← Chapters

မိုရှန်းဟေး၏ အကြောင်းပြချက်

Vol. 9 Ch. 128

မိုရှန်းဟေး၏ အကြောင်းပြချက်

Vol. 9 Ch. 128

“ကုန်းနေရေနေသတ္တဝါတွေက ဒီလောက်မောက်မာစွာ ပြုမူဝံ့တာ ရှားတယ်...”

ဂျီကျဲန်ရှန်း,သည် ဧရာမမိကျောင်းကြီး,က ယန်ကျိုးမြို့ကို ဝင်ရောက်တိုက်ခိုက်သည့် သတင်းကို တွေ့လိုက်သောအခါ သူခဏမျှ မျက်မှောင်ကြုတ်သွားသည်။

‘ငါဘာမှလုပ်လို့မရဘူး၊ ဒီအဖြစ်အပျက်က တိုက်ဆိုင်လွန်းတယ်’

ဝိညာဉ်စွမ်းအင် ပြန်လည်ရှင်သန်လာပြီးနောက်၊ ဤကုန်းနေရေနေသားရဲအများစုသည် ၎င်းတို့နေထိုင်ရာ ရေပြင်တွင်သာ အမဲလိုက်ကြသည်။

ရံဖန်ရံခါ အချို့က ကမ်းပေါ်ရောက်လာသော်လည်း၊ သူတို့သည် လူ့မြို့များကို တိုက်ရိုက်တိုက်ခိုက်သည်မှာရှားသည်။

အရေးကြီးဆုံးအချက်မှာ မိုရှန်းဟေးသည် သားရဲကြီးများ မကြာခဏ ကျူးကျော်နေခြင်းကို အကြောင်းပြချက်တစ်ခုအဖြစ် သတင်းပေးပို့ခဲ့ခြင်း ဖြစ်သည်။

ရုတ်တရက်၊ ကျန်းနန် ဒေသရှိ မြို့များကို ဧရာမသားရဲတစ်ကောင် တိုက်ခိုက်သည့် အဖြစ်အပျက်တစ်ခု ဖြစ်ပွားခဲ့သည်။

မိုရှန်းဟေး,က ဧရာမသားရဲ၏ လှုပ်ရှားမှုများကို ကြိုတင်ခန့်မှန်းနိုင်သလော။

ဂျီကျဲန်ရှန်း,သည် မျက်ခုံးမွှေးများကို ပွတ်သပ်ကာ ခဏမျှ စဉ်းစားပြီးနောက် သက်ပြင်းချလိုက်သည်။

“မေ့လိုက်တော့၊ ကျန်းနန် မှာရှိတဲ့ ဒီသားရဲကြီးရဲ့ အခြေအနေကို ဆက်ပြီး အာရုံစိုက်ကြည့်ရအောင်”

“ယန်ကျိုးမြို့မှာ ထိခိုက်ဖျက်ဆီးမှုတွေကိုလုပ်နေတဲ့ ဒီဧရာမမိကျောင်းကြီးကို တတ်နိုင်သမျှ အမြန်ဆုံး ဖယ်ရှားပါ၊ အရမ်းကြီး မဖျက်ဆီးပါစေနဲ့”

ဂျီကျဲန်ရှန်းသည် မိုရှန်းဟေး,၏ ငြင်းဆိုခြင်းက အကြောင်းပြချက်တစ်ခုမျှသာ ဖြစ်ကောင်းဖြစ်နိုင်သည်ဟု သူ့စိတ်ထဲတွင် သိထားသည်။

သို့သော်လည်း လက်ရှိတွင် ကျန်းနန် ဒေသတွင် သားရဲများ ကျူးကျော်နေသည်မှာ အမှန်ပင် ဖြစ်သောကြောင့် အင်ပါယာမြို့တော်မှ လူအင်အား လွှဲပြောင်းရန် အစီအစဉ်က ဆက်လက်လုပ်‌ဆောင်၍ မရနိုင်ပေ။

ဤသို့မှမဟုတ်လျှင်၊ ထိုအခြေအနေမျိုးတွင် လူအင်အားကို ရုပ်သိမ်းလိုက်ပါက လူထုကို ဒေါသဖြစ်စေမည်ဖြစ်သည်။

ကျန်းနန် ဒေသတွင်နေထိုင်သူဖြစ်စေ၊ အခြားနေရာမှ ခေါင်းဆောင်များဖြစ်စေ၊ သူတို့အားလုံးတွင် အခြားအတွေးများရှိကြသည်။

“ဟာဟား၊ မင်းငါ့ကို စကားလုံးအနည်းငယ်နဲ့ အထူးစွမ်းရည်တပ်တွေကို လွှဲပေးစေချင်တာလား၊ ဒါက နုံအလွန်းတယ်!”

မိုရှန်းဟေးသည် တော်ဝင်မြို့တော်ထံမှ ပြန်ကြားချက်ကို လက်ခံရရှိပြီးနောက်တွင် နက်နဲသောအကြည့်များဖြင့် လှောင်ပြောင်ခဲ့သည်။

ဂျီကျဲန်ရှန်း သံသယရှိသကဲ့သို့ ယန်ကျိုးမြို့ကို တိုက်ခိုက်ခြင်းက တိုက်ဆိုင်သည့်ဖြစ်ရပ်မဟုတ်ပေ။

ကျန်းနန် ဧရိယာတွင် သူ့လူများကို ထိန်းထားရန်အတွက် မိုရှန်းဟေး,က မြို့ကို တိုက်ခိုက်နေသော ဧရာမသားရဲကြီး၏ ဤဒရာမာကို ဇာတ်ညွှန်းပြီး သရုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

သူသည် ဧရာမမိကျောင်း၏ နယ်မြေကို ဖောက်ခွဲရန်နှင့် အတွင်း၌ မိကျောင်းဥများစွာကို ခိုးယူရန် လူများကို ဦးစွာစေလွှတ်ခဲ့သည်။

မိကျောင်းဥများ၏ ဥခွံများကိုပင် ကွဲအက်စေပြီး ဥရည်များကို မြစ်ထဲ ပြန့်ကျဲစေခဲ့သည်။

သူ၏ ရည်ရွယ်ချက်မှာ မိကျောင်းကြီးကို နှိုးဆွရန်နှင့် ယန်ကျိုးမြို့ကို တိုက်ခိုက်စေရန်မှာ ထင်ရှားသည်။

ဤနည်းအားဖြင့် အင်ပါယာမြို့တော်ကို ငြင်းဆိုရန် အကြောင်းပြချက်တစ်ခုကို ရရှိမည်ဖြစ်သည်။

ဧရာမမိကျောင်းသည် သူ့၏နယ်မြေသို့ပြန်လာပြီးနောက် သူ့၏အသိုက်ပျက်စီးသွားသည်ကိုမြင်သောအခါ အလွန်ဒေါသထွက်ခဲ့သည်။ ထို့နောက် မြစ်မှ ယန်ကျိုးမြို့သို့ အနံ့နောက်ကို လိုက်လာခဲ့လေသည်။

“မင်းတို့လူသားတွေ ငါ့ကို လုံးဝဒေါသထွက်အောင်လုပ်လိုက်ပြီ၊ ဒီတစ်ခါ ငါ ဒီနေရာကို သွေးတွေနဲ့ ဆေးကြောပစ်မယ်!”

ဧရာမမိကျောင်းသည် ဒေါသကြီးစွာဖြင့် ကောင်းကင်သို့ ဟိန်းဟောက်လိုက်သည်။

မြို့ထဲသို့ဝင်ပြီးနောက် ဧရာမမိကျောင်းက မြင်သမျှကို အရူးအမူးဖျက်ဆီးတော့သည်။ သူ့၏ အစွမ်းထက်သော ခန္ဓာကိုယ်ကို အားကိုး၍ လမ်းတစ်လျှောက်ရှိ အထပ်မြင့် အဆောက်အအုံများက ပြိုပျက်လုနီးပါး ဖြစ်သွားသည်။

ဤစီးနင်းမှုသည် လူတိုင်းကို အံ့အားသင့်စေခဲ့ပြီး မပြင်ဆင်ရသေးသော ယန်ကျိုးမြို့က ဆုံးရှုံးမှုများစွာကို ခံစားခဲ့ရသည်။

သားရဲကမြို့တွင်း၌ရှိသောကြောင့် အထူးစွမ်းရည်တပ်များကသတိထား၍ ခွန်အားအပြည့်အ၀မသုံးနိုင်ပေ။

ထိုတပ်များ၏ ပြင်းထန်သော ပစ်ခတ်မှု အတွက်လည်း အလားတူပင်။

ဧရာမ မိကျောင်းကြီးက မြို့ထဲတွင် ရှိနေသည်။ ဤသားရဲကြီးကို ပြင်ထန်စွာတိုက်ခိုက်လျှင် ပတ်ဝန်းကျင်အဆောက်အဦးများ သို့မဟုတ် မြို့သူမြို့သားများ ထိခိုက်မည်ဖြစ်သည်။

အဆိုပါ အစွမ်းထက်သော ဒုံးကျည်များကို အသုံးမပြုနိုင်ဘဲ အချို့သော စက်သေနတ်များနှင့် အမြောက်များဖြင့်သာ ဧရာမမိကျောင်းကို ပစ်ခတ်နိုင်ခဲ့သည်။

ဧရာမမိကျောင်း၏အဆင့်က အလွန်အားကောင်းနေပြီဖြစ်ပြီး သူ့၏မာကျောသောအကြေးခွံများဖြင့်၊ သားရဲကြီးက အထူးစွမ်းရည်တပ်နှင့်စစ်တပ်၏ဝိုင်းရံတိုက်ခိုက်မှုကို လျစ်လျူရှုထားခဲ့သည်။

ယန်ကျိုးမြို့သည် ဤသားရဲ၏ ရူးသွပ်စွာ ဖျက်ဆီးခြင်းကိုခံခဲ့ရပြီး မရေမတွက်နိုင်သော အဆောက်အဦများ ပြိုကျခဲ့ကာ မြေပြင်တွင် လျှိုများဖြင့် ပြည့်နေသည်။

မရေမတွက်နိုင်သော အသေအပျောက်များ ရှိခဲ့ပြီး နောက်ဆုံးတွင် ဧရာမမိကျောင်းက မောပန်းကာ ရေထဲသို့ သူ့ဘာသာသူ ပြန်သွားခဲ့သည်။

သို့သော် ယခုအချိန်တွင် ယန်ကျိုးမြို့သည် ငိုကြွေးသံများဖြင့် ပြည့်နှက်နေပြီး၊ မရေမတွက်နိုင်သော အရပ်သားများ အိုးမဲ့အိမ်မဲ့ဖြစ်ရကာ လေထုထဲတွင် မီးခိုးငွေ့များနှင့် နာကျင်စွာအော်ဟစ်သံများဖြင့် ပြည့်နေခဲ့သည်။

ကျန်းနန် ဒေသ အထူးစွမ်းရည်မဟာမိတ်အဖွဲ့ခွဲခေါင်းဆောင် မိုရှန်းဟေး,က အရေးပေါ် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။

ကင်မရာရှေ့တွင် သူသည် မျက်ခုံးကြားတွင် ဝမ်းနည်းမှုနှင့်အတူ အလွန်ဝမ်းနည်းနေပုံရသည်။

သူသည် ယန်ကျိုးမြို့ကို ဧရာမမိကျောင်း လာရောက်တိုက်ခိုက်ခြင်းနှင့်ပတ်သက်၍ မိန့်ခွန်းအချို့ပြောခဲ့ပြီး နောက်ဆုံးတွင် သူ၏အာရုံကို အင်ပါယာမြို့တော်သို့ပြောင်းရွေ့ခဲ့သည်။

မိုရှန်းဟေး,သည် သူ့၏အာဏာကို စုစည်းကာ အနာဂတ်ကမ္ဘာအတွက် အခြားအင်အားစုများနှင့် ယှဉ်ပြိုင်နိုင်ရန်၊ သူစုဆောင်းထားသော အထူးစွမ်းရည်ရှိသူများကို ထိန်းသိမ်းထားနိုင်ရန် ဤဒရာမာတွင် ဒါရိုက်တာနှင့် သရုပ်ဆောင်ဖြစ်နေသည်မှာ ထင်ရှားသည်။

သို့သော် သူ၏စကားအရ၊ အင်ပါယာမြို့တော်သည် အလယ်ပိုင်းလွင်ပြင်ဒေသ၏ကာကွယ်ရေးကို တိုးမြှင့်ရန်အတွက် ကျန်းနန် ဒေသမှ အထူးစွမ်းရည်ရှိသူ အမြောက်အမြားကို ရုပ်သိမ်းလိုက်ကြောင်း ထွက်ပေါ်လာခဲ့သည်။

ယင်းကြောင့် ကျန်းနန် ဒေသ၏ ကာကွယ်ရေးမှာ ဆိုးရွားစွာ ကျဆင်းသွားခဲ့ပြီး ဧရာမသားရဲ၏ တိုက်ခိုက်မှုကို ခုခံရန် ခက်ခဲစေကာ မရေမတွက်နိုင်သော အသေအပျောက်များ ဖြစ်ပေါ်စေခဲ့သည်။

မီဒီယာများ၏ ထင်မြင်ယူဆနိုင်စွမ်းက အလွန်ကြောက်စရာကောင်းသည်။

မိုရှန်းဟေး ၏သတင်းစာရှင်းလင်းပွဲအပြီးတွင် အဆိုပါမှတ်ချက်များသည် ကျန်းနန် ဒေသရှိ မရေမတွက်နိုင်သောလူများထံ ချက်ချင်းပျံ့နှံ့မှုများဖြစ်ပေါ်စေခဲ့သည်။

“ချီးပေနေတဲ့ကောင်! မင်းက ငါတို့ ကျန်းနန် ဒေသကို ဘာလို့ အင်ပါယာမြို့တော်မှာရှိတဲ့ လူတွေအတွက် စွန့်လွှတ်အနစ်နာခံစေချင်ရတာလဲ”

“အင်ပါယာမြို့တော်က လူတွေက ငါတို့ထက် မြင့်မြတ်ပြီး ပိုအရေးပါတာလား၊ ငါတို့ကလဲ လူသားတွေ မဟုတ်ဘူးလား”

“အင်ပါယာမြို့တော်ရဲ့ မြို့ကာကွယ်ရေး‌တွေက ငါတို့ ကျန်းနန် ဒေသတစ်ခုလုံးထက် ပိုအားကောင်းတယ်လို့ ငါကြားတယ်၊ ဒီအခြေအနေမှာ၊ သူတို့က ငါတို့ရဲ့ ကျန်းနန် ဒေသမှာရှိတဲ့ အထူးစွမ်းရည်တပ်တွေကို စုဆောင်းလိုနေသေးတယ်၊ ဒါက ခွဲခြားဆက်ဆံခံရ‌တာ မဟုတ်လော!”

ရှေးခေတ်ကတည်းက လူသားများက ရှားပါးမှုကြောင့်မဟုတ်ဘဲ မညီမျှမှုများကြောင့် ဒုက္ခရောက်ခဲ့ရသည်။

ယန်ကျိုးမြို့ကို ဧရာမသားရဲ၏ ဝင်ရောက်တိုက်ခိုက်မှုကြောင့် မရေမတွက်နိုင်သော အသေအပျောက်များ ဖြစ်ပေါ်စေခဲ့ပြီး လူတိုင်းကို အလွန်ဝမ်းနည်းကြေကွဲစေခဲ့သည်။

မိုရှန်းဟေး၏ ချဲ့ကားပြောဆိုမှုနှင့်အတူ လူတိုင်းသည် သူတို့၏ နာကြည်းမှုကို ဖြေဖျောက်ရန် ထွက်ပေါက်တစ်ခုကို ရှာတွေ့ခဲ့ပုံရသည်။

အမျက်ဒေါသနှင့် နာကျည်းမှုများကို ဧရာမမိကျောင်းမှ အင်ပါယာမြို့တော်၏ ထိပ်တန်းခေါင်းဆောင်များထံ လွှဲပြောင်းပေးခဲ့သည်။

ဤအခိုက်အတန့်အတွင်း၊ ကျန်းနန် ဒေသတစ်ခုလုံး ဒေါသထွက်ခဲ့ပြီး တော်ဝင်မြို့တော်ကို ဝေဖန်တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့သည်။

“ဟားဟား၊ ဒီနည်းလမ်းက တကယ်ကို ထိရောက်တယ်!”

“အင်ပါယာမြို့တော်က ငါတို့ရဲ့ဒေသခံစွမ်းအားကို အထင်သေးနေတုန်းပဲလား၊ အိပ်မက်မက်လိုက်စမ်း!”

“ငါက ကျန်းနန် ဒေသမှာရှိတဲ့ ပြည်သူတွေရဲ့ နှလုံးသားကို အနိုင်ယူပြီး ရန်နိုင်ငံ အရပ်ရပ်က ပဋိပက္ခတွေကို လှုပ်ဆော်နေသမျှ ကာလပတ်လုံး ရန်နိုင်ငံက ငါ့ရဲ့ လွတ်လပ်မှုကို တိုက်ရိုက် ကြေငြာလိမ့်မယ်!”

“အချိန်တန်ရင်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ကျန်းနန် ဒေသကို ငါတိုက်ရိုက်ရယူမယ်၊ ဌာနခွဲမဟာမိတ်အဖွဲ့ရဲ့ ခေါင်းဆောင်ဖြစ်ရတာကို ငါစိတ်မ၀င်စားဘူး၊ ကျန်းနန်ရဲ့ဘုရင်ရာထူးကိုဘဲ ငါစိတ်ဝင်စားတယ်”

ယခု ကျန်းနန် ဒေသရှိ လူအများ၏ ဒေါသကို ကြည့်လိုက်လျှင်ပင် မိုရှန်းဟေးက လုံးဝ စိတ်မပူဘဲ အလွန်ပျော်ရွှင်နေသည်။

မိုရှန်းဟေးအတွက်၊ ယန်ကျိုးမြို့တွင် သေဆုံးသွားသော အပြစ်မဲ့သူများက သူ့အာဏာ ဖော်ညွှန်းမှုအတွက် ရှေ့တန်းမှ အမြောက်စာများပင် ဖြစ်သည်။

…………………

အနောက်ဘက်စွန်းရှိ ချီလင်တောင်တန်း။

လုချန်းသည် အပြင်းအထန်ထွက်ပြေးနေသော အနီရောင်မြွေ‌နောက်ကို တောက်လျှောက်လိုက်နေသည်။

လုချန်း,က သက်ပြင်းမချဘဲ မနေနိုင်ပေ၊ ချီလင် တောင်တန်းသည် ရန်နိုင်ငံ၏ မြောက်-တောင် ပိုင်းခြားသောမျဥ်းဖြစ်သည်မှာ အံ့သြစရာမရှိပေ။

ဤတောင်တန်းသည် အရှေ့မှ အနောက်သို့ မိုင်ပေါင်းများစွာ ရှည်လျားသည်။ ယခင်က သူတို့နေထိုင်ခဲ့သည့် ဧရိယာသည် စိုစွတ်သော ရာသီဥတု၊ စိမ်းလန်းစိုပြေသော အပင်များနှင့် တိရစ္ဆာန်များစွာရှိသည်။

သို့ပေမယ့် ဤနေရာကိုရောက်ပြီးနောက် ရာသီဥတုက သိသိသာသာ ပြောင်းလဲသွားသည်။

လေထုက အလွန်ပူလာပြီး အကွာအဝေးတွင် မီးတောင်တချို့ပင် ရှိနေသည်။

ထို့အပြင် ဤဒေသတွင် သစ်ပင်များနှင့် သားရဲ အရေအတွက်မှာ အလွန်နည်းပါးသည်။

လမ်းတစ်လျှောက်တွင် လုချန်း,သည် အနီးနားမှ သားရဲအရိုးများ ကျန်ရစ်နေသည်ကို တွေ့နိုင်သည်။

လမ်းတစ်လျှောက်တွင် ဤဧရိယာရှိ နေရာအများအပြားက မီးလောင်ကျွမ်းသွားပုံရပြီး မီးလောင်ကျွမ်းသွားသော အမဲကွက်ကြီးများကို လုချန်း တွေ့ရှိခဲ့သည်။

၎င်းက ဤတောင်တန်းအတွက် အမှန်တကယ် ထူးဆန်းလှသည်။

တစ်ချိန်လုံး ပြေးလွှားနေသည့် ရှေ့မှ အနီရောင်မြွေကြီးသည် အဆက်မပြတ် ပြေးလွှားနေသောကြောင့် သူ့၏ ခွန်အားအချို့ ဆုံးရှုံးသွားပုံရသည်။

အလွန်ပင်ပန်းသဖြင့် မီးတောင်ရှေ့တွင် အနားယူရန် ရပ်လိုက်သည်။

‘ဒီဧရာမဝံပုလွေ ဒီလောက် အစွမ်းထက်မယ်လို့ ငါတကယ်ကို မမျှော်လင့်ထားဘူး၊ သခင်ရွှမ်ဝူ,ကတောင် သူ့ကို မနှိမ်နှင်းနိုင်ဘူး’

‘ဒါပေမယ့် သခင်သွေးလင်းနို့,က လှုပ်ရှားလိုက်ရင် ဒါက အမိုက်စားဖြစ်မှာ သေချာတယ်၊ အစွမ်းထက်တဲ့ ဝံပုလွေဘုရင်ကို သခင်သွေးလင်းနို့,က နှိမ်နင်းနိုင်မှာပါ၊ ပြီးတော့ ဧရာမဝံပုလွေက ရှင်သန်ဖို့ အခွင့်အလမ်းမရှိတော့မှာ သေချာတယ်’

အနီရောင်မြွေက သူ့နှလုံးသားထဲတွင် တိတ်တိတ်လေး တွေးနေသည်။

သို့ပေမယ့် သူ့၏နောက်ထပ်လှုပ်ရှားမှုအတွက် ပြင်ဆင်နေချိန်တွင် လုချန်း,က ရုတ်တရက် ပေါ်လာသည်။

ကြီးမားသော ဝံပုလွေခြေသည်းဖြင့် အနီရောင်မြွေကို မြေပြင်တွင် ချိတ်ဆွဲထားသဖြင့် မလှုပ်ရှားနိုင်တော့ပေ။

အနီရောင်မြွေသည် ခုခံရန် အပြင်းအထန်ကြိုးစားခဲ့သော်လည်း စွမ်းအားမရှိသဖြင့် လုချန်း,ကို ထိတ်လန့်စွာကြည့်ရုံသာရှိတော့သည်။

လုချန်း,သည် ရွှမ်ဝူ နှင့် တိုက်ပွဲကို အချိန်တိုလေးအတွင်း အဆုံးသတ်နိုင်မည်ဟု သူ မမျှော်လင့်ထားပေ။

“ဒီလိုခရီးရှည်ကြီးပြီးရင် အစပ်ခေါက်ဆွဲကို အရင်စားဖို့ အချိန်ကောင်းပဲ”

လုချန်း,၏ စကားကိုကြားပြီး အနီရောင် မြွေက ရုတ်တရက်ဉာဏ်အလင်းပွင့်ကာ ချက်ချင်းပင် ထိတ်လန့်သွားသည်။

“ငါမင်းကိုသတိပေးမယ်၊ သခင်‌သွေးလင်းနို့က ဒီမှာရှိတယ်၊ မင်းငါ့ကိုထိရင် သခင်သွေးလင်းနို့က မင်းကိုဘယ်တော့မှခွင့်မလွှတ်ဘူး!”

အနီရောင်မြွေသည် လုချန်း,ကိုခြိမ်းခြောက်ရန် သွေးလင်းနို့ကိုအသုံးပြုချင်သေးသော်လည်း လုချန်း,က ဤမျှသဘောကောင်းမနေပေ။

သူသည် ရယ်မောလိုက်ပြီး အဆင့်(၈) အနီရောင်မြွေကို နှစ်ခြမ်းခွဲရန် ခြေသည်းများကို အသုံးပြုလိုက်သည်။

ထို့နောက် လုချန်း စတင်စားသောက်တော့သည်။

“ဒီအစပ်ခေါက်ဆွဲက တကယ်ကောင်းတယ်၊ ကြွပ်ရွတဲ့အသားနဲ့ အမဲသားထက် ပရိုတင်းခြောက်ဆရှိတယ်!”

“ဝှမ်းး!”

သို့သော် လုချန်း စားသောက်နေစဉ် မဝေးလှသော မီးတောင်ဝမှ ထူးဆန်းသည့် အသံတစ်သံ ရုတ်တရက်ထွက်ပေါ်လာသည်။

များမကြာမီတွင် မရေမတွက်နိုင်သော လင်းနို့ကြီးများက မီးတောင်ဝမှ ပျံသန်းထွက်လာကြသည်။ ဤလင်းနို့များ၏ အရွယ်အစားမှာ အလွန်ကြီးမားပြီး သူတို့၏တောင်ပံက ဆယ်မီတာထက် ပိုရှည်သည်။

ထိုအချိန်တွင် သူတို့သည် မိုးကောင်းကင်တစ်ခွင်လုံးတွင် ထူထပ်စွာပေါ်ထွက်လာကာ နေနှင့်ကောင်းကင်ကို ဖုံးလွှမ်းသွားပြီး အနည်းငယ်စိုးရိမ်ဖွယ်ရာ အသွင် သဏ္ဌာန်ကို ဖြစ်ပေါ်စေခဲ့သည်။

မသေခင်တွင် အနီရောင် မြွေက သူတို့ကို အသိပေးလိုက်သလား သို့မှမဟုတ် သွေးနံ့ပြင်းသလားဆိုသည်ကို သူမသိနိုင်ပေ။

လင်းနို့ကြီး တစ်ထောင်နီးပါးက ကောင်းကင်ကို သိမ်းပိုက်ပြီး လုချန်း ဆီသို့ ပျံသန်းလာနေကြသည်။

ဤလင်းနို့အုပ်စုပေါ်လာပြီးနောက်၊ နောက်ထပ် လင်းနို့ကြီးတစ်ကောင် ထွက်လာသည်။

ဤလင်းနို့၏တောင်ပံက မီတာဒါဇင်နှင့်ချီရှိသည်။ သူက လင်းနို့များကြားတွင် ဧရာမလင်းနို့ကြီးတစ်ကောင်ဖြစ်သည်။

“ဒါက မြွေနီလား?!”

ဝိညာဉ်စွမ်းအင် ပြန်လည်ရှင်သန်လာပြီးနောက် ဤလင်းနို့များက သူတို့၏ အမြင်အာရုံကို ပြန်လည်ရရှိလာကြသည်။

လင်းနို့ကြီးသည် လုချန်း စားသုံးနေသော အသားက မြွေနီ၏အသားဖြစ်သည်ကို အတိအကျသိသွားပြီး သွေးနီရောင် မျက်လုံးများတွင် ဒေါသများဖြင့် ပြည့်နှက်သွားသည်။

“မင်းက ငါ့ငယ်သားကို သတ်ရလောက်အောင် သတ္တိရှိနေတာပဲ!”

လင်းနို့ဘုရင်က ဟိန်းဟောက်ပြီး သူ့အတောင်များကို ခတ်လိုက်သည်။

“အစပ်ခေါက်ဆွဲပဲ၊ မစားဘဲ ဒီအတိုင်းထားလိုက်တာက နှမျောစရာကြီးလေ”

လင်းနို့တစ်ထောင်နီးပါးသည် ကောင်းကင်ယံကို ဖုံးလွှမ်းကာ အပေါ်မှနေရောင်ခြည်ကို ပိတ်ဆို့လုနီးပါးဖြစ်နေသည်။

သို့သော် ဤမြင်ကွင်းသည် ကမ္ဘာ၏အဆုံးနှင့်တူသော်လည်း လုချန်းက ဂရုမစိုက်ပေ။

အာရုံခံပြီးနောက်၊ လုချန်း,သည် သူ့ရှေ့ရှိ ကြီးမားသောလင်းနို့ကြီးက နိုးထခြင်းအဆင့်(၉)အထွတ်အထိပ်တွင်သာ ရှိနေကြောင်း တွေ့ရှိခဲ့သည်။

သူ့၏လက်ရှိအင်အားဖြင့်၊ ဤလင်းနို့များကို ကိုင်တွယ်ရန် အလွန်လွယ်ကူပါလိမ့်မည်။

“ကောင်းတယ်၊ အရမ်းကောင်းတယ်၊ မင်းငါ့ကို ဒေါသထွက်အောင် လုပ်လိုက်တာပဲ!”

လင်းနို့ဘုရင်က ဒေါသတကြီး အော်ဟစ်လိုက်သည်။ ကြောက်မက်ဖွယ်ကောင်းသော အသံလှိုင်းများအောက်တွင် မရေမတွက်နိုင်သော လင်းနို့ကြီးများက လုချန်း ဆီသို့ ပြေးဝင်လာကြသည်။

ဤလင်းနို့များသည် အလွန်လျင်မြန်ပြီး အရေအတွက် အလွန်များပြားသောကြောင့် သူတို့ကို ရှောင်ရန်မှာ အခြေခံအားဖြင့် မဖြစ်နိုင်ပေ။

အခြားတစ်ဖက်မှာတော့၊ လုချန်း,သည် ဤလင်းနို့များက အလွန်ပြင်းထန်သော အဆိပ်များ သယ်ဆောင်လာသည်ကို သိထားပြီးဖြစ်သည့်အပြင် ပုရွက်ဆိတ်အများအပြားက ဆင်တစ်ကောင်ကို သတ်နိုင်သည်ဟူသော နိယာမကိုလည်း နားလည်ထားသည်။

ထို့ကြောင့် သူသည် ပေါ့ပေါ့တန်တန် သဘောမထားဘဲ၊ မတိုးပေါက်နိုင်ခြင်းစွမ်းရည်ကို တိုက်ရိုက် အသက်သွင်းလိုက်သည်။

ရုတ်တရက်၊ လုချန်း,၏ ခန္ဓာကိုယ်က ကျောက်ဆောင်အဖြစ်သို့ ပြောင်းလဲသွားပုံရပြီး၊ ချည်နှောင်ခြင်းအဆင့်မှ ထုတ်လွှတ်သော ထူးခြားဝိညာဉ်စွမ်းအားဖြစ်သည့် သူ့အနားတွင် စွမ်းအင်အလွှာတစ်ခုပင် ရှိနေသည်။

ရုတ်တရက် မီးတောင်၏အောက်ခြေ၌ သတ္တုချင်းထိခတ်သံကဲ့သို့ အသံများထွက်ပေါ်လာသည်။

ဤလင်းနို့များသည် လုချန်း,ကို ဆက်လက်တိုက်ခိုက်ပြီး ကိုက်နေသော်လည်း သူတို့က လုချန်း၏ ခံစစ်ကို လုံးဝ မဖြတ်ကျော်နိုင်ပေ။

All Chapters