ခွန်လွန်တောင်မှ ကျယ်လောင်သော စစ်ကြေငြာသံ!
Vol. 9 Ch. 133
“ရှေးဟောင်းနတ်ဆိုးရဲ့ သွေးမျိုးဆက်?”
လုချန်း,သည် သူ့ညီမ၏ အာမေဋိတ်အသံကို ကြားသောအခါ အနည်းငယ် အံ့သြသွားသည်။
ဤရှေးဟောင်းသွေးနတ်ဆိုး၏အမည်က အလွန်ကြီးမားသောနောက်ခံရှိပုံရသည်။
လုချန်း,သည် ယေဘူယျအားဖြင့် သူတို့၏သွေးထဲတွင် “ရှေး” ဟူသော စကားလုံးဖြင့် သူ့ညီမပြောခဲ့ဖူးသည်ကို သတိရမိသေးသည်။
ဤသည်ကိုကြားပြီး ယိုချင်းယန်,က ခေါင်းညိတ်ကာ ရှင်းပြသည်။
“ရှေးခေတ်က နတ်ဘုရား၊ နတ်ဆိုး၊ သရဲ၊ တစ္ဆေ၊ နတ်နှင့် လူသားဆိုပြီး မျိုးနွယ်ခြောက်မျိုးရှိတယ်”
“အစတုန်းကတော့ မျိုးနွယ်ခြောက်မျိုး ယှဉ်တွဲနေထိုင်ခဲ့ကြပေမယ့် နောက်ပိုင်းမှာ တစ္ဆေမျိုးနွယ်က ပထမဆုံး ပျောက်ကွယ်သွားခဲ့တယ်၊ မှတ်တမ်းတွေအရ တစ္ဆေမျိုးနွယ်စုကို တခြားမျိုးနွယ်စုငါးစုက သုတ်သင်လိုက်သလိုပဲ...”
ကျန်ငါးမျိုးတွင် နတ်ဘုရားမျိုးနွယ်နှင့် နတ်ဆိုးမျိုးနွယ်က အပြင်းထန်ဆုံးဖြစ်ပြီး အခြားမျိုးနွယ်များထက် သာလွန်သည်။
သို့သော်လည်း ဆန့်ကျင်ဘက်ဖြစ်နေသော အဓိကမျိုးကြီးနှစ်ခုကြားတွင် အသစ်နှင့် အဟောင်းကို မုန်းတီးနေပုံရသည်။
နတ်ဘုရားများနှင့် နတ်ဆိုးများကြားမှ တိုက်ပွဲက ဘယ်သောအခါမှ မရပ်တန့်ခဲ့ပေ။ နှစ်ဘက်စလုံးသည် မရေမတွက်နိုင်သော တိုက်ပွဲများဖြစ်ခဲ့ကြပြီး မျိုးနွယ်နှစ်ခုလုံးမှ မရေမတွက်နိုင်သော အင်အားကြီးမားသူများ တိုက်ပွဲတွင် ကျဆုံးခဲ့ကြသည်။
အချိန်ကြာလာသည်နှင့်အမျှ သရဲမျိုးနွယ်နှင့် နတ်မျိုးနွယ်သည်လည်း စစ်ပွဲတွင် ဝင်ရောက်လာကြသည်။
အချိန်အတိုင်းအတာတစ်ခုအထိ၊ အဓိကမျိုးနွယ်စုများစွာသည် ကြီးမားသောဆုံးရှုံးမှုကို ခံစားခဲ့ရသည်။
အဆုံးတွင်၊ ရှေးခေတ်က ဖြစ်ပျက်ခဲ့သမျှကို မည်သူမျှ မသိနိုင်တော့ဘဲ လူသားမျိုးနွယ်က ကမ္ဘာပေါ်တွင် ကျန်ရှိသော တစ်ခုတည်းသောမျိုးနွယ်ဟု ထင်ရသည်။
ကျန်သည့်မျိုးနွယ်စုများက တဖြည်းဖြည်း ပျောက်ကွယ်သွားပုံရသည်။
တိုက်ပွဲက ရက်စက်ကြမ်းကြုတ်လွန်းသောကြောင့်လည်း ဖြစ်နိုင်သလို၊ ပြန်လည်သက်သာလာတာမျိုးလည်း ဖြစ်ကောင်းဖြစ်နိုင်သည်၊ မည်သူမျှ အတိအကျ မသိနိုင်ပေ။
“ရှေးခေတ်က အဓိက မျိုးနွယ်ခြောက်မျိုးနဲ့ ခွဲခြားမယ်ဆိုရင် အစ်ကို၊ ညီမတို့က နတ်ဆိုးမျိုးနွယ်ဝင် ဖြစ်သင့်တယ်”
“လက်ရှိအချိန်မှာ ကမ္ဘာပေါ်မှာ အသက်ပြန်ရှင်လာတဲ့ သားရဲတွေကတော့ နတ်ဆိုးမျိုးနွယ်ဝင်တွေဖြစ်ပြီး နတ်ဆိုးတွေနောက်ကို လိုက်ပါကြတယ်၊ တစ္ဆေနှင့် သရဲတွေကတော့ အလွန်ရှားပါးတယ်”
“ဒီရှေးဟောင်းသွေးနတ်ဆိုးမျိုးနွယ်ရဲ့ မူလအစက ပိုလို့တောင် ထူးခြားတယ်!”
“ရှေးဟောင်းသွေးနတ်ဆိုးမျိုးနွယ်မှာ တော်ဝင်မျိုးနွယ်ကြီး ဆယ့်နှစ်ခုရှိတယ်၊ သွေးနတ်ဆိုးမျိုးနွယ်က သူတို့အနက်မှ တစ်ခုဖြစ်ပြီး ထိပ်တန်း တော်ဝင်မျိုးနွယ်စုတွေထဲက တစ်ခုဖြစ်တယ်”
“ဒီမျိုးနွယ်စုက အရမ်းသွေးဆာပြီးတော့ သူတို့ရဲ့ ခန္ဓာကိုယ်တွေက အလွန်ထူးဆန်းတယ်၊ သူတို့မှာ သွေးအနှစ်သာရ တစ်စက်ရှိနေသရွေ့ သူတို့ရဲ့ ခန္ဓာကိုယ်တွေကို ပြန်ပြီး ဖွဲ့စည်းနိုင်တယ်”
“ဒါက လူတစ်ယောက်ရဲ့အသက်ကို ကယ်တင်ဖို့ အကောင်းဆုံးနည်းလမ်းလို့ ပြောနိုင်သလို ကိုင်တွယ်ဖြေရှင်းရလဲ အရမ်းခက်ခဲတယ်!”
ယိုချင်းယန်,က မျက်မှောင်ကြုတ်ပြီး လုချန်း,ကို သူသိသမျှ ရှင်းပြသည်။
လုချန်း,သည် ယိုချန်း,၏ ရှင်းပြချက်ကို နားထောင်ပြီး ခဏတာ အတွေးများစွာ ဝင်လာခဲ့သည်။
မူလက လုချန်း,သည် ဤသွေးလင်းနို့ဘုရင်အား သာမန်လင်းနို့တစ်ကောင်အဖြစ်သာ တွေးထင်ခဲ့သည်။
သို့ပေမယ့် သူသည် ရှေးဟောင်းသွေးနတ်ဆိုးမျိုးနွယ်၏ သွေးမျိုးဆက်ကို ပိုင်နိုင်လိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။ အသက်ကယ်နိုင်သော စွမ်းရည်အများအပြားရှိသည့်အတွက် သူ့ကို လုံးလုံးလျားလျားသတ်ပစ်ဖို့က အလွန်ခက်ခဲပါလိမ့်မည်။
အထင်ရှားဆုံးသက်သေမှာ သူယခင်က အကြိမ်ကြိမ် တိုက်ခိုက်ခဲ့သော်လည်း ဤကဲ့သို့ ဆိုးရွားသော အကျပ်အတည်းများအားလုံးကို သွေးလင်းနို့ဘုရင်,က တစ်ခုပြီးတစ်ခု ဖြေရှင်းနိုင်ခဲ့သည်။
လုချန်း,က အတွေးလွန်နေသည့် ပုံပေါက်နေသည်ကို မြင်လိုက်ရပြီး ယိုချင်းယန်,က “ဒါပေမယ့် အစ်ကို၊ အရမ်းကြီး စိတ်ပူနေစရာ မလိုပါဘူး၊ သွေးနတ်ဆိုးမျိုးနွယ်က ထူးဆန်းပေမယ့် သူတို့က လုံးဝ ပြိုင်ဘက်ကင်းနေတာတော့ မဟုတ်ဘူး”
“ဒီလိုမျိုး အသက်ကယ်နည်းစနစ်ကို လုပ်ဆောင်ခြင်းက သွေးနတ်ဆိုးမျိုးနွယ်ရဲ့ ရှင်သန်ဖို့ အခွင့်အလမ်းကို တိုးမြင့်စေနိုင်ပေမဲ့ သူတို့ရဲ့ ခန္ဓာကိုယ်တွေ ပျက်စီးသွားတာနဲ့ အပြင်းအထန် ဒဏ်ရာရပြီး အောက်အဆင့်ကိုတောင် ကျဆင်းသွားနိုင်တယ်”
“သူတို့က သက်ဆိုင်တဲ့ ပျက်စီးမှုတွေကို ခံစားရမှာဆိုတော့ ရှေးဟောင်းသွေးနတ်ဆိုးမျိုးနွယ်ရဲ့ သွေးမျိုးဆက်က စိုးရိမ်စရာမလိုဘူးလို့ ထင်တယ်”
လုချန်း,သည် ယခုအချိန်တွင် ပို၍ စိတ်သက်သာရာရလာသည်။
သူသည်လည်း သေနိုင်သောကြောင့် အရာအားလုံးက ပို၍လွယ်ကူလာသည်။
တစ်ကြိမ်တည်းဖြင့် မသတ်နိုင်လျှင် နောက်ထပ် အကြိမ်အနည်းငယ် ထပ်သတ်လိုက်ရုံပင်။
ဤလင်းနို့ဘုရင် ထပ်ပေါ်လာရန် သတ္တိရှိသရွေ့ သူ့ကို သတ်ပစ်မည်ဖြစ်သည်။
ပြိုင်ဘက်ကို သတ်လိုက်တိုင်း သူက အားနည်းလာမည်ဖြစ်သည်။ သူ့၏ စွမ်းအားများ လျော့နည်းလာသည်နှင့်အမျှ သူ့ကို လုံးဝသတ်ပစ်နိုင်မည်ဖြစ်သည်။
“အစ်ကို၊ လင်းနို့ဘုရင်က လွတ်မြောက်ဖို့ လျှို့ဝှက်နည်းကို အသုံးပြုထားတယ်၊ ရေတိုမှာ အလွယ်တကူ ပေါ်လာမှာ မဟုတ်ဘူးလို့ ညီမထင်တယ်၊ လိပ်နက်ကို အရင်သွားကြည့်ရအောင်”
“ဒီလိပ်နက်က အရမ်းအစွမ်းထက်တယ်၊ သူ့ရဲ့ အားနည်းချက်ကို မသိရင် ကိုင်တွယ်ဖြေရှင်းဖို့ အရမ်းခက်လိမ့်မယ်”
“ညီမတို့ ဒီကောင်ကြီးကို နှိမ်နင်းနိုင်ရင် ညီမတို့ရဲ့နယ်မြေအတွက် အစွမ်းထက်တဲ့ တံခါးစောင့် ရှိလာလိမ့်မယ်!”
“ကောင်းပြီ ငါမင်းစကားနားထောင်မယ်” လုချန်း,က ပြုံးပြီး ခေါင်းညိတ်သည်။
ဤရွှမ်ဝူ,က စတင်တိုက်ခိုက်ရင် သက်ရောက်မှု ဤမျှပြင်းထန်မည်မဟုတ်သော်လည်း မြေပြင်အသာစီးကို အခြေခံပြီး ကာကွယ်မည်ဆိုလျှင် ပြိုင်ဘက်က ဘာမှတတ်နိုင်မည်မဟုတ်ပေ။
အစွမ်းထက်သော ကာကွယ်ရေးနှင့် ကြောက်မက်ဖွယ်ကောင်းသော တိုက်ခိုက်ရေးနှစ်မျိုးလုံးဖြင့်၊ တိုက်ခိုက်ရေးနှင့် ကာကွယ်ရေးကို ပေါင်းစပ်ထားသည့် ရွှမ်ဝူ,က အိမ်စောင့်ရန် အကောင်းဆုံးဖြစ်သည်။
ထို့နောက် လုချန်း,၏ ဦးဆောင်မှုဖြင့် ရွှမ်ဝူ ထွက်ခွာသွားသော လမ်းကြောင်းက မြေအောက်၌ ရေစီးကြောင်းအဖြစ် ရှိနေဆဲဖြစ်ကြောင်း တွေ့ရှိခဲ့သည်။
သူတို့အတူ ဝင်ရောက်သွားပြီး မကြာခင်မှာပင် မြေအောက်ရေစီးကြောင်း၏ အောက်နားကို ရောက်လာကြသည်။
ရေကန်အောက်ခြေသို့ပြန်လာသော ရွှမ်ဝူ က အလွန်စိတ်လှုပ်ရှားနေသည်။
“မဟုတ်ဘူး! ဒီနှင်းဝံပုလွေ ဒီလောက် အစွမ်းထက်မယ်လို့ မမျှော်လင့်ထားဘူး!”
ရွှမ်ဝူ,၏ မျက်နှာသည် အလွန်မကြည်မသာဖြစ်နေပုံရပြီး သူ အလွန်ကြောက်လန့်နေသည်။
လုချန်း,က သူ့ကို လှန်တင်နိုင်လိမ့်မည်ဟု သူ မမျှော်လင့်ထားပေ။ အကယ်၍ သူသည် ကန်ရေအမြောက်အမြားကို ကြိုတင်မသိုလှောင်ထားပါက ယနေ့တွင် အသက်ရှင်လျှက် ပြန်လာနိုင်မည်မှာ မသေချာပေ။
ရေထဲသို့ပြန်ရောက်ပြီးနောက် လုချန်း,က သူ့ကို ဆက်လက်လိုက်ဖမ်းနေမည်ကို စိုးရိမ်သောကြောင့် သတိမလျှော့ရဲခဲ့ပေ။ သေချာပါတယ်၊ သူ ရေအောက်ခြေကို ရောက်ရပြီး သိပ်မကြာခင်တွင် အထက်ရေပြင်မှ ပုံမှန်မဟုတ်သော လှုပ်ရှားမှုများကို တွေ့ရှိခဲ့သည်။ ၎င်းက ရွှမ်ဝူ,ကို ချက်ချင်းသတိဝင်စေခဲ့သည်။
သူသည် ချက်ချင်းပင် ရေကန်မှရေအမြောက်အမြားကို မျိုချလိုက်ပြီးနောက် လုချန်း ဆီသို့ ပစ်လွှတ်လိုက်သည်။
လုချန်း,သည် ဤလိပ်နက်၏နည်းလမ်းများကို ယခင်က တွေ့ကြုံခဲ့ဖူးပြီးဖြစ်၍ လျင်မြန်သွက်လက်စွာ ရှောင်တိမ်းနိုင်ခဲ့သည်။
“ရှောင်ပိုင်၊ ဒီမှာ ခဏစောင့် ငါဆင်းပြီး သူ့ကို တိုက်ခိုက်လိုက်မယ်”
လုချန်း,သည် ယိုချင်းယန်,အား ဤလိပ်နက်က အလွန်အစွမ်းထက်ကြောင်း ပြောခဲ့သည်။ လုချန်း,သည် သူ့ညီမ ဒဏ်ရာရသွားမည်ကို စိုးရိမ်သောကြောင့် သူကိုယ်တိုင် သွားရန် ပြင်ဆင်ခဲ့သည်။
“အစ်ကို၊ အတူတူသွားရအောင်”
ယိုချင်းယန်,က သူမစကားကိုအဆုံးသတ်လိုက်သောအခါတွင် ရွှေရောင်အလင်းတန်းများက သူမတစ်ကိုယ်လုံးကို ရစ်ပတ်သွားပြီး ယခုအခါ ဗျာကရားအသွင်ပြောင်းမှုက သူမတစ်ကိုယ်လုံးကို ဖုံးလွှမ်းသွားသည်။
ပြီးနောက်၊ ယိုချင်းယန်,၏ ရောင်ဝါက နိုးထခြင်းအဆင့်(၉)သို့ ရောက်ရှိသွားသည်။
သူ့ညီမ၏ ခွန်အားများ အလွန်တိုးတက်လာသည်ကို တွေ့လိုက်ရပြီး လုချန်း,က ကျေနပ်သွားသော်လည်း ခေါင်းခါနေဆဲပင်။
“ဒါက အသုံးမဝင်ဘူး၊ မင်း နိုးထခြင်းအဆင့် အထွတ်အထိပ်အထိ ရောက်နေခဲ့မယ်ဆိုရင်တောင် မင်းနဲ့ ချည်နှောင်ခြင်းအဆင့်ကြားမှာ ကြီးမားတဲ့ ကွာဟချက်တစ်ခု ရှိနေသေးတယ်”
“ဒါ့အပြင် လိပ်ကြီးရဲ့ ခုခံအားက အရမ်းပြင်းထန်တယ်၊ ငါတောင် သူ့ကို ဒဏ်ရာရအောင် မလုပ်နိုင်ဘူး”
လုချန်း,သည် လိပ်နက်ကြီးကို နည်းအမျိုးမျိုးဖြင့် တိုက်ခိုက်ခဲ့ကြောင်း မှတ်မိသေးသည်။
ထောင်ပေါင်းများစွာသော လျှပ်စီးကြောင်းများကို အဆက်မပြတ်ပစ်ချလျှင်ပင် ၎င်းတို့ကို ဤလိပ်ကြီးက ပိတ်ဆို့ထားနိုင်သည်။
နည်းအမျိုးမျိုးကို အသုံးပြုခဲ့သော်လည်း လိပ်နက်ကြီးကို အနိုင်မယူနိုင်ခဲ့ဘဲ နောက်ဆုံးတွင် ခိုကိုးရာမဲ့သာ ထွက်ခွာသွားနိုင်တော့သည်။
အခြားသော သားရဲများနှင့် နှိုင်းယှဉ်ပါက၊ သူ့ညီမ၏ လက်ရှိ နိုးထခြင်းအဆင့်(၉)သည် အမှန်တကယ်ပင် အလွန်အစွမ်းထက်သည်။
သို့ပေမယ့် ချည်နှောင်ခြင်းအဆင့်တွင်ရှိသော လိပ်နက်ရှေ့တွင် ဤစွမ်းအားများက မလုံလောက်ပေ။
အဓိကအချက်မှာ၊ ဤလိပ်ကြီးသည် ခံနိုင်ရည်အားကောင်းရုံသာမက တိုက်ခိုက်ရေးစွမ်းအားသည်လည်း အလွန်ပြင်းထန်သည်။
လုချန်း,သည် ချီလင်တောင်သို့ ရောက်လာသော သူ့ညီမကို ထိခိုက်ဒဏ်ရာမရစေချင်ပေ။
သို့သော်လည်း ယိုချင်းယန်,က အနည်းငယ် ပြုံးလိုက်ပြီး ချက်ချင်းပင် သူ့ရှေ့တွင် ရှေးဟောင်း ကြေးဝါအိုး တစ်လုံး ပေါ်လာသည်။
“တကယ်တော့ ညီမခွန်အားက ဒီလိပ်ကြီးလောက် မကောင်းဘူး၊ ဒါပေမယ့် အစ်ကို၊ ညီမမှာ ဒီကြေးဝါအိုးရှိနေသေးတာကို မမေ့နဲ့! ဟွန်း”
ဤရှေးဟောင်း ကြေးဝါအိုးသည် နက်ရှိုင်းသောရေထဲတွင်ပင် အလင်းရောင်ဖျော့ဖျော့ကို ထုတ်လွှတ်နေသည်။
ဤကြေးဝါအိုးကို ယိုချင်းယန်,၏ အတွေးများဖြင့် ထိန်းချုပ်ထားသောကြောင့် ၎င်းသည် ကန်ရေထဲတွင်ပင် လွတ်လပ်စွာ လည်ပတ်နိုင်သည်။
ယိုချင်းယန်,၏ အတွေးတစ်ချက်ဖြင့် ဤကြေးဝါအိုးက လျင်မြန်စွာ ကြီးမားလာခဲ့သည်။
ကြေးဝါအိုးက ပိုကြီးလာပြီးနောက် လိပ်နက်ကြီးလောက် မကြီးမားသေးသော်လည်း သူ့အရွယ်အစား၏ လေးပုံတစ်ပုံနီးပါးရှိနေပြီဖြစ်သည်။
ကြေးဝါအိုး၏ လေးလံသော ကိုယ်ထည်ကြောင့် ရိုးရှင်းစွာ လွှဲယမ်းခြင်းသည်ပင် အလွန်အားကောင်းသော တိုက်ခိုက်မှုကို ထုတ်ဖော်နိုင်သည်။
ကြေးဝါအိုး ကိုမြင်လိုက်ရပြီး လုချန်း,က မနေနိုင်ဘဲ အနည်းငယ်ပြုံးလိုက်သည်။ ဤအရာကို သူ မေ့လုနီးပါးပင်။
ထိုအခါ ဤမောင်နှမတို့သည် ရေအောက်ခြေသို့ ကူးခတ်ကြလေ၏။
ရွှမ်ဝူ,သည် မဖိတ်ကြားထားသော ဧည့်သည်များကို သတိပြုမိပြီးနောက်၊ သူသည် ချက်ချင်းပင် ရေကန်ရေများကို မျိုချလိုက်ပြီး လုချန်း,တို့နှစ်ဦးကို အဆက်မပြတ် ပစ်ထုတ်လိုက်သည်။
ဤအလွန်လေးလံပြီး အားကောင်းသော ရေဘောလုံးသည် ရေထဲတွင် အလွန်လျင်မြန်စွာ ရွေ့လျားနေသည်။
သို့သော် နှင်းဝံပုလွေမျိုးနွယ်ဝင်များအနေနှင့် လုချန်း နှင့် ယိုချင်းယန်,တို့က အလွန်သွက်လက်ကြသည်။ သူတို့၏ လွန်ကဲသော ရှောင်တိမ်းနိုင်စွမ်းဖြင့်၊ သူတို့သည် ရွှမ်ဝူ,၏ ရေဘောလုံးအားလုံးကို ရှောင်ရှားနိုင်ခဲ့သည်။
လုချန်း နှင့် ယိုချင်းယန် တို့သည် ရွှမ်ဝူ ရှေ့သို့ ရောက်လာသောအခါ လိပ်ကြီးက ချက်ချင်းပင် ဒေါသထွက်သွားသည်။
“နှင်းဝံပုလွေ! မင်း အဆုံးထိ တိုက်ခိုက်ချင်တာလား!”
“ငါက မင်းကို မယှဉ်နိုင်ဘူးဆိုတာ ငါဝန်ခံပါတယ်၊ ဒါပေမယ့် ဒါက ငါ့နယ်မြေဆိုတာ မမေ့နဲ့!”
ရွှမ်ဝူ,သည် နောက်ဆုံးတိုက်ပွဲတွင် ထွက်ပြေးခဲ့သော်လည်း ယခုတစ်ကြိမ်တွင် သူက ရေအောက်ခြေတွင်ရှိနေပြီး သူ့နယ်မြေတွင် တိုက်ခိုက်ရန် ယုံကြည်ချက်ရှိနေဆဲဖြစ်သည်။
လုချန်း,သည် ရွှမ်ဝူ နှင့် မည်သည့်စကားမျှ မဖြုန်းတီးခဲ့ပေ။ ထိုကဲ့သို့ အစွမ်းထက်သော သားရဲကို နှိမ်နင်းလိုပါက အပိုပြောရန် အသုံးမဝင်ကြောင်း သူသိသည်။ ခေါင်းကိုပင် မမြှောက်နိုင်တော့အောင် ပြောင်မြောက်စွာ ရိုက်နှက်မှသာလျှင် အသုံးဝင်မည်ဖြစ်သည်။
စကားတစ်ခွန်းမျှ မပြောဘဲ ယိုချင်းယန် နှင့် အတူ တိုက်ခိုက်ခဲ့သည်။ လုချန်းသည် ရွှမ်ဝူ,၏ ခံစစ်က အလွန်အားကောင်းကြောင်း သိထားသည်။
သူ၏ယခင်နည်းလမ်းများသည် ပြိုင်ဘက်ကို မထိခိုက်စေနိုင်ခဲ့သောကြောင့် ယခုတစ်ကြိမ်တွင် သူ၏အဓိကတိုက်ခိုက်မှုမှာ ယိုချင်းယန် ၏ရှေးဟောင်းကြေးဝါအိုး ပေါ်တွင်သာ မူတည်သည်။
ကြေးဝါအိုးသည် လျင်မြန်စွာ ကြီးမားလာပြီးနောက် ရွှမ်ဝူ,၏ ပဟေဋ္ဌိအကြည့်အောက်တွင်၊ ဤဧရာမကြေးဝါအိုးက ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ သူ့အပေါ်ကို ဆင်းသက်လာသည်။
“ဘုန်း! ဘုန်း! ဝုန်းး!”
ကြီးမားသော တုန်ခါမှုလှိုင်းလုံးများနှင့်အတူ ရေအောက်တွင် ကြောက်မက်ဖွယ်ရာ ပေါက်ကွဲမှုများ ဖြစ်ပေါ်ခဲ့သည်။
တိုက်ခိုက်မှုက အလွန်ကြောက်စရာကောင်းပြီး အံ့သြစရာကောင်းသော ခုခံကာကွယ်မှုရှိသည့် ရွှမ်ဝူ,ကိုပင် တုန်လှုပ်ချောက်ချားစေခဲ့သည်။
ရွှမ်ဝူ အလွန်အံ့သြသွားသည်။ ဤကြေးဝါအိုးတွင် ဤမျှကြောက်စရာကောင်းသော စွမ်းအားရှိမည်ဟု သူ မမျှော်လင့်ထားပေ။
သူ့၏ ပြင်းထန်သော ခံစ်သည်ပင် ၎င်းကို ခံနိုင်ရည်ရှိမည် မဟုတ်ပေ။
အကြိမ်အနည်းငယ်ကြာလာပါက သူ့၏လိပ်ခွံပေါ်တွင် အက်ကွဲကြောင်းများ ပေါ်လာပေလိမ့်မည်။
ရွှမ်ဝူ,သည် သူ့၏ ခံစစ်ကို ဖြတ်ကျော်နိုင်သည့် တစ်စုံတစ်ခုကို ပထမဆုံးအကြိမ် ကြုံတွေ့ခဲ့ရခြင်း ဖြစ်သည်။
တစ်ခုခုမှားနေပြီကို သိလိုက်ပြီးနောက် ရွှမ်ဝူ,သည် ရေကန်ထဲရှိ ရေအမြောက်အမြားကို ချက်ချင်းမျိုချလိုက်ပြီးနောက်တွင် ရေဘောလုံးကို ပစ်လွှတ်လိုက်သည်။
ထို့နောက် ရွှမ်ဝူ,သည် နောက်ပြန်လှည့်ကာ မြေအောက်ရေစီးကြောင်း၏ အောက်ခြေသို့ ထွက်ပြေးသွားခဲ့သည်။
လုချန်း,သည် ဤနက်မှောင်သောရေကန်တွင် မြေအောက်မြစ်တစ်စင်းရှိမည်ဟု မမျှော်လင့်ထားဘဲ မည်သည့်နေရာသို့ ဦးတည်သွားသည်ကို သူမသိပေ။
ယိုချင်းယန် နှင့် လုချန်း,တို့က အချင်းချင်းကြည့်ကာ မည်သည့်စကားတစ်ခွန်းမှ မပြောဘဲ သူ့နောက်သို့ လိုက်သွားကြသည်။
……………
ရန်နိုင်ငံ၏ အင်ပါယာမြို့တော်။
ဤရုံးခန်းထဲတွင် အထူးစွမ်းရည်မဟာမိတ်အဖွဲ့ချုပ်၏ခေါင်းဆောင် ဂျီကျဲန်ရှန်း,က အလွန်ဒေါသ ထွက်နေခဲ့သည်။
ကျန်းနန် ဒေသနှင့်ပတ်သက်သည့် အစီရင်ခံစာ အမျိုးမျိုးကို သူတွေ့ခဲ့ပြီး ဂျီကျဲရှန်း,သည် မိုရှန်းဟေး ပြောသည့်စကားနှင့်ပတ်သက်၍ အလွန်ရှင်းလင်းခဲ့သည်။
မိုရှန်းဟေး,သည် လူထုအမြင်ကို လိမ်လည်လှည့်ဖြားနေခြင်းမှာ သိသာထင်ရှားသည်။ ကျန်းနန် ဒေသကို ရန်နိုင်ငံမှ ခွဲထုတ်လိုနေသည်။ ကိုယ့်နိုင်ငံကို ထူထောင်ချင်နေသည်မှာ အလွန်ကြောက်စရာကောင်းလှသည်။
ဂျီကျဲန်ရှန်း,သည် ကျန်းနန် ဒေသတွင် ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်ကို သိရှိပြီးနောက် ဒေါသထွက်နေသည့်အချိန်မှာပင် သူ၏ လက်အောက်ငယ်သားက သတင်းအသစ်ကို ပေးပို့လာခဲ့သည်။
စစ်ယူနီဖောင်းဝတ် ထောက်လှမ်းရေးအရာရှိသည် အလွန်လေးနက်သော အမူအရာဖြင့် တံခါးကို တွန်းဖွင့်လိုက်သည်။
“မဟာ...မဟာမိတ်ခေါင်းဆောင်၊ ခွန်လွန် တောင်မှာ တစ်ခုခု ဖြစ်သွားပြီ!”
ထို့နောက် လက်အောက်ငယ်သားသည် ရုံးခန်းအတွင်းရှိ သက်ဆိုင်ရာ ဗီဒီယိုကို ဖန်သားပြင်ပေါ်တွင် ဖွင့်ပြခဲ့သည်။
ဗီဒီယိုထဲတွင် ဧရာမ နှင်းကျားသစ်တစ်ကောင်က တောင်ထိပ်ပေါ်တွင် ရပ်နေပြီး လူသားဘာသာစကားဖြင့် ပြောလာခဲ့သည်။
“လူသားတွေအားလုံး နားထောင်ကြ၊ ငါက နတ်ဆိုးတစ်ထောင်ဘုရင့်နိုင်ငံကနေ လာတယ်”
“ဒီနေ့၊ နတ်ဆိုးတစ်ထောင်ဘုရင့်နိုင်ငံကိုယ်စား၊ ငါ မင်းတို့လူသားတွေကို တရားဝင်စစ်ကြေငြာတယ်!”
“မင်းတို့အတွက်ကောင်းတယ်ဆိုတာ သိရင် မင်းတို့ရဲ့နယ်မြေကို ငါတို့လက်ထဲ အပ်လိုက်ရုံနဲ့ လူသားတွေအားလုံး ဒီနယ်မြေကနေ အသက်ရှင်လျှက်ဆုတ်ခွာနိုင်မယ်၊ မဟုတ်ရင် မင်းတို့အားလုံး သေရမယ်!”
“ငါပြောတဲ့အတိုင်း မင်းတို့မလုပ်ရင် ငါ့ရဲ့နတ်ဆိုးတစ်ထောင်ဘုရင့်နိုင်ငံက သုံးရက်အတွင်း လူသားနိုင်ငံကို ချေမှုန်းမယ်!!”