ဆန်းကြယ်သော ဗေဒင်ပညာ !
Vol. 9 Ch. 121
“မျောက်နက်က ခွန်အားနည်းနည်းရှိပေမယ့် သူ့စိတ်က ရိုးရှင်းလွန်းပြီး သူ့မှာ ရည်မှန်းချက်ကြီးကြီးမားမားမရှိဘူး”
“ခွန်အားဖြစ်စေ ဉာဏ်ပညာအရဖြစ်စေ မျောက်နက်က အရှင်ထက် အလွန်ညံ့ဖျင်းပါတယ် အရှင်ဝံပုလွေဘုရင်”
ဝံပုလွေအိုကြီးသည် လုချန်း,ကိုကြည့်ပြီး အလွန်ရိုသေလေးစားသောသဘောထားဖြင့် အနားတွင်ရှိနေခဲ့သည်။
လုချန်း,ကိုကြည့်ရင်း သူ့မျက်လုံးများတွင် သဘောကျမှုများဖြင့် ပြည့်နှက်နေသည်။
ထိုအချိန်တွင် လုချန်း,သည် မျောက်နက်နှင့် အပြင်းအထန် တိုက်ပွဲဝင်ခဲ့ပြီး နောက်ဆုံးတွင် မျောက်ဘုရင် ရှုံးနိမ့်ခဲ့သည်။
ထို့ကြောင့် အနီးနားရှိ မျောက်အများစုက အုပ်စုခွဲကာ အခြားနေရာများသို့ ထွက်ပြေးသွားကြသည်။
မျောက်နက်ဘုရင်၏ နှိမ်နင်းခြင်းကို ခံရသော သားရဲများနှင့် ပတ်သက်၍ သူတို့သည် ဝံပုလွေအိုကြီးနှင့် အတူနေခဲ့ပြီး ယခုအခါ လုချန်း အနီးတွင် စုရုံးနေကြပြီဖြစ်သည်။
လာအိုဘေ့၏ မျက်နှာပေါ်တွင် မြှောက်ပင့်ပြောဆိုမှုက ဤအခိုက်အတန့်တွင် အလွန်ထင်ရှားနေပြီး၊ သူသည် မျောက်နက်ဘုရင်အား သူ့စကားဖြင့် အဆက်မပြတ် နှိမ့်ချနေသည်။
လုချန်း,၏ ပြင်းထန်သော စွမ်းအားကို မြင်ပြီး ဉာဏ်ပညာရှိသော ခေါင်းဆောင်တစ်ဦးနှင့် ချိတ်ဆက်ရန် စီစဉ်နေသည်မှာ ထင်ရှားသည်။
သို့ပေမယ့် လုချန်း ကတော့ မကျေမနပ်ဖြစ်နေသည်။ သူသည် မြှောက်ပင့်ခြင်းဖြင့် ဝယ်နိုင်သော သူအမျိုးအစားထဲတွင်မပါပေ။
ထိုကဲ့သို့ ဝါကြွားခြင်းနှင့် မြှောက်ပင့်ပြောဆိုခြင်းကို ကြိမ်ဖန်များစွာ ကြားခဲ့ဖူးသည်။
“မင်းကြည့်ရတာ မျောက်နက်ဘုရင်ကို စွန့်လွှတ်ပြီး ငါနဲ့ပူးပေါင်းဖို့ စီစဉ်နေတာလား”
“မှန်ပါတယ်၊ သခင်ဝံပုလွေဘုရင်၊ အရှင်ဟာ ကောင်းကင်ကဆင်းသက်လာတဲ့ နတ်ဘုရားတစ်ပါးလို ခမ်းနားလွန်းတယ်လို့ ကျွန်တော်ထင်ပါတယ်!”
“ရိုးရိုးသားသား ပြောရရင် ဒီငယ်သားက အရှင့်ရဲ့ လက်အောက်မှာ တကယ် တာဝန်ထမ်းဆောင်ချင်ပါတယ်!”
ဝံပုလွေအိုကြီးက ခပ်မြန်မြန် ခေါင်းညိတ်ပြီး ပြောသည်။
ယခုအခါ အရှေ့မြောက်တောင်တန်းမှ ဝက်ဝံနက်ဘုရင်ကို သတ်ဖြတ်ပြီး မျောက်နက်ဘုရင်ကို မောင်းထုတ်လိုက်ရာ အရှေ့မြောက်တောင်တန်းရှိ အဓိကအဖွဲ့နှစ်ခု ကွဲလွင့်သွားခဲ့သည်။
ရေခဲကန်အောက်ခြေရှိ အင်အားကြီးစပါးအုံးမြွေကြီးပင် သေခြင်းတရား၏ ကံကြမ္မာကို မလွတ်ဆန်နိုင်ခဲ့ပေ။
ကြီးမားသော နယ်မြေများကို ထိပ်တန်းသားရဲဘုရင်များက စောင့်ကြပ်ခြင်းမပြုနိုင်တော့ပေ၊ ဆိုလိုသည်မှာ ရက်စက်ကြမ်းကြုတ်သော သားရဲများစွာကို အလျင်အမြန် ဖမ်းမိသွားမည်ဖြစ်သည်။
သားရဲဘုရင်အသစ်များက ဤမျှများပြားသောနိုင်ငံများတွင် မွေးဖွားလာမည်ဖြစ်သော်လည်း ဖြစ်စဉ်က အလွန်သွေးထွက်သံယိုဖြစ်မည်မှာ သေချာသည်။
လာအိုဘေ့,က အဆင့်အတန်းမြင့်သော်လည်း တိုက်ခိုက်ရေးစွမ်းရည်ရှိသည့် ရက်စက်ကြမ်းကြုတ်သော သားရဲမဟုတ်ပေ။
သူသည် အခြားသားရဲများကဲ့သို့ ၎င်းကို တိုက်ခိုက်ရန်ထက် အစွမ်းထက်သော သားရဲဘုရင်၏ အကာအကွယ်ကို ပိုလိုချင်သည်။
လုချန်း,က ယခုအချိန်တွင် အကောင်းဆုံးရွေးချယ်မှုဖြစ်မည်မှာ သံသယဖြစ်စရာမရှိပေ။
မိုဘိုင်းလ်ဖုန်းမှတဆင့် လာအိုဘေ့သည် လုချန်း,က လက်ရှိတွင် တန်ခိုးအကြီးဆုံး သားရဲဘုရင်ဖြစ်ကြောင်း သိရှိထားပြီးဖြစ်သည်။
“မင်း ငါ့လက်အောက်ငယ်သားဖြစ်ဖို့က မဖြစ်နိုင်တာတော့မဟုတ်ဘူး၊ မင်းမှာ ဘာအရည်အချင်းတွေရှိလဲ ငါ့ကိုပြ”
လုချန်း,က အသံနက်ကြီးဖြင့် မေးလိုက်သည်။
“သခင်ဝံပုလွေဘုရင်၊ အရှင်က အခု ရန်နိုင်ငံမှာရှိတဲ့ နေရာတော်တော်များများကို ခရီးထွက်ပြီးပြီ၊ ဗေဒင်ဟောတာကို ကြားဖူးလား”
ဝံပုလွေအိုကြီးက စကားမပြောခင် ခဏလောက် တုံ့ဆိုင်းသွားသည်။
“ဗေဒင်?!”
ထိုစကားကိုကြားပြီး လုချန်း,၏ မျက်လုံးများက ရုတ်တရက် အေးခဲသွားခဲ့သည်။
သူ၏ အတိတ်ဘဝ သို့မဟုတ် ဤဘဝတွင် ဗေဒင်ဟောခြင်းဟူသော စကားလုံးသည် အလွန်လျှို့ဝှက်ဆန်းကြယ်ပြီး ရှေးခေတ်တန်ခိုးကို ကိုယ်စားပြုသည်။
ဒဏ္ဍာရီအရ၊ ဗေဒင်ပညာသည် ကံကောင်းခြင်းများကို ယူဆောင်လာနိုင်ပြီး ကံဆိုးခြင်းများကို ရှောင်ရှားနိုင်ကာ အနာဂတ်ကိုပင် ကြိုတင်ဟောကိန်းထုတ်နိုင်သည်။
လုချန်း,သည် ဤကမ္ဘာပေါ်တွင် ဤကဲ့သို့ မှော်ဆန်သည့် အရာတစ်ခု ရှိမရှိ သံသယဝင်သွားသည်။
လုချန်း၏သံသယကိုမြင်နိုင်သကဲ့သို့ ဝံပုလွေအိုကြီးက ပြုံးပြီး ”အရှင့်ကိုကြည့်ရတာ ဒီငယ်သားကို မယုံဘူးထင်တယ်”
“ငါ ပိုသိချင်တယ်၊ မင်းရဲ့ အရည်အချင်းကို ဘယ်လိုသက်သေပြမှာလဲ”
လုချန်း လည်း စိတ်ဝင်စားလာသည်။
သူသည် ဒါဂုန်နှင်းတောင်တွင် ဝေးကွာနေသော လီရှန်းနှင့် ဆက်သွယ်ရန်အတွက် ဝိညာဉ်ဆက်သွယ်ရေးကို စတင်အသုံးပြုလိုက်သည်။
“လီရှန်း၊ ငါ့ညီမကို အမြန်သွားရှာပါ၊ ငါ သူ့ကိုမေးစရာရှိတယ်”
လုချန်း ၏အမိန့်ကိုလက်ခံရရှိပြီးနောက် လီရှန်း,သည် ဖြစ်ပျက်နေသည်ကိုမသိသော်လည်း ယိုချင်းယန် ကိုရှာရန် ချက်ချင်းသွားလိုက်သည်။
မိုင်ထောင်ချီဝေးသော အကွာအဝေးတွင်ပင် အစ်ကိုဖြစ်သူ၏ အသံထုတ်လွှင့်နိုင်စွမ်းနှင့် ပတ်သက်ပြီး ယိုချင်းယန်,က အတိအကျ မသိခဲ့ပေ။
သို့ပေမယ့် သူမက အစ်ကို့ဆီမှ ယင်းကိုမြင်ဖူးခဲ့သည်မို့ သိပ်မထူးဆန်းပေ။
“ပြောပါ၊ အစ်ကိုက ဘာမေးချင်တာလဲ”
လီရှန်းက ခေါင်းညိတ်ပြပြီး “သခင်က အခု အရှေ့မြောက်တောင်တန်းကို ရောက်နေပြီလို့ ပြောတယ်”
“သခင်မလေးကို ဟိုမှာ ဗေဒင်ပညာကို သိတဲ့ ဝံပုလွေအိုတစ်ကောင် ရှိလားလို့ မေးနေပါတယ်”
၎င်းကိုကြားပြီး ယိုချင်းယန် အနည်းငယ် အံ့သြသွားသည်။
သူ့အစ်ကို ထွက်သွားပြီး သိပ်မကြာခင်မှာပင် အရှေ့မြောက်တောင်တန်းတွင်ရှိသည့် စွမ်းအားကြီးသော မျောက်နက်ဘုရင်နှင့် ဝံပုလွေအိုကို တွေ့လိမ့်မည်ဟု သူမ,မမျှော်လင့်ထားပေ။
သို့ပေမယ့် သူ့အစ်ကို၏ အစွမ်းထက်သော တိုက်ခိုက်ရေးစွမ်းအားကို ပြန်တွေးကြည့်သည့်အခါ မြောက်ပင်လယ် နဂါးဘုရင်သည်ပင် သူ့အစ်ကို၏ လက်ချက်ဖြင့် ပင်လယ်ထဲတွင် သေဆုံးခဲ့ရသည်။
ထို့နောက် အရှေ့မြောက်တောင်တန်းရှိ သားရဲဘုရင်များစွာနှင့် တိုက်ခိုက်ခြင်းက သဘာဝအတိုင်း ပြဿနာမရှိပေ။
“အရှေ့မြောက်တောင်တန်းမှာ ဗေဒင်ဟောတတ်တဲ့ ဝံပုလွေအိုတစ်ကောင်ရှိတယ်ဆိုတာ ငါ့အစ်ကိုကိုပြောလိုက်ပါ”
“ဒါပေမယ့် ဒီကောင်က အရမ်းလိမ္မာပါးနပ်တယ်၊ ကျော်ကြားမှုနဲ့ ကြွယ်ဝမှုကိုပဲ လိုချင်တဲ့ သစ္စာဖောက်ပဲ၊ ငါ့အစ်ကိုကို ပိုသတိထားဖို့ ပြောလိုက်ပါ!”
ယိုချင်းယန်,သည် လာအိုဘေ့အပေါ်တွင် ကောင်းမွန်သော အမြင်မရှိပေ။
ဤကဲ့သို့ ယုတ်ညံ့ပြီး ကောက်ကျစ်သော တည်ရှိမှုကို သူမ မုန်းတီးပြီး၊ သူမ နောက်ကျောကို ဘယ်အချိန် ဓားနှင့် ထိုးမည်ဆိုတာ သူမ,မသိနိုင်ခဲ့ပေ။
လီရှန်း ခေါင်းညိတ်ပြပြီးနောက် ဘာကိုမှ မဖုံးကွယ်ဝံ့ဘဲ စကားလုံးတိုင်းကို ပြန်ပြောလိုက်သည်။
“ဒီကမ္ဘာမှာ တကယ်ပဲ ဒီလိုမှော်အတတ်ရှိနေတာလား၊ ဗေဒင်ဟောတာ အခြေအမြစ်မရှိဘူး...”
လီရှန်း၏စကားကိုကြားပြီးနောက် လုချန်း အနည်းငယ်အံ့သြသွားသည်။
လုချန်း,သည် သူ့ညီမ၏ လျှို့ဝှက်ချက်ကို သိထားပြီးဖြစ်သောကြောင့် သူညီမစကားကို အလွန်ယုံကြည်သည်။
သို့သော်လည်း လုချန်း,သည် ယိုချင်းယန် ၏နောက်ဆုံးစာကြောင်းကို သိပ်ဂရုမစိုက်ပေ၊ ဝံပုလွေအိုသည် သူ့သခင်ကို ကျော်ကြားမှုနှင့် စည်းစိမ်ဥစ္စာအတွက် ရောင်းစားခဲ့သော လိမ္မာလိမ္မာပါးနပ်သူဖြစ်သည်။
နောက်ဆုံးတွင်၊ လုချန်း,က အခြား ရက်စက်သော သားရဲများနှင့်မတူပေ၊ ဝိဥာဉ်စာချုပ်ဖြင့် သူ့ကို မည်သူမျှ သစ္စာမဖောက်ဝံ့ပေ။
“တကယ်တော့ အရှင်ဝံပုလွေဘုရင်၊ တကယ်ဆိုရင် အရှင် ဒီနေ့မလာခင်မှာ မျောက်နက်ဘုရင်ကြီး ဘေးအန္တရာယ်တစ်ခု ကျရောက်လိမ့်မယ်လို့ ဒီငယ်သားက တွက်မိပါတယ်”
“ဝက်ဝံနက် လာတုန်းကတောင် ကံမကောင်းတဲ့ကောင်က မျောက်ဝံနက်ဘုရင် ရဲ့ ဘေးဒုက္ခကို ဖြစ်စေတဲ့ အဓိက အကြောင်းအရင်းဖြစ်တယ်လို့ ကျွန်တော် တွက်မိပါတယ်”
လုချန်း,က အတွေးအမြင်များ ပျောက်ဆုံးနေပုံရသည်ကို မြင်လိုက်ရသည်နှင့် လာအိုဘေ့,သည် သံပူနေချိန်တွင် လျင်မြန်စွာ ထုရိုက်ကာ သူ့အရည်အချင်းကို မြှင့်တင်လာသည်။
“အဲဒီတုန်းကတော့ မျောက်နက်ဘုရင်ကို ဒီကိစ္စမှာ ဝင်မစွက်ဖက်ဖို့ အကြံပေးထားပြီး၊ သူ့ကို ဒုက္ခမရောက်အောင် ရှောင်ဖို့ အကြံပေးခဲ့ပါတယ်”
“ဒါပေမယ့် မျောက်နက်ဘုရင်က သတ္တိရှိပေမယ့် ဉာဏ်မမီဘူး၊ အကြံဉာဏ်ကို လုံးဝနားမထောင်ဘူး၊ မဟုတ်ရင် သူ့ကံကြမ္မာက သဘာဝအတိုင်း ပြောင်းလဲသွားလိမ့်မယ်”
စကားပြောနေစဉ် ဝံပုလွေအိုကြီးက ခေါင်းယမ်းကာ သက်ပြင်းချလိုက်သည်။
“ဟားဟား၊ မင်းဒီလောက် အတိအကျ တွက်ချက်ပြီးပြီ၊ မင်း ဒီနေ့ အသက်ရှင်မလား၊ သေမလားဆိုကိုရော တွက်ခဲ့သေးလား”
လုချန်း,သည် ဝံပုလွေအိုကြီးကို ငုံ့ကြည့်ကာ တိုးတိုးလေး ရယ်မောပြီး ပြောလိုက်သည်။
လုချန်း,ထံမှ ထွက်ပေါ်လာသော သတ်ဖြတ်အငွေ့အသက်မရှိသော်လည်း သူ့စကားကြားပြီး ဝံပုလွေအိုကြီးက အလွန်ထိတ်လန့်သွားခဲ့သည်။
အထူးသဖြင့် လုချန်း,၏ ရေခဲပြာမျက်လုံးများကို တိုက်ရိုက်ကြည့်သောအခါ၊ အေးစက်သောနေရာတွင် အမြဲနေထိုင်ခဲ့သော ဝံပုလွေအိုသည် ထိုအခိုက်အတန့်တွင် ရေခဲဂူထဲသို့ ကျသွားသလို ခံစားရသည်။
ဗေဒင်ဆရာအတွက်၊ ၎င်းက ရိုးရှင်းသော မေးခွန်းတစ်ခုဖြစ်သည်။
သူဘယ်လိုဖြေနေပါစေ တစ်ဖက်က သူ့ကိုသတ်ရန် အကြောင်းပြချက်ရှိလိမ့်မည်ဖြစ်သည်။
ကံကောင်းထောက်မစွာဖြင့်၊ ဤဝံပုလွေအိုသည် ဗေဒင်ပညာကို သိရုံသာမက အလွန်လိမ္မာပါးနပ်ပြီး လုချန်း,ကို တိုက်ရိုက်မဖြေကြားခဲ့ပေ။
သူက လုချန်း,ကိုကြည့်ပြီး ခေါင်းခါယမ်းကာ “အရှင် ဝံပုလွေဘုရင်၊ ဒီဗေဒင်ဟောနည်းက ဒီငယ်သားရဲ့ကံကြမ္မာကို မခန့်မှန်းနိုင်ဘူးဆိုတာ အရှင်မသိဘူး...”
၎င်းကိုပြောပြီးနောက် ဝံပုလွေအိုကြီးသည် ခေါင်းငုံ့ကာ ကြောက်ရွံ့မှုနှင့်အတူ နှလုံးခုန်မြန်လာသည်။
လုချန်း,၏ ပြင်းထန်သော ဖိအားကို ရင်ဆိုင်လိုက်ရသောအခါ ဝံပုလွေအိုက ကြောက်ရွံ့ထိတ်လန့်သွားပြီး ထိန်းမနိုင်သိမ်းမနိုင် တုန်လှုပ်သွားသည်။
လုချန်း,သည် ဤဝံပုလွေအိုကြီး၏ အဖြေအတွက် အလွန်ကျေနပ်သွားသည်။ လုံလုံလောက်လောက် ထက်မြက်မှုရှိမှသာလျှင် သူ့ကိုအသုံးချနိုင်မည် ဖြစ်သည်။
“မင်းက လိမ်နေပေမယ့် ထက်မြက်နေတုန်းပဲ၊ အခု မင်းကို ငါ့ဗေဒင်ဆရာအဖြစ် လက်ခံမယ်”
လုချန်း,က ပြုံးပြုံးလေးပြောလိုက်သည်။
ထိုစကားကိုကြားသောအခါ ဝံပုလွေအိုကြီးသည် သက်ပြင်းတစ်ချက်ချကာ သူ့ခန္ဓာကိုယ်တွင်းရှိ ခွန်အားများ ကုန်ဆုံးသွားသလို ခံစားလိုက်ရသည်။
သို့ပေမယ့် နောက်အခိုက်အတန့်တွင် သူ့မျက်နှာက ရုတ်တရက် ပြောင်းလဲသွားပြီး သူ့မျက်လုံးများထဲတွင် ထိတ်လန့်မှုများဖြင့် ပြည့်နှက်သွားသည်။
လုချန်း,က စိတ်ဝိညာဉ်ပဋိဥာဉ်စွမ်းရည်ကို တိုက်ရိုက်အသက်သွင်းလိုက်သောကြောင့်၊ ရှေးဟောင်းနတ်ဘုရားဝံပုလွေကဲ့သို့ ငွေဖြူ ဝံပုလွေကြီးတစ်ကောင်က ဝံပုလွေအိုကြီး၏ စိတ်ထဲတွင် ပေါ်လာသည်။
“အသက်ရှင်ချင်ရင် စာချုပ်မှာ လက်မှတ်ထိုး”
နတ်ဧကရာဇ်အမိန့်ကဲ့သို့ လုချန်း ၏အသံသည် ဝံပုလွေအိုကြီး၏ ဝိညာဉ်ထဲတွင် ပဲ့တင်ထပ်သွားသည်။
လုချန်း,သည် ဤကောက်ကျစ်သော ဝံပုလွေမဆိုထားဘိ ဤကမ္ဘာတွင် အနည်းငယ်မှလွှဲ၍ မည်သူ့ကိုမျှ သူမယုံပေ။
ဤအခိုက်အတန့်တွင် သူ့၏စိတ်ဝိညာဉ်အတွင်းရှိ နတ်ဆိုးဝံပုလွေ၏ ကြောက်မက်ဖွယ်ရုပ်သွင်ကို ကြည့်လိုက်ရာ ဝံပုလွေအိုသည် အလွန်ဝမ်းနည်းသွားပြီး ငိုချင်လာသည်။
နှင်းဝံပုလွေဘုရင်တွင် ဤမျှများပြားသော လှည့်ကွက်များရှိမည်ဟု သူ မမျှော်လင့်ထားပေ။
လာအိုဘေ့သည် သူ့၏စိတ်ဝိညာဉ်က အလွန်အစွမ်းထက်သည်ဟု အမြဲတစေ ယုံကြည်ခဲ့သည်။
သို့ပေမယ့် တောင်အထက်တွင် တောင်တစ်တောင်ရှိသည်ဟုသော အဓိပ္ပါယ်ကို ယနေ့တွင် သူသဘောပေါက်သွားပြီး၊ သူ့ ဝိညာဉ်ကိုပင် ချည်နှောင်ခံထားရတော့မည်ဖြစ်သည်။
‘ဒီလိုဖြစ်လာမယ်ဆိုတာ ငါကြိုသိခဲ့ရင်၊ ငါတခြား သားရဲတွေနောက်ကို လိုက်ပြီး ထွက်ပြေးပါတယ်ကွာ..’
သို့ပေမယ့် ထွက်ပြေးရန် နောက်ကျသွားပြီဖြစ်ပြီး ဝံပုလွေအိုကြီးက စာချုပ်ကို လက်မှတ်ထိုးရန်မှလွဲ၍ အခြားရွေးချယ်စရာ မရှိတော့ပေ။
စာချုပ်ကို လက်မှတ်ရေးထိုးပြီးနောက်တွင် သူ၏ဝိညာဉ်ကို လုချန်း,က ထိန်းချုပ်ထားသည်ဟု ခံစားခဲ့ရသည်။
သေခြင်းနှင့် ရှင်ခြင်းက လုချန်း အတွက် စဉ်းစားစရာကိစ္စမျှသာဖြစ်သည်။ လုချန်း သေသွားခဲ့လျှင် သူ့ဝိညာဉ်လည်း ပျောက်ကွယ်သွားလိမ့်မည်ဖြစ်သည်။
ယခုအချိန်မှစ၍ သူသည် လုချန်း ၏နောက်သို့လိုက်ကာ စစ်ရေးအကြံပေးသူတစ်ဦးအဖြစ်သာ လုပ်ဆောင်နိုင်တော့မည်ဖြစ်သည်။
“ငါ့ရဲ့ကံကြမ္မာက ဘာလဲ?”
ဗေဒင်ဆရာကို ဖိနှိပ်ပြီးနောက် လုချန်း,က မေးလိုက်သည်။
“ဝံပုလွေဘုရင်၊ ဒါက...”
ထိုစကားကိုကြားပြီးနောက် ဝံပုလွေအိုကြီးသည် လေးနက်တည်ကြည်စွာကြည့်ကာ အလွန်ချီတုံချတုံဖြစ်နေပုံရပြီး ထိုနေရာတွင် မဝံ့မရဲရပ်နေ၏။
ယင်းကိုမြင်ပြီး လုချန်း,က စိတ်ရှုပ်ထွေးသွားကာ “ဘာဖြစ်လို့လဲ၊ ငါ့ကံကြမ္မာက တစ်ခုခုမှားနေတာလား”
“ရိုးရိုးသားသားပြောရရင် အရှင်ဝံပုလွေဘုရင်၊ အရှင့်ရဲ့ကံကြမ္မာကို ဒီငယ်သားက တကယ်မသိနိုင်ပါဘူး...”
ဝံပုလွေအိုသည် လုချန်း,အား မဝံ့မရဲကြည့်ကာ မယုံနိုင်စွာ ပြောလိုက်သည်။
အမှန်တွင်၊ သူသည် လုချန်း,၏ ကံကြမ္မာကို တွက်ချက်ရန် ကြိုးစားခဲ့ပြီးဖြစ်သည်။
သို့သော် သူမည်ကဲ့သို့ တွက်ချက်သည်ဖြစ်စေ ဘာကိုမျှ မမြင်နိုင်ပေ။
လုချန်း,တွင် ထူးခြားသောကံကြမ္မာရှိရမည်ကို ဝံပုလွေအိုကြီးက ချက်ချင်းသဘောပေါက်လိုက်သည်။
သူ၏ လက်ရှိ အစွမ်းအစဖြင့် လုချန်း,၏ ကံကြမ္မာကို တွက်ချက်ရန် အရည်အချင်း မပြည့်မီပေ။
ထို့ကြောင့် ဝံပုလွေအို လုချန်း,၏ ပေါင်ကို ဖက်တွယ်ထားရန် ဆုံးဖြတ်လိုက်သည်။
အမှန်တွင်၊ ဤကဲ့သို့ကံကြမ္မာရှိသော သူများက အနာဂတ်တွင် ထူးခြားသည့် အရာများကို သေချာပေါက် ရရှိလာပေလိမ့်မည်။
သို့ပေမယ့် လုချန်း,က သူ့ကံကြမ္မာကို တွက်ချက်နိုင်ရန် လာအိုဘေ့ကို ဘယ်တုန်းကမှ မမျှော်လင့်ထားခဲ့ပေ။
လာအိုဘေ့,က သူ့အရည်အချင်းများကို မေးခွန်းထုတ်ပြီး သူ့အဆင့်အတန်း ထိခိုက်သွားမည်ကို စိုးရိမ်နေခဲ့သည်။
သို့သော် လုချန်း,က ၎င်းကို လုံးဝဂရုမစိုက်ဘဲ “မင်းအဲဒါကို မတွက်နိုင်မှတော့ မေ့ထားလိုက်ပါ မျောက်နက်ဘုရင် ဒီတောင်တန်းကို ပြန်လာမှာလား?”
လုချန်း ဤကိစ္စကို ဆက်မမေးတော့သည်ကို မြင်လိုက်ရသဖြင့် ဝံပုလွေအိုကြီးက သက်ပြင်းတစ်ချက်ချကာ ဗေဒင်တွက်ခြင်းကို အာရုံစိုက်လိုက်သည်။
လုချန်း,သည် ဝံပုလွေအိုကြီး ဗေဒင်တွက်နေစဉ်မှာပင် သူ့ပတ်ဝန်းကျင်တွင် လှည့်ပတ်နေသော ထူးဆန်းသည့်စွမ်းအားတစ်ခု ရှိနေပုံရကြောင်း လုချန်း က တွေ့ရှိခဲ့သည်။
ခဏအကြာတွင် ဝံပုလွေအိုကြီးက “အရှင်ဝံပုလွေဘုရင်ထံ တင်ပြပါတယ်၊ မျောက်နက်က ရေတိုအတွင်း ပြန်မလာတော့ဘူး၊ သူမြောက်ဘက်ကို ဦးတည်သွားနေပြီး ရန်နိုင်ငံကနေ ထွက်ခွာသွားပြီလို့ ခန့်မှန်းရပါတယ်”
လုချန်း,က ထိုစကားကိုကြားသောအခါ မျက်ခုံးပင့်သွားသည်။
“သူက ရန်နိုင်ငံကနေ မြောက်ဘက်ကို ဦးတည်နေတယ်?၊ သူ သဲအင်ပါယာကို သွားနေတာ ဖြစ်နိုင်လား”
“ဒီမျောက်က အဝေးကြီးကို ပြေးနေတော့တာပဲ”