← Chapters

သင်၏တပည့် ရွှီယန်သည် စစ်ဘုရင်ကို လက်ဝါးတစ်ချက်ဖြင့် ရိုက်သတ်လိုက်သည်(၂)

Vol. 14 Ch. 204

သင်၏တပည့် ရွှီယန်သည် စစ်ဘုရင်ကို လက်ဝါးတစ်ချက်ဖြင့် ရိုက်သတ်လိုက်သည်(၂)

Vol. 14 Ch. 204

'သူတို့တွေ ဒေါသထွက်ပြီး အရှက်ရလာရင် စစ်ဘုရင်အဆင့်တွေများ ဝင်ပါလာမလား..'

'မဟုတ်လောက်ဘူး... ခုနှစ်စင်ကြယ် အကယ်ဒမီသာ ဂုဏ်သိက္ခာကို ဂရုစိုက်ရင် စစ်ဘုရင်အဆင့်ကို ဝင်ပါခိုင်းမှာ မဟုတ်ဘူး။ ဒါက ခွန်အားအဆင့် ကွာခြားမှုကို အသုံးပြုပြီး လူငယ်တစ်ယောက်ကို အနိုင်ကျင့်တာပဲ။ အနိုင်ရရင်တောင် မျက်နှာပန်းရှုံးမှာ။ တစ်ခုတည်းသော စဉ်းစားစရာရှိတာက သူတို့တွေ အမှောင်ထဲမှာ ဘာအကွက်တွေ ရွှေ့လာမလဲ လို့ပဲ..'

လီရွှမ်က အတွင်းဘက်နယ်မြေသို့ ခေါင်းလှည့်ကြည့်ကာ စဉ်းစားရင်းမှ ခုနှစ်စင်ကြယ် အကယ်ဒမီသို့ပင် သွားရောက်ရမည်လားဟု စိတ်ကူးတစ်ခု ပေါ်လာခဲ့၏။

သူ့အတွက် စစ်ဘုရင်အဆင့် သိုင်းသမားများမှာ ဘားမှမဟုတ်ပေ။ လက်ဝါးချက် တစ်ချက်လောက် ရိုက်ကာ  သတ်လိုက်လို့ရ၏။

စုလင်းရှုံက သူမ၏ ကျင့်ကြံမှုတွင် စတင်ခြင်းအဆင့်သို့ ဝင်ရောက်အပြီး၌ ဒန်ဆေးပညာတွင် သူမကိုယ်သူမ နှစ်မြှုပ်ထားပါသည်။ တဖြည်းဖြည်းနှင့် ဒန်ဆေးကျမ်းအပေါ် နားလည်မှုတို့ ရလာပြီး လေ့ကျင့်မှုပြုကာ သူမ၏ အသိအမြင်များကို တိုးပွားစေသည်။

သူမ၏ ဒန်ဆေးသန့်စင်မှု အတတ်ကလည်း  တိုးတက်လာခဲ့၏။

"သင်၏တပည့် ရွှီယန်သည် သိုင်းပညာဆွေးနွေးမှု့၌  ခုနှစ်စင်ကြယ်အကယ်ဒမီမှ သိုင်းသခင်များ၏ စိတ်ကို လှုပ်ခါစေခဲ့သည်။ သူတို့၏ ယုံကြည်မှုအပေါ်  သံသယဝင်လာစေခဲ့၏။ ရလဒ်အနေနှင့် သင်၏ သိုင်းပညာအပေါ် နားလည်သဘောပေါက်မှုတို့ ကြီးစွာ တိုးမြင့်လာခဲ့သည်။ ယခုအချိန်၌ သင်၏ အသိစိတ်က ရှင်းလင်းကာ နက်နဲ၏.."

ရွှီယန်သည် ခုနှစ်စင်ကြယ်အကယ်ဒမီမှ သိုင်းသခင်များနှင့် သိုင်းပညာအကြောင်းကို ဆွေးနွေးမှုပြုခဲ့ပြီး ထိုလူများ၏ သိုင်းပညာအပေါ် နားလည်သဘောပေါက်မှု ယုံကြည်ချက်များအား လှုပ်ခါစေခဲ့သည်လား။

သူတို့၏ ကိုယ်ပိုင်ကျင့်ကြံမှု စနစ်ကို မေးခွန်းထုတ်မှုတို့ ဖြစ်ပေါ်စေခဲ့သည်လား။

လီရွှမ်သည် စိတ်မချနိုင်စွာ ခံစားလာရသည်။ ဖြစ်နိုင်တာက ဆွေးနွေးမှုအပြီးတွင် ရွှီယန်က တစ်ဖက်လူ၏ သိုင်းပညာကို...

"မင်းတို့အားလုံး ကျင့်ကြံနေတာက အတုအယောင်သိုင်းပညာပဲ။ ငါ့ဟာကမှ အစစ်.." ဟုပြောလိုက်မည်လား။

'ရွှီယန်က အရူးတစ်ယောက်တော့ မဟုတ်ဘူး။ ခုနှစ်စင်ကြယ် အကယ်ဒမီက လူတွေအားလုံးကို အရမ်းကြီး ထိပါးမှာတော့ မဟုတ်လောက်ဘူး။ အထူးသဖြင့် အဲ့ဒီမှာစစ်ဘုရင်အဆင့်တွေ ရှိနေတာကို သူစဉ်းစားမိမှာပဲ..'

ထိုကဲ့သို့ တွေးမိပြီးနောက် လီရွှမ်၏ စိုးရိမ်မှုတို့ အနည်းငယ် ပြေလျော့လာခဲ့သည်။

နောက်တစ်နေ့တွင် သူသည် ရှေးဟောင်း သားရေစာအုပ်ကို လေ့လာရင်းက စိတ်အခြေအနေကို ကျင့်ကြံနေ၏။ ရွှေရောင်အလင်းက ထွက်ပေါ်လာခဲ့ ပြန်သည်။

"သင်၏တပည့် ရွှီယန်သည် အစစ်အမှန်ချီ ခွဲခြမ်းမှုကို အောင်မြင်စွာ ကျင့်ကြံနိုင်ခဲ့ပြီး အစစ်အမှန်ချီ၏ နက်ရှိုင်းသည့် အနှစ်သာရကို နားလည်လာခဲ့သည်။ သင်လည်းပဲ အစစ်အမှန်ချီ၏ နက်ရှိုင်းသည့် အနှစ်သာရကို ဖမ်းဆုပ်လာနိုင်ပြီး သင်၏ အစစ်အမှန်ချီသည် ယခုအချိန်၌ နှလုံးသား၏ စိတ်ဆန္ဒအတိုင်း ပြောင်းလဲနိုင်ပါပြီ.."

ထိုအချိန်၌ လီရွှမ်သည် အစစ်အမှန်ချီ၏ နက်ရှိုင်းသည့် အနှစ်သာရကို ဖမ်းဆုတ်လာနိုင်ခဲ့သည်။ ၎င်း၏ ပြောင်းလဲမှုများကို စိတ်ကြိုက် ထိန်းချုပ်နိုင်ကြောင်းအား နားလည်လာခဲ့၏။

သူက စိတ်ထဲတွင် အံ့သြသွားခဲ့သည်။

'ရွှီယန်က သူ့ရဲ့ အစစ်အမှန်ချီမှာ ခွဲခြားမှုကို အောင်မြင်ပြီး အစစ်အမှန်အနှစ်သာရကို နားလည်သဘောပေါက်ခဲ့တာလား။ သူက တကယ့်ကို ငါ့သိုင်းပညာစနစ်ရဲ့ ရှေ့ဆောင်တစ်ယောက်ပဲ။ ဆရာတစ်ယောက်အနေနဲ့ အရမ်းကို ကျေနပ်မိတယ်..'

လီရွှမ်က စိတ်အားထက်သန်လာခဲ့၏။ ယခုအချိန်၌ အစစ်အမှန်ချီ၏ နက်ရှိုင်းသည့် အနှစ်သာရကို နားလည်သဘောပေါက်လာပြီး ဖြစ်ရာ ရွှီယန်အနေနှင့် ထုံးရွှမ်အဆင့်၏ ကျင့်စဉ်ကို နားလည်သဘောပေါက်ရန်မှာ ဝေးကွာမည် မဟုတ်တော့ပါ။

လီရွှမ်က သူ၏ လက်ချောင်းထိပ်တွင် ချီစတစ်ခုကို ထုတ်ဖော်လိုက်၏။ သူ၏ ထိန်းချုပ်မှုအောက်တွင် ထိုအစစ်အမှန်ချီသည် သစ်ပင်တစ်ခု၏ ပုံသဏ္ဍာန်အတိုင်း ဖြစ်လာခဲ့သည်။ ထို့နောက် ကြောင်တစ်ကောင်၏ ပုံသဏ္ဍာန်အတိုင်း ဖြစ်လာခဲ့သည်။

'ငါအစစ်အမှန်ချီရဲ့ နက်ရှိုင်းတဲ့ အနှစ်သာရကို  နားလည်လာခဲ့ပြီ။ စိတ်ဆန္ဒအတိုင်း ပြောင်းလဲနိုင်လာပြီ။ ငါ့ရဲ့ခွန်အားက ထပ်ပြီးတော့ တိုးမြင့်လာခဲ့ပြန်ပြီ..'

ယခုအချိန်၌ ရွှီယန်၏ အဆင့်အမှန်ချီနှင့် ၎င်း၏ နက်ရှိုင်းသည့် အနှစ်သာရအပေါ် နားလည်သဘောပေါက်မှုက ကြီးစွာ မြင့်တက်လာခဲ့သည်။

ထို့ကြောင့် တစ်ဖက်လူ၏ ခွန်အားက မြင့်တက်လာမှာဖြစ်သလို လီရွှမ်၏ ခွန်အားမှာလည်း မြင့်တက်လာခဲ့၏။

၃ရက်ကြာပြီးနောက် ရွှေရောင်အလင်းက ထပ်မံပေါ်လာခဲ့ ပြန်သည်။

"သင်၏တပည့် ရွှီယန်သည် အဆင့်ချိုးဖျက်ကာ မူလအဆင့်၏ အကြီးစားကျွမ်းကျင်မှုသို့ ရောက်ရှိသွားခဲ့သည်။ သင်၏ ခွန်အားသည် ကြီးစွာမြင့်တက်လာပြီး ထုံးရွှမ်အဆင့်နှင့် ထိတွေ့လာခဲ့သည်.."

လီရွှမ်သည် သူ၏ အစစ်အမှန်ချီတို့ မြင့်တက်လာကြောင်းကို ခံစားလိုက်ရ၏။ အရင်ကထက် ပိုမို သန်မာကာ သန့်စင်လာပါပြီ။  ထုံးရွှမ်အဆင့်၏ အနှစ်သာရအချို့ကိုပင် ရေးတေးတေး ခံစားရ၏။

'ရွှီယန်.. မူလအဆင့်ရဲ့ အထွတ်အထိပ်ကို ချိုးဖျက်ပြီး အစစ်အမှန်ချီရဲ့ အနှစ်သာရကိုလည်း နားလည်လာခဲ့တယ်။ သူ့ရဲ့ လက်ရှိခွန်အားနဲ့ စစ်ဘုရင်တစ်ယောက်ကိုတောင် သတ်ဖြတ်နိုင်လောက်တယ်..'

စွမ်းအားကြီးမားသည့် စစ်ဘုရင်များနှင့် ကြုံတွေ့ရလျှင်တောင် တစ်ဖက်လူကို အနိုင်ယူနိုင်ခြင်း မရှိပါက အနည်းဆုံးတော့ ကိုယ့်ကိုယ်ကို ကာကွယ်ရန်လုံလောက်၏။

ရုတ်တရက် ရွှေရောင်အလင်းက ထွက်ပေါ်လာခဲ့ပြန်သည်။

"သင်၏တပည့် မုန့်ချုံသည် စစ်ဘုရင်တစ်ယောက်၏ လိုက်လံသတ်ဖြတ်ခြင်းကို ခံခဲ့ရပြီး ထွက်ပြေးစဉ်အတွင်းတွင် သူ၏ ခန္ဓာကိုယ်လှုပ်ရှားမှု အတတ် အဆင့် မြင့်တက်လာခဲ့သည်။ သင်၏ ထိုလှုပ်ရှားမှု အတတ်အား အသုံးပြုနိုင်စွမ်း မြင့်တက်လာခဲ့သည်.."

"ချီး.."

'စစ်ဘုရင်တစ်ယောက်ရဲ့ လိုက်သတ်တာကို ခံရတာ ရွှီယန် မဟုတ်ဘူး။ မုန့်ချုံ ဖြစ်နေတာပဲ။ ဒီလောကမှာ ဘာတွေ ဖြစ်ပျက်နေတာလဲ..'

'ငါ့ရဲ့ ဒီတပည့်နှစ်ယောက်က စွမ်းအားကြီးတဲ့ လူတွေနဲ့ပဲ ပြဿနာလုပ်တာလား..'

လီရွှမ်ဟာ နှလုံးသားထဲတွင် သက်ပြင်းချမိသည်။ သူတို့၏ အတွင်းဘက်နယ်မြေသို့ ခရီးစဉ်မှာ သိုင်းသခင်များကို သတ်ဖြတ်ခြင်း သို့မဟုတ် တစ်ဝက်တစ်ပြက်အဆင့် စစ်ဘုရင်များကို သတ်ဖြတ်ခြင်းသာ ပြည့်နှက်နေခဲ့၏။

ယခုအချိန်၌ စစ်ဘုရင်များနှင့်ပါ ထိပ်တိုက် တွေ့ဆုံနေလေပြီ။

'မုန့်ချုံက ပြေးရင်းနဲ့ အဆင့်ချိုးဖျက်နိုင်တယ်ဆိုတော့ သူ့ရဲ့မြန်နှုန်းက မြင့်တက်လာမှာပဲ။ စစ်ဘုရင်လိုက်ဖမ်းတာကို ခံရမှာ မဟုတ်လောက်ပါဘူး..'

လီရွှမ်က သူ၏စိတ်ထဲတွင် အခြေအနေကို ကြိုးစားကာ တွေးဆ၏။

၃ရက်ကြာအပြီးတွင်... 

"သင်၏တပည့် ရွှီယန်သည် စစ်ဘုရင်အဆင့် တစ်ယောက်ကို လက်ဝါးတစ်ချက်ဖြင့် ရိုက်သတ်လိုက်သည်။ ခုနှစ်စင်ကြယ်အကယ်ဒမီ တစ်ခုလုံးကို ထိတ်လန့်သွားစေခဲ့၏။ သင်၏ တစ်ချက်သတ် တိုက်ကွက် သိုင်းပညာ ဒီဗိုင်းအတတ်၏ အတွေ့အကြုံတို့ တိုးမြင့်လာခဲ့သည်.."

လီရွှမ် "..."

ရွှီယန်သည် မကြာသေးခင်ကမှ အဆင့်ချိုးဖျက်ရသေးသည်။ ယခုအချိန်၌ စစ်ဘုရင်တစ်ယောက်ကို သတ်ဖြတ်ပြီးနေပြီလား။

သူ အတွင်းဘက်နယ်မြေဆီသို့ ခေါင်းမော့ကြည့်မိသည်။ နှလုံးသားက မျှော်လင့်မှုတို့ဖြင့် ခုန်လာခဲ့၏။ သူ့လည်းပဲ အတွင်းဘက်နယ်မြေသို့ သွားရောက်လိုပါသည်။

နောက်တစ်နေ့တွင် ရွှေလက်ချောင်းမှ နောက်ထပ်  တန်ပြန်အကျိုးပြုမှု တစ်ခု ပေါ်လာခဲ့သည်။

"သင်၏တပည့် မုန့်ချုံသည် စစ်ဘုရင်တစ်ယောက်၏ လိုက်လံသတ်ဖြတ်ခြင်းကို ခံရရင်းနှင့် ကြီးမြတ်သောနေ ရွှေခန္ဓာ၏ အသေးစားကျွမ်းကျင်မှု အဆင့်သို့ ချိုးဖျက်သွားသည်။ သင်၏ ကြီးမြတ်သောနေ ရွှေခန္ဓာ(မူလအဆင့်)က ပြီးပြည့်စုံခြင်းအဆင့်သို့ ရောက်ရှိသွားသည်.."

လီရွှမ်သည် မသက်မသာ ခံစားလိုက်ရသည်။ မုန့်ချုံက ယခုထက်ထိ လိုက်လံခြင်း ခံရနေတုန်းလား။ သို့ရာတွင် အဆင့်ချိုးဖျက်မှုတို့ ကြုံတွေ့လာရာ ကြည့်ရတာ အရမ်းကြီး အန္တရာယ်မများသည့်ပုံ ရှိသည်။

'ငါတပည့်နှစ်ယောက် အတွင်းဘက်နယ်မြေမှာ ဘာတွေများ လုပ်နေတာပါလိမ့်..'

လီရွှမ်မှာ လုံးဝကို ထုံထိုင်းနေပါပြီ။ သူတို့သည် သိုင်းသခင်များကို သတ်ဖြတ်ခြင်း သို့မဟုတ် စစ်ဘုရင်၏ လိုက်လံခြင်းကိုသာ ခံနေရ၏။

ရွှီယန်ဆိုလျှင် စစ်ဘုရင်ကိုပင် သတ်ဖြတ်နေပါပြီ။

'ဟိုလူတွေပြောတော့ အတွင်းဘက်နယ်မြေမှာ သိုင်းသခင်တွေက ထိပ်တန်းအဆင့်မှာရှိပြီး စစ်ဘုရင်တွေက အတွင်းဘက်နယ်မြေရဲ့ အထွတ်အထိပ် ပုဂ္ဂိုလ်တွေပဲတဲ့။ အခု အချိန်ဘယ်လောက် ကြာသေးလို့လဲ။ စစ်ဘုရင်အဆင့်တွေ ပေါ်လာပြီး တစ်ယောက်ဆိုရင် အသတ်တောင်ခံရပြီး နေပြီ..'

လီရွှမ်အနေနှင့် သံသယပင်ဝင်မိသည်။ ရွှီယန်သည် စစ်ဘုရင်တစ်ယောက်ကို မဟုတ်ဘဲ သိုင်းသခင်တစ်ယောက်ကို သတ်ဖြတ်ခြင်း မဟုတ်ပေဘူးလား။

လက်ဝါးတစ်ချက်နှင့် စစ်ဘုရင်တစ်ယောက်ကို သတ်ဖြတ်ခြင်းက လွန်ကျူးသွားပါပြီ။

'မုန့်ချုံက ဘယ်လိုလုပ်ပြီး စစ်ဘုရင်တစ်ယောက်ကို သွားပြီး ထိပါးခဲ့တာလဲ။ ဒီလောက် သေအောင်လိုက်နေတာ လွတ်နိုင်မလား ဆိုတာတောင်မှ မသေချာဘူး..'

လီရွှမ်က နှလုံးသားထဲတွင် သက်ပြင်းချသည်။ အတွင်းဘက်နယ်မြေသည် အလွန်ကျယ်ပြောလှပြီး သူ့အနေနှင့် အကူအညီ ပေးလိုလျှင်တောင် မည်သည့်နေရာမှ စတင်ရမည်အား သိရှိခြင်း မရှိပေ။

'လိုက်သတ်ခံနေရတဲ့ အချိန်အတွင်းမှာ အဆင့်ချိုးဖျက်နိုင်တယ်ဆိုတော့ မုန့်ချုံမှာ အန္တရာယ်အများကြီးတော့ မရှိလောက်ဘူး။ ရွှီယန်သတင်းရရင် သူသွားပြီးတော့ အမြန် ကူညီမှာပဲ..'

ရွှီယန်သည် စစ်ဘုရင်တစ်ယောက်ကို လက်ဝါးတစ်ချက်ဖြင့် သတ်ဖြတ်နိုင်နေပြီးဖြစ်၏။ မုန့်ချုံကို  လိုက်လံသတ်ဖြတ်နေသည့် လူမှာ အချိန်အတော်ကြာသည့်တိုင်အောင် ယခုထက်ထိ မဖမ်းမိသေးပေ။ ကြည့်ရသည်မှာ အများကြီး သန်မာခြင်း မရှိသည့်ပုံ ရှိ၏။

........

အတွင်းဘက်နယ်မြေတွင်... ဝတ်စုံနက်ကို လွှတ်လိုက်ပြီးနောက် ရွှီယန်ဟာ နောက်မှ တိတ်ဆိတ်စွာ လိုက်သွားခဲ့၏။

ဝတ်စုံနက်သည် အလွန်သတိကြီးလှပြီး  နောက်ယောင်ခံ အလိုက်ခံရမည်အား ကြောက်ရွံ့နေသည့်ပုံ ရှိ၏။

လျှို့ဝှက်စွာဖြင့် ရွေ့လျားရင်းက အကြိမ်ကြိမ် စမ်းသပ်မှုများကို ပြုလုပ်ခဲ့၏။ မည်သူမှ လိုက်မလာကြောင်း အတည်ပြုမိမှသာလျှင် သူ၏ စခန်းဆီသို့ ပြန်ခဲ့သည်။

ရွှီယန်ကို အံ့သြစေသည်ကား ဝတ်စုံနက်နှင့် လူက  ကြယ်တစ်ထောင်ကန်ဆီသို့ ပြန်ခဲ့ခြင်း ဖြစ်၏။

'ဖြစ်နိုင်တာက... သူက ဝူရွှမ်းစံအိမ်က သိုင်းသခင်တစ်ယောက်များလား။ ဂျူနီယာညီမလေးကို ဒုက္ခလိုက်ပေးနေတဲ့ နောက်ကွယ်က ရန်သူက ဝူရွှမ်းစံအိမ်များလား..'

ရွှီယန်၏ မျက်ခုံးများက ကျုံ့သွားသည်။ ဝူရွှမ်းစံအိမ်မှ မန်နေဂျာကို တွေးမိလိုက်၏။ တစ်ဖက်လူကို ကြည့်ရသည်မှာ အခြား လူတစ်ယောက်အစား ဆုကြေးကို ကြေငြာပေးသည့်ပုံ ရှိသည်။ နောက်ကွယ်မှာ ကြိုးကိုင်နေသည့်ဟန် မဟုတ်ပေ။

ဝတ်စုံနက်တို့၏ စိတ်ဓာတ်မမှန်မှုကို တွေ့ရပြီးနောက် သူ့ကိုလည်း နှုတ်ပိတ်ခံရခြင်း မရှိစေရန် သတိပေးခဲ့သေးလေသည်။

'ဝူရွှမ်းစံအိမ်က သိုင်းသခင်မဟုတ်ရင်တောင် သူ့ဆီမှာ ဝူရွှမ်းစံအိမ်က စွမ်းအားကြီးပုဂ္ဂိုလ် တစ်ယောက်ယောက်နဲ့ အဆက်အသွယ် ရှိလောက်တယ်..'

ရွှီယန်က ထိုကဲ့သို့ စဉ်းစားသည်။ ဝတ်စုံနက်က ကြယ်တစ်ထောင်ကန်အတွင်းသို့ ဝင်ရောက်ပြီးနောက် သက်ဆိုင်ရာ လားရာတစ်ခုစီသို့ ရွေ့လျားသွား၏။

သူ၏ မြင်ကွင်းအတွင်းတွင် ကန်၏အလယ်၌ ကျွန်းတစ်ခု ပေါ်လာခဲ့သည်။ များပြားလှသည့် အစိမ်းရောင်အပင်များအကြားတွင် ခြံဝန်းတစ်ခု ပေါ်လာခဲ့၏။

'ဒါက သူတို့ရဲ့ စခန်းလား..'

ရွှီယန်က ခဏတာ အံ့သြသွားသည်။ ထို့နောက် ချက်ချင်းပင် ထိုခန့်မှန်းချက်ကို ဖယ်ရှားလိုက်၏။

'ဒါက သူတို့ရဲ့ အကိုင်းအခက်တစ်ခုပဲ ဖြစ်လိမ့်မယ်..'

ဝတ်စုံနက်က ကျွန်းပေါ်သို့ ဝင်ရောက်ပြီးနောက် ခြံဝန်းထဲမှ အသံတစ်ခု ထွက်ပေါ်လာ၏။

"၂၇...လူကို ဖမ်းဆီးပြီးပြီလား.."

"သူငါ့ကို လှည့်ဖြားခဲ့တာ ၂၅တောင် အသတ်ခံခဲ့ရတယ်.."

ဝတ်စုံနက်က ဒေါသတကြီးပြောသည်။

"ဘာ... ဘယ်သူလုပ်တာလဲ.."

ခြံဝန်းထဲမှ ဒေါသထွက်သည့် အသံတစ်ခု ထွက်ပေါ်လာ၏။ ရွှီယန်က ဖြေညှင်းစွာ ချဉ်းကပ်သွားပြီး သူ၏နှလုံးသားက စိတ်လှုပ်ရှားမှုဖြင့် အခုန်မြန်လာခဲ့သည်။

'ဒီလူတွေက အရမ်းကို ချမ်းသာလောက်တယ် မလား... စိတ်ဝိဉာဉ်ပုံဆောင်ခဲ ၁၀၀၀၀၀ကိုတောင်  အသာလေး ထုတ်ပေးခဲ့တယ်။ ဒီကိုင်းခွဲမှာ ရတနာတွေ သိုလှောင်ထားရမယ်..'

သူသည် ဂျူနီယာညီမလေးအတွက် ရန်သူများကို  သတ်ဖြတ်ပေးမည်သာမက ချမ်းသာကြွယ်ဝမှုတို့လည်း ရပေတော့မည်။ ယခုကဲ့သို့ အမြတ်ရလှသည့် စွန့်စားမှုမျိုးကို မည်သည့်နေရာက ရှာဖွေနိုင်မည်နည်း။

သူက အနီးသို့  ရွေ့လျားသွားရင်းမှ သတိကြီးစွာ စဉ်းစားသည်။ ကျွန်းပေါ်တွင် စစ်ဘုရင်တစ်ယောက်သာ ရှိပါက  ပြန်လည်ဆုတ်ခွာမှာ ဖြစ်၏။ သူ၏ ခွန်အားတို့ မြင့်တက်လာမှသာ ဒီနေရာကို လာရောက်သုတ်သင်မည်ဖြစ်သည်။

"ဘယ်သူလဲ.."

ရုတ်တရက် အော်သံတစ်ခု ထွက်ပေါ်လာ၏။

"ဘုန်း.."

ထည်ဝါသည့် အရှိန်အဝါက မြင့်တက်လာပြီး ပုံရိပ်ယောင်၅ခုတို့ ခြံဝန်းအတွင်းမှ ပျံသန်းထွက်လာခဲ့သည်။

သူလွှတ်ပေးလိုက်သည့် ဝတ်စုံနက်နှင့် ပေါင်းပါက  စုစုပေါင်း သိုင်းသခင် ၃ယောက်ရှိ၏။ ကျန်နှစ်ယောက်မှာတော့ အံ့သြစရာကောင်းလောက်အောင် တစ်ဝက်တစ်ပြက် စစ်ဘုရင်များဖြစ်ကြသည်။

စစ်ဘုရင်အဆင့်တော့ မရှိပေ။ ရွှီယန်က ချက်ချင်းပင်ပြုံး၏။

"ဒီကပုဂ္ဂိုလ်တို့... မင်းတို့တွေ ပိုက်ဆံကို ရွေးမှာလား။ အသက်ကို ရွေးမှာလား။ အသက်ကို ရွေးမယ်ဆိုရင်တော့ မင်းတို့ရဲ့ စိတ်ဝိဉာဉ်ပုံဆောင်ခဲတွေနဲ့  စိတ်ဝိဉာဉ်ဆေးပင်တွေကို ငါ့ကိုပေး.."

ပြန်ပြေးလာခဲ့သည့် ဝတ်စုံနက်က ထိတ်လန့်သလို ဒေါသလည်း ထွက်သွားသည်။ တစ်ဖက်လူသည် သူ့ကို သတိထားမိစေခြင်း မရှိဘဲ နောက်မှ လိုက်လာခဲ့သည်လား။

"သူပဲ...၂၅ကို သူသတ်လိုက်တာ.."

ထိုသူက အော်လိုက်ပြီးနောက် အရှိန်အဝါတို့ ပေါက်ကွဲထွက်လာခဲ့သည်။

"အတူတူ တိုက်ပြီးတော့ သတ်ကြ.." ချက်ချင်းပင် ရှေ့သို့ပြေးတက်လာ၏။

"ဝေါင်း.."

ရွှီယန်က လက်ဝါးတစ်ချက်ကို ရိုက်ထုတ်လိုက်၏။

ရွှေရောင်နဂါးကြီးက မာန်ဖီကာ ၂၇၏စိတ်ကို လှုပ်ခါသွားစေသည်။ သူက ချက်ချင်းပင် ကြောင်တောင်သွားပြီး ကျယ်လောင်သော ပေါက်ကွဲသံတစ်ခု ထွက်လာကာ နေရာမှာတင်  ပေါက်ကွဲထွက်သွားခဲ့၏။

အလောင်းက အရပ်မျက်နှာ အားလုံးတို့ဆီသို့ ကွဲထွက်သွားသည်။ ရွှေရောင်နဂါးကြီးက လှည့်လည်နေရင်းမှ သူ၏အမြှီးဖြင့် ခါရမ်းလိုက်သည်။

ချက်ချင်းပင် အလောင်း အပိုင်းအစများကို ပြာအဖြစ် ပြောင်းလဲသွား‌ေစ၏။ ကျန်ရှိသည့် ၄ယောက်တို့က မှင်သက်နေကြသည်။ သူတို့အားလုံးဟာ ၂၇အနေနှင့် ကိုင်တွယ်နိုင်ခြင်း မရှိလျှင်တောင် သူတို့အတွက် ဝင်ရောက်ကူညီရန် အခွင့်အရေး ရှိနေဦးမည်ဟု တွေးထားခဲ့၏။

သို့ပေမယ့် တစ်ချက်ကြည့်လိုက်သည်နှင့် ၂၇မှာ သေဆုံးခဲ့ပြီး ဖြစ်နေလေသည်။

"မင်းက သေချင်နေတာပဲ.."

တစ်ဝက်တစ်ပြက် စစ်ဘုရင် နှစ်ယောက်တို့သည် ဒေါသတကြီး ဖြစ်သွားပြီး ချက်ချင်းပင် ရှေ့တက်လာကြသည်။ အခြား သိုင်းသခင်နှစ်ယောက်တို့လည်း အလွန်ဒေါသ ထွက်သွားကြ၏။

၂၇က သူတို့ကို ပုန်းအောင်းတိုက်ခိုက်ရန် ပြောလိုက်ရုံသာ ရှိပါသေးသည်။ ထို့ကြောင့် သူတို့အနေနှင့် ကြည့်နေတုန်းသာ ရှိသေးပြီး တိုက်ခိုက်မှုကို ချက်ချင်း ဝင်ရောက်မှု မပြုခဲ့ပါ။

ရလဒ်အနေနှင့် ၂၇မှာ တစ်ချက်တည်းနှင့် အသတ်ခံခဲ့ရ၏။ ဆုံးရှုံးမှုနဲ့ ဒေါသတို့ ရောစပ်နေရင်းမှ သူတို့ဘက်တွင် တစ်ဝက်တစ်ပြက် စစ်ဘုရင်နှစ်ယောက်ရှိကြောင်းအား နားလည်လိုက်သည်။

ရန်သူတစ်ယောက်တည်းကို ရင်ဆိုင်ရရန်မှာ  ကြောက်စရာ လိုခြင်းမရှိပါ။ ထို့ကြောင့် သိုင်းသခင်နှစ်ယောက်တို့လည်း ပြေးဝင်တိုက်ခိုက်ကြ၏။

ဓားအလင်းတစ်ချက်နှင့်အတူ ရှည်လျားသည့် ဓားရှည်က ဓားအိမ်မှ ထွက်လာခဲ့သည်။ ရွှီယန်သည် တစ်ဝက်တစ်ပြက် စစ်ဘုရင်နှစ်ယောက်တို့ကို ရင်ဆိုင်ရရာ၌ သတိလစ်ဟင်းရဲခြင်း လုံးဝ မရှိပါ။

တောင်နှင့်မြစ်ဓားဆန္ဒက ထွက်ပေါ်လာခဲ့၏။ ဓားအလင်းများက ကျယ်ပြောကာ တစ်ခုနှင့်တစ်ခု  ထပ်ဆင့်နေပါသည်။

ဓားဆန္ဒ၏ ဦးဆောင်မှုအောက်တွင် သတ်ဖြတ်ခြင်း အငွေ့အသက်တို့ အရပ်မျက်နှာ အားလုံးတို့ဆီသို့ ပျံ့နှံ့သွား၏။

All Chapters