← Chapters

“မလိုပါဘူး၊ မင်းပြောခဲ့တဲ့ ဝံပုလွေကြီးက သူ့ဘာသာသူ ဒီကိုလာနေပြီ”

Vol. 9 Ch. 125

“မလိုပါဘူး၊ မင်းပြောခဲ့တဲ့ ဝံပုလွေကြီးက သူ့ဘာသာသူ ဒီကိုလာနေပြီ”

Vol. 9 Ch. 125

“ဟမ်? ရွှမ်ဝူသွေးမျိုးဆက်?”

လီရှန်း ထပ်ခါတလဲလဲ ပြောသည်ကို ကြားပြီးနောက် လုချန်း,က ခဏမျှ ထိတ်လန့်သွားသည်။

လုချန်း,သည် ယိုချင်းယန်,၏ သွေးမျိုးဆက်ဟူသော စကားလုံးကို ရုတ်တရက် ကြားလိုက်ရသောအခါတွင် သူ အနည်းငယ် မရင်းနှီးသလို ခံစားလိုက်ရသည်။

သို့ပေမယ့် လုံး၀ မရင်းနှီးသည်ဟုလည်း ယူဆ၍ မရပေ။

အဘယ်ကြောင့်ဆိုသော် လုချန်း,သည် ချည်နှောင်ခြင်းအဆင့် သို့ ဖြတ်ကျော်ပြီးနောက်၊ သူ၏ ရည်ညွှန်းချက်ဘောင်တွင် အပြောင်းအလဲအချို့ ဖြစ်ပေါ်ခဲ့သည်။

မူလအားဖြင့်၊ ရည်ညွှန်းချက်ဘောင်တွင် မျိုးနွယ်အတွက် အချက်အလက်တစ်ခု အမြဲရှိခဲ့သည်။

သို့သော် ယခု ချည်နှောင်ခြင်းအဆင့်ကို ဖြတ်ကျော်ပြီးနောက် လုချန်း,သည် အခြားအချက်အလက်တစ်ခုဖြစ်သည့် သွေးမျိုးဆက်တစ်ခုကို တွေ့ရှိခဲ့သည်။

(သွေးမျိုးဆက်- ရှေးနတ်ဆိုးဝံပုလွေ)

သူ့သွေးမျိုးဆက်ကို ကြည့်ပြီး လုချန်း,က မတတ်နိုင်ဘဲ ခေါင်းယမ်းလိုက်သည်။

၎င်းတွင် “ရှေး” ဟူသော စကားလုံးပါရှိပြီး ၎င်းက အလွန်အားကောင်းပုံရသည်။

သို့သော် လုချန်း,သည် အထူးအမည်နာမပင်မရှိသော ဤအရာက လမ်းပေါ်ရှိ သာမန်အရာသာဖြစ်ကြောင်း သူ့စိတ်ထဲတွင် သိထားသည်။

ထိုလိပ်အိုကြီးတွင် ရွှမ်ဝူ သွေးမျိုးဆက်ရှိပြီး နာမည်နဲ့တင် အလွန်အစွမ်းထက်မည်မှာသေချာသည်။

ရွှမ်ဝူ ဟူသော စကားလုံးသည် အလွန်အစွမ်းထက်သော ဒဏ္ဍာရီလာ သားရဲကို ရည်ညွှန်းသည့် အထူးအဓိပ္ပာယ်ရှိသည်။

“တကယ်တော့ အစောက အရှေ့မြောက်တောင်တန်းမှာ အစ်ကိုတွေ့ခဲ့တဲ့ မျောက်နက်မှာလည်း ထူးခြားတဲ့ သွေးမျိုးဆက်ရှိတယ်”

“သူအရမ်းအစွမ်းထက်ရတဲ့ အကြောင်းရင်းက မျောက်နက်ဘုရင်က ရှေးနတ်ဆိုးမျောက်ဝံ သွေးမျိုးဆက်ရဲ့ အစိတ်အပိုင်းကို အမွေဆက်ခံခဲ့ရလို့ပဲ”

“ဒါပေမယ့် တကယ်တမ်းတော့ ရက်စက်ကြမ်းကြုတ်တဲ့ သားရဲတွေရဲ့ သွေးမျိုးဆက်က အရမ်းရိုးရှင်းတယ်”

“သားရဲများစွာက ဒီရှေးသွေးမျိုးဆက်တွေအမှန်တကယ်မရှိဘူး၊ တစ်နည်းအားဖြင့် ရှေးသွေးမျိုးဆက်တွေ ပိုင်ဆိုင်ခြင်းက အရမ်းအစွမ်းထက်တယ်လို့ ယူဆလို့ရတယ်”

ယိုချင်းယန်,၏ စကားများသည် လီရှန်း၏ ပါးစပ်မှ တစ်ဖန် ထွက်ပေါ်လာသည်။

ယင်းကြောင့် လုချန်း,သည် သူ့ကိုယ်သူ ယုံကြည်မှု ပြန်လည်ရရှိစေခဲ့သည်။

‘ဒီလိုဆိုရင် ငါ့ရဲ့ ရှေးနတ်ဆိုးဝံပုလွေသွေးမျိုးဆက်က သိပ်အားနည်းနေပုံမပေါ်ဘူး’

ရှောင်ပိုင် ပြောသည့်စကားအရ အနည်းဆုံးတော့ ရက်စက်ကြမ်းကြုတ်သော သားရဲများစွာသည် “ရှေး” ဟူသော စကားလုံးပင် မရှိကြပေ။

“သွားရအောင်၊ ဝက်ဝံညို နဲ့ တခြားသူတွေကို သွားကြည့်ရအောင်”

လုချန်း,သည် သူ၏လတ်တလောအောင်မြင်မှုများ၏ စိတ်လှုပ်ရှားမှုကို ငြိမ်သက်စေပြီး ချိုင့်ဝှမ်းမှ ထွက်ခွာသွားသည်။

အနောက်ဘက်သို့ အရှိန်မြှင့်၍သွားနေသော လုချန်း,သည် များမကြာမီ အရှေ့မှလာသော တိုက်ပွဲကို သတိထားမိလိုက်သည်။

ထို့နောက် သူသည် အရှိန်မြှင့်ကာ တိုက်ပွဲမြေပြင်တွင် ပြင်းထန်သော အကောင်ကြီးများကို တွေ့လိုက်ရသည်။

မြေပြင်တွင် လျှိုများဖြင့် ပြည့်နှက်နေပြီး၊ ပတ်၀န်းကျင်က အပျက်အစီးများ ဖြစ်နေကာ သွေးများက မြေပြင်ကို အနီရောင်ဆိုးထားသည်မှာ ကြာလှပြီဖြစ်သည်။

နှစ်ဖက်စလုံး သွေးဆာနေသဖြင့် အခြေအနေက ထိန်းမနိုင်သိမ်းမရ ဖြစ်နေပုံရသည်။

ဤတိုက်ပွဲ၏ အဖမ်းစားနိုင်ဆုံးအပိုင်းမှာ ဝက်ဝံညို နှင့် ဖြူးဘုရင် ရှိသော စစ်မြေပြင်ဖြစ်သည်။

ဤကာလပြီးနောက်၊ ဝက်ဝံညို နှင့် ဖြူးဘုရင် တို့၏ ခွန်အားက များစွာတိုးလာခဲ့သည်။

လုချန်း အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။ ချီလင်တောင်တန်းတွင်ရှိစဉ် မြွေနက်ဘုရင်ကိုလည်း အနိုင်ယူခဲ့ဖူးသည်ကို သူ သတိရမိသည်။

ဤအခိုက်အတန့်တွင်၊ ဝိညာဉ်ဆက်သွယ်ခြင်းဖြင့် လုချန်း,သည် ယခင်က သူနိုင်ခဲ့သော မြွေနက်ဘုရင်အား ဤသွေးရောင်မြွေကြီးနှင့် အခြားသော သားရဲများ၏ ခြုံခိုတိုက်ခိုက်ခြင်းကိုခံရပြီး ဒဏ်ရာအပြင်းအထန်ရရှိခဲ့ကြောင်း သိလိုက်ရသည်။

ကံကောင်းထောက်မစွာဖြင့်၊ မြွေနက်ဘုရင်သည် မသေဆုံးမီ ပြန်လည်တိုက်ခိုက်ခဲ့ပြီး သွေးစွန်းသောလမ်းကို ဖောက်ထုတ်ခဲ့သည်။ ယခု သူသည် ချီလင်တောင်၏ နက်ရှိုင်းသော နေရာတွင် ပြန်လည်ကျန်းမာလာနေပြီဖြစ်သည်။

ဤအခိုက်အတန့်တွင်၊ ဝက်ဝံညိုနှင့် ဖြူးကောင်၊ အနီရောင် မြွေနှင့် ဧရာမ ယင်ကောင်တို့နှစ်ဖက် တိုက်ခိုက်နေပြီး နှစ်ဖက်စလုံးက အညီအမျှ အားကောင်းနေသည်။

သူတို့နှစ်ဖက်စလုံးသည် နိုးထခြင်းအဆင့်(၈)တွင်ရှိကြပြီး အချိန်အတော်ကြာအောင် အချင်းချင်း မည်သို့မျှ သေစေနိုင်သောဒဏ်ရာရအောင် မလုပ်ဆောင်နိုင်ခဲ့ကြပေ။

တစ်ကောင်နှင့်တစ်ကောင် ဒဏ်ရာများရအောင်လုပ်နိုင်သော်လည်း အနိုင်ရရန်မှာ အလွန်ခက်ခဲနေသေးသည်။

“အားးဝူးး!”

လုချန်း,သည် ချက်ချင်းပင် ကောင်းကင်သို့ ဟိန်းဟောက်ပြီး တိုက်ပွဲမြေပြင်သို့ ပြေးသွားခဲ့သည်။

ဤတစ်ကြိမ်တွင် သူသည် ကိုယ်ပျောက်စွမ်းရည်ကို မသုံးခဲ့ပေ။ နိုးထခြင်းအဆင့်(၈)တွင်သာ ရှိသော ဤရက်စက်ကြမ်းကြုတ်သော သားရဲများက လုချန်း ၏ အမြင်တွင် အစာပြေလေးတစ်အုပ်မျှသာဖြစ်သည်။

ချည်နှောင်ခြင်းအဆင့်သို့ ဖြတ်ကျော်ဝင်ရောက်ခဲ့ပြီး၊ ကိုယ်ပျောက်စွမ်းရည်ဖြင့် ခိုးကြောင်ခိုးဝှက်တိုက်ခိုက်မှုများကို အသုံးပြုရန် ရိုးရှင်းစွာ ရှုတ်ချခဲ့သည်။

အစွမ်းထက်သော သားရဲဘုရင် လုချန်း ၏အသွင်အပြင်နှင့်အတူ၊ အဆိုပါ ရက်စက်ကြမ်းကြုတ်သော သားရဲများစွာတို့အားလုံးက ထိတ်လန့်တုန်လှုပ်သွားကာ သူတို့၏ လှုပ်ရှားမှုများက ရပ်တန့်သွားကြသည်။

ထိုအချိန်တွင် တမ်က အနီးကပ်လိုက်ကာ နောက်ဆုံးတွင် ဤနေရာသို့ ရောက်လာသည်။ သူသည် ကြံ့ဘုရင်၏ ဦးချိုကြီးကို သူ့လက်ထဲတွင် ကိုင်ထားသည်။

ဤကြံ့ဦးချိုကြီးကို မြင်လိုက်ရတော့ ဧရာမယင်ကောင်နှင့် အနီရောင်မြွေကြီးက ချက်ချင်း ထိတ်လန့်သွားသည်။

“ဒါကို မင်းတို့တွေ့လား ကြံ့ဘုရင်ကို ငါ့သခင်က သတ်လိုက်ပြီ!”

“အညံ့မခံရင် မင်းတို့ သူ့လိုဖြစ်သွားလိမ့်မယ်”

တမ်,သည် လုချန်း,၏ နောက်တွင် ရပ်ကာ ကြံ့ချိုကြီးကို ကိုင်ပြီ ကျယ်လောင်စွာ အော်လိုက်သည်။

အမှန်တွင် ခွန်အားအရ ဝက်ဝံညိုတို့က သားရဲအုပ်စုနှစ်စုရဲ့ ထိပ်ဆုံးတွင် ရှိသည်။

အဓိကအကြောင်းအရင်းမှာ နိုးထခြင်း အဆင့်(၉) ကြံ့ဘုရင်တစ်ကောင်ရှိသောကြောင့် ဝက်ဝံညိုတို့က ခုခံရန် ခက်ခဲစေသည်။ ယခုတွင် ကြံ့ဘုရင် အသတ်ခံရပြီး ကျန်သားရဲများက ခုခံရန် ရည်ရွယ်ချက်မရှိတော့ပေ။

နိုးထခြင်းအဆင့်(၈)ရှိ ဧရာမ ယင်ကောင်သည် တခဏမျှ တွေးကာ နောက်ဆုံးတွင် သူ့၏ ဦးခေါင်းကို လုချန်း,ထံ ငုံ့ကာ အညံ့ခံရန် ရွေးချယ်ခဲ့သည်။

သို့ပေမယ့် အနီရောင်မြွေက လှည့်ပြီး ထွက်ပြေးသွားသည်။

“ကောင်းလိုက်တာ၊ သူတို့သခင်က ဘယ်မှာလဲဆိုတာ သိချင်သေးတယ်” လုချန်း သည် အနီရောင်မြွေကြီးနောက်သို့ ဖြည်းညှင်းစွာ လိုက်သွားခဲ့သည်။ သူက မြွေ၏ခန္ဓာကိုယ်ကို အမှတ်အသားပြုပြီးဖြစ်သည်။

တမ် နှင့် မြေခွေးတို့သည် အရှုပ်အထွေးများကို ရှင်းရန် နောက်တွင် ကျန်ရစ်ခဲ့သည်။

အချိန်အတိုင်းအတာတစ်ခုအထိ၊ ချီလင် တောင်တန်းတွင် လုချန်း၏ သြဇာလွှမ်းမိုးမှု ကျယ်ပြန့်လာပြန်သည်။

“အစ်ကို၊ အစ်ကို ရုတ်တရက် မေးနေတာ၊ အစ်ကို ချီလင်တောင်ကို ရောက်နေပြီလား”

လီရှန်း,သည် ယိုချင်းယန်,၏စကားကို စိတ်ဝိညာဉ်ဖြင့်ပေးပို့သည်။

“ဟုတ်တယ်၊ ငါ အခု ချီလင် တောင်မှာ၊ လိပ်အိုကြီးကို ရှာဖို့ အနောက်ဘက်ကို သွားနေတယ်”

“ကောင်းပြီ အစ်ကို၊ လိပ်အိုကြီးကို အနိုင်ယူပြီးတာနဲ့ ညီမတို့ မျိုးနွယ်တစ်ခုလုံးကို ချီလင်တောင်ဆီ ရွှေ့လိုက်မယ်”

ယိုချင်းယန်သည် လုချန်း နှင့် တူညီသော အတွေးအမြင်ရှိခဲ့ပြီး ဒါဂုန် နှင်းတောင်သည် အမြဲတမ်းအတွက်နေရာတစ်ခုမဟုတ်ဟု သူတို့က ခံစားမိခဲ့သည်။

တစ်ဖက်တွင်၊ ဤနှင်းတောင်တန်းသည် တောကန္တာရထက် ထူးခြားသော်လည်း ၎င်း၏ဧရိယာသည် သေးငယ်လွန်းပြီး ၎င်း၏အရင်းအမြစ်များက အကန့်အသတ်ရှိသည်။

စဉ်ဆက်မပြတ် ဆင့်ကဲပြောင်းလဲမှုနှင့်အတူ၊ ဝံပုလွေများအတွက် ကျေနပ်ဖွယ်ကောင်းသောဘဝနေထိုင်ရန် ခက်ခဲလာသည်။

ထို့အပြင် အနာဂတ်တွင် လူသားများနှင့် စစ်ပွဲဖြစ်မည်ဆိုပါက ဒါဂုန်နှင်းတောင်၏ ဧရိယာသည် ပုန်းအောင်းရန် သို့မဟုတ် တိုက်ခိုက်ရန် သေးငယ်လွန်းလှသည်။

ဆန့်ကျင်ဘက်အနေနှင့်၊ အရှေ့မှအနောက်နှင့် မြောက်မှတောင်သို့ မိုင်ထောင်ပေါင်းများစွာ ရှည်သော ချီလင် တောင်တန်းသည် နှင်းဝံပုလွေများ၏ ရှင်သန်မှုအတွက် အလွန်ကျယ်ပြန့်သော ဧရိယာရှိသည်။

ဒုတိယအနေနှင့်၊ ချီလင် တောင်တန်းသည် ရန်နိုင်ငံ၏ အလယ်ပိုင်းဒေသတွင် တည်ရှိပြီး အခြားနေရာများသို့ သွားရန် အလွန်အဆင်ပြေသည်။

“ဟမ့်! ဝံပုလွေဘုရင်၊ မင်းက အစွမ်းထက်တယ်ဆိုတာ ငါဝန်ခံပါတယ်၊ ဒါပေမယ့် သခင်ရွှမ်ဝူ နဲ့တွေ့ရင် မင်းက ဘာကောင်မှမဟုတ်တော့ဘူး”

အနီရောင်မြွေက အရူးအမူးပြေးနေရင်း လုချန်းကို အော်ငေါက်လိုက်သည်။

ထိုအချိန်တွင် သူသည် ရေကန်တစ်ခုအနီးသို့ ရောက်ရှိနေပြီဖြစ်ပြီး မဆိုင်းမတွ ရေကန်ထဲသို့ ခုန်ဆင်းသွားခဲ့သည်။

လုချန်းသည် ဤရေကန်က အလွန်ကြီးမားပုံမပေါ်ဘဲ တမ် ယခင်ရှိခဲ့သော ချိုင့်ဝှမ်းအလယ်ရှိ ရေကန်ထက်ပင် များစွာသေးငယ်ကြောင်း တွေ့ရှိခဲ့သည်။

လုချန်းသည် အနီရောင်မြွေနောက်ကို လိုက်ကာ ရေကန်ထဲသို့ တိုက်ရိုက် ခုန်ဆင်းသွားခဲ့သည်။

လုချန်း ရေကန်ထဲသို့ ဝင်လာသည်နှင့် တစ်ပြိုင်နက် ဤနေရာတွင် အခြားလျှို့ဝှက်ချက်တစ်ခု ရှိနေသည်ကို သူတွေ့ရှိခဲ့သည်။

မျက်နှာပြင်မှာ သေးငယ်သော်လည်း ရေကန်က အလွန်နက်ရှိုင်းသည်။

အောက်ဘက်တွင် အလွန်ကျယ်ပြောလှသော မြေအောက်ရေကန်ကြီးတစ်ခုရှိပြီး၊ ဧရိယာက အရမ်းကျယ်ပြန့်သည်။

ဤကျယ်ပြောလှသော ရေပြင်တွင် ရက်စက်ကြမ်းကြုတ်သော သားရဲတစ်ကောင်ကို ရှာတွေ့ရန် အလွန်ခက်ခဲပေလိမ့်မည်။

သို့သော်၊ အနီရောင်မြွေက လမ်းကို ဦးဆောင်နေသဖြင့် လုချန်းသည် လမ်းရှာမတွေ့မည်ကို စိတ်ပူနေစရာမလိုပေ။ သူသည် အနီရောင်မြွေ၏ အမှတ်အသားနောက်ကို လိုက်နေခဲ့သည်။

ရေစွမ်းရည်ကို ပိုင်ဆိုင်ထားသူ လုချန်းသည် ကုန်းမြေကဲ့သို့ ရေထဲတွင် လွတ်လပ်စွာ လှုပ်ရှားနိုင်သည်။

အနီရောင်မြွေသည် ရေကန်ထဲသို့ ငုပ်ဆင်းပြီးနောက် စိတ်အေးလက်အေးဖြင့် ငြိမ်သက်သွားခဲ့သည်။ သူ့အမြင်အရ လုချန်းက အစွမ်းထက်သော်လည်း ဧရာမဝံပုလွေတစ်ကောင်သာ ဖြစ်သည်။ ရေထဲသို့ ဆင်းခြင်းက သေခြင်းတရားကို ရှာဖွေခြင်း နှင့် တူသည်။

ထို့ကြောင့် အနီရောင်မြွေသည် လုချန်းကရေကန်ထဲသို့ လိုက်ဆင်းလာခဲ့သည်ကို လုံးဝသတိမထားမိလိုက်ပေ။

အနီရောင်မြွေက ရေကန်၏အနက်သို့ ကူးခတ်သွားသည်။ နေရောင်ခြည်သည် ဤနေရာသို့ မရောက်နိုင်ဘဲ ရေက အလွန်နက်မှောင်နေသည်။

ကံကောင်းထောက်မစွာဖြင့်၊ လုချန်းသည် အနီရောင်မြွေ၏အမှတ်အသားကို အာရုံခံနိုင်သောကြောင့် သူနောက်သို့လိုက်ရန်သာလိုသည်။

သိပ်မကြာခင်မှာပင် အနီရောင်မြွေကြီးက နက်ရှိုင်းသော ရေကန်အောက်ခြေတွင် ကျောက်ဆောင်များနှင့် ဝန်းရံထားသည့် ရေအောက်လမ်းကြောင်းဆီကို ရောက်လာသည်။

ဤရေအောက်လမ်းကြောင်း၏ ဧရိယာသည် အလွန်ကြီးမားပြီး ကြီးမားသော သားရဲများကို ထားရှိနိုင်လောက်အောင်ပင် ကြီးမားသည်။

လုချန်းသည် အနီရောင်မြွေနောက်သို့ လိုက်သွားပြီး ခဏမျှ လမ်းလျှောက်ပြီးနောက် နောက်ဆုံးတွင် သူသည် ရေအောက်လမ်းကြောင်း၏ အဆုံးမှ စူးရှသော အလင်းရောင်ကို မြင်လိုက်ရသည်။

အနီရောင်မြွေသည် ဤထူးဆန်းသော ရေကန်အောက်ခြေရှိ အလင်းရောင်အတွင်းသို့ ဝင်ရောက်လာကာ ယခုအချိန်တွင် ဧရာမလိပ်ကြီးတစ်ကောင်က ဤနေရာတွင် ရှိနေသည်။

ဧရာမလိပ်ကြီးသည် မီတာနှစ်ရာကျော်ရှိပြီး သူ့၏ကျောဘက်ရှိ လိပ်ခွံက အလွန်ထူပြီး မြင့်မားကာ သု့၏နောက်ကျောပေါ်တွင် တောင်တစ်လုံးကို တင်ဆောင်ထားသကဲ့သို့ဖြစ်သည်။

ခြေလက်များသည် ကျောက်စာတိုင်များကဲ့သို့ ထူထဲပြီး ကြောက်မက်ဖွယ်ကောင်းသော ခြေသည်းများက အေးစက်စွာ တောက်ပနေသည်။

အနောက်မှ အမြီးရှည်သည် သံမဏိကြာပွတ်ကဲ့သို့ ဝှေ့ယမ်းကာ ရေကန်အောက်ခြေတွင် ပေါက်ကွဲသံများ ထွက်ပေါ်လာသည်။

အနက်ရောင်လိပ်ကြီးကို မြင်ပြီးသည်နှင့် အနီရောင်မြွေက မျက်ရည်များကျလာပြီး ဝမ်းနည်းစရာကောင်းသော အခြေအနေကို ပြောပြရင်း တိုးတိုးလေးငိုသည်။

သို့သော်၊ ဤအနီရောင်မြွေသည် အမှားအမှန်ကို ရှုပ်ထွေးစေကာ ဝက်ဝံညိုတို့၏နယ်မြေကို ဦးစွာတိုက်ခိုက်ရန် ကြံဘုရင်က အုပ်စုကိုဦးဆောင်ခဲ့သည်မှာ ထင်ရှားသည်။

သို့ပေမယ့် ဤအနီရောင်မြွေကြီး၏ ပါးစပ်ထဲမှာတော့ ကြံဘုရင်က သူတို့ကို အမဲလိုက်ရန် ခေါ်ဆောင်သွားပြီး သူတို့၏ နယ်မြေကို ဝက်ဝံညိုတို့အဖွဲ့က ကျူးကျော်ဝင်ရောက်လာသောကြောင့် အသေအပျောက် များပြားခဲ့သည်။

“အိုး? တစ်ယောက်ယောက်က မင်းတို့ရဲ့နယ်မြေကို ဒီလိုမောက်မာစွာ ကျူးကျော်လာတာလား“

အနီရောင်မြွေ၏စကားသံကိုကြားပြီးနောက် ရွှမ်ဝူ သည် ဖြည်းညှင်းစွာဖြင့် ပိတ်ထားသောမျက်လုံးများကိုဖွင့်လိုက်သည်။

သို့သော်၊ သူ၏တုံ့ပြန်မှုသည် အလွန်တည်ငြိမ်ပြီး အနီရောင်မြွေ၏ စကားကိုကြားပြီးနောက် အလွန်စိတ်လှုပ်ရှားခြင်းမရှိပေ။

ဤရွှမ်ဝူသည် တိတ်တဆိတ်ဖြင့် နှစ်ပေါင်းများစွာ နေထိုင်ခဲ့သည်။ သူငယ်စဉ်က လူ့လောကတွင် ဆယ်စုနှစ်များစွာ နေထိုင်ခဲ့သည်။

နောက်ဆုံးတွင် ဤတောင်နက်ကြီးထဲကို ရောက်လာခဲ့သည်။

နှစ်အတော်ကြာအောင် နေထိုင်ခဲ့ပြီး လွှမ်းမိုးချုပ်ကိုင်လိုစိတ် မရှိခဲ့ပေ။

တည်ငြိမ်အေးဆေးသော ကိုယ်ရည်ကိုယ်သွေးရှိပြီး တောင်တန်းတွင် အေချမ်းစွာနေထိုင်အားထုတ်လိုသည်။

သူသည် ဤကြမ်းတမ်းသော သားရဲများကို သူ့ကိုယ်ပိုင် အစပျိုးမှုဖြင့် မနှိမ်နင်းခဲ့ဘဲ အနီရောင်မြွေနှင့် ကြံ့ဘုရင်က သူ့ထံ ရောက်လာပြီး သူ၏ လက်အောက်ငယ်သားများ ဖြစ်လာခဲ့သည်။

သို့ပေမယ့် ယခု သူတို့ကို သူ့ငယ်သားအဖြစ် လက်ခံထားပြီးဖြစ်သောကြောင့် သူတို့အတွက် ရပ်တည်ပေးရမည်ဖြစ်သည်။

အနီရောင်မြွေက အံ့သြစွာဖြင့် ခေါင်းကိုမော့ပြီး “သခင် ရွှမ်ဝူ၊ သခင်အပြင်ထွက်မလို့လား?”

“မလိုပါဘူး၊ မင်းပြောခဲ့တဲ့ ဝံပုလွေကြီးက သူ့ဘာသာသူ ဒီကိုလာနေပြီ”

သူစကားပြောနေစဉ်တွင် ခေါင်းကို ဖြည်းညှင်းစွာ မော့လိုက်ပြီး မဝေးသော ရေအောက်လမ်းကြောင်းဆီသို့ လှမ်းကြည့်လိုက်သည်။

All Chapters