← Chapters

“ဒီမီးတောင်ဝက အသားကင်ဖို့အတွက် ပြီးပြည့်စုံတယ်လို့ ဆိုရမလား”

Vol. 9 Ch. 129

“ဒီမီးတောင်ဝက အသားကင်ဖို့အတွက် ပြီးပြည့်စုံတယ်လို့ ဆိုရမလား”

Vol. 9 Ch. 129

“ဒါ... ဝိညာဉ်စွမ်းအားတွေလား”

“ဒီဝံပုလွေကြီးလဲ အဲဒီအဆင့်ကို ရောက်နေတာ ဖြစ်နိုင်လား”

လုချန်း ပတ်ပတ်လည် ဝိညာဉ်စွမ်းအားအလွှာကို မြင်လိုက်ရပြီး ‌သွေးလင်းနို့ဘုရင် အလွန်တုန်လှုပ်သွားခဲ့သည်။

တစ်ချိန်ချိန်တွင် ထိုကဲ့သို့ တန်ခိုးကြီးသော သားရဲတစ်ကောင်က ချီလင် တောင်တန်းတွင် ပေါ်လာလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။ အနီရောင်မြွေကို သတ်ဝံ့သည်မှာ အံ့သြစရာမရှိပေ။

သူတို့ မျိုးနွယ်စုကြီးက အပြင်းအထန် တိုက်ခိုက်သော်လည်း လုချန်း,၏ ခုခံမှုကိုပင် မချိုးဖျက်နိုင်ခဲ့ပေ။

သို့ပေမယ့် သွေးလင်းနို့ဘုရင် အနည်းငယ် စိတ်ရှုပ်သွားသည်။

မြွေနီသည် သူ့ညီဖြစ်ရုံသာမက ရွှမ်ဝူ,၏ ညီလည်းဖြစ်သည်။

ဧရာမဝံပုလွေသည် အမှန်တကယ်ပင် မြွေနီကို စားသောက်ရန် သတ္တိရှိခဲ့သည်။ အစ်ကိုကြီး ရွှမ်ဝူ ဒေါသထွက်မည်ကို မကြောက်ခြင်းလော။

သွေးလင်းနို့ဘုရင်သည် လွန်ခဲ့သည့် ရက်အနည်းငယ်က ဧရာမလိပ်ကြီးရွှမ်ဝူကို မြင်ခဲ့ရသည်။

ချည်နှောင်ခြင်းအဆင့်ရှိ လိပ်ကြီး၏ စွမ်းအားက အလွန်ပြင်းထန်သည်။ တစ်ဖက်မှ ထွက်ပေါ်လာသည့် ရောင်ဝါက သွေးလင်းနို့ဘုရင်ကို အလွန်ထိတ်လန့်စေခဲ့သည်။

သူသည် ရွှမ်ဝူ ထံမှ ခန္ဓာကိုယ်အပြင်ဘက်တွင် ဝိညာဉ်စွမ်းအားအလွှာတစ်ခုကို ဖွဲ့စည်းထားသည့်နည်းလမ်းက ချည်နှောင်ခြင်းအဆင့်သို့ ဝင်ရောက်ခြင်း၏ လက္ခဏာဖြစ်ကြောင်းကိုလည်း သင်ယူခဲ့သည်။

“ဟစ်~!”

လုချန်း,က အလွန်အစွမ်းထက်ပြီး သူ့ကို တိုက်ခိုက်ရန် မတတ်နိုင်တော့ကြောင်း သိလိုက်ရသဖြင့် လင်းနို့ဘုရင်က စူးစူးဝါးဝါး အော်ဟစ်လိုက်ကာ သူ့ညီငယ်များစွာကို ပြန်ဆုတ်စေသည်။

“နှင်းဝံပု‌လွေဘုရင်၊ ငါတို့ကြားမှာ နားလည်မှုလွဲသွားမှာ ငါကြောက်တယ်”

“ငါတို့တွေ အချင်းချင်း သိနေကြပြီ၊ မင်းကို ဘယ်လိုတောင်းပန်ရမလဲ”

ချည်နှောင်ခြင်းအဆင့်က မည်မျှကြောက်စရာကောင်းသည်ကို သိလျက်နှင့် သွေးလင်းနို့ဘုရင်က ရိုးရိုးရှင်းရှင်း စွန့်စားရန် ရွေးချယ်ခဲ့သည်။

“ဟားဟား၊ တောင်းပန်မယ်?”

“မင်းရဲ့ လင်းနို့တွေက ငါ့ကို အရူးလို ကိုက်နေတာ၊ မင်း ငါ့ကို ဘယ်လို လျော်ကြေးပေးမလဲ”

လုချန်း,သည် သွေးလင်းနို့ဘုရင်၏ စကားကိုကြားသောအခါ လှောင်ရယ်လိုက်သည်။ တစ်ဖက်က သူ့ခွန်အားကို ကြောက်နေခြင်းဖြစ်သည်။

စကားလုံးအနည်းငယ်က သူ့ကို စိတ်အေးချမ်းစေမည်ဟု တွေးထင်နေခြင်းက အလွန်ရယ်စရာကောင်းလှသည်။

“ငါပြောပြီးပြီ၊ ဒါက နားလည်မှုလွဲနေတာပဲ၊ ငါမင်းကို တိုက်ခိုက်ဖို့ ရည်ရွယ်ချက်မရှိဘူး”

“ဒါဆိုရော ဘယ်လိုလဲ၊ ငါ့အစ်ကိုကြီး ရွှမ်ဝူ,နဲ့တွေ့ဖို့ ခေါ်သွားမယ်၊ ငါတို့က ညီအကိုတွေပဲ၊ အကိုကြီး ရွှမ်ဝူ,က မင်းကို သေချာဂရုစိုက်မယ်လို့ ငါယုံကြည်တယ်”

သွေးလင်းနို့ဘုရင်က လုချန်း ၏စကားကို လုံးဝအလေးအနက်မထားပေ၊ သူသည် မောက်မာစွာ ဆက်ပြောနေပြီး ရွှမ်ဝူ,၏ ဂရုစိုက်ပေးခြင်းကိုခံရမည်ဟုပင် ဆိုနေသည်။

ဤကဲ့သို့ မာနကြီးသော သဘောထားဖြင့် သူက လုချန်း,ကို အချိတ်အဆက်မိအောင် လွှတ်လိုက်သည်ဟုပင် မသိသူများက ထင်ကြလိမ့်မည်ဖြစ်သည်။

လုချန်း,သည် သွေးလင်းနို့ဘုရင်၏ စကားလုံးများက အလွန်ရယ်စရာကောင်းကြောင်း တွေ့ရှိခဲ့သည်။

“သူက ချီလင်တောင်ရဲ့ အရှင်သခင်မဟုတ်ဘူး၊ မင်းပြောခဲ့တဲ့ လိပ်မည်းက ငါ့အမြင်အရ သူရဲဘောကြောင်တဲ့ကောင်ပဲ၊ ငါ သူ့ကို ဘယ်လိုလုပ်တွေ့ရမှာလဲ”

လုချန်း,က မထီမဲ့မြင်ပြုကာ ပြောသည်။

“အစ်ကို ရွှမ်ဝူ,ကို မင်း ဘယ်လို စော်ကားရဲတာလဲ”

“မမှန်ဘူးလား! ဒီလိပ်က ရေထဲမှာ ပုန်းနေရုံတင်မကဘဲ သူ့အခွံထဲမှာ ဝင်နေနေတယ်၊ မဟုတ်ရင် သူ့အခွံကို ချွတ်ပြီး ဟင်းအိုးလုပ်မိလိမ့်မယ်!”

လုချန်း ၏စကားကိုကြားပြီး သွေးလင်းနို့ဘုရင် ချက်ချင်း ထိတ်လန့်သွားသည်။

မူလက သူသည် ကျားသားရေကို နဖူးစည်းတစ်ခုအဖြစ် အသုံးပြုပြီး သူ့ရှေ့ရှိ ဧရာမဝံပုလွေကို ခြိမ်းခြောက်ရန် ဧရာမလိပ်ကြီးကို အသုံးချချင်ခဲ့သည်။

သို့သော် လုချန်း,က ရွှမ်ဝူ နှင့် တိုက်ခိုက်ခဲ့ပြီးဟု သူ မမျှော်လင့်ခဲ့ပေ။ ယင်းက ပြိုင်ဘက်၏ ကြံ့ခိုင်မှုက သူထင်ထားသည်ထက် ပိုအားကောင်းကြောင်း သက်သေပြနေသည်။ လင်းနို့ဘုရင်က လုချန်း,ကို ပို၍ပင် သတိထားလာခဲ့သည်။

“မင်းမှာ ဒီလို အရည်အချင်းမျိုး ရှိမယ်လို ငါ တကယ်ကို မမျှော်လင့်ထားဘူး၊ အရင် အဖြစ်အပျက်က ငါ တကယ်ကို မဆင်မခြင် လုပ်ခဲ့တာ”

“ကောင်းပြီ၊ အဓိပ္ပါယ်မရှိတဲ့စကားတွေကို ရပ်လိုက်ပါ၊ မဆင်မခြင်ဖြစ်ခြင်းအတွက် ပေးဆောင်ရမယ့် စျေးနှုန်းတစ်ခုတော့ ရှိတယ်”

လုချန်း,၏ စိတ်ရှည်သည်းခံမှုများ ကုန်ဆုံးသွားပြီး သွေးလင်းနို့ဘုရင် နှင့် အချိန်ဖြုန်းမနေချင်တော့ပေ။

သွေးလင်းနို့ဘုရင်သည် အစပိုင်းတွင် သတ်ဖြတ်ရန် ရည်ရွယ်ချက် အပြည့်ရှိသော်လည်း ပြိုင်ဘက်ကို ယှဉ်နိုင်ခြင်းမရှိကြောင်း မြင်သောအခါ ရပ်တန့်သွားသည်။

ယခု သူသည် သေခြင်းတရားကို ကြောက်ရွံ့ပြီး စွန့်စားနေမှန်း သိသာထင်ရှားသော်လည်း ခေါင်းမာသော သဘောထားရှိနေဆဲဖြစ်သည်။

သူသည် ညာတာပေးရန် တောင်းဆိုသည့် အရိပ်အယောင် တစ်စုံတစ်ရာမှ မပြခဲ့ပေ။ ယင်းအစား သူ့လေသံက မောက်မာလွန်းနေသည်။ သူကတော့ ရိုးရိုးရှင်းရှင်း သေခြင်းတရားကိုရှာဖွေနေခြင်းပင်။

လုချန်း,က ကြင်နာတတ်သောသူမဟုတ်ပေ။ သူ့ကို သတ်ချင်နေသူများကို လွယ်လွယ်ကူကူ ခွင့်လွှတ်နိုင်လောက်အောင် ကြီးကျယ်မြင့်မြတ်သူ ဟုတ်မနေပေ။

“အဲဒါဆို မင်းက ငါ့ကိုဘယ်လို တောင်းပန်စေချင်တာလဲ”

ဤစကားကိုကြားသောအခါ လုချန်း,က အနည်းငယ် ပြုံးလိုက်ပြီး “မင်းအသက်ရှင်ချင်ရင်တော့ လွယ်ပါတယ်၊ ငါ့ကို တိုက်ခိုက်ခဲ့တဲ့ လင်းနို့တွေကို အခုပဲ လွှဲပေးလိုက်ပါ၊ သူတို့ကို ပြန်ယူသွားပြီး တံစွန်ထိုးကင်လိုက်မယ်” (တုတ်နဲ့ထိုးပြီးကင်မယ်)

“ဘာ! မောက်မာလွန်းတယ်!”

လုချန်း ပြောသည်ကိုကြားပြီး လင်းနို့ဘုရင်က အလွန်ဒေါသထွက်သွားသည်။ လုချန်း,က သူ့ကို တမင်တကာ အရှက်တကွဲဖြစ်အောင် လုပ်နေသည်ကို သူပြောနိုင်သည်။

“ဒါက ချီလင် တောင်တန်း၊ ငါ့ကို ဒီလိုစကားမျိုး ဘယ်သူကမှ မပြောရဲဘူး!”

“မင်းက လင်းနို့လေးပဲ၊ ငါ မင်းကို အနိုင်ကျင့်တယ်၊ မင်း ဘာလုပ်နိုင်မှာလဲ”

လုချန်း၊၏မျက်လုံးများက ပို၍ စိတ်မရှည်နိုင်ဖြစ်လာသည်။ ဤလင်းနို့ကို သူ အခွင့်အရေးပေးထားပြီးသား ဖြစ်သည်။

သို့ပေမယ့် သွေးလင်းနို့ဘုရင်က အမြဲတမ်း ဤကဲ့သို့ မာနကြီးသော သဘောထားရှိပြီး သူ့ကို အလေးအနက်မထားပေ။

သွေးလင်းနို့ဘုရင်ကပင် သူ့ကို မျက်နှာသာပေးသကဲ့သို့ ရွှမ်ဝူ နှင့် မိတ်ဆက်ပေးမည်ဟု အဆိုပြုခဲ့သည်။

“မင်း ဒီလောက်ကျေးဇူးကန်းနေမှတော့ မင်းဘယ်လောက်ထိ စွမ်းဆောင်နိုင်လဲဆိုတာ ငါကြည့်မယ်!”

ဒေါသထွက်သွားသော သွေးလင်းနို့ဘုရင်သည် အတောင်ပံများကိုခတ်ကာ လေထဲသို့ ချက်ချင်းပျံတက်သွားသည်။

ထို့နောက် ပါးစပ်ကို ကျယ်ကျယ်ဖွင့်ကာ တောက်လောင်နေသော မီးတောက်ကို ထုတ်လွှတ်လိုက်သည်။

ကောင်းကင်မှ မီးမိုးသွန်းလောင်းကာ အစိမ်းရောင်ဖြစ်နေသော ဤမီးက အလွန်ကြောက်စရာကောင်းလှသည်။

ထင်ရှားသည်မှာ ဤမီးက သာမန်မီးမဟုတ်ပေ၊ အလွန်ကြောက်စရာကောင်းသော မီးအဆိပ်ဖြစ်သည်။

သာမန် ရက်စက်ကြမ်းကြုတ်သော သားရဲတစ်ကောင်သည် ဤမီးစိမ်းပြာအဆိပ်ကို ထိပ်တိုက်စားမိပါက၊ သနားစရာကောင်းလောက်အောင် သေဆုံးသွားပေလိမ့်မည်။

“ဟမ်၊ မင်းက သေလမ်း ရှာနေတာပဲ”

လုချန်း,သည် အေးစက်စွာ ပြောလိုက်ပြီး သူ၏ရေခဲစွမ်းရည်ကို ထုတ်လွှတ်လိုက်သည်။ လုချန်း,၏ပါးစပ်မှ အပြာရောင်အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး ‌သွေးလင်းနို့ဆီသို့ ချက်ချင်း တိုးဝင်သွားသည်။

ချည်နှောင်ခြင်းအဆင့်၏ စွမ်းအားကို အသုံးပြု၍ နိုးထခြင်းအဆင့်ရှိသူကို တိုက်ခိုက်သောအခါ၊ နှစ်ဖက်စလုံး၏ စွမ်းရည်များက အပြန်အလှန် တုံ့ပြန်ပြီးနောက် လုချန်း,က ပြိုင်ဘက်ကို ချက်ချင်းနီးပါး နှိမ်နင်းခဲ့သည်။

အစိမ်းရောင်မီးတန်းကို အဆက်မပြတ်ဖိနှိမ့်နေပြီး ပြင်းထန်သောအအေးဓာတ်က သွေးလင်းနို့ဘုရင်ကို ထိန်းမရသိမ်းမရ တုန်လှုပ်သွားစေသည်။

သူသည် မီးအဆိပ်ကို အမြန်ဖယ်ရှားပြီး အတောင်ပံများကို ဖြန့်ကာ ပျံသန်းသွားသည်။

“မင်း သတ္တိရှိရင် မီးတောင်ပေါ်မှာ လာတိုက်ခိုက်!”

လင်းနို့ဘုရင်၏မျက်လုံးထဲတွင် ရက်စက်ကြမ်းကြုတ်သောအရိပ်အယောင်များထွက်ပေါ်လာပြီးနောက် သူသည် တောင်ပံများခတ်ကာ မီးတောင်ရှိရာသို့ အမြန်ပြန်ပျံသန်းသွားပြီး မီးတောင်ဝထဲသို့ ဝင်ရောက်ပျောက်ကွယ်သွားခဲ့သည်။

“ဒီမီးတောင်ဝက အသားကင်ဖို့အတွက် ပြီးပြည့်စုံတယ်လို့ ဆိုရမလား”

လုချန်း,က ဤလင်းနို့ဘုရင်ကို မည်ကဲ့သို့ ကြောက်ရမည်နည်း။

မီးတောင်၏အတွင်းပိုင်းက အလွန်ပူနေသော်လည်း ၎င်းကို သူ့၏ရေခဲစွမ်းရည်ဖြင့် ထိန်းထားနိုင်မည်ဖြစ်သည်။

ဤသွေးလင်းနို့ဘုရင်က သူ့တွင် စွမ်းရည်တစ်မျိုးတည်းသာရှိသည်ဟု သိထားသည်။

မိုးကြိုးစွမ်းရည်သည် ရေခဲစွမ်းရည်ထက် ပို၍ ကြောက်စရာကောင်းပြီး သန်မာသော သားရဲတိုင်းက ရွှမ်ဝူ ကဲ့သို့ မယုံနိုင်လောက်အောင် ခုခံကာကွယ်နိုင်စွမ်း မရှိပေ။

ယင်းကိုတွေးရင်း လုချန်း,သည် သူ့စွမ်းရည်များကို မြှင့်တင်ပေးနိုင်ပုံရသည်ဟု ရုတ်တရက် ခံစားလိုက်ရသည်။

ယခုအခါတွင် သူ၏ စွမ်းရည်များကို အထွတ်အထိပ်အဆင့်သို့ မြှင့်တင်ထားပြီးဖြစ်သည်။

လုချန်း,သည် အထွတ်အထိပ်အဆင့်သို့ အဆင့်မြှင့်ထားပြီးဖြစ်သော သူ၏ ရူးသွပ်ခြင်းစွမ်းရည်နှင့် ရေခဲစွမ်းရည်ကို နောက်တစ်ဆင့်သို့ မြှင့်တင်ပါက ဘာဖြစ်မည်ကို အနည်းငယ် သိချင်နေသည်။

လုချန်း,သည် စွမ်းရည်များကို အဆင့်မြှင့်တင်ရန် လိုအပ်သော ဆင့်ကဲပြောင်းလဲခြင်းအမှတ် ၃၀၀,၀၀၀ ကများလွန်းသည်ဟုယခင်က ထင်ထားခဲ့သောကြောင့် သူ့အဆင့်ကို တိုးမြှင့်ရန် ၎င်းတို့အားလုံးကို အသုံးပြုခဲ့သည်။

ယခုမူ ချည်နှောင်ခြင်းအဆင့် ၏ဒုတိယအဆင့်သို့ဖြတ်ကျော်ရန်၊ ဆင့်ကဲပြောင်းလဲခြင်းအမှတ်တစ်သန်းလိုအပ်သည်။

နှိုင်းယှဉ်ကြည့်လျှင် စွမ်းရည်များကို အဆင့်မြှင့်တင်ရန် လိုအပ်သော ဆင့်ကဲပြောင်းလဲခြင်းအမှတ် ၃၀၀,၀၀၀ သည် အမှန်တကယ် ဘာမှမဟုတ်ပေ။

လုချန်း,သည် လင်းနို့ဘုရင်နောက်သို့ လိုက်ကာ များကိုမကြာမီ မီးတောင်ထိပ်သို့ ရောက်ရှိသွားသည်။

ဤနေရာ၌ အပူချိန် အလွန်မြင့်မားပြီး လေပူများ တက်နေကာ လေဟာနယ်များပင် ကွဲလွဲနေပုံရသည်။

လုချန်း,သည် လေထဲမှ အောက်ကိုငုံ့ကြည့်ကာ အရာအားလုံးက နီရဲနေသည်။

အောက်ခြေတွင် ပူပြင်းသော ချော်ရည်ကျောက်တုံးများရှိပြီး အနက်ရောင်ကျောက်ဆောင်များဘေးတွင် ရွှေနီရောင် မဂ္ဂနီများ စီးဆင်းနေသည်ကို မြင်တွေ့နိုင်သည်။

ဤနေရာတွင် ကြောက်မက်ဖွယ်ကောင်းသော အပူချိန်သည် သံမဏိကို အရည်ပျော်ရန် လုံလောက်သည်။

ရေခဲစွမ်းရည်ကို နိုးထခဲ့သော သာမန် သားရဲတစ်ကောင်သည် ဤမီးတောင်သို့ ရောက်ရှိလာပါက သူ့၏ စွမ်းအားက သိသိသာသာ လျော့ကျသွားမည်ဖြစ်သည်။

ထိုအချိန်တွင် မီးတောင်၏ အတွင်းနံရံတွင် မရေမတွက်နိုင်သော လင်းနို့များ ဇောက်ထိုး တွဲလောင်းကျလျှက်ရှိနေသည်။

မော့ကြည့်လိုက်လျှင် အမှောင်ထုကလွဲ၍ ဘာကိုမျှ မတွေ့ရတော့ဘဲ အတော်လေးကြောက်စရာကောင်းပုံပေါ်သည်။

ချောက်ကမ်းပါးပေါ်တွင် တွဲခိုနေသော လင်းနို့အုပ်စုတစ်စုရှိပြီး ဆူပွက်နေသော ချော်ရည်များက အောက်ဘက်တွင် စီးဆင်းနေသည်။

ယခုအချိန်တွင်၊ သွေးလင်းနို့ဘုရင်က မီးတောင်ထဲတွင် လင်းနို့ကြီးဆယ်ကောင်နှင့်အတူ ရှိနေသည်။

သွေးလင်းနို့ဘုရင် ၏ခန္ဓာကိုယ်ဘေးရှိ လင်းနို့ကြီးဆယ်ကောင်က သာမန်လင်းနို့များထက် များစွာကြီးမားသည်။

“မင်းက သိပ်သတ္တိရှိနေတာပဲ၊ နှင်းဝံပုလွေ၊ မင်း ငါတို့ရဲ့ နယ်မြေထဲကို ကျူးကျော်ဝံ့တယ်?”

ပိုကြီးသောလင်းနို့ဆယ်ကောင်ထဲမှ တစ်ကောင်က လုချန်း ကိုတွေ့သောအခါ ဒေါသတကြီးအော်ငေါက်လိုက်သည်။

“အဖေ၊ ဒီလူမိုက်ကို သတ်ခွင့်ပြုပါ”

လုချန်း,သည် ဤအနည်းငယ်ပိုကြီးသောလင်းနို့ဆယ်ကောင်ထဲတွင် အများစုက နိုးထခြင်းအဆင့်(၇)တွင်ရှိနေကြောင်း၊ သူတို့ထဲမှနှစ်ကောင်မှာ အဆင့်(၈)တွင်ဖြစ်ကြောင်း လုချန်း တွေ့ရှိခဲ့သည်။

ဤလင်းနို့အုပ်စု၏ စွမ်းအားကို လျှော့တွက်၍မရပေ။

နိုးထခြင်းအဆင့်(၉)သို့ရောက်ရှိနေသော သွေးလင်းနို့ဘုရင်ကို မရေတွက်ထားသော်လည်း၊ ကျန်လင်းနို့များက အလွန်အစွမ်းထက်သည်။

ချီလင် တောင်တန်း၏အနောက်ဘက်စွန်းတွင် ဤနေရာကို စိုးမိုးနိုင်သည်မှာ အံ့သြစရာမရှိပေ။

မီးတောင်တွင်နေထိုင်သော လင်းနို့အုပ်စုသည် အနာဂတ်တွင် လူသားတို့ကို တိုက်ခိုက်မည်ဆိုပါက သူတို့က ကြီးမားသော ဘေးဥပဒ်ကိုဖြစ်စေနိုင်သည်။

ပျံသန်းနိုင်စွမ်းရှိသော တန်ခိုးကြီးသားရဲများက များသောအားဖြင့် ကိုင်တွယ်ရန် ပို၍ခက်ခဲသည်၊ ဤလင်းနို့များက အလွန်အစွမ်းထက်သည်ဟု မဆိုလိုပေ။

အရေးကြီးဆုံးအချက်မှာ ဤလင်းနို့များက မျိုးပွားနှုန်းမြင့်သတ္တဝါများဖြစ်ပြီး သူတို့၏ အရေအတွက်က အလွန်များပြားသည့်အတွက် နေကိုပင် ပိတ်ဆို့နိုင်လုနီးပါးပင်။

“မသွားနဲ့! မင်းက သူ့ပြိုင်ဘက်မဟုတ်ဘူး”

သွေးလင်းနို့ဘုရင်က သူ့အမျိုးအနွယ်ကို အမြန်အော်လိုက်သည်။

သူသည် လုချန်း ၏ စွမ်းအားကို သိထားပြီးဖြစ်ပြီး သူ့သားမြေးများက လုချန်း ၏ပြိုင်ဘက်မဟုတ်ပေ။

“နှင်းဝံပုလွေဘုရင်! မင်းက ငါတို့အားလုံးကို သတ်ချင်နေတာလား”

သွေးလင်းနို့ဘုရင်က မီးတောင်ဝရှိ လုချန်း,ကို ကြည့်ပြီး ဒေါသတကြီးဟိန်းဟောက်လိုက်သည်။

“မင်း ငါ့ကိုသတ်ဖို့ ဒီလင်းနို့တွေကို ခေါ်လာကတည်းက မင်းကို ငါလွှတ်ပေးဖို့ ရည်ရွယ်ချက်မရှိဘူး“

“အခုပြောနေတာက ရယ်စရာကောင်းတယ်လို့ မထင်ဘူးလား”

လုချန်း,က အေးစက်စွာ ဟစ်အော်လိုက်ပြီး မထီမဲ့မြင်ပြုကာ ရယ်မောလိုက်သည်။

လုချန်း,၏စကားကိုကြားပြီး လင်းနို့ဘုရင်သည် ဒေါသတကြီးဖြင့် အတောင်ပံများကို ခတ်လိုက်သည်။

ခေါင်းကို လှည့်ပြီး သူ့ဘေးနားက မျိုးနွယ်ဝင်များကို ကြည့်ကာ သူ့မျက်လုံးထဲတွင် ရက်စက်သော အလင်းတစ်ချက်လက်သွားသည်။

ထိုအခါ လုချန်း,သည် သွေးလင်းနို့ဘုရင်၏ပါးစပ်မှ အစိမ်းရောင်အဆိပ်ငွေ့များ ထွက်လာသည်ကို တွေ့လိုက်ရသည်။

သို့သော်လည်း အစိမ်းရောင် အဆိပ်ငွေ့များက လုချန်း,ကို မတိုက်ခိုက်ဘဲ သူ့ဘေးတွင်ရှိသော လင်းနို့တစ်ကောင်ကို ဖုံးအုပ်လိုက်သည်။

ထိုလင်းနို့သည် ပြင်းထန်သောအဆိပ်များဖြင့် လင်းနို့ဘုရင်က သူ့ကိုတိုက်ခိုက်လိမ့်မည်ဟု မထင်မှတ်ခဲ့ပေ။

ငိုကြွေးသံပင် မထွက်နိုင်တော့ဘဲ သွေးအိုင်အဖြစ်ပြောင်းသည်။

ထို့နောက် လင်းနို့ဘုရင်သည် ပါးစပ်ကိုဖွင့်ကာ သူ့ခန္ဓာကိုယ်ထဲသို့ ဤသွေးအားလုံးကို စုတ်ယူသည်။

ဤအဖြစ်အပျက်ကို မြင်လိုက်ရသော လုချန်း,၏ နှုတ်ခမ်းထောင့်က မသိမသာလေး လှုပ်ခတ်သွားသည်။

ဤသွေးလင်းနို့များက မီးတောင်များတွင် နေထိုင်ကြောင်း သိရှိထားသော်လည်း သူတို့၏ အပြုအမူမှာ အနည်းငယ် မူမမှန်ကြောင်းကိုတော့မသိထားခဲ့ပေ။

“အိုဟိုး...၊ ကျားက သူ့သားပေါက်လေးတွေကို ပြန်မစားဘူး၊ ဒါပေမယ့် မင်းက မင်းရဲကလေးတွေကို ပြန်စားလိမ့်မယ်လို့ ငါမမျှော်လင့်ထားဘူး”

All Chapters