သွေးလင်းနို့
Vol. 9 Ch. 127
“မင်းက တကယ်ကို သန်မာတဲ့ ပြိုင်ဘက်ပဲ၊ ဒါပေမယ့် ဒီလောက်ဘဲ”
“ဒီရေခဲနည်းနည်းက ငါ့ရဲ့လှုပ်ရှားမှုတွေကို ကန့်သတ်နိုင်မယ်လို့ မင်းထင်နေတာလား”
လုချန်း,သည် အနီးနားရှိ ရေများအားလုံးကို ရေခဲအဖြစ်သို့ ချက်ချင်းပြောင်းလဲစေပြီး ဧရာမလိပ်ကြီးကို အံ့သြသွားစေခဲ့သည်။
သို့သော်လည်း ဇောက်ထိုးကျနေသော ရေခဲပန်းကန်ကဲ့သို့ ရေခဲအလွှာကို ကြည့်လိုက်ပြီး သူ့မျက်လုံးကြီးထဲတွင် အထင်အမြင်သေးမှု အရိပ်အယောင်များရှိနေသေးသည်။
ထို့နောက် လိပ်ကြီးသည် သူ့၏ လှည့်ကွက်ဟောင်းကို ထပ်ခါတလဲလဲ ပြုလုပ်ပြီး သူ့၏ ခြေလက်များကို အခွံထဲသို့ ပြန်ဝင်ကာ လိပ်ခွံပေါ်ရှိ ဆူးများကိုအားကိုးပြီး လှည့်သွားခဲ့သည်။
လျင်မြန်စွာ လှည့်ပတ်လိုက်သည်နှင့်အမျှ ကြောက်မက်ဖွယ်ကောင်းသော လိပ်ကြီးထံမှ ပြင်းထန်သောစွမ်းအားများ ထွက်လာသည်။
ထို့နောက် ဧရာမလိပ်ကြီးသည် အထက်သို့ အမြန်လှည့်ပြီး ရေခဲအလွှာ၏ အလယ်ကို တိုက်မိသွားသည်။
“ခရက်!ခလစ်!”
ဧရာမလိပ်ကြီး၏ ကြောက်မက်ဖွယ် စွမ်းအား၏ သက်ရောက်မှုအောက်တွင်၊ ဆယ်မီတာကျော်ထူသော ရေခဲက အမှန်တကယ် ကွဲအက်သွားခဲ့သည်။
ထို့နောက် အဆက်မပြတ် လည်ပတ်နေသည့် ဧရာမလိပ်ကြီးသည် တောင်ကုန်းကဲ့သို့ ကြီးမားသော သူ့၏အခွံကို အသုံးပြု၍ လေ့ကျင့်မှုတစ်ခုကဲ့သို့ လှည့်ပတ်သည်။
ရေခဲများ ကွဲအက်သွားသဖြင့် အပေါ်မှ ကြီးမားသော ရေဖိအားအောက်တွင် ဆယ်မီတာကျော် ထူသော ရေခဲနံရံ ပြိုကျရန် အချိန်သိပ်မကြာလိုက်ပေ။
ကြီးမားသောရေစီးကြောင်းကြီးတစ်ခုက ရေခဲတုံးကြီးများနှင့်အတူ စီးဆင်းလာသည်။
ဧရာမလိပ်ကြီးမှ ထုတ်လွှတ်သော ကြောက်မက်ဖွယ် စွမ်းအားက လုချန်းကို အမှန်တကယ် အံ့အားသင့်စေခဲ့သည်။
မာကျောသောလိပ်ခွံကို အားကိုး၍ ဧရာမလိပ်ကြီးသည် အမှန်တကယ်ပင် တိုက်ခိုက်ရေးနှင့် ကာကွယ်ရေး နှစ်ခုလုံးကို ကောင်းစွာထိန်းချုပ်နိုင်သည်။
ကာကွယ်ရေးကို တိုးမြှင့်နေချိန်တွင်၊ သူတွင် အလွန်ကြောက်စရာကောင်းသော တိုက်ခိုက်ရေးနည်းလမ်းများပါရှိသည်။
အရေးကြီးဆုံးအချက်မှာ ဤလိပ်ကြီးက အဝေးပစ်တိုက်ခိုက်မှုများကို အမှန်တကယ် သိရှိနားလည်ခြင်းပင်ဖြစ်သည်။ ရေအမြောက်အမြားကို မျိုချနိုင်ပြီး ခန္ဓာကိုယ်အတွင်း သိုလှောင်ပြီးနောက် ထုတ်လွှတ်နိုင်သည်။
လုချန်း,သည် ဤမြေအောက်ရေစီးကြောင်းတွင် သူ့ရှေ့မှ ဧရာမ လိပ်နက်ကြီးက အဆုံးမရှိ စွမ်းအင်များ ထောက်ပံ့ပေးနေပုံရသည်ကို တွေ့ရှိခဲ့သည်။
ထိုကြီးမားသော ခန္ဓာကိုယ်ကြီးသည် ဧရာမ အဖြူရောင်အမြောက်ကြီးနှင့်တူပြီး ရေများကို စုပ်ကာ ရူးသွပ်စွာ သိုလှောင်ပြီးနောက် ရေအမြောက်ဆန်ကို ပစ်လွှတ်သည်။
ရေဘောလုံးတွင်ပါရှိသော စွမ်းအားသည် အလွန်ကြောက်စရာကောင်းပြီး လုချန်းကိုပင် ရှောင်းတိမ်းစေခဲ့သည်။
“ဝံပုလွေလေး၊ မင်းတတ်နိုင်တာ ဒါအကုန်ပဲလား?!”
ဧရာမ လိပ်ကြီးက မထိန်းနိုင်ဘဲ ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
လုချန်း၏ အရှိန်က အလွန်မြန်သောကြောင့် လိပ်ကြီး,က သူ့ကို လုံးဝ ချိန်ရွယ်၍မရပေ။
ရွှမ်ဝူ၏ ရေဘောလုံးများသည် အလွန်လျင်မြန်နေပြီဖြစ်သော်လည်း လုချန်း,ကို မထိနိုင်သေးပေ။
“ဟား၊ မင်းမှာ သတ္တိရှိရင် ဒီလိပ်ခွံမှာဘဲ ပုန်းမနေနဲ့ ငါ့ကို တိုက်ခိုက်ဖို့ ထွက်လာခဲ့!”
လုချန်းသည် ရေဘောလုံးများကို ထိတ်တိုက်ရင်ဆိုင်၍ အရူးလုပ်မည်မဟုတ်ပေ၊ သူချက်ချင်းပင် မညှာတာစွာ တုံ့ပြန်ခဲ့သည်။
လုချန်း,သည် သူ့ရှေ့ရှိ လိပ်ကြီးက သူရဲဘောကြောင် တစ်ကောင်မဟုတ်ဆိုလျှင် ပြိုင်ဘက်ကို အနီးကပ် တိုက်ခိုက်အနိုင်ယူနိုင်မည်ဟု ယုံကြည်သည်။
သို့ပေမယ့် ဤလိပ်ခွံက ကိုင်တွယ်ရခက်ခဲသည်။
လုချန်း,သည် သူ့၏ လိုက်လျောညီထွေရှိသော ရှောင်တိမ်းမှုကို စွန့်လွှတ်မည်မဟုတ်သည့်အပြင် လိပ်ကြီးသည်လည်း သဘာဝအတိုင်း သူ့၏ အစွမ်းထက်သော ခုခံမှုကို စွန့်လွှတ်မည်မဟုတ်ပေ။
အမှန်ဆိုရသော်၊ ဤလိပ်ခွံက သူ့၏ အကြီးမားဆုံး ဝှက်ဖဲဖြစ်သည်။
“အစ်ကို၊ အခုအခြေအနေ ဘယ်လိုရှိလဲ”
“အနက်ရောင်လိပ်ကြီးကို အစ်ကိုတွေ့နေပြီလား၊ ဒါပေမယ့် သူ့ရဲ့ခုခံအားက အရမ်းပြင်းထန်တော့ အစ်ကိုဘာမှ လုပ်နိုင်မှာမဟုတ်လောက်ဘူး”
ထိုအချိန်တွင် လုချန်း,သည် လီရှန်း မှပေးပို့သော ယိုချင်းယန် ထံမှ စကားကို လက်ခံရရှိခဲ့သည်။
“မင်းပြောတာမှန်တယ် ရှောင်ပိုင်၊ ဒီလိပ်ကြီးရဲ့အားနည်းချက်ကို မင်းသိလား”
လုချန်း သက်ပြင်းချလိုက်ပြီး မေးလိုက်သည်။
ဤကဲ့သို့ ခက်ခဲကြမ်းတမ်းသော အခြေအနေမျိုးကို သူပထမဆုံးအကြိမ် ကြုံတွေ့ခဲ့ရခြင်း ဖြစ်သည်။
“ဒီလိပ်နက်ကြီးရဲ့ ခုခံကာကွယ်မှုက အဆင့်တူမှာပြိုင်ဘက်ကင်းတယ်”
“ဒါပေမယ့် သူ့မှာ ဆိုးရွားတဲ့ ချို့ယွင်းချက်တစ်ခုရှိတယ်၊ အဲ့ဒါက သူက အရမ်းကြီးနေတာပဲ”
ယိုချင်းယန်,က ညင်သာစွာ ပြုံးပြီး ပြောလိုက်သည်။
“သူက ရေစီးကြောင်းကို အသုံးပြုပြီး သူ့ရဲ့ခန္ဓာကိုယ်ကို ရေအောက်ထဲ တွန်းပို့တယ်၊ ဒါက သူ့ရဲ အရှိန်ကို မြှင့်တင်ပေးနိုင်တယ်”
“ဒါပေမယ့် သူ့မှာ ရွှမ်ဝူရဲ့သွေးပဲရှိတယ်၊ နောက်ဆုံးတော့ သူက သာမန်လိပ်တစ်ကောင်ပါပဲ”
“ဒီလိပ်ကြီး ကမ်းပေါ်ရောက်လာရင်၊ ခြေထောက်လေးချောင်းလောက်နဲ့ ဒီလောက်ကြီးမားတဲ့ ခန္ဓာကိုယ်ကြီးကို ထောက်ထားဖို့က အရမ်းလေးလံနေလိမ့်မယ်”
ယိုချင်းယန်၏ စကားကိုကြားပြီးနောက် လုချန်း မျက်လုံးများက ရုတ်တရက် တောက်ပလာသည်။
“ဟုတ်တယ် ဒါက ရိုးရှင်းတဲ့အမှန်တရားပဲ၊ ငါအရင်က မစဉ်းစားခဲ့မိဘူး!”
ဖြစ်ပျက်နေသည်ကို သဘောပေါက်ပြီးနောက် လုချန်း,က ဧရာမလိပ်ကြီးကို မြေအောက်ရေစီးကြောင်းထဲကနေ တွန်းထုတ်ပြီး အထက်ကို ကူးခတ်သွားခဲ့သည်။
လိပ်ကြီးသည် လုချန်း အားနည်းနေသည်ဟု ထင်ကာ ချက်ချင်းပင် သူ့နောက်သို့ လိုက်သွားခဲ့သည်။
သို့သော် နှစ်ပေါင်းများစွာ အသက်ရှင်လာသော ဤလိပ်ကြီးက မမိုက်မဲပေ။ အချိန်အတော်ကြာ လိုက်ဖမ်းပြီးနောက် ရေမျက်နှာပြင်မှ မီတာတစ်ရာကျော်အကွာတွင် ရပ်တန့်သွားသည်။
“မရဘူး ရှောင်ပိုင်၊ ဒီလိပ်က တော်တော်ပါးနပ်တယ်၊ ငါ့နောက်ကို လိုက်မှာမဟုတ်ဘူး”
“ဒါဆို ညီမတို့ဘာမှ မလုပ်နိုင်တော့ဘူး၊ သင်းခွေချပ် အာဏာရှင်က ဒီလိပ်ကြီးကို သတ်လိုက်တာက ကမ်းပေါ်မှာပဲ”
“အဲဒီတုန်းကတော့ အာဏာရှင်ကြီးက မြေအောက်ကနေ အံ့သြစရာကောင်းတဲ့ တိုက်ခိုက်မှုကို ပြုလုပ်ဖို့ သူ့ရဲ့ မြေလွတ်မြောက်နိုင်စွမ်းကို အသုံးပြုခဲ့တယ်၊ လိပ်ကြီးက မတုံ့ပြန်ရသေးခင်မှာပဲ တိုက်ရိုက် အသတ်ခံလိုက်ရတယ်”
“အာဏာရှင်ရဲ့ ကြောက်စရာအကောင်းဆုံးကတော့ တောင်တွေနဲ့ ကျောက်ဆောင်တွေကို ခွဲထုတ်နိုင်တဲ့ သူ့ရဲ့ချွန်ထက်တဲ့ ခြေသည်းလက်သည်းတွေပဲ၊ လိပ်ကြီးရဲ့ မာကျောတဲ့အခွံကို ဖောက်ပြီး သတ်ပစ်ဖို့ ကမ်းစပ်မှာ နာရီပေါင်းများစွာ အချိန်ယူခဲ့ရတယ်”
“ဒါ... မေ့လိုက်ရအောင်...”
ယ်ိုချင်းယန် ပြောသည်ကို ကြားပြီးနောက် လုချန်း၏ မျက်နှာတွင် ကူကယ်ရာမဲ့မှုများဖြင့် ပြည့်နှက်သွားသည်။
အာဏာရှင်ပင်လျှင် ဧရာမလိပ်ကြီးကို ကိုင်တွယ်ရန် နာရီပေါင်းများစွာ လိုအပ်သည်။
လုချန်း,သည် ရွှမ်ဝူ နှင့် မည်သို့တိုက်ခိုက်ရမည်ကို မသိသေးပေ။ သူလုပ်နိုင်သောအရာမှာ လိပ်ကြီးရေထဲမှ ထွက်လာသည့်အထိ စောင့်နေခြင်းပင်။
သူသည် အနက်ရောင်လိပ်ကြီးကို အချိန်မရွေး အာရုံခံနိုင်စေရန် ရိုးရှင်းစွာ အမှတ်အသားပြုခဲ့သည်။ နောက်တစ်ကြိမ်တွင် ဧရာမလိပ်ကြီးကို ပြန်ရှာချင်လျှင် လမ်းကို ဦးဆောင်သည့်သူ မလိုအပ်တော့ပေ။
ထိုအခါ လုချန်း,က အေးစက်စွာ လှည့်ကြည့်လိုက်ရာ အနီရောင်မြွေပွေး၏ ဦးတည်ရာ အတိအကျပင် ဖြစ်သည်။ အနီရောင် မြွေပွေးသည် ယခင်က အခြေအနေဆိုးရွှားမှုကို မြင်ခဲ့သောကြောင့် ဦးစွာ ထွက်ပြေးသွားခဲ့သည်။
သို့သော် ကြမ်းကြုတ်သော သားရဲတိုင်းတွင် တယ်လီပို့ခြင်းဆိုင်ရာ စွမ်းရည်များ မရှိနိုင်ပေ။ အနီရောင်မြွေသည် မိုင်ဒါဇင်များစွာအကွာအဝေးကိုရောက်နေပြီဖြစ်သည်။
ဤအကွာအဝေးက လုချန်း,အတွက် မပြောပလောက်သည့်အရာပင်၊ ထို့နောက် အမှတ်အသားနောက်သို့ အမြန်လိုက်သွားခဲ့သည်။
လိပ်ကြီးတစ်ကောင်နှင့် တိုက်ခိုက်ခဲ့သောကြောင့် ယခင်က သူဝါးမျိုချခဲ့သော အသားများက ကြေညက်သွားခဲပြီဖြစ်သည်။ ဗိုက်ဖြည့်ရန်အတွက် အစပ်ခေါက်ဆွဲစားရန် အကောင်းဆုံးအချိန်ဖြစ်သည်။
“အင်း အစ်ကို့ကိုပြောဖို့ မေ့သွားတယ်”
“လိပ်နက်မှာ ညီလေးတစ်ကောင်ရှိတယ်၊ ဒါပေမယ့် အဲဒီညီလေးက အရမ်းရည်မှန်းချက်ကြီးတယ်၊ လိပ်နက်က အရမ်းရိုးသားတဲ့ စရိုက်ရှိတာကြောင့် လှည့်စားခံရတယ်”
လီရှန်းသည် ယခုအချိန်တွင် နောက်ထပ် မက်ဆေ့ချ်တစ်ခု ပေးပို့ခဲ့သည်။
“နောက်ထပ်ညီလေးရှိသေးတာလား၊ အဲဒါက ဘယ်လိုသားရဲလဲ၊ ချီလင်တောင်တန်းနဲ့ နီးသလား”
“အဲဒီကောင်က သွေးလင်းနို့ပါ၊ သူက ချီလင် တောင်တန်းမှာ ရှိတယ်၊ ဒါပေမယ့် သူက ချီလင် တောင်တန်းရဲ့ အနောက်ဘက်စွန်းမှာ ရှိတယ်”
“အဲဒီကောင်က မီးတောင်ထဲမှာ နေတယ်၊ အဲဒီမှာ လင်းနို့တွေ အများကြီးပဲ၊ သတိထားနော် အစ်ကို”
လုချန်းသည် ထိုစကားကိုကြားသောအခါ ခေါင်းညိတ်လိုက်ပြီး သူ့စိတ်ထဲတွင် အနည်းငယ် ပြုံးလိုက်သည်။
“အနောက်ဘက်က မီးတောင်လား? ဒီအစပ်ချောင်းကလေးက ငါ့ကို လမ်းပြပေးနေသလိုပဲ”
လုချန်း,သည် ဤအနီရောင်မြွေက ရည်ရွယ်ချက်တစ်ခုဖြင့် ထွက်ပြေးသွားသည်ကို ခံစားနိုင်သည်။
………….
ကျန်းနန် ဒေသတွင် ယန်မိသားစုသည် မူလက ကျန်းနန် တွင် နံပါတ်တစ်မိသားစုဖြစ်သည်။
သို့သော် ယန်မိသားစုသည် သင်းခွေချပ် အာဏာရှင်ကို စော်ကားခဲ့ပြီး အာဏာရှင်၏ တိုက်ရိုက်တိုက်ခိုက်သတ်ဖြတ်ခြင်းကို ခံခဲ့ရသည်။
လူအချို့ ထွက်ပြေးသွားသော်လည်း အခြေအနေက ကျဆင်းလာခဲ့သည်။
ယခုဆိုလျှင် ကျန်းနန် ခေါင်းဆောင်ရာထူးကို မိုမိသားစုခေါင်းဆောင် မိုရှန်းဟေး,က သိမ်းပိုက်လိုက်ပြီဖြစ်သည်။
ထိုအချိန်တွင်၊ ကျန်းနန် ဒေသ အထူးစွမ်းရည်မဟာမိတ်အဖွဲ့ခွဲ၏ရုံးခန်းတွင် မိုရှန်းဟေး ၏မျက်နှာက အလွန်ညို့မှိုင်းနေသည်။
အကြောင်းမှာ ရန်နိုင်ငံ၏ အင်ပါယာမြို့တော်ရှိ ထိပ်တန်းခေါင်းဆောင်များသည် ကျန်းနန် ဒေသမှ အထူးစွမ်းရည်ရှိသော လူအများအပြားကို စတင်စုဆောင်းလာသောကြောင့် ဖြစ်သည်။
၎င်းတို့ထဲတွင် မိုမိသားစုမှ စုဆောင်းထားသော သြဇာကြီးသူများ အများအပြားရှိသည်။
မိုရှန်းဟေး,သည် ရန်နိုင်ငံ၏ ထိပ်တန်းခေါင်းဆောင်များ၏ လုပ်ရပ်အတွက် အလွန်ဒေါသထွက်ခဲ့သည်။
ဝိညာဉ်စွမ်းအင် ပြန်လည်ရှင်သန်လာမှုနှင့်အတူ နိုင်ငံတစ်ဝှမ်းမှ သြဇာကြီးသူများက ရည်မှန်းချက်ကြီးမားလာကာ မိုရှန်းဟေး သည်လည်း ချွင်းချက်မဟုတ်ပေ။
အခြေအနေများ ပြောင်းလဲလာသည်နှင့်အမျှ ရန်နိုင်ငံက ကွဲလွဲနေသော အခြေအနေတစ်ခုအဖြစ်ပင် ရောက်သွားနိုင်သည်။
ထို့ကြောင့်၊ မိုရှန်းဟေး,သည် ကမ္ဘာပေါ်ရှိ သူရဲကောင်းများ ရာထူးတိုးရန် တိုက်ပွဲဝင်မည့် အနာဂတ်အတွက် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်လိုခဲ့သည်။
ကျန်းနန် ဒေသမှ ထိန်းသိမ်းထားသော အထူးစွမ်းရည်ရှိသော ဤလူများသည် အခြေခံအားဖြင့် သူ၏လက်အောက်ငယ်သားများဖြစ်ပြီး အနာဂတ်တွင် ကမ္ဘာကို စိုးမိုးရန်အတွက် မိုရှန်းဟေး ၏ဝှက်ဖဲလည်းဖြစ်သည်။
သို့သော်လည်း အင်ပါယာမြို့တော်ရှိ ထိပ်တန်းခေါင်းဆောင်များ၏ အမိန့်ကို နာခံပြီး ဤအထူးစွမ်းရည်ရှိသူများကို ယခု လွှဲပြောင်းပေးမည်ဆိုပါက အနာဂတ်တွင် သူ၏ ကိုယ်ပိုင်နယ်မြေကို ထူထောင်ရန် အရင်းအနှီးမရှိတော့ဘဲ အခြားသူများ၏ သနားညှာတာမှုကိုသာ ရရှိနိုင်တော့မည်ဖြစ်သည်။
မိုရှန်းဟေး၏ မျက်နှာက မှောင်မည်းသွားပြီး ခဏမျှ တွေးကြည့်ပြီးနောက် သူ့ပါးစပ်ထောင့်တွင် လှောင်ပြောင်မှုတစ်ခု ပေါ်လာသည်။
“မကြာခင်က ကျန်းနန် ဒေသမှာ ရက်စက်ကြမ်းကြုတ်တဲ့ သားရဲတွေ မကြာခဏ နှောက်ယှက်မှု ရှိနေကြောင်း တော်ဝင်မြို့တော်ကို သတင်းပို့လိုက်ပါ”
“ကျန်းနန် ဒေသက မကြာသေးမီက အပြင်းအထန် ထိခိုက်ခဲ့ပြီး လူအင်အား အရမ်းနည်းပါးနေပါတယ်”
“အင်ပါယာမြို့တော်က တောင်းဆိုထားတဲ့လူအားလုံးမှာ အခုလုပ်ဆောင်ဖို့ တာဝန်တွေရှိနေပါပြီ၊ ကျန်းနန် ဒေသ အထူးစွမ်းရည်မဟာမိတ်အဖွဲ့ခွဲ့ရဲ့ခေါင်းဆောင်အနေနဲ့ ကျန်းနန် ဒေသမှာရှိတဲ့ လူတွေရဲ့ လုံခြုံရေးကို ဦးစားပေးလုပ်ဆောင်ရမှာ ဖြစ်ပါတယ်၊ လူအင်အား နည်းပါးသွားလို့မရဘူး”
မိုရှန်းဟေးသည် အင်ပါယာမြို့တော်ကို ငြင်းပယ်ရန် အကြောင်းပြချက်ကို တိုက်ရိုက်တွေ့ရှိခဲ့သည်။
ရက်စက်ကြမ်းကြုတ်သော သားရဲများ ကျူးကျော်ဝင်ရောက်ခြင်း၏ အကြောင်းပြချက်မှာ အသင့်လျော်ဆုံးဖြစ်သည်။ နောက်ဆုံးတွင်၊ အထူးစွမ်းရည်မဟာမိတ်အဖွဲ့ကို တည်ထောင်ရန် မူလရည်ရွယ်ချက်မှာ ရက်စက်ကြမ်းကြုတ်သော သားရဲများ၏ ကျူးကျော်မှုကို တွန်းလှန်ရန်ဖြစ်သည်။
“မုန်းစရာကောင်းလိုက်တာ!”
“မိုရှန်းဟေး,က ဘာကိုဆိုလိုတာလဲ၊ သူအမိန့်ကို ပွင့်ပွင့်လင်းလင်း မနာခံတာလား?”
အင်ပါယာမြို့တော်တွင်ရှိသော ဂျီကျဲန်ရှန်းသည် မိုရှန်းဟေး ၏သတင်းစကားကိုကြားသိရသောအခါ အလွန်ဒေါသထွက်သွားသည်။
ဂျီကျဲန်ရှန်း,သည် သူ့မျက်လုံးများကို အနည်းငယ်မှိတ်ထားလိုက်ပြီးနောက် သူ့မျက်လုံးထဲတွင် ဒေါသအရိပ်အယောင်များ ထွက်ပေါ်လာသည်။
စစ်ဆေးမေးမြန်းမှုအတွင်း မိုရှန်းဟေးသည် ကျန်းနန် ဒေသတွင် ရက်စက်ကြမ်းကြုတ်သော သားရဲများ ကျူးကျော်လာကြောင်း ယေဘုယျအားဖြင့်သာ ပြောခဲ့သော်လည်း သူ့တွင် ခိုင်လုံသောအထောက်အထားမရှိပေ။
ထို့အပြင်၊ ကျန်းနန် ဒေသတွင် ရက်စက်ကြမ်းကြုတ်သော သားရဲများ ဖျက်ဆီးခြင်းနှင့်ပတ်သက်၍ သတင်းမရရှိခဲ့ပေ။
ရန်နိုင်ငံ၏ အကြီးတန်း ရာထူးများမှ ဤလူများ အားလုံးသည် မြင့်မားသော ရာထူးကို ကြာရှည်စွာ ထိန်းသိမ်းခဲ့သော လိမ္မာပါးနပ်သူများ ဖြစ်သည်။
မိုရှန်းဟေး,က သူတို့ကို လှည့်စားရန် အကြောင်းပြချက်ပေးနေခြင်းကို မည်သို့မသိဘဲနေမည်နည်း။
သို့ပေမယ့် ထိုအချိန်တွင် သတင်းအသစ်ရောက်လာသည်။
“မဟာမိတ်ခေါင်းဆောင်၊ ကျန်းနန် ဒေသကို ဧရာမမိကျောင်း တစ်ကောင်က တိုက်ခိုက်ခဲ့တယ်ဆိုတဲ့ သတင်းထွက်လာပါတယ်”
ထို့နောက် ရုံးရှိ ဖန်သားပြင်ကြီးဆီသို့ ဗီဒီယိုတစ်ခု လွှင့်တင်လိုက်သည်။
ခုနစ်ဆယ်၊ ရှစ်ဆယ်မီတာခန့်ရှိသော ဧရာမမိကျောင်းကြီးကို မြင်ခဲ့ရပြီး ၎င်း၏ခန္ဓာကိုယ်ပေါ်ရှိ အကြေးခွံများက သာမန်မျက်စိဖြင့်ပင် အလွန်မာကျောကြောင်း မြင်နိုင်သည်။
သိပ္ပံစိတ်ကူးယဉ်ရုပ်ရှင်ထဲမှ မွန်းစတားတစ်ကောင်ကဲ့သို့ မည်းနက်သော ကိုယ်လုံးနှင့် ဧရာမမိကျောင်းကြီးက ယန်ကျိုးကို ရေထဲမှ ကျူးကျော်ဝင်ရောက်ခဲ့သည်။
ယန်ကျိုးမြို့တွင် မြစ်များစွာရှိသောကြောင့် တံတိုင်းကြီးတစ်ခုတည်ဆောက်ထားသော်လည်း မြစ်ရေလမ်းကြောင်းကို မပိတ်ဆို့ထားပေ။
ယန်ကျိုးမြို့ အနီးတဝိုက်ရှိ မြစ်များတွင် လျှပ်စစ်မီးဖြင့် အဖွင့်အပိတ်လုပ်နိုင်သော သံမဏိပိုက်ကွန် အနည်းငယ်ကိုသာ အသုံးပြုထားသည်။
ဤကာကွယ်ရေးများက သာမန်သားရဲများအတွက် လုံလောက်သည်။
သို့ပေမယ့် ဆင့်ကဲပြောင်းလဲလာသော ဧရာမမိကျောင်းရှေ့တွင် ၎င်းက စက္ကူတစ်ရွက်ကဲ့သို့ပင်။
ဧရာမမိကျောင်းသည် သံမဏိပိုက်ကွန်ကို လျင်မြန်စွာဖယ်ရှားပြီး ရေလမ်းကြောင်းမှတဆင့် မြို့တွင်းသို့ ဝင်ရောက်ခဲ့သည်။
ယန်ကျိုးမြို့က ယခုအခါတွင် ကမောက်ကမ ဖြစ်နေသည်။