← Chapters

စစ်ဘုရင်၏ရှေ့တွင် သတ်ဖြတ်ခြင်း

Vol. 14 Ch. 205

စစ်ဘုရင်၏ရှေ့တွင် သတ်ဖြတ်ခြင်း

Vol. 14 Ch. 205

တဝက်တစ်ပြက် စစ်ဘုရင်နှစ်ယောက်နှင့် အကြီးစား ကျွမ်းကျင်မှု အဆင့်ရှိ သိုင်းသခင် နှစ်ယောက်တို့က ဘက်ပေါင်းစုံမှ တိုက်ခိုက်လာကြသည်။

သို့ပေမယ့် ရွှီယန်သည် အကြောက်တရားကင်းမဲ့စွာ ရှိနေ၏။ လေထဲတွင် ဓားဆန္ဒကို ပြင်းထန်စွာ ထုတ်ဖော်ထားရင်း သူ၏ တောက်ပသည့် ဓားပညာကို ပြသနေပါသည်။

တိုက်ပွဲပြင်ပေါ်တွင် သေခြင်း၏ အငွေ့အသက်များက လွှမ်းခြုံနေ၏။

"ဘုန်း.."

တစ်ဝက်တစ်ပြက် စစ်ဘုရင်နှစ်ယောက်တို့၏ မျက်နှာများက လေးနက်သွားကြသည်။ ဒီလူသည် အလွန်စွမ်းအားကြီးလှပြီး အထင်သေးလို့ မရပေ။

ကြီးမားသည့် ဖိအားက ထွက်ပေါ်လာပြီး ကောင်းကင်၏ စွမ်းအားကဲ့သို့ အားတစ်ခုက သက်ဆင်းလာခဲ့သည်။

ထိုအားမှာ အမှန်တကယ်ကို စစ်ဘုရင်များသာ ပိုင်ဆိုင်နိုင်သည့် စွမ်းအားဖြစ်၏။

သို့ပေမယ့် တစ်ဖက်ရန်သူသည် တစ်ဝက်တစ်ပြက် စစ်ဘုရင်များသာ ဖြစ်ရာ များစွာပိုမို အားနည်းလှပါသည်။ ထိုသို့ဆိုလျှင်တောင် မည်သည့် သိုင်းသခင်အဆင့် သိုင်းသမားများအတွက် မဆို ဤသည်မှာ ကြီးမားလှသည့် စိန်ခေါ်မှုတစ်ခု ဖြစ်နေဆဲ ရှိ၏။

"ထင်.."

ရွှီယန်၏ ဓားအလင်းက လှိုင်းထလာပြီး ပုံရိပ်ယောင်မြင်ကွင်းများက မတည်မငြိမ်ဖြစ်ကာ အချိန်မရွေး ပြိုလဲသွားတော့မည့်ပုံ ရှိသည်။ နောက်သို့ ဆုတ်ခွာရင်းက ဆက်လက် တောင့်ခံနိုင်ခြင်း မရှိစွာ ဖြစ်လာခဲ့၏။ ကြီးမားသည့် အားနည်းချက်တစ်ခု ပေါ်လာခဲ့သည်။

အခွင့်အရေးက ရောက်လာခဲ့လေပြီ။ သိုင်းသခင်အဆင့် သိုင်းသမားနှစ်ယောက်တို့၏ မျက်လုံးများထဲ၌ ရက်စက်ကြမ်းကြုတ်သည့် အရိပ်အယောင်တို့ ဖြတ်သန်းသွား၏။

သိုင်းသခင်များ၏ အရှိန်အဝါကို အဆုံးစွန်အထိ  ပေါက်ကွဲထွက်စေလိုက်သည်။

ထိုအချိန်၌ပင်

"ဝေါင်း.."

နဂါးဟိန်းသံတစ်ခု ပဲ့တင်ထပ်လာခဲ့၏။

ရွှီယန်က ဘယ်ဘက်လက်ကို ဝှေ့ရမ်းကာ ကြီးမားသော ရွှေရောင်နဂါးကြီးနှစ်ကောင်ကို ထုတ်လွှတ်ပြီး သိုင်းသခင်နှစ်ယောက်တို့ဆီသို့ ချိန်ရွယ်လိုက်သည်။

"သတိထားကြ.."

တစ်ဝက်တစ်ပြက် စစ်ဘုရင်နှစ်ယောက်တို့၏ ပုံစံများက ကြီးစွာ ပြောင်းလဲသွားကြသည်။ သူတို့နှင့် တိုက်ခိုက်နေရင်းနှင့်ပင် တစ်ဖက်လူသည် အားနည်းချင်ယောင်ဟန်ဆောင်ကာ ရန်သူကို မျှားခေါ်လိုသည့် ပရိယာယ်တို့ စဉ်းစားနိုင်သေးသည်လား။

"သေလိုက်တော့.."

ဓားရှည်ကို ကိုင်ဆောင်ထားသည့် တစ်ဝက်တစ်ပြက် စစ်ဘုရင်၏ လက်များ၌ အေးစက်သည့် အလင်းတစ်ခု လက်သွားသည်။ ကြမ်းကြုတ်စွာ ပြေးသွားရင်းက သိုင်းသခင်နှစ်ယောက်တို့ကို ကယ်တင်ရန် ကြိုးစား၏။

သို့ရာတွင် ကြောက်စရာကောင်းသည့် နဂါးဟိန်းသံတွင် လူအားလုံးကို ဝပ်တွားသွားစေသည့် စွမ်းအားတစ်ခု ကိန်းအောင်းနေသည့်ပုံ ရှိသည်။ အသံလှိုင်းက သိုင်းသခင်နှစ်ယောက်ဆီသို့ ပြေးဝင်သွားပြီး ခန္ဓာကိုယ်များကို လှုပ်ခါသွားစေ၏။

"မကောင်းတော့ဘူး.."

သူတို့၏ နှလုံးသားများက လေးလံသွားပြီး တစ်ခုခုမှားယွင်းနေကြောင်းကို နားလည်လိုက်ကြသည်။

ကျင့်ကြံထားသည့် အတတ်ပညာများကို အသဲအသန် ထုတ်လွှတ်ကာ နဂါး၏ လွှမ်းမိုးမှုမှ လွတ်မြောက်ချင်နေ၏။

သို့ပေမယ့် ဤသည်မှာ အလွန် နောက်ကျလွန်းနေပါပြီ။

"ဘုန်း.."

ရွှေရောင်နဂါးက ရောက်ရှိလာပြီးနောက် ချက်ချင်းပင် ပေါက်ကွဲထွက်သွားသည်။ သူတို့ကို ပြာများအဖြစ်သို့ ပြောင်းလဲလိုက်၏။

"ဘုန်း.."

တစ်ချိန်တည်းတွင် တစ်ဝက်တစ်ပြက် စစ်ဘုရင်နှစ်ယောက်တို့၏ ကြမ်းကြုတ်သည့် တိုက်ခိုက်မှုများက ရွှီယန်၏ ဓားဆန္ဒကို ဖျက်ဆီးသွားရာ ရွှီယန်ကို နောက်သို့ဆုတ်ကာ ရှောင်ထွက်သွားရစေ၏။

တိုက်ပွဲအတွင်းတွင် သူသည် စိတ်ဝိဉာဉ်ပုံဆောင်ခဲများကို ကောက်ယူရန်ပင် အချိန်မရပါ။ ဝတ်စုံနက်နှစ်ယောက်၏ အလောင်းများမှ ကျဆင်းလာသည့်  စိတ်ဝိဉာဉ်ပုံဆောင်ခဲများသည် ကန်အတွင်းသို့ ရောက်ရှိသွား၏။

သိုင်းသခင်နှစ်ယောက်ကို သတ်ဖြတ်ပြီးနောက် ရွှီယန်က အသက်ကို နက်ရှိုင်းစွာရှူသည်။ သူ၏ အကြည့်က တဖြည်းဖြည်း ထက်မြလာခဲ့၏။

ယခုအချိန်၌ တစ်ဝက်တစ်ပြက် စစ်ဘုရင်များကို သတ်ဖြတ်ရန် အချိန်သို့ ရောက်ရှိပါပြီ။ သူသည် ပြင်းထန်သည့် တိုက်ပွဲအတွင်းတွင် တစ်ဝက်တစ်ပြက် စစ်ဘုရင်နှစ်ယောက်တို့အား လွတ်မြောက်သွားမည်ကို စိုးရိမ်နေခဲ့၏။ ထို့ကြောင့် အားနည်းခြင်းကို ပြကာ ရန်သူများကို မျှားခေါ်ပြီး တစ်ခါတည်း သတ်ဖြတ်လိုက်ခြင်းဖြစ်သည်။

"အခုတော့ မင်းတို့အလှည့်ပဲ.."

ရွှီယန်၏ လက်ထဲရှိ ဓားက လင်းလက်လာပြီး ဓားဆန္ဒက ပေါ်လာခဲ့သည်။ ပတ်ဝန်းကျင်ရှိ အရာအားလုံးတို့ကို ဓားဆန္ဒပုံရိပ်ယောင်အတွင်းသို့ ဆွဲခေါ်သွား၏။

"မင်း.. ဘယ်သူလဲ... ငါတို့မှာ မင်းနဲ့ ဘာရန်ငြိုးရန်စမှ မရှိဘူး ထင်တယ်နော်.."

တစ်ဝက်တစ်ပြက် စစ်ဘုရင်တစ်ယောက်ဆီမှ ညှို့မှိုင်းသည့် အသံတစ်ခု ပေါ်လာ၏။

"ငါဘယ်သူလဲဆိုတာကို သိချင်ရင် အဆင်ပြေတယ်။ ဒါပေမယ့် အရင်ဆုံး မင်းတို့ရဲ့ နာမည်နဲ့ ဘယ်အဖွဲ့အစည်းကလဲဆိုတာကို ငါ့ကိုပြောပြရမယ်.."

ရွှီယန်က ပြန်ပြောသည်။

တစ်ဝက်တစ်ပြက် စစ်ဘုရင်နှစ်ယောက်တို့က ဒေါသတကြီး ဖြစ်သွား၏။ တစ်ဖက်လူသည် သူတို့ မည်သည့်အဖွဲ့မှ ဖြစ်သည်ဟူသည်ကိုပင် မသိဘဲ သတ်ဖြတ်ချင်နေလေသည်။ ဤသည်က လွန်ကျူးသွားပါပြီ။

"မင်းက သေချင်နေတာပဲ.."

တစ်ဝက်တစ်ပြက် စစ်ဘုရင်နှစ်ယောက်တို့သည် တစ်ယောက်ကဘယ်.. တစ်ယောက်ကညာ အသီးသီးဝန်းရံပြီး တိုက်ခိုက်မှုများကို ဆက်တိုက် ထုတ်လွှတ်ကြ၏။

ကျယ်လောင်သည့် အသံများ၏ အလယ်တွင် ကန်ရေက မြင့်တက်လာခဲ့သည်။ ကောင်းကင်သို့တိုင်အောင် လှိုင်းထလာပြီး ကြောက်စရာကောင်းသည့် လူသတ်ငွေ့တို့နှင့် ရေစက်များ ရစ်ဝဲလာကြသည်။

"ငါ့ရဲ့ စိတ်ဝိဉာဉ်ပုံဆောင်ခဲတွေ.."

ရွှီယန်က ဒေါသတကြီး ဖြစ်သွား၏။ ယခုအချိန်၌ ကန်အတွင်းသို့ ကျသွားသည့် စိတ်ဝိဉာဉ်ပုံဆောင်ခဲ အားလုံးတို့ ပျက်စီးသွားပါပြီ။ ဤသည်က ကြီးမားသည့် ဆုံးရှုံးမှုတစ်ခုဖြစ်၏။ တကယ့်ကို နာကျင်စရာပင်။

"ငါ့ရဲ့ စိတ်ဝိဉာဉ်ပုံဆောင်ခဲတွေကို ဖျက်ဆီးခဲ့တယ်။ မင်းတို့ သေရမယ်.."

ရွှီယန်က တစ်ဝက်တစ်ပြက် စစ်ဘုရင်တို့အား စူးစိုက်စွာကြည့်သည်။ ချက်ချင်းပင် ပုံရိပ်ယောင်က သက်ဆင်းလာပြီး နဂါးဟိန်းသံက ထွက်ပေါ်လာ၏။ တောင်နှင့်မြစ်အတွင်းတွင် ရွှေရောင်နဂါးက လှည့်လည်နေပြီး နဂါးဟိန်းသံက ပဲ့တင်ထပ်လာခဲ့သည်။

"နဂါးဟိန်းခြင်း တောင်နှင့်မြစ်.."

တစ်ဝက်တစ်ပြက် စစ်ဘုရင်နှစ်ယောက်တို့သည်သူတို့၏ စိတ်ဝိဉာဉ်များ နဂါးဟိန်းသံကြောင့် လှုပ်ခါလာသည်ဟု ခံစားရသည်။ တောင်နှင့်မြစ်အတွင်းသို့ အမှန်တကယ်  ရောက်ရှိသွားသည့်ပုံ ပေါ်၏။

"မကောင်းတော့ဘူး.."

တစ်ယောက်၏ မျက်နှာက ထိတ်လန့် ကြောက်ရွံ့သွားသည်။ဤသည်မှာ မည်ကဲ့သို့သော ဓားသိုင်းဖြစ်သနည်း။

"ယား.."

ကျယ်လောင်သော အသံတစ်ခုနှင့်အတူ တစ်ဝက်တစ်ပြက် စစ်ဘုရင်၏ စွမ်းအားကို  အဆုံးစွန်အထိ စုစည်းလိုက်၏။ ရေလှိုင်းများက လှိုင်းထန်လာပြီး အပေါ်သို့ မြင့်တက်လာကာ ဒီအန္တရာယ်အတွင်းမှ လွတ်မြောက်ရန် ကြိုးစားသည်။

သူ၏စိတ်က တောင်နှင့်မြစ်အတွင်းမှ ချိုးဖျက်နိုင်ရုံရှိသေး မျက်လုံးများထဲ၌ အရာအားလုံးကို ဖျက်ဆီးမည့် ဓားအလင်းတစ်ခု ပေါ်လာခဲ့၏။

ကြမ်းကြုတ်သော လူသတ်ငွေ့တစ်ခုနှင့် သက်ရှိအားလုံးတို့ကို သုတ်သင်တော့မည့်ပုံ ရှိသည်။ ထိုသက်ရှိများထဲတွင် သူလည်းပဲ ပါဝင်၏။

"ဇွက်.."

ခန္ဓာကိုယ်က ချက်ချင်းပင် နှစ်ပိုင်းပိုင်းသွားသည်။ ခန္ဓာကိုယ်ပေါ်ရှိ အရာအားလုံးလည်း ရေထဲသို့ ကျဆင်းသွားခဲ့၏။ အသွေးနှင့် အသားများက ပြန့်ကြဲကာ ခဏတာအတွင်းတွင် ပြာအဖြစ် ပြောင်းလဲသွားသည်။ တောင်နှင့်မြစ်အတွင်းတွင် မြှုပ်နှံခြင်း ခံလိုက်ရသည့်ပုံ ရှိ၏။

'ဒါက ငါ့ရဲ့ စိတ်ဝိဉာဉ်ပုံဆောင်ခဲတွေကို ဖျက်စီးတဲ့အတွက်ပဲ..'

ရွှီယန်က ဒေါသတကြီးပြော၏။

"ဂလူ့.."

ကျန်ရှိသည့် တစ်ဝက်တစ်ပြက် စစ်ဘုရင်မှာ ချွေးစေးများ ကျနေပြီး သူ၏ မျက်လုံးများထဲ၌  ထိတ်လန့်မှုတို့ ပြည့်နက်နေပါသည်။

ဓားတစ်ချက်နှင့် တစ်ဝက်တစ်ပြက် စစ်ဘုရင်တစ်ယောက်ကို သတ်ဖြတ်လိုက်သည်လား။ ဤသည်မှာ  မည်ကဲ့သို့သော ကြောက်စရာကောင်းသည့် ဓားသိုင်းဖြစ်သနည်း။

'ပြေးရမယ်..'

သူ၏ စိတ်ထဲတွင် ပထမဆုံး ထွက်ပေါ်လာသည့် အတွေးမှာ ထွက်ပြေးရန် ဖြစ်သည်။ မြန်ဆန်သည့် လှုပ်ရှားမှုနှင့်အတူ နောက်သို့ ဆုတ်သွား၏။

"မင်းကိုမင်း လွတ်နိုင်မယ်လို့ ထင်လား.."

ရွှီယန်က လျှင်မြန်စွာဖြင့် သူ၏နောက်သို့ လိုက်သည်။

တစ်ဝက်တစ်ပြက် စစ်ဘုရင်အဆင့်များမှာ စွမ်းအားကြီးကာ လျှင်မြန်ပေမယ့် ရွှီယန်က ပိုမိုကာပင် မြန်ဆန်နေသေးသည်။

သို့ရာတွင် အရှေ့ဘက်တွင် မြင့်မားသည့် အဆောက်အအုံတစ်ခု ရှိနေ၏။ ဤသည်မှာ ဝူရွှမ်းစံအိမ်ပင် ဖြစ်ပေတော့သည်။

"ကူညီပါဦး... ဝူရွှမ်းစံအိမ်ရဲ့ စစ်ဘုရင်... ကြယ်တစ်ထောင်ကန်မှာ လူလိုက်သတ်နေတဲ့ စိတ္တဇ လူသတ်သမားတစ်ယောက် ရှိတယ်.."

ကျန်ရှိသည့် တစ်ဝက်တစ်ပြက် စစ်ဘုရင်သည် နောက်မှ သေစေနိုင်လောက်သည့် ဖိအားကို ခံစားလိုက်ရသည်။

နောက်တစ်စက္ကန့်တွင် သူ့ကိုယ်သူ သေတော့မည် ထင်ရ၏။ ထို့ကြောင့် အလန့်တကြားဖြင့် အော်လေသည်။

ထိုအချိန်၌ ဝူရွှမ်းစံအိမ်တစ်ခုလုံး လှုပ်လှုပ်ရွရွ ဖြစ်သွားကြသည်။ သိုင်းသခင်များစွာတို့ လေထဲသို့ မြင့်တက်သွားကြပြီး သူတို့၏ အကြည့်က အသဲအသန် ထွက်ပြေးလာနေသည့် လူအပေါ်သို့ ကျရောက်သွား၏။

"ဒါက တစ်ဝက်တစ်ပြက် စစ်ဘုရင်တစ်ယောက်ပဲ.."

"သူက ဘယ်သူလဲ။ တစ်ဝက်တစ်ပြက် စစ်ဘုရင်တစ်ယောက်ကိုတောင်မှ လိုက်ပြီးတော့ သတ်ရဲတယ်.."

ထိုအချိန်၌ သိုင်းသမားအားလုံးတို့ ထိတ်လန့်သွားကြသည်။

"ဝေါဝေါဝေါ.."

ဝူရွှမ်းစံအိမ်မှ ကောင်းကင်၏ စွမ်းအားကဲ့သို့ အရှိန်အဝါတစ်ခု ရုတ်တရက် ထွက်ပေါ်လာ၏။ မြူများဖြင့် ဝန်းရံနေသည့် အစိမ်းရောင် ပုံရိပ်တစ်ခု ထွက်ပေါ်လာခဲ့သည်။

"ကယ်ပါဦး... ငါ့ကိုကယ်ပါဦး ဝူရွှမ်းစစ်ဘုရင်... ဒီသွေးဆာတဲ့လူက ကြယ်တစ်ထောင်ကန်မှာ လူသတ်နေတယ်.."

တစ်ဝက်တစ်ပြက် စစ်ဘုရင်က မျှော်လင့်ချက်ကြီးစွာဖြင့် လှမ်းအော်၏။

"စစ်ဘုရင်တစ်ယောက်တောင် မင်းကို ကယ်နိုင်မယ် မထင်နဲ့.."

ရွှီယန်က စစ်ဘုရင်တစ်ယောက်၏ ပေါ်လာခြင်းကို ဂရုစိုက်ခြင်း မရှိပါ။ သူသည် ရှေ့ရှိလူကို သတ်ဖြတ်ပြီးမှသာလျှင် အကျိုးဆက်များကို ရင်ဆိုင်မည် ဖြစ်၏။

"ဝေါင်း.."

လျှပ်တပြက်အတွင်း တစ်ဖက်လူ၏ ဦးခေါင်းထိပ်သို့ ရောက်ရှိသွားသည်။ ကောင်းကင်လျှပ်စီးအလင်းက အလွန် မြန်ဆန်လှ၏။

"နဂါးဟိန်းခြင်း တောင်နှင့်မြစ်.."

ဓားအလင်းတစ်ချက် လက်သွားပြီး တောင်နှင့်မြစ်နှင့် ဟိန်းနေသည့် နဂါးကြီးတို့ ပေါ်လာခဲ့သည်။ လောကကြီးက ချက်ချင်းပင် ပြောင်းလဲသွားပြီး အရာအားလုံး ပြိုလဲကာ သက်ရှိအားလုံးတို့ကို မြေမြှုပ်မည့် ဓားဆန္ဒတစ်ခု ထွက်ပေါ်လာခဲ့သည်။

世尊 风:

All Chapters