← Chapters

ပြင်းထန်သောတိုက်ပွဲ

Vol. 9 Ch. 126

ပြင်းထန်သောတိုက်ပွဲ

Vol. 9 Ch. 126

“ဘာလဲ၊ ဝံပုလွေက ကျွန်တော်နောက်ကို လိုက်လာတာလား?”

ရွှမ်ဝူ၏စကားကိုကြားပြီး အနီရောင်မြွေသည် ချက်ချင်းအံ့သြသွားပြီး ရေအောက်လမ်းကြောင်းဆီသို့ လှမ်းကြည့်လိုက်သည်။

လုချန်းက သူ့နောက်ကို လိုက်လာနိုင်မည်ဟု မမျှော်လင့်ထားပေ၊ ဤနေရာက ရေကန်၏ အောက်ခြေဖြစ်သည်။

ထိုအချိန်တွင် အနီရောင်မြွေသည် လုချန်း ရောက်ရှိလာခြင်းကို လုံးဝကြောက်ရွံ့ခြင်းမရှိပေ။

အဘယ်ကြောင့်ဆိုသော် သူ၏အမြင်အရ၊ ကုန်းနေသားရဲများ၏ တိုက်ခိုက်ရေး ထိရောက်မှုမှာ ရေအောက်၌ များစွာ လျော့ကျသွားပေလိမ့်မည်။

ထို့အပြင်၊ အနီရောင်မြွေသည် ယခုအခါ သခင် ရွှမ်ဝူ နှင့်အတူ ရှိနေပြီး၊ ဤရွှမ်ဝူ ၏ အစွမ်းကို သူတွေ့မြင်ပြီးဖြစ်သည်။

“မင်းဒီလောက်ထိ သတ္တိရှိနေလိမ့်မယ်လို့ ငါမမျှော်လင့်ထားဘူး မင်းငါ့နောက် တစ်လျှောက်လုံး လိုက်လာခဲ့တယ်”

“မင်းက ငါတို့အနည်းစုကို အနိုင်ယူလိုက်လို့ မင်းတကယ်ကို ပြိုင်ဘက်ကင်းနေပြီလို့ထင်နေတာလား”

ရွှမ်ဝူအားကိုးနှင့် အနီရောင်မြွေသည် ချက်ချင်းပင် ၎င်း၏သဘောထားကို ပြောင်းလဲခဲ့ပြီး လုချန်းကို စတင်လှောင်ပြောင်ခဲ့သည်။

လုချန်းက ၎င်းကို လုံးဝ ဂရုမစိုက်ပေ။ သူ့မျက်လုံးထဲတွင် မြွေနီက အလောင်းကောင်သာဖြစ်သည်။

ထိုအချိန်တွင် သူ့ရှေ့က လိပ်ကြီးကို စူးစူးစိုက်စိုက်ကြည့်နေသည်။

“မင်းက သူတို့ပြောနေတဲ့ သခင်ဖြစ်ပုံရတယ်၊ မင်းက သူ့ကို ကူညီချင်တာလား”

လုချန်းသည် ဧရာမလိပ်ကြီးကို ကြည့်ပြီး အသံနက်ကြီးဖြင့် ပြောလိုက်သည်။

သူ့ရှေ့မှ ဧရာမလိပ်ဖြူကြီးသည် ချည်နှောင်ခြင်းအဆင့်(၁)တွင်ရှိသည်။

ဝိညာဉ်စွမ်းအင်ပြန်လည်ရှင်သန်လာခြင်း၏အစောပိုင်းအဆင့်တွင်၊ အချိန်တိုအတွင်း ချည်နှောင်ခြင်းအဆင့်(၁)သို့ ကျော်ဖြတ်နိုင်ခြင်းကြောင့် ဤသားရဲသည် အခွင့်အလမ်းများစွာကို ရရှိခဲ့မည်ဖြစ်သည်။

အမှန်ဆိုရသော်၊ လုချန်း၏ လက်ရှိ အင်အားက စနစ်၏ အထောက်အပံ့ကြောင့် ဖြစ်သည်။

ထို့အပြင် ဤလိပ်ကြီးသည် အလွန်ကြီးမားပြီး ထိုနေရာတွင် လဲလျောင်းနေသည့်တိုင် တောင်တစ်ခုလို ဖြစ်နေသည်။

လုချန်း ပြောသည်ကိုကြားပြီး ရွှမ်ဝူက အေးစက်စွာ ပြောလိုက်သည်။

“မောက်မာလိုက်တာ၊ မင်း ငါ့လက်အောက်ငယ်သားတွေကို အနိုင်ကျင့်ရုံတင်မကဘဲ ငါ့နယ်မြေထဲကို ဖောက်ဝင်လာပြီး အရှက်မဲ့စွာ ပြောရဲတယ်!”

“မင်းက အရမ်းမောက်မာနေမှတော့ ဒီနေ့ဒီမှာပဲနေခဲ့တော့!”

ရွှမ်ဝူသည် ယခုအခိုက်အတန့်တွင် သူ့၏သဘောထားကို ဖော်ပြခဲ့ပြီး သူ့၏ မူလငြိမ်သက်နေသော မျက်လုံးများက ယခုအချိန်တွင် စူးရှလာသည်။

ဧရာမ လိပ်ကြီး၏ ခန္ဓာကိုယ်သည် လုံးဝ မလှုပ်ရှားဘဲ ပတ်ဝန်းကျင်ရှိ ရေများ ရုတ်တရက် ပြင်းထန်စွာလှုပ်ခတ်လာသည်။

မူလက ငြိမ်သက်နေသော ကန်ရေပြင်သည် ယခုအခိုက်အတန့်တွင် တဟုန်ထိုး လှိုင်းထန်လာသည်။

နိုးထခြင်းအဆင့်(၈)သို့ ရောက်ရှိနေသော အနီရောင် မြွေသည်ပင်လျှင် လှိုင်းထန်နေသော ရေထဲတွင် ဟန်ချက်မထိန်းနိုင်ပေ။

သို့သော်လည်း လုချန်းက လှိုင်းထန်နေသော ရေထဲတွင် တည်ငြိမ်စွာရှိနေဆဲပင်။ သူ့ရှေ့ရှိ ဧရာမလိပ်ခွံ၏အရောင်က ပိုမိုနက်မှောင်လာသည်ကို သူသတိပြုမိသည်။

“အားးဝူးး!”

လုချန်း ဒေါသတကြီး ဟိန်းဟောက်ပြီး ဧရာမလိပ်ကြီးဆီသို့ တိုက်ရိုက် ခုန်ဝင်လိုက်သည်။

သူသည် သူ့၏ ဝိညာဉ်စွမ်းအင်များကို ယခုအချိန်တွင် ထုတ်လွှတ်နိုင်ပြီဖြစ်သော်လည်း သူ့၏ ရေရှည်တိုက်ခိုက်ရေးအလေ့အထကြောင့် အနီးကပ်တိုက်ခိုက်ခြင်းကို နှစ်သက်နေဆဲဖြစ်သည်။

အနီးကပ်တိုက်ခိုက်ရသည့် ခံစားချက်က သူ့သွေးများကို ဆူပွက်စေသည်။

လုချန်း၏ လှုပ်ရှားမှုနှင့်အတူ လှည့်ပတ်နေသော ရေများသည် ငွေဖြူရောင်အဖြစ်သို့ ပြောင်းလဲသွားပြီး ကြီးမားသောလိပ်ကြီးရှေ့တွင် အလင်းတစ်ချက် ထွက်ပေါ်လာသည်။

သို့သော်လည်း ဧရာမလိပ်ကြီးသည် ခုန်ထွက်ရန် မစဉ်းစားဘဲ ခေါင်းကို အနည်းငယ် စောင်းကာ လုချန်း၏ ကြီးမားသော ခြေသည်းများက သူ့၏နောက်သို့ ထိမှန်သွားခဲ့သည်။

“ဂျိန်းးး”

ရုတ်တရက်ပင် မြေအောက်လိုဏ်ဂူတစ်ခုလုံးတွင် ကျယ်လောင်သောအသံတစ်ချက် ထွက်ပေါ်လာလေသည်။

ပြင်းထန်သော တိုက်ခိုက်မှု၏ နောက်ဆက်တွဲ ရလဒ်မှာ ရေကန်၏ အောက်ခြေတွင် လှိုင်းလုံးကြီးများ တိုက်ရိုက် ဖြစ်ပေါ်စေခဲ့သည်။

ဧရာမလိပ်ကြီးသည် လုချန်း၏တိုက်ခိုက်မှုကို ရင်ဆိုင်ခဲ့ရသော်လည်း တုန်လှုပ်ခြင်းမရှိသလို ထိခိုက်မှုလည်းမရှိခဲ့ပေ။

သူသည် ရှည်လျားပြီး ချွန်ထွက်သော အမြီးကို လုချန်း ဆီသို့ပင် လှည့်ရိုက်လိုက်သည်။

“ဝုန်းး!”

အမြီးသည် ရှည်လျားလှသော ကြာပွတ်ကဲ့သို့ဖြစ်ပြီး ကြီးမားလှသော စွမ်းအားကို သယ်ဆောင်လာပုံရကာ ရေကန်အတွင်းရှိ ရေကို ဖြိုခွင်းပြီး လေပြင်းများနှင့်အတူ သယ်ဆောင်လာသည်။

လုချန်း၏ မျက်လုံးများ ကျုံ့သွားကာ အမြီးရှည်တွင် ပါရှိသော ကြောက်မက်ဖွယ် စွမ်းအားကို သူ ခံစားလိုက်ရသည်။

ကမူးရှူးထိုး ပြုမူမည့်အစား လုချန်းသည် သူ၏ အရှိန်ကို မြှင့်တင်ပြီး ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဟုန်ကို ရှောင်ရှားလိုက်သည်။

ဤမြင်ကွင်းသည် အဝေးမှ အနီရောင်မြွေကြီးအား လှောင်ပြောင်စေခဲ့သည်။

“ဟားဟား၊ မင်း ခုနက မာနကြီး‌နေတာမလား၊ မင်းမှာ အဲလိုအရည်အချင်းရှိမယ်လို့ ငါထင်ထားတာ”

“မင်းငါ့သခင်ရဲ့တိုက်ခိုက်မှုကို ရင်မဆိုင်ဘဲ ဘယ်လိုလုပ် ထွက်ပြေးနေရတာလဲ”

“မင်းရဲ့စွမ်းအားလောက်နဲ့ ငါ့သခင်ကိုတိုက်ဝံ့တယ်၊ ကိုယ့်ကိုယ်ကို ယုံကြည်မှုလွန်ကဲနေတာဘဲ”

လိပ်ကြီး၏ ပံ့ပိုးမှုဖြင့်၊ အနီရောင် မြွေ၏ အမူအရာသည် ယခင်ကထက် သိသိသာသာ ပြောင်းလဲသွားကာ လုချန်းကို ဆက်လက် လှောင်ပြောင်ခဲ့သည်။

သို့ပေမယ့် ထိုအချိန်တွင် လုချန်းက သူ့ကို ဂရုမစိုက်ပေ၊ သူ့ရှေ့ရှိ ချည်နှောင်ခြင်းအဆင့်ရှိ ဧရာမလိပ်ကြီးက အလွန်အစွမ်းထက်သည်မှာ အမှန်ပင်။

ဤအခိုက်အတန့်တွင် ဧရာမလိပ်ကြီး ကုန်းထလိုက်ပြီး သူ့၏ခြေလက်များက ကောင်းကင်ကို ထောက်ထားသော ထောင့်တိုင်များကဲ့သို့ပင် ရေကန်အောက်ခြေရှိ ရေဗွေကို တိုက်ရိုက် နှိုးဆော်လိုက်သည်။

ထို့နောက် ချွန်ထက်သော လက်သည်းများက မရပ်တန့်နိုင်သော အင်အားဖြင့် လုချန်း ဆီသို့ တိုက်ရိုက်တိုးဝင်လာသည်။

ကြောက်မက်ဖွယ်ကောင်းသော အင်အားအောက်တွင် ပတ်ဝန်းကျင်ရှိ ရေအားလုံး ညှစ်ထုတ်ခြင်းခံလိုက်ရသည်။

ယင်းကိုမြင်ပြီး လုချန်းက ဂရုမစိုက်ဘဲမနေဝံ့ပေ။ သူသည် သူ့၏ ရူးသွပ်ခြင်းစွမ်းရည်ကို တိုက်ရိုက်အသက်သွင်းပြီးနောက် ရန်သူကိုထိပ်တိုက်ရင်ဆိုင်ရန် သူ၏ခြေသည်းများကို မြှောက်လိုက်သည်။

“ဘုန်း!”

ဥက္ကာခဲတစ်ခုက ကမ္ဘာမြေကိုထိမှန်သွားသကဲ့သို့ပင်၊ ချည်နှောင်ခြင်းအဆင့်ရှိ ဧရာမသားရဲကြီးနှစ်ကောင်ကြားက တိုက်ပွဲသည် ဤနေရာတွင် ကမ္ဘာမြေတုန်လှုပ်စေမည့် လှုပ်ရှားမှုများ တိုက်ရိုက်ဖြစ်ပေါ်စေသည်။

နှစ်ဖက်၏ ကြောက်မက်ဖွယ်ရာကောင်းသော စွမ်းအားအောက်တွင် ဤရေအောက်လှိုဏ်ဂူကြီး ပြိုကျသွားသည်။

သားရဲကြီးနှစ်ကောင်၏ တိုက်ခိုက်မှုကြောင့် ဖြစ်ပေါ်လာသော တုန်လှုပ်ချောက်ချားဖွယ်ရာလှိုင်းများက အနီရောင်မြွေကို ရိုက်ခတ်ပြီး အဝေးမှ ကျောက်နံရံကို တိုက်ရိုက်ထိမှန်သွားသည်။

ရွှမ်ဝူသည် လုချန်းထက် များစွာကြီးမားသော်လည်း ဤထိပ်တိုက်တိုက်ပွဲတွင် လုချန်း,အား ခွန်အားဖြင့် ရှုံးနိမ့်ခဲ့သည်။

လုချန်းသည် သူ၏ ရူးသွပ်ခြင်း စွမ်းရည်ကို အသက်သွင်းပြီးနောက်၊ သူ့၏ ခွန်အားက မူလအဆင့်မှ တိုက်ရိုက် နှစ်ဆတိုးသွားသည်။

ရွှမ်ဝူ၏ကိုယ်ထည်သည် တောင်ကုန်းကဲ့သို့ကြီးမားသော်လည်း လုချန်း ၏ခြေသည်းအောက်မှ ခြေလှမ်းအနည်းငယ်ဆုတ်သွားပြီး ရေကန်၏အောက်ခြေသည် ပြင်းထန်စွာတုန်ခါသွားသည်။

အနက်ရောင်လိပ်ကြီးသည် နောက်ဆုံးတွင် သူ၏မျက်လုံးများအတွင်း ရက်စက်မှုအရိပ်အမြွက်ကို ထုတ်ဖော်ပြသခဲ့သည်။ ရုပ်ပိုင်းဆိုင်ရာပြိုင်ပွဲတွင် သူ ရှုံးနိမ့်သွားလိမ့်မည်ဟု မမျှော်လင့်ထားပေ။

နောက်တစက္ကန့်တွင် လိပ်ကြီးသည် သူ့၏ခြေလက်များနှင့် ဦးခေါင်းက အခွံထဲသို့ပြန်ဝင်သွားကြောင်း လုချန်း တွေ့ရှိခဲ့သည်။

ထို့နောက် အလွန်မာကျောသောအခွံကိုအသုံးပြုကာ လုချန်း ဆီသို့ တိုက်ရိုက်လှိမ့်သွားသည်။

လိပ်ခွံသည် ဆူးများဖြင့် ဖုံးအုပ်ထားပြီး သူ့၏ အလွန်ကြီးမားသော ကိုယ်ထည်နှင့် တွဲလျက် ရေအောက်သို့ လှိမ့်လိုက်သည့်အခါ စွမ်းအားက အလွန်ကြောက်စရာကောင်းသည်။

လုချန်းသည် သတိလက်လွတ်မဖြစ်ဝံ့ဘဲ လိပ်ကြီး၏ထူးဆန်းသည့်တိုက်ခိုက်မှုကို ရှောင်တိမ်းနိုင်ခဲ့ပြီး အကြိုတိုက်ခိုက်မှုများပြုလုပ်ရန် သူ၏ လျင်မြန်သောလှုပ်ရှားမှုကို အားကိုးနေခဲ့သည်။

သို့သော်၊ ရွှမ်ဝူ၏ ခန္ဓာကိုယ်ကြံ့ခိုင်မှုမှာ အလွန်အားကောင်းပြီး သူ၏လိပ်ခွံက အလွန်မာကျောသောကြောင့် လုချန်း၏ တိုက်ခိုက်မှုမှာ လုံးဝသက်ရောက်မှုမရှိပေ။

လိပ်ကြီးသည် သူ့၏ ရှည်လျားသော အမြီးကို လည်ပတ်ရန် သူ့၏လိပ်ခွံကို အသုံးပြုခဲ့သည်။

သို့သော် သူ၏အမြီးရှည် ဖြတ်ကျော်သွားသောအခါ အင်အားအလွန်ကြီးမားသဖြင့် ကျောက်ဆောင်များကို ကွဲကြေစေပြီး ရေများပေါက်ကွဲသွားစေသည်။

သို့ပေမယ့် သူ့အမြန်နှုန်းက လုချန်းထက် များစွာ နှေးကွေးပြီး လုချန်းကို တစ်ကြိမ်မှ မထိပေ။

ရွှမ်ဝူသည် သူ၏ သန်မာသော ခန္ဓာကိုယ်နှင့် မာကျောသော လိပ်ခွံအပေါ်တွင် အဓိကအားကိုးသည်။

“ဘုန်း! ဘုန်း! ဘုန်း!”

နှစ်ဖက်က ကျယ်လောင်စွာ အော်ဟစ်ရင်း ရေအောက်တွင် တိုက်ခိုက်နေကြသည်။

လုချန်းသည် သွက်လက်ပြီး ရွှမ်ဝူကို အခါအားလျော်စွာ တိုက်ခိုက်သော်လည်း ပြိုင်ဘက်၏ ခုခံမှုက အလွန်ကြောက်စရာကောင်းလှသည်။ အကြိမ်ပေါင်းများစွာ ထိုးနှက်တိုက်ခိုက်ပြီးနောက်တွင်ပင် ဒဏ်ရာလုံးဝမရရှိခဲ့ပေ။

ဆန့်ကျင်ဘက်အနေနှင့်၊ အနက်ရောင်လိပ်ခွံပေါ်ရှိ ဆူးချွန်များက အလွန်မာကျောသောကြောင့် လုချန်း၏ဝံပုလွေခြေသည်းများ မတော်တဆ ကျိုးပဲ့သွားခဲ့သည်။

ကံကောင်းထောက်မစွာဖြင့်၊ လုချန်းသည် အင်မော်တယ်စွမ်းရည်ကို ပိုင်ဆိုင်ထားပြီး ဤစွမ်းရည်က သူ့ကို ထိခိုက်မှုမရှိဘဲ လျင်မြန်စွာ ပြန်လည်ကောင်းမွန်လာစေရန် ကူညီပေးခဲ့သည်။

“ရွှမ်ဝူ လို့ ခေါ်တာ တကယ်ကို ထိုက်တန်ပါတယ်၊ ဒီလိပ်ရဲ့ အခွံက တကယ်ကို မာတယ်...”

လုချန်းသည် ထုံကျင်နေသော ခြေဖဝါးများကို ယမ်းလိုက်ပြီး တွေးစပြုရင်း မျက်မှောင်ကြုတ်လိုက်သည်။

သူ့၏တိုက်ခိုက်မှုက တကယ်ကို ပြင်းထန်သော်လည်း သူ့ရှေ့ရှိ လိပ်နက်က သူ့၏ ခံစစ်ကို ကောင်းစွာထိန်းထားနိုင်သည်။

အနီးကပ်တိုက်ပွဲတွင် သူအသာစီးမရနိုင်မှန်းသိသဖြင့် လုချန်းသည် ရုပ်ပိုင်းဆိုင်ရာတိုက်ပွဲကို စွန့်လွှတ်ရန် ဆုံးဖြတ်လိုက်သည်။

နောက်တစ်စက္ကန့်တွင် သူသည် ခြေများကို ဝှေ့ယမ်းလိုက်ပြီး မရေမတွက်နိုင်သော လျှပ်စီးကြောင်းများက ရေအောက်တွင် ချက်ချင်း ရောယှက်သွားသည်။

ငွေဖြူလျှပ်စီးကြောင်းများက ရေအောက်ခြေမှ လိပ်ကြီးဆီကို တိုက်ရိုက် တိုးဝင်သွားသည်။

ကြောက်မက်ဖွယ် လျှပ်စီးများက အဝေးတွင်ရှိနေသော အနီရောင်မြွေကို တုန်လှုပ်စေခဲ့သည်။

သို့သော်လည်း လုချန်း၏ ကြောက်မက်ဖွယ် လျှပ်စီးကြောင်းများကို ရင်ဆိုင်ရင်း၊ အဖြူရောင် အလင်းတစ်လွှာသည် လိပ်ကြီး၏ မျက်နှာပြင်ပေါ်တွင် အမှန်တကယ် ပေါ်လာခဲ့သည်။

ပေါ့ပါးသောအလွှာဟုထင်ရသော ဤအရာသည် လုချန်း၏ လျှပ်စီးကြောင်းများကို အမှန်တကယ် တားဆီးထားသည်။ သူ၏ခံစစ်စွမ်းအားက အလွန်အားကောင်းပြီး၊ ၎င်းမှာ ရွှမ်ဝူ ၏ပင်ကိုယ်စွမ်းရည်တစ်မျိုးဖြစ်သည်။

“ဟစ်~ နှင်းဝံပုလွေဘုရင်က ဒီလောက်အစွမ်းထက်မယ်လို့ မမျှော်လင့်ထားဘူး!”

“တကယ်ပဲ ငါ့သခင်နဲ့ ဒီလောက်ကြာအောင် ရေအောက်မှာ တိုက်ခိုက်နိုင်တယ်...”

အဝေးကတိုက်ပွဲကိုကြည့်နေသော အနီရောင်မြွေသည် လုချန်းအား သတ်ရန် ရွှမ်ဝူကို အားကိုးချင်သော်လည်း သူတို့နှစ်ကောင်က ရှေ့မတိုးနောက်မဆုတ်သည့်အ‌ခြေအနေဖြစ်နေလိမ့်မယ်ဟု သူ မမျှော်လင့်ထားပေ။

လုချန်းက နောက်ကလိုက်လာမည်ကို စိုးရိမ်ပြီး အနီရောင်မြွေသည် သူ့အသက်ကို ကာကွယ်ရန် တိတ်တဆိတ် ကူးခတ်သွားသည်။

“လုံလောက်ပြီလား?!”

လိပ်ကြီးက ဟိန်းဟောက်ပြီးနောက် ရုတ်တရက် ပါးစပ်ကို ဖွင့်လိုက်သည်။

ချက်ချင်းပင်၊ ကြောက်မက်ဖွယ်ကောင်းသော စုပ်ယူမှုစွမ်းအားသည် လှိုင်းတံပိုးကဲ့သို့ သူ့ပါးစပ်မှ ထွက်ပေါ်လာသည်။

အသက်ရှူချိန်အနည်းငယ်မျှဖြင့် ရေအောက်လှိုဏ်ဂူအတွင်းရှိ ရေများအားလုံး ခမ်းခြောက် သွားသည်။

သူတို့သည် ရေအောက်တွင် ထင်ထင်ရှားရှားရှိခဲ့သော်လည်း ယခုအချိန်တွင် ဤကြီးမားလှသောလှိုဏ်ဂူတွင် ရေမရှိတော့ပေ။

လုချန်း မျက်လုံးပြူးသွားသည်။ ဂူထဲမှရေများက သူ့ရှေ့ရှိ လိပ်ကြီးထက် အဆပေါင်း ရာနဲ့ချီ ပိုသည်။

တစ်ဖက်၏ ခန္ဓာကိုယ်က ဤမျှများပြားသော ရေပမာဏကို မည်သို့ ထိန်းထားနိုင်သည်ကို သူ နားမလည်နိုင်ပေ။

“ဝှရ်စ်!”

လုချန်း အံ့သြသွားနေစဉ်တွင် ဧရာမလိပ်ကြီး၏ပါးစပ်မှ ရေဘောလုံးကြီး တစ်လုံးထွက်လာသည်။

ရေဘောလုံးသည် အလွန်နက်မှောင်သော အရောင်ရှိပြီး အချင်း ခုနစ်မီတာ သို့မဟုတ် ရှစ်မီတာသာ ရှိပုံရသော်လည်း ၎င်းတွင် တန်ချိန်ထောင်ပေါင်းများစွာ အလေးချိန်ရှိသော အင်အားရှိသည်။

ထို့အပြင် ရေဘောလုံးက အလွန်လျင်မြန်သည်။ လုချန်းသည် ၎င်းကို ရှောင်တိမ်းရန် အတတ်နိုင်ဆုံး ကြိုးစားခဲ့သော်လည်း ညာဘက်ပခုံးကို ထိမှန်နေဆဲဖြစ်သည်။

ကြောက်မက်ဖွယ်ကောင်းသော အင်အားသည် လုချန်းကို ရိုက်ခတ်ပြီး ကျောက်နံရံကို ပြင်းပြင်းထန်ထန် ထိမှန်သွားသည်။

“ချည်နှောင်ခြင်းအဆင့်ထဲက သားရဲက တကယ်ကို အစွမ်းထက်တယ်၊ ဒီလိပ်နက်က အခုထိ ငါကြုံဖူးသမျှ အသန်မာဆုံး သားရဲ ဖြစ်နိုင်တယ်!”

လုချန်း၏ မျက်လုံးများက လေးနက်လာသည်။

လုချန်း နှင့် ဧရာမလိပ်ကြီးတို့ကြား တိုက်ပွဲကြောင့် ဤရေအောက်ဂူက ဆက်လက်ပြိုကျသွားသည်။

လိပ်နက်ကြီးသည် ရေအောက်လမ်းကြောင်းဆီသို့ ရွေ့လျားကူးခတ်သွားပြီး လုချန်း,က သူ့နောက်မှ အမြန်လိုက်သွားခဲ့သည်။

များမကြာမီ သူတို့က မြေအောက်ရေစီးကြောင်းဆီသို့ ရောက်လာကြသည်။

လိပ်ကြီးသည် အလားတူလှည့်ကွက်ကို ထပ်မံအသုံးပြုပြီး ကန်ထဲမှရေအများအပြားကို စုပ်ယူလိုက်သည်။

ဤတစ်ကြိမ်တွင် ရွှမ်ဝူ၏ ပါးစပ်ထဲကို စိမ့်ဝင်သွားသော ရေပမာဏက အလွန်အံ့အားသင့်စရာကောင်းသည်။

နောက်အခိုက်အတန့်တွင် ရွှန်းဝူ၏ပါးစပ်မှ မဲနက်သောရေဘောလုံးတစ်လုံး ထွက်လာသည်။

လုချန်းက သတိမလွတ်ဝံ့ပေ။ ရေဘောလုံး၏ တိုက်ခိုက်မှုကို ရှောင်တိမ်းရန် သူ၏ အရှိန်ကန့်သတ်ချက်အထိ အသုံးပြုခဲ့သည်။

ကြောက်မက်ဖွယ်ကောင်းသော ရေဘောလုံးသည် လုချန်း၏ပခုံးနားကိုဖြတ်၍ အဆုံးမရှိသောရေထဲသို့ ပျံတက်သွားပြီး ချက်ချင်းပင် ကမောက်ကမ ဖြစ်သွားသည်။

ပင်လယ်ကြမ်းပြင်တွင် ရှိနေလျှင် ကြောက်စရာကောင်းသော ဆူနာမီ ဖြစ်လာနိုင်သည်။

“ရေခဲစွမ်းရည်!”

ဤလိပ်ကြီး၏ အထူးစွမ်းရည်က အမှန်တကယ်ပင် ကြောက်မက်ဖွယ်ကောင်းပြီး လုချန်း,သည် ပြိုင်ဘက်အား ဤကဲ့သို့ ဆက်လက်တိုက်ခိုက်စေပြီး ခုခံကာကွယ်ရန် မရည်ရွယ်ထားပေ။

သူသည် ရေခဲစွမ်းရည်ကို ချက်ချင်းအသက်သွင်းလိုက်ပြီး ကြောက်မက်ဖွယ်ကောင်းသော အအေးဓာတ်က ပတ်ဝန်းကျင်ကို ပျံ့လွင့်သွားသည်။

ထိုအချိန်၊ သူတို့၏ ပတ်ပတ်လည်တွင် ရေပမာဏ အများအပြား အေးခဲနေသည်ကိုတွေ့ရမည် ဖြစ်သည်။

လုချန်း နှင့် ရွှမ်ဝူကို ဖုံးအုပ်ထားသော ကြီးမားသောရေခဲပန်းကန်လုံးနှင့်တူသည်။

“အို ဘုရား၊ ဒါက နှင်းဝံပုလွေဘုရင်ရဲ့ စစ်မှန်တဲ့ တိုက်ခိုက်ရေးစွမ်းအားပဲလား”

အနောက်မှလာသော အအေးဓာတ်ကို ခံစားလိုက်ရသည်၊ အနီရောင် မြွေ၏ မျက်လုံးများက ကျယ်လောင်လာပြီး ကြောက်ရွံ့မှုများနှင့် ပြည့်နှက်သွားသည်။

သူ အမြန်ပြေးနိုင်ခဲ့သည့်အတွက် အလွန်ကျေးဇူးတင်မိသည်၊ မဟုတ်ပါက ရေခဲများဖြင့် နစ်မြုပ်ခံရမည်ဖြစ်သည်။

အနီရောင်မြွေက နောက်ပြန်မလှည့်ဘဲ ချက်ချင်း ထွက်ပြေးသွားခဲ့သည်။

All Chapters