“သွေးပေါက်ကွဲစမ်း!”
Vol. 9 Ch. 130
“ဟားဟား၊ သူတို့ရဲ့ အသွေးအသားကို ဝါးမျိုနိုင်တဲ့နေ့ထိ စောင့်ဖို့ပဲ မွေးမြူခဲ့တာ”
“အခုအချိန်က သူတို့ကို အသုံးချရမယ့်အချိန်ကောင်းပဲ”
သွေးကိုစုပ်ယူပြီးနောက် လင်းနို့ဘုရင်သည် ရွှန်းလဲ့စွာပြုံးကာ မီးတောင်တွင် တောက်လောင်နေသော မီးတောက်များဖြင့် ပို၍ပင် မကောင်းဆိုးရွားဆန်နေသည့်ပုံပေါက်သည်။
ရုတ်တရက် မြင်ကွင်းက အနီးနားရှိ လင်းနို့ကြီးများကို ထိတ်လန့်စေခဲ့သည်။
ဤလင်းနို့များသည် သူတို့နှင့် အရင်းနှီးဆုံးဟု ယူဆရသော ဖခင်က သူတို့ကို တိုက်ခိုက်လိမ့်မယ်ဟု မမျှော်လင့်ထားပေ။
“အဖေ ကျေးဇူးပြုပြီး မလုပ်ပါနဲ့!”
“သားတို့က အဖေ့ရဲ့အချစ်ဆုံးကလေးတွေလေ၊ ကျေးဇူးပြုပြီး ဒီလိုမလုပ်ပါနဲ့!”
အခြားလင်းနို့ကိုးကောင်သည် ကြောက်လန့်ပြီး ထွက်ပြေးချင်သော်လည်း ယခုအချိန်တွင် သူတို့၏ခန္ဓာကိုယ်ကို မထိန်းချုပ်နိုင်တော့ကြောင်း တွေ့ရှိခဲ့ရသည်။
လင်းနို့များသည် သူတို့၏ အတောင်ပံများကို အပြင်းအထန် ခတ်လိုက်သော်လည်း သွေးလင်းနို့ဘုရင်၏ အသံထိန်းချုပ်မှုအောက်တွင် မပျံသန်းနိုင်ကြပေ။
သွေးလင်းနို့ဘုရင်သည် အလားတူလှည့်ကွက်ဟောင်းကို ထပ်မံအသုံးပြုခဲ့သည်။ အဆိပ်ပြင်းသော မြူခိုးများက သူ့ပါးစပ်မှ ထွက်လာပြီး ချက်ချင်းပင် လင်းနို့လေးကောင်ကို ဖုံးအုပ်လိုက်ပြန်သည်။
ထို့နောက် သူသည် ဤလင်းနို့များမှ ပြောင်းလဲသွားသော သွေးအားလုံးကို သူ့ခန္ဓာကိုယ်ထဲသို့ စုပ်ယူလိုက်ပြီး အစွမ်းထက်သော စွမ်းအားအဖြစ်သို့ ပြောင်းလဲသွားသည်။
နိုးထခြင်းအဆင့်နှောင်းပိုင်းရှိ လင်းနို့ငါးကောင်ကို ဝါးမျိုပြီးနောက်၊ ဤလင်းနို့ဘုရင်၏ ရောင်ဝါက လျင်မြန်စွာ မြင့်တက်လာခဲ့သည်။
သူ့ခန္ဓာကိုယ်ပေါ်ရှိ အစွမ်းထက်သော ရောင်ဝါသည် ချည်နှောင်ခြင်းအဆင့်သို့ ရောက်ရှိသွားပုံရသည်။
ဤအရာများအားလုံးက လျှပ်တစ်ပြက်အတွင်းတွင် ဖြစ်ပျက်သွားခဲ့သည်။ လုချန်း,သည် မီးတောင်ဝမှ ပျံသန်းလာပြီး မီးတောင်၏ အလယ်ဧရိယာသို့ ရောက်ရှိနေပြီဖြစ်သည်။
အောက်မှ သွေးလင်းနို့ဘုရင်၏ အသွင်အပြင်က သိသိသာသာ ပြောင်းလဲသွားသည်ကို မြင်လိုက်ရပြီး လုချန်း မျက်ခုံးပင့်လိုက်သည်။
“သူချည်နှောင်ခြင်းအဆင့်ကို ရောက်သွားပြီလား”
လုချန်း,သည် သွေးလင်းနို့ဘုရင်တွင် ထိုသို့သော အရန်အစီအစဉ်ရှိမည်ဟု မမျှော်လင့်ထားပေ။
သူမွေးမြူထားသော လင်းနို့အနည်းအကျဉ်းက အတွေ့အကြုံထုပ်ပိုးမှုများနှင့်တူသည်။ ယခု သူသည် ၎င်းတို့ကို ဝါးမျိုပြီး စွမ်းအား အများအပြား ရရှိနိုင်သည်။
ယိုချင်းယန် ပင်လျှင် ဤရုတ်တရက်ပြောင်းလဲမှုကို သတိမထားမိပေ။
အဘယ်ကြောင့်ဆိုသော် ယိုချင်းယန်,၏ ယခင်ဘဝက ဤသွေးလင်းနို့ဘုရင် သူ့ဝှက်ဖဲကို ဘယ်တုန်းကမှ မဖော်ပြခဲ့သောကြောင့်ဖြစ်သည်။
ဤသွေးလင်းနို့ဘုရင်က အလွန်လိမ္မာပါးနပ်သည်။ မည်သို့ပင်ဖြစ်စေကာမူ သူသည်နောက်လိုက်အဖြစ်သာရှိနေပြီး ဧရာမလိပ်ကြီးကို အမြဲတမ်း ဦးဆောင်ခွင့်ပေးထားသည်။
ဤတောင်တန်းရှိ ရက်စက်ကြမ်းကြုတ်သော သားရဲများစွာရှိသည့်အနက် လိပ်နက်က သခင်အမည်ခံဖြစ်သည်။
သို့ပေမယ့် တကယ့်လက်တွေ့မှာတော့ သွေးလင်းနို့ဘုရင်သည် အခြားသန်မာသော သားရဲများကို ဒိုင်းတစ်ခုအဖြစ်အသုံးချခဲ့ခြင်းဖြစ်သည်။
ယခု ဤသွေးလင်းနို့သည် ချည်နှောင်ခြင်းအဆင့်သို့ ကျော်ဖြတ်သွားပြီဖြစ်သည်။
ထိုအချိန်တွင်၊ လုချန်း,သည် ရန်သူကို လျှော့တွက်ခြင်းအား ရပ်တန့်လိုက်သည်။
တစ်ချိန်တည်းတွင် ရူးသွပ်ခြင်းစွမ်းရည်နှင့် ဧကရာဇ်ရဲ့ဒိုမိန်း စွမ်းရည်ကို အသက်သွင်းလိုက်ပြီး လုချန်း,၏ အငွေ့အသက်က ရုတ်တရက် မြင့်တက်လာသည်။
ပတ်ဝန်းကျင်တွင် လင်းနို့အုပ်စုများစွာရှိသဖြင့် လုချန်း,သည် ဧကရာဇ်ရဲ့ဒိုမိန်းကို တိုက်ရိုက်အသက်သွင်းပြီး ပြိုင်ဘက်၏အင်အားကို အားနည်းစေခဲ့သည်။
“ဘယ်လောက်ပြင်းထန်တဲ့ဖိအားလဲ!”
ဧကရာဇ်ရဲ့ဒိုမိန်းကို အသက်သွင်းလိုက်သည်နှင့်တစ်ပြိုင်နက်၊ သွေးလင်းနို့ဘုရင်သည် သူ၏စွမ်းအား အလွန်ကျဆင်းသွားသည်ကို ရှင်းရှင်းလင်းလင်း ခံစားခဲ့ရသည်။
ယင်းက သူ့ကို အံ့သြစေခဲ့သည်။ လုချန်း တွင် ဤကဲ့သို့ထူးခြားသော စွမ်းရည်များရှိနေလိမ့်မည်ဟု သူ,မမျှော်လင့်ထားပေ။
သွေးလင်းနို့ဘုရင်သည် အံကိုကြိတ်ကာ ကူကယ်ရာမဲ့စွာဖြင့် နောက်ထပ်လင်းနို့ ၃ ကောင်ကို ဝါးမျိုပစ်လိုက်သည်။
သူ့၏ မူလကလေးဆယ်ကောင်တွင် နောက်ဆုံးနှစ်ကောင်သာ ကျန်တော့သည်။
သူ့မျိုးနွယ်များကို အဆက်မပြတ် ဝါးမျိုပြီးနောက်၊ သူ၏ လက်ရှိအင်အားက အားနည်းသွားသည်ထက် တစ်ဆခွဲပင် ပိုအားကောင်းလာသည်။
“မိုးကြိုး!”
ထိုအချိန်တွင်၊ လုချန်း,သည် နောက်ဆုံးတွင် မီးတောင်၏အောက်ခြေသို့ ရောက်လာရှိခဲ့သည်။ မဆိုင်းမတွဘဲ သူ့ ရှေ့ခြေထောက်ကို မြှောက်လိုက်ပြီး ထောင်ပေါင်းများစွာသော လျှပ်စီးကြောင်းများ ကျဆင်းလာသည်။
လုချန်း,သည် သွေးလင်းနို့ဘုရင်က သားစဉ်မြေးဆက်များကို ဝါးမျိုခြင်းဖြင့် ဖွံ့ဖြိုးတိုးတက်လာမည်ဟု မမျှော်လင့်ထားပေ။
ထို့ကြောင့် သူသည် သွေးလင်းနို့ဘုရင်ကို နောက်ဆုံးကျန်ရှိသည့် လင်းနို့နှစ်ကောင်အား ဝါးမျိုခွင့်မပြုနိုင်ပေ။ သူ့၏ ခွန်အားများ ထပ်ပြီးတိုးတက်သွားလျှင် သူ့ကို ရင်ဆိုင်ရန် ခက်ခဲလိမ့်မည် ဖြစ်သည်။
သို့သော် လုချန်း,သည် လင်းနို့ဘုရင်ကသားစဉ်မြေးဆက်များကို ဝါးမျိုခြင်းဖြင့် လျင်မြန်စွာ သန်မာလာရခြင်းအကြောင်းမှာ သူသည် ထိုလင်းနို့များနှင့် သွေးအဆက်အနွယ်ရှိသောကြောင့် ဖြစ်နိုင်သည်ဟု ခန့်မှန်းခဲ့သည်။
မဟုတ်ပါက၊ လင်းနို့အုပ်စုတွင် ထောင်ပေါင်းများစွာသော လင်းနို့များ ရှိနေမည်ဖြစ်ပြီး၊ သူသည် ၎င်းတို့အားလုံးကို ဝါးမျိုလိုက်လျှင် ကောင်းကင်ဘုံသို့ တိုက်ရိုက် တက်သွားနိုင်မည်ဖြစ်သည်။
လုချန်း,၏ ကြောက်မက်ဖွယ်လျှပ်စီးကြောင်းများသည် သွေးလင်းနို့ဘုရင်ကို တိုက်ရိုက်ကျော်ဖြတ်ပြီး လင်းနို့နှစ်ကောင်ကို ထိမှန်သွားသည်။
ကြီးမားသော ကွာဟချက်ကြောင့် ကြောက်မက်ဖွယ် လျှပ်စီးကြောင်းများသည် နိုးထခြင်းအဆင့်တွင်သာရှိသော လင်းနို့နှစ်ကောင်ကို ချက်ချင်း သေဆုံးစေခဲ့သည်။
အလောင်းသည် ကျောက်မီးသွေးကဲ့သို့ ပြောင်းလဲသွားပြီး ၎င်းမှ အနက်ရောင်အခိုးအငွေ့များ ထွက်လာကာ အသားနှင့်သွေးက သိသိသာသာ အသုံးမဝင်တော့ပေ။
သွေးလင်းနို့ဘုရင်က ၎င်းကိုမြင်ပြီး အံ့သြကာ ချက်ချင်းပင် ဒေါသထွက်သွားသည်။ လုချန်း,၏ လှုပ်ရှားမှုက သူဆက်လက် ဝါးမြိုပြီး အားကောင်းလာစေမည့် လမ်းကိုဖြတ်တောက်ခဲ့သည်။
တစ်ချိန်တည်းမှာပင်၊ သွေးလင်းနို့ဘုရင်သည် ရေခဲစွမ်းရည်အပြင် လုချန်း,တွင် ထိုကဲ့သို့ ကြောက်မက်ဖွယ် မိုးကြိုးစွမ်းရည်နှင့် လျှပ်စီးကြောင်းများ ရှိနေသည်ကို မမျှော်လင့်ခဲ့ပေ။
“မဟုတ်ဘူး! မင်းသေဖို့ထိုက်တန်တယ်!”
သွေးလင်းနို့ဘုရင် အလွန်ဒေါသထွက်သွားပြီး ကြောက်မက်ဖွယ်ကောင်းသော သတ်ဖြတ်ရန် ရည်ရွယ်ချက်ဖြင့် သူ၏သွေးနီမျက်လုံးများက ပို၍ပင် နီရဲလာသည်။
ချက်ချင်းပင် အတောင်ပံများကို ခတ်ကာ အထက်သို့ ပျံတက်သွားသည်။ ဧရာမသားရဲကြီးနှစ်ကောင်၊ အနက်နှင့် အဖြူသည် မီးတောင်တွင် ပြင်းထန်သော တိုက်ပွဲတစ်ခု စတင်ခဲ့သည်။
ကြောက်မက်ဖွယ်ကောင်းသော တိုက်ပွဲအောက်တွင် မီးတောင်က တုန်ခါလာသည်။
သို့သော်လည်း တိုက်ပွဲအပြီးတွင် သွေးလင်းနို့ဘုရင်သည် လုချန်း,၏ စွမ်းအားကို လျှော့တွက်ထားကြောင်း တွေ့ရှိခဲ့သည်။
ရူးသွပ်ခြင်းစွမ်းရည်ကို အသက်သွင်းပြီးနောက် လုချန်း၏ အင်အားက တိုက်ရိုက် နှစ်ဆတိုးလာခဲ့သည်။
ချည်နှောင်ခြင်းအဆင့်တွင်ပင် လုချန်း,၏ ခန္ဓာကိုယ်ကြံ့ခိုင်မှုက အလွန်ပြင်းထန်နေပြီဖြစ်သည်။
သွေးလင်းနို့ဘုရင်သည် လုချန်း,ကို အရှိန်ဖြင့် ဖိနှိပ်ရန် သူ့၏ အားသာချက်ဖြစ်သော သဘာဝပျံသန်းနိုင်သည့် သားရဲဟူသောအချက်ကို အသုံးချလိုခဲ့သည်။
သို့သော် လုချန်း,က လျှပ်စီးလက်နေသကဲ့သို့ဖြစ်နေပြီး သွေးလင်းနို့ဘုရင်သည်ပင် အမြန်နှုန်းနှင့် ပတ်သက်၍ အသာစီးမရခဲ့ပေ။
“ဘုန်း!” “ဘုန်း!” “ဘုန်း!”
မီးတောင်ဝတွင် အဆက်မပြတ် ပေါက်ကွဲသံများ ထွက်ပေါ်လာပြီး ချက်ချင်းပင် ဧရာမသားရဲကြီးနှစ်ကောင်က ဒါဇင်နှင့်ချီအကြိမ်ပေါင်းများစွာ တိုက်ခိုက်ခဲ့သည်။
ထိုအချိန်တွင်၊ လုချန်း,၏ ဝံပုလွေခြေသည်းများကိုလွှဲယမ်းလိုက်ရာ သွေးလင်းနို့ဘုရင်၏ အတောင်ပံများ စုတ်ပြဲသွားပြီး ဒဏ်ရာများမှ သွေးများ အဆက်မပြတ် ထွက်လာသည်။
ဤမီးတောင်ကြားတွင်၊ လုချန်း,သည် ရေခဲစွမ်းရည်ကို တိုက်ရိုက်စွန့်လွှတ်ခဲ့ပြီး ငွေရောင်လျှပ်စီးကြောင်းမြွေများက သူ့ပတ်ဝန်းကျင်တွင် လည်ပတ်နေခဲ့သည်။
သွေးလင်းနို့ဘုရင်၏ ခန္ဓာကိုယ်တွင် မီးလောင်ဒဏ်ရာအများအပြားမှ အနက်ရောင် အခိုးအငွေ့များ ထွက်လာသည်။ လုချန်း,၏ လျှပ်စီးကြောင်းများကြောင့် သူ ဒဏ်ရာရရှိခဲ့သည်မှာ ထင်ရှားသည်။
တစ်ဖက်တွင်တော့ လုချန်း,၏ခန္ဓာကိုယ်တွင် ဒဏ်ရာအနည်းငယ်သာရှိသည်။
မတိုးပေါက်နိုင်ခြင်းစွမ်းရည်ဖြင့် လုချန်း ၏ ခုခံမှုမှာ အလွန်အားကောင်းသည်။
နှင်းဝံပုလွေတစ်ကောင်အနေဖြင့် လုချန်း,သည် အနီးကပ်တိုက်ပွဲတွင် အားသာချက်ရှိသည်။ သူ့၏ ကြွယ်ဝသော တိုက်ပွဲအတွေ့အကြုံကို သွေးလင်းနို့ဘုရင်နှင့် နှိုင်းယှဉ်လို့မရပေ။
“ဟားဟားဟား! မင်းမကြာခင် ငါ့အစာဖြစ်လာတော့မယ်!”
သူ့တစ်ကိုယ်လုံးတွင် သွေးများဖုံးလွှမ်းနေသော်လည်း ဒဏ်ရာပြင်းထန်စွာရထားသည့် သွေးလင်းနို့ဘုရင်,က ပြင်းပြင်းထန်ထန် ရယ်မောနေခဲ့သည်။
ဤအခိုက်အတန့်တွင် သူသည် အသေကောင်ကိုကြည့်နေသကဲ့သို့ သူ့ရှေ့မှ လုချန်း,ကို ကြည့်နေသည်။
သူ့ကြောင့် ဒဏ်ရာရခြင်းမှာ အနည်းငယ်မျှသာဖြစ်သော်လည်း အရေးကြီးဆုံးမှာ သူ့တွင် အလွန်အဆိပ်ပြင်းသော စွမ်းရည်ရှိခြင်းပင်ဖြစ်သည်။
အရေပြားအပေါ်ယံအလွှာ ကွဲနေသရွေ့ အဆိပ်အတောက်များက သွေးသားထဲကို စိမ့်ဝင်သွားနိုင်သည်။
သွေးလင်းနို့ဘုရင် ၏ထင်မြင်ချက်တွင် လုချန်း,က အချိန်အကြာကြီး ထိန်းထားနိုင်မည်မဟုတ်ပေ။
“ဟုတ်လား?”
သွေးလင်းနို့ဘုရင်ပြောသည်ကိုကြားပြီး လုချန်း က ရယ်မောလိုက်သည်။
သွေးလင်းနို့ဘုရင်က အမှန်တကယ်ပင် အဆိပ်ပြင်းသည်။ ဒဏ်ရာကြောင့် လုချန်း ၏အရေပြားက ခရမ်းရောင်ပြောင်းသွားသည်။
သို့သော်၊ လုချန်း,တွင် စနစ်တစ်ခုရှိပြီး အားကောင်းသော ပင်ကိုယ် စွမ်းရည်များစွာကို နိုးထခဲ့ပြီးဖြစ်ကြောင်း သွေးလင်းနို့ဘုရင် မသိခဲ့ပေ။
အင်မော်တယ် စွမ်းရည်ကို ပိုင်ဆိုင်ထားသည့် လုချန်း,သည် အလွန်ကြောက်စရာကောင်းသော ပြန်လည်ကုသနိုင်စွမ်းရှိသည်။
ထို့အပြင် ဒဏ်ရာများကို သက်သာပျောက်ကင်းစေရုံသာမက အဆိပ်အတောက်များကိုလည်း ဖယ်ရှားပေးနိုင်သည်။
လုချန်း,သည် အင်မော်တယ်စွမ်းရည်ဖြင့် အဆိပ်အတောက်များကို လျင်မြန်စွာ ဖယ်ရှားခဲ့သည်။
ခရမ်းရောင် ဖြစ်နေသော ဒဏ်ရာများက နှင်းဖြူရောင်အဖြစ် ပြန်ပြောင်းသွားသည်။
“ဘယ်လိုနိုင်မှာလဲ?!”
သူ့ကိုယ်တွင်းအဆိပ်က အကျိုးသက်ရောက်မှုများကို ဆုံးရှုံးသွားသည်ကို မြင်လိုက်ရပြီး သွေးလင်းနို့ဘုရင်က ထိတ်လန့်သွားသည်။
နှင်းဝံပုလွေဘုရင်က အလွန်အစွမ်းထက်သည်ကို မြင်ပြီးနောက် သွေးလင်းနို့ဘုရင်က ထွက်ပြေးရန် စတင်စဉ်းစားနေပြီဖြစ်သည်။
သွေးလင်းနို့ဘုရင်အတွက် ဂုဏ်ယူစရာအကောင်းဆုံးမှာ မီးတောင်ထဲတွင် နိုးထလာသော ကြောက်မက်ဖွယ်မီးအဆိပ်ဖြစ်သည်။
သို့ပေမယ့် လုချန်း,ကို အဆိပ်ခတ်ပြီး အဖိုးအခကို ပေးချေပြီးပြီဟု သူ မမျှော်လင့်ထားသော်လည်း နောက်ဆုံးတွင်တော့ သူ,မအောင်မြင်ခဲ့သည်။
“မဟုတ်ဘူး၊ ဒီနှင်းဝံပုလွေက အရမ်းအစွမ်းထက်တယ်၊ ငါ မတိုက်နိုင်တော့ဘူး!”
“ဘဝဆိုတာ မျှော်လင့်ချက်ရှိတယ်”
“ကလေးတွေ၊ မင်းတို့ စင်ပေါ်တက်ဖို့ အချိန်ရောက်ပြီ”
“သွေးပေါက်ကွဲစမ်း!”
လင်းနို့ဘုရင်က အော်ဟစ်လိုက်ပြီး ပြင်းထန်သော အသံလှိုင်းများက ပတ်ဝန်းကျင်ရှိလင်းနို့များကို ချက်ချင်း လွှမ်းမိုးသွားသည်။
ထို့နောက် သူသည် အတောင်ပံများကို လှန်လိုက်ကာ လုချန်း ထံမှ ခွဲထွက်ပြီး အထက်သို့ ပျံတက်သွားသည်။
မီးတောင်လှိုဏ်ဂူနံရံတွင် ဇောက်ထိုးကျလျှက်ရှိနေသော လင်းနို့အုပ်စုများက ရုတ်တရက် အသက်ဝင်သွားပုံရပြီး လုချန်း,ဆီသို့ပျံသန်းလာကာ သူတို့ကိုယ်သူတို့ ဖောက်ကွဲရန် စတင်ပြင်ဆင်ခဲ့သည်။
မိမိကိုယ်ကို ဖျက်ဆီးခြင်းသည် များသောအားဖြင့် ချည်နှောင်ခြင်းအဆင့် ရှိသော သားရဲများသာ ပိုင်ဆိုင်သော စွမ်းရည်တစ်ခု ဖြစ်သည်။ ဤလင်းနို့လေးများသည်လည်း ထိုသို့လုပ်နိုင်လိမ့်မည်ဟု သူ,မမျှော်လင့်ထားပေ။
ဤလင်းနို့များက အတော်လေး အားနည်းသော်လည်း၊ အရေအတွက်က များပြားလွန်းသည်။
ထောင်ပေါင်းများစွာသော လင်းနို့များ ပျံတက်လာပြီး လုချန်း,ကို မီးတောင်ထဲတွင် ပိတ်ဆို့ထားသည်။
“ဟားဟား၊ ငရဲကိုသွားလိုက်တော့!”
သွေးလင်းနို့ဘုရင်သည် လေထဲတွင် ပျံဝဲပြီး ရက်စက်သော အပြုံးဖြင့် အောက်ကိုငုံ့ကြည့်သည်။
လင်းနို့အများအပြားက မကြောက်မရွံ့ဖောက်ကွဲကာ အလွန်ပြင်းထန်သော လှုပ်ခတ်မှုကို ဖြစ်စေသည်။
သွေးလင်းနို့ဘုရင် နှင့် လုချန်း ၏လက်ကျန်စွမ်းအားအောက်တွင် မီးတောင်တစ်ခုလုံး စတင်လှုပ်ခတ်လာသည်။
ယခုအခါတွင် ကြောက်မက်ဖွယ်ရာ မီးတောင်ပေါက်ကွဲနိုင်သည့် လက္ခဏာများ ပြသနေသည်။
အောက်ဘက်ရှိ ချော်ရည်များက လျင်မြန်စွာ လှိမ့်တက်လာကာ ပူပြင်းသော စွမ်းအင်များက ဤမီးတောင်တွင် ဆက်လက်စုဝေးနေသည်။
“လွန်းပျံစွမ်းရည်!”
ကြောက်မက်ဖွယ်ကောင်းသော အတက်အကျများ ပိုမိုပြင်းထန်လာသည်ကို လုချန်း,က သဘောပေါက်လိုက်သဖြင့် သူ ထိုနေရာတွင် ဆက်မနေနိုင်တော့ကြောင်း သိလိုက်သောကြောင့် မီးတောင်၏အထက်ကို ရောက်စေရန် လွန်းပျံစွမ်းရည်ကို ချက်ချင်းအသုံးပြုခဲ့သည်။
သူ့ရှေ့တွင် ရုတ်တရက်ပေါ်လာသော ဧရာမ နှင်းဝံပုလွေကို ကြည့်လိုက်ပြီး လင်းနို့ဘုရင်က အလွန်အံ့ဩသွားသည်။ လုချန်း,တွင် ထိုကဲ့သို့ စွမ်းရည်ရှိမည်ဟု သူ မမျှော်လင့်ထားသည်မှာ ထင်ရှားသည်။
ကြောက်လန့်တကြားဖြင့် လင်းနို့ဘုရင်သည် အတောင်ပံများကို ချက်ချင်းခတ်ပြီး သွေးအရိပ်အဖြစ် ပြောင်းလဲကာ အမြန်ထွက်ပြေးသွားသည်။
သူ့၏အရှိန်က ယခင်ကထက် အဆများစွာ ပိုမြန်လာကာ သူက ထူးဆန်းသော ပင်ကိုယ်စွမ်းရည်ကို အသုံးပြုနေကြောင်း ထင်ရှားသည်။
“နှင်းဝံပုလွေဘုရင်! မင်းငါ့မျိုးနွယ်ကို ဖျက်ဆီးလိုက်တယ်၊ မင်းကို ဘယ်တော့မှခွင့်မလွှတ်ဘူး!”
သွေးလင်းနို့ဘုရင် ထွက်ပြေးပြီးနောက်၊ လင်းနို့အများအပြား ပေါက်ကွဲခြင်းကြောင့် အောက်ရှိ မီးတောင်ကြီး ပေါက်ကွဲသွားခဲ့သည်။
ပွက်ပွက်ဆူနေသော ချော်ရည်များက ကောင်းကင်သို့ ချက်ချင်း ပြေးတက်လာပြီး အနီရောင် ချော်ရည်များက မီးမိုးကဲ့သို့ ကောင်းကင်မှ အောက်သို့ပြန်လည်ကျဆင်းလာကာ လင်းနို့အနည်းငယ်သာ လွှတ်မြောက်သွားသည်။
သို့ပေမယ့် ပျံသန်းနိုင်သော လင်းနို့များက မည်းနက်နေပြီဖြစ်ပြီး လုချန်း,က အနီးနားတွင် အသားကင်စားရန် စောင့်ဆိုင်းနေပါသည်။
တစ်ဖက်မှပြသခဲ့သောအရှိန်မှာ သူ့ကိုယ်ပိုင်ထက်သာလွန်နေသောကြောင့် ထွက်ပြေးသွားသည့် သွေးလင်းနို့ဘုရင်နောက်ကို မလိုက်တော့ပေ။
သို့သော် ဤရုတ်တရက် အရှိန်တိုးလာသည်မှာ ကြာရှည်ခံမည်မဟုတ်ကြောင်း လုချန်း သိသည်။
မည်သို့ပင်ဖြစ်စေကာမူ အမှတ်အသားချန်ထားခဲ့ပြီးဖြစ်၍ လုချန်း,က သူ့ကို လိုက်မဖမ်းခင် အရှိန်လျှော့မည့်အချိန်ကို စောင့်နေသည်။
လုချန်း,သည် တမ်,ထံမှ သတင်းရသောအခါ မီးတောင်အနီးရှိ လင်းနို့ကင်များကို စားသောက်နေသည်။
ယိုချင်းယန်,က ချီလင် တောင်တန်းသို့ ရောက်နေပြီဆိုသည်ကို သိလိုက်ရသည်။
“သွေးလင်းနို့ဘုရင်မှာ ဒီလို လှည့်စားမှုမျိုး ရှိလိမ့်မယ်လို့ ညီမ တကယ်ကို မမျှော်လင့်ထားဘူး၊ ဒီကောင်က အရမ်း ရည်မှန်းချက်ကြီးတယ်”
မီးတောင်တွင် ဖြစ်ပျက်ခဲ့သည်ကို လေ့လာပြီးနောက် ယိုချင်းယန်,က စိတ်ခံစားမှုအပြည့်ဖြင့် သက်ပြင်းချလိုက်သည်။
သို့သော်လည်း ဤတိုက်ပွဲအပြီးတွင် သွေးလင်းနို့ဘုရင်၏ ဝှက်ဖဲကို ကြိုတင်ဖော်ထုတ်ခဲ့သည်။
တမ်,သည် ယိုချင်းယန်,၏တမန်အဖြစ် စိတ်ဝိညာဉ်သတင်းစကား ပေးပို့ခဲ့သည်။
“အစ်ကို၊ ဒီအဖြစ်အပျက်ပြီးရင် ညီမတို့ ချီလင်တောင်တန်းကို အုပ်စိုးကြမယ်”