← Chapters

စစ်ဘုရင်၏ရှေ့တွင် သတ်ဖြတ်ခြင်း(၂)

Vol. 14 Ch. 206

စစ်ဘုရင်၏ရှေ့တွင် သတ်ဖြတ်ခြင်း(၂)

Vol. 14 Ch. 206

"နင်.."

တဝက်တစ်ပြက် စစ်ဘုရင်က ထိတ်လန့်သွားပြီး  သူ၏ ခွန်အားအားလုံးတို့ကို ပေါက်ကွဲထွက်စေကာ ဓားချက်ကိုကာရန် ကြိုးစားသည်။ထိုဓားချက်ကိုသာ ကာကွယ်နိုင်ပါက စစ်ဘုရင်က ရောက်ရှိလာပြီး တစ်ဖက်ရန်သူကို သတ်ဖြတ်မှာ ဖြစ်၏။

သူက ခွန်အားအားလုံးတို့အား အသုံးပြုကာ ဒဏ်ရာအပြင်းအထန် ရမည်ဆိုလျှင်တောင် ဒီဓားချက်ကို အကောင်းဆုံး ကာကွယ်မည် ဖြစ်သည်။

သို့ရာတွင် ရွှီယန်၏ ဓားချက်မှာ သူ့ကိုသတ်ဖြတ်ရန်  ရည်ရွယ်ခဲ့ခြင်း ဖြစ်၏။ အသက်ရှင်နိုင်မည့် မည်သည့် အခွင့်အရေးကိုမှ မပေးပါ။

ဒီတစ်ဝက်တစ်ပြက် စစ်ဘုရင်နှစ်ယောက်တို့သည် ခွန်အားအရာတွင် ယင်ဟုန်၏ ပြိုင်ဘက် မဟုတ်ပေ။

အများကြီးပင် ပိုမိုအားနည်းသေး၏။

သူ၏ ဓားဆန္ဒအား မြင့်မားစွာ နားလည်သဘောပေါက်မှုနှင့် အသစ်နားလည်လာသည့် ကောင်းကင်နှင့် ကမ္ဘာမြေကြီး၏ နိယာမတို့ကြောင့် ရွှီယန်၏ ခွန်အားသည် ယင်ဟုန်နှင့် တိုက်ပွဲအပြီးထက် သိသာစွာ တိုးမြင့်လာခဲ့သည်။

ဓားတစ်ချက်၏ ခုတ်ပိုင်းမှုအောက်တွင် တောင်နှင့်မြစ်တို့ ပြိုလဲကာ သက်ရှိအားလုံးတို့ကို မြေမြှုပ်ပစ်၏။ တစ်ဝက်တစ်ပြက် စစ်ဘုရင်ပင်လျှင် ထိုအထဲတွင် ပါဝင်ပါသည်။

"ဝူရွှမ်းစစ်ဘုရင်... ငါ့ကို..."

အသံက တစ်ဝက်တစ်ပြက်တွင် ပျောက်ကွယ်သွားခဲ့၏။ ဓားဆန္ဒအောက်တွင် ခန္ဓာကိုယ်က အစိတ်စိတ်အမွှာမွှာ ပြောင်းလဲကာ ပြာများအဖြစ် လွင့်စင်ကုန်ကြသည်။

လှိုင်းထနေသည့် ရေပြင်၏ အပေါ်တွင် တစ်ဝက်တစ်ပြက် စစ်ဘုရင် ပိုင်ဆိုင်သည့် စိတ်ဝိဉာဉ်လက်မှတ်များ မျောလွင့်နေ၏။

ရွှီယန်က လက်ကိုဝှေ့ယမ်းကာ ရေမျက်နှာပြင်ပေါ်ရှိ  စိတ်ဝိဉာဉ်လက်မှတ်များကို စုစည်းလိုက်သည်။

ထိုအချိန်၌ ဝူရွှမ်းခန်းမရှိ သိုင်းသမားအားလုံးတို့ အံ့ဩနေကြသည်။ တစ်ဝက်တစ်ပြက် စစ်ဘုရင်တစ်ယောက်သည် ဤနည်းအားဖြင့် သေဆုံးခဲ့ရသည်လား။

တစ်ဖက်လူသည် ဝူရွှမ်းစံအိမ်၏ စစ်ဘုရင် ပေါ်လာပြီးသည့် အချိန်၌ပင် ပြတ်သားစွာဖြင့် လူသတ်ခဲ့သေးသည်။ ထိုတိုက်ခိုက်မှု၏ ရုတ်ရုတ်သဲသဲ ဖြစ်မှုက ကြီးမားလှ၏။ ချန်းရှင်းကန်တစ်ခုလုံးအား လှုပ်ခါသွားစေခဲ့သည်။

သိုင်းသမားများ အားလုံး စိတ်ဝိဉာဉ်လက်မှတ်အား ကောက်ယူနေသည့် လူငယ်ဆီသို့ အကြည့်များ ရောက်နေကြ၏။

လူငယ်သည် ညင်သာစွာ ပြုံးရင်းမှ စိတ်ဝိဉာဉ်လက်မှတ်များကို ထပ်ကာ အိတ်ထဲသို့ ကျေနပ်စွာ ထည့်နေပါသည်။

ဝူရွှမ်းစံအိမ်၏ စစ်ဘုရင်က ပေါ်လာခဲ့ပြီး ဖြစ်၏။ သို့ပေမယ့် ဒီအချိန်၌ စိတ်ဝိဉာဉ်လက်မှတ်များကို သိမ်းဆည်းရန် ဂရုစိုက်နေသေးသည်လား။

စိတ်ဝိဉာဉ်လက်မှတ် အားလုံးတို့ကို ကောက်ယူပြီးနောက် ရွှီယန်က ခုနက ကျွန်းငယ်ဆီသို့ ပြန်သွားတော့မှာပါ။

ဘာပဲဖြစ်ဖြစ် ထိုနေရာတွင် ပစ္စည်းများကို ရှာဖွေခြင်း မပြုရသေးပါ။ ယခုကဲ့သို့ ဆူညံလှသည့် တိုက်ပွဲတစ်ခုမှာ အခြားလူများ၏ အာရုံကို ဖမ်းစားသွားမှာဖြစ်၏။ သူ့ထက်အရင် ရောက်ရှိနေသူများ ရှိနေပါက ဖြုန်းတီးရာ မကျပေဘူးလား။

"နင်က ဒီလိုပဲ ထွက်သွားဖို့ စဉ်းစားထားတာလား.."

ထိုအချိန်၌ ဝူရွှမ်းစစ်ဘုရင်၏ အနိမ့်အမြင့် မရှိသည့် အသံတစ်ခု ထွက်ပေါ်လာ၏။

ရွှီယန်က သူမကိုကြည့်သည်။ သူ၏ နှလုံးသားက အေးစက်သွား၏။

'အရမ်းကို သန်မာလွန်းတယ်... ဆရာသတ်ဖြတ်ခဲ့တဲ့ စစ်ဘုရင်ထက်တောင်မှ အများကြီးပိုပြီး သန်မာတယ်။ ဒါက ဝူရွှမ်းခန်းမရဲ့ စစ်မှန်တဲ့ စွမ်းအားလား..'

"လူသတ်ပြီးမှတော့ မသွားဘဲနဲ့ ဒီမှာနေပြီး ဘာလုပ်ရမှာလဲ။ သွားသိမ်းစရာ ငါ့ပစ္စည်းတွေက ရှိသေးတယ်.."

ရွှီယန်ဟာ လုံးဝကြောက်ရွံ့ခြင်း မရှိပါ။ သူ့အနေနှင့် အနိုင်မရနိုင်ပါက ထွက်ပြေးလို့ရ၏။ ဤသည်က ရှက်စရာ မကောင်းပေ။

သူသာ လုံလုံလောက်လောက် သန်မာလာပါက ဒီစစ်ဘုရင်ကို ပြန်လာပြီး သတ်လို့ရပါသည်။

ဝူရွှမ်းခန်းမရှိ သိုင်းသမားအားလုံးတို့ တံတွေးကို မျိုချမိကြသည်။ ဒီလူငယ်က အမှန်တကယ်ကို မောက်မာလှ၏။ ဝူရွှမ်းစစ်ဘုရင်ကို လုံးဝ အလေးအနက်ထားခြင်း မရှိပေ။

ဤသည်မှာ ဝူရွှမ်းစစ်ဘုရင်ဖြစ်၏။ သူမကြောင့်ပင် အခြား အင်အားစုများစွာတို့သည် ဝူရွှမ်းစံအိမ်ကို ထိပါးရဲခြင်း မရှိကြပါ။

စစ်ဘုရင်တစ်ယောက် ရောက်ရှိလာလျှင်တောင်  စည်းမျဉ်းများကို လိုက်နာရ၏။

"ချန်းရှင်းကန်မှာ လူသတ်တာကို တားမြစ်ထားတယ်။ အဲ့ဒါကို နင်မသိဘူးလား.."

ဝူရွှမ်းစစ်ဘုရင်၏ လေသံက မပြောင်းမလဲ ရှိနေပါသည်။ သူမ၏ စိတ်အခြေအနေက အလွန်တည်ငြိမ်ပြီး ပျော်ရွှင်မှု သို့မဟုတ် ဒေါသထွက်မှု  မည်သည်ကိုမှ မပြပါ။

"မသိဘူးလေ.."

ရွှီယန်က ခေါင်းကိုရမ်းသည်။ ပြီးနောက် ထပ်ပေါင်းပြော၏။

"ပြီးတော့ သိရင်တောင် ငါ့ကိစ္စကို ငါလုပ်ရမှာပဲ။ ရလဒ်က ဒီလိုပဲ ထွက်လာမှာ.."

ထိုအချိန်၌ သိုင်းသမားအားလုံးတို့ ချွေးစေးများ ကျဆင်းလာကြသည်။  ဒီကောင်သည် အမှန်တကယ်ကို မောက်မာလှ၏။

သိလျှင်တောင် တည်ငြိမ်စွာသာ ပြုမူဦးမည်လား။ ဝူရွှမ်းစစ်ဘုရင်ကို ဂရုမစိုက်ပေဘူးလား။

ထိုစကားများကြောင့် ဝူရွှမ်းစစ်ဘုရင်အနေနှင့် သူ့ကို လွှတ်ပေးချင်လျှင်တောင် အလွတ်ပေးလို့ မရတော့ပေ။

"သူတို့က နင့်ဆီကနေ ဘာယူထားလို့လဲ.."

ဝူရွှမ်းစစ်ဘုရင်၏ လေသံက တည်ငြိမ်စွာသာ ရှိနေ၏။

"စိတ်ဝိဉာဉ်ပုံဆောင်ခဲတွေနဲ့ စိတ်ဝိဉာဉ်ဆေးပင်တွေပေါ့။ အခြေခံအားဖြင့် သူတို့ရဲ့ ပစ္စည်းအားလုံးက ငါ့အပိုင်ပဲ.."

ရွှီယန်က လေးနက်စွာ ပြောသည်။

"ဘာအကြောင်းပြချက်ပဲ ဖြစ်ဖြစ် နင်ဒီမှာ လူသတ်တာက ချန်းရှင်းကန်ရဲ့ရေကို ညစ်ညမ်းသွားစေခဲ့တယ်။ ငါ့ကို ရှင်းပြချက်တစ်ခု ပေးဖို့လိုတယ်.."

ဝူရွှမ်းစစ်ဘုရင်၏ လေသံက ပိုမိုခတ်ထန်လာခဲ့၏။

"လူသတ်တာတော့ ငါဝန်ခံပါတယ်.."

ရွှီယန်က လေးနက်စွာ ပြောသည်။

"ဒါပေမယ့် ချန်းရှင်းကန်ကို ညစ်ညမ်းစေတယ်ဆိုတဲ့ စကားကတော့ ငါနဲ့ မသက်ဆိုင်တော့ဘူး။ ငါက ခန္ဓာကိုယ်တွေ အားလုံးကို ပြာအဖြစ် ပြောင်းလဲလိုက်ပြီး လေက သယ်ဆောင်သွားခဲ့တာ.. သွေးတစ်စက်တောင်မှ ရေထဲမကျဘူး။ ဘယ်လိုလုပ်ပြီးတော့ ကန်ကို ညစ်ညမ်းတယ်ဆိုပြီး စွပ်စွဲလို့ရမှာလဲ.."

လူတိုင်း "..."

ထိုစကားက အမှန်တကယ်ကို ဟုတ်ပါသည်။ ခန္ဓာကိုယ်များကို ပြာအဖြစ် ပြောင်းလဲကာ သွေးတစ်စက်ပင် ရေထဲသို့ မကျကတည်းက ဘယ်လိုလုပ်ပြီး ကန်ကို ညစ်ညမ်းစေမည်လဲ။

ဝူရွှမ်းစစ်ဘုရင်ပင်လျှင် ခဏတာ တိတ်ဆိတ်သွားသည်။

"ဘာပဲဖြစ်ဖြစ် ချန်းရှင်းကန်မှာ နင်လူသတ်ခဲ့တယ်။ အဲ့ဒီ့အတွက် ဖြေရှင်းချက်ပေးရမယ်.."

ဝူရွှမ်းစစ်ဘုရင်က နက်ရှိုင်းသည့် အသံဖြင့်ပြောသည်။

"နင်က တကယ့်ကို စိတ်အနှောင့်အယှက် ဖြစ်စရာပဲ။ တိုက်ခိုက်မယ်ဆိုလည်း တိုက်ခိုက်ကြရအောင်။ ဝှေ့ဝိုက်မနေနဲ့။ ငါ့မှာ သွားယူရမယ့် ပစ္စည်းတွေ ရှိသေးတယ်။ တစ်ယောက်ယောက်သာ အဲ့ဒီ့ကို အရင်ရောက်သွားရင် နင်ငါ့ကို လျော်ပေးမှာလား.."

"မင်းတို့ မိန်းမတွေက တကယ့်ကို နားငြီးဖို့ကောင်းတယ်။ ငါသွားပြီ.."

ရွှီယန်က စိတ်မရှည်စွာ ပြောသည်။

သူသည် ခြံဝန်းဆီသို့ ပြန်ပြီး ပစ္စည်းရှာသည့် အလုပ်ကို လုပ်ရပေဦးမည်။ တစ်ယောက်ယောက်သာ အရင်ဦးသွားပါက အရှုံးပေါ်ပါပြီ။

"ဂလူ့.."

ရှိနေကြသည့် သိုင်းသမား အားလုံးတို့ အသက်ပင် ကျယ်ကျယ်မရှူရဲကြတော့ပေ။ ကြီးမားသည့် ဖိအားတစ်ခုကို ခံစားလာရ၏။

ဝူရွှမ်းစစ်ဘုရင်က ဒေါသထွက်လာသည့်ပုံ ရှိသည်။ စစ်ဘုရင်တစ်ယောက်၏ အမျက်ဒေါသသည် မည်မျှ ကြောက်ဖို့ကောင်းလိုက်မည်နည်း။

အထူးသဖြင့် ဝူရွှမ်းစစ်ဘုရင်မှာ စစ်ဘုရင်များ၏ အထွတ်အထိပ်တွင် ရှိသည့် ပုဂ္ဂိုလ်တစ်ယောက်ဖြစ်သည်။

သို့ရာတွင် သူတို့ကို အံ့သြစေသည်ကား ဝူရွှမ်းစစ်ဘုရင်ကို ဒေါသထွက်စေခဲ့သည့် လူမှာတော့ ဖိအားကို လုံးဝလျစ်လျူရှု့ထားပါသည်။ သူ၏ပုံရိပ်က လက်သွားပြီး အဝေးတွင် ပျောက်ကွယ်သွား၏။ ထိုကဲ့သို့သော အမြန်နှုန်းက စိတ်ကူးရန်ပင် ခက်ခဲလှသည်။

"ဘုန်း.."

ကောင်းကင်၏ ဒေါသက သက်ဆင်းလာခဲ့သည်။ ဤသည်က ကြည့်နေကြသည့် သိုင်းသမားအားလုံးတို့ကို ထိတ်လန့်သွားစေ၏။

သူတို့အားလုံး ဒူးထောက်ကျလုမတတ် ဖြစ်သွားကြသည်။ ဝူရွှမ်းစစ်ဘုရင်မှာ ပေါက်ကွဲရန် အဆင်သင့်ဖြစ်နေပါပြီ။

တစ်ဖက်လူသည် နောက်သို့လှည့်ကာ အဝေးသို့ ထွက်သွားခဲ့၏။ သူမကို လုံးဝလျစ်လျူရှု့ထားသည်။ ခြေတစ်လှမ်းတက်ကာ အနောက်သို့ လိုက်တော့မှာပါ။

သို့ပေမယ့် နောက်ဆုံးတွင် ရပ်တန့်သွားပြီး အရှိန်အဝါတို့ကို ပြန်လည် ရုတ်သိမ်းကာ ဝူရွှမ်းစံအိမ်အတွင်းသို့ ပြန်ဝင်သွား၏။

သိုင်းသမားအားလုံးတို့ ချွေးစေးများကို ယခုမှ သုတ်နိုင်ကြသည်။ ဝူရွှမ်းခန်းမဆီမှ လျှင်မြန်စွာ ထွက်ခွာသွားကြ၏။

သူတို့သည် ဝူရွှမ်းစစ်ဘုရင်၏ အဘယ်ကြောင့် လိုက်လံတိုက်ခိုက်မှု မပြုမှုကို အံ့ဩနေကြသည်။ ထိုကောင်လေးကို ယခုကဲ့သို့ ခွင့်လွှတ်ပေးလိုက်သည်လား။

"ခုနက လူငယ်က ဘယ်သူလဲ.."

"ငါတို့လည်း မသေချာဘူး.."

"ဖြစ်နိုင်တာက ဓားသခင် ချောက်ကမ်းပါးက ရှဲ့လင်ဖုန်းများလား။ သူက အရမ်းကိုငယ်ပြီး ဓားပညာကလည်း အရမ်းကို စွမ်းအားကြီးတယ်..."

တစ်ယောက်ယောက်က စိတ်အားထက်သန်စွာပြော၏။

"ဟုတ်လောက်တယ်.."

ကျန်ရှိသည့် သိုင်းသမားများလည်း နားလည်သွားကြသည်။

ထိုသို့ဆိုပါက ဝူရွှမ်းစစ်ဘုရင်၏ တစ်ဖက်လူငယ်ကို ခွင့်လွှတ်ပေးခြင်းမှာ နားလည်လို့ရပါသည်။

"အဲ့လိုဆိုရင် အဓိပ္ပာယ်ရှိတယ်။ ရှဲ့လင်ဖုန်းက ဓားသခင် ချောက်ကမ်းပါးရဲ့ နံပါတ်တစ် ပါရမီရှင်ပဲ။ ဝူရွှမ်းစစ်ဘုရင်သာ မျိုးဆက်သစ် လူငယ်တစ်ယောက်ကို အနိုင်ကျင့်ရင် ဓားသခင်ချောက်ကမ်းပါးက ရပ်ကြည့်နေမှာလား.."

"ပြောတာကောင်းတယ်... ပြီးတော့ ငါကြားတာ ရှဲ့လင်ဖုန်းက ရှဲ့ထန်းဟန်ရဲ့ တစ်ဦးတည်းသောသားတဲ့။ သူက ဒီမျိုးဆက်ရဲ့ ဓားသခင် ချောက်ကမ်းပါးရဲ့ ဓားသခင်ပဲ။ ဝူရွှမ်းစစ်ဘုရင်တောင်မှ စစ်ဘုရင်ရှဲ့ရဲ့ စွမ်းအားကို မခံနိုင်လောက်ဘူး.."

သိုင်းသမားများက ဦးခေါင်းတိုက်ကာ ဆွေးနွေးကြသည်။

ထိုအရာအားလုံးတို့ကို ဖြစ်ပွားစေခဲ့သည့် ရွှီယန်မှာတော့ မူလတိုက်ပွဲပြင်ဆီသို့ ပြန်ကာ ကျန်ရှိသည့် စိတ်ဝိဉာဉ်လက်မှတ်အားလုံးတို့ကို  ကောက်ယူသည်။

နောက်သို့ ခေါင်းလှည့်ကြည့်ကာ အနည်းငယ် ပဟေဠိဖြစ်စွာ ခံစားရ၏။

'ဒီဝူရွှမ်းစစ်ဘုရင်က ငါ့ကို မလိုက်ဘူးလား။ သူမက သဘောကောင်းလှချည်လား..'

သူက အနည်းငယ် အံ့သြသွားသည်။ ဝူရွှမ်းစစ်ဘုရင်၏ ဖိအားက အမှန်တကယ်ကို ကြောက်ဖို့ကောင်းလှသည်။

သို့ပေမယ့် အလွန်စိတ်သဘောထားကြီးလှ၏။ သူမကို စော်ကားခဲ့တာတောင် ဂရုစိုက်ခြင်း မရှိပေ။

'ဒီဝူရွှမ်းစစ်ဘုရင်က သူမအသက်ကို သူမကယ်ခဲ့တာပဲ။ သူမသာ ငါ့နောက်ကို လိုက်ပြီးတော့ တိုက်ခိုက်ရင် ငါအဆင့်ချိုးဖျက်ပြီးရင် လာပြန်သတ်ပြီးတော့ ဝူရွှမ်းစံအိမ်တစ်ခုလုံးကို လုယက်လို့ရမှာ...'

ရွှီယန်က စဉ်းစားသည်။ သူသည် အနည်းငယ်နောင်တရစွာ ခံစားလိုက်ရ၏။ ဝူရွှမ်းစစ်ဘုရင်သာ သူ့ကို လိုက်လံတိုက်ခိုက်ပါက သူတို့ကြားတွင် ရန်ငြိုးတစ်ခု ပေါ်ပေါက်လာမှာ ဖြစ်သည်။

ထိုအခါ နောင်တွင် သူက ဝူရွှမ်းစံအိမ်ကို လုယက်သတ်ဖြတ်ပါက ကျိုးကြောင်းဆီလျော်မှု ရှိ၏။ ဒီနေရာက အလွန် ချမ်းသာကြွယ်ဝလှ၏။

'ဆိုးတာပဲ.."

ရွှီယန်က ခေါင်းကိုရမ်းသည်။ ဝူရွှမ်းစံအိမ်၏ အကြောင်းကို ဆက်လက် စဉ်းစားခြင်း မရှိတော့ပါ။

သူက ခြံဝန်းအတွင်းသို့ စိတ်လှုပ်ရှားစွာဖြင့် ကြည့်၏။

'အထဲထဲမှာ ရတနာတွေ သိုလှောင်ထားလောက်တယ်မလား..'

စိတ်လှုပ်ရှားစွာဖြင့် စတင်ရှာဖွေသည်။

'ငါ့ရဲ့ နောက်ထပ် ဦးတည်ရာက ခုနှစ်စင်ကြယ်အကယ်ဒမီပဲ..'

ရွှီယန်က ဆုံးဖြတ်ချက်ချပြီး ဖြစ်သည်။ ခြံဝန်းကို ရှာဖွေပြီးနောက် ခုနှစ်စက်ကြယ်အကယ်ဒမီကို တည့်မတ်စွာ သွားရောက်မည် ဖြစ်၏။

ထိုနေရာတွင် သိုင်းသမားများနှင့် သွားရောက်ယှဉ်ပြိုင်မှုပြုကာ သိုင်းပညာအကြောင်းကို ဆွေးနွေးရပေမည်။

ခုနှစ်စင်ကြယ်အကယ်ဒမီ၏ စာအုပ်ခန်းမကို ဝင်ရောက်ဖတ်ရှု့ကာ အတွင်းဘက်နယ်မြေ၏ သိုင်းပညာများကို နားလည်အောင် လုပ်ရပေမည်။

အနှစ်သာရကို မိမိ၏ အကျိုးအတွက် ထုတ်ယူကာ အားလုံးတို့ကို ကိုယ်ပိုင်တာအို အတွင်းသို့ ပေါင်းစပ်မည်ဖြစ်၏။

ဝူရွှမ်းခန်းမ၏ ထိပ်ဆုံးအထပ်ရှိ ခြံဝန်းတစ်ခုအတွင်းတွင်

"ဒီမောက်မာတဲ့ ခွေးကောင်လေးကို ငါသွားသတ်မယ်.."

ဝူရွှမ်းစစ်ဘုရင်က ဒေါသတကြီး ပြောသည်။

ဝတ်စုံဖြူပြောင်နှင့် မိန်းကလေးက ဘေးတွင်ထိုင်ကာ သူမကို ဆွဲသည်။ လက်တစ်ဖက်က ဆက်တိုက် နိမ့်ချည်မြင့်ချည် ဖြစ်နေသည့် ရင်ဘတ်ကို သပ်ရင်းက ပြော၏။ "ဆရာ... သူ့ကို သတ်လိုက်ရင် ကျွန်မတို့ ဝူရွှမ်းစံအိမ်  ပျက်စီးသွားမှာပေါ့.."

"ဒဏ်ရာရအောင် လုပ်လိုက်ရင်တောင် အကျိုးဆက်က သေးမှာမဟုတ်ဘူး.."

ဝူရွှမ်းစစ်ဘုရင်က နှာခေါင်းရှုံ့ကာ ပြောသည်။

"ငါက ရှဲ့ထန်းဟန်ကို ကြောက်ရမှာလား.."

"ဆရာက မကြောက်ပေမယ့် သခင်လေးရှဲ့ကလည်း  ကျွန်မတို့ ဝူရွှမ်းစံအိမ်ကို ထိပါးတာမှ မဟုတ်တာ။ သူ့ဘာသာ လူအနည်းငယ်လေးကို သတ်ခဲ့ရုံပဲ။ ပြီးတော့ သူပြောခဲ့သလိုပဲ ကန်ထဲကိုလည်း သွေးတစ်စက်တောင် ကျတာမှ မဟုတ်ဘဲ။ ကြယ်တစ်ထောင်ကန်က မညစ်ညမ်းပါဘူး.."

ဝတ်စုံပြောင်နှင့် မိန်းကလေးက ဆက်လက်နှစ်သိမ့်၏။

"ငါလုံးဝ မကျေနပ်နိုင်သေးဘူး။ သူ့ကို သွားပြီးတော့ သင်ခန်းစာပေးရမယ်.."

ဝူရွှမ်းစစ်ဘုရင်မှာ စဉ်းစားလေလေ ပိုမိုဒေါသထွက်လေ ဖြစ်လာခဲ့သည်။ ဤသည်မှာ မည်ကဲ့သို့သော အပြုအမူဖြစ်သနည်း။ နားညည်းဖို့ ကောင်းသည်မှာ မည်သည်ကို ဆိုလိုသနည်း။ ဤသည်က ရဲတင်းလှပါသည်။

ဝတ်စုံပြောင်နှင့် မိန်းကလေးက သူမကို တားရင်းက ဆက်လက်ပြောသည်။

"ဆရာ... အခုချိန်မှာ ဘယ်လိုလုပ်ပြီး မှီတော့မှာလဲ။ သခင်လေးရှဲ့ရဲ့ ခန္ဓာကိုယ်လှုပ်ရှားမှုအတတ်က အရမ်းကို လျှို့ဝှက်ဆန်းကြယ်ပြီး မြန်ဆန်လွန်းတယ်။ သာမန် စစ်ဘုရင်တွေတောင်မှ သူ့ကို မမှီလောက်ဘူး.."

"အခုချိန်မှာ လိုက်နေရင်တောင် သူ့ကိုမှီမှာ မဟုတ်လောက်တော့ဘူး။ ပြီးတော့ သခင်လေးရှဲ့နဲ့ ရန်ငြိုးဖွဲ့မိရင် သူ့စိတ်ထဲမှာ အငြိုးထားထားရင် ဘယ်လိုလုပ်မလဲ.."

ဝူရွှမ်းစစ်ဘုရင်က ဒေါသတကြီး ဖြစ်နေဆဲရှိကာပြော၏။

"ဒါတွေအားလုံးက နင့်အမှားပဲ။ နင်ငါ့ကို တားနေလို့ ဒီလိုဖြစ်ရတာ။ မဟုတ်ရင် ငါသူ့ကို သင်ခန်းစာကောင်းကောင်း ပေးနေပြီးပြီ.."

"ဟုတ်ပါတယ်။ ဟုတ်ပါတယ်။ အားလုံးက တပည့်ရဲ့အမှားပါ.."

ဝတ်စုံပြောင်နှင့် မိန်းကလေးက သူမ၏ အမှားကို ဝန်ခံစွာ ပြော၏။

All Chapters