ခုနှစ်စင်ကြယ် အကယ်ဒမီ၊ သိုင်းပညာပြိုင်ကွင်း
Vol. 14 Ch. 209
ချွေအာ၏ မျက်နှာက ဒေါသဖြင့် နီးမြန်းကာ မျက်လုံးများက မီးတောက်လာခဲ့သည်။
သခင်လေးရှဲ့ ရောက်လာပြီဟူသည့် စကားကို ကြားရပြီးနောက် သူမူည် အလွန် စိတ်အားထက်သန်နေပြီး သူ၏ ကိုယ်လုပ်တော်ဖြစ်လာမည့် ညကိုပင် စိတ်ကူးယဉ်ခဲ့၏။
သို့ပေမယ့် လက်စသတ်တော့ တစ်ယောက်ယောက်က သခင်လေးရှဲ့၏ အယောင်ဆောင်နေခြင်း ဖြစ်လေသည်။ ဤသည်မှာ ခွင့်မလွှတ်နိုင်စရာပင်။
ဟန်ဆောင်သူမှာ ငယ်ရွယ်ကာ ချောမောသူတစ်ယောက် ဖြစ်ပေမယ့် သခင်လေးရှဲ့နှင့် နှိုင်းယှဉ်ပါက အများကြီး နိမ့်ကျနေပါသေးသည်။
အထူးသဖြင့် အရှိန်အဝါအရာတွင် ဖြစ်သည်။ နှိုင်းယှဉ်နိုင်ရန် ဝေးကွာလှ၏။ သူ့ကို ဒီနေရာတွင် သခင်လေးရှဲ့အဖြစ် ဟန်ဆောင်ရန် မည်သည်က သတ္တိတို့ ပေးခဲ့သနည်း။
ချွေအာက ဒေါသတကြီးဖြင့် ခြေထောက်ဆောင့်ကာ အော်၏။
"အရှက်မဲ့တဲ့ လူဆိုးကောင်။ ဘယ်လိုလုပ်ပြီးတော့
သခင်လေးရှဲ့အဖြစ် ဟန်ဆောင်ရဲတာလဲ။ အစောင့်တွေ လာကြ။ သူ့ကိုသေအောင် ရိုက်စမ်း။ သိုင်းသခင် အကြီးအကဲတွေရော မြန်မြန်လေးလာကြ.."
မတ်တပ်ရပ်နေသည့် ရှဲ့လင်ဖုန်းက ကြောင်သွားပြီးနောက် လျှင်မြန်စွာ ရှင်းပြသည်။
"ကျေးဇူးပြုပြီး ကျွန်တော်ပြောတာကို နားထောင်ပါဦး... ကျွန်တော်က တကယ်ပဲ ဓားသခင်ချောက်ကမ်းပါးက ရှဲ့လင်ဖုန်းပါ။ ဒီနေရာကို လာတာက..."
"အရှက်မဲ့တဲ့ လူဆိုးကောင်... သခင်လေးရှဲ့အယောင် ဟန်ဆောင်ချင်နေတယ်.. မင်းကသေဖို့ ထိုက်တန်တယ်.."
အော်သံတစ်ခုက သူ၏ စကားလုံးများကို ကြားဖြတ်သွား၏။ သိုင်းသခင်၏ အရှိန်အဝါက မြင့်တက်လာပြီး လေထဲမှ လက်သီးချက်တစ်ခု ရောက်ရှိလာခဲ့သည်။
ဤသည်မှာတော့ ယန်ခွမ်းဖြစ်သည်။ ချွေအာ၏ အော်သံကို ကြားရပြီးနောက် အထူးသဖြင့် သခင်လေးရှဲ့အသွင် ဟန်ဆောင်သည့်လူ ရှိသည်ဟု ကြားရပြီးနောက် သူက ချက်ချင်းပင် အချိန်ဖြုန်းမနေပဲ ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။
အခြေအနေကို တွေ့ရပြီးနောက် ဒေါသတို့ ခဏအတွင်း မြင့်တက်လာခဲ့၏။ အမှန်တကယ်ကို ရှဲ့လင်ဖုန်းအဖြစ် ဟန်ဆောင်ရဲသည့် လူတစ်ယောက် ရှိနေပါသည်။ ဤသည်က သေဖို့ထိုက်တန်၏။
အခြား မည်သည့်စကားကိုမှ မဆိုတော့ပဲ တိုက်ခိုက်လာခဲ့သည်။
"ဘုန်း.."
ရှဲ့လင်ဖုန်းက စွမ်းအားကြီးမားသည့် လက်ဝါးချက်ဖြင့် ပြန်လည် တိုက်ခိုက်ရာ ယန်ခွမ်းကို နောက်သို့လွင့်စင်ထွက်သွားစေ၏။
"ရဲတင်းလိုက်တာ။ မင်းလို တတိယတန်းစား သိုင်းသခင် တစ်ယောက်က ငါတို့သခင်လေးရှေ့မှာ လာပြီးတော့ ရိုင်းစိုင်းရဲနေတယ်.."
ဟူရှန်းက မကျေနပ်စွာဖြင့် ပြန်လည်ပြောဆို၏။
ယန်ခွမ်းမှာ ရူးသွပ်နေပါပြီ။ သူသည် နောက်ထပ်တစ်ကြိမ် ထပ်မံ အစော်ကားခံခဲ့ရ၏။
"အစောင့်တွေ.."
ဒေါသတကြီးဖြင့် အော်ဟစ်ကာ အကူအညီတောင်းသည်။ ဤသည်မှာ ဘုရင်ခံသု၏ အိမ်တော်ဖြစ်၏။ သိုင်းသခင်များမှာ သူတစ်ယောက်တည်း ရှိနေသည်မဟုတ်ပါ။ အကြီးစား ကျွမ်းကျင်မှု အဆင့်နှင့် အထွတ်အထိပ်ရှိ သိုင်းသခင်များပင်လျှင် ရှိ၏။
"မင်းရဲ့ ခွန်အားနဲ့ သခင်လေးရှဲ့အယောင်များ ဟန်ဆောင်ရဲသေးတယ်။ သခင်လေးရှဲ့သာဆိုရင် ငါ့ကို လက်ဝါးတစ်ချက်တည်းနဲ့ သေဆုံးစေပြီး လောက်ပြီ.."
ယန်ခွမ်းက အေးစက်စွာ ပြောသည်။
"ငါက တကယ်ပဲ ဓားသခင်ချောက်ကမ်းပါးက ရှဲ့လင်ဖုန်းပဲ။ မိတ်ဆွေတစ်ယောက်ကို လာပြီးတော့ ရှာတာ..."
ရှဲ့လင်ဖုန်းက ကြိုးစားကာ ရှင်းပြသည်။ သို့ပေမယ့် ဒီလူများက သူ့ကို အခွင့်အရေးမပေးပါ။
"ဘုန်း.."
"သေလိုက်တော့.."
ဓားချက်တစ်ချက် လက်သွားပြီး သိုင်းသခင်တစ်ယောက်က တိုက်ခိုက်လာခဲ့၏။
"ဟန့်.."
ဟူရှန်းက အေးစက်စွာ နှာခေါင်းရှုံ့ပြီးနောက် သူ၏ဓားကို ဆွဲထုတ်ကာ လေပြင်းဓားကွက်ကို ထုတ်လိုက်သည်။
တိုက်ပွဲက စတင်၏။ လျှင်မြန်စွာပင် သူသည် အသာစီးရလာခဲ့သည်။
"ရဲတင်းလိုက်တဲ့ကောင်.."
သုအိမ်တော်အတွင်းမှ ထည်ဝါသည့် အရှိန်အဝါတစ်ခု ထွက်ပေါ်လာ၏။ အကြီးစား ကျွမ်းကျင်မှုအဆင့်ရှိ သိုင်းသခင်တစ်ယောက်၏ တည်ရှိမှုကို ဖော်ပြနေသည်။
ရှဲ့လင်ဖုန်း၏ ပုံစံက မဲမှောင်သွားပြီး သူ၏ဓားကို ဆွဲကာ သက်တန့်ပျံဓားသိုင်းဖြင့် တိုက်ခိုက်လိုက်၏။ မျက်စိတစ်မှိတ်အတွင်းတွင် ဓားချီက ထွက်ခွာသွားပြီး တစ်ဖက်လူကို ဆုတ်ခွာသွားစေသည်။
သို့ပေမယ့် မကြာခင် နောက်ထပ် အကြီးစားကျွမ်းကျင်မှုအဆင့် သိုင်းသခင်က တိုက်ခိုက်လာပြန်၏။ နှစ်ယောက်သားက ပူးပေါင်းကာ တိုက်ခိုက်သည်။
ရှဲ့လင်ဖုန်းက အေးစက်စွာ နှာခေါင်းရှုံ့သည်။ သူ၏ ဓားချီက မြင့်တက်လာပြီး အကြီးစားကျွမ်းကျင်မှုအဆင့် သိုင်းသခင်နှစ်ယောက်တို့ကို တစ်ယောက်တည်းနှင့် ရင်ဆိုင်၏။ အရေးနိမ့်ခြင်းပင် မရှိပေ။
ထိုအချိန်၌ ယန်ခွမ်းက နှာခေါင်းရှုံ့စွာ ပြော၏။
"မင်းက ပုရွဲဆိတ်တစ်ကောင်ထက် မပိုဘူး။ သခင်လေးရှဲ့ရဲ့ မျက်လုံးထဲမှာ အကြီးစားကျွမ်းကျင်မှုအဆင့် သိုင်းသခင်တွေဆိုတာ ဘာမှမဟုတ်ဘူး။ ဒီလောက် နိမ့်ကျတဲ့ စွမ်းရည်နဲ့များ အယောင်ဆောင်ရဲသေးတယ်.."
သူက လက်နက်ကို ဆွဲထုတ်ကာ ဟူရှန်းကို တိုက်ခိုက်၏။ အခြား သိုင်းသခင်နှင့်အတူ ပူးပေါင်းသည်။
"ဘုန်း.."
တိုက်ပွဲက ပိုမိုကာ ပြင်းထန်လာခဲ့၏။ ဟူရှန်းနှင့် ရှဲ့လင်ဖုန်းတို့ အတူတူ ကျောကပ်သွားကြသည်။
"သခင်လေး... ကျွန်တော်တို့တွေ ဒီနေရာကနေ အရင်ဆုံး ထွက်သွားသင့်တယ်။ သုအိမ်တော်မှာ စစ်ဘုရင်တစ်ယောက် ရှိတယ်။ သူတို့သာ အမှားနဲ့အမှန်ကို မခွဲခြားရင် အကျိုးဆက်တွေက တော်တော်လေးဆိုးရွားမှာ.."
ဟူရှန်းက ညှို့မှိုင်းသည့် မျက်နှာဖြင့် အကြံပေး၏။
"ကောင်းပြီ.."
ရှဲ့လင်ဖုန်းလည်း ခေါင်းကိုက်နေပါပြီ။ သူ့အနေနှင့် နားလည်မှု လွဲခြင်းကို ရှင်းမပြနိုင်ဘဲ ရှိနေ၏။
အံ့သြစရာကောင်းလောက်အောင် သူကိုယ်တိုင်က အယောင်ဆောင်သူ ဖြစ်သည်ဟု အစော်ကားခံခဲ့ရလေသည်။
"ချီး.."
'ငါက သိုင်းသခင်အဆင့်ရဲ့ အစောပိုင်းအဆင့်လေးမှာပဲ ရှိသေးတယ်။ အကြီးစား ကျွမ်းကျင်မှုအဆင့်က သိုင်းသခင်နှစ်ယောက်ကို အားနည်းချက် တစ်စုံတရာမပြဘဲ ရင်ဆိုင်နိုင်ခဲ့တယ်။ အတွင်းဘက်နယ်မြေမှာ ဘယ်အစောပိုင်းအဆင့် သိုင်းသခင်က ဒီလိုမျိုး လုပ်ဆောင်နိုင်လို့လဲ..'
သို့ပေမယ့် သူသည် အစော်ကားခံရဆဲရှိ၏။ ဤသည်မှာ အလွန် လွန်ကျူးသွားပါပြီ။
"ဘုန်း.."
ထည်ဝါသည့် ဝမ်ဟယ်ဓားသိုင်းက ရုတ်တရက် ထွက်ပေါ်လာကာ မြင့်တက်လာသည့် ဓားစွမ်းအင် အကြားတွင် ဓားအလင်းက ရုတ်တရက် ပျံထွက်သွားသည်။
ဤသည်က အကြီးစား ကျွမ်းကျင့်မှုအဆင့် သိုင်းသခင်နှစ်ယောက်တို့ကို အမြန်နေ ာက်ဆုတ်သွားရစေ၏။
ရှဲ့လင်ဖုန်းက နောက်ထပ်တစ်ကြိမ် တိုက်ခိုက်လိုက်ပြန်ပြီး နောက်ထပ် သိုင်းသခင်ကို တွန်းလှန်ကာ ယန်ခွမ်း၏ ပုခုံးကို ဓားဖြင့် စိုက်လိုက်သည်။
"မင်းလိုမျိုး တတိယတန်းစား သိုင်းသခင်တစ်ယောက်က ဒီမှာဘာစကားမှ လာစော်ကားဖို့ အဆင့်မရှိဘူး.."
သုအိမ်တော်မှ သိုင်းသခင်များကို တွန်းလှန်ပြီးနောက် ရှဲ့လင်ဖုန်းနှင့် ဟူရှန်းတို့သည် အမြန်ဆုံး ထွက်ခွာသွားကြ၏။
ယန်ခွမ်းမှာ အလွန် ဒေါသထွက်နေပါသည်။
တတိယတန်းစား သိုင်းသခင်တစ်ယောက်လေလား။ ဤသည်က လွန်လွန်းသွားပါပြီ။ သခင်လေးရှဲ့သာ ရှိပါက အဆင့်၇ စိတ်ဝိဉာဉ်ဆေးပင်များကို ပေးပြီး တစ်ဖက်လူကို ခေါင်းဖြတ်ခိုင်းမှာ ဖြစ်၏။
ဂီတနားထောင်ခြင်း စံအိမ်တွင် သုယွီယင်းက ဗျတ်စောင်းတစ်ခုကို နေရာချကာ လာမည့် ဧည့်သည်များအတွက် သံစဉ်တစ်ပုဒ်ကို တီးခတ်ဖျော်ဖြေရန် စီစဉ်ထားသည်။
ချွေအာက ပြေးဝင်လာခဲ့၏။
"သခင်မလေး... ရဲတင်းလိုက်တာ။ တစ်ယောက်ယောက်က သခင်လေးရှဲ့ အယောင်ဆောင်ထားတယ်.."
"ဘာ.."
သုယွီယင်း၏ မျက်နှာက ချက်ချင်းပင် မဲမှောင်သွားပြီး ဒေါသထွက်လာခဲ့သည်။
"သူဘယ်မှာလဲ.."
"အခု သိုင်းသခင်တွေက သူ့ကို ဝိုင်းပြီးတော့ ဖမ်းနေပါတယ်။ လက်ရှိ အခြေအနေကို မသိရပါဘူး.."
"လာခဲ့.. ဒီရဲတင်းတဲ့သူခိုးကို သွားပြီးတော့ ကြည့်ရအောင်.."
သုယွီယင်းက စိတ်အနှောင့်အယှက်ဖြစ်စွာဖြင့် အပြင်ဘက်သို့ ပြေးထွက်သွား၏။ တိုက်ပွဲက ပြီးဆုံးသွားပြီးဖြစ်သည်။
"လူဘယ်မှာလဲ...ဖမ်းမိလိုက်လား.."
ယန်ခွမ်းက သူ၏ဒဏ်ရာကို ပတ်တီးစည်းရင်းက ပြောသည်။
"သခင်မလေး သူလွတ်သွားပြီ... ဒီကောင်ရဲ့ ခွန်အားက အားမနည်းဘူး.."
"လွတ်သွားတယ်... ငါတို့တွေ သူ့ကို သုပိုင်နက်ထဲကနေပြီးတော့ လွတ်သွားစေလို့ မဖြစ်ဘူး.."
သုယွီယင်းက အမြန်ပြော၏။
"ငါအဖေ့ကို သွားရှာပြီး အထွတ်အထိပ် သိုင်းသခင်တွေကို စေလွှတ်ဖမ်းဆီးရမယ်.."
"သုအိမ်တော်က အရမ်းကို လွန်လွန်းသွားပါပြီ သခင်လေး။ ဓားသခင်ချောက်ကမ်းပါးကို ပြန်ပြီးရင် ကျွန်တော့ အဖေကို သူတို့ဆီကို သွားလည်ခိုင်းလိုက်မယ်။ ဘုရင်ခံသုကို သင်ခန်းစာ ကောင်းကောင်းပေးရမယ်.."
ဟူရှန်းက အစော်ကားခံရမှုအား သည်းခံနိုင်ခြင်း မရှိပေ။ ခါးသက်စွာဖြင့် မကျေနပ်စွာ ပြော၏။
"ဦးလေးဟူကို အလုပ်များအောင် မလုပ်စမ်းပါနဲ့။ ဒီကနေ မြန်မြန်လေး ထွက်ခွာရအောင်.."
ရှဲ့လင်ဖုန်းက သက်ပြင်းချသည်။ သူတို့သည် သုမိသားစု၏ လွှမ်းမိုးမှုအောက်မှ အလျှင်အမြန် ထွက်ခွာကြ၏။
နောက်ထပ် ခြေတစ်လှမ်းမှာ ရွှီယန်ကို ရှာဖို့ဖြစ်သည်။ ဓားသခင်ချောက်ကမ်းပါးမှာ ထိပ်တန်းအဆင့် အင်အားစုတစ်ခု ဖြစ်၏။ ထို့ကြောင့် သိုင်းလောကမှ သတင်းအချက်အလက်အချို့ကို ရရှိရန်မှာ လွယ်ကူပါသည်။
"ကြယ်တစ်ထောင်ကန်က ဝူရွှမ်းစံအိမ်မှာလား.."
ဟူရှန်းက အံ့ဩစွာ အသံပြုသည်။
"ရွှီယန်.. ဘဝကို ဒီလောက်စံစားတတ်မယ်လို့ ဘယ်သူသိမှာလဲ.."
ရှဲ့လင်ဖုန်းလည်း ရွှီယန်တစ်ယောက် အတွင်းဘက်နယ်မြေသို့ အမှန်တကယ်ကို ရောက်ရှိခဲ့ပြီး ဖြစ်ကြောင်းအား သေချာသွားခဲ့၏။
တစ်ဖက်လူသည် သူရှဲ့လင်ဖုန်း၏ အမည်ဖြင့် ဝူရွှမ်းစံအိမ်သို့လည်း ဝင်ရောက်ခဲ့လေသည်။
"ညီလေးရွှီ.. အဲ့ဒီ့ကို စိတ်အခြေအနေကို သွားပြီးတော့ လေ့ကျင့်တာ ဖြစ်လိမ့်မယ်.."