← Chapters

ချည်နှောင်ခြင်းအဆင့် သားရဲဘုရင်နှစ်ကောင် ပူးပေါင်းခြင်း

Vol. 9 Ch. 131

ချည်နှောင်ခြင်းအဆင့် သားရဲဘုရင်နှစ်ကောင် ပူးပေါင်းခြင်း

Vol. 9 Ch. 131

“ကောင်းပြီ၊ မင်းနဲ့ငါ၊ ချီလင်တောင်တန်းကို စိုးမိုးဖို့ တွန်းအားပေးကြမယ်!”

သူ့ညီမသည် အလွန်ရည်မှန်းချက်ကြီးသည်ကို တွေ့ရသဖြင့် လုချန်း,သည် သူမအား အပြည့်အဝ ထောက်ခံအားပေးခဲ့သည်။

ထို့အပြင်၊ သူတို့သည် နှင်းဝံပုလွေမျိုးနွယ်စုကို ချီလင် တောင်တန်းဆီသို့ ပြောင်းရွှေ့လိုကြသောကြောင့် သူတို့က သဘာဝအတိုင်း ဤနေရာကို သူတို့၏နယ်မြေအဖြစ် ဖန်တီးလိုကြသည်။

လုချန်း,သည် အမှတ်အသားကို သတိပြုမိပြီး သွေးလင်းနို့ဘုရင် ပြေးသွားသည့် လမ်းကြောင်းသည် ရွှမ်ဝူ,ရှိရာ ရေကန်အောက်ခြေဆီသို့ ဦးတည်နေပုံပေါ်သည်။

ဤသားရဲနှစ်ကောင် ပေါင်းလိုက်လျှင် လုချန်း,က သူတို့ကို ဖိနှိပ်နိုင်ရန်မှာ မသေချာပေ။

သူ့ညီမ ချီလင်တောင်ကို ရောက်နေပြီကို သိလိုက်ရသောကြောင့် လုချန်း,က ကင်ထားသော လင်းနို့အနည်းငယ်ကို စားပြီး ထွက်သွားခဲ့သည်။

တစ်ဖက်တွင် သွေးလင်းနို့ဘုရင်သည် ချီလင်တောင်တန်းပေါ်မှ လျင်မြန်စွာ ပျံသန်းနေကာ သွေးတန်းအဖြစ်သို့ ပြောင်းလဲသွားသည်။

လုချန်း,၏ စွမ်းပကားက အလွန်ကြောက်စရာကောင်းသောကြောင့် သွေးလင်းနို့ဘုရင်သည် ခေါင်းကို နောက်ပြန်မလှည့်ဝံ့ပေ။

ဝိညာဉ်စွမ်းအင် ပြန်လည်ရှင်သန်လာပြီးနောက် သွေးလင်းနို့ဘုရင်သည် ရက်စက်ကြမ်းကြုတ်သော သားရဲများစွာကို ရင်ဆိုင်ခဲ့ဖူးသည်။

သို့ပေမယ့် သူသည် အစွမ်းထက်လှသော လုချန်း ကဲ့သို့ သားရဲတစ်ကောင်ကို ပထမဆုံးအကြိမ် မြင်ခဲ့ရခြင်းဖြစ်သည်။

သူ့၏ တိုက်ခိုက်မှုက အလွန်အားကောင်းသည်၊ သူ့၏ ခုခံမှုသည်လည်း အလွန်ကြောက်စရာကောင်းသည်၊ သူ့အရှိန်က သူ့ထက်ပင် လျင်မြန်သည်။ သူ့တွင် အားနည်းချက် လုံးဝမရှိပေ။

ထိုအချိန်တွင် သွေးလင်းနို့ဘုရင်က ရွှမ်ဝူ ကို အကူအညီတောင်းရုံသာ တတ်နိုင်တော့သည်။

တစ်လမ်းလုံးထွက်ပြေးပြီးနောက် နောက်ဆုံးတွင် သွေးလင်းနို့ဘုရင်သည် ရွှမ်ဝူ ရှိရာ ရေကန်အနီးသို့ ရောက်ရှိလာသည်။

သွေးလင်းနို့ဘုရင်သည် မီးတောင်တစ်ခုတွင် နှစ်အတော်ကြာနေထိုင်ခဲ့သော်လည်း ယခုအခါ ချည်နှောင်ခြင်းအဆင့်သို့ ဖြတ်ကျော်သွားကာ သူ့၏ပိန်ပိန်ပါးပါး ခန္ဓာကိုယ်က ကြီးစွာတိုးတက်လာခဲ့သည်။

ရေကန်ထဲသို့ဝင်ပြီးနောက်၊ သူ့ခန္ဓာကိုယ်တစ်ဝိုက်တွင် သွေးရောင်အလွှာတစ်လွှာပေါ်လာပြီး ရေစီးကြောင်းများကို သီးခြားခွဲထုတ်ကာ ရေအောက်သို့ ရွေ့လျားနိုင်စေခဲ့သည်။

ရေကန်ထဲရှိ ရွှမ်ဝူ,သည် ရေစီးဆင်းပြောင်းလဲမှုကို သဘာဝအတိုင်း ခံစားသိရှိပြီး တစ်စုံတစ်ယောက် ဝင်ရောက်လာသည်ကို သဘောပေါက်သွားပြီး ချက်ချင်းပင် သတိရှိလာသည်။

ကြောက်မက်ဖွယ်ရာကောင်းသော ရေဘောလုံးတစ်လုံးက ရေအောက်ခြေမှာ လျင်မြန်စွာ တက်လာခဲ့သည်။

“ဘုန်း!”

လင်းနို့ဘုရင်သည် ချည်နှောင်ခြင်းအဆင့်ကို ဖြတ်ကျော်ပြီးနောက်၊ ရေထဲသို့ ငုပ်လျှိုးနိုင်သော်လည်း နောက်ဆုံးတွင် သူသည် ထိုသဘာဝရေနေသတ္တဝါများနှင့် မယှဉ်နိုင်ပေ။

ဤရေကန်တွင်၊ လင်းနို့ဘုရင်၏ အရှိန်က အလွန်နှေးကွေးသွားကာ ရေအမြောက်ဆန်ဖြင့် တိုက်ရိုက်ထိမှန်ခဲ့သည်။

“ဟင့်အင်း၊ အစ်ကိုကြီး၊ ကျွန်တော်...ကျွန်တော်ပါ!”

လင်းနို့ဘုရင်က ရုတ်တရက် ထအော်လိုက်သည်။

ကြောက်မက်ဖွယ်ကောင်းသော ရေဘောလုံး၏ သက်ရောက်မှုက အလွန်ကြီးမားသဖြင့် ရေအောက်ခြေမှ ရေကန်အပြင်ဘက်သို့ တိုက်ရိုက်လွှင့်ထွက်သွားသည်။

‘ငိုးမ လိပ်ကြီး!’

သွေးလင်းနို့ဘုရင်သည် လုချန်း,ကြောင့် ဒဏ်ရာအပြင်းအထန်ရနေပြီဖြစ်ပြီး ယခု ရွှမ်ဝူ,၏ တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။ သူအလွန်စိတ်ဆင်းရဲသော အခြေအနေတွင် ရှိနေသည်ဟု ဆိုနိုင်သည်။

သို့သော် သူဒေါသထွက်နေသော်လည်း ဒေါသကို ထိန်းကာ အသံကျယ်ကျယ်ဖြင့်သာ ပြောနိုင်သည်။

“အစ်ကို ရွှမ်ဝူ! မလုပ်ပါနဲ့၊ ငါလေ သွေးလင်းနို့!”

“သွေးလင်းနို့၊ အဲဒါ မင်းလား၊ အဲ့ဒီ့ နှင်းဝံပုလွေ ထပ်လာတယ်ထင်နေတာ”

ရွှမ်ဝူ,သည် သွေးလင်းနို့ဘုရင်၏ အသံကိုကြားပြီး ရေမျက်နှာပြင်ပေါ်သို့ တက်လာခဲ့သည်။

“မီးတောင်ကနေ မင်းငါ့ဆီ ဘယ်လိုရောက်လာတာလဲ”

ရွှမ်ဝူ စကားကိုကြားပြီး သွေးလင်းနို့ဘုရင်၏ အမူအရာက ချက်ချင်းပြောင်းသွားကာ အလွန်သနားစရာကောင်းသော အကြည့်များ ပေါ်လွင်လာသည်။

“အစ်ကို ရွှမ်ဝူ၊ မင်းမသိဘူး၊ နှင်းဝံပုလွေက ငါ့ကို အရမ်းအနိုင်ကျင့်တယ်၊ သူက ငါ့ကိုရှာဖို့ မီးတောင်ကိုလာခဲ့တယ်၊ ငါ့ကို အညံ့ခံခိုင်းခဲ့တယ်၊ မဟုတ်ရင် ငါ့ကိုစားမယ်လို့ ပြောတယ်”

“အစ်ကိုရွှမ်၊ မင်းငါ့အကြောင်းကို ကောင်းကောင်းသိတယ်၊ ငါလက်မြှောက်တာထက် ဂုဏ်သိက္ခာရှိရှိပဲသေချင်တယ်၊ ငါ့အမိန့်အရ လင်းနို့တွေတောင် သူ့လက်ချက်နဲ့ သေသွားခဲ့ပြီ!”

“ငါ့အစ်ကိုက ရွှမ်ဝူ လို့ ငါပြောခဲ့တယ်၊ ဒါပေမယ့် သူ ဘာပြောလဲဆိုတာ ခန့်မှန်းကြည့်၊ သူကပြောတာက...”

လင်းနို့ဘုရင်၏စကားကိုကြားပြီးနောက် ရွှမ်ဝူ ၏အမူအရာမှာ ချက်ချင်းမည်းမှောင်သွားသည်။ “သူဘာပြောလဲ?”

“အစ်ကို ရွှမ်ဝူ၊ မင်းကို သူရဲဘောကြောင်ကောင်လို့ ပြောတယ်၊ မင်းရဲ့ အခွံထဲမှာ ပုန်းမနေဘူးဆိုရင် မင်းကိုသတ်ပြီး မင်းရဲ့အခွံကို ဟင်းအိုးလုပ်မယ်တဲ့...”

“ဘာ? ဒီမိုက်မဲတဲ့ နှင်းဝံပုလွေ!”

၎င်းကိုကြားပြီး ရွှမ်ဝူ ဒေါသတကြီးဖြစ်သွားကာ ပတ်ဝန်းကျင်ရှိရေများက ချက်ချင်းပေါက်ကွဲသွားသည်။

“အစ်ကို ရွှမ်ဝူ၊ ဒီနှင်းဝံပုလွေက အရမ်းလွန်လွန်းတယ်၊ ငါတို့ ဒေါသကို ဖြေဖျောက်ရမယ်!”

လင်းနို့ဘုရင်က ချက်ချင်းပင် ပြင်းပြင်းထန်ထန် ပြောလိုက်သည်။

လုချန်း,က သန်မာလွန်းပြီး သူ့တစ်ကိုယ်တည်း လက်စားချေရန် မျှော်လင့်ချက်မရှိသည်မှာ ထင်ရှားသည်။ သူက ရွှမ်ဝူ,ကို သူနှင့်အတူ တိုက်ခိုက်ရန် ခေါ်ဆောင်သွားနိုင်သည်။

သို့သော် သူပြောသည်ကိုကြားပြီးနောက် ရွှမ်ဝူ,က တခဏမျှ တုံ့ဆိုင်းသွားသည်။

“ငါလက်စားချေချင်တယ်၊ ဒါပေမယ့် ငါရေထဲကနေထွက်သွားတာနဲ့ ငါ့ခွန်အားတွေ အရမ်းလျော့သွားလိမ့်မယ်...”

ရွှမ်ဝူ,သည် သူ့အားသာချက်က မည်သည့်နေရာတွင်ရှိသည်ကို သိပြီး ကမ်းပေါ်တက်ပြီးလျှင် သူ့ခွန်အားအများအပြား လျော့နည်းသွားလိမ့်မည်ဖြစ်သည်။

“အစ်ကို၊ စိတ်မပူပါနဲ့၊ ငါ ချည်နှောင်ခြင်းအဆင့်ကို ရောက်သွားပြီ၊ ငါ့အကူအညီနဲ့ဆိုရင် ငါတို့က နှင်းဝံပုလွေကို လက်စားချေနိုင်မှာ သေချာတယ်”

“ပြီးရင် သူ့အသွေးအသားတွေကို ငါတို့ဝါးမျိုမယ်၊ အဲဒါက ငါတို့ကို ပိုမြင့်တဲ့အဆင့်ရောက်အောင် ကူညီပေးလိမ့်မယ်!”

နှင်းဝံပုလွေဘုရင်၏ ဆွဲဆောင်မှုအချို့ကိုသိပြီးနောက်၊ ရွှမ်ဝူ,သည် နောက်ဆုံးတွင် ခေါင်းညိတ်ကာ တိုက်ခိုက်ရန် သဘောတူလိုက်သည်။

ထို့နောက် ရွှမ်ဝူ,၏ ခန္ဓာကိုယ်မှ တောက်ပသော အဖြူရောင် အလင်းတန်းများ ထွက်ပေါ်လာပြီး သွေးလင်းနို့ဘုရင်၏ ခန္ဓာကိုယ်ပေါ်ရှိ ဒဏ်ရာအားလုံးကို ကုသပေးလိုက်သည်။

ထို့နောက် သူတို့သည် နှင်းဝံပုလွေဘုရင်နှင့် တိုက်ခိုက်ရန် ပြင်ဆင်ကြသည်။

ထိုအချိန်တွင် လုချန်း,သည် အလယ်ပိုင်း ချီလင် တောင်တန်းသို့ ပြန်လာခဲ့ပြီး ဤနေရာသို့ အမြန်ပြေးလာသော ယိုချင်းယန် နှင့် ပြန်လည်ဆုံတွေ့ခဲ့သည်။

“အစ်ကို၊ အစ်ကို့ရဲ့ လက်ရှိအခြေအနေအရ ချီလင် တောင်တန်းကို ပေါင်းစည်းချင်တယ်ဆိုရင် ဒီလင်းနို့ဘုရင်ကို ဖယ်ရှားပစ်ရမယ်”

ယိုချင်းယန်,သည် သူမ၏ယခင်ဘဝမှမှတ်ဉာဏ်များရှိပြီး ဤလင်းနို့ဘုရင်က ရိုးရှင်းသော သားရဲတစ်ကောင်မဟုတ်ကြောင်း သိသည်။

လုချန်း,သည်လည်း ခေါင်းညိတ်ပြီး သဘောတူလိုက်သည်။ “ဟုတ်တယ်၊ ဒီကောင်က တော်တော် အစွမ်းထက်တယ်၊ သူက ချည်နှောင်ခြင်းအဆင့်ကို ရောက်သွားပြီ”

“ဒါ့အပြင် သူ့နည်းလမ်းတွေက တော်တော်ထူးဆန်းတယ်၊ ချန်ထားခဲ့ရင်တော့ လျှို့ဝှက်အန္တရာယ်တစ်ခု ဖြစ်လာလိမ့်မယ်”

သူတို့မောင်နှမသည် လင်းနို့နှင့် ရွှမ်ဝူကို မည်သို့ကိုင်တွယ်ရမည်ကို ဆွေးနွေးနေကြသည်။

လုချန်း နှင့် ယိုချင်းယန်,က သွေးလင်းနို့ဘုရင်ကို အထူးဂရုမစိုက်ကြပေ၊ သူတို့ကို စိတ်အနှောင့်အယှက်ဖြစ်စေသော အရာမှာ လိပ်နက်ကြီးပင်ဖြစ်သည်။

ရွှမ်ဝူ,သည် မြေအောက်ရေစီးကြောင်းတွင်သာ ရှိနေပါက၊ သူနှင့် တိုက်ခိုက်ရန် လွယ်ကူမည်မဟုတ်ပေ။

“အို?”

“ဘာဖြစ်လို့လဲ အစ်ကို”

“ထွက်ပြေးသွားတဲ့ လင်းနို့က အခုပြန်လာမယ်လို့ မမျှော်လင့်ထားဘူး”

လုချန်း,က လင်းနို့၏ အမှတ်အသားကို သတိပြုမိလိုက်ပြီး တိုးတိုးပြောသည်။

လုချန်း အားကောင်းလာသည်နှင့်အမျှ၊ ယခု မိုင် ၃၀၀ အချင်းဝက်အတွင်း အမှတ်အသားများကို ခံစားသိရှိနိုင်ပြီဖြစ်သည်။

လင်းနို့ဘုရင်သည် ရွှမ်ဝူ နှင့် တွဲလျက် ဤဘက်သို့ ရွေ့လျားလာနေသည်ကို သူ သတိပြုမိသည်။

ယိုချင်းယန်,က ထိုစကားကိုကြားပြီးနောက် ချက်ခြင်းထရပ်လိုက်ကာ “သူအချိန်‌ကောင်းမှာရောက်လာတာပဲ၊ ဒီအခွင့်အရေးကိုအသုံးချပြီးတော့ ထာဝရအဆုံးသတ်လိုက်ကြရအောင်!”

“ဒါပေမယ့် ဒီလင်းနို့နောက်မှာ လိပ်ကြီးလဲ ရှိသေးတယ်”

ယိုချင်းယန်၊က မျက်မှောင်ကြုတ်ပြီး “အစ်ကို၊ ဒီ ရွှမ်ဝူ,က သွေးလင်းနို့ဘုရင်နဲ့ လာတာ သေချာလား”

“ဟုတ်တယ်” လုချန်း,က ယုံကြည်မှုအပြည့်နှင့် ပြုံးလိုက်သည်။

ရေထဲတွင် လုချန်း,သည် ဤလိပ်နက်ကို ဘာမျှ မလုပ်နိုင်သော်လည်း ကုန်းပေါ်ကိုရောက်သည်နှင့် သူ့ကို ကိုင်တွယ်ဖြေရှင်းနိုင်ရန် ယုံကြည်ချက်ရှိသည်။

ထို့အပြင်၊ ဤကာလအတွင်း တမ် စုဆောင်းခဲ့သော ဝိညာဉ်သစ်သီးများဖြင့် လုချန်း,သည် ဆင့်ကဲပြောင်းလဲခြင်းအမှတ် ၂၀၀,၀၀၀ ကို ရရှိထားပြီးဖြစ်သည်။ ယခုအခါတွင် သူ၏စွမ်းရည်များကို အဆင့်မြှင့်တင်ရန် လုံလောက်သော ဆင့်ကဲပြောင်းလဲခြင်းအမှတ်များ ရှိနေပြီဖြစ်သည်။

လက်ရှိအချိန်တွင် လုချန်း,၏ အဓိက တိုက်ခိုက်ရေးစွမ်းရည်နှစ်ခုမှာ ရေခဲစွမ်းရည်နှင့် မိုးကြိုးစွမ်းရည် ဖြစ်သည်။

၎င်းကို စဉ်းစားပြီးနောက် လုချန်း,က တစ်ခုကို ရွေးချယ်လိုက်သည်။

ဆင့်ကဲပြောင်းလဲခြင်းအမှတ်များ လျော့နည်းသွားခြင်းနှင့်အတူ မိုးကြိုးစွမ်းရည်က ချောမွေ့စွာ ပြောင်းလဲလာသည်။

[ဒင်၊ မိုးကြိုးစွမ်းရည်ကို အဆင့်မြှင့်တင်ခဲ့ပြီး၊ မှော်စွမ်းအား-မိုးကြိုးဒိုမိန်း]

“မှော်?”

သူ့၏ မှော်စွမ်းအားအသစ် နိုးထလာသောအခါ လုချန်း,၏ စိတ်ထဲတွင် သတင်းအချက်အလက်များစွာ ရုတ်တရက် ပေါ်လာသည်။

ထို့နောက် ချက်ချင်းပင်၊ သူ၏ခန္ဓာကိုယ်ရှိ ကြီးမားလှသော စွမ်းအားများက တဟုန်းဟုန်း တောက်လောင်လာကာ သူ့ခေါင်းအထက် ကောင်းကင်ယံတွင် တိမ်မည်းများ ချက်ချင်း ဖုံးလွှမ်းသွားခဲ့သည်။

နောက်တစက္ကန့်တွင် မီတာထောင်ပေါင်းများစွာအကွာအဝေးအတွင်း လျှပ်စီးများလက်လာပြီး မရေမတွက်နိုင်သော ငွေဖြူလျှပ်စီးကြောင်းများ လှိမ့်တက်လာသည်။

အသစ်ဖြစ်ပေါ်လာသော မှော်စွမ်းအားက လုချန်း၊ကို အံ့အားသင့်စေခဲ့သည်။ အဆင့်မြှင့်တင်ပြီးနောက် မိုးကြိုးစွမ်းရည်က အလွန်ကြောက်စရာကောင်းလာလိမ့်မည်ဟု သူ,မမျှော်လင့်ထားခဲ့ပေ။

ကီလိုမီတာပေါင်းများစွာရှိသော ဤဧရိယာအတွင်းတွင် သူက နတ်ဘုရားတစ်ပါးဖြစ်သည်။

“ဒါက မှော်စွမ်းအားတစ်ခုလား?! ပြီးတော့ ဒါက ဒိုမိန်းအဆင့် မိုးကြိုးနဲ့ပတ်သက်တဲ့ မှော်စွမ်းအားတစ်ခု!!”

ဘေးတွင်ရပ်နေသော ယိုချင်းယန်,က အလွန်အံ့အားသင့်သွားပြီး သူ့ဦးရေပြားယားယံလာသည်ကို ခံစားလိုက်ရသည်။

ပုံမှန်အားဖြင့်၊ ချည်နှောင်ခြင်းအဆင့် နှောင်းပိုင်းတွင်ရှိသူများသာ ဤအစွမ်းထက်သော မှော်စွမ်းအားမျိုးကို ကျွမ်းကျင်နိုင်သည်။

ထို့အပြင်၊ ဤအရာက မိုးကြိုးနှင့်ပတ်သက်သော မှော်စွမ်းအားတစ်ခုဖြစ်သောကြောင့် ပို၍ကြောက်စရာကောင်းသည်။

“နှင်းဝံပုလွေဘုရင်၊ ထွက်လာခဲ့!”

သိပ်မကြာခင်တွင် ဝက်ဝံညို၏ အုပ်ချုပ်မှုအောက်တွင်ရှိသော တောအုပ်ထဲမှ ဒေါသတကြီး အော်ဟစ်သံကို ကြားလိုက်ရသည်။

အရိပ်ကြီးတစ်ခုက ရုတ်တရက် ကောင်းကင်ကို ဖြတ်ကျော်သွားပြီး မီတာတစ်ရာကျော်ရှိသော အတောင်ပံများနှင့် လင်းနို့ကြီးတစ်ကောင် ကောင်းကင်တွင် ပေါ်လာသည်။

ဝက်ဝံညိုသည် သွေးလင်းနို့ဘုရင်ကို မယှဉ်နိုင်မှန်းသိသောကြောင့် လုချန်း ထံသို့ အလျင်အမြန် သတင်းပေးပို့လိုက်သည်။

“မင်းအရင်ပြန်ဆုတ်ပြီး မင်းရဲ့လုံခြုံရေးကိုဦးစားပေးပါ၊ ငါအခုလာခဲ့မယ်!”

ထို့နောက်တွင် လုချန်း,သည် အရှိန်အပြည့်ကို အသုံးချခဲ့ပြီး ယိုချင်းယန်,က နောက်မှလိုက်ရန် အတတ်နိုင်ဆုံး ကြိုးစားခဲ့သည်။

များမကြာမီတွင် လုချန်း ဤနေရာသို့ ရောက်လာသည်။ ထိုနေရာက မီးလောင်မှုဒဏ်ကြောင့် ပျက်စီးသွားခဲ့ပြီးဖြစ်သည်။

သွေးလင်းနို့ဘုရင်သည် ဤဧရိယာတွင် အပျက်အစီးများကို ဖြစ်စေခဲ့ပြီး သားရဲအကောင်ရေ ရာဂဏန်းနီးပါးက သူ့လက်တွင်းထဲသို့ သေဆုံးခဲ့ရသည်။

သူ၏ ကြောက်မက်ဖွယ်ကောင်းသော အစိမ်းရောင်မီးအဆိပ်သည် သာမန်နိုးထခြင်းအဆင့် သားရဲများ ခုခံနိုင်စွမ်းမရှိသော အရာဖြစ်ပြီး ၎င်းကို ထိမိပါက ချက်ခင်းပင် သေလုနီးပါးဖြစ်သွားပေလိမ့်မည်။

“ယုတ်မာတဲ့ လင်းနို့၊ မင်း အရမ်းသတ္တိ ကောင်းနေတယ်ပေါ့! ဒီနေ့ မင်းကို ငါသတ်မယ်”

လုချန်း ပေါ်လာသည်ကိုမြင်ပြီး သွေးလင်းနို့ဘုရင်၏ မျက်လုံးများက ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်သွားပြီး အနည်းငယ် နောက်ပြန်ဆုတ်သွားသည်။

ထိုအခိုက်တွင်၊ မီတာနှစ်ရာရှိသော ဧရာမလိပ်ကြီးတစ်ကောင်က သူ့အောက် မြေပြင်ပေါ်တွင် ပေါ်လာသည်။

ဧရာမလိပ်ကြီးက ရွေ့လျားနေသော ခံတပ်တစ်ခုကဲ့သို့ ဖြစ်နေသည်။

ခွန်အားကြီးသော သားရဲနှစ်ကောင် စုရုံးလာသောအခါ၊ ၎င်းတို့ ထွက်လာသည့် ဖိအားသည် အလွန်ကြောက်စရာကောင်းသည်။

“အစ်ကို ရွှမ်ဝူ၊ ဒီဝံပုလွေကို အတူတူသွားသတ်ရအောင်!”

သွေးလင်းနို့ဘုရင်က ဒေါသတကြီး ပြောလိုက်သည်။

ရွှမ်ဝူ သူ့ဘေးတွင် ရှိနေသောကြောင့် သွေးလင်းနို့ဘုရင်က ပိုပြီး ယုံကြည်မှု ရှိလာခဲ့သည်။

သူ့တစ်ကိုယ်တည်း တိုက်ခိုက်လျှင် လုချန်း နှင့် မယှဉ်နိုင်သော်လည်း ချည်နှောင်ခြင်းအဆင့်ရှိ သားရဲနှစ်ကောင် ပေါင်းစည်းမည်ဆိုပါက၊ လုချန်း,က မည်မျှပင် အားကောင်းနေပါစေ သူတို့နှင့် ဘယ်သောအခါမှ ယှဉ်ပြိုင်နိုင်မည်မဟုတ်ကြောင်း သူယုံကြည်သည်။

ရွှမ်ဝူ,က ခေါင်းညိတ်လိုက်ပြီး လုချန်း,ကိုကြည့်ကာ သူ့ပါးစပ်ကြီးကို ဖွင့်လိုက်သည်။

“ဝှစ်ရှ်! ရွှီးး!”

တခဏချင်းမှာပင် ကြောက်မက်ဖွယ်ရာကောင်းသော ရေဘောလုံးးတစ်ခုက လေကိုခွင်းပြီး လုချန်း,ထံ တိုးဝင်လာသည်။

ဤလိပ်နက်သည် ရေကန်မှထွက်ခွာပြီးနောက် သူ့၏စွမ်းအား လျော့နည်းသွားမည်ကို သိရှိသောကြောင့် သူ,မသွားခင်တွင် ရေကန်ရှိ ရေအမြောက်အမြားကို စုတ်ယူခဲ့သည်။

ယခင်အတွေ့အကြုံမှရသော သင်ခန်းစာအနေဖြင့်၊ လိပ်ကြီးသည် ရေဘောလုံး ပစ်လိုက်သည့်အချိန်တွင် သူ့ခေါင်းကိုမော့ပြီး ရှောင်တတ်သည်ကို လုချန်း,က သတိထားမိပြီးဖြစ်သည်။

သို့သော် လင်းနို့သည် ရွှမ်ဝူ နှင့် တစ်ချိန်တည်းနီးပါး တိုက်ခိုက်ခဲ့ပြီး မီးအဆိပ်က မြှားမိုးကဲ့သို့ ကျဆင်းလာသည်။

ဤအစိမ်းရောင်မီးအဆိပ်လုံးများက ကောင်းကင်ကိုဖုံးလွှမ်းလုနီးပါးပင်။

လုချန်း,သည် သူ့၏ လေအလျင်စွမ်းရည်ဖြင့် ရေဘောလုံးကို ရှောင်တိမ်းနိုင်ခဲ့သော်လည်း အစိမ်းရောင်မီးအဆိပ်ပေါင်း တစ်ဒါဇင်ကျော်က ချက်ချင်း ထိမှန်ခဲ့သည်။

ချည်နှောင်ခြင်းအဆင့်ရှိ အားကောင်းသော သားရဲနှစ်ကောင်သည် လုချန်း ၏ပြေးလမ်းကြောင်းကို ပိတ်ဆို့ရန် တွန်းအားပေးခဲ့ပြီး လုချန်း,သည်ပင် အကျပ်အတည်းနှင့် ရင်ဆိုင်နေရသည်။

ကံကောင်းထောက်မစွာဖြင့်၊ လုချန်း သည် သူ၏အရေပြားက ခိုင်ခံ့သောခုခံအားရှိသည်။

သို့သော် လုချန်း ၏ခန္ဓာကိုယ်ထဲသို့ အဆိပ်များဝင်ရောက်လာသည်နှင့်အမျှ လုချန်း ၏အကျွမ်းတဝင်ဖြစ်သော အင်မော််တယ်စွမ်းရည်ကြောင့် ၎င်းကို ချေဖျက်နိုင်ခဲ့သည်။

သွေးလင်းနို့ဘုရင် အလွန်ဂုဏ်ယူနေသော မီးအဆိပ်က လုချန်း အပေါ် သက်ရောက်မှုမရှိပေ။

All Chapters