင်းပညာစနစ်နှင့် အများကြီး ခြားနားခြင်း မရှိပါ။
တစ်ခုတည်းသော ချွင်းချက်မှာ ဒန်ဆေးသန့်စင်ခြင်း၌ ပိုမို အလေးပေးခြင်းသာ ရှိ၏။
ထို့ကြောင့် စုလင်းရှုံ၏ စတင်ခြင်းအဆင့်သို့ ဝင်ရောက်အပြီးတွင် လီရွှမ်သည် မူလအဆင့်၏ အောက်ရှိ ဒန်ဆေးသိုင်းပညာ ကျင့်စဉ်တစ်ခုလုံးကို ရရှိလာခဲ့သည်။
ပြည့်စုံသည့် သိုင်းကျင့်စဉ်တစ်ခု ဖြစ်၏။
ဒန်ဆေးသန့်စင်ခြင်း နည်းပညာတို့လည်း အဆင့်မြင့်တက်လာပြီး ယခုအချိန်၌ အခြေခံ၌သာ မဟုတ်တော့ပေ။
"သင်၏ ကျောက်စိမ်းအရိုး၊ ဗာဂျရာစိန်အရိုးနှင့် ထာဝရစိမ်းလန်းခြင်းအရိုးတို့ ပေါင်းစပ်ကာ သင်သည် မူလအင်မော်တယ် စိတ်ဝိဉာဉ်အရိုးကို ရရှိသည်.."
ရွှေရောင်အလင်းက ထပ်မံပေါ်လာခဲ့ ပြန်၏။ လီရွှမ်က စိတ်လှုပ်ရှားမှုတို့ဖြင့် ချက်ချင်းပင် လွှမ်းခြုံသွားသည်။
ထိုအခိုက်အတန့်တွင် လူတစ်ကိုယ်လုံးတွင် ကြီးမားသည့် ပြောင်းလဲမှုတစ်ခု ဖြစ်ပေါ်လာခဲ့၏။
မူလစိတ်ဝိဉာဉ်အရိုးမှ မူလအင်မော်တယ် စိတ်ဝိဉာဉ်အရိုးအဖြစ် ပြောင်းလဲခဲ့လေသည်။ အသက်ဓာတ်များက အဆုံးမသတ်နိုင်အောင် ရှိနေပြီး သူ၏ စိတ်ဝိဉာဉ်အရိုးများထဲတွင် မကုန်ခမ်းနိုင်သည့် အသက်ဓာတ်တို့ ရှိနေသည့်ပုံ ရှိသည်။
သို့ပေမယ့် ဤသည်မှာ သူ၏ သက်တမ်း လုံးဝကုန်ဆုံးတော့မည် မဟုတ်ဟု ဆိုလိုခြင်း မဟုတ်ပါ။ သိုင်းပညာအဆင့်သာ ဆက်လက်မြင့်တက်ခြင်း မရှိပါက အဆင့်တူသည့် သိုင်းသမားများထက် အဆပေါင်းများစွာ သို့မဟုတ် ၁၀ဆကျော်ပင် ပိုမို အသက်ရှည်စွာ နေနိုင်လျှင်တောင် တစ်နေ့တွင် သေခြင်းတရားကို ရင်ဆိုင်ရမှာ ဖြစ်သည်။
ခြားနားချက်မှာ သူ၏ မူလစိတ်ဝိဉာဉ် အရိုးများသည် မပျက်စီးနိုင်သည့် လက္ခဏာရပ်ကို ပိုင်ဆိုင်ထားခြင်း ဖြစ်၏။ နှစ်ပေါင်းများစွာ ကြာအပြီးတွင် သူ၏ စိတ်ဝိဉာဉ်အရိုးများသည် အသိစိတ်တို့ ဖြစ်တည်လာပြီး အရိုးခြောက် သားရဲတစ်ကောင်အဖြစ် ပြောင်းလဲသွားမည်လား မသိပေ။ သို့ပေမယ့် ထိုအချိန်ရှိ အရိုးခြောက်၏ အသိစိတ်မှာ သူဟုတ်မနေတော့ပါ။
သို့ရာတွင် ယခုအချိန်၌ သူသည် မူလပျက်စီးခြင်း စိတ်ဝိဉာဉ်အရိုးကို ပိုင်ဆိုင်ထားပြီးဖြစ်သည်။ သူ၏ သိုင်းအဆင့်က မည်ကဲ့သို့ ရပ်တန့်နေနိုင်တော့မည်နည်း။
ဤသည်မှာ အလွန်ကြောက်စရာ ကောင်းလှသည့် ပါရမီဖြစ်၏။ အထူးသဖြင့် ဒဏ်ရာရရှိပါက လျှင်မြန်စွာ ပြန်လည် ကောင်းမွန်နိုင်ပါသည်။ သူ့သာ တစ်ချက်တည်းနှင့် အသတ်မခံရပါက ဒဏ်ရာမှာ မည်မျှပင် ပြင်းထန်စေကာမူ သေဆုံးသွားမည် မဟုတ်ပေ။
သူ၏ အင်မော်တယ် စိတ်ဝိဉာဉ်အရိုး၏ စွမ်းအားကြီးမားသည့် အားဖြည့်မှုနှင့် ဒဏ်ရာများ လျှင်မြန်စွာ ပြန်လည်ကောင်းမွန်နိုင်ပါသည်။
'ငါ့ရဲ့ခွန်အားက ထပ်ပြီးတော့ သန်မာလာပြန်ပြီ..'
လီရွှမ်သည် သူ၏စိတ်လှုပ်ရှားမှုတို့ကို ထိန်းချုပ်နိုင်စွမ်း မရှိအောင် ဖြစ်နေ၏။
'ငါ့ရဲ့ မူလအင်မော်တယ် စိတ်ဝိဉာဉ်အရိုးနဲ့ နဂါးစိတ်ဝိဉာဉ်ခန္ဓာကို ပေါင်းလိုက်ရင် အဲ့ဒီ့ပါရမီနဲ့ ဒီလောကမှာရှိတဲ့ သိုင်းပညာစနစ်ကိုပဲ ကျင့်ကြံရင်တောင် ထိပ်တန်းမှာရှိတဲ့ ပါရမီရှင်တစ်ယောက်အဖြစ် တည်ရှိနိုင်ဦးမှာ..'
လီရွှမ်က စိတ်လှုပ်ရှားစွာ သက်ပြင်းချသည်။ သူ့အနေနှင့် သိုင်းစနစ်ကို ဆက်လက် တီထွင်နိုင်ခြင်း မရှိတော့လျှင်တောင် ဒီမကောင်းဆိုးဝါးဆန်သည့် ပါရမီနှင့် ဒီလောက၏ သိုင်းပညာစနစ်ကို ကျင့်ကြံခြင်းဖြင့် အဆင့်တူများအကြားတွင် ပြိုင်ဘက်ကင်းနိုင်ဆဲ ရှိသည်။
'ငါ့ရဲ့ လက်ရှိအခြေခံနဲ့ စစ်ဘုရင်အဆင့်ရဲ့အထက်က သိုင်းသမားတစ်ယောက်ကို ကြုံတွေ့ရရင်တောင် သတ်ဖြတ်နိုင်လောက်တယ်မလား..'
သူ၏တပည့်များသာ ကြိုးစားကျင့်ကြံနေသ၍ သူက လှဲနေရင်းနှင့် အနှိုင်းမဲ့လာမှာ ဖြစ်သည်။
'အခုဆိုရင် သိုင်းပညာစနစ် ၃ခုကို ငါတီထွင်ပြီးနေပြီ။ အခြေခံ၃ခုကို အုတ်မြစ်ချပြီး နေပြီ။ နောက်ထပ် ဘာကို တီထွင်ရမလဲ..'
လီရွှမ်သည် ချက်ချင်းပင် အတွေးနက်သွားသည်။ စတုတ္ထမြောက် တပည့်အတွက် မည်သည့် သိုင်းပညာစနစ်ကို တီထွင်သင့်သနည်း။
'ငါအချိန်အချို့ယူပြီး စွန့်ပစ်ဒေသမှာ လှည့်လည်ကြည့်ရမလား။ အဲ့ဒီ့မှာ သင့်တော်တဲ့ တပည့်ကို ရှာမတွေ့ရင် အတွင်းဘက်နယ်မြေမှာ သွားပြီးတော့ သင့်တော်တဲ့ တစ်ယောက်ယောက်များ ရှာတွေ့မလားလို့ သွားကြည့်ရမယ်..'
ဤသည်မှာ လီရွှမ်၏ အတွေးဖြစ်သည်။ သူသည် စတုတ္ထမြောက် သိုင်းပညာစနစ်ကို တီထွင်ပြီးခြင်း မရှိသေးပါ။ အခြေခံစိတ်ကူးအချို့သာ ရှိပြီး လက်တွေ့အကောင်အထည်ဖော်နိုင်မည်လား ဟူသည်မှာ မရေရာစွာ ရှိနေပါသည်။
"ဆရာ... တပည့် အဆင့်ချိုးဖျက်ပြီးပြီ.."
စုလင်းရှုံက သူမ၏ ချီနဲ့သွေးကို ရုတ်သိမ်းကာ စိတ်လှုပ်ရှားစွာဖြင့် ပြေးလာခဲ့၏။ လီရွှမ်၏ ပုခုံးများကို လက်သီးလေးများဖြင့် ထုရင်းက သူမ၏ မျက်နှာက နီရဲနေပါသည်။
ချီနှင့်သွေးအဆင့်သို့ ချိုးဖျက်ပြီးနောက် မူလအဆင့်က ဝေးကွာတော့မည်လား။ လိုအပ်နေသည်မှာ တည်တည်ငြိမ်ငြိမ် ကျင့်ကြံဖို့သာ ရှိပေတော့သည်။
"အခု စတင်ခြင်းအဆင့်ကို ဝင်ရောက်ပြီးပြီဆိုတော့ ငါနင့်ကို သင်ကြားပေးထားတဲ့ ဒန်ဆေးသန့်စင်ခြင်းနဲ့ ဒန်ဆေးလျှို့ဝှက်ကျမ်းကို ပိုပြီးတော့ လေ့လာ။ ပြီးတော့ သွေးကြောမှတ်တွေနဲ့ ရွှေအပ်စိုက်နည်း ပညာရပ်တွေရောပဲ... ဒန်ဆေးသန့်စင်ခြင်း စာအုပ်က အခြေခံပဲ။ ပိုပြီးတော့ နားလည်အောင်ကြိုးစား.."
လီရွှမ်က ခေါင်းငြိမ့်ကာ ပြောသည်။
"ဟုတ်ကဲ့ပါဆရာ တပည့် နားလည်ပါပြီ.."
စုလင်းရှုံက အလွန် စိတ်လှုပ်ရှားနေ၏။
သူမ၏ နုနယ်သည့် လက်ဝါးလေးများကို ဖြန့်ကာ ချီနဲ့သွေးစွမ်းအားက ထွက်ပေါ်လာပြီး တဖြေးဖြေးနှင့် မီးတောက်အသွင် စုစည်းလာခဲ့သည်။ ဤသည်မှာ ချီနှင့်သွေးအား ဒန်ဆေးသန့်စင်ခြင်း မီးအဖြစ် ပြောင်းလဲခြင်းဖြစ်၏။
ထိုပုံကို တွေ့ရပြီးနောက် လီရွှမ်က ကိုယ့်ကိုယ်ကို စဉ်းစားသည်။
"နင့်ရဲ့ ချီနဲ့သွေးအပေါ် ထိန်းချုပ်နိုင်မှုက အရမ်းကို အားနည်းနေသေးတယ်။ အဲ့ဒါရဲ့ ထိန်းချုပ်နိုင်စွမ်းကို ဘယ်လိုမြှင့်တင်ရမလဲဘဆိုတာ ငါသင်ပေးမယ်.."
ရွှီယန်တုန်းက သူ၏ ချီနှင့်သွေးအပေါ် ထိန်းချုပ်မှုကို အသားကင်းခြင်းဖြင့် မြှင့်တင်ခဲ့ပြီး ၁၀၀%ထိန်းချုပ်လာနိုင်ခဲ့၏။ ယခုအချိန်၌ စုလင်းရှုံကို ချီနှင့်သွေးအပေါ် ထိန်းချုပ်မှုအား မည်ကဲ့သို့ မြှင့်တင်ရမည်ဟု သင်ကြားပေးသည်။
သူမ၏ ချီနှင့်သွေးကို မီးအဖြစ်သို့ ပြောင်းလဲရာတွင် ကျွမ်းကျင်မှုအား မြှင့်တင်ကာ ဒန်ဆေးသန့်စင်ခြင်း အတတ်ကို ပြည့်စုံစေ၏။
"ဆရာ... တပည့်သွားပြီးတော့ ကျင့်ကြံတော့မယ်.."
ချီနှင့်သွေးကို ပိုမိုကောင်းမွန်စွာ ထိန်းချုပ်နိုင်သည့် နည်းလမ်းကို ကြားသိပြီးနောက် စုလင်းရှုံက အလွန်စိတ်လှုပ်ရှားနေပြီး သွားရောက်ကျင့်ကြံရန် မစောင့်နိုင်တော့ပေ။
သူမသည် ဆေးပေါင်းအိုးကို မကာ ချီနှင့်သွေးက ၎င်းကို လေထဲတွင် မြှောက်ထား၏။ နောက်ထပ် လက်တစ်ဖက်က ချီနှင့်သွေးကို ဒန်ဆေးသန့်စင်ခြင်း မီးတောက်အဖြစ် ပြောင်းလဲသည်။
ဆေးပေါင်းအိုးကို အပူပေးကာ ချီနှင့်သွေးနှင့် ဒန်ဆေးသန့်စင်ရန် ကြိုးစား၏။ ဆေးပေါင်းအိုး၏ အကူအညီဖြင့် ဒန်ဆေးသန့်စင်ခြင်းအား တတ်မြောက် အပြီးတွင် နောက်တစ်ဆင့်မှာ လက်ဗလာဖြင့် ဒန်ဆေးသန့်စင်ရန် ဖြစ်သည်။
ဤသည်မှာ ဒန်ဆေးသိုင်းပညာစနစ်၏ အဓိကအချက်ဖြစ်ပြီး ဒန်ဆေးသန့်စင်ခြင်း၏ စစ်မှန်သည့် အသွင်အပြင်လည်း ဖြစ်သည်။
'ခုနှစ်စင်ကြယ် အကယ်ဒမီမှာ ရွှီယန် ဘာတွေကို လုပ်နေလဲ မသိဘူး..'
လီရွှမ်က နက်ရှိုင်းစွာ စဉ်းစားရင်းမှ သူ၏ မျက်ခုံးများက ကျုံ့သွားသည်။
ရွှီယန်သည် ခုနှစ်စင်ကြယ်အကယ်ဒမီတွင် သိုင်းပညာ ယှဥ်ပြိုင်မှု ပြုလုပ်ပြီး သိုင်းသခင်များစွာတို့ကို အနိုင်ယူခဲ့၏။ ဤသည်က ခုနှစ်စင်ကြယ်အကယ်ဒမီ၏ ဂုဏ်သိက္ခာကို မထိပါးပေဘူးလား။ တစ်ဖက်က တစ်ခုခု လုပ်လာနိုင်ပါသည်။