← Chapters

ခုနှစ်စင်ကြယ်အကယ်ဒမီ၊ သိုင်းပညာပြိုင်ကွင်း(၂)

Vol. 14 Ch. 210

ခုနှစ်စင်ကြယ်အကယ်ဒမီ၊ သိုင်းပညာပြိုင်ကွင်း(၂)

Vol. 14 Ch. 210

"ဝူရွှမ်းစံအိမ်ကို သွားရအောင်.."

ရှဲ့လင်ဖုန်းနှင့် ဟူရှန်းတို့သည် ဝူရွှမ်းစံအိမ်ဆီသို့ ဦးတည်ခဲ့ကြ၏။

သုအိမ်တော်အတွင်းတွင် ချွေအာက ထုပ်ပိုးမှုပြုရင်းမှ  စဉ်းစားနေပါသည်။

"သခင်မလေး.. ဟိုလူလိမ်တွေ လွတ်မြောက်သွားခဲ့ကြတယ်။ တော်တော် ရဲတင်းတဲ့လူတွေ။ သူတို့က ရှဲ့သခင်လေးရဲ့ ဂုဏ်သတင်းကို ပျက်စီးအောင် လုပ်နေကြတာ.."

"အခု သိုင်းလောကမှာ သတင်းတစ်ခု ထွက်နေတယ်။ သခင်လေးရှဲ့က ဝူရွှမ်းစံအိမ်ကို သွားပြီးတော့ စိတ်ဝိဉာဉ်ပုံဆောင်ခဲ တစ်ခုကိုတောင်မှ အသုံးမပြုခဲ့ဘူးတဲ့။ ကြည့်ရတာ အဲ့ဒီ့လူလိမ်ပဲ အယောင်ဆောင်ထားတာ ဖြစ်မယ်။ သခင်လေးရှဲ့ရဲ့ ဂုဏ်သိက္ခာကို တမင်ဖျက်ဆီးနေတာ ဖြစ်မယ်.."

"သခင်လေးရှဲ့လို လူတစ်ယောက်က ဘယ်လိုလုပ်ပြီးတော့ ဝူရွှမ်းစံအိမ်လို နေရာမျိုးကို သွားမှာလဲ.."

"သခင်လေးက ငယ်ရွယ်ပြီးတော့ အနှောင်အဖွဲ့ကင်းတဲ့စိတ် ရှိတယ်။ ဘာလို့ သူမဖြစ်နိုင်ဘဲ နေမှာလဲ။ အဲ့ဒီ့အပြင် အဲ့ဒီ့ကိုသွားပြီး စိတ်ကို လေ့ကျင့်မယ်လို့လည်း ပြောခဲ့တယ်လေ.."

သုယွီယင်းက အပြုံးတစ်ခုဖြင့် ပြော၏။

"မြန်မြန်လေးလုပ်.. ငါတို့တွေ ခုနှစ်စင်ကြယ် အကယ်ဒမီကို ပြန်သင့်နေပြီ။ ငါ့ရဲ့ ပြဿနာနဲ့ပတ်သက်ပြီး ဆရာမှာလည်း အဖြေတစ်ခု ရှာတွေ့ပြီးနေလောက်ပြီ.."

"သခင်မလေး... ဆိုလိုတာက မကြာခင်မှာ သိုင်းသခင်တစ်ယောက် ဖြစ်လာတော့မှာပေါ့.."

ချွေအာက ဝမ်းသာသွား၏။

"ငါလည်း အဲ့လိုပဲ မျှော်လင့်တယ်.."

သုယွီယင်းက နှလုံးသားထဲတွင် သက်ပြင်းချသည်။ သိုင်းသခင်တစ်ယောက် ဖြစ်လာရန်မှာ လွယ်ကူခြင်း မရှိပေ။

ခုနှစ်စင်ကြယ်အကယ်ဒမီမှာ အတွင်းဘက်နယ်မြေ၏ သိုင်းပညာ မြင့်မြတ်နယ်မြေ ဖြစ်၏။ နေရာအနှံ့ရှိ သိုင်းသမားများကို လက်ခံသင်ကြားကာ မရေမတွက်နိုင်သည့် သိုင်းသခင်အဆင့် သိုင်းသမားများနှင့် စစ်ဘုရင်အဆင့် သိုင်းသမားများကိုပင် မွေးထုတ်ပေးခဲ့သည်။

အတွင်းဘက်နယ်မြေရှိ အင်အားစုများစွာနှင့် ဂိုဏ်းများစွာတို့၏ တည်ထောင်သူများသည် တစ်ချိန်က ခုနှစ်စင်ကြယ်အကယ်ဒမီ၏ ကျောင်းသားများ ဖြစ်ခဲ့ဖူး၏။

သူတို့သည် အကယ်ဒမီတွင် လေ့လာမှုပြုရင်းမှ  အသိပညာ ဗဟုသုတတို့ကို ရရှိကာ ဂိုဏ်းများကို တည်ထောင်နိုင်ခဲ့ခြင်း ဖြစ်သည်။

ထန်းပေါင်စံအိမ်မှာ အတွင်းဘက်နယ်မြေရှိ အကြီးမားဆုံး ကုန်သွယ်ရေး အင်အားစုတစ်ခုဖြစ်ပြီး နက်ရှိုင်းစွာ အမြစ်တွယ်နေပါသည်။

အတွင်းဘက်နယ်မြေရှိ အထက်တန်းအကျဆုံး အင်အားစုတစ်ခုဟု ယူဆနိုင်၏။ ၎င်း၏ လွှမ်းမိုးမှုကို ခုနှစ်စင်ကြယ်အကယ်ဒမီကသာ လိုက်မီနိုင်သည်။

ခုနှစ်စင်ကြင်အကယ်ဒမီသည် သိုင်းလောကရှိ ပြိုင်ဆိုင်မှုများတွင် ပါဝင်ခြင်းမှ ရှောင်ထွက်ခဲ့တာ ကြာပြီဖြစ်၏။ သူတို့၏ ရည်ရွယ်ချက်မှာ သိုင်းပညာကို ဖြန့်ကျက်ကာ သုတေသနပြုရန် ဖြစ်သည်။ မည်သည့် နောက်ခံနှင့်မဆို ကျောင်းသားတိုင်းကို လက်ခံသင်ကြားရန် ဖြစ်သည်။

သိုင်းပညာ၏ အဖွံ့ဖြိုးဆုံးနေရာကို ပြောပါဆိုလျှင်  အထည်ဝါဆုံးမှာ ခုနှစ်စင်ကြယ်အကယ်ဒမီသာ ဖြစ်ပေလိမ့်မည်။ သိုင်းပညာအား လေ့လာရာတွင်လည်း အကျယ်ပြန့်ဆုံးဖြစ်၏။

နိုင်ငံကြီး၃ခု၏ အင်ပါရီယာ မိသားစုဝင်များတွင်လည်း သူတို့၏ တည်ထောင်သူ ဘိုးဘေးများမှာ တစ်ချိန်က ခုနှစ်စင်ကြယ်အကယ်ဒမီမှ ကျောင်းသားများ ဖြစ်ခဲ့ကြသည်။ လက်ရှိ ဧကရာဇ်များသည်လည်း ငယ်ရွယ်စဉ်က ထိုနေရာတွင် သိုင်းပညာ သင်ကြားခဲ့၏။

အချို့ ဆင်းရဲသည့် လူငယ်များ ဒီနေရာသို့ ရောက်လာကာ ခုနှစ်စင်ကြယ် အကယ်ဒမီတွင် ကြိုးစားကျင့်ကြံပြီး အမြင့်သို့ တက်လှမ်းသွားသည်များလည်း ရှိ၏။

သိုင်းသခင်အဆင့်နှင့် စစ်ဘုရင်များပင်လျှင် ဖြစ်လာနိုင်ကြသည်။

အတွင်းဘက်နယ်မြေ၏ ရှည်လျားသည့် သိုင်းလောက သမိုင်းတလျှောက်တွင် ထိပ်တန်းအင်အားစုများ ပြိုလဲကာ သမိုင်းမှ ပျောက်ကွယ်သွားသည်များ ရှိ၏။

အချို့ ကျော်ကြားသည့် အင်အားစုများလည်း ကျရှုံးကုန်ပြီး သူတို့၏ ဂုဏ်သတင်းတို့ ပျောက်ကွယ်သွားကြရသည်။

ခုနှစ်စင်ကြယ် အကယ်ဒမီသာလျှင် အခြေအနေတို့ မည်မျှ ပြောင်းလဲစေကာမူ ရပ်တည်နေဆဲရှိပြီး အမွေအနှစ်တို့ မပျက်စီးစွာ အမြဲတမ်း အထွတ်အထိပ်၌ ရှိနေနိုင်သည်။

သမိုင်းတွင် အပြင်ဘက်လောက၌ ပျောက်ကွယ်သွားခဲ့သည့် သိုင်းပညာ ကျင့်စဉ်များနှင့် လျှို့ဝှက်အတတ်များ ရှိ၏။ သို့ပေမယ့် ၎င်းတို့ကို ခုနှစ်စင်ကြယ်အကယ်ဒမီ၌ ရှာတွေ့နိုင်ပါသည်။

ခုနှစ်စင်ကြယ် အကယ်ဒမီတွင်သာ ရှာတွေ့နိုင်ခြင်း မရှိပါက ဆိုလိုသည်မှာ ၎င်းတို့သည် အမှန်တကယ်ကို ပျောက်ကွယ်သွားခဲ့ခြင်း ဖြစ်၏။

သမိုင်းတစ်လျှောက်တွင် ခုနှစ်စင်ကြယ်အကယ်ဒမီသည် အန္တရာယ်များစွာတို့ကို ရင်ဆိုင်ရခဲ့ဖူးသည်။ သို့ပေမယ့် ၎င်းကို လှုပ်ခါနိုင်ခြင်း မည်သည်မှ မရှိခဲ့ပေ။ အဲ့ဒီ့အစား ခုနှစ်စင်ကြယ်အကယ်ဒမီကို ထိပါသည့် အင်အားစုများသာလျှင် ဖိနှိပ်ခြင်းခံရကာ ပျက်စီးကြရ၏။

တစ်ချိန်တုန်းက အတွင်းဘက်နယ်မြေကို ပေါင်းစည်းခဲ့သည့် မင်းဆက်တစ်ခု ရှိခဲ့ဖူးသည်။ သူတို့၏ စွမ်းအားနှင့် အင်အားစုများစွာကို ဒူးထောက်စေခဲ့ပြီး ဂိုဏ်းများစွာကို အညံ့ခံစေခဲ့၏။

သူတို့သည် ခုနစ်စင်ကြယ် အကယ်ဒမီကိုလည်း  စည်းမျဉ်းအတွင်းသို့ ထည့်ကာ နန်းတော်၏ ကြီးကြပ်မှုအတွင်းရှိ ကျောင်းတစ်ခု ဖြစ်လာလိုလေသည်။

ရလဒ်အနေနှင့် ဟိုမင်းဆက်မှာ ပြိုလဲခဲ့ရ၏။ ထိုစစ်ပွဲသည် ခုနှစ်စင်ကြယ် အကယ်ဒမီ၏ စစ်မှန်သော ကြောက်စရာကောင်းသည့် ခွန်အားကို လောကကြီးအား သိရှိစေခဲ့သည့် စစ်ပွဲလည်း ဖြစ်သည်။

စစ်ဘုရင်များက တစ်ယောက်ပြီးတစ်ယောက် ရှေ့ထွက်လာခဲ့၏။ ပျောက်ဆုံးသွားသည့် အနှိုင်းမဲ့ကျင့်စဉ်များ၊ မကြားဖူးသည့် လျှို့ဝှက်အတတ်များ... အားလုံးတို့ ထိုစစ်ဘုရင်များ၏ လက်ထဲတွင် ရှိနေကြသည်။

အကြွင်းမဲ့သော အရှိန်အဝါနှင့် အင်ပါရီယာ အင်အားစုကို နင်းချေခဲ့၏။ သူတို့သည် မင်းဆက်တစ်ခုလုံးကို ဦးညွှတ်မှုပြုစေကာ ခုနှစ်စင်ကြယ်အကယ်ဒမီ၏  သာလွန်မြင့်မြတ်မှုကို ပြသခဲ့ကြသည်။ အင်ပါရီယာ ကြီးကြပ်မှုအား ဆန့်ကျင်ခဲ့ကြ၏။

ထိုစစ်ပွဲက မင်းဆက်ကို အားနည်းသွားစေပြီး  အပိုင်းပိုင်း ပြိုလဲကာ လက်ရှိ နိုင်ငံကြီး၃ခု အဖြစ်ပင်  ပြောင်းလဲခြင်းအား ဖြစ်စေခဲ့သည်။

ထို့နောက် အပြီးတွင် လူတိုင်းသည် နောက်ဆုံး၌ ခုနှစ်စင်ကြယ်အကယ်ဒမီတွင် သိုင်းပညာကို ရူးသွပ်နေသည့် လူတစ်စုရှိကြောင်းအား နားလည်လာကြ၏။

သူတို့သည် သိုင်းပညာကို သုတေသနပြုကာ လက်ဆင့်ကမ်းမှု ပြုကြသည်။ ထိုလူများ၏ သိုင်းပညာ ခွန်အား၊ သူတို့ကျင့်ကြံသည့် သိုင်းပညာစွမ်းအားနှင့် သိုင်းပညာအပေါ် နားလည်သဘောပေါက်မှု နက်ရှိုင်းခြင်းတို့သည် လောကတွင် မည်သည့် အင်အားစုမှ နှိုင်းယှဉ်နိုင်သည့်အရာ မဟုတ်ပေ။

ထိုသိုင်းပညာ ပညာရှင်များမှာ ခုနှစ်စင်ကြယ်အကယ်ဒမီ၏ စစ်မှန်သည့် အခြေခံ ဖြစ်၏။ သူတို့၏ တိကျသည့် အရေအတွက်ကို မည်သူမှ မသိကြပါ။

အပြင်ဘက်လောကရှိ နာမည်ကျော် စစ်ဘုရင်တစ်ယောက်ပင်လျှင် ခုနှစ်စင်ကြယ်အကယ်ဒမီမှ အဖွဲ့ဝင်တစ်ယောက် ဖြစ်နေနိုင်၏။

လက်ရှိ ခုနှစ်စင်ကြယ်အကယ်ဒမီ ခေါင်းဆောင်၏ ဂုဏ်သတင်းမှာလည်း ကျော်ကြားလှသည်။ သူ့ကို လောကကြီး၏ အင်အားအကြီးဆုံး စစ်ဘုရင်တစ်ယောက်ဟု ဆိုကြ၏။

သူ သို့မဟုတ် သူမ မည်သူ ဟူသည်မှာတော့ လျှို့ဝှက်ချက်တစ်ခုနီးပါး ရှိနေပါသည်။ သိရန် ခက်ခဲလှ၏။ အလွန်ထိပ်တန်းကျသည့် စစ်ဘုရင်များသာလျှင် မည်သူဟူသည်ကို သိနိုင်ပေလိမ့်မည်။

ဒုကျောင်းအုပ် ၃ယောက်တို့မှာလည်း မြင့်မားသည့် ဂုဏ်သတင်းနှင့် စစ်ဘုရင်အဆင့် သိုင်းသမားများ ဖြစ်ကြသည်။

ခုနှစ်စင်ကြယ် အကယ်ဒမီတွင် လူတစ်ယောက်အနေနှင့် အမြင့်ဆုံး ရောက်ရှိနိုင်သည့် အဆင့်မှာ ကြီးကြပ်သူ၊ ဆရာခေါင်းဆောင်နှင့် ဆရာတို့ ဖြစ်ကြသည်။

နာမည်ကျော်ကြားသည့် သိုင်းပညာ ပညာရှင်များမှာတော့ အလွန် ကံကောင်းမှသာလျှင် ရောက်ရှိနိုင်ပေလိမ့်မည်။

ထို့အပြင် အကယ်ဒမီ၏ ကြီးကြပ်သူများနှင့် ဆရာများ အကြားတွင်ပင် သိုင်းပညာ ပညာရှင်များ ရှိနေနိုင်၏။

ဆရာများ၏ ခွန်အားသည် သိုင်းသခင်အဆင့်မှ တတိယအဆင့်ထက် မနိမ့်ကျသည့် အဆင့်တွင်ရှိ၏။ သူတို့သည် သိုင်းပညာသင်ကြားမည့် လူသစ်ကျောင်းသားများကို သင်ကြားလေ့ကျင့်ပေးရာ၌ တာဝန်ရှိ၏။

ဆရာခေါင်းဆောင်များ မှာတော့ သိုင်းသခင်အဆင့်မှ စစ်ဘုရင်အထိရှိ၏။ တစ်ယောက်မှ သိုင်းသခင်ထက် နိမ့်ကျခြင်း မရှိပေ။

ဆရာခေါင်းဆောင်များသည် တတိယအဆင့်၏ အထက်ရှိ ကျောင်းသားများ သို့မဟုတ် ပါရမီ အလွန်ထူးချွန်သည့် ကျောင်းသားများကို သင်ကြားပေးမှုပြုသည်။

ကြီးကြပ်သူများမှာတော့ ခုနှစ်စင်ကြယ်အကယ်ဒမီ၏ ကျောရိုးနောက်ခံ ဖြစ်၏။ သူတို့သည် အကယ်ဒမီကို အထက်မှ စောင့်ကြည့်ကာ စည်းမျဉ်းများကို ထိန်းသိမ်းခြင်း၊ စည်းမျဉ်းချိုးဖောက်သူများကို အပြစ်ပေးခြင်းတို့အား လုပ်ဆောင်ကြသည်။

ကြီးကြပ်သူတိုင်းသည် စွမ်းအားကြီးမားသည့် စစ်ဘုရင်တစ်ယောက် သေချာပေါက်ဖြစ်၏။ ကြီးကြပ်သူတစ်ယောက်အား ဆရာအဖြစ် ကိုးကွယ်နိုင်သည့် ကျောင်းသားများမှာ အားလုံး အကြွင်းမဲ့ပါရမီရှင်များ ဖြစ်ကြသည်။

ခုနှစ်စင်ကြယ်မြို့သည် မြို့၇ခုတို့ဖြင့် ဝန်းရံနေပြီး ခုနှစ်စင်ကြယ်နန်းတော်၏ အပြင်ဘက်မြို့တစ်ခု ဖြစ်၏။

သိုင်းသမားများစွာတို့ ဒီနေရာသို့ ရောက်လာပြီး  အခွင့်အရေးများကို ရှာဖွေကြသည်။ သိုင်းလောကမှ မိတ်ဆွေများကို ရှာဖွေကြသည်။ သို့မဟုတ် ရန်သူများဆီမှ ပုန်းအောင်းကြသည်။

ခုနှစ်စင်ကြယ်အကယ်ဒမီကို တောင်စောင်းတစ်ခုအပေါ်တွင် ဆောက်လုပ်ထား၏။ နေရာတစ်ခုလုံး၌ စံအိမ်များ၊ မျှော်စင်များနှင့် အဆောက်အအုံများစွာ ထူထဲစွာ ရှိနေပါသည်။

အကွာအဝေး အနည်းငယ် ရောက်တိုင်းတွင်  ကျောင်းသားများအတွက် စိတ်ကူးများကို ဖလှယ်ရန်နှင့် ယှဉ်ပြိုင်မှု ပြုရန်အတွက် သိုင်းပညာ ကျင့်ကြံခြင်း စင်မြင့်တစ်ခုကို ဆောက်လုပ်ထား၏။ အပြင်လူများအနေနှင့် ဒီနေရာသို့ ရောက်လာကာ စိန်ခေါ်ယှဉ်ပြိုင်လို့လည်း ရပါသည်။

ခုနှစ်စင်ကြယ်အကယ်ဒမီသည် သိုင်းပညာကို ဖလှယ်ကာ ဆွေးနွေးလိုသည့် စိန်ခေါ်သူများအားလုံးကို အမြဲတမ်း ကြိုဆိုခဲ့၏။

လောကကြီးရှိ အင်အားများစွာတို့က သူတို့၏ ဂုဏ်ယူရသည့် ပါရမီရှင်များကို ဒီနေရာသို့ စေလွှတ်ကာ ယှဉ်ပြိုင်မှုပြုပြီး အသိအမှတ်ပြုမှုအား ရရှိစေသည်။

ခုနှစ်စင်ကြယ်အကယ်ဒမီ၏ စုဆောင်းမှုများကို ဖတ်ရှု့နိုင်ရန်အတွက် စိန်ခေါ်သူများသည် ပြိုင်ကွင်းများစွာတို့ကို ဖြတ်ကျော်ကြရသည်။ ပြိုင်ကွင်းတစ်ခုကို အနိုင်ရပါက ပထမအထပ်ရှိ အချက်အလက်များကို ကြည့်ရှု့နိုင်သည့် အရည်အချင်းရှိ၏။ အစရှိသဖြင့် ဖြစ်သည်။

ခုနှစ်စင်ကြယ်အကယ်ဒမီကို စတင်တည်ထောင်ခဲ့စဥ် ကတည်းက အသန်မာဆုံး စိန်ခေါ်သူမှာ အဆင့်၇ကို  အောင်မြင်ခဲ့ပြီး ၇လွှာအထိ စုစည်းမှုများကို ဖတ်ရှု့နိုင်ခဲ့သည်။

ရွှီယန်သည် ကြယ်တစ်ထောင်ကန်မှ ထွက်ခွာပြီးနောက် ကျွန်းအတွင်းတွင် ရှာဖွေမှုပြုကာ စိတ်ဝိဉာဉ်ပုံဆောင်ခဲ ၃သိန်းနှင့် စိတ်ဝိဉာဉ်ဆေးပင် ၂၀ကျော်ကို ရရှိခဲ့ပြီး ရုတ်တရက် ချမ်းသာလာခဲ့သည်။

များပြားလှသည့် ပိုက်ဆံများနှင့် သူသည် ယခုအချိန်၌ အနည်းငယ်လောက်ကို သုံးစွဲရန် တတ်နိုင်နေပါပြီ။

ခုနှစ်စင်ကြယ်အကယ်ဒမီသို့ လမ်းတွင် ရွှီယန်သည် သူ၏ စိတ်ဝိဉာဉ်ဆေးပင်နှင့် အခြားပစ္စည်းများကို ထန်းပေါင်စံအိမ်၌ သိုလှောင်မှု ပြုခဲ့၏။

ရှည်လျားသည့် ခရီးအတွင်းတွင် နောက်ဆုံး၌ ခုနှစ်စင်ကြယ်အကယ်ဒမီဆီသို့ ရောက်ရှိခဲ့ပါပြီ။ သူသည် ခုနှစ်စင်ကြယ်အကယ်ဒမီ၏ စုဆောင်းမှုများကို ဖတ်ရှု့ရန်အတွက် ရောက်လာခဲ့ခြင်း ဖြစ်၏။ အတွင်းဘက်နယ်မြေ၏ သိုင်းပညာအကြောင်းကို  နက်ရှိုင်းစွာ လေ့လာမည် ဖြစ်သည်။ သူတို့၏ အနှစ်သာရကို ထုတ်ယူကာ သူ၏ကိုယ်ပိုင် လမ်းစဉ်အတွင်း၌ ပေါင်းစပ်မည် ဖြစ်၏။

"ဘုန်း.."

ခုနစ်စင်ကြယ်အကယ်ဒမီ၏ ပထမအဆင့် သိုင်းပညာစင်မြင့်ပေါ်တွင် ပုံရိပ်တစ်ခုသည် နောက်ပြန် လန်ကျလာပြီး မြေပြင်ပေါ်သို့ ကျဆင်း၏။

စင်မြင့်ပေါ်ရှိ ခုနှစ်စင်ကြယ်အကယ်ဒမီမှ ကျောင်းသားတစ်ယောက်က ဦးညွှတ်သည်။

"ညှာတာမှုပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်.."

မြေပြင်ပေါ်တွင် ကျဆင်းသွားသည့် လူငယ်က မတ်တပ်ရပ်ကာ သူ၏ နှုတ်ခမ်းထောင့်မှ သွေးများစီးကျလာ၏။

မျက်လုံးများ၌ မျှော်လင့်ချက်မဲ့မှုတို့ဖြင့် ပြည့်နက်နေပါသည်။

သူသည် ပထမအဆင့်ကိုပင် ချိုးဖျက်နိုင်ခြင်း မရှိခဲ့ပေ။

"နောက်ထပ်တစ်ယောက် ကျရှုံးပြန်ပြီ.."

"ခုနှစ်စင်ကြယ်အကယ်ဒမီရဲ့ ယှဉ်ပြိုင်ခြင်း စင်မြင့်က ဖြတ်ကျော်ဖို့ ဘယ်တုန်းကမှ မလွယ်ကူခဲ့ဘူး။ ပထမအဆင့်တောင်မှ ဒီလိုပဲ.."

"ဟုတ်တယ်။ ဒါက အရမ်းကို ခက်ခဲလွန်းတယ်။ ငါလည်း ငါ့ရဲ့ဒေသမှာဆိုရင် ထိပ်တန်း ပါရမီရှင်တွေထဲက တစ်ယောက်ဖြစ်ပေမယ့် ပထမအဆင့်ကိုတောင် မချိုးဖျက်နိုင်ခဲ့ဘူး.."

ကြည့်နေကြသည့် သိုင်းသမားများက ဆွေးနွေးရင်းမှ သက်ပြင်းချမိကြ၏။ စိန်ခေါ်ခြင်း စင်မြင့်သို့ တက်ရောက်လာသည့် စိန်ခေါ်သူများမှာ အသက်ကြီးခြင်း မရှိပေ။

သူတို့အားလုံးသည် ကိုယ်ပိုင်နေရာများတွင် ပါရမီမြင့်မားကာ ကျော်ကြားသူများ ဖြစ်ကြ၏။ ထို့ကြောင့် စိန်ခေါ်ရာတွင် တိုက်ခိုက်လိုစိတ်နှင့် ယုံကြည်ချက်တို့ အပြည့် ရှိနေပါသည်။

သို့ရာတွင် လူအများစုတို့သည် ပထမအဆင့်တွင်ပင် ကျရှုံးခဲ့ရ၏။

"စိန်ခေါ်သူ တစ်ယောက် လာပြန်ပြီ.."

"ဒီလူကို ကြည့်ရတာ တော်တော်လေး ငယ်တာပဲ။ ငါ့ထက်တောင်မှ နှစ်အနည်းငယ် ငယ်လောက်တယ်။ သူပထမအဆင့်ကို ဖြတ်ကျော်နိုင်မလား မသိဘူး.."

"ငါတော့ ခက်ခဲမယ်ထင်တယ်။ ဒီအသက်အရွယ်နဲ့ အလွန်ဆုံး တတိယအဆင့် သိုင်းသမားပဲ ဖြစ်မှာ။ သိုင်းပညာအဆင့်က လစ်ဟင်းနေရင် ပထမအဆင့်မှာတောင် ၁၀ကွက်လောက်ကို ခံနိုင်မှာ မဟုတ်ဘူး.."

ငယ်ရွယ်သည့် သိုင်းသမားများသည် ရွှီယန်၏ စင်မြင့်ပေါ်သို့ တက်ရောက်သွားမှုကို တွေ့ရပြီးနောက် ချက်ချင်းပင် စတင်ဆွေးနွေးကြသည်။ မည်သူမှ ရွှီယန်ကို မြင့်မြင့်မားမား တွေးထင်ထားခြင်း မရှိပါ။

ပထမအဆင့်၏ ယှဉ်ပြိုင်ခြင်း စင်မြင့်ပေါ်တွင် ခုနှစ်စင်ကြယ်အကယ်ဒမီမှ ကျောင်းသားက ဂုဏ်ယူစွာ ရပ်နေ၏။ ရွှီယန်၏ ရောက်ရှိလာမှုကို စောင့်စားနေပါသည်။

ရွှီယန်က ပတ်ဝန်းကျင်ကို လှည့်လည်ကြည့်ရှု့ပြီးနောက် အံ့သြသွားသည်။

'ဘာလို့ ဘယ်သိုင်းသခင်အဆင့်မှ မရှိတာလဲ။ အသန်မာဆုံးက ပထမအဆင့် သိုင်းသမားပဲလား..'

သူသည် သိုင်းသခင်များစွာကို သတ်ဖြတ်ခဲ့သောကြောင့် ထိုသူများကို နေရာတိုင်းတွင် ရှိနေသည်ဟု တွေးထင်ထားခဲ့သည်။ သို့ပေမယ့် ခုနှစ်စင်ကြယ်အကယ်ဒမီ၏ ပထမအဆင့် ယှဉ်ပြိုင်ခြင်း စင်မြင့်တွင် မည်သည့် သိုင်းသခင်မှ ရှိမနေကြောင်းကို တွေ့လိုက်ရသည်။

ကြည့်ရတာ သိုင်းသခင်များသည် အမှန်တကယ်ကို  နေရာတိုင်း၌ တွေ့မြင်နိုင်သည့်လူများ မဟုတ်လောက်ပါ။

ရွှီယန်က သက်ပြင်းချ၏။ လူပေါင်းများစွာတို့ကို သတ်ဖြတ်ပြီးနောက် သူ၏အတွေးတို့ မှားယွင်းလာခဲ့လေသည်။ လက်စသတ်တော့ သိုင်းသခင်များမှာလည်း ရှားပါးကြ၏။

သူသည် ပထမစင်မြင့်ကို စိန်ခေါ်ရန်အတွက် ပျင်းရိလွန်းလှသည်။ တတိယအဆင့် သိုင်းသမားတစ်ယောက်မှာ အလွန်အားနေ၏။ ရှင်းရှင်းပြောရလျှင် အရှိန်အဝါတစ်ခုနှင့်ပင် သတ်ဖြတ်လို့ ရပါသည်။

ထို့ကြောင့် ပထမအဆင့် စင်မြင့်ကို တစ်ခါတည်း ဖြတ်ကျော်ကာ အပေါ်သို့ ဆက်လက်တက်သွား၏။

All Chapters